@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 1 June 2014

အနာဂတ်သာသနာရေး အပိုင်း(၂၇) ရိုသေမှုဖြင့် မာန, ဥဒ္ဓစ္စပယ်ပုံ




ရိုသေမှုဖြင့် မာန, ဥဒ္ဓစ္စပယ်ပုံ
ဗုဒ္ဓအလောင်းတော်သည် ဖြစ်လေရာဘ၀၀ယ် ဘိုးဘွား မိဘ ဦးကြီး ဦးလေး ဘကြီး ဘထွေး မိကြီး မိထွေး (အဒေါ် အရီး) အစ်ကို အစ်မ စသူတို့ကိုလည်းကောင်း, ဆွေမျိုးမဟုတ်သော်လည်း အကျင့်နှင့်ပြည့်စုံသော ပညာရှိသူတော်ကောင်းတို့ကိုလည်းကောင်း ရှိခိုး ၀ပ်ချ၏၊ မြတ်နိုးကော်ရော် ပူဇော်လုပ်ကျွေး၏၊ နေရာ ဖယ်ပေး၏၊ လမ်းဆုံနေပြန်လျှင် ရှောင်ပေး၏၊ လာသည်ကို မြင်လျှင် နေရာမှ ထပေး၏၊ ခရီးဦးကြို ပြု၏၊ ဤသို့ လူကြီးသူမများကို လေးစား ရိုသေမှုဖြင့် မိမိမှာ ရှိနေသော မာန်မာနကိုလည်း ပယ်ရှားခဲ့သည်၊ ထိုထိုကိစ္စတို့၌ မလေးမစား ပေါ့ဆဆလုပ်တတ်သော ဥဒ္ဓစ္စခေါ်စိတ် မငြိမ်သက်မှု မတည်ကြည်မှုကိုလည်း ပယ်ရှားခဲ့၏၊ ထိုသို့သော နည်းဖြင့် ဘ၀များစွာ၌ ပယ်ရှားရဖန် များသောကြောင့် မာန ဥဒ္ဓစ္စတို့ နည်းပါးခဲ့ကြလေပြီ။

တောထွက်မှုဖြင့် ကာမစိတ်ကိုပယ်ပုံ
ဗုဒ္ဓအလောင်းတော်သည် သာမန်လူတန်းစား  ဘ၀ဖြစ်စေ, ဘုရင်ဘ၀ဖြစ်စေ များစွာသော ဘ၀တို့၌ သား မယားကိုလည်းကောင်း, မိဖုရားရတနာနှင့်တကွ မောင်းမမိဿံ ခြွေအရံစုကို လည်းကောင်း စွန့်ခွာ၍ တောထွက်ပြီး ရသေ့အဖြစ်ဖြင့် ကျင့်တော်မူ၏၊ ထိုသို့ ကျင့်ရာ၌ ပထမဆုံးရအပ်သော ဈာန်သည်ပင် ကာမစိတ်ဓာတ်ကို ပယ်နိုင်၏၊ ထပ်၍ထပ်၍ရအပ်သော အထက်ဈာန်တို့ကား ဆိုဖွယ်ရာ မရှိပြီ၊ ဤသို့ တောထွက်မှုဖြင့် ကာမစိတ်ဓာတ်ကို ဘ၀များစွာ ၀ယ် ပယ်ခွာတော်မူခဲ့ရကား အလောင်းတော်မြတ်၏ စိတ်ဓာတ် အစဉ်မှာ မာတုဂါမတို့၌ တွယ်တာမက်မောလှသည်ဟု မရှိတော့ချေ၊ တစ်ခုသော ဘ၀၌ကား သူဌေးအဖြစ်မှ ရသေ့ပြုသွားလေရာ သူဌေးကတော်လေးသည် ရသေ့မလုပ်၍ လိုက်လာ၏၊ အခါတစ်ပါး၌ ရှင်ဘုရင်၏ ဥယျာဉ်ဝယ် နေကြစဉ် ဘုရင်က ကျယ်ဝန်းသော မျက်လုံးဖြင့် ခပ်ပြုံးပြုံး နေလေ့ရှိသော ထိုရသေ့မကလေးကို အလောင်းတော်ရသေ့၏ ရှေ့မှာပင် အတင်းခေါ်၍ နန်းတော်သို့ ဆောင်သွားဖူး၏၊ အလောင်းတော်ရသေ့သည် ဒေါသမထွက်အောင် စိတ်စက်ကို ချုပ်တည်းနိုင်လေသည်၊ [ရသေ့မကလေးကိုကား ဘုရင့်အလို မလိုက်သောကြောင့် ပြန်၍ ပို့ရ၏၊] ထိုရသေ့မကလေးသည်ပင် ၀မ်းသွေးရောဂါဖြင့် ရသေ့၏အနားမှာပင် သေဆုံးရှာ၏၊ တွေ့ရသူတိုင်း ၀ိုင်း၍ ငိုကြ၏၊ ရသေ့ကား ဆွမ်းစားမြဲ စားနေလေသည်။
          ဤသို့လျှင် ဘ၀များစွာ၌ ကာမစိတ်ဓာတ်ကို ချိုးနှိမ်ပြီး ဖြစ်ရကား မာတုဂါမတို့နှင့်စပ်၍ တုန်လှုပ်သောစိတ် မရှိသလောက် နည်းပါးခဲ့လေပြီ။ [ကုသမင်းဘ၀၌မူ မိမိကို မကြည်ဖြူနိုင်ဘူး ဆိုသောကြောင့် မရတာကိုမှ ရအောင် ကြံဆောင်ပြခြင်းသာ ဖြစ်ရာ၏၊ ထိုသို့ ကြံရာမှာပင် ပဘာဝတီတို့ထက် အရာရာ သာနေသော စစ်သည် ဗိုလ်ပါ အာဏာတွေကို အသုံးမပြုဘဲ (ပဘာဝတီ၏ စိတ်ကို မထိခိုက်စေရန်) အနုနည်းဖြင့် ကိုယ့်ကိုယ်ကို အနစ်နာခံ၍ ကြံတော်မူရှာပေသည်။]
 
Credit to

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated