ခန္ဓာအစဉ်၌ ကံ၏သတ္တိကျန်ရှိရစ်ပုံ
ထိုကဲ့သို့
အထင်အရှား ဖြစ်နေကြသော ကုသိုလ် အကုသိုလ် ထုံးစံအတိုင်း
ချုပ်ပျောက်ကြသော်လည်း ပြီးပြီးပျောက်ပျောက် ချုပ်သွားကြသည်မဟုတ်။
မိမိတို့၏ ကံစွမ်းသတ္တိကို ခန္ဓာအစဉ်မှာ မြှုပ်ထားလျက် ချုပ်သွားကြလေသည်။
ဆိုလိုရင်းကား
- ခန္ဓာကိုယ်၌ စိတ်တစ်ခုပြီးတစ်ခု ဖြစ်ရာဝယ် သတ္တိနည်းသော စိတ်တို့သည်
ချုပ်ပြီးနောက်၌ သူတို့၏ အစွမ်းသတ္တိ တစ်စုံတစ်ရာ မကျန်ရစ်တော့။
သတ္တိထက်မြက်သော ဇောစေတနာတို့၏ သတ္တိကား ခန္ဓာအစဉ်မှာ ကျန်ရစ်ကြလေသည်။
ဥပမာ - မထက်မြက် မထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ သူတို့၏ အရှိအ၀ါသည် သားသမီးအပေါ်၌ သိသိသာသာ မကျန်ရစ်တော့ဘဲ ထက်မြက်ထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ၌သာ သူတို့၏ အရှိန်အ၀ါသည် သားသမီးတို့မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့တည်း။