@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 8 April 2015

သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)

 
 
 (၂) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-သဗ္ဗဉ်ဥာဏ်အား, စွမ်းပကားဖြင့်, များသင်္ခါရ,ဝိကာရ နှင်​.လက္ခဏ,ပညတ်, နိဗ္ဗာန်ဓာတ်ဟု, ငါးရန်သိရန်, ဥေယျဓမ်ကို, ဖောက်ပြန်မရှိ, ကိုယ်တော်တိုင် သိတော်မူသော ဤအကြာင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ 

ကြည့်ရူရန် အဓိပ္ပာယ်
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်သည် "အလုံးစုံသောတရားကို ကိုယ်တော်တိုင် သိမြင်တော်မူနိုင်၏"ဟူသော အနက်ကို ပြသည်။ (သမ္မာ + သံ + ဗုဒ္ဓ-သမ္မာ=မဖောက်မပြန်(အမှားမရှိအောင်) + သံ=ကိုယ်တော်တိုင်+ ဗုဒ္ဓ=သိတော် မူနိုင်သည်။)

သဗ္ဗဉ်ဥာဏ်အား, စွမ်းပကားဖြင့်
ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ကိုရဖို့ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကောင်းမူ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့် အားလျော်စွာ ဘ၀အဆင့်ဆင့် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတဥာဏ်တော်အဖြစ်သို့ရောက်၍ လွန်စွာအစွမ်းသတ္တိ ထက်မြက်ပါပေသည်။
ယခုလောက၌ သေးငယ်သောမြူမူန်တို့ကို လူအပေါင်းတို့ ၀ိုင်း၍ကြည့်သောအခါ မျက်စိကောင်းသူများသာ မြင်၍ မျက်စိမူန်သူတို့ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိကွယ်နေသူတို့မှာ ဆိုဖွယ်ရာမရှိတော့သကဲ့သို့, ထို့အတူ သိဖွယ်အာရုံများကို သတ္တ၀ါဟူသမျှတို့ သိရှိဖို့ရန် အားထုတ်ကြပါသောလည်း ပင်ကိုယ်ဥာဏ်မျက်စိရှိသလောက်သာ သိမြင်နိုင်ကြသည်၊ လုံးလုံးဥာဏ်မျက်စိ မရှိသူတို့မှာ အရှေ့, အနောက်, တောင်, မြောက်နှင့် တင်းတောင်း ပမာဏကိုမျှ မသိနိုင်ကြပေ။
ဗုဒ္ဓရှင်တော်၏ ဥာဏ်တော်သည်ကား သိသင့်သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည်၊ ထိုသိဖွယ်တရားများကို "ဥေယျဓမ်"ဟု ခေါ်၏။ (ဥေယျ= သိသင့်သိထိုက်သော + ဓမ်=ဓမ္မ- တရား။)

ေဥယ်ဓမ္တရား ၅-ပါးကား
၁။ သင်္ခါရ=စိတ်စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ။
၂။ ၀ိကာရ=၀ိကာရရုပ် ငါးပါး။
၃။ လက္ခဏ=လက္ခဏရုပ် လေးပါး။
၎။ ပညတ်=လူ နတ် ဗြဟ္မာ ဆင်မြင်း ကျွဲ နွား တော တောင် ရေ မြေ စသော ပညတ်များ။
၅။ နိဗ္ဗာန်=ရုပ်နာမ်ပညတ်မှတစ်ပါး ငြိမ်းအေးသော ဓာတ်ကြီးတစ်မျိုး။ (ဤ ငါးမျိုးမှတစ်ပါး သိဖွယ်ရာ မရှိပြီ၊ ၀ိကာရနှင့်လက္ခဏကို ရုပ်ချင်းတူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်သောကြောင့်တည်း။) ဤဥေယျဓမ်ငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏကထာ၌ပါသည်။

ဖောက်ပြန်မရှိ, ကိုယ်တော်တိုင်သိ
ဤဥေယျဓမ်တရား ငါးပါးကို ဘုရားရှင် သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းသွားသည်ဟူ၍ မရှိ၊ နည်းပေးလမ်းပြမည့် ဆရာလည်း မရှိ၊ ကိုယ်တော်တိုင် သိတော်မူပေသည်၊ ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓရှင်တော်မြတ်၏ သပ္ပါယ်သော ရုပ်အဆင်းတော်အတွင်း၌ "အရဟံဂုဏ်တော်"အရ စိတ်တော်၏ ကြည်လင်သန့်ရှင်းနေပုံ, ထိုကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်သော ဥာဏ်တော်တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများကြပါလေ။

တိုက်တွန်းချက်
အသိ အလိမ္မာ ဥာဏ်ပညာ ဟူသည် အလွန်အရေးကြီး၏၊ ပညာသင်ရာဝယ် ဆရာတစ်ဦးထံမှ အတူသင်ယူပါလျက် အတတ်ချင်းကွာခြားနေပုံကိုလည်းကောင်း, စီးပွားဥစ္စာရှာဖွေရာဝယ် အရင်းအနှီးချင်းတူပါလျက် ဥာဏ်ရှိသူမှာ ကြီးပွား၍ ဥာဏ်နည်းသူမှာ မကြီးပွားနိုင်ဘဲ ဥာဏ်မရှိသူမှာ ဆုံးရူံးရပုံကိုလည်းကောင်း, မိဖချင်းတူပါလျက် အချို့သားသမီးများလိမ္မာ၍ အချို့ ယုတ်မာပုံကိုလည်းကောင်, ထိုကဲ့သို့ ကွာခြားသည့်အားလျော်စွာ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဥာဏ်ရှိသူကား ကြီးကျယ်ထွန်းကား, ဥာဏ်မရှိသူကား ပျက်ပြားနစ်မွန်းရပုံကိုလည်းကောင်း စဉ်းစား၍ ဤ "သမ္မာသမ္ဗုဒ္ဓ" ဂုဏ်တော်ကို ကြည်ညိုကာ မိမိ၏ပညာပါရမီကို အမြဲတိုးပွားအောင် ကြိုးစားကြပါလေ။
 
Credit to  http://www.myittaryik.com/2013/12/blog-post_4155.html#more 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated