@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Monday, 11 May 2015
မယား ကိုလိုချင်၍ လင်အား ရာထူး ပေးအပ်ခြင်း
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ဇေတ၀န် ကျောင်းတော်မှာ သတင်းသုံးတော်မူစဉ် အခါက
ပသေနဒိကောသလ မင်းကြီး ဟာ  တခုသော ပွဲသဘင်မှာ ကကြီးတန်ဆာဆင်ထားတဲ့ ဆင်းတစ်စီး
ကို စီး ပြီး မြို့ ကိုလက် ယာရစ် လှည့်လည်တော်မူတယ်။
မထင်မရှားဆင်းရဲသားတစ်ယောက်ရဲ့ မိန်းမ  ကို အမှတ်မထင်တွေ့လိုက်တယ် ဆိုရင်ပဲ
မင်းကြီးဟာ ကောင်းကင်းမှာ လမင်း ကြီး ထွန်းလင်းသလို ခံစားမိသွားတယ် တဲ့။
 အဲ့ဒီတော့ မင်းကြီးရဲ့ မူးမတ်တွေကိုခေါ်ပြီး  မိန်းမငယ်မှာ လင်ယောက်ျား ရှိမရှိကို စုံစမ်း
စေတယ်။လင်ရှိမယား ဖြစ်ကြောင်းကိုသိတော်မူတော့  မိန်းမငယ် ရဲ့ လင်ယောက်ျား ကို ခေါ်ပြန်
ပါတယ်။
အချင်း ယောက်ျား ကလည်း " ငါ့မိန်းမ ကို  အမှီပြု ပြီး ငါတော့ ဘေးရန်ဖြစ်ပြီ "လို့ တွေးမိသတဲ့။
အရိယာပုဂ္ဂိုလ်ကို စွပ်စွဲတဲ့ကံ
အရိယာပုဂ္ဂိုလ်ကို စွပ်စွဲတဲ့ကံ
…….
အရိယာ ဟူ၍ သိသည်ဖြစ်စေမသိသည်ဖြစ်စေ။
အဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ကိုယ်က မကောင်းတဲ့စိတ်နဲ့ 
မတော်မတရားပြောမိရင် ၊ စွပ်စွဲမိရင်ဒီပုဂ္ဂိုလ်ဟာလည်းပဲ
နောက်ဘ၀ ကောင်းရာမွန်ရာ မရောက်နိုင်တော့ဘူး။
အပါယ်ငရဲ သွားရမှာ။
အကယ်၍ ကိုယ်က လုပ်မိပြီ ဆိုပါစို့ ။
အဲ့ဒီပုဂ္ဂိုလ်ရှိရင် အဲ့ဒီပုဂ္ဂိုလ် ရှိတုန်းသွားပြီးတောင်းပန်။
အဲ့ဒီ ပုဂ္ဂိုလ်မရှိတော့ဘူး သေသွားပြီဆိုရင်
တခြားပုဂ္ဂိုလ်ရှေ့  ဆရာသမားရှေ့ ဘာရှေ့ မှာ သို့ မဟုတ်
အဲ့ဒီပုဂ္ဂိုလ် သေတဲ့နေရာသွားပြီး တောင်းပန်ရင်ပျောက်နိုင်တယ်။
ဒါကြောင့် သိတ်အရေးကြီးတယ်။ သူများ အပြစ်မပြောနဲ့ ။
အပြစ်မပြောနဲ့ဆိုတာ အဲ့ဒါ ပါတယ်။ကိုယ်က အပြစ်ပြောမိတယ်
အဲ့ဒီပုဂ္ဂိုလ်က အရိယာဖြစ်နေမလား။
ဖြစ်မနေဘူးလား ဘယ်သူမှ မသိနိုင်ဘူး။
တစ်ခါတလေ ကိုယ်က မထင်ပေမယ့်လည်း
ပေါက်ရောက်ပြီး ဖြစ်ချင်ဖြစ်နေတာ။
Thursday, 7 May 2015
နိဓိကဏ္ဍသုတ္တန် ရွှေအိုးမြှုပ်နှံ ကုသိုလ်ကံ တရားတော်
****************************
ထိုတရားဒေသနာတော်ကို မြတ်စွာဘုရားသာဝတ္ထိပြည်မွန်ဇေတဝန်ရွှေကျောင်းကိန်းအောင်းတော်မူစဉ်
သာဝတ္ထိပြည်သားသူဋ္ဌေးတစ်ယောက်
မြတ်ဘုရားနှင့် ရဟန်းသံဃာတော်များ
အားမိမိအိမ်သို့ပင့်၍မွန်မြတ်သောဆွမ်းခဲဖွယ်ဘောဇဉ် ကပ်လှူပူဇော်နေဆဲ်
ပသေနဒီကောသလမင်းမှငွေရေးကြေး
ရေး ဆွေးနွေးတိုင်ပင်စရာရှိ၍မင်းချင်း
တစ်ယောက်ကို အခေါ်လွှတ်ရာ
ဥစ္စာမြှုပ်နှံနေဆဲဖြစ်၍ မလိုက်နိုင်သေး
ကြောင်း ဥစ္စာမြှုပ်နှံ သိမ်းဆည်းပြီးမှ
မင်းထံ လာခဲ့ပါရစေဟုပြောကြားသည်
ကို အကြောင်းပြု၍ သူဋ္ဌေး ဆိုလိုသော
စကား၏အနက်အဓိပ္ပါယ်ကိုကိုယ်တေ
ာ်တိုင်သိတော်မူရကား
ထို နိဓိကဏ္ဍသုတ္တန်ဒေသနာတော်ကို
ဟောတော်မူသည်။
နိဓိ =ဥစ္စာ
ကဏ္ဍ==ပိုင်းခြားဖော်ပြရာ
သုတ္တံ==သုတ်ဒေသနာတော်
ဥပစ္ဆေဒကကံနှင့် သေရသူများ။
     လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး
ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။
          ဗိဗ္မိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ ဗိဗ္ဗိသာရမင်း ဘ၀၌ ထို
ကံ အခွင့်ရသဖြင့် ခြေဖ၀ါးကို ဓားခွဲခံလျက် နတ်ရွာစံရလေသည်။ သာမာဝတီ အမှူးရှိသော နန်း
တွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ် ၀င်စားနေစဉ် အလောင်းတော်ထင်၍ မီးရှိုးရာ
သမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်း သိလျက်ပင် မိမိတို့ အမှုပေါ်မည်စိုး၍ ထပ်မံ
မီးတိုက်ခဲ့ဖူး၏။ ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘ၀ဆုံးကြရလေသည်။ ဤကား ရှေးဘ၀က
ပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူများ ဖြစ်ကြသည်။
မေတ္တာစက်ကွင်း
တရားအားထုတ်ရင်း မမှန်ကန်တဲ့အတွေးများ။
      တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတတ်
ကြပါတယ်။ အားထုတ်နေသူရဲ့စိတ်မှာတွေးမိတာက....စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း
ဒီစိတ်၊ ၀တ်ချင်တာလည်း ဒီစိတ်၊ ကြည့်ချင်မြင်ချင်တာလည်း ဒီစိတ်၊ ကာမဂုဏ်ခံစားချင်တာလည်း
ဒီစိတ်၊ စိတ်မရှိရင်အေးမှာပဲ၊ ဒီစိတ်က နေရာတကာဆောင်နေတယ်၊ စိတ်က တော်တော် ဆိုးတယ်၊
ဒီစိတ်တွေမပါရင် ကောင်းမှာပဲဆိုပြီးတော့ စိတ်ကို မုန်းတီးပြီးတော့ “နောင်ဘ၀ စိတ်မရပါစေနဲ့” လို့
ဆန္ဒပြုကြတယ်။ စိတ်မပါဖို့ရာ ဆန္ဒပြုပြီး သေဆုံးသွားတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ အသညသတ္တ ဆိုတဲ့
ဗြဟ္မာကြီး သွားဖြစ်ကြတယ်။ အဲဒီ ဗြဟ္မာကြီးက ဘာနဲ့တူတုန်းဆိုတော့ ရုပ်တုကြီးတွေလိုပေါ့။
မိဘကို လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်နည်း။
၁။ သဒ္ဓါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရားရှိလာအောင်။
၂။ သီလ မဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။
၃။ ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင်။
၎။ တရား အားမထုတ်ဖြစ်သေးတဲ့ မိဘတွေ တရားအားထုတ် ဖြစ်လာအောင် ပရိယာယ်နဲ့ပဲ
    ဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ်၊ ဖန်တီးစီစဉ်ပေးရပါမယ်။ မိဘကို နည်းမျိုးစုံနဲ့ ကျေးဇူးဆပ်
    နေတဲ့ သားသမီးကို မင်္ဂလာတရားက သူရဲ့ကြောင်းကျိုးအားလျော်စွာ ကျေးဇူးပြုသွားပါ
    မှာပါ။
Wednesday, 6 May 2015
နေရာတကာ မနောက်လေနဲ့ ... ခုဇ္ဖုတ္တရာ
နေရာတကာ မနောက်လေနဲ့ ... ခုဇ္ဖုတ္တရာ
မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ ခုဇ္ဖုတ္တရာ (ခါးကုန်း) မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။ တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။
သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ် ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွှန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့် ဖြစ်ရတာလည်း လို့ မေးစရာရှိပါတယ်။
သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက သူဌေးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။ ညနေခင်း ရေချိုးပြီး တဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေတယ်။ အဲဒီအချိန်မှာ ရဟန္တာ ဘိက္ခူနီမတစ်ပါး၊ အိမ်ရောက်လာတယ်။ ဘိက္ခုနီမ ရောက်လာတော့ သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ ပေါင်ဒါဘူး၊ မိတ်ကပ်ဘူးလေး က သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့ ပျင်းတာနဲ့...
ဥပုသ်၏အနှစ်သာရနှင့် ဥပုသ်ရက်သတ်မှတ်ပုံ။
         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ
တယ်။ ဒါပေမဲ့ ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်၊ အဓိပ္ပါယ်ကစပြီး အကျိုးကျေးဇူးပါ အလေးအ
နက်သိဖို့ လိုပါတယ်။
         ဥပုသ်စောင့်တယ် ဆိုတဲ့ နေရာမှာ ဗုဒ္ဓဘာသာတင် မကဘူး အခြားအခြားသော ဘာသာ
တွေကလည်း ဥပုသ်စောင့်တယ်ဆိုတဲ့ ဝေါဟာရကိုသုံးကာ အသံတူများ ရှိကြပါတယ်။ တစ်ခါ
တစ်ရံ အသံတူသော်လည်း အဆံမတူဘူး ဆိုတာလို ရည်ရွယ်ချက် အနှစ်သာရပိုင်းမှာ ကွာခြား
မှုတွေ အများကြီးရှိပါတယ်။ အခြားဘာသာတွေလည်း သူတို့ရည်ရွယ်ချက်နဲ့သူ အသံတူဥပုသ်
စောင့်ကြပါတယ်။
ဘုရားအလောင်းမီးဖွားစ စကားပြောသောသုံးဘဝ
သန္ဓေယူခါ၊ ဆယ်လကြာသော်
မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်
ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်
နတ်လူအောင်မြို့ လမ်းပါကို။
(ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုး၊ လယ်တီဆရာတော်ဘုရားကြီး)
***************************************************************
မဟာသက္ကရာဇ် ၆၈ ခု
ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့
ဤနေ့ နံနက်အခါ၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်တို့ကြားတွင် ရှိသော လုမ္ဗိနီ အမည်ရှိသည့် မင်္ဂလာအင်ကြင်းဥယျာဉ်တော်သည် အမြစ်ရင်းမှ အခက်ဖျားတိုင်အောင် အလုံးစုံ တစ်ခဲနက် ပင်လုံးကျွတ် ပွင့်ခြင်းသို့ ရောက်၏။
လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်
 ရှေးကလူကြီး များသည် မိမိတို့ နေရမည့်အိမ် ဆောက်လုပ် ရာတွင် မည်သည့် အရပ်ကို မျက်နှာပြု ရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့် အရပ်၊ အိပ်လျှင် ဦးခေါင်းပြု ရမည့်အရပ် မျက်နှာတို့ကို ရွေးချယ်လေ့ ရှိကြသည်။ ဖြစ်သလို အိမ်ဆောက်ခြင်း၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ။ ရှေးလူကြီး များ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်း များကို လေ့လာ ဖော်ထုတ် လိုက်နာခြင်း အားဖြင့် အကျိုး ယုတ်စရာ အကြောင်း မရှိပေ။ သိပ္ပံနည်း မကျဟု ဆိုကြသူများ ရှိသော်လည်း သိပ္ပံပညာ ထွန်းကား လာသည်နှင့် လူ့သက်တမ်း များ တိုလာ သည်မှာလည်း စဉ်းစားစရာ အချက် ဖြစ်ပေသည်။ ရှေးထုံးကိုလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။
ကိုယ့်ဘ၀ကြီးကို ပြောင်းသွားအောင် လုပ်ပေးနိုင်တဲ့တရား။
     ဒို့များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ
ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့ ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
.......တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း
တရားအကြောင်း စဉ်းစားဖြစ်တယ်။ တရားတစ်ပုဒ် နာခဲ့ရလို့၊ အဲဒီတရားတစ်ပုဒ် တရား
တစ်ခွန်းကြောင့် .. တို့များ ..... တအားကြီးပြောင်းလဲသွားတယ်။
      ဘယ်လိုပုဂ္ဂိုလ် ဟောတဲ့တရားလဲ၊ ဘယ်လိုတရားလဲ၊ ကိုယ့်ဘ၀ကြီးကို ပြောင်းသွား
အောင် လုပ်ပေးနိုင်တဲ့တရား ဘယ်တရားလဲဆိုရင် လက်တစ်ဖြန့်မှာ အကုသိုလ် ကုဋေ
တစ်သိန်းဖြစ်တယ်ဆိုတဲ့တရား၊ လက်တစ်ဖြန့်မှာ အကုသိုလ်ကုဋေတစ်သိန်း ဖြစ်တယ်လို့          
 ပြောတဲ့အခါ...  ကြောက်လိုက်တာ အကုသိုလ်ဆိုတာ မကောင်းဘူး၊ အကုသိုလ်ဆိုတာ
 အပြစ်ပေးတယ်၊ အကုသိုလ်ဆိုတာ ဆိုးကျိုးပေးတယ် လို့ ...  အခုလိုပြောသလောက်ကို
 မသိသေးဘူး၊ ဘယ်တုန်းဘယ်တုန်းကများ အကုသိုလ်ကို ကြောက်ခဲ့သလဲ၊ ကိုယ်လဲမသိ။
ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး။
         သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခ ရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ သံသရာခရီး သွားနေတဲ့ ပုဂ္ဂိုလ်
တိုင်းဟာ အမှားလုပ်မိတတ်ကြပါတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အကြောင်းအကျိုး
အမှန်တရားကို မသိတာကအဓိကပါ။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီး မသိတတ်ကြပါ။
ခွဲခြားမသိတဲ့ အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်း
ဖြစ်နေကြပါတယ်။ မသိလို့ အဆိုးကို အကောင်းထင်ပြီး လုပ်မိတတ်တတ်ကြပါတယ်။
         သူတော်ကောင်းတို့ သိကြတဲ့အတိုင်း ဇောတိကတို့၊ ဇဋိလတို့၊ မေဏ္ဍကတို့ ဆိုပြီးတော့
အင်မတန် ထင်ရှားတဲ့ သူဌေးတွေပါ။ အဲဒီထဲက ဇဋိလရဲ့အမေဟာ သူဌေးသမီး တစ်ယောက်ပါ၊
ဝိဇ္ဖာဓိုရ်နဲ့ တိတ်တိတ်ပုန်းမွေးလို့ ဇဋိလဟာ သူဌေးသားဖြစ်ပေမယ့် သူမွေးလာတာ  ဖအေမပေါ်  
ဘူး။ တိတ်တိတ်ပုန်းမွေးတယ် ဆိုကတည်းက လူမသိရဲလို့ ဇဋိလလေး မွေးလာတဲ့အခါ အိုးထဲ
ထည့်ပြီး မြစ်ထဲမျှောချလိုက်တယ်။ မြစ်အောက် ရေချိုးနေတဲ့ အမျိုးသမီးနှစ်ယောက်က ဆယ်ယူ
ကြပါတယ်။ နောက်တော့ သူ့ကံအားလျော်စွာ အိမ်နောက်ဖေးမှာ ရွှေတောင်ပေါက်တဲ့ သူဌေး
ကြီး ဇဋိလဖြစ်သွားပါတယ်။
Tuesday, 5 May 2015
မယ်တော်မာယာ၏ အံ့ဖွယ် ၁၂ ပါး။
၁။ တကွမ်းစားအိုးမှ ဘယ်အခါမျှ ထမင်းမလျော့သောအိုးကို ရရှိခြင်း။
၂။ အနာနှိပ်စက်သူအား ကိုင်တွယ်လျှင် အနာပျောက်ကင်းခြင်း။
၃။ အလိုရှိမှု ကိုင်တွယ်သော ၀တ္ထုမှန်သမျှ ရွှေဖြစ်ခြင်း။
၎။ မျိုးစေ့ သစ်စေ့ကို စိုက်လျှင် ချက်ချင်း သီးပွင့်ခြင်း။
၅။ ရေ အလိုရှိက တောင်ထိပ်က ရေထွက်ခြင်း။
ကမ္မဌာန်း အခြေခံတရား ၁၅ ပါး (ကမ္မဠ္စာနုပစာရတရား)။
၁။ ကမ္မဌာန်းအလုပ် အားထုတ်နိုင်စွမ်းရှိခြင်း။
၂။ ကိုယ်နှုတ်ဖြောင့်မတ် ရိုးသားခြင်း။
၃။ တည်ကြည်သောစိတ် ရှိခြင်း။
၎။ ပညာရှိစကားကို နာယူလွယ်ခြင်း။
၅။ နူးညံ့သိမ်မွေ့စွာ နေထိုင်လေ့ ရှိခြင်း။
၆။ အလွန်မာန မကြီးခြင်း။
၇။ ရောင့်ရဲလွယ်ခြင်း။
၈။ အဆာမကျယ် မွေးမြူလွယ်ခြင်း။
ကောဌာသ (၃၂) ပါး။
၁။ ကေသာ = ဆံပင်။
၂။ လောမာ = အမွေး။
၃။ နခါ = ခြေသည်းလက်သည်း။
၎။ ဒန္တာ = သွား။
၅။ တစော = အရေ။
၆။ မံသံ = အသား။
၇။ နှာရု = အကြော။
၈။ အဌိ = အရိုး။
၉။ အဌိမိဉ္ဇံ = ရိုးတွင်းချဉ်ဆီ။
၁၀။ ၀က္ကံ = အညှို့။
၁၁။ ဟဒယံ = နှလုံး။
အတိတ်နိမိတ်ယုံကြည်မှု
ကြွက်သည် အ၀တ်၏ အနားနှစ်ဖက်ကိုခဲမူ စီးပွားလျှော့အံ့။
လေးထောင့်အနားကိုခဲမူ စီးပွားတက်အံ့။
အ၀တ်၏ ကြွင်းသောနေရာကိုခဲမူ ဘေးဖြစ်အံ့။
ကြွက်သည် (လူကိုခဲမူ) လက်ကိုခဲမူ ရွှေငွေရအံ့။
ခြေကိုခဲမူ လာဘ်ရအံ့။
သလုံးကိုခဲမူ ရောဂါရအံ့။
(သုတသနိကျမ်း)
ထေရ၀ါဒပိဋကတ်တော်ကို ဓမ္မရတနာအဖြစ် ကိုးကွယ်သော မြန်မာနိုင်ငံ၌
ရသေ့တို့၏ စိတ်ဖြေရာ ကျမ်းစာများကို ဆိုနိုင်သော အတိတ်ဟော၊ နိမိတ်ဟောကျမ်းများလည်း ဖြစ်ထွန်းခဲ့သည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပေပြီ။
ဗြဟ္မဏပုဏ္ဏားတို့၏ ကျမ်းစာများဖြစ်သော ယင်းကျမ်းစာများ၏ သြဇာသက်ရောက်မှုကလည်း မသေးငယ်လှပေ။ အဘယ့်ကြောင့်ဆိုသော် ရှေးမြန်မာအများစုသည် အတိတ်နိမိတ်တို့အပေါ်၌
ယုံကြည်မှု ကြီးမားခဲ့သောကြောင့်ဖြစ်ပါ၏
(Accident) မတော်တဆဖြင့် ဒီအချိန်မှာကွယ်လွန်သွားသော်။
      ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ဖြုတ်စရာ မလိုဘူး၊  လိုလို့ဖြည့်စရာ
လဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့်လန့်တိုက်တဲ့သူကမှ အပြစ်ပြော
စရာမရှိဘူး။
      မဟာနာမ်က နေ့လယ်နေ့ခင်း ဆိုရင် ဘုရားကျောင်းကိုသွား၊ ညနေဆိုရင်ပြန်နဲ့  တနေ့
တော့.. ဘုရားရှင်ကိုလျှောက်တယ် = ဘုန်းတော်ကြီး မြတ်စွာဘုရား တပည့်တော်တို့ ကပိလ
ဝတ်ပြည်က စည်ပင်လိုက်တာဘုရား လူတွေလဲပြည့်ညှပ် တိရစ္ဆာန်တွေကလဲ ပြည့်ညှပ်နေတာ
ပဲဘုရား။ မြို့ကလဲစည်ကားလိုက်တာ ယာဉ်၊ ရထားတွေကလဲ အများကြီး မြင်းတွေရော ဆင်
တွေရော၊ အိုး ...... လမ်းကြီးလမ်းငယ်၊ လမ်းသွယ်လမ်းမ၊ ပြည့်ညှပ်နေတာပဲ၊ သွားတာလာ
တာတောင် မနည်းကြည့်ရှောင်ပြီး သွားနေရပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားက အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်။
       ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။ တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး “ အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမသြ၀ါဒ
တရားလေး ဟောပေးပါ, အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော
ကြိုးကြိုးစားစားနဲ့ လိုက်နာကျင့်သုံးပါ့မယ် ” လို့ ဘုရားကို လျှောက်ပါတယ်။ ဒါနဲ့ မြတ်စွာဘုရား
က ကမ္မဌာန်းတစ်ပုဒ် ပေးလိုက်ပါတယ်။
ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅ ပါး။
၁။ စိတ်တည်ကြည်ရမည်။
၂။ ပုတီး၌ စိတ်မရောက်စေရ။
၃။ မြတ်စွာဘုရားကို ထင်မြင်အောင် အာရုံပြုရမည်။
၎။ ဂုဏ်တော်ကို ပွားခိုက် လိုသောဆုကို တောင်းရမည်။
၅။ ထို မြတ်စွာဘုရားအား အချိန်တိုတိုအားဖြင့် ရှိခိုးရမည်တို့ ဖြစ်ပါတယ်။
ဆရာတော်ကြီးလို စိတ်ထားလေးများ။
       မတ္တရာဆရာတော်ဆိုတာ ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်း
ကရှိခဲ့ပါတယ်။ အရာရာမှာ အကောင်းဘက်ကတွေးပြီး သည်းခံလေ့ရှိပါတယ်။ သည်းခံတဲ့နေရာ အ
ကောင်းမြင်တဲ့နေရာမှာ နာမည်ကြီးလို့  အဲဒီဆရာတော်ကြီးကို စမ်းကြည့်ကြပါတယ်။ တစ်နေ့ကျ
တော့ ဆွမ်းကိုပျော့အောင် ချက်ထားပါတယ်။ အဲဒီတော့..ဆရာတော်ကြီးက “အေး..ဒီနေ့ဆွမ်းက
ပျော့နေတယ်၊ ၀ါးရသက်သာလို့ ကောင်းတာပေါ့ကွယ်” တဲ့။ အဲဒါနဲ့ ပျော့တာမပြောရင် မာရင်ဘာ
ပြောမလဲဆိုပြီး ဆွမ်းကိုမာမာချက်တော့..“အေး..ဒီနေ့ဆွမ်းက မာမာတောင့်တောင့်လေး စားရ
တာပေါ့” လို့ပြောပြန်ပါတယ်။ ဒါနဲ့ တစ်နေ့ကျတော့ ဆားလေးလေးငန်ငန် ချက်ပြီးဆွမ်းကပ်တော်
“ဒီနေ့..ဆားငန်ငန်လေးလေးနဲ့ဆိုတော့ အစာပိုကြေတာပေါ့” လို့ ပြောပါတယ်။ ဆားငန်ရမလား
ဆိုပြီး စိတ်မဆိုးဘဲ ဆားငန်သည့်အတွက်ကြောင့် အစာပိုကြေတာပေါ့တဲ့။ နောက်တစ်ရက်ကျတော့
ဆားမပါဘဲချက်ကာ ဆွမ်းကပ်လိုက်တော့ “အေး..ဒီနေ့ ရေငတ် သက်သာတာပေါ့” လို့ ပြောပြန်ပါ
တယ်။ စိတ်ဆိုးဆူပူတာ မရှိပါ။
ဝစီပိတ်အကျင့်ဟူသည်
ဗုဒ္ဓဘာသာဝင်အများစုသည်
ဝစီပိတ်ကျင့်သူကို သူတော်စင်၊ သူတော်မြတ်ဟု ထင်မှတ်တတ်ကြ၏။
ဝစီပိတ်ကျင့်သူ ပုဂ္ဂိုလ်ထံသို့ သူ့ထက်ငါအလျင်အမြန်ချဉ်းကပ်ကြသည်။
ဝစီပိတ်ကျင့်သူကို လှူသော် ပို၍အကျိုးရှိသည်၊ ပို၍ကုသိုလ်ရသည်ဟု ယုံကြည်လျက်
ရက်ရက်ရောရော ပေးလှူတတ်ကြ၏။
ထိုသို့သော အခြေအနေတွင်
"၀စီပိတ်ကျင့်သူများ"၊ "၀စီပိတ်ကျင့်သူဟု ဆိုသူများ" တိုးပွားလာတော့၏။
ဝစီပိတ်အကျင့်သည် လာဘ်လာဘတို့ စုပြုံတည်မှီရာ ဟူ၍ဖြစ်လာသောအခါ
"၀စီပိတ်အကျင့်" ကို သာသနာတော်အကျင့်ပမာ
သဘောထားပြီး ကျင့်ကြံသူများ ပေါ်ပေါက်လာချေတော့သည်။
ဝစီပိတ်အကျင့်ဟူသည်-
         (၁) သာသနာတော်ဆိုင်ရာ ကျင့်စဉ်လော။
         (၂) မြတ်စွာဘုရားက "၀စီပိတ်" ကျင့်ရန် ညွှန်ကြားတော်မူခဲ့ပါ၏လော၊
         (၃) ၀စီပိတ်အကျင့်သည် သာသနာတော်အတွက်
အကျိုးကျေးဇူးတစ်စုံတစ်ရာကို ပေးဆောင်နိုင်စွမ်းရှိပါ၏လော။
Saturday, 2 May 2015
"သလ္လေခသုတ် အဓိဋ္ဌာန်စကား (၄၄-ပါး)"
  • **************************************
    ၁။ ငါသည် ရက်စက်ကြမ်းကြုတ်သူ မဖြစ်စေရ။
    သနားကြင်နာတတ်သူ ဖြစ်ရမည်။
    ၂။ ငါသည် သူများအသက် သတ်ဖြတ်သူ မဖြစ်စေရ။
    သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
    ၃။ ငါသည် သူများဥစ္စာ ခိုးယူသူ မဖြစ်စေရ။
    ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
    ၄။ ငါသည် မမြတ်သောအကျင့်ကိုကျင့်သူ မဖြစ်စေရ။
    မြတ်သောအကျင့်ကို ကျင့်သူသာ ဖြစ်ရမည်။
    ၅။ ငါသည် လိမ်ပြောတတ်သူ မဖြစ်စေရ။
    အမှန်အတိုင်း ပြောတတ်သူသာ ဖြစ်ရမည်။
ဒုက္ခ ၇ မျိုး
၁. ဒုက္ခ ဒုက္ခ
၂. ဝိပရိဏာမ ဒုက္ခ
၃. သင်္ခါရ ဒုက္ခ
၎. ပဋိစ္ဆန္န ဒုက္ခ
၅. အပ္ပဋိစ္ဆန္န ဒုက္ခ
၆. ပရိယာယ ဒုက္ခ
၇. နိပ္ပရိယာယ ဒုက္ခ
၁.ကိုယ်​ထဲမှာ နာကျင်​ကိုက်​ခဲခြင်း အခံရခက်​တဲ့ ကိုယ်​ဆင်းရဲ
စိတ်​ထဲမှာပူပင်​ခြင်း ၊ စိတ်​ညစ်​ခြင်း ၊ နှလုံးမသာခြင်း ကတစ်​မျိုး  စသည်​ဖြင့်​ ကိုယ်​ဆင်းရဲ စိတ်​ဆင်းရဲ ကို ဒုက္ခဒုက္ခ
၂. ကိုယ်​ချမ်းသာ (ကာယိကသုက္ခ) ၊ စိတ်​ချမ်းသာ ( ​စေတတိက သုခ) ​တွေ  ရုတ်​တရက်​ ပျက်​စီး ဆုံးရှုံး သွားရင်​ အလွန်​ပူပင်​ ရတတ်​တယ်​ ဝိပရိဏာမ ဒုက္ခ
၃. မ​ကောင်းမဆိုး ရိုးရိုးပဲဖြစ်​​နေတဲ့ ဥ​ပေက္ခာ ကသူ့သ​ဘောအရ အမြဲ တည်​ ​နေတာမဟုတ်​ဘူး .... အလယ်​အလတ်​တိုင်းဖြစ်​​စေချင်​ရင်​ သူ့ဆိုင်​ရာအ​ကြောင်းအရာ ​တွေဖြင့်​ မပြတ်​ပြုပြင်​​ပေးရလို့်​ တာဝန်​​လေးတာဆင်းရဲတာ ..တနည်းအားဖြင့်​ သင်္ခါရ ဒုက္ခ လို့​ခေါ်တယ်​ သင်္ခါရ ဒုက္ခ
၎. မထင်​ရှားတဲ့ဆင်းရဲ ဥပမာ (သူတစ်​ပါး နားကိုက်​ သွားနာ ​ခေါင်းကိုက်​ခြင်း တို့သည်​ ​မေးကြည့်​လို့ ခံစား​နေရတဲ့သူ ​ပြောမှသာသိရတယ်​ ... အဲ့ဒီလို ဆင်းရဲဟာ ဖုံးကွယ်​ထားသလို ပင်​ မြှပ်​​နေ လို​ ) ပဋိစ္ဆန္န ဒုက္ခ
၅. ဓားခုတ်​ လှံထိုးခံရခြင်း စသည့်​ အနာဆင်းရဲ က​တော့ ထင်​ရှား​ပေါ် ​နေတဲ့အတွက်​ အပ္ပဋိစ္ဆန္န ဒုက္ခ လို့​ခေါ်တယ်
၆. ကိုယ်​ဆင်းရဲ စိတ်​ဆင်းရဲ ကိုဖြစ်​​စေနိုင်​တဲ့ ရုပ်​ နာမ်​ သ​ဘောတရားဟူသမျှ​တွေဟာပင်​ကိုယ်​ကမဆင်းရဲ​သော်​လည်း ဆင်းရဲ ၏အ​ကြောင်း ဖြစ်​လို့ ပရိယာယ ဒုက္ခ
၇. မုချဆင်းရဲ ​သော ဒုက္ခ ဒုက္ခ ကို​တော့ နိပ္ပရိယာယ ဒုက္ခ
မဟာစည်​ဆရာ​တော်​ ဘုရားကြီး၏ ဓမ္မစကြာတရား​တော်​မှ ​ကူးယူသည်
အရိယာတို့ ရှောင်ကြဉ်သည့် မကောင်းမှု(၁၄)ပါး
သူကြွယ်သား- အရိယာ သာဝက သည် ညစ်ညူးသော ကံလေးပါးကို ပယ်အပ်ကုန်၏။
လေးပါးသောအကြောင်းတို့ ဖြင့် မကောင်းမှုကို မပြု၊စည်းစိမ် ပျက်စီးကြောင်း ခြောက်ပါး
တို့ ကို မမှီဝဲ။ ထို အရိယာသာဝကသည် ဤသို့  တစ်ဆယ့်လေးပါးသော မကောင်းမှု မှ
ကင်းသည်ဖြစ်၍ အရပ်ခြောက်ပါးတို့ ကိုလုံခြုံစေလျှက် ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော
လောကကို အောင်မြင်နိုင်ခြင်းငှာ ကျင့်၏။။  ထိုအရိယာသာဝက ၏ ဤ ပစ္စုပ္ပန် လောက
သည်လည်းကောင်း၊ တမလွန် လောကသည်လည်းကောင်း နှစ်သက်အပ်၏။. ထိုအရိယာ
သာဝကသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌  ကောင်းသော လားရာဖြစ်သော
နတ်ပြည်လောကသို့ ရောက်၏။
ညစ်ညူးသော ကံလေးပါး.။..။
ထို အရိယာ သာဝကသည် အဘယ်ညစ်ညူးသော ကံလေးပါးတို့ ကို
ပယ်အပ်သနည်း ဟူမူကား။
(၁)သူ့ အသက်သတ်ခြင်းသည် ညစ်ညူးသောကံမည်၏။
(၂)မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူးသော ကံမည်၏။
(၃)ကာမ ဂုဏ်တို့ ၌ မှားယွင်းစွာ ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏။
(၄)မဟုတ်မမှန်ပြောခြင်းသည် ညစ်ညူးသောကံမည်၏။
ထို အရိယာသာဝက သည်ဤ ညစ်ညူးသော ကံလေးပါးတို့ ကို ပယ်အပ်ကုန်၏။
(မပြုလုပ်ပဲ ရှောင်ကြဉ်အပ်ကုန်၏။)
Thursday, 9 April 2015
ဗုဒ္ဓနုဿတိ
ဘွဲ့တော်
လက္ခဏတော်ကြီးငယ် အသွယ်သွယ်ဖြင့်
သပ်ပယ်လှစွာ ကိုယ်အင်္ဂါဝယ် ပါရမီတော်အဟုန် ကိုယ်လုံးခြုံ၍ မွှေးထုံ သင်းကြူ
သယမ္ဘူ ဟု ဥဏ်တော်ကင်းလတ် အရဟတ်ဖြင့် သတ်ဖြတ် ခပင်း ကိလေရှင်းသား
ဥဏ်ရင်းမဟာ ဂရုဏာနှင့် သမ္မာသမ္မောဓိ အစ ရှိလတ်  ဥဏ်တော် မြတ်၏
ကိန်းဝပ်စံပျော် ခန္ဓာပေါ်ဝယ် ဘွဲ့တော်ဗုဒ္ဓ တင်ပါ ရသည် လောကထွဋ်ထား မြတ်ဘုရား ။
သိရန်မှန်က မကျန်ရအောင် လုံးဝ စုံလင် အကုန်မြင် သဗ္ဗဉ် ဥဏ်တော်အစွမ်း တည်း။
သိသည့်တရား များအပြား၌ ဟောထားစဖွယ် နည်းအသွယ်သွယ် ကို ခြယ်လှယ် စုံလင် အကုန်မြင် သဗ္ဗဉ် ဥဏ်တော်အစွမ်း တည်း။
ကျွတ်ထိုက်ကြပေ များ ဝေနေ၏ ဣနြေ္ဒစရိုက် သူ့အကြိုက် ကို နှိုက်ချွတ်  စုံလင် အကုန်မြင် သဗ္ဗဉ် ဥဏ်တော်အစွမ်း တည်း ။
 ဥဏ်တော်စွမ်း ပကားဤ ၃ ပါးကြောင့် အများဝေနေ သတ္တဝါတွေ ကျွတ်လွတ် စေဖို့ မနေမနား သက်တော်အားဖြင့် ကြီးမား လေဘိ ၈၀ ပြည့်၍ ပရိနိဗ္ဗန် စံသည့် တိုင် အောင် သယ်ယူ ဆောင် ဘုန်းခေါင် ငါတို့ ဘုရားတည်း။
Wednesday, 8 April 2015
ဘဂ၀ါဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၉) သော ဘဂ၀ါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-အဏုမြူသဖွယ်, ပျောက်ကွယ်သိမ်မွေ့, မမြင်တွေ့အောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “အဏိမာ”ဘုန်းတော်၊
စိတ်၏အလား, ကောင်းကင်ဖျား၌, ပေါ့ပါးလျင်မြန်, ဈာန်ပျံကြွသွားနိုင်သော “လဃိမာ”ဘုန်းတော်၊
ကိုယ်တော်သဏ္ဌာန်, ပုံဟန်တိုင်းငြား, မနိုင်အားဖို့, ကြီးမားလေအောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊
ဆီးတားကွယ်ကာ, မရှိပါဘဲ, လိုရာတိုင်းပေါက်, တစ်ခဏလောက်ဖြင့်, ကြွရောက်နိုင်သော “ပတ္တိ”ဘုန်းတော်၊
ဗုဒ္ဓဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
၈။ သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒုက္ခသမုဒယ, နိရောဓနှင့်, မဂ္ဂမည်သာ, လေးသစ္စာကို, ဦးစွာပိုင်ပိုင်, သိမြင်နိုင်၍, သုံးဆိုင်ဝေနေ, များဗိုလ်ခြေကို, မသွေအတူ, သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပာယ်
ဗုဒ္ဓဂုဏ်တော်သည် “ကိုယ်တော်တိုင်သိ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သည်”ဟူသော အနက်ကို ပြ၏။
သတ္တာဒေ၀မနုဿနံ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၇) သော ဘဂ၀ါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တ၀ါဟော်, ကုန်သည်ကျော်သည်, ဖော်လှော်ငယ်သား, နောက်ပါများကို, ရေရှားဘေးခ, ကန္တာရမှ, ခေမမြေငူ, ထုတ်ကယ်ယူသို့, ထို့တူတစိ, ခဲယဉ်းဘိသည့်, ဇာတိ ဇရာ, မရဏဟု, ကန္တာရကြမ်း, ခရီးလမ်းမှ, ရွှေနန်းမြေငူ, ပြည်နိဗ္ဗူသို့, နတ်လူဗြဟ္မာ, သတ္တ၀ါကို, ကောင်းစွာဆောင်ယူ, ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေ၀မနုဿာနံ-သတ္ထာဒေ၀မနုဿာနံဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီ၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ 
ကြည့်ရူရန်အဓိပ္ပါယ်
သတ္ထာဒေ၀မနုဿာနံဂုဏ်တော်သည် "နတ်လူတို့၏ ရှေ့ဆောင်ဦးစီးကုန်သည်ကြီးနှင့် တူတော်မူ၏"ဟူသော အနက်ကိုပြသည်။ (ဒေ၀မနုဿာနံ-နတ်လူတို့၏ + သတ္ထာ-(ဆရာဖြစ်၍) ကုန်သည်ကြီးနှင့် တူတော်မူသည်။)
အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၆) သော ဘဂ၀ါ-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန်, သတ္တ၀ါမှန်သော်, ချောက်တနှ်လျှင်ချောက်, မြှောက်တန်မြှောက်၍, အောက်အောက် ထက်ဂုဏ်, ဆင့်ဆင့်စုံဖို့, ဖုံဖုံသင်ပေး, အစဉ်ဖေးလျက်, ယဉ်ကျေလေအောင်, သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရောပုရိသ ဒမ္မသာရထိ-အနုတ္တရောပုရိသဒမ္မသာရထိဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန်အဓိပ္ပါယ်
အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်သည် "ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမူ၌ အတုမရှိ စွမ်းနိုင်ပါပေသည်"ဟူသော အနက်ကိုပြသည်။ (အနုတ္တရော+ပုရိသဒမ္မ+သာရထိ၊ အနုတ္တရော=အတုမရှိမြတ်သည် + ပုရိသ=ယောက်ျား(သတ္တ၀ါ) + ဒမ္မ=ဆုံးမထိုက်သူ + သာရထိ=ဆုံးမနိုင်သည်။)
လောက၀ိဒူ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၅) သော ဘဂ၀ါ- ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တောကာသ, သင်္ခါရဟု, လောကသုံးဘုံ, အလုံးစုံကို, အာရုံထင်စွာ, ပိုင်းခြားကာဖြင့်, ကောင်းစွာကုန်စင်, သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ လောက၀ိဒူ-လောက၀ိဒူဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပါယ်
လောက၀ိဒူဂုဏ်တော်သည် "လောကအားလုံးကို သိမြင်တော်မူနိုင်ပေ၏"ဟူသော အနက်ကို ပြသည်။ (လောက=ကမ္ဘာလောကကြီးကို + ၀ိဒူ=သိတော်မူနိုင်သည်။)
လောကသုံးပါး သတ္တလောက, သြကာသလောက, သင်္ခါရလောကဟု လောကသုံးပါးရှိ၏၊ သက်ရှိသတ္တ၀ါအပေါင်းသည် သတ္တလောကမည်၏၊ သတ္တ၀ါတို့၏ တည်နေရာဘုံဌာနသည်လည်းကောင်း, ဘုံမရှိသော နေရာဌာနသည်လည်းကောင်း သြကာသလောကမည်၏၊ ရုပ်တရား, နာမ်တရားအားလုံးသည် သင်္ခါရလောကမည်၏။
သုဂတဂုဏ်တော်ဖွင့်(ကျက်မှတ်ရန်)
(၄) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒီပင်္ကရာ, ထွတ်ချာသနင်း, ခြေတော်ရင်းမှ, မှန်ကင်းသိရီ, ဗောဓိမဏ္ဍိုင်, ခန်းဝါပိုင်အောင်, ဆယ်ခိုင်ပါရမီ, စုံပြည့်ညီလျက်, သုံးလီဘ၀, များသတ္တ၏, သုခစီးပွား, ကျင့်သောအားဖြင့်, မိုက်မှားအယူ, မိစ္ဆာဟူက, ဆံမြူတစ်စိ, မကပ်ငြိဘဲ, သတိသမ္ပဇဉ်, မပြတ်ယှဉ်လျက်, သဗ္ဗဉ်ဥာဏ်တော်, ရကြောင်းရော်၍, ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား
ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်အဖွင့် (ကျက်မှတ်ရန်)
(၃) သော ဘဂ၀ါ -ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်, ဣတိပိ ဣမိနာစ ကာရဏေန-သုံးပါး ရှစ်ပါး,၂-မျိုးအားဖြင့်, ဟောထားပညာ, ဥာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ်, အမြိုက်ရပ်သို့, ဆိုက်ကပ်ရန်ဖြင့်, အမှန်သင့်သည့်, အကျင့်စရဏ, ဆယ့်ငါးဝနှင့်, တကွဥဿုံ, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏ သမ္ပန္နော-၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန်အဓိပ္ပာယ်
ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်သည် "၀ိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူ၏"ဟူသော အနက်ကို ပြ၏။ (၀ိဇ္ဇာ=အသိဥာဏ် + စရဏ=အကျင့် + သမ္ပန္န=ပြည်စုံ၏။) 
သုံးပါး, ရှစ်ပါး-ဥာဏ်ဝိဇ္ဇာတည်း။   ။အသိဥာဏ်ပညာဟူသော ၀ိဇ္ဇာကို အချို့ သုတ္တန်ဒေသနာတော်၌ ၃-ပါး၊ အချို့ သုတ္တန်ဒေသနာတော်၌ ၈-ပါးဟု ၂-မျိုးအားဖြင့် ဟောထားတော်မူသောကြောင့် "၀ိဇ္ဇာသုံးပါး, ၀ိဇ္ဇာရှစ်ပါး"ဟု ကွဲနေသည်။
 ဆောင် - သုံးပါး ၀ိဇ္ဇာ, ပု-ဒိ-အာနှင့်, ဝိဇ္ဇာရှစ်ရပ်, ၀ိပသ်စေတော့, မနောမယိဒ်, ဒိနှင့်ဣဒ်, ထည့်သိပ်ရေတွက်လေ။
ဗုဗ္ဗေနိဝါသာနုဿတိဥာဏ်။ ။ ရှေးရှေးဘ၀၌ ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သောဥာဏ်။ 
ဒိဗ္ဗစက္ခုဥာဏ်။ ။နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း, သေးငယ်သော အဆင်းကို မြင်နိုင်သောဥာဏ်။ 
အာသ၀က္ခယဥာဏ်။ ။ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဥာဏ်။ 
ဝိပဿနာဥာဏ်။ ။"အနိစ္စ ဒုက္ခ အနတ္တ"ဟု ရုပ်နာမ်တရားအားလုံးကို သိမြင်နိုင်သောဥာဏ်။
စေတောပရိယဥာဏ်။ ။သူတစ်ပါး၏ စိတ်ကိုသိနိုင်သောဥာဏ်။ 
မနောမယိဒ္ဓိဥာဏ်။ ။မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သောဥာဏ်။
ဒိဗ္ဗသောတဥာဏ်။ ။နတ်တို့၏ နားကဲ့သို့ ဝေးသော အသံ, သေးငယ်သော အသံကို ကြားနိုင်သောဥာဏ်။ 
ဣဒ္ဓိဝိဓဥာဏ်။ ။ မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဥာဏ်၊ ရှေ့ ၃-ပါးတွင် ဤငါးပါးကိုထည့်လျှင် ၀ိဇ္ဇာရှစ်ပါးဖြစ်၏။ 
နိဗ္ဗာနဓာတ်-အကျင့်စရဏ။ ။မပျက်စီးနိုင်သောအရာကို "အမြိုက်"ဟု ခေါ်၏။ ထိုအမြိုက်နှင့်တူသော နိဗ္ဗာနဓာတ်သို့ ရောက်ဖို့ရန်ကျင့်သော အကျင့်ကို "စရဏ" ဟုခေါ်သည်။ 
 စရဏ ၁၅-ပါး 
ဆောင် - သဒ္ဓါ သတိ, ဟိရီသြတ္တ, ၀ီရိယနှင့်၊ 
သုတပညာ, ခုနှစ်ဖြာ, သဒ္ဓမ္မာ ဟုပြ။ 
ထိုသဒ္ဓမ္မာ, ခုနှစ်ဖြာနှင့်, ဘော ဇာ သီဣန်, 
ဈာန်လေးကြိမ်ထား, ဤဆယ့်ငါး, မှတ်သား စရဏ။ 
သဒ္ဓါ-"ကုသိုလ်-အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိသည်၊ ရတနာသုံးပါး ရှိသည်၊ နောင်ဘ၀ ရှိသည်"ဟု ယုံကြည်မူ။ 
သတိ-ကုသိုလ်ကောင်းမူ ဆိုင်ရာ၌ အမှတ်ရမူ။ 
ဟိရီ-ကောင်းမူ ဒုစရိုက်မှ ရှက်မူ။
သြတ္တပ္ပ-မကောင်းမူ ဒုစရိုက်မှ ကြောက်လန့်မူ။ 
ဝီရိယ-ကုသိုလ်ကောင်းမူကိစ္စ၌ အားထုတ်မူ။ 
သုတ-အကြားအမြင်များမူ။
ပညာ-အရာရာ၌ တတ်သိ လိမ္မာမူ။ 
ဤကား "သဒ္ဓမ္မ"ဟု ခေါ်အပ်သော သူတော်ကောင်းတရား ၇-ပါးတည်း၊ (သူတော်ဥစ္စာ၌ကား သတိနှင့် ၀ီရိယကို နူတ်ပြီးလျှင် သီလ(သီလစောင့်မူ)၊ စာဂ(စွန့်ကြဲလှူဒါန်းမူ)ထည့်၍ ရေတွက်ရသည်။)
ဘောဇနေမတ္တညုတာ။ ။စားသောက်ရာ၌ မိမိနှင့် သင့်မသင့် နိုင်းချင့်၍ အတိုင်းအရှည်သိမူ။ 
ဇာဂရိယာနုယောဂ။ ။ နိုးနိုးကြားကြား အိပ်မူ, အအိပ်အနေနည်းမူ။ 
သီလ။ ။ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမူ။ 
ဣ္ကုန္ဒြိယသံဝရ။ ။ တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣနြေ္ဒမများကို ငြိမ်သက်အောင် စောင့်စည်းမူ။ 
ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပေါင်း စရဏ ၁၅-ပါး ဖြစ်၏။ 
"၀ိဇ္ဇာ"ဟူသော အသိဥာဏ်ရှိသော်လည်း "စရဏ"ဟူသော အကျင့်မရှိက နိဗ္ဗာန်မရနိုင်၊ "စရဏ"အကျင့်သာရှိ၍ "၀ိဇ္ဇာ"ဟူသာ အသိဥာဏ်မရှိလျှင် လမ်းမှန်မရောက်ဘဲ အလွဲကိုကျင့်နေသဖြင့် ခရီးမတွင်ဘဲရှိမည်၊ ရှင်တော်မြတ်ဘုရားကား အထွတ်အထိပ်ဖြစ်သော ၀ိဇ္ဇာ=ဥာဏ်, စရဏ=အကျင့်နှင့် ပြည့်စုံတော်မူပါပေသည်။ 
 တိုက်တွန်းချက်
အရာရာ၌ အသိဥာဏ်ဖြင့် အမှန်ကို ကျင့်ကြံအားထုတ်မှသာ ထမြောက်နိုင်သည်၊ ယခုအခါ၌ကား အသိဥာဏ်ရှိပါလျက် သိသလောက် ကျင့်ကြံအားထုတ်မူ "စရဏ" မရှိသောကြောင့် အောက်ကျနောက်ကျ ဖြစ်နေသူတွေ များလှ၏။ ထို့ကြောင့် ဘုရားရှင်၏ "၀ိဇ္ဇာစရဏသမ္ပန္န"ဂုဏ်တော်ကို အာရုံပြုလျက် ကြည်ညိုပြီးလျှင် မိမိသန္တာန်၌ အသိရော အကျင့်ပါ ၂-ဖြာလုံး ပြည့်စုံအောင် ကြိုးစားသင့်ကြသတည်း။
 ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။ 
Credit to http://www.myittaryik.com/2013/12/blog-post_25.html#more
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
 (၂) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-သဗ္ဗဉ်ဥာဏ်အား, စွမ်းပကားဖြင့်, များသင်္ခါရ,ဝိကာရ နှင်​.လက္ခဏ,ပညတ်, နိဗ္ဗာန်ဓာတ်ဟု, ငါးရန်သိရန်, ဥေယျဓမ်ကို, ဖောက်ပြန်မရှိ, ကိုယ်တော်တိုင် သိတော်မူသော ဤအကြာင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ 
ကြည့်ရူရန် အဓိပ္ပာယ်
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်သည် "အလုံးစုံသောတရားကို ကိုယ်တော်တိုင် သိမြင်တော်မူနိုင်၏"ဟူသော အနက်ကို ပြသည်။ (သမ္မာ + သံ + ဗုဒ္ဓ-သမ္မာ=မဖောက်မပြန်(အမှားမရှိအောင်) + သံ=ကိုယ်တော်တိုင်+ ဗုဒ္ဓ=သိတော် မူနိုင်သည်။)
သဗ္ဗဉ်ဥာဏ်အား, စွမ်းပကားဖြင့်
ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ကိုရဖို့ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကောင်းမူ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့် အားလျော်စွာ ဘ၀အဆင့်ဆင့် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတဥာဏ်တော်အဖြစ်သို့ရောက်၍ လွန်စွာအစွမ်းသတ္တိ ထက်မြက်ပါပေသည်။
ယခုလောက၌ သေးငယ်သောမြူမူန်တို့ကို လူအပေါင်းတို့ ၀ိုင်း၍ကြည့်သောအခါ မျက်စိကောင်းသူများသာ မြင်၍ မျက်စိမူန်သူတို့ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိကွယ်နေသူတို့မှာ ဆိုဖွယ်ရာမရှိတော့သကဲ့သို့, ထို့အတူ သိဖွယ်အာရုံများကို သတ္တ၀ါဟူသမျှတို့ သိရှိဖို့ရန် အားထုတ်ကြပါသောလည်း ပင်ကိုယ်ဥာဏ်မျက်စိရှိသလောက်သာ သိမြင်နိုင်ကြသည်၊ လုံးလုံးဥာဏ်မျက်စိ မရှိသူတို့မှာ အရှေ့, အနောက်, တောင်, မြောက်နှင့် တင်းတောင်း ပမာဏကိုမျှ မသိနိုင်ကြပေ။
ဗုဒ္ဓရှင်တော်၏ ဥာဏ်တော်သည်ကား သိသင့်သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည်၊ ထိုသိဖွယ်တရားများကို "ဥေယျဓမ်"ဟု ခေါ်၏။ (ဥေယျ= သိသင့်သိထိုက်သော + ဓမ်=ဓမ္မ- တရား။)
ေဥယ်ဓမ္တရား ၅-ပါးကား
၁။ သင်္ခါရ=စိတ်စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ။
၂။ ၀ိကာရ=၀ိကာရရုပ် ငါးပါး။
၃။ လက္ခဏ=လက္ခဏရုပ် လေးပါး။
၎။ ပညတ်=လူ နတ် ဗြဟ္မာ ဆင်မြင်း ကျွဲ နွား တော တောင် ရေ မြေ စသော ပညတ်များ။
၅။ နိဗ္ဗာန်=ရုပ်နာမ်ပညတ်မှတစ်ပါး ငြိမ်းအေးသော ဓာတ်ကြီးတစ်မျိုး။ (ဤ ငါးမျိုးမှတစ်ပါး သိဖွယ်ရာ မရှိပြီ၊ ၀ိကာရနှင့်လက္ခဏကို ရုပ်ချင်းတူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်သောကြောင့်တည်း။) ဤဥေယျဓမ်ငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏကထာ၌ပါသည်။
ဖောက်ပြန်မရှိ, ကိုယ်တော်တိုင်သိ
ဤဥေယျဓမ်တရား ငါးပါးကို ဘုရားရှင် သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းသွားသည်ဟူ၍ မရှိ၊ နည်းပေးလမ်းပြမည့် ဆရာလည်း မရှိ၊ ကိုယ်တော်တိုင် သိတော်မူပေသည်၊ ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓရှင်တော်မြတ်၏ သပ္ပါယ်သော ရုပ်အဆင်းတော်အတွင်း၌ "အရဟံဂုဏ်တော်"အရ စိတ်တော်၏ ကြည်လင်သန့်ရှင်းနေပုံ, ထိုကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်သော ဥာဏ်တော်တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများကြပါလေ။
တိုက်တွန်းချက်
အသိ အလိမ္မာ ဥာဏ်ပညာ ဟူသည် အလွန်အရေးကြီး၏၊ ပညာသင်ရာဝယ် ဆရာတစ်ဦးထံမှ အတူသင်ယူပါလျက် အတတ်ချင်းကွာခြားနေပုံကိုလည်းကောင်း, စီးပွားဥစ္စာရှာဖွေရာဝယ် အရင်းအနှီးချင်းတူပါလျက် ဥာဏ်ရှိသူမှာ ကြီးပွား၍ ဥာဏ်နည်းသူမှာ မကြီးပွားနိုင်ဘဲ ဥာဏ်မရှိသူမှာ ဆုံးရူံးရပုံကိုလည်းကောင်း, မိဖချင်းတူပါလျက် အချို့သားသမီးများလိမ္မာ၍ အချို့ ယုတ်မာပုံကိုလည်းကောင်, ထိုကဲ့သို့ ကွာခြားသည့်အားလျော်စွာ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဥာဏ်ရှိသူကား ကြီးကျယ်ထွန်းကား, ဥာဏ်မရှိသူကား ပျက်ပြားနစ်မွန်းရပုံကိုလည်းကောင်း စဉ်းစား၍ ဤ "သမ္မာသမ္ဗုဒ္ဓ" ဂုဏ်တော်ကို ကြည်ညိုကာ မိမိ၏ပညာပါရမီကို အမြဲတိုးပွားအောင် ကြိုးစားကြပါလေ။
Credit to  http://www.myittaryik.com/2013/12/blog-post_4155.html#more 
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated