@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday, 16 December 2014

ကလာပ်ခေါ်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၀)



ကလာပ်ခေါ်ပုံ
ယခုအခါ မြို့ကြီးတို့၌ လူအများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တစ်မျိုးကို “ကလာပ်”ဟုခေါ်၏။ “ကလာပ်” ဟူသော နာမည်သည် အပေါင်းအစု၏ နာမည်တည်း။ ပြခဲ့သောရုပ်တို့သည် တစ်ခုစီ တစ်ခုစီခွဲ၍ ဖြစ်ရိုးမရှိ။ ပေါင်း၍ရစကောင်းသော ရုပ်ကလေးများ အချင်းချင်း စုပေါင်းတွဲစပ်၍ ဖြစ်ရိုးရှိသည်။ ထိုသို့ အတူဖြစ်ဖက် အတူပျက်ဖက် ရုပ်အစုကို “ကလာပ်တစ်စည်း”ဟု မှတ်ပါ။
အမြဲတွဲနေသော ရုပ် ၈-ပါး
ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော မဟာဘုတ် ၄-ပါးတို့နှင့် ၀ဏ္ဏ(အဆင်း)၊ ဂန္ဓ(အနံ့)၊ ရသ(အရသာ)၊ သြဇာ(အဆီအနှစ်) ဤ ၄-ပါးသည် အမြဲတွဲနေသော ရုပ်ပေါင်းတည်း။ ဘယ်နေရာ ဘယ်ဋ္ဌာနမှ ထို ၈-ပါးတို့ ကွဲပြားလျက်မရှိ။ မြေထဲ၌ ရှိရှိသမျှ မြေမူန့်တို့သည် ထိုရုပ် ၈-ပါးအပေါင်းချည်းသာတည်း။ မြေကြီး၌ အဆင်း(၀ဏ္ဏ) ရုပ်ပါ၏။ နမ်းကြည့်လျှင် အနံ့တစ်မျိုးမျိုးရှိ၏။ စားကြည့်လျှင် အရသာတစ်မျိုးမျိုးရှိ၏။ ထိတွေ့၍လည်း ရကောင်း၏။ မြေကြီး၌သာမဟုတ် ရေ၌လည်း ဤရုပ် ၈-ပါး၊ လေ၌လည်း ဤရုပ် ၈-ပါး၊ မီးပူ နေပူ နေရောင် စသည်တို့၌လည် ဤရုပ် ၈-ပါးတို့ ပေါင်း၍ ဖြစ်ကြလေသည်။
ကလာပ်တစ်ခု၏ပမာဏ
ထိုကလာပ်တစ်ခုသည် အလွန်သေးငယ်၏။ စိတ်နိုင်သမျှစိတ် မူန့်နိုင်သမျှမူန့်နေသော မြူမူန့်ကလေး၌ပင် ကလာပ်အမျိုးပေါင်း အလွန်များစွာပါရှိ၏။ ပကတိမျက်စိဖြင့် ကြည့်၍မမြင်ရ။ အလွန်အားကောင်းသော မှန်ဘီလူးဖြင့် ချဲ့ထွင်း၍ကြည့်မှသာ မြင်ရသော ပိုးကောင်ကလေး၌ ကံကြောင့်ဖြစ်သော ရုပ်ကလာပ်များစွာ၊ စိတ်ကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့်ဖြစ်သော ရုပ်ကလာပ် ကလေးတွေ အလွန်များစွာပါရှိလေရကား ကလာပ်တစ်ခု၏ ပမာဏသည် “မည်မျှသေးငယ်သည်” ဟုပြောပြ၍ မဖြစ်နိုင်အောင်ပင် သေးငယ်လှပေသည်။ (ဤကလာပ်အမျိုးအစား နာမည်များကို သိလိုလျှင် သင်္ဂြိုဟ်ကျမ်း များကို ကြည့်ရူလေ။)

အာရုံ ၅-ပါးအကျယ်နှင့် အခြားရုပ်များ (ကိုယ်ကျင့်အဘိဓမ္မာ - ၈၉)




အာရုံ ၅-ပါးအကျယ် 
“အာရုံ’
“အာရမ္မဏ”ဟူသောပါဠိကို မြန်မာလု “အာရုံ” ဟုပြန်ထားကြသည်။ “စိတ်၏မွေ့လျော်ရာ”ဟုဆိုလိုသည်။ မည်သည့် စိတ်မဆို အာရုံတစ်ခုခုနှင့် ကင်း၍မဖြစ်နိုင်။ အာရုံရှိမှသာ စိတ်ဖြစ်နိုင်သည်။ ထို့ကြောင့် အာရုံဟူသမျှသည် စိတ်၏ပျော်မွေ့ရာဖြစ်သည်။ ထိုအာရုံများတွင် အဆင်းအရောင်ဖြစ်သော ရုပ်တရားကို ရူပါရုံဟု ခေါ်၏။ အသံရုပ်ကို သဒ္ဒါရုံ၊ အနံ့ရုပ်ကို ဂန္ဓာရုံ၊ အရသာရုပ်ကို ရသာရုံ၊ အတွေ့ရုပ်ကို ဖော်ဋ္ဌဗ္ဗာရုံ ဟုခေါ်သည်။
(“ဓမ္မာရုံ” ဟူသည်ကား ရုပ်ချည်းသက်သက်မဟုတ်၊ ရုပ်တချို့နှင့် စိတ် စေတသိက် နိဗ္ဗာန်ပညတ် အားလုံးတည်း။)

ပသာဒရုပ် ၅-ပါးအကျယ် (ကိုယ်ကျင့်အဘိဓမ္မာ - ၈၆)


ပသာဒရုပ် ၅-ပါးအကျယ် 
ယခုအခါ အသံဖမ်း အရိပ်ဖမ်း ဓာတ်များကို တွေ့ရသကဲ့သို့ ထို့အတူ ခန္ဓာကိုယ်အတွင်း၌လည်း ဆိုင်ရာအာရုံကို ဖမ်းနိုင်သော အကြည်ဓာတ်များ ရှိကြလေသည်။ ထိုအကြည်ဓာတ်ကိုပင် ပါဠိလို “ပသာဒ”ဟုခေါ်သည်။
စက္ခုပသာဒ
မျက်လုံးအတွင်း၌ရှိသော အကြည်ဓာတ်ကို စက္ခုပသာဒဟု ခေါ်သည်။ မျက်လုံးအတွင်း မျက်နက်ဝိုင်း၏ အလယ်၌ ဤစက္ခုအကြည်ဓာတ်ပေါင်းများစွာ ပျံ့နှံ့လျက်ရှိ၏။ အမျိုးမျိုးသော အဆင်းအရောင် (ရူပါရုံ) များကို ဤစက္ခုအကြည်ဓာတ်က ဖမ်းမိသောအခါ ထိုရူပါရုံကို သိသော စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်ဖြစ်၏။

မဟာဘုတ် (ဓာတ်ကြီး) ၄-ပါးအကျယ် (ကိုယ်ကျင့်အဘိဓမ္မာ - ၈၅)



မဟာဘုတ် (ဓာတ်ကြီး) ၄-ပါးအကျယ် 
ပထ၀ီဓာတ်
ပကတိမြေသည် ထိုထို အရာဝတ္ထုတို့ကို ခံယူဆောင်ထားနိုင်လောက်အောင် ခိုင်မာသကဲ့သို့ အတူဖြစ်ဖက် ရုပ် တရားစုကို ခံယူဆောင်ထားနိုင်လောက်အောင် ခိုင်မာသောရုပ်ကို ပထ၀ီဓာတ် (မြေဓာတ်) ဟုခေါ်သည်။ ပကတိမြေကြီးနှင့် ကျောက်ခဲ၊ သံခဲစသည်တို့မှာ ဤပထ၀ီာတ်လွန်ကဲသော ရုပ်အစုအဝေးများတည်း။

အာပေါဓာတ်
ပကတိရေသည် မြေမူန့် ဖုန်မူန့် စသည်တို့ကို ပေါင်းစပ်သကဲ့သို့ အတူဖြစ်ဖက် ရုပ်မူန့်ကလေးတွေကို ပေါင်းစပ်စေနိုင်သော (ပူးတွဲစေနိုင်သော) ရုပ်ကို အာပေါဓာတ်(ရေဓာတ်) ဟုခေါ်သည်။ ဤအာပေါဓာတ်သည် သတ္တိလွန်ကဲသောအခါ မိမိနှင့်အတူဖြစ်သော ရုပ်များကို အရည်ဖြစ်အောင် ယူဆောင်လျက် ယိုစီးခြင်းသဘောလည်း ရှိသေးသည်။ ထို့ကြောင့် ပကတိရေ၊ ကျင်ငယ်၊ တံတွေး၊ နှပ် စသည်တို့မှာ အာပေါဓာတ်လွန်ကဲသော ရုပ်အစု ဖြစ်ကြပေသည်။

ရုပ်ခန္ဓာကိုယ်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၈၄)




ဒသမအခန်း
ရုပ်ခန္ဓာကိုယ်အကြောင်း

[ပဋိသန္ဓေတည်စကပင် ကလလရေကြည်ခေါ် ရုပ်ခန္ဓာကိုယ်ကလေး ပါဝင်ခဲ့သောကြောင့် တစ်ဘ၀လုံးအတွက် ရုပ်ခန္ဓာကိုယ်၏ အဖြစ်အပျက်ကို နားလည်သင့်ကြပေသည်။ ထို့ကြောင့် ရုပ်နှင့်စပ်၍ မှတ်ဖွယ်များကို ပြပါအုံးမည်။]
ရုပ်ခေါ်ပုံ
“ရူပ” ဟူသော ပါဠိကို မြန်မာလို “ရုပ်” ဟုခေါ်၏။ “ဖောက်ပြန်တတ်သော သဘောတရား”ဟု ဆိုလိုသည်။ ဖောက်ပြန်ခြင်း၏ အကြောင်းကား - အအေးအပူ စသောအားဖြင့် များစွာရှိ၏။ ထိုတွင် အအေးကြောင့် ရုပ်ဖောက်ပြန်ပျက်စီးပုံကား ဆောင်းအခါအသားအရေကွဲခြင်း၊ အလွန်ချမ်းသောအခါ အသားအရေ ညိုမည်းခြင်း၊ အအေးမိ၍ ဖျားခြင်း၊ လောကန္တရိတ် ငရဲသားတို့၏ ကမ္ဘာကိုခံသော ရေသို့ကျ၍ မွမွကြေရခြင်း စသည်များတည်း။

ကံသာအမိ ကံသာအဖ (ကိုယ်ကျင့်အဘိဓမ္မာ - ၈၃)




မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်ကပင် ကွဲပြားအောင်ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်သည်။
ထင်ရှားစေအံ့ - လူတစ်ယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြု၏။ လူတစ်ယောက်ကား ကုသိုလ်ကိုမပြု။ ပြုသော်လည်း ထက်ထက်သန်သန်မဟုတ်။ ထိုသူ ၂-ယောက်တို့ လူ့ပဋိသန္ဓေ နေကြရလျှင် ကုသိုလ်ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေနေရ၏။ မိခင်သည် လိမ္မာနားလည်သူဖြစ်လျက် ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အထိုင်အထ သတိထား၏။ ပူလွန်း စပ်လွန်းသော အစာနှင့် အေးလွန်းသော အစာကို ရှောင်ကြဉ်၏။

ပုဂ္ဂိုလ် ၄-မျိုးပြားပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၈၂)




ပဋိသန္ဓေတည်သောအခါ တချို့ပုဂ္ဂိုလ်က အပါယ်ဘုံ၌ တည်ရ၏။ ထိုအပါယ်ဘုံသားများကို ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏။ (ဒုဂတိ = မကောင်းသောဂတိ (ဘ၀) ၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟိတ်များ မပါသောပုဂ္ဂိုလ်။) လူနှင့် လူ့ပြည်၌ရှိကြသော အချို့နတ်ငယ်ကလေးများ၌လည်း ထိုကဲ့သို့ အဟိတ်ပုဂ္ဂိုလ်များရှိ၏။ ထိုပုဂ္ဂိုလ်များကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟုခေါ်၏။ (သုဂတိ = ကောင်းသောဂတိ၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ ဟိတ် ၃-မျိုးမပါသူ။) ဒွိဟိတ် တိဟိတ် ၂-မျိုးကို နောက်၌ပြအံ့။

ပဋိသန္ဓေစိတ်ဖြစ်ပုံ ( ကိုယ်ကျင့်အဘိဓမ္မာ - ၈၁ )



စုတေစိတ် ဖြစ်ပြီးနောက် ဘ၀အသစ်၌ ပဋိသန္ဓေစိတ်ဖြစ်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့သည် ချက်ချင်းဆက်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့ အလယ်မှာ အချိန်ကာလ အကြားကလေးမျှ မခြားတော့ချေ။ ဘ၀အသစ် ရောက်ဖို့ရာ ထိုမျှလောက်ပင် မြန်လှ၏။ လူ့ပြည်မှ စုတေ၍ နတ်ပြည်ရောက်သူဖြစ်ဖြစ်၊ ငရဲရောက်သူဖြစ်ဖြစ် စုတေပြီးသည်နှင့် တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆက်ကာ ဆိုင်ရာဘ၀အသစ်၌ ခန္ဓာအသစ် ထူထောင်မိလေသည်။

မိစ္ဆာအယူ ၂-မျိုး
တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွှေ့ရာ၌ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ၂-မျိုးလုံးမှလွတ်ကင်း၍ သမ္မာဒိဋ္ဌိ အယူဖြစ်အောင် သတိထားရမည်။ ထို ဒိဋ္ဌိ ၂-မျိုးတွင် “ဘ၀ဟောင်း ရုပ်နာမ် ခန္ဓာအိမ်၌ အသက်ကောင်လေးရှိ၏။ ထို အသက်ကောင်ကလေးသည်ပင် ခန္ဓာအိမ် အသစ်လဲကာ ဘ၀အသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏” ဟူသော အယူသည် သဿတဒိဋ္ဌိတည်း။ (သဿတ = မပြတ်မစဲ အသက်ကောင်ကလေးမြဲ၏ ဟူ၍ + ဒိဋ္ဌိ = ယူမှားခြင်း) “ဘ၀ဟောင်းက ရုပ်နာမ် အားလုံးသည် (သူတို့ထင်သော အသက်ကောင်နှင့်တကွ) ဘ၀သစ်၌ လုံးဝ အသဆက်အစပ် မရှိတော့။ သတ္တ၀ါ တစ်ယောက်သေလျှင် ဘ၀ဟောင်းက အရာဝတ္ထုတွေ အားလုံးပြတ်စဲ၏။ ဘ၀သစ်၌ ထာဝရ ဘုရားရှင် ဖန်ဆင်းမူကြောင့် အခြားသတ္တ၀ါ တစ်ယောက်သာ အသစ်ဖြစ်တန်လျှင် ဖြစ်ရသည်”ဟူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိမည်၏။ (ဥစ္ဆေဒ = တစ်ဘ၀တုံးလျှင် တစ်ဘ၀၏ ရုပ်နာမ်တွေ အားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်း မရှိ + ဒိဋ္ဌိ = ယူမှားခြင်း)

အလွန်ထူးဆန်းသောတချို့အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၈၀)




မိဘ ၂-ဦးတို့ ထိထိရောက်ရောက် ပျော်မြူးခြင်း မရှိကြသော်လည်း ပဋိသန္ဓေတည်နေနိုင်၏။ အလောင်းတော် သုဝဏ္ဏသာမ(သုဝဏ္ဏသျှံ) ၏ မိခင်သည် ပန်းပွင့်ခါစ အခါဝယ် ခမည်းတော်က ချက်ကို သုံးသပ်ရုံမျှဖြင့် သန္ဓေရ၏။ စဏ္ဍပဇ္ဇောတမင်း၏ မိခင်သည် ပန်းပွင့်ခါစ၀ယ် ကင်းလျှောက်သွားသည်ကို သာယာမိရုံမျှဖြင့် သန္ဓေရ၏။ ဗျိုင်းအောက်တို့သည် မိုးဦးအခါ တောင်လေလာသည်ကို သာယာသဖြင့် သန္ဓေရကြ၏။ ဘုရားရှင် လက်ထက်တော်က ဘိက္ခုနီမ တစ်ဦးသည် ယောက်ျားဟောင်း ရဟန်း၏ သင်းပိုင်မှ သုက်ကို စုပ်ယူမိ၍ သန္ဓေရ၏။ ရသေ့တစ်ဦး၏ သုက်နှင့် ရောသော ကျင်ငယ်ရည်ကို သောက်မိ၍ သမင်မ၌ သန္ဓေရလျက် ဣသိသိင်္ဂ သတို့သားကို ဖွားမြင်ခဲ့ရ၏။ ထိုအကြောင်းများက တစ်ခါတစ်ရံမှ အထူးအဆန်း ဖြစ်ရသော အဖြစ်မျိုးတည်း။

နဝမအခန်း ပဋိသန္ဓေခေါ်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၉)



(ဤအခန်း၌ ပဋိသန္ဓေစပ်၍ မှတ်ဖွယ်ပါသည်)
ပဋိသန္ဓေခေါ်ပုံ
ရှေ့အခန်း၌ ပြခဲ့သော အစီအစဉ်ဖြင့် စုတေပြီးနောက် ကံအားလျော်စွာ ဘ၀သစ်၌ ပထမဆုံး စိတ် စေတသိက်နှင့် ရုပ်များ ဖြစ်ကြလေသည်။ ထို ပထမဆုံး ဖြစ်သော စိတ် စေတသိက်ရုပ်များကိုပင် “ပဋိသန္ဓေ” မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထို ပဋိသန္ဓေဟူသော ပါဠိစကား၌ ဘ၀ဟောင်း အပြတ်တွင် “ဆက်စပ်၍ ဖြစ်ခြင်း” ဟုဆိုလိုသည်။
ပဋိသန္ဓေ ၄-မျိုး
ထို ပဋိသန္ဓေ စိတ် စေတသိက် ရုပ်များသည် ကံကြောင့် ဖြစ်ရကား ကံအမျိုးမျိုးလိုက်၍ သြပပါတိက ပဋိသန္ဓေ၊ သံသေဒဇ ပဋိန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု ၄-မျိုး ပြား၏။

မျက်နှာအနေအထားနှင့် ဂတိမှန်းဆဖွယ် (ကိုယ်ကျင့်အဘိဓမ္မာ - ၇၇)

မျက်နှာအနေအထားနှင့် ဂတိမှန်းဆဖွယ်
စုနေခါနီး၌ မျက်နှာအနေအထား ကြည့်ပါ။ ကြည်ကြည်လင်လင် ရှိလျှင် အာရုံကောင်း ထင်နေပြီဖြစ်၍ သုဂတိ သွားရလိမ့်မည်ဟု မှန်းဆနိုင်သည်။ မျက်နှာအနေ ညိုးငယ်လျှင် သို့မဟုတ် ကြမ်းတမ်းသော အမူအရာ ဖြစ်နေလျှင် မကောင်းသော အာရုံထင်နေပြီဖြစ်၍ ဧကန်မုချ ဒုဂ္ဂတိသို့ သွားရတော့မည်ဟု မှန်းဆနိုင်ပေသည်။ (တချို့ကား ရှေးက ခံစားခဲ့ရသော ကာမဂုဏ်ကြောင့် ပြုံးနေပေလိမ့်မည်။ ထိုအပြုံးကား ကောင်းသော ပြုံးခြင်း မဟုတ်ပါ။)
ယောင်ယမ်းပုံဖြင့် မှန်းဆဖွယ်
တချို့စုတေခါနီး၌ ညင်ညင်သာသာ မရှိဘဲ ပြောလား၊ ဆိုလား၊ ယောင်လား၊ ယမ်းလား လုပ်၏။ ရှေးတုန်းက ရဟန္တာရှင်သောဏ၏ ခမည်းတော် ငယ်ရွယ်စဉ်က မုဆိုးကြီးဖြစ်၍ ကြီးမှ ရဟန်းပြု၏။ စုတေခါနီးသော် (မိနစ်အတော်ဝေးဝေးကပင်) ခွေးကြီးတွေက သူ့ကို ကိုက်တော့မည်ဟန် ထင်နေသဖြင့် “သားရဲ့၊ ခြောက်ပါဟဲ့ ခြောက်ပါဟဲ့”ဟု အော်သတဲ့။

စုတေခါနီး အရေးကြီးပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၆)


စုတေခါနီး အရေးကြီးပုံ
ပြခဲ့သော အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်မှစ၍ စိတ်ကောင်းဇောကောင်းရဖို့ အရေးကြီး၏။ စုတေသည့်တိုင်အောင် ကုသိုလ်ဇောများ စောနေလျှင် ဧကန်မုချ သုဂတိ ဘ၀သို့ ရောက်ရမည်။ စုတေခါနီးဝယ် အကုသိုလ်ဇောများ စောနေလျှင် ဧကန်အပါယ်ဘုံသို့ ရောက်ရတော့မည်။ 
သို့ဖြစ်၍ မြင်းအပြေးပြိုင်ရာတွင် ပန်းဝင်ခါနီး အရေးကြီးဆုံး ဖြစ်သကဲ့သို့ နောက်တစ်ဖန် ဘ၀ကောင်းရဖို့ စုတေခါနီး၌ အရေးကြီးလှပေသည်။ ထို စုတေခါနီး၌ စိတ်ကောင်း မကောင်းမှာလည်း ထိုအခါ ထင်လာသော အာရုံနှင့်သာ သက်ဆိုင်ကြလေသည်။
ထင်လာတတ်သောအာရုံ ၃-မျိုး
စုတေခါနီး၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဟု အာရုံ ၃-မျိုးတွင် တစ်မျိုးမျိုး ထင်လာတတ်၏။ “ကံ”ဆိုသည်မှာလည်း ကုသိုလ် အကုသိုလ် စေတနာတွေတည်း။  
“ကမ္မနိမိတ်” ဆိုသည်ကား ထိုကုသိုလ် အကုသိုလ်ပြုစဉ်က တွေ့ကြုံ သုံးစွဲခဲ့ရသော အရာဝတ္ထုများတည်း။  “ဂတိနိမိတ်” ဆိုသည်မှာ စုတေပြီး နောက်ရောက်ရမည့် ဂတိ၌ (ဘ၀၌) တွေ့ကြုံရမည့် အရာဝတ္ထုတည်း။

ကံအာရုံထင်လာပုံ

သေချိန်မရောက်ခင် စက္ကန့်အနည်းငယ်က ဖြစ်စေ၊ နာရီဝက် တစ်နာရီစသည် ကွာခြားသောအခါက ဖြစ်စေ၊ ရက်ပေါင်းလပေါင်းများစွာ ကွာခြားသောအခါ ဖြစ်စေ ပြုခဲ့သော ကံအမျိုးမျိုးသည် နောက်ဘ၀အသစ်တွင် ပဋိသန္ဓေ အကျိုးပေးခွင့် ကြုံလာလျှင် သေခါနီး လောလောဆယ် ထင်လာတတ်၏။ 
ထိုသို့ ထင်လာရာဝယ် ရှေးက ဒါန သီလ စသော ကုသိုလ်ကံဖြစ်လျှင် ထိုကံက ပြန်၍ အမှတ်ရသော အားဖြင့် ထင်လာခြင်း၊ ယခုလောလောဆယ် လှူဒါန်းနေရသလို ဥပုသ်စောင့်နေရသလို အိပ်မက်မက်သလို အနေအားဖြင့် ထင်လာခြင်းဟု ၂-မျိုးရှိသည်။ 
အကုသိုလ်ကံများတွင်လည်း ပါဏာတိပါတမူ ဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရခြင်း တစ်မျိုး၊ ယခုပင် သတ်ဖြတ်၍ နေရသလို ထင်ခြင်းတစ်မျိုးဟု ၂-မျိုးရှိသည်။ ဤနည်းအတိုင်းပင် အခြားသော အကုသိုလ်ကံ ထင်လာပုံကိုလည်း ချဲ့ထွင်ကြည့်ပါလေ။
ကမ္မနိမိတ်အာရုံထင်လာပုံ
အကုသိုလ်ကံ ပြုခဲ့ကြသူတို့မှာ ပါဏာတိပါတမူဖြစ်လျှင် သတ်ဖြတ်စဉ်အခါက အသုံးပြုခဲ့သော ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံ စသော လက်နက်များ ထင်လာတတ်၏။ နွားသတ်သမား တစ်ယောက်၌ကား နွားများကိုသတ်ပြီးနောက် အသားကိုခွာ၍ စုပုံထားသော အရိုးပုံကြီး ထင်လာသတဲ့။ အဒိန္နဒါနမူ၊ ကာမူ စသည်များကို ပြုခဲ့ကြသူမှာလည်း ထိုမကောင်းမူနှင့် ဆိုင်ရာ အာရုံများ ထင်လာပုံကို ချဲ့ထွင်း ကြည့်ကြပါလေ။
ကုသိုလ်ကံ့ ပြုခဲ့ကြသူတို့တွင်လည်း ဒါနပြုရာ၌ ကျောင်း၊ ဘုရား တည်ဆောက် ကိုးကွယ်သူဖြစ်လျှင် ကျောင်းအာရုံ၊ ဘုရားအာရုံ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော သင်္ကန်း၊ ဆွမ်း၊ ဆေး အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပန်း၊ ဆီမီး၊ အမွှေးတိုင် စသော အာရုံများ ထင်လာတတ်၏။ 
ဥပုသ်စောင့်သုံးခဲ့သူ၊ ကမ္မဋ္ဌာန်းထိုင်ခဲ့သူ ဖြစ်လျှင် ဥပုသ်နှင့် စပ်ဆိုင်သော စိပ်ပုတီး၊ စင်ကြယ်သော အ၀တ်အစား၊ ကမ္မဋ္ဌာန်းကျောင်း၊ စိပ်ပုတီးစိပ်ရာ သစ်ပင်ရိပ် စသော နေရာများ ထင်လာတတ်၏။ အပစာယန၊ ဝေယျာဝစ္စ စသော ကုသိုလ်များ၏ အာရုံလည်း ထိုက်သလို ထင်လာတတ်ကြသည်။
ဂတိနိမိတ်ထင်လာပုံ
စုတေခါနီး၌ ဘ၀အသစ်ဝယ် တွေ့ကြုံရမည့် အာရုံများလည်း တင်ကြို၍ ထင်လာတတ်၏။ နတ်ပြည်ရောက်မည့်သူဖြစ်လျှင် နတ်သမီးတွေ၊ ဘုံဗိမာန်၊ ဥယျာဉ် စသည်ထင်လာတတ်၏။ လူ့ပြည်ရောက်မည့်သူဖြစ်လျှင် အမိဝမ်းရည်၏ နီနီရဲရဲအဆင်း ထင်လာတတ်၏။ ပြိတ္တာဖြစ်မည့်သူဖြစ်လျှင် တောကြီး၊ တောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိနေထိုင်ရမည့် အရပ်ဒေသအလိုက် ထင်လာတတ်၏။

သေခြင်းအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၇၅)



ဆဋ္ဌမအခန်း [ဤအခန်း၌ စုတေခါနီးအဖြစ်အပျက်ပါသည်]
ပြခဲ့သောအခန်းများဝယ် လူသတ္တ၀ါတို့၌ ဖြစ်သင့်သော စိတ်နေစိတ်ထားနှင့် ပြုသင့်သောကံများ ပြခဲ့ပါပြီ။ ထိုသို့ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုးဖြစ်နေကြရင်းပင် ဥစ္စာစီးပွား ချစ်သူများနှင့် ကွေကွင်းဖို့ သေမင်းငင်သဖြင့် မသေချင်ဘဲလည်း သေမြဲဓမ္မတာ သေပေါက်သေ၀သို့ အသေခံရောက်ကြရတော့မည်။ သို့ဖြစ်၍ စုတေခါနီး အရေးကြီးပုံကို ကိုယ်စီကိုယ်င သတိပြုကြဖို့ ဆက်လက်ညွှန်ပြပါဦးမည်။
သေခြင်းအကြောင်း ၄-ပါး

(၁) သက်တမ်း ကုန်ခြင်း၊ (၂) ကံ အစွမ်းကုန်ခြင်း (၃) အသက်တမ်း ကံအစွမ်း ၂-မျိုးလုံးကုန်ခြင်း၊ (၄) ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း။ ဤသို့ သတ္တ၀ါတို့ စုတေရခြင်း အကြောင်း ၄-မျိုးရှိ၏။ ဥပမာ - ဆီမီးငြိမ်းရာ၌ (၁) ဆီကုန်ခြင်း၊ (၂) မီးစာကုန်ခြင်း (၃) ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ (၄) ဆီနှင့် မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် တမင်ငြှိမ်းသက်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။

သေခြင်းအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၇၅)



ဆဋ္ဌမအခန်း [ဤအခန်း၌ စုတေခါနီးအဖြစ်အပျက်ပါသည်]
ပြခဲ့သောအခန်းများဝယ် လူသတ္တ၀ါတို့၌ ဖြစ်သင့်သော စိတ်နေစိတ်ထားနှင့် ပြုသင့်သောကံများ ပြခဲ့ပါပြီ။ ထိုသို့ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုးဖြစ်နေကြရင်းပင် ဥစ္စာစီးပွား ချစ်သူများနှင့် ကွေကွင်းဖို့ သေမင်းငင်သဖြင့် မသေချင်ဘဲလည်း သေမြဲဓမ္မတာ သေပေါက်သေ၀သို့ အသေခံရောက်ကြရတော့မည်။ သို့ဖြစ်၍ စုတေခါနီး အရေးကြီးပုံကို ကိုယ်စီကိုယ်င သတိပြုကြဖို့ ဆက်လက်ညွှန်ပြပါဦးမည်။
သေခြင်းအကြောင်း ၄-ပါး

(၁) သက်တမ်း ကုန်ခြင်း၊ (၂) ကံ အစွမ်းကုန်ခြင်း (၃) အသက်တမ်း ကံအစွမ်း ၂-မျိုးလုံးကုန်ခြင်း၊ (၄) ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း။ ဤသို့ သတ္တ၀ါတို့ စုတေရခြင်း အကြောင်း ၄-မျိုးရှိ၏။ ဥပမာ - ဆီမီးငြိမ်းရာ၌ (၁) ဆီကုန်ခြင်း၊ (၂) မီးစာကုန်ခြင်း (၃) ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ (၄) ဆီနှင့် မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် တမင်ငြှိမ်းသက်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။

တူသောအကျိုးပေးတတ်ပုံ ( ကိုယ်ကျင့်အဘိဓမ္မာ - ၇၄)



 

မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု ကံကိုချည်းသာ၊ မကိုးရာဘူး


ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မဟာမေဒင်ဘာသာဟု ဘာသာကြီး ၄-မျိုးရှိ၏။ ခရစ်ယာန်ဘာသာ မဟာမေဒင်ဘာသာတို့၌ သတ္တ၀ါတို့၏ ကောင်းကျိုး ဆိုးကျိုးများကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းပေးသူကို စွဲလမ်းကြ၏။ ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာဝင်တို့က “ကောင်းကျိုး ဆိုးကျိုးကို ရှေးက ပြုခဲ့သော ကံက စီမံ၏”ဟု ရှေးကံကို စွဲလမ်း၏။ ဖန်ဆင်းသူကို စွဲလမ်းမူ၏ မှားပုံမှာ ဤစာများဖတ်၍ သိလောက်ပြီဖြစ်၍ မရေးတော့ပြီ။ အရာရာ ကံကိုချည်း စွဲလမ်းသူများလည်း “ပုဗ္ဗေကတဟေတုဒိဋ္ဌိ”ခေါ် မိစ္ဆာဒိဋ္ဌိတစ်မျိုးမှ မလွတ်ကင်းဘဲ ရှိကြလေသည်။ ထိုဒိဋ္ဌိ၏ ယူမှားပုံကား “ယခု မျက်မြင် သတ္တ၀ါတွေသည် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အကြင်အကျိုးကို ခံစားရ၏။ ထို အကျိုးအားလုံးသည် ရှေးကပြုခဲ့သော ကံကြောင့်ချည်းသာ ဖြစ်၏”ဤသို့ စသည်ဖြင့် ယူလေသည်။ 

ပယောဂ သမ္ပတ္တိ ဝိပတ္တိ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၃)

ပယောဂသမ္ပတ္တိ
သတိ၊ ၀ီရိယ၊ ဉာဏ်ကို “ပယောဂ”ဟု ခေါ်၏။ ဉာဏ်ဆိုသော်လည်း အပြစ်ကင်းသော အရာ၌ပါသော ပညာချည်းမက၊ အကုသိုလ်ဆိုင်ရာတွင် ပါသော ဝဉ္စနာ ပညာနှင့် အကြံကောင်း ၀ိတက်များကိုလည်း ဉာဏ်ဟုပင် ဆိုလိုသည်။
ထို့ကြောင့် အရာရာတို့၌ သတိရှိခြင်း၊ လုံ့လ၀ီရိယကောင်း၍ သွက်သွက်လက်လက် ထထကြွကြွရှိခြင်း၊ လိမ္မာခြင်း၊ ပါးနပ်ခြင်း၊ သိတတ်ခြင်း၊ မမေ့မလျော့ခြင်းများသည် ပယောဂသမ္ပတ္တိချည်းပင်တည်း။
နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ ပယောဂသမ္ပတ္တိအတွက် မထင်ရှားသော်လည်း ဤလူ့ပြည်မှာ ပယောဂသမ္ပတ္တိ အကျိုးထင်ရှား၏။ ယခု လူတို့၌ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးကျယ်သော အကုသိုလ်ကံပါသူ နည်းပါးလှ၏။ အတော်အတန် ထက်သန်သော ကံများကား ပယောဂသမ္ပတ္တိ ရှိမရှိလိုက်၍ အကျိုးပေး၏။ အတော်အတန်တက်သန်သော ကံများကား ပယောဂသမ္ပတ္တိ ရှိနေပြန်လျှင်လည်း ထိုပယောဂသမ္ပတ္တိ၏ ထက်, မထက်လိုက်၍ အကျိုးပေးကြရသည်။

ဥပဓိနှင့် ကာလ သမ္ပတ္တိ ၀ိပတ္တိ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၂)

ဥပဓိသမ္ပတ္တိ
ဂတိသမ္ပတ္တိ ရောက်နေသော်လည်း (အထူးအားဖြင့် လူ့ဘုံမှာ) ရုပ်အဆင်းလှပခြင်း ဟူသော ဥပဓိသမ္ပတ္တိက အရေးကြီးနေပြန်၏။ ဥပဓိသမ္ပတ္တိ ဖြစ်လျှင် အမျိုးအဆွေ ပစ္စည်းဥစ္စာက အောက်ကျနေသော်လည်း ပစ္စည်းရှိသူ အမျိုးမြတ်သူတို့က ကြည်ဖြူကြ လေးမြတ်ကြသဖြင့် အထက်တန်းရောက်၍ ကုသိုလ်ကံများ အခွင့်သာကြပေသည်။ တစ်ယောက်၏ ကုသိုလ်က ဆက်သွယ်သူတို့အား အကျိုးအာနိသင် ပေးနိုင်ပုံ၌ ပြခဲ့သော သာမာဒေ၀ီမှာ ဥပဓိသမ္ပတ္တိကြောင့် ဘုရင်၏ အကျွမ်းဝင်သူ ဖြစ်ရ၏။ မကြာမီက မစ္စစ်ဆင်ပဆင်ကို ဧဒွတ်ဘုရင်က ကြည်ဖြူရခြင်းမှာလည်း မစ္စစ်ဆင်ပဆင်၏ ဥပဓိသမ္ပတ္တိကြောင့်ပင် မဟုတ်လော။
လူ့ဘ၀ကိုမဆိုထားဘိ ဂတိဝိပတ္တိ ဆိုက်နေရသော တိရစ္ဆာန်၌ပင် ရုပ်အဆင်းလှ၍ ဥပဓိသမ္ပတ္တိ ဖြစ်နေလျှင် (ခွေးလှ၊ နွားလှ၊ မြင်းလှ စသည်ဖြစ်နေလျှင်) လူ့ချမ်းသာတို့၏ လက်သပ် မွေးမြူခြင်းကို ခံရလျက် ကုသိုလ်ကံတွေ အကျိုးပေးခွင့်သာပြန်လေသည်။ ရုပ်အဆင်းလှမူဟူသော ဥပဓိသမ္ပတ္တိကား ဤမျှလောက်ပင် အကျိုးများလှပေသည်။

သမ္ပတ္တိ ၀ိပတ္တိ ( ကိုယ့်ကျင့်အဘိဓမ္မာ - ၇၁)

ဆိုင်ရာအကြောင်းများ၏ ပြည့်စုံမူကို “သမ္ပတ္တိ”ဟုခေါ်၏။ ဆိုင်ရာအကြောင်းများ၏ ချွတ်ယွင်းမူကို “၀ိပတ္တိ”ဟု ခေါ်၏။ သတ္တ၀ါတို့၏ သန္တာန်၌ ရှေးရှေးဘ၀ပေါင်းများစွာက ပြုခဲ့သော ကံတို့သည် အလွန်များပြားရကား အကျိုးပေးရန် အခွင့်မသင့်၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိ ဆိုက်နေသောအခါ ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို ၀ိပတ္တိဆိုက်ရာ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့် သာလေသည်။

သမ္ပတ္တိ ၄-ပါး
 
၁။ ဂတိ သမ္ပတ္တိ = ရရှိသော ဘ၀ကောင်းခြင်း။
၂။ ဥပဓိသမ္ပတ္တိ = ရုပ်အဆင်း လှပခြင်း။
၃။ ကာလသမ္ပတ္တိ = အခါကာလ ကောင်းခြင်း။
၎။ ပယောဂသမ္ပတ္တိ = ဉာဏ်ဝီရိယစသော ပယောဂရှိခြင်း။

ကံချင်းတူလျက် မျက်နှာလိုက် ( ကိုယ့်ကျင့်အဘိဓမ္မာ - ၇၀)

လောက၌ အလွန်ဖြူစင်သော သူတော်ကောင်း တစ်မျိုး၊ သူယုတ်မာ တစ်မျိုးဟု ၂-မျိုးခွဲရာ၏။ ထိုသူ ၂-မျိုးသည် သာမန် အကုသိုလ်ကံ တစ်ခုကို ကိုယ်စီကိုယ်င ပြုမိကြသော်လည်း သူတော်ကောင်း၌ ထိုကံ အကျိုးပေးခွင့်မရ၊ များစွာသော ကောင်းမူတို့က ထိုကံကို ဖုံးလွှမ်းလိုက်ကြ၏။ ယုတ်မာသောသူ၌ကား ထိုသို့ ကာကွယ်ဖို့ရန် အားကိုးလောက်သော ကုသိုလ်ကံ မရှိရကား ထိုအနည်းငယ်သော အကုသိုလ်ကံသည်ပင် အထင်အရှား အကျိုးပေးနိုင်လေတော့သည်။
 

ဥပမာ - တစ်ညဉ့်သ၌ သူဌေးသားသည် အိမ်တစ်အိမ်မှ ကြက်ကိုခိုး၏။ ဘိန်းစားလည်း ကြက်တစ်ကောင်ခိုး၏။ ကြက်ရှင်က သိ၍လိုက်ရှာသောအခါ ကြက်တစ်ကောင်ကို သူဌေးသားအထံ၌တွေ့၏။ သူဌေးသားကို သူခိုးဟု မစွပ်စွဲဝံ့သည့်အပြင် ချော့ချော့မော့မော့နှင့် တောင်းယူရ၏။ ဘိန်းစားကိုကား ဂါတ်တိုင်၍ ထောင်ချသကဲ့သို့တည်း။

အကုသိုလ်ကံ အကျိုးပေး အဖျားခတ်ပုံနှင့် ဒဏ်ခံရတတ်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၆၉)


အကုသိုလ်ကံ အကျိုးပေး အဖျားခတ်ပုံ
အကုသိုလ်ကံ အကျိုးများလည်း ကုသိုလ်ကဲ့သို့ အဖျားခတ်တတ်သေး၏။ ကဿပဘုရားရှင် လက်ထက်တော်ဝယ် သူကြွယ် တစ်ယောက်၏ ကျောင်းဘုန်းကြီးဖြစ်သော ရဟန်းတစ်ပါးသည် သီလရှိသော သူတော်ကောင်းပေတည်း။ သို့သော် အာဂန္တု ရဟန္တာကို ကျောင်းဒကာ သူကြွယ်က ကြည်ညိုသည်ကို သည်းမခံနိုင်သော ကုလမစ္ဆရိယကြောင့် နံနက်စောစော သူကြွယ်အိမ်သို့ ဆွမ်းစားသွားခါနီး၌ အာဂန္တုကိုယ်တော် မနိုးအောင် ခေါင်းလောင်းကို လက်ဖျားဖြင့် တောက်၍ သွားလေသည်။ အိမ်ရောက်၍ သူကြွယ်က အာဂန္တု ကိုယ်တော်ကို မေးလေသော် “ဒကာရဲ့ ကိုယ်တော်ဟာ အင်မတန် အအိပ်ကြီးတယ်၊ ခေါင်းလောင်းထိုးတာတောင် မနိုးလို့ ထားခဲ့တယ်”ဟု ပြောလေသည်။ (ထိုစကားသည် မစ္ဆရိယ အသံပါသော စကားတည်း။)

Monday, 15 December 2014

ကံပြုသူ၌ ကံအကျိုး တိုက်ရိုက်ရပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၆၈)

ကံပြုသူ၌ ကံအကျိုး တိုက်ရိုက်ရပုံ
ပြခဲ့သော စကားစဉ်အရ သတ္တ၀ါတို့ တစ်ဘ၀မှ တစ်ဘ၀ပြောင်းကြရသော်လည်း ရှေးဘ၀က မိမိ၏ အ၀ိဇ္ဇာ တဏှာ ကံစွမ်းအတွက် နောက်ဘ၀အသစ်၌ ဖြစ်ရသောကြောင့် နောက်ဘ၀ဖြစ်သူသည် သူများမဟုတ် မိမိပင်တည်း။ ပြုခဲ့သမျှသော စေတနာ ကံတရားတို့သည် ချုပ်ပျောက်သွားသော်လည်း ထိုကံ၏ အရှိန် သတ္တိတွေ အကျိုးမပေးရသေးသမျှ မပျောက်မပျက် လိုက်ပါလျက် ရှိသောကြောင့် မိမိပြုသော ကုသိုလ်ကံ၏ သတ္တိသည် မိမိသန္တာန်မှာ (လူသွားရာသို့ လူရိပ် လိုက်ပါသလို) မိမိကို စောင့်ရှောက်ဖို့ရန် အမြဲ လိုက်ပါနေ၏။
မိမိပြုအပ်သော အကုသိုလ်ကံ၏ သတ္တိများလည်း (လှည်း၌ တပ်အပ်သော နွား၏နောက်သို့ လှည်းဘီးပါသကဲ့သို့) မိမိကို နှိပ်စက်ဖို့ရန် အမြဲလိုက်ပါနေ၏။ မိမိပြုအပ်သော အကုသိုလ်ကံ၏ အကျိုးကို မိမိသာ တိုက်ရိုက်ရသောကြောင့် “ဒီဘ၀ ဒီကိုယ်စံ၊ နောက်ဘ၀- နောက်ကိုယ်ခံလိမ့်မည်”ဟု အချို့က ပြောသော်လည်း နောက်ဘ၀ နောက်ကိုယ်မှာ သူများမဟုတ်၊ မိမိပင် ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ကြပါကုန်။

ခန္ဓာအစဉ်၌ ကံ၏သတ္တိကျန်ရှိရစ်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၆၇)

ခန္ဓာအစဉ်၌ ကံ၏သတ္တိကျန်ရှိရစ်ပုံ
ထိုကဲ့သို့ အထင်အရှား ဖြစ်နေကြသော ကုသိုလ် အကုသိုလ် ထုံးစံအတိုင်း ချုပ်ပျောက်ကြသော်လည်း ပြီးပြီးပျောက်ပျောက် ချုပ်သွားကြသည်မဟုတ်။ မိမိတို့၏ ကံစွမ်းသတ္တိကို ခန္ဓာအစဉ်မှာ မြှုပ်ထားလျက် ချုပ်သွားကြလေသည်။  
ဆိုလိုရင်းကား - ခန္ဓာကိုယ်၌ စိတ်တစ်ခုပြီးတစ်ခု ဖြစ်ရာဝယ် သတ္တိနည်းသော စိတ်တို့သည် ချုပ်ပြီးနောက်၌ သူတို့၏ အစွမ်းသတ္တိ တစ်စုံတစ်ရာ မကျန်ရစ်တော့။ သတ္တိထက်မြက်သော ဇောစေတနာတို့၏ သတ္တိကား ခန္ဓာအစဉ်မှာ ကျန်ရစ်ကြလေသည်။
ဥပမာ - မထက်မြက် မထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ သူတို့၏ အရှိအ၀ါသည် သားသမီးအပေါ်၌ သိသိသာသာ မကျန်ရစ်တော့ဘဲ ထက်မြက်ထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ၌သာ သူတို့၏ အရှိန်အ၀ါသည် သားသမီးတို့မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့တည်း။

ထင်ရှားသော အကုသိုလ်၊ ကုသိုလ် စေတနာများ (ကိုယ့်ကျင့်အဘိဓမ္မာ - ၆၆)

သူတစ်ပါးကို သတ်ဖို့ ကြံစည်သောအခါ၌ ဒေါသဇော စိတ်စေတနာသည် လွန်စွာ ထင်ရှား၏။ သတ်ဖို့ရာ လွန်စွာဗျာပါရများနေ၏။ ကာမမူကို ကြံစည်လိုသောအခါ၌လည်း လောဘဇော စေတနာ လွန်စွာ ဗျာပါရ များရလေ၏။ အတွင်းဇော စေတနာက ဗျာပါရ များနေမူကြောင့်ပင် ပြင်ပ ကိုယ်ခန္ဓာကြီးလည်း ထကြွလူပ်ရှား၍ ဗျာပါရ များရလေသည်။
ဤသို့လျှင် ကိုယ်မူ၊ နူတ်မူ၊ စိတ်မူ မကောင်းမူတစ်ခုခု အထင်အရှား ဖြစ်ရာ၌လည်း အတွင်းက ဆိုင်ရာ ကုသိုလ် အကုသိုလ် စေတနာတွေ ဗျာပါရများနေပုံ၊ ရိုးရိုးအခါဖြစ်သော စိတ်ဇောများနှင့် မတူဘဲ ထက်ထက်မြက်မြက် ရှိကြပုံကို သတိထား၍ စဉ်းစားလျှင် အကုသိုလ် ဇောစေတနာများ၏ ဖြစ်ပုံမှာ လွန်စွာထင်ရှားလေသည်။

ကံအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၆၅)

ကံဆိုတာဘာလဲ
“ကမ္မ” ဟူသော ပါဠိစကားကို မြန်မာလို “ကံ”ဟုခေါ်၏။ ထို “ကံ” ဟူသော စကားကို တစ်မျိုးထပ်၍ မြန်မာပြန်လျှင် “အမူ”ဟု ခေါ်ပြန်သည်။ ထိုအမူကား ကိုယ်မူ၊ နူတ်မူ၊ စိတ်မူ အားဖြင့် ၃-မျိုး ကွဲပြား၏။ “ကိုယ်မူ”ဟူသည် လက် ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်းကိစ္စစုတည်း။ ဥပမာ - “သူ့အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ အလှူဒါနကို ကိုယ်တိုင်လှူခြင်း ”စသည်တည်း။

“နူတ်မူ”ဟူသည် နူတ်ဖြင့် ပြောဆိုပြုလုပ်ရသော ကိစ္စတည်း။ ဥပမာ - “ဟို အကောင်သတ်လိုက်၊ ဆွမ်းလောင်းလိုက်ပါ” စသည်ဖြင့် စေခိုင်းတိုက်တွန်းမူ၊ လိမ်လည်မူ၊ တရားဟောပြောမူ စသည်တည်း။
“စိတ်မူ”ဟူသည် ကိုယ်လည်းမလုပ်၊ နူတ်လည်း မပါ၊ စိတ်ထဲ၌သာ စဉ်းစားကြံစည် စိတ်ကူးမူတည်း။ ဥပမာ - “ဟိုလူ့ပစ္စည်းတွေဟာ ငါ့ပစ္စည်းတွေဖြစ်လျှင် သိပ်ကောင်းမှာပဲ”စသည်ဖြင့် မကောင်းကြံခြင်း၊ သူတစ်ပါးကို သနားကြင်နာခြင်း၊ ချမ်းသာစေလိုခြင်း။ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်း စသည်များတည်း။

ပုညကြိယာ ၄၀ (ကိုယ်ကျင့်အဘိဓမ္မာ - ၆၄)

ဤပြခဲ့သော ဒါနစသည်ကို ကိုယ်တိုင်ပြုမှသာ ကုသိုလ် ဖြစ်သည်မဟုတ်။ သူတစ်ပါးကိုပြုဖို့ရန် တိုက်ရိုက်ခိုင်းခြင်း၊ ပြုချင်လာအောင် ဂုဏ်ကျေးဇူးကို ပြောပြခြင်း၊ သူတစ်ပါး ပြုနေသည်ကို မြင်ရကြားရ၍ ၀မ်းမြောက်ခြင်းများလည်း ကုသိုလ်ဖြစ်သည်။ ထို့ကြောင့် ပုညကြိယ၀တ္ထု ၁၀-ပါးကိုတည် (၁) ကိုယ်တိုင်ပြုခြင်း၊ (၂) ပြုဖို့ရန်ခိုင်းစေခြင်း၊ (၃) ဂုဏ်ကိုပြောပြခြင်း၊ (၄) ၀မ်းမြောက်ခြင်း - ဤလေးပါးဖြင့် မြှောက်လျှင် ပုညကြိယ၀တ္ထု ၄၀ ဖြစ်၏။

ဆောင်။ ။ကောင်းမူဆယ်ခိုင်၊ အရင်းကိုင်၍၊ ကိုယ်တိုင်ပြုငြား၊ သူများခိုင်းတုံ၊ ဂုဏ်ကိုပြောပြ၊ ၀မ်းမြောက်ကလျှင်၊ လေးဆယ်တွင်၊ မြှောက်တင် ပုည၀တ္ထုတည်း။

ဒိဋ္ဌိဇုကမ္မအကြောင်း ကိုယ်ကျင့်အဘိဓမ္မာ - ၆၃)

အယူဖြောင့်မှန်ခြင်းကို “ဒိဋ္ဌိဇုကမ္မ”ဟုခေါ်၏။ (ဒိဋ္ဌိ = အယူ + ဥဇုကမ္မ = ဖြောင့်မှန်မူ။) အယူဟူသည် အသိဉာဏ်တည်း။ ထိုအသိဉာဏ်က လမ်းမှန်ကျနေလျှင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ) ဖြစ်၏။ ထို အသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ) ဖြစ်၏။ အောက်ပါအချက်များ၌ မိမိအသိဉာဏ် ဘယ်လိုဖြစ်သလဲဟု စဉ်းစားပါ။

၁။ ကုသိုလ်ကံ၊ အကုသိုလ်ကံ။
၂။ ထိုကံများ၏ ကောင်းကျိုး၊ မကောင်းကျိုး။
၃။ ထိုကံများကြောင့် ရောက်ရသည့် ဤဘ၀၊ နောက်ဘ၀။
၎။ နတ်များ၊ ဗြဟ္မာများ။
၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ ဈာန် အဘိညာဉ်ရသူ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။
အထက်ပါ အချက် ၅-ချက်ကို လေးလေးနက်နက် စဉ်းစားသောအခါ “ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည်” ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိတည်း။ ဤသမ္မာဒိဋ္ဌိကိုပင် “ဒိဋ္ဌိဇုကမ္မ”ဟု လည်းကောင်း၊ “ကမ္မသကတာဉာဏ်”ဟု လည်းကောင်း ခေါ်၏။ (ကမ္မ = ကံ + သက=ကိုယ့်ဥစ္စာ + တာ = ဖြစ်ပုံကို + ဉာဏ် = သိခြင်း။ မိမိပြုသော ကုသိုလ်ကံ အကုသိုလ်ကံသာလျှင် မိမိနောက်သို့ လိုက်ပါသော ကိုယ်ပိုင်ဥစ္စာ ဖြစ်ပေသည်ဟု သိတတ်သောဉာဏ်ကို `ကမ္မသကတာဉာဏ်´ဟု ခေါ်သည်။)

ဓမ္မဿဝန ဓမ္မဒေသနာအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၆၂)

"ဓမ္မဿဝနအကြောင်း"
 
တရားနာခြင်းကို “ဓမ္မဿဝန” ဟုခေါ်၏။ တရားနာရာ၌ -
၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း၊
၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း၊
၃။ ယုံမှား သံသယ ဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း၊
၎။ အယူမှန် သမ္မာဒိဋ္ဌိကိုရခြင်း
၅။ သဒ္ဓါပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။
ဆောင်။ ။သူတော်တရား၊ နာယူငြားက၊ မကြားစဖူး၊ ကြားရဖူး၏။ ကြားဖူးပြီးပြန်၊ ထပ်မံ၍ရှင်း၊ လွတ်ကင်းယုံမှား၊ ဖြောင့်သားအယူ၊ စိတ်ကြည်ဖြူသည်၊ ငါးဆူရမြဲ အကျိုးတည်း။

 

ပတ္တာနုမောဒနအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၆၁)

ကုသိုလ်ရှင်တို့က အမျှဝေသောအခါ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်မူကို “ပတ္တာနုမောဒန” ကုသိုလ်ဟုခေါ်၏။ (ပတ္တ = အမျှဝေသဖြင့် မိမိသို့ ရောက်လာသော ကုသိုလ်ကို + အနုမောဒန = ၀မ်းမြောက်ခြင်း၊ သာဓုခေါ်ခြင်း။) သူတစ်ပါးတို့ ကုသိုလ်ပြုနိုင်ကြသည်ကို မိမိက ၀မ်းမြောက်ဝမ်းသာဖြစ်၍ နေခြင်းသည် အတော်မြင့်မြတ်သော (မုဒိတာ သဘောရှိသော) စိတ်ထားပေတည်း။
ထို့ကြောင့် ဤ၀မ်းမြောက်မူကို ကုသိုလ်တစ်မျိုးဟု သတ်မှတ်ရပေသည်။ ၀မ်းမြောက်ဝမ်းသာမူ မဟုတ်ဘဲ ခေါ်ရိုးခေါ်စဉ် (တွေးချင်ရာတွေး၍) သာဓုခေါ်ရာ၌ “ပတ္တာနုမောဒန” ကုသိုလ် အစစ်ဖြစ်ဖို့ ခဲယဉ်းလှပေသည်။ အချို့ကား သူတစ်ပါးတို့ လှူဒါန်းနိုင်သည်ကို ၀မ်းမြောက်ဝမ်းသာ မရှိသည့်အပြင် ဣဿာပင် ဖြစ်တတ်သေးသည်။

ပတ္တိဒါနအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၆၀)



မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား အမျှပေးဝေခြင်းကို “ပတ္တိဒါန”ဟုခေါ်၏။ (ပတ္တိ = မိမိ၌ရအပ်သော အဖို့ကို + ဒါန = သူတစ်ပါးအား ပေးဝေခြင်း) ဒါနပြုရာ၌ ထိုဒါနအတွက် အလှူ့ရှင်မှာ ရသင့်ရထိုက်သော ကုသိုလ်များကို ရလေသည်။ ထိုမိမိရရှိသော ကုသိုလ်အဖို့ကို မိမိရသလို ညီတူ ညီမျှ သူတစ်ပါးလည်း ရစေလိုသောဆန္ဒသည် အလွန်ဖြူစင်မြင့်မြတ်သော စိတ်ထားပေတည်း။ 

ထိုဆန္ဒမျိုးဖြင့် “အကျွန်ုပ်ပြုသော ကုသိုလ်အဖို့ကို ကြားကြားသမျှ သတ္တ၀ါအပေါင်းအား အမျှပေးဝေပါ၏။ အကျွန်ုပ်နှင့်အတူ ကုသိုလ်အဖို့ကို ရကြပါစေ”ဟု အမျှပေးပေခြင်း (အညီအမျှရအောင် ဝေခြင်း) ကိုသာ “ပတ္တိဒါနကုသိုလ်”ဟု မှတ်ပါ။

ဝေယျာဝစ္စအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၅၉)

သူတစ်ပါး၏ ကုသိုလ်ကောင်းမူ ကိစ္စကို ကူညီ၍ ပြုလုပ်ခြင်းသည် “ဝေယျာဝစ္စ” မည်၏။ 
ထို့ကြောင့် သူတစ်ပါး အလှူဒါနပြုသောအခါ မိမိကလည်း စိတ်ပါလက်ပါနှင့် အလှူရှင်၏ စိတ်ကြည်လင်အောင်၊ သက်သာအောင်၊ အလှူမှာ တင့်တင့်တယ်တယ်ဖြစ်အောင် သဘောထား၍ ကူညီရမည်။ 
မကျန်းမမာသူ အိုမင်းသူ၊ ကျန်းမာသော်လည်း အနိုင်မနင်းဖြင့် ထမ်းပိုးနေရသူ၊ ကျန်းမာ၍ နိုင်နင်းသော်လည်း မိဘ၊ မိမိထက် ကြီးသော ဆွေမျိုး မိတ်ဆွေစသူ၏ (အကုသိုလ်နှင့် မသက်ဆိုင်သော) ကိစ္စကြီးငယ်ကို ကူညီ၍ ရွက်ဆောင်ခြင်းလည်း ဝေယျာဝစ္စ ကုသိုလ်ပင်တည်း။
ဤဝေယျာဝစ္စ ကုသိုလ်သည် စိတ်ထားတတ်သူတို့မှာ တချို့အလှူရှင်ထက်ပင် အကျိုးများပါသေး၏။ အရှင်ကုမာရကဿပ၏ တရားတော်ကြောင့် မိစ္ဆာဒိဋ္ဌိ အဖြစ်မှ ကျွတ်လွတ်သော “ပါယာသိ”မည်သော ဘုရင်ခံသည် အမြဲမပြတ်လှူဒါန်းနေသော်လည်း ကိုယ်တိုင်မပြုဘဲ “ဥတ္တရ” မည်သော လုလင်တစ်ယောက်ကို မိမိကိုယ်စား လှူဖို့ရန် လွှဲအပ်ထားသည်။ ဥတ္တရ လုလင်ကား သူများပစ္စည်းဖြင့် လှူဒါန်းရသော်လည်း အလွန်စိတ်ပါလက်ပါ ကောင်းမွန်စွာ စီစဉ်၍ လှူဒါန်းသည်။ 

အပစာယနအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၅၈)

ပေးမူကို “အပစာယန”ဟုခေါ်၏။ ထို့ကြောင့် မိမိထက် အသက်ကြီးသူ၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ သိက္ခာတစ်မျိုးမျိုး ကြီးသူကိုဖြစ်စေ၊ အမိအဖ၊ မိကြီး မိထွေး (ဒေါ်ကြီး ဒေါ်လေး၊ အရီးကြီး အရီးလေး)၊ ဘကြီး ဘထွေး၊ ဦးကြီး ဦးလေး စသူကို ဖြစ်စေ ရိုသေခြင်းသည် “အပစာယန” ဖြစ်၏။
“ရိုသေ” ဟူသည်ကား ရိုသေထိုက်သူလာလျှင် နေရာမှ ထပေးခြင်း၊ လမ်းဆုံနေပြန်လျှင် လမ်းဖယ်ပေးခြင်း၊ ထိုသူ၏ရှေ့၌ မားမား မတ်မတ် မသွားဘဲ ရိုသေသော အမူအရာဖြင့် ဦးခေါင်းကို ညွှတ်၍ဖြစ်စေ၊ ကိုယ်ကိုညွှတ်ကိုင်း ကုန်းကွ၍ ဖြစ်စေ သွားခြင်း၊ ရဟန်းသံဃာရှေ့မှာ ဖြစ်လျှင် လက်အုပ်ချီခြင်း စသည်တည်း။ 
မိမိတို့ ထုံးစံအတိုင်း ဦးထုပ်ချွတ်ခြင်း၊ ဆလံပေးခြင်း စသည်များလည်း ရိုသေခြင်းပင် ဖြစ်၏။ ထိုသို့ အရိုအသေပေးရာ၌ စိတ်စေတနာ ရိုးရိုးဖြင့် ရိုသေမှသာ အပစာယနကုသိုလ်ဖြစ်သည်။ စိတ်မပါဘဲ ကိုယ့်ထက် အရာကြီးသူကို ကြောက်၍လည်းကောင်း၊ တစ်စုံတစ်ရာလာဘ်ကိုမြော်၍လည်းကောင်း ရိုသေဟန် ဆောင်ခြင်းမှာ ကုသိုလ်မဟုတ်သည့်ပြင် လှည့်စားသော မာယာတစ်မျိုးပင် ဖြစ်သေး၏။

ဘာဝနာအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၅၇)



“ဘာဝနာ”ဟူရာ၌ မြန်မာလို “တိုးပွားစေခြင်း၊ ထုံမွမ်းခြင်း”ဟု အဓိပ္ပာယ်ရ၏။ မိမိ၏ စိတ်ကို မြင့်မြတ်ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) တစ်မျိုးတည်း။ ထို့ကြောင့် တွေ့ရာမြင်ရာ သတ္တ၀ါတို့အပေါ်၌ ကောင်းကျိုးချမ်းသာ မည်၏။ “မေတ္တာစိတ်ကို မိမိသန္တာန်၌ တိုးပွား၍ များလာစေခြင်း၊ မေတ္တာစိတ်တို့ မိမိသန္တာန်၌ ထုံမွမ်ခြင်း”ဟု ဆိုလိုသည်။ ထိုမေတ္တာ ဘာဝနာကို အလေ့အလာပြုသူ၌ ထိုမေတ္တာဓာတ်တွေ အလွန်များလေသည်။ တစ်ကိုယ်လုံးကို မေတ္တာဖြင့် ထုံမွမ်ထားသကဲ့သို့ ဖြစ်နေလေသည်။
ထိုသို့ မေတ္တာဓာတ်ခံ ရှိနေသူသည် ဆင်းရဲသူကို မြင်ရပြန်လျှင် ထိုသူကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော ကရုဏာ ဘာဝနာလည်း အဆင်သင့် ဖြစ်လာတော့၏။ သတ္တ၀ါများ၏ ကောင်းကျိုးချမ်းသာတို့ကို လိုလားသော မေတ္တာဓာတ်ခံရှိနေသောကြောင့် ကြွယ်ဝချမ်းသာသူကိုမြင်လျှင် ၀မ်းမြောက်သော မုဒိတာ ဘာဝနာလည်း အဆင်သင့် ဖြစ်ပေးလာနိုင်ပေသည်။ ဤပြခဲ့သော ဘာဝနာ ၃-မျိုးကား စိတ်နေစိတ်ထား မြင့်မြတ်သူမှန်လျှင် တွေ့ရာ ကြုံရာ သွားလာနေထိုင်ရင်းမှာပင် ဖြစ်နိုင်ပေသည်။

ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းတို့တွင် ဘုရားဂုဏ်တော်များကို အာရုံပြုသော ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီဖြန်းရာ၌ ဘုရားရှင်၏ ရှေးအကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ သတ္တ၀ါတို့အား အကျိုးများပုံ ဤ ၃-ချက်ကို လေးလေးနက်နက် စဉ်းစား၍ အာရုံပြုရမည်။

ဥပုသ်သီလ (ကိုယ်ကျင့်အဘိဓမ္မာ - ၅၆)

ဥပုသ်သီလ
 
ဗြဟ္မစရိယ၊ ၀ိကာလဘောဇနစသော ဥပုသ်သီလများကား ပြခဲ့သော ငါးပါးသီလ စသည်တို့ကဲ့သို့ သူတစ်ပါး မဆင်းရဲရအောင် စောင့်ရှောက်ရသော သီလ မဟုတ်။ မိမိစိတ်ဓာတ်ကို မြင့်မြတ်အောင် စောင့်သုံးရသော သီလများတည်း။ 
ချဲ့ဦးအံ့ - ယခုကာလ အများစောင့်သုံးသော အိမ်နီးချင်းရိုသေရုံ ဥပုသ်မဟုတ်ဘဲ တကယ်စောင့်ရသော ဥပုသ်မျိုးကို “အရိယဥပုသ်” ဟုခေါ်၏။


ထိုအရိယဥပုသ်ကို စောင့်သူသည် သီလဆောက်တည်ပြီးနောက် ဘုရားဂုဏ်တော်ကို ဖြစ်စေ၊ သို့မဟုတ် တရားဂုဏ်၊ သံဃာ့ဂုဏ်၊ မိမိသီလဂုဏ်၊ ဒါနဂုဏ် တစ်မျိုးမျိုးကို ဖြစ်စေ အာရုံပြု၍ ကမ္မဋ္ဌာန်းဘာဝနာကို ပွားများနေထိုင်ရမည်။ 

အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ မုသာဝါဒ သုရာပါန ဝိရတိများ (ကိုယ့်ကျင့်အဘိဓမ္မာ - ၅၅)

အဒိန္နဒါန၀ိရတိ
 
သူ့ဥစ္စာကို ခိုး၍ တိုက်၍ လုယက်၍ ယူမူကြောင့် ဥစ္စာရှင်တို့မှာ ဆင်းရဲကြရရှာသည်။ တစ်နိုင်ငံလုံးကို တိုက်ခိုက်လုယူမူကြောင့် နိုင်ငံရှင် ဘုရင် မိဖုရား ဆွေတော်မျိုးတော်များနှင့်တကွ နိုင်ငံသူနိုင်ငံသားတို့ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲကြရ၏။ ရသင့်ရထိုက်သော နိုင်ငံတွင်းရှိ အလုပ်များကို မလုပ်နိုင်ကြ။ လုပ်ဖို့ အခွင့်လည်း မရကြသဖြင့် ဥစ္စာဓနရှားပါး၍ ကိုယ်ဆင်းရဲရ၏။ ထို့ကြောင့် အဒိန္နာဒါနမူသည် ဥစ္စာရှင်များကို အဆက်ဆက် နာလန်မထူနိုင်အောင် ဖိစီးနှိပ်စက်သော အမူကြီးပေတည်း။ ထိုအဒိန္နဒါဒါနမှ ရှောင်ကြဉ်၍ အဒိန္နာဒါန၀ိရတိ သီလကို စောင့်ထိန်းကြပါလျှင် ထိုဆင်းရဲမျိုးကို ကမ္ဘာမှာ တွေ့မြင်ကြရတော့မည် မဟုတ်သဖြင့် အဒိန္နာဒါန၀ိရတိ သီလသည် ကမ္ဘာသူကမ္ဘာသားများကို ဆင်းရဲဒုက္ခမှ မုချလွတ်လပ်ခွင့်ရစေနိုင်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော သီလပေတည်း။

သီလအကြောင်း[ပါဏာတိပါတဝိရတီ] (ကိုယ်ကျင့်အဘိဓမ္မာ - ၅၄)


သီလအကြောင်း
“ဒါနထက် သီလက မြတ်သည်”ဟု ပြောစမှတ် ပြုကြရာ၌ သာမန်လောက်စဉ်းစားလျှင် ထိုစကားကို ၀န်ခံဖို့ ခဲယဉ်း၏။ သို့သော် လေးလေးနက်နက် စဉ်းစားသောအခါ ကောင်းစွာ လုံလောက်သော အကြောင်းကို တွေ့ရပေသည်။ လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါး ချမ်းသာအောင် ကူညီသောအလုပ်သည် ကောင်းသော အလုပ်အကျိုးများသော အလုပ်တို့ပေတည်း။
 
ဒါနအလုပ်နှင့် သီလအလုပ် ၂-မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလအလုပ်က သူတစ်ပါးမဆင်းရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်၏။ [သီလအလုပ်ဟူရာ၌ ငါးပါးသီလ၊ အာဇီဝဋ္ဌမကသီလတို့ကို ဆိုလိုသည်။ ၈-ပါးသီလ၊ ၁၀-ပါးသီလတို့အတွက်မှာ အကြောင်းတစ်မျိုးပြဖွယ်ရှိ၏။]

ဒါနပစ်ပယ်လျှင် ဖြစ်ဖွယ်အပြစ် (ကိုယ်ကျင့်အဘိဓမ္မာ - ၅၃)

ယခုပြခဲ့သော စကားများဖြင့် ဒါန၏ အကျိုးကျေးဇူးများ ကုန်လောက်ပြီဟု မမှတ်သင့်။ ဒါန၏ ကျေးဇူးသက်သက် စာတစ်အုပ် ရေးထုတ်စေကာမူ ကုန်လိမ့်မည်ဟူ၍ မဆိုနိုင်။ ထို့ကြောင့် ဒါနကို မည်သည့်နည်းနှင့်မျှ မပစ်ပယ်သင့်ကြ။ တချို့လူတို့ဝါဒဖြင့် ဒါနကို ပစ်ပယ်လိုက်ပြီဆိုပါတော့။ 
ထိုကဲ့သို့ ပစ်ပယ်လိုက်လျှင် တစ်ယောက်နှင့် တစ်ယောက် ပေးကမ်းချီးမြှောက်ခြင်း မရှိတော့ရကား အချင်းချင်း မေတ္တာမရောက်ဘဲ သွေ့ခြောက်ခြောက် ဖြစ်ကြရတော့မည်။
ဆင်းရဲသူ ဆင်းရဲသားတွေကို မပေးမစွန့်လျှင် ထိုသူတွေကို ဘယ်လို စိတ်စေတနာတွေကိုထား၍ ရှုစားရမည်နည်း။ “ဒီကောင်တွေ ငတ်လို့ သေသေ”ဟု သဘောထားရတော့မည် ထိုသို့ ဖြစ်လျှင် ဒါနကို ပယ်လိုက်ရုံဖြင့် ထိုသူ၏ စိတ်ထားသည် ကြမ်းတမ်းသွားချေပေါ့။ စိတ်ကြမ်းလျှင် ရုပ်လည်း ကြမ်းတော့မည်သာ။

ဒါနရှင်မှ ဓနရှင် (ကိုယ်ကျင့်အဘိဓမ္မာ - ၅၂)

 "ဒါနရှင်မှ ဓနရှင်"

လူချမ်းသာဟူ၍ အမွှမ်းတင်ကြရသော ယခုကာလ လူ့လောက၌ စားသောက်နေထိုင်ရေးအတွက် မပူမပင်ရသူ နည်းပါးလှ၏။ ထိုကျပ်တည်း ကျဉ်းမြောင်းနေကြရှာသော ဒုက္ခိတ စာရင်းတွင် ပါဝင်သူများသည် ရှေးရှေးဘ၀က ဒါနချို့တဲ့သူများသာ ဖြစ်၏။ 
လူ့ချမ်းသာ စာရင်းဝင်သူတို့ကား ယခုဘ၀ဓနရှင် ဖြစ်လာက်အောင် ရှေးရှေးဘ၀က ဒါနရှင်လည်း ဖြစ်ခဲ့ကြပေသည်။ ထိုဓနရှင်များသည် ဤဘ၀တွင် ဓနရှင်ဖြစ်ရုံနှင့် ကျေနပ်ထိုက်ပါမည်လော။ ယခုဘ၀ မျက်စိမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် လက်ရှိနေများ လက်မဲ့ဖြစ်ကြပြီးလျှင် အသစ်ဘ၀တွင် အသစ်ဓနနှင့် စခန်းသွားကြရလိမ့်မည်။

ဝဋ္ဋနိဿိတ ဝိဝဋ္ဋနိဿိတ၊ ဒါနကြောင့် ပါရမီပြည့်လွယ်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၅၁)


"ဝဋ္ဋနိဿိတ ဝိဝဋ္ဋနိဿိတ"
 
ကုသိုလ်ပြုစဉ် လူချမ်းသာ နတ်ချမ်းသာကို ခံစားလို၍ ပြုသော ကုသိုလ်သည် “၀ဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (၀ဋ္ဋ = သံသရာဝဋ်ကို + နိဿိတ = မှီသော ကုသိုလ်) သံသရာဝဋ်မှ ကျွတ်ဖို့မမျှော်၊ သံသရာဝဋ်အတွင်း၌ ခံစားဖို့သာ မျှော်သော ကုသိုလ်ဟု ဆိုလိုသည်။ 

နိဗ္ဗာန်ကို ရည်မှန်းလျက် ပြုအပ်သော ကုသိုလ်သည် “၀ိဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (၀ိဝဋ္ဋ = ၀ဋ်ကင်းရာနိဗ္ဗာန် + နိဿိတ = မှီသော ကုသိုလ်) ဤကုသိုလ် ၂-မျိုးတွင် (ဒါနဖြစ်စေ၊ သီလဖြစ်စေ) ၀ဋ္ဋနိဿိတ မှန်လျှင် သံသရာ၌ ကြာရှည်စေ၏။ ၀ိဝဋ္ဋနိဿိတ မှန်က သံသရာမှ အမြန်လွတ်အောင်ပင် ရည်ရွယ်ရင်းဆုကို ပြည့်လွယ်စေ၏။

ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပုံ

 
ဒါနရှိသူသည် ဖြစ်လေရာ ဘ၀တို့၌ ဥစ္စာပြည့်စုံကြ၏။ ဥစ္စာပြည့်စုံလျှင် (ပင်ကို စိတ်ရင်းကောင်းသူ၊ ၀ိဝဋ္ဋနိဿိတဒါန ပြုခဲ့သူအတွက်) သီလလုံခြုံ၏။ ဥပုသ်ရက်ရှည် စောင့်ခွင့်ရ၏။ ဥစ္စာမရှိလျှင် ၀မ်းရေး ပူပန်ရသဖြင့် အူမ မတောင့်၍ သီလမစောင့်နိုင်ရုံသာမက ငါးပါးသီလ လုံဖို့ရန် ခဲယဉ်း၏။ ဒါနရှိမှ သီလ လွယ်ကူသည်။ ပညာရှာဖွေရာ၌လည်း ဒါနရှင်တို့သာလျှင် လွယ်ကူစွာ ရှာနိုင်၏။ 

ဒါနသည် သံသရာကို ရှည်စေသလား (ကိုယ်ကျင့်အဘိဓမ္မာ - ၅၀)


ဒါနအကျိုး

ဒါန၏အကျိုးကို အထူးချဲ့ထွင်၍ တန်ဆာဆင်နေဖွယ်မလိုပါ။ တိရစ္ဆာန်ကလေး တစ်ကောင်အား ၀၀လင်လင်ရှိအောင် ထမင်း တစ်ထပ်ကျွေးသော ဒါနကလေးသည်ပင် ဘ၀ပေါင်း တစ်ရာတို့၌ “အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန (အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း)”ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။ တခြားကုသိုလ်ကြောင့် လူနတ်ဖြစ်ခြင်း တူသော်လည်း ဒါနရှင်တို့က သာလွန် မြင့်မြတ်ကြသည်။

ကဿပဘုရားရှင်လက်ထက်တော်တုန်းက မိတ်ဆွေရဟန်း ၂-ပါးရှိရာ တစ်ပါးက ဒါနရှင်၊ တစ်ပါးက ဒါနမဲ့ ဖြစ်ခဲ့၏။ ၂-ပါးလုံးပင် သီလပြည့်စုံသဖြင့် ငါတို့ ဘုရားလက်ထက်တိုင်အောင် လူ့ပြည်နတ်ပြည် ကျင်လည်ကြရာဝယ် ဒါနရှင်ကသာ အထက်တန်းကျခဲ့၏။ နောက်ဆုံးဘ၀၌ ကောသလမင်း၏ နန်းတော်တွင် ထိုမိတ်ဆွေရင်း ၂-ဖော် တွေ့ဆုံပြန်ရာ ဒါနရှင်က မင်းသား၊ ဒါနမဲ့က အထိန်းတော်သား ဖြစ်၍ ပုခက် ၂-လုံးတွင် ဒါနရှင်က ထီးဖြူဆောင်းလျက်၊ ဒါနမဲ့က သစ်သားပုခက်ကို စီးကာ ထိုကဲ့သို့ အရည်အချင်း ကွာခြားစွာဖြင့်ပင် ကျွတ်တမ်းဝင်ကြလေသည်။

ဥက္ကဋ္ဌ သြမက နှင့် အယုတ်အလတ်အမြတ် ကုသိုလ် ခွဲခြားပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၄၉)



ဥက္ကဋ္ဌ သြမကအခွဲ

(ဥက္ကဋ္ဌ = အမြတ်။ သြမက = အညံ့။) ပြခဲ့ပြီးသော ဒွိဟတ်၊ တိဟိတ် ကုသိုလ်စိတ်တို့၌ ရှေ့ပုဗ္ဗစေတနာအခိုက်တုန်းကဖြစ်စေ၊ လှူပြီးနောက် အပရစေတနာအခိုက်မှာဖြစ်စေ ကုသိုလ်စေတနာခြံရံနေလျှင် (အကုသိုလ်မဖြစ်ဘဲ ကုသိုလ်စိတ်တွေ ရှေ့နောက်ပါနေလျှင်) မြင့်မြတ်သော ဥက္ကဋ္ဌ ကုသိုလ်ဖြစ်၏။ မလှူမီရှေ့အဖို့နှင့် လှူပြီးနောက်အဖို့ အကုသိုလ်များ ခြံရံနေလျှင် ညံ့ဖျင်းသော သြမကကုသိုလ်ဖြစ်၏။

ရှေ့နောက် ကုသိုလ် အကုသိုလ် “ခြံရံ”ဟူရာ၌ ထိုကုသိုလ်နှင့် စပ်၍ ပုဗ္ဗစေတနာ အပရစေတနာတို့အခိုက်မှာ ကုသိုလ်စိတ်ဖြစ်မှု၊ အကုသိုလ်စိတ်ဖြစ်မှုကို “ခြံရံသည်”ဟု ဆိုလိုသည်။ ထိုကုသိုလ်နှင့် မစပ်ဘဲ အလွတ်သက်သက်ဖြစ်သော ကုသိုလ် အကုသိုလ်တို့ကို “ခြံရံ”ဟု မဆိုရ။  

ဥပမာ - အလှူပေးခါနီး ရှေ့အဖို့၌ ကြွေးတောင်းမရ၍ မြီစားကို တရားစွဲကာ ဒေါသအကုသိုလ် ဖြစ်၏။ သို့သော် အလှူပေးဖို့ ကိစ္စ၌ကား စိတ်မပျက်။ အလှူပေးပြီးနောက် အလှူကို ၀မ်းမြောက်၏။ အပရစေတနာ ထက်သန်၏။ သို့သော် ထိုအလှူနှင့် မဆိုင်သော ကိစ္စ၌ကား လောဘ၊ ဒေါသ ဖြစ်ရ၏။ ဤသို့ အလှူနှင့် မဆိုင်သော အရာဝယ် ဖြစ်သမျှ အကုသိုလ်ကား အလှူကုသိုလ် ယုတ်ညံ့အောင် မနှောက်ယှက်ပါ။

ဒွိဟိတ် တိဟိတ် ကုသိုလ် အခွဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၄၈)


စေတသိက်အခန်း၌ ပြခဲ့သော အလောဘ၊ အဒေါသ၊ အမောဟ ၃-ပါးကို ပါဠိလို “ဟေတု”၊ မြန်မာလို “ဟိတ်”ဟုခေါ်သည်။ ဤနေရာ၌ ဟေတု-သဒ္ဒါသည် “အခြေအမြစ်”ဟူသော အနက်ကိုဟော၏။ 

သစ်ပင်၌ ရေသောက်မြစ်သည် သစ်ပင်တစ်ပင်လုံး ခိုင်မြဲစည်ကား ကြီးထွားအောင် ပြုသကဲ့သိ့ ဟိတ်တရားများလည်း မိမိတို့နှင့် ယှဉ်ဖက်စိတ်ကို ခိုင်မြဲစည်ကား အကျိုးများအောင် ပြုနိုင်ကြပေသည်။ ထို့ကြောင့် ကုသိုလ်စိတ်ကို ဟိတ် ၂-ပါးနှင့် ယှဉ်သော ဒွိဟိတ်ကုသိုလ်စိတ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်သော တိဟိတ်ကုသိုလ်စိတ်ဟု ခွဲခြားမှတ်သားရမည်။

ပုဗ္ဗ မုဉ္စ အပရစေတနာ (ကိုယ်ကျင့်အဘိဓမ္မာ - ၄၇)


ပုဗ္ဗစေတနာ
 
အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟု ၃-မျိုးရနိုင်၏။ ထိုတွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်းနေသောအခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှ ကုသိုလ် စေတနာတွေသည် “ပုဗ္ဗစေတနာ”မည်၏။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူ့ဒကာ အလှူ့ဒကာမ၊ ကျောင်းဒကာ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ်၊ ကျော်စောလိုသောစိတ်၊ မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့်စပ်၍ မကျေနပ် ဒေါသ မာန စသော အကုသိုလ်များ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်သော မလှူလိုသော စိတ်များ မဖြစ်စေရ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာတွေ အလွန်စင်ကြယ်စွာ ဖြစ်နေပြီ”ဟု မှတ်ပါ။

ဒါန ၂-မျိုးအကျိုးပေးကွာပုံ (ကိုယ့်ကျင့်အဘိဓမ္မာ - ၄၆)


၁-ပါး၊ ၂-ပါး၊ ၃-ပါးစသော ပုဂ္ဂိုလ်များကို သီးခြားရွေးချယ်၍ လှူသော အလှူမှန်လျှင် အလှူခံက တစ်ထောင်မက များသော်လည်း ပုဂ္ဂိုလ်ကို ရည်စူးသောကြောင့် ပုဂ္ဂလိကဒါနချည်းသာ ဖြစ်သည်။ ထိုပုဂ္ဂလိကဒါန၌ ဘုရား ပစ္စေကဗုဒ္ဓါမှတစ်ပါး အခြားသော ပုဂ္ဂလိက ဒါနထက် သံဃိကဒါနက အကျိုးပေး သာသည်ဟု ကျမ်းဂန်၌ဆို၏။ သဘောယုတ္တိကို စဉ်းစားလျှင်လည်း သံဃိကဒါနလှူရာ၌ ရဟန္တာအရှင်တို့လည်း ထိုသံဃာအဖွဲ့အစည်းတွင် ပါဝင်၏။ ပုဂ္ဂလိက ဒါနပြုရာ၌ကား ထိုကဲ့သို့ ရဟန္တာပါချင်မှပါမည်။ ပါစေကာမူ သံဃိကဒါနလောက် မများနိုင်ပေ။ သံဃိက ဒါနလှူရာ၌ အကျင့်အကောင်းဆုံး ပုဂ္ဂိုလ်ကိုလည်း လှူရာရောက်၏။ ပုဂ္ဂလိက ဒါနကား အတော်ရွေးချယ်တတ်မှသာ သင့်တင့်သော ပုဂ္ဂိုလ်ကို ရနိုင်စရာရှိ၏။ ထို့ကြောင့် ဘယ်အခါမဆို ပုဂ္ဂလိကဒါနထက် သံဃိကဒါနက အကျိုးပေးသာလွန်သည်ဟူသော စကားသည် ကောင်းစွာ ယုတ္တိရှိပါပေတည်း။

အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးကွာခြားပုံ (ကိုယ်ကျင့်အဘိဓမ္မာ-၄၅)


“အလှူခံ ပုဂ္ဂိုလ်သည် လယ်ယာမြေနှင့်တူ၏”ဟု ဆိုခဲ့ပြီ။ သို့ဖြစ်၍ လယ်မြေသည် ပထမတန်း ဒုတိယတန်း တတိယတန်း ရှိသကဲ့သို့ အလှူခံ ပုဂ္ဂိုလ်ဟူသော လယ်များသည် အတန်းအစား အမျိုးမျိုးရှိ၏။ လယ်ယာတို့၌ မြက်စသော အနှောင့်အယှက်မရှိလေ အပင်သန်လေ ဖြစ်သကဲ့သို့ ထို့အတူ အလှူခံရာ၌လည်း ရာဂ၊ ဒေါသ၊ မောဟနည်းလေ လှူရသူမှာ အကျိုးများလေဖြစ်၏။ လယ်ယာတို့၌ နွားချေးစသော မြေသြဇာများ၍ ရေအဆင်သင့်လေ ကောက်ပင်သန်လေ ဖြစ်သကဲ့သို့ အလှူခံပုဂ္ဂိုလ်များ၌လည်း သီလ၊ သမာဓိ၊ ပညာကြီးလေ လှူရသူ၌ အကျိုးများလေ ဖြစ်၏။
သံဃိကဒါန

ပါဠိလို “သံဃ”၊ မြန်မာလို အပေါင်းအဖွဲ့ကို “သံဃာ”ဟု ခေါ်၏။ ထိုသံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းအပ်သော ဒါနသည် သံဃိကဒါနမည်၏။ အသင်းတစ်သင်း၌ ငွေ ၁-ကျပ်လောက် ထည့်ဝင်လျှင် ထိုငွေ ၁-ကျပ်သည် အသင်းဝင်အားလုံး (သူဋ္ဌေး ဆင်းရဲသားမကျန်) သက်ဆိုင်သကဲ့သို့ ဆွမ်းတစ်အုပ်ဖြစ်စေ၊ သင်္ကန်းတစ်ထည်ဖြစ်စေ သာသနာတော်၌ ရှိသမျှ သံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းလျှင် တစ်သာသနာလုံး (ရဟန္တာနှင့် အောက်တန်းစား ပုထုဇဉ်မကျန်) သက်ဆိုင်၏။ ထိုသံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းသော ပစ္စည်းကို တစ်ကမ္ဘာလုံးရှိ သံဃာတော်များအား လိုက်၍ ဝေငှနေဖွယ်မလို။ ထိုအသင်း၌ ထည့်ဝင်သော ငွေ ၁-ကျပ်ကို အသင်းဝင်သူ မည်သူမဆို သုံးခွင့်ရသကဲ့သို့ သံဃိက ပစ္စည်းကိုလည်း တွေ့ကြုံနေသော သံဃာက ဝေငှ၍ သုံးစွဲစားသောက် နိုင်ကြပါသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated