@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Wednesday, 8 April 2015
ဘဂ၀ါဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၉) သော ဘဂ၀ါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-အဏုမြူသဖွယ်, ပျောက်ကွယ်သိမ်မွေ့, မမြင်တွေ့အောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “အဏိမာ”ဘုန်းတော်၊
စိတ်၏အလား, ကောင်းကင်ဖျား၌, ပေါ့ပါးလျင်မြန်, ဈာန်ပျံကြွသွားနိုင်သော “လဃိမာ”ဘုန်းတော်၊
ကိုယ်တော်သဏ္ဌာန်, ပုံဟန်တိုင်းငြား, မနိုင်အားဖို့, ကြီးမားလေအောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊
ဆီးတားကွယ်ကာ, မရှိပါဘဲ, လိုရာတိုင်းပေါက်, တစ်ခဏလောက်ဖြင့်, ကြွရောက်နိုင်သော “ပတ္တိ”ဘုန်းတော်၊
ဗုဒ္ဓဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
၈။ သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒုက္ခသမုဒယ, နိရောဓနှင့်, မဂ္ဂမည်သာ, လေးသစ္စာကို, ဦးစွာပိုင်ပိုင်, သိမြင်နိုင်၍, သုံးဆိုင်ဝေနေ, များဗိုလ်ခြေကို, မသွေအတူ, သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပာယ်
ဗုဒ္ဓဂုဏ်တော်သည် “ကိုယ်တော်တိုင်သိ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သည်”ဟူသော အနက်ကို ပြ၏။
သတ္တာဒေ၀မနုဿနံ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၇) သော ဘဂ၀ါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တ၀ါဟော်, ကုန်သည်ကျော်သည်, ဖော်လှော်ငယ်သား, နောက်ပါများကို, ရေရှားဘေးခ, ကန္တာရမှ, ခေမမြေငူ, ထုတ်ကယ်ယူသို့, ထို့တူတစိ, ခဲယဉ်းဘိသည့်, ဇာတိ ဇရာ, မရဏဟု, ကန္တာရကြမ်း, ခရီးလမ်းမှ, ရွှေနန်းမြေငူ, ပြည်နိဗ္ဗူသို့, နတ်လူဗြဟ္မာ, သတ္တ၀ါကို, ကောင်းစွာဆောင်ယူ, ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေ၀မနုဿာနံ-သတ္ထာဒေ၀မနုဿာနံဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီ၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ 
ကြည့်ရူရန်အဓိပ္ပါယ်
သတ္ထာဒေ၀မနုဿာနံဂုဏ်တော်သည် "နတ်လူတို့၏ ရှေ့ဆောင်ဦးစီးကုန်သည်ကြီးနှင့် တူတော်မူ၏"ဟူသော အနက်ကိုပြသည်။ (ဒေ၀မနုဿာနံ-နတ်လူတို့၏ + သတ္ထာ-(ဆရာဖြစ်၍) ကုန်သည်ကြီးနှင့် တူတော်မူသည်။)
အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၆) သော ဘဂ၀ါ-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန်, သတ္တ၀ါမှန်သော်, ချောက်တနှ်လျှင်ချောက်, မြှောက်တန်မြှောက်၍, အောက်အောက် ထက်ဂုဏ်, ဆင့်ဆင့်စုံဖို့, ဖုံဖုံသင်ပေး, အစဉ်ဖေးလျက်, ယဉ်ကျေလေအောင်, သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရောပုရိသ ဒမ္မသာရထိ-အနုတ္တရောပုရိသဒမ္မသာရထိဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန်အဓိပ္ပါယ်
အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်သည် "ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမူ၌ အတုမရှိ စွမ်းနိုင်ပါပေသည်"ဟူသော အနက်ကိုပြသည်။ (အနုတ္တရော+ပုရိသဒမ္မ+သာရထိ၊ အနုတ္တရော=အတုမရှိမြတ်သည် + ပုရိသ=ယောက်ျား(သတ္တ၀ါ) + ဒမ္မ=ဆုံးမထိုက်သူ + သာရထိ=ဆုံးမနိုင်သည်။)
လောက၀ိဒူ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၅) သော ဘဂ၀ါ- ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တောကာသ, သင်္ခါရဟု, လောကသုံးဘုံ, အလုံးစုံကို, အာရုံထင်စွာ, ပိုင်းခြားကာဖြင့်, ကောင်းစွာကုန်စင်, သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ လောက၀ိဒူ-လောက၀ိဒူဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပါယ်
လောက၀ိဒူဂုဏ်တော်သည် "လောကအားလုံးကို သိမြင်တော်မူနိုင်ပေ၏"ဟူသော အနက်ကို ပြသည်။ (လောက=ကမ္ဘာလောကကြီးကို + ၀ိဒူ=သိတော်မူနိုင်သည်။)
လောကသုံးပါး သတ္တလောက, သြကာသလောက, သင်္ခါရလောကဟု လောကသုံးပါးရှိ၏၊ သက်ရှိသတ္တ၀ါအပေါင်းသည် သတ္တလောကမည်၏၊ သတ္တ၀ါတို့၏ တည်နေရာဘုံဌာနသည်လည်းကောင်း, ဘုံမရှိသော နေရာဌာနသည်လည်းကောင်း သြကာသလောကမည်၏၊ ရုပ်တရား, နာမ်တရားအားလုံးသည် သင်္ခါရလောကမည်၏။
သုဂတဂုဏ်တော်ဖွင့်(ကျက်မှတ်ရန်)
(၄) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒီပင်္ကရာ, ထွတ်ချာသနင်း, ခြေတော်ရင်းမှ, မှန်ကင်းသိရီ, ဗောဓိမဏ္ဍိုင်, ခန်းဝါပိုင်အောင်, ဆယ်ခိုင်ပါရမီ, စုံပြည့်ညီလျက်, သုံးလီဘ၀, များသတ္တ၏, သုခစီးပွား, ကျင့်သောအားဖြင့်, မိုက်မှားအယူ, မိစ္ဆာဟူက, ဆံမြူတစ်စိ, မကပ်ငြိဘဲ, သတိသမ္ပဇဉ်, မပြတ်ယှဉ်လျက်, သဗ္ဗဉ်ဥာဏ်တော်, ရကြောင်းရော်၍, ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား
ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်အဖွင့် (ကျက်မှတ်ရန်)
(၃) သော ဘဂ၀ါ -ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်, ဣတိပိ ဣမိနာစ ကာရဏေန-သုံးပါး ရှစ်ပါး,၂-မျိုးအားဖြင့်, ဟောထားပညာ, ဥာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ်, အမြိုက်ရပ်သို့, ဆိုက်ကပ်ရန်ဖြင့်, အမှန်သင့်သည့်, အကျင့်စရဏ, ဆယ့်ငါးဝနှင့်, တကွဥဿုံ, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏ သမ္ပန္နော-၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန်အဓိပ္ပာယ်
ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်သည် "၀ိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူ၏"ဟူသော အနက်ကို ပြ၏။ (၀ိဇ္ဇာ=အသိဥာဏ် + စရဏ=အကျင့် + သမ္ပန္န=ပြည်စုံ၏။) 
သုံးပါး, ရှစ်ပါး-ဥာဏ်ဝိဇ္ဇာတည်း။   ။အသိဥာဏ်ပညာဟူသော ၀ိဇ္ဇာကို အချို့ သုတ္တန်ဒေသနာတော်၌ ၃-ပါး၊ အချို့ သုတ္တန်ဒေသနာတော်၌ ၈-ပါးဟု ၂-မျိုးအားဖြင့် ဟောထားတော်မူသောကြောင့် "၀ိဇ္ဇာသုံးပါး, ၀ိဇ္ဇာရှစ်ပါး"ဟု ကွဲနေသည်။
 ဆောင် - သုံးပါး ၀ိဇ္ဇာ, ပု-ဒိ-အာနှင့်, ဝိဇ္ဇာရှစ်ရပ်, ၀ိပသ်စေတော့, မနောမယိဒ်, ဒိနှင့်ဣဒ်, ထည့်သိပ်ရေတွက်လေ။
ဗုဗ္ဗေနိဝါသာနုဿတိဥာဏ်။ ။ ရှေးရှေးဘ၀၌ ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သောဥာဏ်။ 
ဒိဗ္ဗစက္ခုဥာဏ်။ ။နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း, သေးငယ်သော အဆင်းကို မြင်နိုင်သောဥာဏ်။ 
အာသ၀က္ခယဥာဏ်။ ။ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဥာဏ်။ 
ဝိပဿနာဥာဏ်။ ။"အနိစ္စ ဒုက္ခ အနတ္တ"ဟု ရုပ်နာမ်တရားအားလုံးကို သိမြင်နိုင်သောဥာဏ်။
စေတောပရိယဥာဏ်။ ။သူတစ်ပါး၏ စိတ်ကိုသိနိုင်သောဥာဏ်။ 
မနောမယိဒ္ဓိဥာဏ်။ ။မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သောဥာဏ်။
ဒိဗ္ဗသောတဥာဏ်။ ။နတ်တို့၏ နားကဲ့သို့ ဝေးသော အသံ, သေးငယ်သော အသံကို ကြားနိုင်သောဥာဏ်။ 
ဣဒ္ဓိဝိဓဥာဏ်။ ။ မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဥာဏ်၊ ရှေ့ ၃-ပါးတွင် ဤငါးပါးကိုထည့်လျှင် ၀ိဇ္ဇာရှစ်ပါးဖြစ်၏။ 
နိဗ္ဗာနဓာတ်-အကျင့်စရဏ။ ။မပျက်စီးနိုင်သောအရာကို "အမြိုက်"ဟု ခေါ်၏။ ထိုအမြိုက်နှင့်တူသော နိဗ္ဗာနဓာတ်သို့ ရောက်ဖို့ရန်ကျင့်သော အကျင့်ကို "စရဏ" ဟုခေါ်သည်။ 
 စရဏ ၁၅-ပါး 
ဆောင် - သဒ္ဓါ သတိ, ဟိရီသြတ္တ, ၀ီရိယနှင့်၊ 
သုတပညာ, ခုနှစ်ဖြာ, သဒ္ဓမ္မာ ဟုပြ။ 
ထိုသဒ္ဓမ္မာ, ခုနှစ်ဖြာနှင့်, ဘော ဇာ သီဣန်, 
ဈာန်လေးကြိမ်ထား, ဤဆယ့်ငါး, မှတ်သား စရဏ။ 
သဒ္ဓါ-"ကုသိုလ်-အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိသည်၊ ရတနာသုံးပါး ရှိသည်၊ နောင်ဘ၀ ရှိသည်"ဟု ယုံကြည်မူ။ 
သတိ-ကုသိုလ်ကောင်းမူ ဆိုင်ရာ၌ အမှတ်ရမူ။ 
ဟိရီ-ကောင်းမူ ဒုစရိုက်မှ ရှက်မူ။
သြတ္တပ္ပ-မကောင်းမူ ဒုစရိုက်မှ ကြောက်လန့်မူ။ 
ဝီရိယ-ကုသိုလ်ကောင်းမူကိစ္စ၌ အားထုတ်မူ။ 
သုတ-အကြားအမြင်များမူ။
ပညာ-အရာရာ၌ တတ်သိ လိမ္မာမူ။ 
ဤကား "သဒ္ဓမ္မ"ဟု ခေါ်အပ်သော သူတော်ကောင်းတရား ၇-ပါးတည်း၊ (သူတော်ဥစ္စာ၌ကား သတိနှင့် ၀ီရိယကို နူတ်ပြီးလျှင် သီလ(သီလစောင့်မူ)၊ စာဂ(စွန့်ကြဲလှူဒါန်းမူ)ထည့်၍ ရေတွက်ရသည်။)
ဘောဇနေမတ္တညုတာ။ ။စားသောက်ရာ၌ မိမိနှင့် သင့်မသင့် နိုင်းချင့်၍ အတိုင်းအရှည်သိမူ။ 
ဇာဂရိယာနုယောဂ။ ။ နိုးနိုးကြားကြား အိပ်မူ, အအိပ်အနေနည်းမူ။ 
သီလ။ ။ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမူ။ 
ဣ္ကုန္ဒြိယသံဝရ။ ။ တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣနြေ္ဒမများကို ငြိမ်သက်အောင် စောင့်စည်းမူ။ 
ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပေါင်း စရဏ ၁၅-ပါး ဖြစ်၏။ 
"၀ိဇ္ဇာ"ဟူသော အသိဥာဏ်ရှိသော်လည်း "စရဏ"ဟူသော အကျင့်မရှိက နိဗ္ဗာန်မရနိုင်၊ "စရဏ"အကျင့်သာရှိ၍ "၀ိဇ္ဇာ"ဟူသာ အသိဥာဏ်မရှိလျှင် လမ်းမှန်မရောက်ဘဲ အလွဲကိုကျင့်နေသဖြင့် ခရီးမတွင်ဘဲရှိမည်၊ ရှင်တော်မြတ်ဘုရားကား အထွတ်အထိပ်ဖြစ်သော ၀ိဇ္ဇာ=ဥာဏ်, စရဏ=အကျင့်နှင့် ပြည့်စုံတော်မူပါပေသည်။ 
 တိုက်တွန်းချက်
အရာရာ၌ အသိဥာဏ်ဖြင့် အမှန်ကို ကျင့်ကြံအားထုတ်မှသာ ထမြောက်နိုင်သည်၊ ယခုအခါ၌ကား အသိဥာဏ်ရှိပါလျက် သိသလောက် ကျင့်ကြံအားထုတ်မူ "စရဏ" မရှိသောကြောင့် အောက်ကျနောက်ကျ ဖြစ်နေသူတွေ များလှ၏။ ထို့ကြောင့် ဘုရားရှင်၏ "၀ိဇ္ဇာစရဏသမ္ပန္န"ဂုဏ်တော်ကို အာရုံပြုလျက် ကြည်ညိုပြီးလျှင် မိမိသန္တာန်၌ အသိရော အကျင့်ပါ ၂-ဖြာလုံး ပြည့်စုံအောင် ကြိုးစားသင့်ကြသတည်း။
 ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။ 
Credit to http://www.myittaryik.com/2013/12/blog-post_25.html#more
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
 (၂) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-သဗ္ဗဉ်ဥာဏ်အား, စွမ်းပကားဖြင့်, များသင်္ခါရ,ဝိကာရ နှင်​.လက္ခဏ,ပညတ်, နိဗ္ဗာန်ဓာတ်ဟု, ငါးရန်သိရန်, ဥေယျဓမ်ကို, ဖောက်ပြန်မရှိ, ကိုယ်တော်တိုင် သိတော်မူသော ဤအကြာင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ 
ကြည့်ရူရန် အဓိပ္ပာယ်
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်သည် "အလုံးစုံသောတရားကို ကိုယ်တော်တိုင် သိမြင်တော်မူနိုင်၏"ဟူသော အနက်ကို ပြသည်။ (သမ္မာ + သံ + ဗုဒ္ဓ-သမ္မာ=မဖောက်မပြန်(အမှားမရှိအောင်) + သံ=ကိုယ်တော်တိုင်+ ဗုဒ္ဓ=သိတော် မူနိုင်သည်။)
သဗ္ဗဉ်ဥာဏ်အား, စွမ်းပကားဖြင့်
ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ကိုရဖို့ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကောင်းမူ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့် အားလျော်စွာ ဘ၀အဆင့်ဆင့် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတဥာဏ်တော်အဖြစ်သို့ရောက်၍ လွန်စွာအစွမ်းသတ္တိ ထက်မြက်ပါပေသည်။
ယခုလောက၌ သေးငယ်သောမြူမူန်တို့ကို လူအပေါင်းတို့ ၀ိုင်း၍ကြည့်သောအခါ မျက်စိကောင်းသူများသာ မြင်၍ မျက်စိမူန်သူတို့ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိကွယ်နေသူတို့မှာ ဆိုဖွယ်ရာမရှိတော့သကဲ့သို့, ထို့အတူ သိဖွယ်အာရုံများကို သတ္တ၀ါဟူသမျှတို့ သိရှိဖို့ရန် အားထုတ်ကြပါသောလည်း ပင်ကိုယ်ဥာဏ်မျက်စိရှိသလောက်သာ သိမြင်နိုင်ကြသည်၊ လုံးလုံးဥာဏ်မျက်စိ မရှိသူတို့မှာ အရှေ့, အနောက်, တောင်, မြောက်နှင့် တင်းတောင်း ပမာဏကိုမျှ မသိနိုင်ကြပေ။
ဗုဒ္ဓရှင်တော်၏ ဥာဏ်တော်သည်ကား သိသင့်သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည်၊ ထိုသိဖွယ်တရားများကို "ဥေယျဓမ်"ဟု ခေါ်၏။ (ဥေယျ= သိသင့်သိထိုက်သော + ဓမ်=ဓမ္မ- တရား။)
ေဥယ်ဓမ္တရား ၅-ပါးကား
၁။ သင်္ခါရ=စိတ်စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ။
၂။ ၀ိကာရ=၀ိကာရရုပ် ငါးပါး။
၃။ လက္ခဏ=လက္ခဏရုပ် လေးပါး။
၎။ ပညတ်=လူ နတ် ဗြဟ္မာ ဆင်မြင်း ကျွဲ နွား တော တောင် ရေ မြေ စသော ပညတ်များ။
၅။ နိဗ္ဗာန်=ရုပ်နာမ်ပညတ်မှတစ်ပါး ငြိမ်းအေးသော ဓာတ်ကြီးတစ်မျိုး။ (ဤ ငါးမျိုးမှတစ်ပါး သိဖွယ်ရာ မရှိပြီ၊ ၀ိကာရနှင့်လက္ခဏကို ရုပ်ချင်းတူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်သောကြောင့်တည်း။) ဤဥေယျဓမ်ငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏကထာ၌ပါသည်။
ဖောက်ပြန်မရှိ, ကိုယ်တော်တိုင်သိ
ဤဥေယျဓမ်တရား ငါးပါးကို ဘုရားရှင် သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းသွားသည်ဟူ၍ မရှိ၊ နည်းပေးလမ်းပြမည့် ဆရာလည်း မရှိ၊ ကိုယ်တော်တိုင် သိတော်မူပေသည်၊ ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓရှင်တော်မြတ်၏ သပ္ပါယ်သော ရုပ်အဆင်းတော်အတွင်း၌ "အရဟံဂုဏ်တော်"အရ စိတ်တော်၏ ကြည်လင်သန့်ရှင်းနေပုံ, ထိုကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်သော ဥာဏ်တော်တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများကြပါလေ။
တိုက်တွန်းချက်
အသိ အလိမ္မာ ဥာဏ်ပညာ ဟူသည် အလွန်အရေးကြီး၏၊ ပညာသင်ရာဝယ် ဆရာတစ်ဦးထံမှ အတူသင်ယူပါလျက် အတတ်ချင်းကွာခြားနေပုံကိုလည်းကောင်း, စီးပွားဥစ္စာရှာဖွေရာဝယ် အရင်းအနှီးချင်းတူပါလျက် ဥာဏ်ရှိသူမှာ ကြီးပွား၍ ဥာဏ်နည်းသူမှာ မကြီးပွားနိုင်ဘဲ ဥာဏ်မရှိသူမှာ ဆုံးရူံးရပုံကိုလည်းကောင်း, မိဖချင်းတူပါလျက် အချို့သားသမီးများလိမ္မာ၍ အချို့ ယုတ်မာပုံကိုလည်းကောင်, ထိုကဲ့သို့ ကွာခြားသည့်အားလျော်စွာ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဥာဏ်ရှိသူကား ကြီးကျယ်ထွန်းကား, ဥာဏ်မရှိသူကား ပျက်ပြားနစ်မွန်းရပုံကိုလည်းကောင်း စဉ်းစား၍ ဤ "သမ္မာသမ္ဗုဒ္ဓ" ဂုဏ်တော်ကို ကြည်ညိုကာ မိမိ၏ပညာပါရမီကို အမြဲတိုးပွားအောင် ကြိုးစားကြပါလေ။
Credit to  http://www.myittaryik.com/2013/12/blog-post_4155.html#more 
အရဟံဂုဏ်တော်အဖွင့်(ကျက်မှတ်ရန်)
(၁) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-တစ်ထောင့်ငါးရာ, ကိလေသာတို့, ၀ါသနာဓလေ့, အထုံငွေ့မျှ, မငွေ့မရိပ်, ၀င်းဝင်းဖိတ်သို့, ရွှေစိတ်ပျံ့သင်း, လွန်သန့်ရှင်း၍, မင်းမင်းပြည်သူ, ကြည်ဖြူကော်ရော်, အလှူတော်မှန်, ပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ-အရဟံဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပါယ်
အရဟံ ဂုဏ်တော်သည်-
၁။ "ကိလေသာတို့မှ ဝေးကွာတော်မူ၏"ဟူသော အနက်၊
၂။ "လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏"ဟူသော အနက်ကိုပြသည်။
တစ်ထောင့်ငါးရာ,ကိလေသာတို့
ပုထုဇဉ်တို့၏ သန္တာန်၌ ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၏၊ အကျယ်အားဖြင့် တစ်ထောင့်ငါးရာ ရှိ၏။
Tuesday, 31 March 2015
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၇)။
 ***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
           ==================
၁။  ကုသိုလ်ဆိုင်ရာ၊ အားထုတ်တာ
     သမ္မာဝါယမပါ။
၂။  မူလ ပုဗ္ဗ၊  အရိယ
     သုံးဝ  မဂ္ဂင်မြတ်။
၃။   ဖြစ်ပွားစေလျှင်၊  ဤမဂ္ဂင်
      ပြေးဝင် နိဗ္ဗာနဓာတ်။
၎။   ဖြစ် အို သေရေး၊  စိုးရိမ်ဆွေး
      ငိုကြွေး  ကိုယ်နာကျင်။
၅။   နှလုံးမသာ၊  စိတ်ပြင်းစွာ
      ပူတာ  ဆင်းရဲပင်။
၆။   မုန်းတာနှင့်တွဲ၊  ချစ်တာကွဲ
      ဆင်းရဲ  အမှန်ပင်။
၇။   မရတာလို၊  ဒုက္ခဆို
      တိုတို  ပြောရလျှင်။
၈။   စွဲလန်း နိုင်ရာ၊  ငါးခန္ဓာ
      သစ္စာ  ဒုက္ခပင်။
၉။   ဘ၀တိုင်း ဘ၀၊  တွေ့ကြုံရ
      ဒုက္ခ  ဆင်းရဲတာ။
၁၀။  ဇာတိကင်းက၊  ယင်းဒုက္ခ
       လုံးဝ  မရှိရှာ။
၁၁။  ထို့ကြောင့် အစ၊  ဖြစ်ခြင်းမျှ
       ဒုက္ခ  ဟောမိန့်ပါ။
{မဟာစည် ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ တရားတော် မှကူးယူရေးသားပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
Monday, 30 March 2015
မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု
ဒကာ။        ။ မေတ္တာစစ် မေတ္တာမှန်ဖြင့် အပို့ခံရသူမှာ ချမ်းသာသုခရရှိတဲ့ ပုံစံဝတ္ထု ပိဋကတ်တော်မှာ ထင်ရှားတဲ့အကြောင်းများရှိရင် အနည်းငယ် လိုရင်းမျှ ထုတ်ပြပါဆရာတော်၊ မေတ္တာသမားများ အားတက်စရာဖြစ်အောင်ပေါ့ ဘုရား။
    ဆရာ။        ။ အင်း၊ ပိဋကတ်တော်မှာ လာရှိတဲ့ ဝတ္ထုသက်သေတွေ များစွာရှိပါတယ်လေ၊ မေတ္တာကမ္မဋ္ဌာန်းသမားများ မှတ်သားထားကြဖို့ တခုလောက်တော့ ထုတ်ပြပေးပါ့မယ်။
        မဇ္ဈိမတိုက်ပါဋလိပုတ်ပြည်သား ၀ိသာခအမည်ရှိတဲ့     သူကြွယ်တယောက်ဟာ သီရိလံကာဒီပခေါ်တဲ့ သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာတော်     ထွန်းကားတဲ့သတင်းစကားကို ကြားသိရသောအခါ     သီဟိုဠ်ကျွန်းသို့သွားရောက်ကာ တရားအားထုတ်လိုသောကြောင့်     မိမိစည်းစိမ်ဥစ္စာတွေကို သားမယားတို့အားလွှဲအပ်စွန့်လွှတ်လျက်     သီဟိုဠ်ကျွန်းဘက်သို့ ကူးသွားပြီး မဟာဝိဟာရကျောင်းတိုက်ကြီး၌ ရဟန်းပြုကာ     ငါးလပတ်လုံး ရဟန်းတော်များ၏ ကျင့်ဝတ်သိက္ခာ ၀ိနည်းတရားတော်များကို     တတ်ကျွမ်းနားလည်အောင် သင်ကြားပြီးနောက်
Tuesday, 17 March 2015
အနတ္တလက္ခဏသုတ်- မြန်မာပြန်-
  ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပူဇေမိ၊ပူဇော်ပါ၏။
ဓမ္မံ၊ တရားတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏။
သံဃံ၊ သံဃာတော်မြတ်ကို။ပူဇေမိ၊ ပူဇော်ပါ၏။
* ဗုဒ္ဓေါ မေသရဏံ အညံ နတ္ထိ။
* ဓမ္မော မေ သရဏံ အညံ နတ္ထိ။
* သံဃောမေ သရဏံ အညံ နတ္ထိ။
ဗုဒ္ဓေါ= မြတ်စွာဘုရားသည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ= ကိုးကွယ်ရာမည်ပါပေ၏။
အညံ= ဘုရားမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။
ဓမ္မော= တရားတော်မြတ်သည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ= ကိုးကွယ်ရာမည်ပါပေ၏။
အညံ= တရားမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။
သံဃော= သံဃာတော်မြတ်အပေါင်းသည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ=ကိုးကွယ်ရာမည်ပါပေ၏။
အညံ= သံဃာမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။
-အနတ္တလက္ခဏသုတ်  မြန်မာပြန်-
*၁*အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည်
ဣသိပတန မိဂါဝုန်တော၌ ““သီတင်းသုံး””နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ““ရဟန်း
တို့””ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။
*၂*ရဟန်းတို့  ရုပ်သည်  အတ္တမဟုတ်၊ ရဟန်းတို့
ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ဤရုပ်သည် နာကျင်ခြင်း
ငှါ မဖြစ်ရာ၊ ““ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ငါ၏
ရုပ်သည် ဤသို့ မဖြစ်စေလင့်””ဟု ရုပ်၌ တောင့်တမှုကို
ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သော
ကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ““ငါ၏ရုပ်သည်
ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်””ဟု
ရုပ်၌ တောင့်တမှုကို ရလည်းမရ။
*၃*ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည်
အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ
မဖြစ်ရာ၊ ““ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ငါ၏
ဝေဒနာသည် ဤသို့ မဖြစ်စေလင့်””ဟု ဝေဒနာ၌
တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ဝေဒနာ
သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ
ဖြစ်၏။ ““ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ငါ၏
ဝေဒနာသည် ဤသို့ မဖြစ်စေလင့်””ဟု ဝေဒနာ၌
တောင့်တမှုကို ရလည်းမရ။
*၄*သညာသည် အတ္တမဟုတ်၊ရဟန်းတို့ သညာသည်
အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ
မဖြစ်ရာ၊ ““ငါ၏သညာသည် ဤသို့ဖြစ်စေ၊ငါ၏
သညာသည် ဤသို့မဖြစ်စေလင့်””ဟု သညာ၌ တောင့်တ
မှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တ
မဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ““ငါ၏သညာ
သည် ဤသို့ဖြစ်စေ၊ ငါ၏သညာသည် ဤသို့
မဖြစ်စေလင့်””ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။
*၅*သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့သင်္ခါရ
တို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ဤသင်္ခါရတို့သည် နာကျင်
ခြင်းငှါ မဖြစ်ရာ၊ ““ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေ
ကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန်
သတည်း””ဟု  သင်္ခါရတို့၌  တောင့်တမှုကို ရကောင်းရာ
၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့်
နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ““ငါ၏သင်္ခါရတို့သည်
ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့
မဖြစ်စေကုန်သတည်း””ဟု သင်္ခါရတို့၌ တောင့်တမှုကို
ရလည်းမရ။
*၆*၀ိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ဝိညာဏ်
သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤ၀ိညာဏ်သည် နာကျင်ခြင်း
ငှါ မဖြစ်ရာ၊ ““ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏
ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်””ဟု ၀ိညာဏ်၌
တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ဝိညာဏ်
သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။
““ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏၀ိညာဏ်သည်
ဤသို့ မဖြစ်စေလင့်””ဟု ၀ိညာဏ်၌ တောင့်တမှုကို
ရလည်းမရ။
*၇*ရဟန်းတို့  ထိုအရာကို  အဘယ်သို့  မှတ်ထင်
ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။
မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို
““ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊
ဤရုပ်သည် ငါ၏ကိုယ် “အတ္တ”တည်း””ဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
*၈*ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်
ဘုရား။  မမြဲသောဝေဒနာသည်  ဆင်းရဲလော  ချမ်းသာ
လော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲ
သော  ဖောက်ပြန်ခြင်းသဘောရှိသော  ဝေဒနာကို  ““ဤ
ဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်
၏၊ ဤဝေဒနာသည် ငါ၏ကိုယ်“အတ္တ”တည်း””ဟု ရှုခြင်း
ငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်
ဘုရား။
*၉*သညာသည် မြဲသလော  မမြဲသလော။  မမြဲပါ
အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သညာကို
““ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်
၏၊ဤသညာသည် ငါ၏ကိုယ်“အတ္တ”တည်း””ဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
*၁၀*သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ
အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့
ကို ““ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ
တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်
“အတ္တ”တည်း””ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။
မသင့်လျော်ပါ အသျှင်ဘုရား။
*၁၁*၀ိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ
အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ၀ိညာဏ်ကို
““ဤ၀ိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤ၀ိညာဏ်သည်
ငါဖြစ်၏၊ ဤ၀ိညာဏ်သည် ငါ၏ကိုယ်“အတ္တ”တည်း””ဟု
ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ
အသျှင်ဘုရား။
*၁၂*ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ်
ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊
အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း
ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော
ရုပ်ကို ““ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည်
ငါမဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ်“အတ္တ” မဟုတ်””ဟု
ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။
*၁၃*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော ဝေဒနာကို ““ဤ ဝေဒနာသည်
ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ
ဝေဒနာသည် ငါ၏ ကိုယ်“အတ္တ” မဟုတ်””ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
*၁၄*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသောသညာကို ““ဤသညာသည် ငါ့
ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာ
သည် ငါ၏ကိုယ်“အတ္တ”မဟုတ်””ဟု ဤသို့ ဟုတ်တိုင်း
မှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
*၁၅*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ““ဤသင်္ခါရတို့
သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်
ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်“အတ္တ”မဟုတ်ကုန်””
ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။
*၁၆*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော ၀ိညာဏ်ကို ““ဤ၀ိညာဏ်သည်
ငါ့ဥစ္စာမဟုတ်၊ ဤ၀ိညာဏ်သည် ငါမဟုတ်၊ ဤ
ဝိညာဏ်သည် ငါ၏ ကိုယ်“အတ္တ”မဟုတ်””ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
*၁၇*ရဟန်းတို့ဤသို့ ရှုသော အကြားအမြင်ရှိသော
အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌
လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရ
တို့၌လည်းငြီးငွေ့၏၊ ၀ိညာဏ်၌လည်း ငြီးငွေ့၏၊
ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့်
(ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်
မြောက်သော် (ကိလေသာမှ) ““လွတ်မြောက်ပြီ””ဟု အသိ
ဉာဏ်ဖြစ်ပေါ်၏၊ ““ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်
ကို ကျင့်သုံးပြီးပြီ၊ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊
ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ””ဟု
ဟောတော်မူ၏။
*၁၈*မြတ်စွာဘုရားသည်  ဤစကားကို မိန့်တော်မူ၏၊
ပဉ္စ၀ဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော
စကားကို နှစ်လိုသည်ဖြစ်၍ ၀မ်းမြောက်စွာ ခံယူကုန်ပြီ။
ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟော
တော်မူအပ်သည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့၏ စိတ်တို့သည်
မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။
အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။
 (သုတ္တံတရားတော်များ စာအုပ်မှတဆင့်တင်ပြပါသည်)
ဇနီးမယား(၇)မျိုးဆိုတာ
မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်
။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက  
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
Sunday, 15 March 2015
အရိယာ ပုဂ္ဂိုလ် ဘယ်လိုရှာမလဲ
သောတာပန် အရိယာ သည် ကာမဂုဏ်`၌ တပ်မက်သော ကာမရာဂ ကိုမပယ်နိုင်သေး။ ထို့ ကြောင့်လောကီကာမ ချမ်းသာထက် အဆ ပေါင်းများစွာသာလွန်သော လောကုတ္တရာ ဓမ္မ ဖလ သမာပတ်ချမ်းသာကို ၀င်စား၍ နေနိုင်ပါလျက် အမြဲ မ၀င်စားပဲ ကာမ ဂုဏ်ချမ်းသာကို ခံစားကြသေးသည်။ ဤသည်မှာ မဟာစည်ဆရာတော်ဘုရားကြီး မိန်ဆို့ ချက်ဖြစ်ပါသည်။ မိမိ လေ့လာခဲ့ဖူးသမျှတွင်လည်း ဤကဲ့သို့  ဆရာတော်များ ဆိုမိန့် သည်ကို လေ့လာမှတ်သားခဲ့ရသည်။
 မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကဿပ ရဟန္တာ ကိုယ်တော်မြတ် အား အလုပ်အကျွေးပြုနေသူ ကပ္ပိယ သည် 
Thursday, 12 March 2015
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၅) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ဃ)}
သတိထားရမယ့် အချက်တစ်ခု အပိုင်း(ဃ)
                   ဇောကိစ္စကို ဆောင်ရွက်တဲ့ စိတ်ပေါင်းက ၅၅-ခု ရှိတယ်၊ ကုသိုလ်တွေမှန်သမျှ ဇောကိစ္စ ဆောင်ရွက်တယ်၊ အကုသိုလ်တွေ မှန်သမျှမှာ ဇောကိစ္စ ဆောင်ရွက်တယ်၊ နောက်ပြီးတော့ ရဟန္တာသန္တာန်မှာ ဖြစ်ပေါ်တဲ့ ကြိယာ လို့ခေါ်တဲ့ ကုသိုလ်တဖြစ်လဲ ကြိယာစိတ်တွေက ဇောကိစ္စ ဆောင်ရွက်ကြတယ်။ ဖိုလ်စိတ် တွေကလည်း ဇောကိစ္စကို ဆောင်ရွက်ကြတယ်။ ကျန်တဲ့ ဝိပါတ်စိတ်တို့ဆိုတာ ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။ ကြိယာစိတ်တွေထဲ ကလည်း ခုနက အာရုံဘက်ကို ဦးလှည့်ပေးတဲ့စိတ်, အာရုံကို ဆင်ခြင်ပေးတဲ့ အာဝဇ္ဇန်းစိတ်တွေကလည်း ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။
                   ဒါဖြင့် ဇောဆိုတာ ဘာကို ပြောတာတုန်း? ဋီကာကျော်ကျမ်းက ဘယ်လိုအဓိပ္ပါယ် ရှင်းပြတုန်းဆိုရင် ဇောကိစ္စ ဆိုတာ အာရုံပေါ်မှာ ဖြစ်ပေါ်လာတဲ့ အာရုံကို တစ်ကြိမ်ဖြစ်စေ အကြိမ်များစွာ ဖြစ်စေ၊ အရှိန်အဟုန်နဲ့ လျင်မြန်တဲ့ အနေအထားအားဖြင့် ဖြစ်တဲ့သဘောကို ဇောကိစ္စလို့ ဒီလိုရေးတယ်။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၄) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ဂ)}
သတိထားရမည့်အချက်တစ်ခု အပိုင်း(ဂ)
ကောင်းပြီ၊ စိတ်ဟာ အာရုံတွေနဲ့ ဖြစ်ပေမယ့် စိတ်တိုင်း စိတ်တိုင်းဟာ အာရုံအားလုံးကို ရယူနိုင်စွမ်းမရှိပါဘူး၊ သူလက်လှမ်းမှီသလောက်ပဲ သူ ယူလို့ရတယ်၊ လူတွေရဲ့ ပကတိ မျက်စိလိုပဲ၊ မျက်စိရှိပေမယ်လို့ မျက်စိရှိတိုင်း အကုန်လုံး မြင်နိုင်စွမ်းရှိတာ မဟုတ်ဘူး၊ တစ်ဦးနဲ့တစ်ဦးလည်း မြင်နိုင်စွမ်းချင်း မတူဘူးပေါ့၊ သူ့အတိုင်းအတာ နယ်ပင်အတွင်းမှာသာ မျက်စိက အမြင်အာရုံတစ်ခုကို ယူနိုင်တယ်၊ နားကလည်း သူ့အတိုင်းအတာ နယ်ပယ်တစ်ခု အတွင်းမှာသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ နှာခေါင်းကလည်း အတိုင်းအတာ အတွင်းမှာရှိတဲ့ အနံ့ကိုသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ အဲဒီတော့ လူတွေ လက်လှမ်းမှီတဲ့ အာရုံတွေ ဆိုတာလည်း ရှိတယ်၊ စိတ်တွေမှာလည်း လက်လှမ်းမမှီတဲ့ အာရုံမပြုနိုင်တဲ့ အာရုံတွေ ရှိနေတယ်။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၃) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ခ)}
သတိထားရမည့်အချက်တစ်ခု အပိုင်း(ခ)
                   နေ့စဉ်နဲ့အမျှ လူတွေဟာ ဒီအာရုံတွေနောက် လိုက်နေကြတာ၊ လူတွေရဲ့စိတ်ဟာ ဘယ်အာရုံနဲ့ ပျော်နေတုန်းဆိုတော့ အမြင်အာရုံနဲ့ ပျော်တယ်၊ အသံအာရုံတွေနဲ့ ပျော်တယ်၊ အသံဆိုတာ အမျိုးစုံလုပ်ပြီး ပျော်တယ်လေ။ ရိုးရိုးတန်းတန်း အသံမှာ မပျော်ရတဲ့အခါကျတော့ Hip Hop ဆိုတဲ့ အသံနဲ့ ပျော်တယ်၊ လူ့စိတ်ဟာ တော်တော်ဆန်းတယ်၊ ဂျိမ်းဂျိမ်း ဆိုတာမှ နားထောင်ချင်တယ်၊ အဲဒီလို လူရဲ့စိတ်ဟာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့ ပျော်တယ်၊ အမျိုးမျိုးကြည့်တယ်၊ အမျိုးမျိုး ဖန်တီးယူတယ်၊ ကြည့်လေ - ဒီဇိုင်းတွေ ထုတ်လုပ်လို့ကို မလောက်ဘူး၊ ဘာဖြစ်လို့ဆုန်းဆိုတော့ ဒီအဆင်ကလေးက လှတယ်၊ ဒီအကွက်ကလေးက လှတယ်၊
 ဒီ ဒီဇိုင်းကလေးက လှတယ်နဲ့ ဆိုပြီးတော့ ဒီဇိုင်းလှတာကို လိုက်ရှာပြီးတော့ မျက်စိက ကြိုက်တြ့အရောင်လုက်ရှာနော၊ အရောင်ဆို အမျိုးမျိုးစပ်ပြီးတော့၊ ဒီအရောင်က အနီရဲကြီး, မကြိုက်ဘူး၊ အနီလေးနဲ့ ဘာလေးနဲ့ စပ်ထားမှ၊ စပ်တဲ့ အရောင်တွေ လိုက်ရှာ၊ ဆုံးကို မဆုံးနိုင်ဘူး၊ ဒီအာရုံတွေပေါ်မှာ လိုက်စားနေပုံကိုကြည့်၊ အသံဆိုရင်လည်း အမျိုးမျိုး၊ ရိုးရိုးအသံဆိုရင် နားမထောင်ချင်ဘူး၊ ခုန ဂျောင်းဂျောင်းဂျိမ်းဂျိမ်း အသံဆိုရင် တစ်ကိုယ်လုံးတောင် လှုပ်လာလိမ့်ဦးမယ်၊ ခေါင်းကလေးတွေငြိမ့်၊ ခေါင်းငြိမ့်ရုံတင် မကဘူး၊ တစ်ကိုယ်လုံးတောင် ရမ်းထွက်လာတယ်။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၂) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(က)}
သတိထားရမယ့် အချက်တစ်ခု (က)
                   စာမျိုးစုံဖတ်တဲ့ ပုဂ္ဂိုလ်ဟာ တစ်ခါတစ်ရံကျတော့ အန္တရာယ်ရှိတယ်၊ အန္တရာယ်ဆိုတာ အတွေးမျိုးစုံနဲ့ ရေးထားတဲ့ စာတွေပေါ့။ ဘာသာတရားကို လေ့လာတယ် ဆိုတဲ့နေရာမှာ မှန်ကန်တဲ့ တင်ပြချက်တွေကို လေ့လာရင် အကြောင်းမဟုတ်ဘူး။ မမှန်မကန် ဟောပြောချက်တွေကို လေ့လာမိလို့ မိမိက စာလည်း မစုံသေးဘူး, အတွေးအခေါ် ရင့်သန်မှုလည်း မရှိသေဘူးဆိုရင် လွဲမှားသွားနိုင်သေးတယ်။ 
ဒါလည်း သတိထားရမယ့် အချက်တစ်ခုပဲ၊ စာမစုံသေးရင် အရှိကို မှတ်ထားဖို့လိုသေးတယ်၊ တကယ့်မူရင်းကျမ်းက  ဘယ်လိုဆိုတယ်ဆိုတာ မှတ်သားထားရမယ်။ သဘောမကျသေးရင် သဘောကျအောင် ကြံစည်ရမယ်၊ ဒီလိုမှ မဟုတ်ရင် မှန်ကန်တဲ့ လမ်းကြောင်းက လွဲထွက်သွားနိုင်တယ်။ အဲဒီတော့ ရူပဆိုတဲ့ စက္ခုဝိညေယျာ မျက်စိဖြင့် မြင်ပြီးတော့ သိရတဲ့ရုပ် ဆိုတာကို ရှိတယ်ပေါ့။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၁) {(အခန်း - ၃) စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ}
(အခန်း - ၃)
စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ
                   ဘုန်းကြီးတို့ စိတ်ဖြစ်ပုံကို လေ့လာခဲ့ကြပြီ၊ စိတ်ဆိုတာ အဖြစ်တရား၊ အာရုံနဲ့ ဝတ္ထုတို့ ပေါင်းဆုံမှုကြောင့်  စိတ်တွေဖြစ်ပေါ်လာတယ်၊ အဲဒီလို ဖြစ်ပေါ်လာပြီးနောက် စိတ်တွေဟာ ဘာနဲ့ စခန်းသွားနေသလဲဆိုရင် အာရုံနဲ့ စခန်းသွားနေတယ်။ ဒီလို အာရုံနဲ့ စခန်းသွားတဲ့နေရာမှာ စိတ်တစ်မျိုးစီ တစ်မျိုးစီမှာ ဆောင်ရွက်တဲ့ ကိစ္စတွေလည်း ကွဲပြားခြားနားမှုတွေ ရှိတယ်။ အဲဒီအကြောင်းကို ဒီကနေ့ လေ့လာရမယ် စိတ်ရဲ့အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ တဲ့။
                   စိတ်လို့ ဆိုလိုက်ရင် အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေက စိတ် ၈၉-မျိုး, အကျယ် ၁၂၁၊ စေတသိက် -၅၂ ဆိုတာ သဘောပေါက်ပြီးသား ဖြစ်သွားပြီ။ ဒီနေရာမှာ စိတ် -၈၉ စေတသိက်-၅၂ … အားလုံးကို ရည်ညွှန်းပြီးတော့ စိတ်ရဲ့အာရုံများလို့ ပြောတာ၊ အာရုံနဲ့ ဝတ္ထု ပေါင်းဆုံလိုက်သည့် အတွက်ကြောင့် လူတွေရဲ့သန္တာန်မှာ မှီရာဝတ္ထုရုပ်ကနေပြီးတော့ စိတ်တွေဖြစ်ပေါ်လာကြတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ ဘာနဲ့ အလုပ်လုပ်ကြသလဲ၊ ဘာနဲ့ ဆက်သွယ်နေကြသလဲဆိုတာကို သိဖို့ အင်မတန် အရေးကြီးတယ်။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁ဝ) {မနေဒွါရ အရ} အပိုင်း(ဂ)
မနောဒွါရ အရ အပိုင်(ဂ)
                   နောက်ဆက်လာတဲ့ သမ္ပဋိစ္ဆိုင်းစိတ်ကျတော့ ဘယ်သူ့ကို မှီသလဲဆိုတော့ ဟဒယဝတ္ထုကို မှီတယ်၊ နောက် သန္တီရဏစိတ်ကလည်း ဟဒယဝတ္ထုကိုမှီတယ်၊ ဝုဋ္ဌောစိတ်ကလည်း ဟဒယဝတ္ထုကို မှီတယ်၊ ဇောစိတ်တွေကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်၊ တဒါရုံကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်။ အဲဒီ စိတ်ဖြစ်စဉ်ထဲမှာ စက္ခုဝတ္ထုကို မှီဖြစ်တဲ့စိတ်ကလေးဟာ စက္ခုဝိညာဏ်စိတ် တစ်ခုတည်းပဲရှိတယ်၊ အဲဒီတော့ စက္ခုဝိညာဏ်စိတ်လေးတစ်ခုပဲ စက္ခုဝတ္ထုကို မှီပြီးတော့ ဖြစ်လာတယ်။ ကျန်စိတ်တွေက ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်တယ်။ ဒီနေရာမှာ ဝတ္ထုနှစ်ခုက ဆက်သွယ်နေတယ်ဆိုတာ ထင်ရှားတယ်နော်။ အာရုံတစ်ခုမှာ ဖြစ်လာတဲ့ အခါ ဆက်သွယ်မှု ရှိနေတယ်ဆိုတာ ထင်ရှားတယ်။
                   ထို့အတူပဲ သောတဝိညာဏ်စိတ် ၂-ခုက သောတဝတ္ထုကို မှီပြီး ဖြစ်တယ်၊ ဃာနဝိညာဏ်စိတ် ၂-ခုက ဃနဝတ္ထုကိုမှီပြီးဖြစ်တယ်၊ ဇိဝှါဝိညာဏ်စိတ် ၂-ခုက ဇိဝှါဝတ္ထုကို မှီပြီးဖြစ်တယ်၊ ကာယဝိညာဏ်စိတ် ၂-ခုက ကာယဝတ္ထုကို မှီပြီဖြစ်တယ်၊ ကာယဝိညာဏ်စိတ် ၂-ခုက ကာယဝတ္ထုကို မှီပြီးဖြစ်တယ်၊ ကျန်တဲ့ စိတ်တွေ အားလုံးက ဟဒယဝတ္ထုကို မှီပြီးဖြစ်တယ်၊ ဘုံဘဝနဲ့တွက်လိုက်မယ်ဆိုရင် အရူပဘုံမှာဖြစ်တဲ့ အရူပဝိပါတ်စိတ် ၄-ခုက ဘယ်ဝတ္ထုရုပ်ကိုမှ မမှီဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူ့မှာ မှီစရာ ရုပ်မရှိဘူး၊ ဝတ္ထုရုပ်ကို မမှီဘဲနဲ့ ဖြစ်တယ်လို့ ဒီလို နားလည်ရမှာပေါ့။ သရုပ်အနေနဲ့ နားလည်အောင် အဘိဓမ္မတ္ထ သင်္ဂဟကျမ်းကို ဆက်လက်လေ့လာ မှတ်သားမှ ပိုပြီးရှင်းမယ်၊ အခုဟာက နာလည်းရုံ apply လုပ်ပြီးတော့ ပြတာ။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၉) {မနေဒွါရ အရ} အပိုင်း(ခ)
မနောဒွါရ အရ အပိုင်း(ခ)
                   အဲဒီစိတ်တွေဟာ စက္ခုဒွါရိကစိတ် = စက္ခုဒွါရ၌ ဖြစ်သောစိတ် လို့ဆိုတယ်။ သို့သော် စက္ခုဒွါရ၌ ဖြစ်တယ်ဆိုပေမယ့် စက္ခုဝတ္ထုကို မှီတယ်လို့ ဒီလိုပြောတာ မဟုတ်ဘူးနော်၊ ဆိုလိုတဲ့ အဓိပ္ပါယ်က စက္ခုဒွါရ၌ ဖြစ်တယ်ဆိုတာ စက္ခုဒွါရ မျက်စိတံခါးကနေ ဝင်ရောက်ဆက်သွယ်တဲ့ အာရုံနဲ့အလုပ်လုပ်တဲ့ စိတ်တွေလို့ ဒီလိုအဓိပ္ပါယ်ရတယ်။ အဲဒီအဓိပ္ပါယ်က ပိုပြီးတော့ ရှင်းလင်းမှုရှိတယ်။ ဒီဒွါရမှာ ဖြစ်တယ်ဆိုရင် မျက်လုံးပေါ်မှာ ဖြစ်တယ်လို့ ထင်နေလိမ့်မယ်၊ မျက်လုံးနဲ့ဖြစ်တာ မဟုတ်ဘူး၊ ဒီစိတ်တွေအားလုံးဟာ အာရုံနဲ့ဆက်သွယ်တာ၊ ဆက်သွယ်လို့ သူတို့ပေါ်လာတာ၊ ပေါ်လာပြီးတော့ အာရုံနဲ့ အလုပ်လုပ်ကြတာ၊ လူရဲ့စိတ်ဟာ အာရုံတစ်ခုဖြစ်ရင် ထိုအာရုံနဲ့ အလုပ်လုပ်တာပဲလေ၊  မျက်စိက တစ်ခုခုမြင်လိုက်ရင် အဲဒီ မြင်တဲ့အာရုံနဲ့ အလုပ်,လုပ်တယ်၊ နားက အသံလေးတစ်ခုကြားရင် အဲဒီ အသံအာရုံနဲ့ အလုပ်လုပ်တာ မဟုတ်လား၊ (အဖြေမတွေ့မချင်း လိုက်နေတာလေ၊ ဘာသံပါလိမ့် ဘာသံပါလိမ့်နဲ့  သွားနေမှာပဲ၊ မကျေနပ်မချင်း၊ အနံ့ဆိုလည်း ဘာအနံ့ပါလိမ့်နဲ့ လိုက်နေမှာပဲ၊ အာရုံနဲ့ အလုပ်လုပ်နေတယ်လို့ပြောတာ) ပြီးသွားလို့ရှိရင် နောက်အာရုံတစ်ခု ပြောင်းသွားပြန်ရော။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၈) {မနေဒွါရ အရ} အပိုင်း(က)
မနောဒွရ အရ အပိုင်း(က)
                   မနောဒွါရံ ပန ဘဝင်္ဂံန္တိ ပဝုစ္စတိ  ဘဝင်စိတ်ကို မနောဒွါရလို့ ခေါ်တယ် လို့ အဘိဓမ္မတသင်္ဂကျမ်းက ဆိုတယ်။ ဘဝင်စိတ်တွေ အများကြီးထဲက ဘယ်ဘဝင်စိတ်တုန်းဆိုတော့ ခုနက ဋီကာကျော်ကျမ်းက ဘယ်လိုပြောတုန်းဆိုရင် အာဝဇ္ဇန်းရဲ့ ရှေ့ကဖြစ်တဲ့ ဘဝင်လို့ဆိုတယ်။ ဝီထိချကြည့်လိုက်ရင် အတီတ ဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်း၊  အဲလိုလာတော့ ပဉ္စဒွါရာဇ္ဇန်းရဲ့ ရှေ့မှာရှိတဲ့ ဘဝင်ဆိုတာ ဘဝင်္ဂုပစ္ဆေဒ ဖြစ်တယ်။ ပြတ်တဲ့ဘဝင်ကို သူက mind door လို့ ဒီလို ပြောချင်တာ။ ဘာဖြစ်လို့လဲဆိုရင် မနအရ အာဝဇ္ဇန်းစသော စိတ်တွေယူပြီးတော့ အဲဒီစိတ်ရဲ့ ဝင်ရာဖြစ်သောကြောင့် မနေဒွါရ (စိတ်တံခါး, စိတ်ရဲ့အဝ)လို့ ဒီလိုဖွင့်တာ။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၅) {အခန်း - ၂ စိတ်ဖြစ်ပုံကို လေ့လာခြင်းအကြောင်း (၂)}
အခန်း - ၂
စိတ်ဖြစ်ပုံကို လေ့လာခြင်းအကြောင်း (၂)
                   မနေ့က စိတ်ဆိုတာ အဖြစ်တရား၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ခေါ်တုန်းဆိုရင် အကြောင်းတရားတွေကို မှီပြီး အကြောင်းတရားတွေ ဆုံစည်းမှ ဖြစ်လာတာ ဖြစ်သောကြောင့် အဖြစ်တရားလို့ ပြောခဲ့တယ်။ ဖြစ်ပြီးလို့ရှိရင်လည်း စိတ်ဟာ ချက်ချင်း ချုပ်ပျက်ပြီး သွားလေ့ရှိတယ်၊ စိတ်က အဖြစ်တရားဆိုတော့ အကြောင်းတရားတွေ ဆက်လက်ရှိနေသေးသမျှ ဒီစိတ်ဟာလည်း ဆက်လက် ဖြစ်နေမှာပဲ၊ သံသရာထဲမှာ စဉ်ဆက်မပြတ် အကြောင်းတရားတွေ ရှိနေသည့်အတွက် စိတ်ဟာလည်း ဆက်လက်ဖြစ်ပေါ်နေတမှာပဲ။ ဘဝသံသရာမှာ အကြောင်းတရား ရပ်သွားတာနဲ့ တစ်ပြိုက်နက် စိတ်ဖြစ်မှုဟာလည်း ရပ်တန့်သွားမှာဖြစ်တယ်။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၄) {ဝတ္ထုနဲ့ အာရုံဆုံခြင်း}
ဝတ္ထုနဲ့ အာရုံဆုံခြင်း
                   ဝတ္ထုနဲ့ အာရုံ ဆုံလိုက်တာနဲပ တစ်ပြိုင်နက် စိတ်ကလေျးွှေ ပေါ်လာတယ်။ ဒါက အဓိကအကြောင်းတစ်ခုကိပြောတာ။ ဒိပြင် အကြောင်းတွေလည်း ရှိသေးတယ်၊ အာရုံနဲ့ ဝတ္ထု ဆုံစည်းခြင်းသည် ဒါ common condition, common cause အားလုံးနဲ့ ဆိုင်တဲ့အကြောင်းအရာတစ်ခု။
                   အဲဒီတော့ ဘယ်စိတ်တွေ ဘယ်လိုပေါ်လာတာလဲ ဆိုတာကြည့်၊ ဥပမာ- မျက်စိနဲ့မြင်စရာ အာရုံလေးနဲ့ ဆုံလိုက်ပြီ ဆိုလို့ရှိရင် ပဉ္စဒါရာဝဇ္ဇန်း ကစပြီး မြင်သိစိတ်တွေ ဖြစ်သွားတယ်၊ အမြင်အာရုံပေါ်မှာ ဖြစ်တဲ့စိတ်ကို စက္ခုဝိညာဏ်စိတ်လို့ ပြောတာ၊ သို့သော် အမြင်အာရုံပေါ်မှာ အလုပ်လုပ်တဲ့စိတ်က စက္ခုဝိညာဏ်စိတ် တစ်ခုတည်း မဟုတ်ဘူး၊ စက္ခုဝိညာဏဝီထိစိတ်တွေ အားလုံးဟာ အမြင်အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နားလည်အောင်ပြောရမယ် ဆိုရင် မျက်စိကို အမြင်အာရုံလေး လာဆုံလိုက်တာနဲ့ တစ်ပြိုင်နက် ထိုပေါ်လာတဲ့ အာရုံလေးကို တံခါးဖွင့်ပေးတဲ့စိတ်က ပဉ္စဒါရာဇ္ဇန်းစိတ် attention လုပ်လိုက်တာ၊ Attention လုပ်ပြီးရင် ပျောက်သွားပြီ၊ သူ့တာဝန် ပြီးသွားပြီ။
အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၃) {စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး၊ အာရုံ ၆-ပါး}
စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး
                   ဒီနေရာမှာ ဝတ္ထု ဆိုတာ စိတ်ရဲ့တည်ရာမှီရာ ရုပ်သဘာဝတရားတွေကို ခေါ်ပါတယ်၊ ခုနတုန်းက စောင်းသံလေးဟာ ဘယ်က လာတုန်းဆို စောင်းကြိုး, စောင်းအိုးက လာတာဆိုတော့ စောင်းအိုးစောင်းကြိုးသည် စောင်းသံရဲ့ တည်ရာဖြစ်တယ်၊ စည်သည် စည်သံရဲ့ တည်ရာဖြစ်တယ်။
                   ဒီလိုပဲ စိတ်ရဲ့တည်ရာ ဝတ္ထုရုပ်ဟာ ၆-မျိုး ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်ရင် မှတ်ဖိုပလွယ်ပါတယ်၊ အရပ်ခေါ်နဲ့ပဲ ပြောလိုက်ပေါ့၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်နဲ့ ဟဒယဝတ္ထု, ဃနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု - ဒါ စိတ်ရဲ့ မှီရာတည်ရာ ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်၊ ရုပ်ကိုမှီပြီး စိတ်ဖြစ်တယ် ဆိုတဲ့သဘောကို ပြောတာ။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated