(၃)
သော ဘဂ၀ါ -ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်, ဣတိပိ ဣမိနာစ ကာရဏေန-သုံးပါး
ရှစ်ပါး,၂-မျိုးအားဖြင့်, ဟောထားပညာ, ဥာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ်, အမြိုက်ရပ်သို့,
ဆိုက်ကပ်ရန်ဖြင့်, အမှန်သင့်သည့်, အကျင့်စရဏ, ဆယ့်ငါးဝနှင့်, တကွဥဿုံ,
ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏ သမ္ပန္နော-၀ိဇ္ဇာစရဏသမ္ပန္နဟူသော
ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား,
ထင်ရှားတော်မူပါပေသည်တကား။
ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်သည်
"၀ိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူ၏"ဟူသော အနက်ကို ပြ၏။ (၀ိဇ္ဇာ=အသိဥာဏ်
+ စရဏ=အကျင့် + သမ္ပန္န=ပြည်စုံ၏။)
သုံးပါး,
ရှစ်ပါး-ဥာဏ်ဝိဇ္ဇာတည်း။ ။အသိဥာဏ်ပညာဟူသော
ဝိဇ္ဇာကို အချို့ သုတ္တန်ဒေသနာတော်၌ ၃-ပါး၊ အချို့ သုတ္တန်ဒေသနာတော်၌ ၈-ပါးဟု
၂-မျိုးအားဖြင့် ဟောထားတော်မူသောကြောင့် "၀ိဇ္ဇာသုံးပါး, ၀ိဇ္ဇာရှစ်ပါး"ဟု
ကွဲနေသည်။
ဆောင် - သုံးပါး
ဝိဇ္ဇာ, ပု-ဒိ-အာနှင့်, ဝိဇ္ဇာရှစ်ရပ်, ၀ိပသ်စေတော့, မနောမယိဒ်, ဒိနှင့်ဣဒ်,
ထည့်သိပ်ရေတွက်လေ။
ဝိဇ္ဇာသုံးပါး
ဗုဗ္ဗေနိဝါသာနုဿတိဥာဏ်။
။ ရှေးရှေးဘ၀၌ ကြုံတွေ့ခဲ့သမျှကို
ပြန်၍ အောက်မေ့နိုင်သောဥာဏ်။
ဒိဗ္ဗစက္ခုဥာဏ်။
။နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း,
သေးငယ်သော အဆင်းကို မြင်နိုင်သောဥာဏ်။
အာသ၀က္ခယဥာဏ်။
။ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော
အရဟတ္တမဂ်ဥာဏ်။
ဝိဇ္ဇာရှစ်ပါး
ဝိပဿနာဥာဏ်။
။"အနိစ္စ ဒုက္ခ အနတ္တ"ဟု
ရုပ်နာမ်တရားအားလုံးကို သိမြင်နိုင်သောဥာဏ်။
စေတောပရိယဥာဏ်။
။သူတစ်ပါး၏
စိတ်ကိုသိနိုင်သောဥာဏ်။
မနောမယိဒ္ဓိဥာဏ်။
။မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ
ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သောဥာဏ်။
ဒိဗ္ဗသောတဥာဏ်။
။နတ်တို့၏ နားကဲ့သို့ ဝေးသော အသံ,
သေးငယ်သော အသံကို ကြားနိုင်သောဥာဏ်။
ဣဒ္ဓိဝိဓဥာဏ်။
။ မြေလျှိုး မိုးပျံ စသည်ဖြင့်
တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဥာဏ်၊ ရှေ့ ၃-ပါးတွင် ဤငါးပါးကိုထည့်လျှင်
ဝိဇ္ဇာရှစ်ပါးဖြစ်၏။
နိဗ္ဗာနဓာတ်-အကျင့်စရဏ။
။မပျက်စီးနိုင်သောအရာကို
"အမြိုက်"ဟု ခေါ်၏။ ထိုအမြိုက်နှင့်တူသော နိဗ္ဗာနဓာတ်သို့
ရောက်ဖို့ရန်ကျင့်သော အကျင့်ကို "စရဏ" ဟုခေါ်သည်။
စရဏ ၁၅-ပါး
ဆောင် - သဒ္ဓါ သတိ, ဟိရီသြတ္တ,
ဝီရိယနှင့်၊
သုတပညာ,
ခုနှစ်ဖြာ, သဒ္ဓမ္မာ ဟုပြ။
ထိုသဒ္ဓမ္မာ,
ခုနှစ်ဖြာနှင့်, ဘော ဇာ သီဣန်,
ဈာန်လေးကြိမ်ထား,
ဤဆယ့်ငါး, မှတ်သား စရဏ။
သဒ္ဓါ-"ကုသိုလ်-အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး
မကောင်းကျိုးရှိသည်၊ ရတနာသုံးပါး ရှိသည်၊ နောင်ဘ၀ ရှိသည်"ဟု ယုံကြည်မူ။
သတိ-ကုသိုလ်ကောင်းမူ ဆိုင်ရာ၌ အမှတ်ရမူ။
ဟိရီ-ကောင်းမူ ဒုစရိုက်မှ ရှက်မူ။
သြတ္တပ္ပ-မကောင်းမူ ဒုစရိုက်မှ ကြောက်လန့်မူ။
ဝီရိယ-ကုသိုလ်ကောင်းမူကိစ္စ၌ အားထုတ်မူ။
သုတ-အကြားအမြင်များမူ။
ပညာ-အရာရာ၌ တတ်သိ လိမ္မာမူ။
ဤကား
"သဒ္ဓမ္မ"ဟု ခေါ်အပ်သော သူတော်ကောင်းတရား ၇-ပါးတည်း၊ (သူတော်ဥစ္စာ၌ကား
သတိနှင့် ၀ီရိယကို နူတ်ပြီးလျှင် သီလ(သီလစောင့်မူ)၊ စာဂ(စွန့်ကြဲလှူဒါန်းမူ)ထည့်၍
ရေတွက်ရသည်။)
ဘောဇနေမတ္တညုတာ။
။စားသောက်ရာ၌ မိမိနှင့် သင့်မသင့်
နိုင်းချင့်၍ အတိုင်းအရှည်သိမူ။
ဇာဂရိယာနုယောဂ။
။ နိုးနိုးကြားကြား အိပ်မူ,
အအိပ်အနေနည်းမူ။
သီလ။
။ဆိုင်ရာသီလကို
နေ့စဉ်စောင့်ထိန်းမူ။
ဣ္ကုန္ဒြိယသံဝရ။
။ တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည်
မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣနြေ္ဒမများကို ငြိမ်သက်အောင် စောင့်စည်းမူ။
ပဌမဈာန်,
ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပေါင်း စရဏ ၁၅-ပါး ဖြစ်၏။
"၀ိဇ္ဇာ"ဟူသော
အသိဥာဏ်ရှိသော်လည်း "စရဏ"ဟူသော အကျင့်မရှိက နိဗ္ဗာန်မရနိုင်၊
"စရဏ"အကျင့်သာရှိ၍ "၀ိဇ္ဇာ"ဟူသာ အသိဥာဏ်မရှိလျှင်
လမ်းမှန်မရောက်ဘဲ အလွဲကိုကျင့်နေသဖြင့် ခရီးမတွင်ဘဲရှိမည်၊ ရှင်တော်မြတ်ဘုရားကား
အထွတ်အထိပ်ဖြစ်သော ၀ိဇ္ဇာ=ဥာဏ်, စရဏ=အကျင့်နှင့် ပြည့်စုံတော်မူပါပေသည်။
တိုက်တွန်းချက်
အရာရာ၌
အသိဥာဏ်ဖြင့် အမှန်ကို ကျင့်ကြံအားထုတ်မှသာ ထမြောက်နိုင်သည်၊ ယခုအခါ၌ကား
အသိဥာဏ်ရှိပါလျက် သိသလောက် ကျင့်ကြံအားထုတ်မူ "စရဏ" မရှိသောကြောင့်
အောက်ကျနောက်ကျ ဖြစ်နေသူတွေ များလှ၏။ ထို့ကြောင့် ဘုရားရှင်၏
"၀ိဇ္ဇာစရဏသမ္ပန္န"ဂုဏ်တော်ကို အာရုံပြုလျက် ကြည်ညိုပြီးလျှင် မိမိသန္တာန်၌
အသိရော အကျင့်ပါ ၂-ဖြာလုံး ပြည့်စုံအောင် ကြိုးစားသင့်ကြသတည်း။
Credit to http://www.myittaryik.com/2013/12/blog-post_25.html#more
No comments:
Post a Comment