@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday, 15 March 2015

အရိယာ ပုဂ္ဂိုလ် ဘယ်လိုရှာမလဲ


သောတာပန် အရိယာ သည် ကာမဂုဏ်`၌ တပ်မက်သော ကာမရာဂ ကိုမပယ်နိုင်သေး။ ထို့ ကြောင့်လောကီကာမ ချမ်းသာထက် အဆ ပေါင်းများစွာသာလွန်သော လောကုတ္တရာ ဓမ္မ ဖလ သမာပတ်ချမ်းသာကို ၀င်စား၍ နေနိုင်ပါလျက် အမြဲ မ၀င်စားပဲ ကာမ ဂုဏ်ချမ်းသာကို ခံစားကြသေးသည်။ ဤသည်မှာ မဟာစည်ဆရာတော်ဘုရားကြီး မိန်ဆို့ ချက်ဖြစ်ပါသည်။ မိမိ လေ့လာခဲ့ဖူးသမျှတွင်လည်း ဤကဲ့သို့  ဆရာတော်များ ဆိုမိန့် သည်ကို လေ့လာမှတ်သားခဲ့ရသည်။

 မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကဿပ ရဟန္တာ ကိုယ်တော်မြတ် အား အလုပ်အကျွေးပြုနေသူ ကပ္ပိယ သည် 

Thursday, 12 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၅) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ဃ)}



သတိထားရမယ့် အချက်တစ်ခု အပိုင်း(ဃ)
                   ဇောကိစ္စကို ဆောင်ရွက်တဲ့ စိတ်ပေါင်းက ၅၅-ခု ရှိတယ်၊ ကုသိုလ်တွေမှန်သမျှ ဇောကိစ္စ ဆောင်ရွက်တယ်၊ အကုသိုလ်တွေ မှန်သမျှမှာ ဇောကိစ္စ ဆောင်ရွက်တယ်၊ နောက်ပြီးတော့ ရဟန္တာသန္တာန်မှာ ဖြစ်ပေါ်တဲ့ ကြိယာ လို့ခေါ်တဲ့ ကုသိုလ်တဖြစ်လဲ ကြိယာစိတ်တွေက ဇောကိစ္စ ဆောင်ရွက်ကြတယ်။ ဖိုလ်စိတ် တွေကလည်း ဇောကိစ္စကို ဆောင်ရွက်ကြတယ်။ ကျန်တဲ့ ဝိပါတ်စိတ်တို့ဆိုတာ ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။ ကြိယာစိတ်တွေထဲ ကလည်း ခုနက အာရုံဘက်ကို ဦးလှည့်ပေးတဲ့စိတ်, အာရုံကို ဆင်ခြင်ပေးတဲ့ အာဝဇ္ဇန်းစိတ်တွေကလည်း ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။
                   ဒါဖြင့် ဇောဆိုတာ ဘာကို ပြောတာတုန်း? ဋီကာကျော်ကျမ်းက ဘယ်လိုအဓိပ္ပါယ် ရှင်းပြတုန်းဆိုရင် ဇောကိစ္စ ဆိုတာ အာရုံပေါ်မှာ ဖြစ်ပေါ်လာတဲ့ အာရုံကို တစ်ကြိမ်ဖြစ်စေ အကြိမ်များစွာ ဖြစ်စေ၊ အရှိန်အဟုန်နဲ့ လျင်မြန်တဲ့ အနေအထားအားဖြင့် ဖြစ်တဲ့သဘောကို ဇောကိစ္စလို့ ဒီလိုရေးတယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၄) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ဂ)}



သတိထားရမည့်အချက်တစ်ခု အပိုင်း(ဂ)
ကောင်းပြီ၊ စိတ်ဟာ အာရုံတွေနဲ့ ဖြစ်ပေမယ့် စိတ်တိုင်း စိတ်တိုင်းဟာ အာရုံအားလုံးကို ရယူနိုင်စွမ်းမရှိပါဘူး၊ သူလက်လှမ်းမှီသလောက်ပဲ သူ ယူလို့ရတယ်၊ လူတွေရဲ့ ပကတိ မျက်စိလိုပဲ၊ မျက်စိရှိပေမယ်လို့ မျက်စိရှိတိုင်း အကုန်လုံး မြင်နိုင်စွမ်းရှိတာ မဟုတ်ဘူး၊ တစ်ဦးနဲ့တစ်ဦးလည်း မြင်နိုင်စွမ်းချင်း မတူဘူးပေါ့၊ သူ့အတိုင်းအတာ နယ်ပင်အတွင်းမှာသာ မျက်စိက အမြင်အာရုံတစ်ခုကို ယူနိုင်တယ်၊ နားကလည်း သူ့အတိုင်းအတာ နယ်ပယ်တစ်ခု အတွင်းမှာသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ နှာခေါင်းကလည်း အတိုင်းအတာ အတွင်းမှာရှိတဲ့ အနံ့ကိုသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ အဲဒီတော့ လူတွေ လက်လှမ်းမှီတဲ့ အာရုံတွေ ဆိုတာလည်း ရှိတယ်၊ စိတ်တွေမှာလည်း လက်လှမ်းမမှီတဲ့ အာရုံမပြုနိုင်တဲ့ အာရုံတွေ ရှိနေတယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၃) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ခ)}



သတိထားရမည့်အချက်တစ်ခု အပိုင်း(ခ)
                   နေ့စဉ်နဲ့အမျှ လူတွေဟာ ဒီအာရုံတွေနောက် လိုက်နေကြတာ၊ လူတွေရဲ့စိတ်ဟာ ဘယ်အာရုံနဲ့ ပျော်နေတုန်းဆိုတော့ အမြင်အာရုံနဲ့ ပျော်တယ်၊ အသံအာရုံတွေနဲ့ ပျော်တယ်၊ အသံဆိုတာ အမျိုးစုံလုပ်ပြီး ပျော်တယ်လေ။ ရိုးရိုးတန်းတန်း အသံမှာ မပျော်ရတဲ့အခါကျတော့ Hip Hop ဆိုတဲ့ အသံနဲ့ ပျော်တယ်၊ လူ့စိတ်ဟာ တော်တော်ဆန်းတယ်၊ ဂျိမ်းဂျိမ်း ဆိုတာမှ နားထောင်ချင်တယ်၊ အဲဒီလို လူရဲ့စိတ်ဟာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့ ပျော်တယ်၊ အမျိုးမျိုးကြည့်တယ်၊ အမျိုးမျိုး ဖန်တီးယူတယ်၊ ကြည့်လေ - ဒီဇိုင်းတွေ ထုတ်လုပ်လို့ကို မလောက်ဘူး၊ ဘာဖြစ်လို့ဆုန်းဆိုတော့ ဒီအဆင်ကလေးက လှတယ်၊ ဒီအကွက်ကလေးက လှတယ်၊
 ဒီ ဒီဇိုင်းကလေးက လှတယ်နဲ့ ဆိုပြီးတော့ ဒီဇိုင်းလှတာကို လိုက်ရှာပြီးတော့ မျက်စိက ကြိုက်တြ့အရောင်လုက်ရှာနော၊ အရောင်ဆို အမျိုးမျိုးစပ်ပြီးတော့၊ ဒီအရောင်က အနီရဲကြီး, မကြိုက်ဘူး၊ အနီလေးနဲ့ ဘာလေးနဲ့ စပ်ထားမှ၊ စပ်တဲ့ အရောင်တွေ လိုက်ရှာ၊ ဆုံးကို မဆုံးနိုင်ဘူး၊ ဒီအာရုံတွေပေါ်မှာ လိုက်စားနေပုံကိုကြည့်၊ အသံဆိုရင်လည်း အမျိုးမျိုး၊ ရိုးရိုးအသံဆိုရင် နားမထောင်ချင်ဘူး၊ ခုန ဂျောင်းဂျောင်းဂျိမ်းဂျိမ်း အသံဆိုရင် တစ်ကိုယ်လုံးတောင် လှုပ်လာလိမ့်ဦးမယ်၊ ခေါင်းကလေးတွေငြိမ့်၊ ခေါင်းငြိမ့်ရုံတင် မကဘူး၊ တစ်ကိုယ်လုံးတောင် ရမ်းထွက်လာတယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၂) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(က)}




သတိထားရမယ့် အချက်တစ်ခု (က)
                   စာမျိုးစုံဖတ်တဲ့ ပုဂ္ဂိုလ်ဟာ တစ်ခါတစ်ရံကျတော့ အန္တရာယ်ရှိတယ်၊ အန္တရာယ်ဆိုတာ အတွေးမျိုးစုံနဲ့ ရေးထားတဲ့ စာတွေပေါ့။ ဘာသာတရားကို လေ့လာတယ် ဆိုတဲ့နေရာမှာ မှန်ကန်တဲ့ တင်ပြချက်တွေကို လေ့လာရင် အကြောင်းမဟုတ်ဘူး။ မမှန်မကန် ဟောပြောချက်တွေကို လေ့လာမိလို့ မိမိက စာလည်း မစုံသေးဘူး, အတွေးအခေါ် ရင့်သန်မှုလည်း မရှိသေဘူးဆိုရင် လွဲမှားသွားနိုင်သေးတယ်။ 
ဒါလည်း သတိထားရမယ့် အချက်တစ်ခုပဲ၊ စာမစုံသေးရင် အရှိကို မှတ်ထားဖို့လိုသေးတယ်၊ တကယ့်မူရင်းကျမ်းက  ဘယ်လိုဆိုတယ်ဆိုတာ မှတ်သားထားရမယ်။ သဘောမကျသေးရင် သဘောကျအောင် ကြံစည်ရမယ်၊ ဒီလိုမှ မဟုတ်ရင် မှန်ကန်တဲ့ လမ်းကြောင်းက လွဲထွက်သွားနိုင်တယ်။ အဲဒီတော့ ရူပဆိုတဲ့ စက္ခုဝိညေယျာ မျက်စိဖြင့် မြင်ပြီးတော့ သိရတဲ့ရုပ် ဆိုတာကို ရှိတယ်ပေါ့။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၁) {(အခန်း - ၃) စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ}



(အခန်း - ၃)
စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ
                   ဘုန်းကြီးတို့ စိတ်ဖြစ်ပုံကို လေ့လာခဲ့ကြပြီ၊ စိတ်ဆိုတာ အဖြစ်တရား၊ အာရုံနဲ့ ဝတ္ထုတို့ ပေါင်းဆုံမှုကြောင့်  စိတ်တွေဖြစ်ပေါ်လာတယ်၊ အဲဒီလို ဖြစ်ပေါ်လာပြီးနောက် စိတ်တွေဟာ ဘာနဲ့ စခန်းသွားနေသလဲဆိုရင် အာရုံနဲ့ စခန်းသွားနေတယ်။ ဒီလို အာရုံနဲ့ စခန်းသွားတဲ့နေရာမှာ စိတ်တစ်မျိုးစီ တစ်မျိုးစီမှာ ဆောင်ရွက်တဲ့ ကိစ္စတွေလည်း ကွဲပြားခြားနားမှုတွေ ရှိတယ်။ အဲဒီအကြောင်းကို ဒီကနေ့ လေ့လာရမယ် စိတ်ရဲ့အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ တဲ့။
                   စိတ်လို့ ဆိုလိုက်ရင် အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေက စိတ် ၈၉-မျိုး, အကျယ် ၁၂၁၊ စေတသိက် -၅၂ ဆိုတာ သဘောပေါက်ပြီးသား ဖြစ်သွားပြီ။ ဒီနေရာမှာ စိတ် -၈၉ စေတသိက်-၅၂ … အားလုံးကို ရည်ညွှန်းပြီးတော့ စိတ်ရဲ့အာရုံများလို့ ပြောတာ၊ အာရုံနဲ့ ဝတ္ထု ပေါင်းဆုံလိုက်သည့် အတွက်ကြောင့် လူတွေရဲ့သန္တာန်မှာ မှီရာဝတ္ထုရုပ်ကနေပြီးတော့ စိတ်တွေဖြစ်ပေါ်လာကြတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ ဘာနဲ့ အလုပ်လုပ်ကြသလဲ၊ ဘာနဲ့ ဆက်သွယ်နေကြသလဲဆိုတာကို သိဖို့ အင်မတန် အရေးကြီးတယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁ဝ) {မနေဒွါရ အရ} အပိုင်း(ဂ)


မနောဒွါရ အရ အပိုင်(ဂ)
                   နောက်ဆက်လာတဲ့ သမ္ပဋိစ္ဆိုင်းစိတ်ကျတော့ ဘယ်သူ့ကို မှီသလဲဆိုတော့ ဟဒယဝတ္ထုကို မှီတယ်၊ နောက် သန္တီရဏစိတ်ကလည်း ဟဒယဝတ္ထုကိုမှီတယ်၊ ဝုဋ္ဌောစိတ်ကလည်း ဟဒယဝတ္ထုကို မှီတယ်၊ ဇောစိတ်တွေကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်၊ တဒါရုံကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်။ အဲဒီ စိတ်ဖြစ်စဉ်ထဲမှာ စက္ခုဝတ္ထုကို မှီဖြစ်တဲ့စိတ်ကလေးဟာ စက္ခုဝိညာဏ်စိတ် တစ်ခုတည်းပဲရှိတယ်၊ အဲဒီတော့ စက္ခုဝိညာဏ်စိတ်လေးတစ်ခုပဲ စက္ခုဝတ္ထုကို မှီပြီးတော့ ဖြစ်လာတယ်။ ကျန်စိတ်တွေက ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်တယ်။ ဒီနေရာမှာ ဝတ္ထုနှစ်ခုက ဆက်သွယ်နေတယ်ဆိုတာ ထင်ရှားတယ်နော်။ အာရုံတစ်ခုမှာ ဖြစ်လာတဲ့ အခါ ဆက်သွယ်မှု ရှိနေတယ်ဆိုတာ ထင်ရှားတယ်။
                   ထို့အတူပဲ သောတဝိညာဏ်စိတ် ၂-ခုက သောတဝတ္ထုကို မှီပြီး ဖြစ်တယ်၊ ဃာနဝိညာဏ်စိတ် ၂-ခုက ဃနဝတ္ထုကိုမှီပြီးဖြစ်တယ်၊ ဇိဝှါဝိညာဏ်စိတ် ၂-ခုက ဇိဝှါဝတ္ထုကို မှီပြီးဖြစ်တယ်၊ ကာယဝိညာဏ်စိတ် ၂-ခုက ကာယဝတ္ထုကို မှီပြီဖြစ်တယ်၊ ကာယဝိညာဏ်စိတ် ၂-ခုက ကာယဝတ္ထုကို မှီပြီးဖြစ်တယ်၊ ကျန်တဲ့ စိတ်တွေ အားလုံးက ဟဒယဝတ္ထုကို မှီပြီးဖြစ်တယ်၊ ဘုံဘဝနဲ့တွက်လိုက်မယ်ဆိုရင် အရူပဘုံမှာဖြစ်တဲ့ အရူပဝိပါတ်စိတ် ၄-ခုက ဘယ်ဝတ္ထုရုပ်ကိုမှ မမှီဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူ့မှာ မှီစရာ ရုပ်မရှိဘူး၊ ဝတ္ထုရုပ်ကို မမှီဘဲနဲ့ ဖြစ်တယ်လို့ ဒီလို နားလည်ရမှာပေါ့။ သရုပ်အနေနဲ့ နားလည်အောင် အဘိဓမ္မတ္ထ သင်္ဂဟကျမ်းကို ဆက်လက်လေ့လာ မှတ်သားမှ ပိုပြီးရှင်းမယ်၊ အခုဟာက နာလည်းရုံ apply လုပ်ပြီးတော့ ပြတာ။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၉) {မနေဒွါရ အရ} အပိုင်း(ခ)


မနောဒွါရ အရ အပိုင်း(ခ)
                   အဲဒီစိတ်တွေဟာ စက္ခုဒွါရိကစိတ် = စက္ခုဒွါရ၌ ဖြစ်သောစိတ် လို့ဆိုတယ်။ သို့သော် စက္ခုဒွါရ၌ ဖြစ်တယ်ဆိုပေမယ့် စက္ခုဝတ္ထုကို မှီတယ်လို့ ဒီလိုပြောတာ မဟုတ်ဘူးနော်၊ ဆိုလိုတဲ့ အဓိပ္ပါယ်က စက္ခုဒွါရ၌ ဖြစ်တယ်ဆိုတာ စက္ခုဒွါရ မျက်စိတံခါးကနေ ဝင်ရောက်ဆက်သွယ်တဲ့ အာရုံနဲ့အလုပ်လုပ်တဲ့ စိတ်တွေလို့ ဒီလိုအဓိပ္ပါယ်ရတယ်။ အဲဒီအဓိပ္ပါယ်က ပိုပြီးတော့ ရှင်းလင်းမှုရှိတယ်။ ဒီဒွါရမှာ ဖြစ်တယ်ဆိုရင် မျက်လုံးပေါ်မှာ ဖြစ်တယ်လို့ ထင်နေလိမ့်မယ်၊ မျက်လုံးနဲ့ဖြစ်တာ မဟုတ်ဘူး၊ ဒီစိတ်တွေအားလုံးဟာ အာရုံနဲ့ဆက်သွယ်တာ၊ ဆက်သွယ်လို့ သူတို့ပေါ်လာတာ၊ ပေါ်လာပြီးတော့ အာရုံနဲ့ အလုပ်လုပ်ကြတာ၊ လူရဲ့စိတ်ဟာ အာရုံတစ်ခုဖြစ်ရင် ထိုအာရုံနဲ့ အလုပ်လုပ်တာပဲလေ၊  မျက်စိက တစ်ခုခုမြင်လိုက်ရင် အဲဒီ မြင်တဲ့အာရုံနဲ့ အလုပ်,လုပ်တယ်၊ နားက အသံလေးတစ်ခုကြားရင် အဲဒီ အသံအာရုံနဲ့ အလုပ်လုပ်တာ မဟုတ်လား၊ (အဖြေမတွေ့မချင်း လိုက်နေတာလေ၊ ဘာသံပါလိမ့် ဘာသံပါလိမ့်နဲ့  သွားနေမှာပဲ၊ မကျေနပ်မချင်း၊ အနံ့ဆိုလည်း ဘာအနံ့ပါလိမ့်နဲ့ လိုက်နေမှာပဲ၊ အာရုံနဲ့ အလုပ်လုပ်နေတယ်လို့ပြောတာ) ပြီးသွားလို့ရှိရင် နောက်အာရုံတစ်ခု ပြောင်းသွားပြန်ရော။
    

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၈) {မနေဒွါရ အရ} အပိုင်း(က)



မနောဒွရ အရ အပိုင်း(က)
                   မနောဒွါရံ ပန ဘဝင်္ဂံန္တိ ပဝုစ္စတိ  ဘဝင်စိတ်ကို မနောဒွါရလို့ ခေါ်တယ် လို့ အဘိဓမ္မတသင်္ဂကျမ်းက ဆိုတယ်။ ဘဝင်စိတ်တွေ အများကြီးထဲက ဘယ်ဘဝင်စိတ်တုန်းဆိုတော့ ခုနက ဋီကာကျော်ကျမ်းက ဘယ်လိုပြောတုန်းဆိုရင် အာဝဇ္ဇန်းရဲ့ ရှေ့ကဖြစ်တဲ့ ဘဝင်လို့ဆိုတယ်။ ဝီထိချကြည့်လိုက်ရင် အတီတ ဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်း၊  အဲလိုလာတော့ ပဉ္စဒွါရာဇ္ဇန်းရဲ့ ရှေ့မှာရှိတဲ့ ဘဝင်ဆိုတာ ဘဝင်္ဂုပစ္ဆေဒ ဖြစ်တယ်။ ပြတ်တဲ့ဘဝင်ကို သူက mind door လို့ ဒီလို ပြောချင်တာ။ ဘာဖြစ်လို့လဲဆိုရင် မနအရ အာဝဇ္ဇန်းစသော စိတ်တွေယူပြီးတော့ အဲဒီစိတ်ရဲ့ ဝင်ရာဖြစ်သောကြောင့် မနေဒွါရ (စိတ်တံခါး, စိတ်ရဲ့အဝ)လို့ ဒီလိုဖွင့်တာ။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၅) {အခန်း - ၂ စိတ်ဖြစ်ပုံကို လေ့လာခြင်းအကြောင်း (၂)}



အခန်း - ၂
 
စိတ်ဖြစ်ပုံကို လေ့လာခြင်းအကြောင်း (၂)
                   မနေ့က စိတ်ဆိုတာ အဖြစ်တရား၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ခေါ်တုန်းဆိုရင် အကြောင်းတရားတွေကို မှီပြီး အကြောင်းတရားတွေ ဆုံစည်းမှ ဖြစ်လာတာ ဖြစ်သောကြောင့် အဖြစ်တရားလို့ ပြောခဲ့တယ်။ ဖြစ်ပြီးလို့ရှိရင်လည်း စိတ်ဟာ ချက်ချင်း ချုပ်ပျက်ပြီး သွားလေ့ရှိတယ်၊ စိတ်က အဖြစ်တရားဆိုတော့ အကြောင်းတရားတွေ ဆက်လက်ရှိနေသေးသမျှ ဒီစိတ်ဟာလည်း ဆက်လက် ဖြစ်နေမှာပဲ၊ သံသရာထဲမှာ စဉ်ဆက်မပြတ် အကြောင်းတရားတွေ ရှိနေသည့်အတွက် စိတ်ဟာလည်း ဆက်လက်ဖြစ်ပေါ်နေတမှာပဲ။ ဘဝသံသရာမှာ အကြောင်းတရား ရပ်သွားတာနဲ့ တစ်ပြိုက်နက် စိတ်ဖြစ်မှုဟာလည်း ရပ်တန့်သွားမှာဖြစ်တယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၄) {ဝတ္ထုနဲ့ အာရုံဆုံခြင်း}




ဝတ္ထုနဲ့ အာရုံဆုံခြင်း
                   ဝတ္ထုနဲ့ အာရုံ ဆုံလိုက်တာနဲပ တစ်ပြိုင်နက် စိတ်ကလေျးွှေ ပေါ်လာတယ်။ ဒါက အဓိကအကြောင်းတစ်ခုကိပြောတာ။ ဒိပြင် အကြောင်းတွေလည်း ရှိသေးတယ်၊ အာရုံနဲ့ ဝတ္ထု ဆုံစည်းခြင်းသည် ဒါ common condition, common cause အားလုံးနဲ့ ဆိုင်တဲ့အကြောင်းအရာတစ်ခု။
                   အဲဒီတော့ ဘယ်စိတ်တွေ ဘယ်လိုပေါ်လာတာလဲ ဆိုတာကြည့်၊ ဥပမာ- မျက်စိနဲ့မြင်စရာ အာရုံလေးနဲ့ ဆုံလိုက်ပြီ ဆိုလို့ရှိရင် ပဉ္စဒါရာဝဇ္ဇန်း ကစပြီး မြင်သိစိတ်တွေ ဖြစ်သွားတယ်၊ အမြင်အာရုံပေါ်မှာ ဖြစ်တဲ့စိတ်ကို စက္ခုဝိညာဏ်စိတ်လို့ ပြောတာ၊ သို့သော် အမြင်အာရုံပေါ်မှာ အလုပ်လုပ်တဲ့စိတ်က စက္ခုဝိညာဏ်စိတ် တစ်ခုတည်း မဟုတ်ဘူး၊ စက္ခုဝိညာဏဝီထိစိတ်တွေ အားလုံးဟာ အမြင်အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နားလည်အောင်ပြောရမယ် ဆိုရင် မျက်စိကို အမြင်အာရုံလေး လာဆုံလိုက်တာနဲ့ တစ်ပြိုင်နက် ထိုပေါ်လာတဲ့ အာရုံလေးကို တံခါးဖွင့်ပေးတဲ့စိတ်က ပဉ္စဒါရာဇ္ဇန်းစိတ် attention လုပ်လိုက်တာ၊ Attention လုပ်ပြီးရင် ပျောက်သွားပြီ၊ သူ့တာဝန် ပြီးသွားပြီ။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၃) {စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး၊ အာရုံ ၆-ပါး}


စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး
                   ဒီနေရာမှာ ဝတ္ထု ဆိုတာ စိတ်ရဲ့တည်ရာမှီရာ ရုပ်သဘာဝတရားတွေကို ခေါ်ပါတယ်၊ ခုနတုန်းက စောင်းသံလေးဟာ ဘယ်က လာတုန်းဆို စောင်းကြိုး, စောင်းအိုးက လာတာဆိုတော့ စောင်းအိုးစောင်းကြိုးသည် စောင်းသံရဲ့ တည်ရာဖြစ်တယ်၊ စည်သည် စည်သံရဲ့ တည်ရာဖြစ်တယ်။
                   ဒီလိုပဲ စိတ်ရဲ့တည်ရာ ဝတ္ထုရုပ်ဟာ ၆-မျိုး ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်ရင် မှတ်ဖိုပလွယ်ပါတယ်၊ အရပ်ခေါ်နဲ့ပဲ ပြောလိုက်ပေါ့၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်နဲ့ ဟဒယဝတ္ထု, ဃနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု - ဒါ စိတ်ရဲ့ မှီရာတည်ရာ ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်၊ ရုပ်ကိုမှီပြီး စိတ်ဖြစ်တယ် ဆိုတဲ့သဘောကို ပြောတာ။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၃) {စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး၊ အာရုံ ၆-ပါး}



စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး
                   ဒီနေရာမှာ ဝတ္ထု ဆိုတာ စိတ်ရဲ့တည်ရာမှီရာ ရုပ်သဘာဝတရားတွေကို ခေါ်ပါတယ်၊ ခုနတုန်းက စောင်းသံလေးဟာ ဘယ်က လာတုန်းဆို စောင်းကြိုး, စောင်းအိုးက လာတာဆိုတော့ စောင်းအိုးစောင်းကြိုးသည် စောင်းသံရဲ့ တည်ရာဖြစ်တယ်၊ စည်သည် စည်သံရဲ့ တည်ရာဖြစ်တယ်။
                   ဒီလိုပဲ စိတ်ရဲ့တည်ရာ ဝတ္ထုရုပ်ဟာ ၆-မျိုး ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်ရင် မှတ်ဖိုပလွယ်ပါတယ်၊ အရပ်ခေါ်နဲ့ပဲ ပြောလိုက်ပေါ့၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်နဲ့ ဟဒယဝတ္ထု, ဃနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု - ဒါ စိတ်ရဲ့ မှီရာတည်ရာ ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်၊ ရုပ်ကိုမှီပြီး စိတ်ဖြစ်တယ် ဆိုတဲ့သဘောကို ပြောတာ။
                   စိတ်နဲ့ရုပ်ဟာ အပြန်အလှန်အကျိုးပြုလျက်ရှိတယ်၊ သို့သော် ရုပ်ကိုမမှီဘဲနဲ့ ဖြစ်နိုင်တဲ့စိတ်တွေလည်း ရှိသေးတယ်၊ လူ့ပြည်မှာတော့ မရှိဘူး၊  ရုပ်မဲ့ဘုံ စိတ်ချည်းသက်သက်ဖြစ်တဲ့ဘုံ၊ အရူပ ၄-ဘုံမှာ ဆိုရင် မှီရာဝတ္ထုရုပ်မရှိဘဲ ဖြစ်တယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၂) {ရုပ်နဲ့ နာမ်က အဖြစ်တရား၊ စိတ်ဖြစ်ပုံ အကျဉ်း}



ရုပ်နဲ့ နာမ်က အဖြစ်တရား
ကောင်းပြီ - နိဗ္ဗာန်ဟာ အရှိတရား၊ အခုပြောတဲ့ စိတ်, စေတသိတ်, ရုပ် ဆိုတဲ့ နာမ်က အဖြစ်တရားလို့ ဒီလိုပြောတယ်၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ပြောသလဲဆို၊ ကြည့် - ခုနက ဖယောင်းတိုင်မီးလေးကို ဘယ်သူက မွေးဖွားပေးလိုက်လဲ ဆိုရင် အကြမ်းဖျဉ်းပြောမယ်ဆိုရင် မီးခြစ်ဘူးကနေ မွေးဖွားပေးလိုက်တာ၊ မီးခြစ်ဘူးလေး သို့မဟုတ် ဂက်စ်မီးခြစ်ကို ခြစ်လိုက်ရင် မီးတောက်လေး မဖြစ်ဘူးလား၊ အဲဒီ မီးတောက်လေးကို ဖယောင်းတိုင်မှာ ရှိတဲ့ မီးစာလေးကို ကူးပေးလိုက်တာ၊
ဂက်စ်မီးခြစ်မှာ ရှိနေတုန်းက မီးတောက်လေးဟာ ဂက်စ် ဆိုတာရယ်,ဘီးလုံးလေးရဲ့ သံရယ်, အဲဒီ ဘီးလုံးကို ဖိပွတ်မှုကြောင့် အပူဓာတ် ဖြစ်တာရယ်, လူတစ်ယောက်ရဲ့ ဖိအားရယ် အဲဒီ အကြောင်းသုံးခု ပေါင်းစုံမှုကြောင့် မီးတောက်လေး ပေးလာတယ်၊ အဲဒီ မီးတောက်လေးကို ဘယ်ဟာတွေက ဆက်ပြီးတော့ ထောက်ပံ့ကူညီနေသလဲ ဆိုရင် ဖယာင်းတိုင်မှာရှိတဲ့မီးစာနဲ့ ဖယောင်းဆီက ဆက်ပြီးတော့ ကူညီနေတယ်၊ အကြောင်းတွေက ထောက်ပံ့နေတာ မဟုတ်လား။

Wednesday, 4 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁)(စိတ်ဖြစ်ပုံကိုလေ့လာခြင်း၊ စိတ်လို့ပြောရင် စေတသိက်လည်း ပါတယ်၊ အရှိတရားနှင့် အဖြစ်တရား)




အခန်း - ၁
စိတ်ဖြစ်ပုံကို လေ့လာခြင်း
ဒီကနေ့ည ပကိဏ်းပိုင်းမှာ လာရှိတဲ့ အကြောင်းအရာ၊ ဝီထိပိုင်းမှာ လာရှိတဲ့ အကြောင်းအရာနဲ့ ဝီထိမုတ်ပိုင်းမှာ လာရှိတဲ့ အကြောင်းအရာ အဲဒီအပိုင်း ၃-ပိုင်းမှာ လာရှိတဲ့ အကြောင်းအရာများကို တစ်ခုနှင့်တစ်ခု ဆက်စပ်ပြိး သိသာရုံ မြင်သာရုံ သိလွယ်မြင်လွယ်အောင် ဟောကြားပြသမှာ ဖြစ်ပါတယ်။
အခုဟောတဲ့ အဘိဓမ္မာမြတ်ဒေသနာဆိုတာ မိတ်ဆက် introduction အနေနဲ့ ဟောထားတာ၊ ရှေ့မှာ လေ့လာစရာတွေ အများကြီးရှိသေးတယ်ဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူတဲ့ တရားဓမ္မတွေက အလွန်ကျယ်ဝန်းတယ်၊ အထူးသဖြင့် အဘိဓမ္မာကျမ်းကြီးက အလွန်ကျယ်ဝန်းတယ်။
စိတ်အကြောင်းကို လေ့လာခြင်း ဆိုတဲ့ စိတ်ပိုင်းမှာ စိတ်အကျဉ်း-၈၉ သို့မဟုတ် အကျယ် -၁၂၁ ဘယ်လိုဖြစ်တယ်ဆိုတာကို အပိုင်း-၁မှာ  ဟောထားပြီးပြီ၊  စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ယှဉ်တွဲဖြစ်ပေါ်လာတဲ့ စေတသိတ်အမျိုးအစား ၅၂-မျိုးနဲ့ စိတ် စေတသိတ်ယှဉ်တွဲပုံကို ပြတာက စေတသိတ် ပိုင်းလို့ ဆိုတယ်။

အမှတ်စဉ် (၆၅) {ကရုဏာ၊ မုဒိတာ၊ မြင့်မြတ်သောနေထိုင်ခြင်း၊ အပ္ပမညာ၊ မေတ္တာနဲ့ ဥပေက္ခာ၊ တပြိုင်နက် မဖြစ်၊ ဝိရတီစေတသိတ် (၃)ပါး၊ နိဂုံး}




ကရုဏာ
                  
နောက်ထပ် ပြောစရာရှိတာက အားလုံးသိကြတဲ့အတိုင်း ဗြဟ္မဝိဟာရ ၄-ပါးထဲက “ကရုဏာ၊ မုဒိတာ”၊ ‘မုဒုတာ’ လို့ တစ်ချောင်းငင်နဲ့ ရေးရင် ပျော့ပျောင်းတာ၊ ဒါက လုံးကြီးတင်နဲ့ ရေးတဲ့ ‘မုဒိတာ’၊ ကရုဏာနဲ့ မုဒိတာ၊ ကရုဏာ ကို ဂယ်နဲ့ ရေးတာ မဟုတ်ဘူး၊ ကကြီးနဲ့ ‘ကရုဏာ’၊ မြန်မာလို ပြန်ရင် ကြင်နာသနားခြင်းဆိုတဲ့ အဓိပ္ပါယ်ရတယ်။
                  
 ကြင်နာသနားတယ်ဆိုတာ ရက်စက် ကြမ်းကြုတ်မှုရဲ့ ဆန့်ကျင်ဘက်၊ လောကမှာ သနားကြင်နာမှု ကင်းမဲ့ပြီး တိရစ္ဆာန်ကိုပဲဖြစ်ဖြစ် လူအချင်းချင်းပဲဖြစ်ဖြစ် ရက်စက် ကြမ်းကြုတ်ရင် ကောင်းတာမှ မဟုတ်တာ၊ ကြင်နာသနားတဲ့စိတ်ဟာ မွန်မြတ်တယ်၊ ရက်စက်ကြမ်းကြုတ်တာဟာ မွန်မြတ်တဲ့စိတ် မဟုတ်ဘူး၊ ကရုဏာက ရက်စက်ကြမ်းကြုတ်တဲ့ ဒေါသကို ဖယ်ရှားပစ်တာ ဖြစ်သောကြောင့် ဝိဟိံသတရားမျိုးကို ဖယ်ရှားပစ်နိုင်တယ်၊ စိတ်ထဲမှာ ရက်စက်တဲ့ သဘာဝ စိတ်အညစ်အကြေးကို ကရုဏာက ဖယ်ရှားပစ်နိုင်တာ။
                  

အမှတ်စဉ် (၆၄) {ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊စိတ္တမုဒုတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယုဇုကတာ၊ စိတ္တဇုကတာ




ကာယလဟုတာ၊ စိတ္တလဟုတာ
                  
နောက်တစ်ခုက “ကာယလဟုတာ၊ စိတ္တလဟုတာ”၊ ကိုယ်ရဲ့ ပေါ့းပါးမှု၊ စိတ်ရဲ့ပေါ့ပါးမှု၊ တစ်နည်းအားဖြင့် စေတသိက်တွေရဲ့ ပေါ့ပါးမှု နဲ့ စိတ်ရဲ့ ပေါ့ပါးမှု၊ ပေါ့ပါးမှုရှိတယ်ဆိုတာ လေးလံမှုလည်း ရှိလို့ပေါ့၊ အဲဒီ လေးလံမှုက ဘာတွေလဲဆိုတော့ “ထိန - မိဒ္ဓ”၊  ဒါတွေ ဖြစ်လာလို့ရှိရင် စိတ်က လေးလံလာတယ်၊ စိတ် ဆုတ်နစ်လာပြီဆိုရင် တရားအားထုတ်ဖို့ စိတ်မပါဘူး၊ ကုသိုလ်လုပ်ဖို့ စိတ်မပါဘူး၊ အဲဒီ စိတ်လေးလံစေတက်တဲ့ သဘာဝ တရားတွေ စိတ်အညစ်အကြေးတွေကို ကာယလဟုတာ စိတ္တလဟုတာဆိုတဲ့ သဘာဝတရား စွမ်းအား ထက်လာရင် ဖယ်ရှားပစ်နိုင်တယ်။
                  
အညစ်အကြေးတွေကို ဖယ်ရှားတဲ့နေရာမှာ ဒီ ဘသာဝတရားတွေကလည်း စိတ်အညစ်ကြေးတွေကို ဆေးကြောနိုင်တဲ့ စွမ်းရည်သတ္တိတွေ ရှိတယ်၊ ဒါ ပိုက်ဆံနဲ့ ဝယ်ရတာမဟုတ်ဘူး၊ ဒီ သဘာဝတရားက ကိုယ့်သန္တာန်မှာ ဖြစ်အောင် လုပ်ယူရတယ်။ ဘာနဲ့ဖြစ်အောင် လုပ်ရမလဲဆိုရင် ခုနက ဓမ္မာရုံပေါ် စိတ်စိုက်ပြီး ဒီသဘာဝတရားတွေ ဖြစ်လာအောင် ကိလေသာတွေ မဖြစ်အောင် ဖယ်ရှား၊ စိတ်စွမ်းအားတွေ ဒီဘက်က တိုးမြင့်လာအေင်လုပ်ပေး၊ ကျင့်စဉ်ကတော့ သမထကျင့်စဉ်နဲ့ ဝိပဿနာကျင့်စဉ်ပဲ ဖြစ်တယ်။

အမှတ်စဉ်(၆၃) {ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ပဿဒ္ဓိသဗ္ဗောဇ္ဈင်၊ ဆန့်ကျင်ဘက်တရား၊ အဓိပ္ပါယ်တစ်မျိုး } အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)



စိတ်ဖြူစင်မှု အင်အားစုများ

အပိုင်း(၂)

စိတ်စင်ကြယ်မှု အင်အားစုများဖြစ်တဲ့ စေတသိတ်တွေ အကြောင်း အပိုင်း(၁)ကို ဟောပြောပြီးပြီ၊ ဒီကနေ့ အပိုင်း(၂) ဆက်ဟောပေးပါမယ်။

စေတသိတ်ပေါင်း အားလုံး ၅၂-မျိုး ရှိတယ်၊ ကောင်းမြတ်တဲ့ အရည်အသွေးရှိပြီး စိတ်ရဲ့ အညစ်အကြေးတွေကို စင်ကြယ်စေနိုင်တဲ့ ဒီသဘာဝ စွမ်းအားတွေဟာ မိမိတို့ရဲ့ သန္တာန်မှာ မဖြစ်သေးရင် ဖြစ်အောင်၊ ဖြစ်ပြီးလို့ရှိရင် ခိုင်မာကြီးထွားလာအောင် လုပ်ဖို့ သမ္မာဝါယာမ လို့ ခေါ်တဲ့ မှန်ကန်သော ကြိုးစားမှုဖြင့် ကြိုးစားကြရမှာပါ။
                  
သူ့အလိုအတိုင်းကို ဘာမှဖြစ်လာတာ မရှိပါဘူး၊ အကျိုးလိုချင်ရင် အကြောင်းကို တည်ဆောက်ရမယ်၊ ဒါသဘာဝပါပဲ၊ ဒါကြောင့်မို့ မနေ့က ပြောခဲ့တယ်၊ သဒ္ဓါ, ဟိရီ, သြတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ ဆိုတဲ့ ဒီ သဘာဝတရားတွေရဲ့ စွမ်းဆောင်မှုတွေကို ဟောပြပေးခဲ့ပြီ၊ ဒီကနေ့ အစုံလိုက် အစုံလိုက် အမည်ပေးထားတဲ့ သဘာဝတရား ၆-မျိုးရဲ့ စွမ်းရည် သတ္တိတွေကို ရှင်းပြပါ့မယ်။

အမှတ်စဉ်(၆၂) {အလောဘ၊ အဒေါသ၊ မေတ္တာ၊ တတြမဇ္ဈတ္တတာ} အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)


အလောဘ
                  
နောက်တစ်ခုက အလောဘ၊ အလောဘဆိုတာ လောဘရဲ့ ဆန့်ကျင်ဘက်တရား၊ လောဘ မရှိရုံသက်သက်ကို အလောဘခေါ်တာ မဟုတ်ဘူး၊ လောဘကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်သတ္တိ ရှိလို့ လောဘရဲ့ ဆန့်ကျင်ဘက်တရားကို ခေါ်တာ၊ အလောဘဟာ လောဘကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားရှိတဲ့ သဘာဝတရားတစ်ခု ဖြစ်တယ်၊ အလောဘဟာ လောဘကို ပယ်ဖျက်ပြီး ဒါန ကောင်းမှုကို ပြုတက်တယ်၊ဒါကြောင့်မို့ “အလောဘော ဒါနဟေတု” အလောဘဆိုတဲ့ သဘာဝတရားသည်  လှူဒါန်းမှုကို ဖြစ်စေတက်တယ်လို့ ဆိုတာဖြစ်တယ်။
                  
စေးကပ်နေတဲ့ ကော်သဘောမျိုးဖြစ်တဲ့ စိတ်ကို အာရုံမှာ ကပ်စေတက်တဲ့ လောဘကို လျော့ပါးစေပြီး ကော်နဲ့ အလားတူတဲ့ လောဘကို ဖယ်ရှားပစ်လိုက်ရင် လောဘကြောင့် ဖြစ်တက်တဲ့ အကုသိုလ်တွေ မဖြစ်တော့ဘူး၊ ဒါကြောင့်မို့ လောဘမှာ လှူကြတယ် တန်းကြတယ်ဆိုတာ အလောဘဆိုတဲ့ စွမ်းအားကြောင့် လှူနိုင်တန်းနိုင်တာ၊ အလောဘမရှိရင် မလှူနိုင်ဘူး။

အမှတ်စဉ်(၆၁) {ဒေဝဓမ္မ၊ ဒေဓမ္မဇာတ်၊ဟိရိ သြတ္တပ္ပသဘော၊ မစင်လူးနေတဲ့ သံပူတုံး } အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)



ဒေဝဓမ္မ

                   ဒေဝဓမ္မဆိုတာ နတ်တွေက တန်ဖိုးထားတဲ့ တရား၊ နတ်လို့ဆိုတဲ့နေရာမှာ ဒေဝ ၃-မျိုးရှိတယ်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ မင်းမျိုးတွေကို သမ္မုတိဒေဝ၊ သူတို့လည်း ဟိရီ, သြတ္တပ္ပတရားရှိတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့သူက ဟိရီ,သြတ္တပ္ပမရှိလို့ မရဘူးနော်၊ နောက်တစ်ခါ ဥပပတ္တိဒေဝတဲ့၊ တကယ့်ကို နတ်ဘဝရောက်သွားတဲ့ နတ်တွေကလည်း ဒီ ဟိရီ, သြတ္တပ္ပ ရှိတယ်၊ နောက် ဝိသုဒ္ဓိဒေဝ ဆိုတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ။ စင်ကြယ်သွားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီပုဂ္ဂိုလ်တွေကလည်း ဟိရီ, သြတ္တပ္ပကို တန်ဖိုးထားတာပဲ။

ဒေဝဓမ္မဇာတ်
                  
ငါ့ရာငါးဆယ်ဇာတ်ထဲမှာ ဒေဝဓမ္မဇာတ်ဆိုတာ ရှိတယ်၊ ဟိရီ, သြတ္တပ္ပကို ‘ဒေဝဓမ္မ’ - နတ်တို့ တန်ဖိုးထားတဲ့တရားလို့ ဒီလိုနာမည်ပေးတယ်၊ အဲဒီ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားစရာကောင်းတယ်၊ ဘုရားအလောင်းက အဲဒီတုန်းက မဟိသာသကုမာရ လို့ခေါ်တယ်၊ သူ့ရဲ့ ညီငယ် ၂-ယောက်မှာ တစ်ယောက်က စန္ဒကုမာရ, တစ်ယောက်က သူရိယကုမာရဆိုပြီး ညီအစ်ကို ၃-ယောက်၊ အကြောင်းတစ်ခုကြောင့် တောထဲ ရောက်သွားကြတယ်၊

အမှတ်စဉ်(၆၀) {သတိ၊ သတိထားမှုနှင့် မှတ်မိမှု၊ သတိနှင့် သညာ၊ သတိနှင့် ပညာ၊ ဟိရီ သြတ္တပ္ပ၊ လောကပါလတရား }



သတိ
နောက်တစ်ခုက သတိတဲ့၊ လူတိုင်းလူတိုင်း ပြောနေတာ ‘သတိထား’ လို့၊ သတိဆိုတာ လူတွေရဲ့ စိတ်ထဲမှာ ဖြစ်တာ၊ အဘိဓမ္မာတရားတော်အရ သတိဆိုတာ သောဘဏလို့ခေါ်ထားတဲ့ အခါကျတော့ ကောင်းတာတွေကို အမှတ်ရတာကိုမှ ‘သတိ’ လို့ ပြောရမယ်၊ အရပ်ထဲမှာ ပြောနေကြတဲ့ သတိတွေဟာ တစ်ချို့က ဒီသတိ မဟုတ်ဘူးလို့ ပြောရမယ်။
ခိုးဝှက်မယ့် သူကလည်းပဲ သူလည်း သတိရှိနေတာပဲလေ၊ ဘယ်အချိန် ဘယ်နား ဘာထားတယ်ဆိုတာ သူ သတိထားရတာပဲ၊ သူလည်း သတိရှိတာပဲ၊ အဲဒီ သတိမျိုး သုတ္တန်မှာတော့ မိစ္ဆာသတိ လို့ ခေါ်တယ်၊ မိစ္ဆာသတိဆိုတာ ဒီသတိစေတသိက်ကို ပြောတာ မဟုတ်ပါဘူး၊ ဒီသတိက အကောင်းဘက်မှာသာ သုံးတဲ့ စကားလုံးပါလို့  မှတ်ရမယ်နော်။
လူ့ဝေါဟာရအရ အသုံးအနှုန်း define လုပ်ထားတယ်၊ ကန့်သတ်ချက်ရှိရမယ်၊ ဘယ်ဘာသာ စကားပဲဖြစ်ဖြစ် ဒါ အတူတူပဲ၊ ပါဠိမှ မဟုတ်ဘူး၊ မြန်မာစကားမှာလည်း အကန့်အသတ်ရှိတာပဲလေ၊ သေချာ စဉ်းစားကြည့်ရင် မြန်မာစကားမှာလည်းပဲ ပြောတဲ့အတိုင်း အကုန်ယူရတာမှ မဟုတ်ဘဲ၊ ဒီနေရာ ဒါသုံးတယ်ဆိုတာ မှတ်ထားရမယ်၊ ဒိပြင်နေရာ သုံးလို့ ဖြစ်နိုင်တာမှ မဟုတ်ဘဲနော်၊ ဒီမှာလည်း သတိဆိုတာ အကောင်းဘက်ပဲ ယူတယ်။

အမှတ်စဉ်(၅၉) {ဒဿနမူလိကာ သဒ္ဓါ၊ ပညာမဲ့ သဒ္ဓါ၊ စိတ်ကြည်မှု၊ ခိုင်မာတဲ့ သဒ္ဓါ၊ သဒ္ဓါရှိသူရဲ့ စိတ်ထား၊ ဘာသာခြားတို့ရဲ့ ယုံကြည်မှု }



ဒဿနမူလိကာ သဒ္ဓါ
နောက်တစ်ခုက ဒဿနမူလိကာ သဒ္ဓါ၊ ကိုယ်တိုင်သိမြင်မှုကို အခြေခံတဲ့ သဒ္ဓါ၊ ဘယ်သူ ပြောလို့မှ လက်ခံစရာ အကြောင်းမရှိတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင် သိတာကိုး၊ ကိုယ်တိုင် မသိရင်တော့ သူများပြောတာ လက်ခံရဦးမှာပဲ။
ဥပမာ ဆိုပါတော့ ရန်ကုန်မြို့နေတဲ့ ပုဂ္ဂိုလ်ဟာ ရွှေတိဂုံဘုရားရောက်တာ အခေါက်ခေါက် ရှိနေပြီ၊ ဘုရားရောက်ဖူးတော့ ရွှေတိဂုံဆိုတာ ဘယ်လိုလဲဆိုတာ သိတယ်၊ ဘယ်နားမှာလဲ ဆိုတာလည်း သိတယ်၊ ဟိုးနယ်မှာနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရွှေတိဂုံဘုရား ကြားတော့ ကြားဖူးတယ်၊ ဘယ်နားမှန်း မသိဘူး၊ ပုံထဲတော့ မြင်ဖူးတယ်၊ တစ်ယောက်နဲ့ တစ်ယောက် တူရဲ့လား၊ ဒီလူက ကိုယ်တိုင်သိပြီး လက်ခံတာ၊ ဟိုလူက အကြားနဲ့ လက်ခံတာ၊ ဒဿနမူလိကာဆိုတာ အမြင်ကို အခြေခံပြီးတော့ လက်ခံတာ၊ မြင်ပြီဆိုလို့ရှိရင် ဘယ်သူကမှ ပြောင်းလွဲပစ်လို့ မရဘူး။

အမှတ်စဉ်(၅၈){သောဘဏစေတသိက်၊ သဒ္ဓါ၊ အာကာရဝတီ သဒ္ဓါ}


အခန်း (၇)
စိတ်ဖြူစင်မှု အင်အားစုများ
အပိုင်း(၁)

စိတ်မှာ အညစ်အကြေးတွေ ရောက်နေ့လို့ရှိရင် ဟောဒီ အင်အားစုတွေက စိတ်ကို ဖြူစင်စေနိုင်တယ်၊ စိတ်ဖြူစင်စေတဲ့ အကြောင်းတရားများကို မိမိသန္တာန်မှာ ထူထောင်ပေးခြင်းဖြင့် စိတ်ရဲ့ အညစ်အကြေးတွေ ကင်းစင်သွားနိုင်ပါတယ်၊ ဒီ အင်အားစုတွေဟာလည်း  ယှဉ်ဘက်စိတ်တွေရဲ့ အခြေအနေအလိုက် စွမ်းရည်သတ္တိဟာ အဆင့်ဆင့်ရှိတယ်လို့ သဘောပေါက်ထားရမယ်။
ဆိုပါစို့၊ ဖြူစင်စေတဲ့ အင်အားစုတွေထဲမှာ အလောဘဆိုတဲ့ သဘာဝတရားက လောဘကို ပယ်ဖျောက်နိုင်တယ်ဆိုတဲ့ နေရာမှာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ သဘောပေါက်ဖို့ရာက ထိုအလောဘသည် ဘယ်စိတ်မှာ ယှဉ်တဲ့ အလောဘလည်း ဆိုတာ ကို ကြည့်ရမယ်။
(၁) မဟာကုသိုလ်စိတ် နှင့် ယှဉ်ပြီး ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘဝနာကောင်းမှုလုပ်တဲ့ အလောဘက လောဘကို ပယ်နိုင်တာ တဒင်္ဂပဲ ပယ်နိုင်တယ်၊ စွမ်းရည်သတ္တိ ဒီလောက် မပြည့်စုံဘူး။
(၂) ဈာန်တရားတွေနဲ့ ယှဉ်တွဲလာပြီး ဆိုလို့ရှိရင် အဲဒီ အလောဘက လောဘကို တော်တော်ဝေးဝေး ဖယ်ရှား ထားနိုင်တယ်၊ လုံးဝနီးနီးလောက် ဖျောက်ထားနိုင်တယ်၊ သူက စွမ်းရည်သတ္တိပိုထက်လာတယ်။
(၃) မဂ်ဆိုတဲ့ လောကုတ္တရာစိတ်နဲ့ယှဉ်တဲ့ အလောဘကျတော့ လောဘကို အကြွင်းအကျန်မရှိအောင် ဖယ်ရှားပစ်နိုင်တယ်လို့ ဒီလို မှတ်ရမယ်၊ မဂ်စိတ်နှင့် ယှဉ်တဲ့ နေရာမှာ လည်းပဲ လောဘရဲ့ သဘောကို အဆင့်ဆင့် ပယ်သွားနိုင်တယ်။

စေတီရှိ အဆင်တန်ဆာ၏ အမည်များ

Tuesday, 3 March 2015

ဗိုလ် ငါးပါး။

        တရားအားထုတ်ရာမှာ ဗိုလ်ငါးပါးလို့ခေါ်တဲ့စိတ်ကို ကြီးကြပ်စောင့်ထိန်းသည့်
တရားငါးမျိုးကို ညီညွှတ်မျှတအောင် သုံးစွဲခြင်းဖြင့် တရားအသိဉာဏ်ကို လွယ်ကူလျှင်မြန်စွာ
သိရှိနိုင်ပြီး၊ နိဝရဏတရားနှင့် ကိလေသာတို့ကိုလည်း လွှမ်းမိုးဖယ်ရှားနိုင်ပါတယ်။
ဗိုလ် ငါးပါးမှာ= ၁။ သဒ္ဒါဗိုလ် (ယုံကြည်မှု)
                   ၂။ ပညာဗိုလ်
                   ၃။ သတိဗိုလ် (ပိုတယ်မရှိပါ၊ လိုတယ်သာရှိပါတယ်။)
                   ၄။ ၀ိရိယဗိုလ်
                   ၅။ သမာဓိဗိုလ် တို့ ဖြစ်ပါတယ်။

ဂုဏ်တော်ကွန်ချာ




၁။ သော ဘဂ၀ါ ဣတိပိ အရဟံ၊အရဟံ ၀တ သော ဘဂ၀ါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊အရဟန္တံ သိရသာ နမာမိ၊
ပထမော ၀ဇီရပါကာရော၊သော ဘဂ၀ါ ဣတိပိ အရဟံ။

သောဘဂ၀ါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံမည်တော်မူပါပေ၏။
သောဘဂ၀ါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ၀တ၊ စင်စစ် ဧကန်အမှန်မလွဲ၊ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သရဏံ ကိုးကွယ်အားထားရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပူဇော်ပါ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သိရသာ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိ ရှိခိုးကန်တော့ပါ၏။
ပထမော ရှေးဦးစွာသော ၀ဇိရပါကာရော အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂ၀ါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံ မည်တော်မူပါပေ၏။


၂။ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ၊
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ၀ဇီရပါကာရော၊သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။

သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သမ္မာသမ္ဗုဒ္ဓေါ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူပါပေ၏။
သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။

၃။ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊  ၀ိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ၀ဇီရပါကာရော၊သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူပါပေ၏။

ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
တတိယော၊ သုံးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။


၎။ သော ဘဂ၀ါ ဣတိပိ သုဂတော၊သုဂတော ၀တ သော ဘဂ၀ါ၊
သုဂတံ သရဏံ ဂစ္ဆာမိ၊သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ သုဂတော။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သုဂတော၊ နိဗ္ဗာန်သို့ သွားတော်မူတတ်ပါပေ၏။ (တစ်နည်း) သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်ပါပေ၏။
သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
စတုတ္ထော။ လေးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။

၅။ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ၊ လောက၀ိဒူ ၀တ သော ဘဂ၀ါ၊
လောက၀ိဒုံ သရဏံ ဂစ္ဆာမိ၊လောက၀ိဒုံ သိရသာ နမာမိ၊
ပဉ္စမော ၀ဇီရပါကာရော၊သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ လောကဝိဒူ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။
လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
ပဉ္စမော၊ ငါးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။



၆။ သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂ၀ါ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ အနုတ္တရောပုရိသဒမ္မသာရထိ၊ ဆုံးမတော်မူရာ၌အတုမရှိ မြတ်တော်မူပါပေ၏။
အနုတ္တရောပုရိသဒမ္မသာရထိံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
အနုတ္တရောပုရိသဒမ္မသာရထိံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
ဆဋ္ဌမော၊ ခြောက်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။


၇။ သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊ သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ၊
သတ္ထာရံ ဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေ၀မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ၀ဇီရပါကာရော၊သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူပါပေ၏။
သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
သတ္တမော၊ ခုနှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။


၈။ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ၊ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ၀ဇီရပါကာရော၊သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။
ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဗုဒ္ဓေါ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်ပါပေ၏။

ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
အဋ္ဌမော၊ ရှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။


၉။ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ၊ဘဂ၀ါ ၀တ သော ဘဂ၀ါ၊
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊ဘဂ၀န္တံ သိရသာ နမာမိ၊ န၀မော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။
ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဘဂဝါ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူပါပေ၏။


ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။

နဝမော၊ ကိုးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။


၁၀။ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ၊
လောက၀ိဒူ ၀တ သော ဘဂ၀ါ၊ လောက၀ိဒုံ သရဏံ ဂစ္ဆာမိ၊
လောက၀ိဒုံ သိရသာ နမာမိ၊ ပဉ္စမော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ။ အပိုဒ်(၅) လောကဝိဒူ နှင့်တူ၏

၁၁။ သော ဘဂ၀ါ ဣတိပိ သုဂတော၊ သုဂတော ၀တ သော ဘဂ၀ါ၊
သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ သုဂတော။ အပိုဒ်(၄) သုဂတောနှင့်တူ၏။

၁၂။ သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂ၀ါ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။ အပိုဒ်(၆) အနုတ္တရောပုရိသဒမ္မသာရထိနှင့်တူ၏။

၁၃။ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊  ၀ိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။
အပိုဒ်(၃) ဝိဇ္ဇာစရဏသမ္ပန္နော နှင့်တူ၏။

၁၄။ သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊ သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ၊
သတ္ထာရံ ဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေ၀မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ။
အပိုဒ်(၇) သတ္ထာဒေဝမနုဿာနံနှင့်တူ၏

၁၅။ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ၊
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။
အပိုဒ်(၂) သမ္မာသမ္ဗုဒ္ဓနှင့်တူ၏။

၁၆။ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ။
အပိုဒ်(၈) ဘဂဝါနှင့်တူ၏။

၁၇။ သော ဘဂ၀ါ ဣတိပိ အရဟံ၊ အရဟံ ၀တ သော ဘဂ၀ါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊
ပထမော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ အရဟံ။
အပိုဒ်(၁) အရဟံနှင့်တူ၏။

၁၈။ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ၊ ဘဂ၀ါ ၀တ သော ဘဂ၀ါ၊
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊ ဘဂ၀န္တံ သိရသာ နမာမိ၊
န၀မော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ။
အပိုဒ်(၉) ဘဂဝါနှင့်တူ၏။

Friday, 23 January 2015

နာကိုး တောင်းရှစ် သာဓုတစ်”- မေးခွန်း အဖြေ



“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသင်္ချေ” ဟူသောစကားကို ပါဠိတော် အဋ္ဌကထာတို့၌ မပါကြောင်း ရှေးယပ်လှဲတရားစာ စသည်တို့၌သာတွေ့မိကြောင်း ပညာရှင်တို့ ဖြေကြားဖူးလေပြီ။
(ဂါထာအနေဖြင့် ဤသို့ရှိသတဲ့–
န၀ကပ္ပံ သုတဓမ္မံ ၊ အဋ္ဌကပ္ပဉ္စ ယာစိတော၊
ဧကော ကပ္ပေါ နုမောဒနာ၊ ဒေသိတော စ အသင်္ချေယော။)
ရှေးဦးစွာ လင်္ကာပါအတိုင်း အကျိုးရနိုင်,မရနိုင် မစိစစ်မှီ၊ ပါဠိတော် အဋ္ဌကထာတို့၌ လာသော တရားနာခြင်း စသည်တို့၏ အကျိုးတရားတို့ကို ဖော်ပြချင်ပါသည်။

နာ-ကိုး
အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မဿဝန သုတ်တွင် တရားနာခြင်းဖြင့် အကျိုးငါးပါး ရနိုင်ကြောင်း အောက်ပါ အတိုင်းဟောတော်မူထား၏။
ရဟန်းတို့ တရားနာခြင်း၌ ၊ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း-
အဘယ်ငါးမျိုးတို့နည်းဟူမူ-
  1. မကြားဘူးသည်ကို ကြားနာရ၏၊
  2. ကြားဘူးသည်ကို ဖြူစင်စေ၏၊
  3. ယုံမှားမှုကို ကူးမြောက်နိုင်၏၊
  4. အယူကိုဖြောင့်မှတ်စွာ ပြုနိုင်၏၊
  5. ထိုသူ၏ စိတ်သည် ကြည်လင်၏။

Thursday, 22 January 2015

အရိယာဟု ၀န်ခံကြသူများ


> ရန်ကုန်မြို့ရှိ မိတ်ဆွေတစ်ယောက်ထံမှ ‘အရိယာကြေညာစာတမ်း’ များကို ဖတ်ရပါသည်။ တာမွေမြို့နယ်မှ လူပုဂ္ဂိုလ်ဆရာတစ်ဦး၏ တရားပြမှုဖြင့် တရားထိုင်ကြကာ မိမိတို့ အရိယာတွေ ဖြစ်နေကြပါပြီဟူသော လူပုဂ္ဂိုလ်များ၏ ကြေညာစာရွက်များ ဖြစ်ပါသည်။ မိတ်ဆွေက လက်ခံချင်ပုံရပါသည်။ ထို့ကြောင့် ကျွန်တော်ထက် ပရိယတ္တိပညာ ကြီးသူများ၏ အဖြေများဖြင့် သူကိုရှင်းလင်းပြလိုသောကြောင့် လူသိရှင်ကြား မေးမြန်းအပ်ပါသည်ခင်ဗျား–

(က) တရားထိုင်တုန်း ကိုက်ခဲနာကျင်မှု ဝေဒနာတွေ ပေါ်လာတာဟာ ၀ဋ်ကြွေးချေရတာ ဖြစ်သည်။
“မဟာနာမ် ငါသည် အခါတစ်ပါး၌ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေ၏။ ထိုအခါ များစွာသော နိဂဏ္ဌတို့သည် ဣသိဂိလိတောင်နံဘေး ကျောက်ဖျာနက်ပေါ်၌ ထိုင်နေခြင်းကို ပယ်ကြကုန်လျက် မတ်မတ်ရပ် တည်နေကြကုန်၏၊ အားထုတ်မှုကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲ ဝေဒနာတို့ကို ခံစားကြကုန်၏။

Wednesday, 21 January 2015

ယမမင်း တောင့်တသောဆုတောင်း (၅) ချက်




ယမမင်းသည် သူတော်ကောင်းကြီးဖြစ်ပြီး ငရဲပြည်သို့ ရောက်လာသော သူများကို လူ့ဘ၀ တစ်လျှောက်လုံး ဘာကုသိုလ်မှ မပြုဘဲ မေ့လျောနေသူများ အားတွေ့ မြင်ရသောအခါ သံဝေဂ ရကာ အောက်ပါ တောင့်တချက် ငါးမျိုးကို တောင့်တသည်။

၁) ယမမင်းကြီးက လူဖြစ်ရင်ကောင်းမှာဘဲ ဟုတောင့်တသည်။
၂) လူဖြစ်ရင်လည်း ဘုရားနှင့် တွေ့ ရပါစေဟု တောင့်တသည်။
၃) ဘုရားနဲ့တွေ့ ရင်လည်း ဘုရားနားမှာ အလုပ်အကျွေးပြု ပြီး နီးကပ်စွာ ချဉ်းကပ်နိုင်ပါစေ ဟု တောင့်တသည်။
၎) ဘုရား၏ တရားကို နာကြားရပါစေ ဟု တောင့်တသည်။
၅) တရားနာပြီးနောက် တရားသိရပါစေဟု တောင့်တသည်။

အလှူပေး တကယ်သူဋ္ဌေးဖြစ် ။


 
အလှူပေး တကယ်သူဋ္ဌေးဖြစ် ။
သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ
ထမင်းစားပြီး ပန်းကန်ဆေး၍ သွန်ပစ်သော ရေတွင်ပါဝင်သည့် ထမင်းစေ့ကလေးများ ကိုပုရွက်ဆိတ် ပိုးဟပ် စသောတိရိစ္ဆန်များက စားရသည်ကိုပင် ကုသိုလ်
ရပြီး ဒါနမြောက်သည်ဟုဆိုလျှင်
အခြားဆိုဘွယ်ရာမရှိချေ လောကတွင်ရေတခွက် တိုက်ဘူးသူ မုန်တခုကြွေးဘူးသူ ပိုက်ဆံတစ်ကျပ်မျှ စွန့်ကျဲဘူးသူ လဲနေသူကို ထူဖူးသူ ကုသိုလ်ရလို၍ မဟုတ်ဘဲ လူမှုရေးအရ ကူညီသူအများ အပြားရှိကြ၍ တနည်းနည်း ဖြင့်ကုသိုလ် ရဖူးသူများဖြစ်ကြသည့် အတွက် မလှူဖူး
သူမရှိပါဟုဆိုရခြင်းဖြစ်ပါသည်။

ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါ၏။

         လောကသားအားလုံး၏ အနှိုင်းမဲ့ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဘုန်းတော်
အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူပါတယ်။ ဘုရားရှင်၏ ဂုဏ်ကျေးဇူး
တော်များကို အောက်မေ့နှလုံးသွင်းနေစဉ်၊ ဘုရားရှင်ကို သတိရနေစဉ်တွင် အတွင်းသန္တာန်၌ အ
ပူအညစ်များ ကင်းဝေးဖြူစင် နေပါတယ်။ ဘုရားရှင်ကို သတိရနေသောစိတ်က မကောင်းသော
အကုသိုလ်များ မပြုမိအောင် တားဆီးနိုင်စွမ်း ရှိပါတယ်။
         တစ်ခါတုန်းက ဘုရားအလောင်းတော်ဟာ တိလောက၀ိဇယမင်းကြီး ဖြစ်ခဲ့ဖူးပါတယ်။ တိ
လောက၀ိဇယမင်းကြီးဟာ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါတယ်
နောက်... ဝေဇယန္တာဆိုတဲ့ အထပ်ပေါင်း များစွာရှိတဲ့ ကျောင်းတော်ကြီးကို စိတ်ကူးနဲ့   ဆောက်
လိုက်ပါတယ်။ ကျောင်းဆောင်ကြီးထဲမှာ မြတ်စွာဘုရားထိုင်ဖို့ ရွှေပလ္လင်၊ သံဃာတော်တွေထိုင်ဖို့
အခင်းတွေ၊ သောက်သုံးဖို့ ရေအိုးတွေ၊ နေဖို့ အခန်းတွေ စသည်ဖြင့် ကျောင်းတစ်ခုမှာ   လိုအပ်
တာတွေ အကုန် ပုံဖေါ်လိုက်ပါတယ်။

"မြတ်စွာဘုရား ညွှန်ပြသော ပစ္စုပ္ပန်စီးပွားချမ်းသာရေးနှင့် တမလွန် ချမ်းသာရေး လမ်းညွှန်"




ဗုဒ္ဓမြတ်စွာ လက်ထက်တော် ကာလတုန်းက
ကောလိယတိုင်း၊ ကက္ကရပတ္တဆိုတဲ့မြို့ မှာ မြတ်စွာဘုရား
ရောက်ရှိနေတဲ့ အချိန်ပိုင်းလေးမှာ အဲဒီ ကက္ကရပတ္တ က
ဒီဃဇာဏု ဆိုတဲ့ အမျိုးသား ဦးဆောင်ပြီးတော့
ဗုဒ္ဓမြတ်စွာထံ ၀င်ရောက်ချဉ်းကပ်ကြတယ်။

သူတို့ က
မြတ်စွာဘုရားကို လျှောက်တယ်။ "အရှင်ဘုရား၊
တပည့်တော်တို့ ဟာ ဒီဘ၀မှာလဲ ချမ်းချမ်းသာ၊ ပျော်ပျော်ရွှင်ရွှင်
မိသားစုနဲ့  သိုင်းသိုင်းဝိုင်းဝိုင်း နေချင်ပါတယ်။ နောင်ဘ၀မှာလဲ
ကောင်းရာ ဘုံဘ၀ကို ရောက်ချင်တယ်။ အဲဒီလို ဖြစ်နိုင်တဲ့
အခြေအနေကောင်းတွေများ ရှိပါသလား" တဲ့။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated