@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 8 June 2014

မီး(၁၁)ပါး ၆၊မရဏမီး

                                                                      အပြီးသတ်ဖီစီး မရဏမီး

၃၁-ဘုံမှာ ရှိနေကြတဲ့ သတ္တ၀ါတွေဟာ ဇာတိဆိုတဲ့ ပဋိသန္ဓေ ရရှိလာလို့ကတော့ ဖြင့် မရဏလို့ဆိုတဲ့ သေခြင်းတရားကို ရှောင်ပြေးလို့ မရတော့ပါဘူး ၊ အနှေးနဲ့ အမြန် ရင်ဆိုင် ကြုံတွေ့ရမှာချည်းပဲ ၊ အသက်ကြီးမှ အိုမှ နာမှ မဟုတ်ပါဘူး ၊ ငယ်ငယ်ရွယ်ရွယ်နဲ့လဲ သေနိုင်သလို အမိဝမ်းမှာ နေစဉ်ကတည်းက လပိုင်း ရက်ပိုင်း နာရီပိုင်း မိနစ်ပိုင်း အတွင်းမှာတင်ပဲ သေခွင့် သေလမ်းက ရှိနေပါတယ် ၊ များသောအားဖြင့် သတ္တ၀ါတွေရဲ့ ကံ အားလျှော်စွာ အသက်တိုရှည်နေကြရတယ် ၊ လူ့ပြည်လူ့လောကမှာ နေရတာ ကြာညောင်း ခဲ့သလို စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေလဲ နည်းမှာ မဟုတ်ပါဘူး ၊ ခင်သူ မင်သူ သံယောဇဉ် တွေကလဲ တပုံကြီးဆိုတော့ အဲဒါတွေကို အပြီးပိုင် စွန့်ခွာသွားရတော့မယ်ဆိုတော့ တရား ကသာ မကိန်းတည်ခဲ့ရင် နှလုံးအိမ်ထဲမှာ လောင်လိုက်မဲ့ မရဏမီးကများ ပြောမနေနဲ့တော့ ၊ မသေချင်ဘဲနဲ့ သေရတော့မဲ့သူအဖို့ ဒီမရဏမီး လောင်ကျွမ်းမှု ဒဏ်ချက်ဟာ အင်မတန်မှ ပြင်းထန်လှပါတယ် ၊ အသေ တတ်အောင် ကျင့်ဆောင်အားထုတ် ပြုလုပ်ရမှာက ကြိုတင်ပြီး ၀ိပဿနာ ပွားများအားထုတ်ခြင်းပါပဲ ၊ အနေတတ်မှ အသေတတ်မှာပါ ၊ အသေတတ်မှ အပါယ်လွတ် ငရဲမီးမှ ကျွတ်နိုင်မှာ။


ခဏမစဲ လောင်မြဲလောင်ပြီး ခဏိကမရဏမီး

တစ်သက်မှာ တစ်ခါ ကြုံတွေ့လာကြရတဲ့ သေခြင်းမရဏကိုတော့ လူတိုင်း သိမြင်နိုင်ကြပါတယ် ၊ ခဏမစဲ သေလျက် သေချင်းထပ်အောင် လောင်မြှိုက်နေတာ ကိုတော့ ဖြင့် တရားအားမထုတ်သူများအဖို့ သိခွင့်မရနိုင်ပါ ၊ တရားအားထုတ်နေတာတောင်မှ သိနိုင်တဲ့ ဥာဏ် အဆင့်အတန်းရောက်မှပဲ သိခွင့်ရနိုင်ကြမှာပါ ၊ အဲဒီရုပ်နာမ်တရားတွေဟာ အကြောင်း ပြည့်စုံရင် မွေးဖွားဖြစ်ပေါ်လာပြီး ချက်ချင်းဆိုသလို မရဏပွဲ ဆင်နွှဲလိုက်ရပါတော့တယ် ၊ ဒီလိုနဲ့ပဲ မွေးလာလိုက် သေသွားလိုက် ၊ နောက်ထပ်မပြတ် မွေးလာလိုက် သေသွားလိုက်နဲ့ မွေးလာသမျှ ဖြစ်ပေါ်လာသမျှ မရဏမှာ လမ်းဆုံးတာချည်းပဲ ၊ ဒါကြောင့်မို့လို့ သေခြင်းဆိုတဲ့ မရဏမီးဟာ မပြတ်ဒလစပ် တဖြတ်ဖြတ်နဲ့ လောင်လို့ မဆုံးနိုင်အောင်ပါပဲ ၊ အမှန်တရားကို မသိကြလို့သာ လူရဲ့ရုပ်နာမ်ခန္ဓာကို ရချင်သူက ရချင် ၊ နတ်တွေရဲ့ရုပ်နာမ် ၊ ဗြဟ္မာ တို့ရဲ့ရုပ် နာမ်ခန္ဓာကို ရချင် လိုချင်ကြပြီးတော့ ကုသိုလ်ကောင်းမှုတွေကို ပြုလို့ ဆုတောင်းလိုက်ကြ အားထုတ်လိုက်ကြနဲ့ ဘ၀သံသရာမှာ မရဏမီးပုံနဲ့ချည်း ကြုံတွေ့နေကြရတယ် ၊ ဘယ်ဘုံ ဘယ်ဘ၀ကိုပဲ ရောက်ရောက် မရဏမီး အလောင်မခံရတယ်ရယ်လို့ ရှိကို မရှိပါဘူး။ 

ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တရားတွေဟာ ချက်ချင်းခဏ မရဏမှာ လမ်းဆုံးကြ ရတယ်ဆိုတာ ဗုဒ္ဓမြတ်စွာဘုရား ဖော်ပြလို့သာ သိခွင့်ရကြတာပါ ၊ သာသနာပ အချိန်ခါ ကာလမှာ ဒီအသိမျိုး မရရှိနိုင်ပါ ၊ တကယ့်သာသနာတော်တွင်း တရားဖြစ်ပါတယ် ၊ ဒါကြောင့် အဲဒီအသိအမြင်မျိုး ရရှိကြမှပဲ မိမိတို့လဲ သာသနာတော်တွင်းသားတွေဖြစ်ပြီး သာသနာ တော်နဲ့ ကြုံတွေ့ရကျိုးနပ်မယ် ၊ ကြုံတွေ့ရကျိုးနပ်အောင် ၀ိပဿနာတရား ဘာဝနာတွေ ပွားများအားထုတ်လို့ ရုပ်နာမ်တွေရဲ့ ဖြစ်ပြီးပျက်မြဲ ခဏမစဲ သေသေနေရတဲ့သဘောကို သိမြင် သိမြင်သွားပြီးတော့ကာ ဆိုင်ရာဆိုင်ရာ ကိလေသာတွေလဲ ခဏသေ တော်တော် ကြာကြာသေအဆင့်ကနေ အမြစ်ပြတ်သေတဲ့အထိ ပွားများအားထုတ်ကြပါကုန်စို့လား ….။

Credit to

 (တအာင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India ၊ M.A Srilanka ၊ A.G.S USA)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated