အတ္တကိလမထအကျင့်
ဤသို့
ပင်ပန်းခံ၍ ကျင့်ခြင်းကို ““ အတ္တကိလမထအကျင့်
”” ဟု ခေါ်၏၊ (အတ္တ= ခန္ဓာကိုယ် အတ္တဘောကို + ကိလမထ= ပင်ပန်း ခံကြောင်းအကျင့်) ထိုခေတ်က
ထိုကဲ့သို့ ပင်ပန်းခံသော အကျင့် များကို အသားယူ၍ ဘုရားတစ်ဆူ လုပ်နေကြသူတွေရှိ၏၊ ရေပူ
ရေချမ်း ကမ်းလှမ်း၍ လုပ်ကျွေးနေကြသော ပဉ္စ၀ဂ္ဂီတို့လည်း ထိုသို့ ပင်ပန်းစွာ ကျင့်၍ နေပုံကို
မြင်ရသဖြင့် ဧကန် ဗုဒ္ဓဖြစ်တော့မှာပဲဟု အားရပါးရ မျှော်လင့်နေကြလေသည်၊ အလောင်းတော်မှာကား
ထိုမျှလောက် အပင်ပန်းခံမှုကြောင့် ဗုဒ္ဓဖြစ်ခန်းနှင့် ဝေးသော လမ်းမှားကို လိုက်သွားမိလေသည်။
စဉ်းစားတော်မူခြင်း
အလောင်းတော်သည် တစ်မျိုးပြီး တစ်မျိုး ပြောင်း၍
ပြောင်း၍ ခန္ဓာကိုယ်ပင်ပန်းကြောင်း အကျင့်များကို ကျင့်နေမိသည်မှာ (၆)နှစ် နီးနီး ကြာခဲ့လေပြီ၊
မည်သည့် တရားထူးကိုမျှလည်း မရချေ၊ ထို့နောက် စဉ်းစားချက်တစ်မျိုးပေါ်လာသည်မှာ
…
ယခုခေတ်
နောက်ခေတ်တို့၌ ““အပင်ပန်းခံ၍ ကျင့်သည်””ဟု မှတ်တမ်းတင်ရသူ တို့သည်လည်း ယခု ငါကျင့်သည်ထက်
မလွန်နိုင်ကြချေ၊ ဤသို့ ပင်ပန်းခံ၍ ကျင့်မှ ရတမ်းဆိုလျှင် ငါလည်း တရားထူး ရသင့်ပြီ၊
ဤမျှလောက် ကျင့်ပါလျက် တရားထူးမရသည်မှာ ဤအကျင့်၏ လမ်းမှန်မဟုတ်သောကြောင့်သာဖြစ်၏၊ ထူးသော
အသိဉာဏ်ကို ရဖို့ရန် လမ်းမှန်သည်ကား တစ်မျိုး ဖြစ်တန်ရာသည်ဟု စဉ်းစားမိလေသည်။
အစာစား၍ကျင့်ပုံ
ငယ်ရွယ်စဉ်အခါ
ခမည်းတော် လယ်ထွန်မင်္ဂလာပြုချိန်ဝယ် ဇမ္ဗုသပြေပင်အောက်မှာ
ဧယင်ပုခက်ပေါ် နေစဉ် အထိန်းတော်များ လယ်ထွန်မင်္ဂလာသို့ သွား၍ ကြည့်ခိုက် အာနာပါန ပထမဈာန်ကို
ရ၍ ၀င်စားနေခဲ့ဖူး၏၊ ထိုအခါ အလွန် ချမ်းသာလှပေ၏၊ ထိုဈာန်သည်ပင် ထူးခြားသော ဉာဏ်ကို
ရဖို့ရန် လမ်းမှန်ဖြစ်လေရော့သလားဟု စဉ်းစားလေရာ… ““အင်း…ဟုတ်သားဘဲ, အဲဒီဈာန်ဟာ လမ်းမှန်ပါပဲလား””ဟု
အသိ ဉာဏ်လည်း ပေါ်လာ၏၊
ထိုသို့ ပေါ်လာသောအခါ ၀တ္ထုအာရုံ ကာမဂုဏ်တို့နှင့်လည်းကောင်း, အကုသိုလ်စိတ်များနှင့်လည်း ကောင်း ကင်းကွာ၍ အလွန်ချမ်းသာလှသော
ထိုပထမဈာန်တရားကို ဘာကြောင့် ငါကြောက်နေရမှာလဲ၊ ထိုလမ်းကောင်းလမ်းမှန်ဖြစ်သော ပထမဈာန်ကိုပင်
ပြန်၍ ရအောင် ကြိုးစားတော့မည်၊ သို့သော် ဤမျှလောက် ခန္ဓာကိုယ် ပင်ပန်းနေလျှင် ထိုဈာန်ကို
ရဖို့ မလွယ်ချေ၊ အစာကို မျှတအောင် စားဦးမှ သင့်မည်ဟု ကြံတော်မူ၍ စားရိုး စားစဉ် ဆွမ်း
မုန့်များကို ရဖို့ရန် ဆွမ်းခံတော်မူပြန်သည်။
အမှာ။ ။
ထိုသို့ အစားအသောက်များကို ထုံးစံအတိုင်း ပြန်စားသောအခါ ပဉ္စ၀ဂ္ဂီတို့လည်း အလောင်းတော်အပေါ်၌
အထင်သေး၍ ““ရဟန်းဂေါတမသည် ကမ္မဋ္ဌာန်းက လျှောကျ၍ လာဘ်ပေါများအောင် ကျင့်နေပေါ့””ဟု မျှော်လင့်ချက်လျှော့ပြီး
စိတ်ပျက်စွာဖြင့် မိဂဒါဝုန်တောသို့ ရွှေ့သွားကြလေသည်။
Credit to
No comments:
Post a Comment