@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday, 5 August 2015

ပရိတ်ရွတ်ဆိုခြင်း အကျိုးကျေးဇူးနှင့် ရှိသင့်သည့် အင်္ဂါရပ်များ


(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
(မေး) (ပရိတ်ရွတ်ရာ၌)
အရှင်ဘုရား၊ ပရိတ်ကို အသံထွက် မရွတ်ဆိုဘဲ စိတ်ထဲက ရွတ်ဆိုခြင်းသည် အကျိုးအတူတူ ရ-မရ သိလိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(ဦးမောင်ဦး-တောင်ငူ)


(ဖြေ) ပရိတ်တရားတော်များသည် ရွတ်ဖတ်နာယူဖို့ရန် အဓိကဖြစ်ပါသည်။ ရွတ်ဖတ်နာယူရာ၌ပင် ရွတ်ဖတ်သူ၏အင်္ဂါနှင့် နာယူသူ၏တို့အင်္ဂါများ သတ်မှတ်ရာတွင် အင်္ဂါတခုအနေဖြင့် ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုရမည်ဟု ပါရှိသဖြင့် ရွတ်ဖတ်မှသာ ပရိတ်အကျိုးတရား အပြည့်အ၀ ရနိုင်ပါသည်။ စိတ်ဖြင့် (နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့်) တရားနှလုံးသွင်း ဆင်ခြင်သော မနောကံကုသိုလ် ဖြစ်ပါသည်။
ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုပါလေ။

ရွတ်ဖတ်သူတို့၏ အင်္ဂါ ၃-ချက်ကား-
(၁) ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုခြင်း။
(၂) အနက် အဓိပ္ပါယ်ကို သိရှိနားလည်ခြင်း။
(၃) ပရိတ်နာယူသူတို့အပေါ် မေတ္တာကရုဏာရှိခြင်းတို့ ဖြစ်ပါသည်။

နာယူသူတို့၏ အင်္ဂါ ၃-ချက်ကား-
(၁) ပဉ္စာနန္တရိယကံကြီး ၅-ပါးမှ လွတ်ကင်းခြင်း။
(၂) နိယတမိစ္ဆာဒိဋ္ဌိ အယူမှား မရှိခြင်း။
(၃) ပရိတ်တရားတော်ကို အလေးအနက် ယုံကြည်ခြင်းတို့ ဖြစ်သည်။
ဤအင်္ဂါ ၆-ပါးနှင့် ပြည့်စုံမှ ပရိတ်တန်ခိုးတော် ထက်မြက်ပါသည်။
...................................

http://www.mawluu.com/2010/03/blog-post_3525.html
ကူးယူဖော်ပြသည်။

Tuesday, 4 August 2015

သူတော်ကောင်း ဥစ္စာ (၇) ဖြာ။

သူတော်ကောင်း ဥစ္စာ (၇) ဖြာမှာ==
၁။ သဒ္ဓါ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင် များခြင်း။
၎။ စာဂ = ပေးကမ်းစွန့်ကြဲခြင်း။

၅။ ပညာ = လောကီ လောကုတ္တရာ ပညာနှစ်ပါးနှင့် ပြည့်စုံခြင်း။
၆။ ဟီရိ = သူတော်ကောင်းတို့ ကဲ့ရဲ့မည်ကို ရှက်ခြင်း။
၇။ သြတ္တပ္ပ = ပစ္စုပ္ပန် သံသရာဘေးကို ကြောက်လန့်ခြင်း၊ မကောင်းမှုကို လန့်ခြင်း။
  {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မေတ္တာကို စနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကို ရှာမယ်



★ ဘုန်းကြီးတို့တွေ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။ထိုအလိုမကျမှုဟာ ကြီးထွားလာရင် ပေါက်ကွဲတယ်။ ဒါကိုဒေါသ ဗျာပါဒ လို့ခေါ်တယ်။ ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့ စိတ်ကလေး ပျက်စီးလာတယ်။ စိတ်ရဲ့အလိုကျမှုကို တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်။ သို့မဟုတ် မကျေနပ်တဲ့သူကို အနိုင်ယူလိုက်တယ်။ အဲ့ဒီအနိုင်ယူလိုက်တာ စိတ်ရဲ့ ထွက်ပေါက်မဟုတ်ဘူး။ မြတ်စွာဘုရားက "နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ" တဲ့။ စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က
မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့။ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့။

★ မေတ္တာဆိုတဲ့နေရာမှာ မေတ္တာရဲ့စွမ်းရည်သတ္တိတွေဟာ အဆင့်ဆင့်ရှိတယ် ဆိုတာကို သတိထားဖို့လိုတယ်။ ဒီနေရာမှာ မေတ္တာနဲ့ပတ်သက်ပြီး လေ့ကျင့်နည်း အကျဉ်းလေးကို ပြောပြရယ်ဆိုရင် - ပထမလုပ်ရမှာက ကိုယ့်ရဲ့သန္တာန်မှာ မေတ္တာဆိုတဲ့အရာကို တွေအောင်ရှာဖို့လိုတယ်။ အရပ်ထဲမှာပြောတဲ့ တဏှာရာဂနဲ့ချစ်တဲ့မေတ္တာနဲ့ ရောထွေးသွားတတ်တယ်။ ဘာက၀င်ပြီး မေတ္တာယောင် ဆောင်တတ်သလဲဆိုတော့ ရာဂက၀င်ပြီး မေတ္တာယောင် ဆောင်တတ်တယ်။ လှည့်စားမှုလို့ခေါ်တယ်။

ရှင်သီဝလိမထေရ်မြတ်ကြီးကို ကိုးကွယ်ကြမည်ဆိုလျှင်။

        ရှင်သီဝလိ မထေရ်မြတ်ကြီးသည် လာဘ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူ ရရှိတော်မူသော
ရဟန္တာ အရှင်မြတ်ကြီး ဖြစ်ပါ၏။ အရှင်မြတ်ကြီးသည် ၀ိပဿီ မြတ်စွာဘုရားရှင် လက်ထက်တော်
ကတည်းက ဘုရားရှင်နှင့် သံဃာတော်များကို အလှူကြီးပေး၍ လဘ်လာဘ ပေါများသောအရာ
တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိနိုင်ပါကြောင်း ဆုတောင်းခဲ့ပါသည်။ ထို့နောက် ဘဝ

ပေါင်းများစွာ ပါရမီကို ဖြည့်ဆည်းတော်မူခဲ့သောကြောင့် ဧတဒဂ်ရ  ရဟန္တာအရှင်မြတ်ကြီးဖြစ်
တော်မူပါ၏။ ရှင်သီဝလိ အရှင်တော်မြတ်ကြီး၏ ပါရမီတော်ကား ထူးကဲလွန်းလှပါ၏။ ဆန်းကြယ်
လွန်းလှပါ၏။ ဘုရားရှင် ကိုယ်တော်တိုင်က သီဝလိသတိုးသားငယ်အား ရှင်သာမဏေအဖြစ် သွတ်
သွင်းချီးမြင့်ရာတွင် တစပဉ္စက ကမ္မဌာန်းစီးဖြန်းစေပြီး ဆံချပေးပါ၏။ ယင်းသို့ ဆံချပေးရာ ခေါင်း
မှဆံပင် လေးပုံတစ်ပုံလောက် ကုန်သောအခါ သောတာပတ္တိမဂ်ကိုရသည်။ တစ်ဝက်ကျန်သောအ
ခါ သကဒါဂါမိမဂ်ရ၏။ ဆံချပြီးစီးသွားသောအခါ အရဟတ္တမဂ်ကိုရပြီး ရဟန္တာဖြစ်သွားပါသည်။

ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ


                                                      လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် အလွန်ချမ်းသာသော သူဌေးဖြစ်၏။ သူ၏ အသက်ခုနစ်နှစ်သားသည် အလွန်ဉာဏ်ပညာကြီး၏။ အကျိုးရှိအောင်လည်း ပြုတတ်၏။ ထိုသူဌေးသားသည် တစ်နေ့ သူ၏ ဖခင်အား   "ဖခင် --- ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ" ဟုမေး၏။ ထိုကဲ့သို့ မေးသောအခါ ဘုရားလောင်းဖြစ်သောဖခင်က သားအား --- " သားမောင် ---



(၁) ကျန်းမာခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်ကို အလိုရှိရမယ်။
(ကျန်းမာရေး ကောင်းရမယ်။)
(၂) ကိုယ်ကျင့်သီလကိုလည်း အလိုရှိရမယ်။
(ကိုယ်ကျင့်တရား ကောင်းရမယ်။)
(၃) ပညာရှိတို့ရဲ့ ဩဝါဒတရားကို အလိုရှိရမယ်။
(နာခံမှတ်သားရမယ်။)
(၄) အမြင်အကြားကိုလည်း အလိုရှိရမယ်။
( ဆည်းပူးရှာဖွေရမယ်။
(၅) သုစရိုက်သုံးပါးကိုလည်း အလိုရှိရမယ်။
(ကုသိုလ်အမြဲပြုနေရမယ်)။
(၆) မပျင်းမရိခြင်းကိုလည်း အလိုရှိရမယ်။
(မပျင်းရိရဘူ:)

ဒီတရားခြောက်ပါးဟာ စီးပွါးဖြစ်ခြင်းရဲ့ အလွန်မွန်မြတ်တဲ့ အကြောင်းပဲ"
ဟု ဖြေကြား၏။

လူသာချင်းတူပါလျှက် ကံကွဲပြားခြားနားပုံ


သုဘလုလင်၏ လျောက်ထားချက်
မြတ်စွာဘုရား….၊  ဤလောက၌ နေထိုင်ကြသူ အပေါင်းတို့သည် လူအချင်းချင်း တူညီကြပါလျက် အရာရာ၌  ညီတူညီမျှ မဟုတ်မူ၍ အယုတ်၊ အလတ်၊ အမြတ် ကွဲပြား ထူးခြားနေကြပါသည်။

ကွဲပြားခြားနားပုံ ---
၁ (က) အချို့ သူတို့မှာ အသက်တို၍၊
   (ခ) အချို့ သူတို့မှာ အသက်ရှည်ပါကုန်သည်။
၂ (က) အချို့ သူတို့မှာ မကျန်းမမာ အနာရောဂါ များ၍၊

   (ခ) အချို့ သူတို့မှာ ရောဂါ ကင်းရှင်း ကျန်းမာခြင်း ရှိကြပါသည်။
၃ (က) အချို့ သူတို့မှာ အရုပ်ဆိုး၍၊
    (ခ) အချို့ သူတို့မှာ အဆင်းလှကြပါသည်။
၎ (က) အချို့ သူတို့မှာ ဘုန်းတန်ခိုးနည်းပါး၍၊
   (ခ) အချို့ သူတို့မှာ ဘုန်းတန်ခိုးကြီးကြပါသည်။
၅ (က) အချို့ သူတို့မှာ ဆင်းရဲနွမ်းပါး၍၊
   (ခ) အချို့ သူတို့မှာ ပေါများ ကြွယ်ဝကြပါသည်။
၆ (က) အချို့ သူတို့မှာ အမျိုးယုတ်နိမ့်၍၊
   (ခ) အချို့ သူတို့မှာ အမျိုးမြင့်မြတ်ကြပါသည်။
၇ (က) အချို့ သူတို့မှာ ပညာ ဉာဏ်နည်းပါး၍၊
   (ခ) အချို့ သူတို့မှာ ပညာ ဉာဏ်များပြားလှပါသည်။

စိတ်ဓာတ်မွန်မြတ်မှ လုပ်ငန်းလည်း မွန်မြတ်ပါလိမ့်မယ်။

        မွန်မြတ်တဲ့ လုပ်ငန်းတွင် စိတ်ထား ဖြူစင်မှုအတွက် စိတ်ရဲ့အညစ်အကြေးကို သန့်
စင်စေရပါမယ်။ ခန္ဓာကိုယ် အညစ်အကြေး ကင်းစင်မှုထက် စိတ်အညစ်အကြေး ကင်းစင်မှု
ဟာ ပိုအရေးကြီးပါတယ်။ ဆိုပါစို့ .. ဆေါ်ရုံကြီးမှာ ဆေးကုသတဲ့ လုပ်ငန်းဆိုတာ ရောဂါဖြစ်
နေတဲ့ ပုဂ္ဂိုလ်တွေ ရောဂါပျောက်အောင် ကုသပေးတာဆိုတော့ လုပ်ငန်းအနေနဲ့  အလွန်မွန်

မြတ်ပါတယ်။ သို့သော် ထို လုပ်ငန်းမွန်မြတ်မှုဟာ စိတ်ဓာတ်နဲ့ ပေါင်းစပ်လိုက်မှ ပိုပြီးတော့
မွန်မြတ်နိုင်ပါတယ်။ ကောင်းမြတ်တဲ့ စိတ်ဓာတ်နဲ့ လုပ်မယ်ဆိုလို့ရှိရင် ကုသိုလ်ရတဲ့ လုပ်ငန်း
ကြီး ဖြစ်ပါတယ်။ အလွန်မွန်မြတ်ပါတယ်။
         ဘုရားလက်ထက်တော်က ကျောင်းတွေမှာဆိုလို့ရှိရင် “ဂိလာနသာလာ” လို့ခေါ်တဲ့
အဆောင်ရှိပါတယ်။ အခုလို စနစ်တကျ ဆောက်ထားတဲ့ ဆေးရုံကြီးတွေတော့ မဟုတ်ပါ။
သို့သော် မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေ သီးသီးသန့်သန့် နေဖို့ အဆောက်အဦးကတော့ ရှိပါတယ်။
အဲဒါကို စာပေကျမ်းဂန်မှာ “ဂိလာနသာလာ” လို့ ခေါ်ပါတယ်။
         “သာလာ” ဆိုတဲ့ စကားလုံးကတော့ အဆောက်အဦးလို့ ရည်စူးတာပါ။ အခုခေတ်တော့
“သာလာ” ကို ဇရပ်လို့ပဲ ဘာသာပြန်နေကြပါတယ်။ ဘုရားလက်ထက်မှာ “သာလာ” ဆိုတာ
စည်းဝေးတဲ့ခန်းမကိုလည်း ခေါ်ပါတယ်။ “ဥပဌာန သာလာ” လို့ ခေါ်ပါတယ်။ အဲ ဂိလာနရဟန်း
တွေနေဖို့  ဆောက်ထားတဲ့ဟာကိုလည်း “ဂိလာန သာလာ” လို့ ခေါ်ပါတယ်။ အဲဒီ ဂိလာန သာ
လာကို မြတ်စွာဘုရားက မကြာခဏ ကြွသွားပြီးတော့ အားပေးစကား ပြောတယ်။ ကိုယ်တိုင်
လည်း ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို လုပ်တယ်။
         ဒါ လူသားတွေအချင်းချင်း ကြင်နာတရားထားလို့ အလွန်မွန်မြတ်တဲ့ လုပ်ငန်းတစ်ခုလို့
မြတ်စွာဘုရားက ဟောကြားထားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ အလိုတော်ကို သိရှိကြ
တဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို ဖွင့်ဆိုတဲ့ “အဌကထာ” တို့၊ “ဋီကာ” ကျမ်းတွေကို ရေးသားကြတဲ့
ဆရာတော်ကြီးတွေက “ဂိလာနုပဌာနံ ဗုဒ္ဓပ္ပသတ္ထံ” သူနာကို ပြုစုတဲ့ လုပ်ငန်းကို ဘုရားက အင်
မတန်မှ ချီမွမ်းပါတယ်တဲ့။ ဘယ်လောက်ချီးမွန်းတုန်းဆိုရင် “ယော မံ ဥပဌဟေယျ၊ သော ဂိ
လာနံ ဥပဌေဟယ်”။ ငါ့ကို အလုပ်အကြွေး လုပ်ကြွေးတဲ့ ပုဂ္ဂိုလ်ဟာ “ဂိလာန”ကိုပဲ လုပ်ကြွေး
သင့်တယ် လို့ တန်းတူထားပြီးတော့ ပြောခဲ့ပါတယ်။ အဲဒီတော့ ဒီ ဗုဒ္ဓစကားကို ကြည့်ခြင်းအား
ဖြင့် လုပ်ငန်းအနေနဲ့ အလွန်မွန်မြတ်တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီလို အလွန်မွန်မြတ်တဲ့
လုပ်ငန်းကို မွန်မြတ်တဲ့ စိတ်ထားနဲ့ လုပ်ပေးဖို့တော့ လိုအပ်ပါတယ်။ စိတ်ဓာတ်မွန်မြတ်မှ လုပ်
ငန်းလည်း မွန်မြတ်ပါလိမ့်မယ်။ ။
 {၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ နေပြည်တော်၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
   ဟောကြားသော ဘေသဇ္ဇဂုရုတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဒေါက်တာအရှင်ဉာဏိဿရ၏ ကိုယ်ပိုင်ဥစ္စာ ။

       ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးနှင့် ကံ၊
ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ဗုဒ္ဓမြတ်စွာဘုရားက “ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ”
“ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ” ဟူ၍ ဟောကြားတော် မူခဲ့ပါသည်။ မိမိပြုလေသမျှ ကာယကံ၊ ၀စီ
ကံ၊ မနောကံတို့သည်သာ မိမိ၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်ပါသည်။ အိမ်မြေ၊ တိုက်တာ၊ ကား၊ ရွှေငွေ ရ

တနာတို့သည် မိမိလက်ဝယ် ရရှိပိုင်ဆိုင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်လွတ်
ဆုံးရှုံးတတ်ပါသည်။ ယင်းသို့ လက်လွတ်ဆုံးရှုံးမှု မရှိသည့်တိုင် မိမိကွယ်လွန်တိမ်းပါးသော် ထား
ချန်ရစ်ခဲ့ရပါသည်။ ကံဟူသော ကိုယ်ပိုင်ဥစ္စာမည်သည်ကား သံသရာတစ်လျှောက် မိမိကိုယ်ပိုင်
ပစ္စည်းအဖြစ် ကောင်းမွေ၊ ဆိုးမွေကို ခံစား၊ စံစားစေနိုင်စွမ်း ရှိပါသည်။ ကောင်းသော ကာယကံ၊
ဝစီကံ၊ မနောကံတို့သည် ကောင်းသော ကိုယ်ပိုင်ဥစ္စာဖြစ်ပါသည်။ မကောင်းသော အပြုအမှူများ
သည်လည်း မကောင်းသော အကုသိုလ် ကိုယ်ပိုင်ဥစ္စာ ဖြစ်ပါသည်။

Monday, 3 August 2015

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း ဆိုတာ ၀ါတွင်း ကာလ(မိုးကာလ)၌ မိမိတို့ ကျောင်းအသီးသီးတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် များအား လှူဒါန်းသည့် သင်္ကန်းလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက လို့ ဟောထား ပါတယ်။

ပါဠိ အင်္ဂလိပ် အဘိဓာန် မှာတော့ a cloak for use in the rainy season လို့ဖွင့်ပြတယ်။ တိပိဋက ပါဠိ အဘိဓာန်က ၀ဿာဝါသိက မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက အ၀တ်(သင်္ကန်း) မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ ရှိသော ရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ဆိုပါတယ်။
ဒီနေ့ခေတ်မှာတာ့ များသောအားဖြင့် ၀ါမဆိုမီ ကာလမှာ ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူလေ့ ရှိတယ်။ဝါဆိုသင်္ကန်း ကပ်လှူပွဲဆိုပြီး ဘုရားဟော ကျမ်းဂန်များမှာတော့ တိုက်ရိုက် မလာပါဘူး။ ဆက်စပ် နှီးနွှယ်လို့ ယူနိုင်တဲ့ story background လေးကတော့ . . .

နမော တဿ နဲ့ ဗုဒ္ဓဘာသာ


“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခမ်းအနားများရှိတိုင်း ရွတ်ဆိုအသုံးပြု နေကြသလို ဘာသာရေး စာအုပ်များရဲ့ အဖွင့်စာမျက်နှာများမှာလည်း အမြဲတမ်း ရေးသားအသုံးပြုလေ့ ရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီစကားတော်ဟာ ဗုဒ္ဓဘာသာတွေအတွက် လူတိုင်းနီးပါး ရနေတဲ့ စကားတော်လို့ ဆိုခြင်းဖြစ်ပါတယ်။



♦ တိုက်ရိုက်ပြောရရင် ဒီစကားတော်ဟာ ဘုရားရှိခိုးတဲ့ ဘုရားရှိခိုးပါပဲ။ အဓိပ္ပါယ်က “ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသော တရားတော်တို့ကို မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော ထိုမြတ်စွာဘုရားရှင်အား ရှိခိုးပါ၏” ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ခက်တာက တစ်ခါတစ်လေ နှုတ်တက်ရနေ၊ ရွတ်နေပေမယ့် ဒီဘုရားရှိခိုးကို ဘုရားရှိခိုးမှန်းမသိ၊ ဘာအဓိပ္ပါယ်မှန်း မသိဘဲဖြစ်နေကြတဲ့ သူတွေရှိသလို ဘာသာရေး အခမ်းအနားတွေမှာ အခမ်းအနားအဖွင့် အနေနဲ့ ရွတ်ဆိုကြတဲ့ အခမ်းအနားအဖွင့် တစ်ခုလို့ပဲ ထင်နေတတ်တဲ့သူတွေလည်း ရှိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။

Sunday, 2 August 2015

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်။

         ဗုဒ္ဓဘာသာဝင် အများစုသည် အသက်သာ ငါးဆယ်ကျော်၍ ခြောက်ဆယ်နား ကပ်လာ
သည့်တိုင် မိမိ လူလာဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသူအလွန်နည်း၏။ သိရန်လည်း
လေ့လာသုံးသပ်ကြပုံမရှိကြ။ မေးခဲ့လျှင်လည်း ရုတ်တရက် ဘာဖြေရမှန်း မသိအောင် နှုတ်ဆွံ့
သွားကြတတ်ပါသည်။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေနဲ့ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒါနကု
သိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကု
သိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါသည်။ စီးပွားဥစ္စာ ရှာဖွေခြင်းသည်ပင် ထို ကု
သိုလ်ခြောက်မျိုး ပြုလုပ်ရန်အတွက် ဖြစ်ပါသည်။ သုံဆယ့်တစ်ဘုံတွင် အပါယ်လေးဘုံသည် ဆင်း
ရဲဒုက္ခတွေ များလွန်းအားကြီး၍ မည်သည့်ကုသိုလ်မျှ ပြုလုပ်၍မရပါ။ နတ်ဘုံခြောက်ထပ်နှင့်
ဗြဟ္မာ့ဘုံ နှစ်ဆယ်သည်ကား ချမ်းသာသုက္ခတွေ များလွန်းအားကြီး၍ ကုသိုလ်တရား များကိုပင်
တင်းပြည့်ကျပ်ပြည့် ပြုလုပ်၍ မရပြန် ဖြစ်ပါသည်။

မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး။

        မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ
                         အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပ စ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူ

                          ဇော်ကို ခံလျက် အခွင့်အားလျော်စွာ ဒေသနာဓမ္မ ဟောပြတော်မူခြင်းကိစ္စ။
၃။ ပုရိမယာမကိစ္စ = ညဥ့်ဦးယံ၌ ရဟန်းပရိသတ်တို့အား တရားဟောခြင်း၊ ကမ္မဌာန်းပေးခြင်း၊
                         စသောကိစ္စ။
၎။ မဇ္ဈိမယာမကိစ္စ = သန်းခေါင်ယံ၌ စကြ၀ဠာတိုက်တစ်သောင်းမှ စည်းဝေးလာရောက်ကုန်သော
                          နတ်ဗြဟ္မာအပေါင်းတို့၏ အမေးပု စ္ဆာ ပြသနာတို့ကို ဖြေဆိုတော်မူခြင်း
                          စသော ကိစ္စ။

Friday, 31 July 2015

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်တော် (၁၆) ပါး။


        နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
(၃)။ သမ္မသနဉာဏ် = ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။
(၄)။ ဥဒယဗ္ဗယဉာဏ် = ရုပ်နာမ်နှစ်ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။
(၅)။ ဘင်္ဂဉာဏ် = ရုပ်နာမ်နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၆)။ ဘယဉာဏ် = ရုပ်နာမ်နှစ်ပါးပျက်စီးခြင်းကိုဘေးဟူ၍ရှုသည်၏အစွမ်းဖြင့်ထင်မြင်သည့်ဉာဏ်
(၇)။ အာဒီန၀ဉာဏ် = ထိုဘေးကို ဆင်းရဲခြင်း အပြစ်ဟု ရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
(၈)။ နိဗ္ဗိန္ဒဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာငြီးငွေ့ဖွယ်ဟု မြင်
သောဉာဏ်။

Friday, 24 July 2015

မေတ္တာကို စနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကို ရှာမယ်



★ ဘုန်းကြီးတို့တွေ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။ထိုအလိုမကျမှုဟာ ကြီးထွားလာရင် ပေါက်ကွဲတယ်။ ဒါကိုဒေါသ ဗျာပါဒ လို့ခေါ်တယ်။ ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့ စိတ်ကလေး ပျက်စီးလာတယ်။ စိတ်ရဲ့အလိုကျမှုကို တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်။ သို့မဟုတ် မကျေနပ်တဲ့သူကို အနိုင်ယူလိုက်တယ်။ အဲ့ဒီအနိုင်ယူလိုက်တာ စိတ်ရဲ့ ထွက်ပေါက်မဟုတ်ဘူး။ မြတ်စွာဘုရားက "နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ" တဲ့။ စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က
မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့။ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့။

တစ်ခါတလေ တစ်ယောက်တည်းပဲ ကောင်းပါတယ်


                         
ကဿပဘုရားရှင်လက်ထက်တော်ကတရားကျင့်ဘက်သူငယ်ချင်းရဟန်းနှစ်ပါးရှိပါတယ်။ တရားကျင့်ပြီး
နတ်ပြည်မှာဖြစ်ရပါတယ်။ တစ်ခါနတ်ပြည်ကစုတေတော့ တစ်ပါးကဘုရင့်သားဖြစ်ပြီး၊တစ်ပါးက
ပုရောဟိတ်ရဲ့သားဖြစ်ရပါတယ်။

တစ်နေ့တော့ပုရောဟိတ်သားကဘုရင့်သားကို“သူငယ်ချင်းတချိန်မှာ သင်ကဘုရင်ဖြစ်ပြီးငါက
ပုရောဟိတ်ဖြစ်လိမ့်မယ်။ဒါကြောင့် ငါတို့ပညာတတ်မှဖြစ်မယ်”ဆိုပြီးသူငယ်ချင်းနှစ်ယောက်
ပညာသင်ဖို့မြို့ရွာတွေကိုထွက်ခဲ့ပါတယ်။ ရွာတစ်ရွာရောက်တော့ ပစ္စေကဗုဒ္ဓတွေကိုရွာသူ
ရွာသားတွေက ဆွမ်းလောင်းနေတာတွေ နေရာထိုင်ခင်းပေးနေ တာတွေအရိုအသေ
ပြုနေတာတွေကိုတွေ့ပြီး“အရှင်မြတ်တွေဟာ အတတ်ပညာတစ်ခုခုကို
တတ်လို့လူတွေက အရိုအသေပြုနေကြတာပဲ”လို့တွေးပြီး ပညာသင်ပေးဖို့ပစ္စေကဗုဒ္ဓတွေကို
တောင်းပန်ပါတယ်။ ဒီတော့ပစ္စေကဗုဒ္ဓအရှင်မြတ် တွေက
“ရဟန်းအတတ်ပညာကို ရဟန်းပြုမှသင်ပေးမယ်”ပြောလို့သူငယ်ချင်းနှစ်ယောက် ရဟန်းပြုကြပါတယ်။

Wednesday, 8 July 2015

ဘယ်လမ်းက သွားနေသလဲ


            
မြတ်စွာဘုရားက ဘယ်လို ဥပမာပေးလဲဆိုတော့
တောင်ထိပ်က မျက်စိအမြင်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဟာတဲ့
ဟိုးအဝေးကရှိတဲ့ သဲကန္တာရကြီးထဲကို လှမ်းပြီးကြည့်လိုက်တယ်။
ကြည့်တော့ အပေါ်ကလဲ နေကပူလိုက်တာ အောက်က သဲတွေကလဲ
ပူကျက်ပြီးတော့ လောင်ကျွမ်းနေတဲ့ ဒီခရီးကို ကြည့်နေတုန်းမှာပဲ
လူတစ်ယောက် ခရီးသွားနေတယ် ၊ အဲဒီကန္တာရကြီးထဲမှာ
သူက ဖိနပ်မပါ အပေါ်က အဆောင်းမပါ သွားနေတာ။
အဲဒါကို အမြင့်ကနေ ကြည့်တဲ့သူက မြင်တယ်။

 
ဒီလူ ဘယ်သွားနေတာလဲလို့ ကြည့်လိုက်တော့
ဒီလူဟာ မီးကျီးတွင်းကြီးရှိတဲ့ဆီ ဦးတည်ပြီး သွားနေတာတဲ့။
အဲတော့ အပေါ်ကလူက ဒီလူ လမ်းကြောင်းမပြောင်းရင်တော့ေ
သေချာပေါက် မီးကျီးတွင်းထဲ ကျတော့မှာပဲ ၊ သူက
အမြင့်ကဆိုတော့ မြင်တယ်၊ အောက်ကနေ သွားနေတဲ့လူကတော့
ရှေ့ ကနေ အဝေးကြီးကို မမြင်နိုင်ဘူးလေ။

Tuesday, 7 July 2015

သီလ၏ ကြောင်းကျိုး အဆက်ဆက်

♦ဘုရား၊ တရား၊ သံဃာ ရတနာ ၃ ပါးကို ယုံကြည်လျှင် ကောင်းသော အလုပ် (ကုသိုလ်) ကြောင့် ကောင်းကျိုး ရ၍ ဆိုးသော အလုပ် (အကုသိုလ်) ကြောင့် ဆိုးကျိုး ရသည် ဆိုသော ကြောင်းကျိုး သဘာဝ (ကံနှင့် ကံ၏ အကျိုး) ကို ယုံကြည် လက်ခံ၏။ ( ကမ္မသကတာ သမ္မာဒိဋ္ဌိ )


♦အလုပ်နှင့် အလုပ်ကြောင့် ရရှိသည့် အကျိုး (ကံနှင့် ကံ၏ အကျိုး) ကို ယုံကြည်လျှင် ဆိုးကျိုး ဆင်းရဲကျိုး ရမည်ကို ရှက်လည်း ရှက်၊ ကြောက်လည်း ကြောက်၏။ ( ဟိရီဩတ္တပ္ပ )

♦ထို အရှက် (ဟိရီ) နှင့် အကြောက် (ဩတ္တပ္ပ) ကြောင့်ပင် ဆိုးသော အလုပ် မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်၏။ မကောင်းမှုကို ရှောင်ကြဉ်လျှင် ကိုယ်ကျင့်သီလ ပြည့်စုံ လုံခြုံ၏။ (သီလသံဝရ)

♦ကိုယ်ကျင့်သီလ လုံခြုံလျှင် မိမိ ကိုယ်ကျင့်တရားကို စဉ်းစားဆင်ခြင်မိတိုင်း စိတ်ကြည်လင် ရွှင်လန်း၏။ (အဝိပ္ပဋိသာရ)

♦စိတ်ကြည်လင် ရွှင်လန်းလျှင် ဝမ်းမြောက်၏။ (ပါမောဇ္ဇ)

♦ဝမ်းမြောက်လျှင် နှစ်သက် အားရ၏။ (ပီတိ)

Thursday, 2 July 2015

ဘ၀အတွက် မိမိ၏သီလဂုဏ်။

         လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး ငါးပါးသီလလောက်ကို လုံခြုံအောင်လုပ်ရမယ်၊
ငါးပါးသီလကို ၀ါရိတ္တသီလလို့ခေါ်တယ်။ ငါးပါးသီလပြည့်စုံမှ လူ့ဘ၀ပြည့်စုံမယ်။ လူတစ်ယောက်
ဟာ အရင်ဘ၀တုန်းက ငါးပါးသီလထဲက လေးပါးကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်။ အဲဒီထဲမှာ
“ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင် လူ့ဘ၀ရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာဖြစ်ပေ

မယ့်လို့  အသက်တိုမယ်၊ အနာရောဂါများမယ်။(ငရဲကျတာ၊ မကျတာ အသာထား) အပေါ့ဆုံး အ
ပြစ်က ဒီအထိအောင် ခံရမှာပါ။
         “အာဒိန္နာဒါနကံ” မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့၊ ခဏခဏ ပျက်စီး
သွားမယ်၊ မီးလောင်တဲ့အထိ ပါသွားမယ်၊ ကိုယ်ရဲ့ပစ္စည်းဥစ္စာဟာ အမြဲတမ်း ပျက်စီးဆုံးရှုံးနေမယ်၊
နောက်တစ်ခု “ကာမေသု မိစ္ဆာစာရကံ” မလုံရင် လူမုန်းများမယ်၊ အခြောက်တိုက် မုန်းတာမျိုးလို
သူ့မျက်နှာမြင်တာနဲ့  အလိုလိုမုန်းလာမယ်။
         “မုသာဝါဒကံ” မလုံရင် သူ့စကားကို မယုံကြတော့ဘူး၊ မယုံကြည်တဲ့အခါ သူ့ရဲ့စကား
အရာမရောက် ဖြစ်တယ်၊ ဒါကြောင့် မုသားဆို ရယ်စရာအနေနဲ့တောင် မပြောဘဲ ရှောင်ကြဉ်သင့်
တယ်လို့ မြတ်ဗုဒ္ဓ ဟောကြားထားတယ်။ “သုရာမေရယကံ” မလုံခြုံခဲ့သူဟာ ဖြစ်ရာဘ၀မှာ
ဦးနှောက်မပြည့်ဘူး၊ ရူးနှမ်းနှမ်းဖြစ်တတ်တယ်။

Saturday, 27 June 2015

ခေါင်းဆောင်ကောင်းတို့၏အရည်အချင်းတရားတော်


၁.ကိုယ်ကျင့်တရား ကောင်းရမယ်
၂.အကြားအမြင်ဗဟုသုတများခြင်း
၃.မိတ်ကောင်းဆွေကောင်းများခြင်း
၎.ပြောဆိုဆုံးမလွယ်သူဖြစ်ရမယ်
၅.လုပ်ငန်းပေါ်မှာကျွမ်းကျင်မှု့ရှိရမယ်
၆.အမှန်တရားကိုမြတ်နိုးရမယ်
၇.ရောင့်ရဲတင်းတိမ် ရမယ်
၈.လုံ့လဝီရိယရှိရမယ်
၉.သတိကောင်းခြင်း
၁၀.အသိပညာမြင့်မားရမယ်
၁.ကိုယ်ကျင့်တရား ကောင်းရမယ်
၂.အကြားအမြင်ဗဟုသုတများခြင်း
၃.မိတ်ကောင်းဆွေကောင်းများခြင်း
၎.ပြောဆိုဆုံးမလွယ်သူဖြစ်ရမယ်
၅.လုပ်ငန်းပေါ်မှာကျွမ်းကျင်မှု့ရှိရမယ်
၆.အမှန်တရားကိုမြတ်နိုးရမယ်
၇.ရောင့်ရဲတင်းတိမ် ရမယ်
၈.လုံ့လဝီရိယရှိရမယ်
၉.သတိကောင်းခြင်း
၁၀.အသိပညာမြင့်မားရမယ်

Wednesday, 24 June 2015

အမြတ်ကြီးကြီး ရချင်သူများ အတွက်


 
ယခုခေတ်မှာ သူတော်သူမြတ်တွေ နည်းပါးသွားခြင်းက သူတော်ကောင်းတရားရဲ့ အားနည်းချက်တော့ မဟုတ်ပါဘူး ။ သူတော်ကောင်းတရားကို လိုက်နာ ကျင့်သုံးသူတွေ နည်းပါးသွားလို့ သူတော်ကောင်းတွေ နည်းပါးသွားရခြင်း ဖြစ်ပါတယ် ။ သူတော်ကောင်း တရားမှာ အားနည်းချက်ရှိလို့ မဟုတ်ဘူး ။ သူတော်ကောင်းတရားမှာ ချွင်းချက်မရှိ ကောင်းမြတ်ပြည့်စုံပါတယ် ။

သူတော်ကောင်းတရားမှာ အားနည်းချက်ဆိုတာ မရှိဘူး ။
အားသာချက်ပဲ ရှိတယ် ။ သူတော်ကောင်းတရားမှာ အရှုံးဆိုတာ မရှိဘူး ။ အမြတ်ပဲ ရှိတယ် ။ သူတော်ကောင်းတရား အားထုတ်လို့ ရှုံးသွားတယ် ဆိုတာ မရှိဘူး ။ သူတော်ကောင်းတရားကို နည်းနည်း အားထုတ်လိုက်တာ နဲ့ အမြတ်တွေ အများကြီး ရရှိသွားတော့တယ် ။ သူတော်ကောင်းတရားအပေါ် အရှုံးအမြတ်တွက်ပြီး အလုပ်လုပ်တယ်ဆိုတာ တကယ့် မသင့်မြတ်တဲ့ လုပ်ရပ်ကြီးပါ ။
သူတော်ကောင်းတရား အားထုတ်ပြီ ဆိုကတည်းက အရှုံးအမြတ် မတွက်သင့်ပါဘူး ။
သူတော်ကောင်းတရားကို အားထုတ်ရင်း မျက်စိ ၊ နား ၊ နှာ ၊ နှာခေါင်းတွေ ၊ ကိုယ်အင်္ဂါ ခြေလက်တွေ ပျက်စီး ဆုံးရှုံးသွားပါစေ ရှုံးတယ်လို့
မဆိုသာဘူး ။ နောက်ဆုံး တရားအားထုတ်ရင်း အသက်ပင်ပါသွားပါစေ
အရှုံးဆိုတာ မရှိဘူး ။ ဘယ်လောက်ပင် အားထုတ်ထုတ် မရှုံးပါဘူး ။

သူတော်ကောင်းအလှူ ငါးမျိုး

အလှူဒါနအမျိုးမျိုး-

သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။



(၁) သဒ္ဓါဒါန
--------------
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

သူ့ကျွန် မခံမည်


                                                        ဘုရားရှင်က ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား
- The Truth of Suffering)
ကို အသေးစိတ် ကွက်ကွက်
ကွင်းကွင်း ပြောပြပါတယ်။
နားထောင်သူ (Listener)
အနေနဲ့
“ဒီဆင်းရဲတွေက ဘယ်ကဖြစ်ပေါ်လာတာလဲ၊ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ”
ဆိုတဲ့အတွေး ဦးဏှောက်ထဲရောက်လာမှာ အမှန်ပဲ။

ဒါကို သိတဲ့ဘုရားရှင်က “ဒီလိုဆင်းရဲရတာဟာ တခြားကြောင့် မဟုတ်ဘူး၊ တဏှာကြောင့်ဟေ့”  လို့ ဆက်ပြောပါတယ်။

“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်။”

၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏။
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်။
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၎။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏။

၅။ မုဒု စ= စိတ်ထား  နူးညံ့သိမ်မွေ့သင့်၏။

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း၊
မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်။
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်။
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏။
၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏။

Saturday, 13 June 2015

ခင်ပွန်းယုတ် အပြစ် ၆ ပါး။

၁။ အကြင်သူတို့သည် လောင်းကစားကြူးကုန်၏။
၂။ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏။
၃။ အကြင်သူတို့သည် သေသောက်ကြူးကုန်၏။
၎။ အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏။

၅။ အကြင်သူတို့သည် မာယာဖြင့် လှည့်ပတ်တတ်ကုန်၏။
၆။ အကြင်သူတို့သည် အနိုင်အထက်ပြုတတ်ကုန်၏။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း။


       ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် အဲဒီ ဗောဓိပလ္လင် ဌာနနှင့်တကွ (၇) ပါးသောဌာန
တို့၌ (၇) ရက်စီ  သီတင်းသုံးလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစားခြင်း၊  တရားတော်ကို ဆင်ခြင်
တော်မူခြင်းတို့ဖြင့် (၄၉) ရက်ကို ကုန်လွန်စေခဲ့ပါသည်။ ရက် (၅၀) မြောက် ၀ါဆိလဆန်း (၆) ရက်
နေ့မှာ အဇပါလ ညောင်ပင်အောက်သို့ ပြန်ကြွလာတယ်။  အဲဒီမှာ ထိုင်နေတော်မူရင်း ဘယ်သူ့အား

ရှေးဦးစွာ တရားဦးဟောရပါမလဲ၊  ဘယ်သူဟာ  ဒီတရားကို  လျင်မြန်စွာ သိနိုင်ပါလိမ့်မည်လဲ  လို့
မြတ်စွာဘုရားက တရားဟောဖို့ ဆင်ခြင်တော်မူတယ်။ အဲဒီလို ဆင်ခြင်လိုက်တဲ့ အခါမှာ “ ကာလမ
အနွယ် အာဠာရ ရသေ့ဟာ ပညာရှိပဲ၊ တတ်သိတယ်၊ ဉာဏ်ထက်တယ်၊ ပညာမျက်စိမှာ ကိလေသာ
မြူမှုန် နည်းပါးနေတာကြာပြီ၊ အဲဒီ အာဠာရအား ရှေးဦးစွာ ဟောရရင် ကောင်းမှာပဲ၊ သူဟာ   ဒီတ
ရားကို လျင်မြန်စွာ သိပေလိမ့်မယ် ” လို့  ပကတိ စိတ်ကူးထဲမှာ ပေါ်လာပါသတဲ့။

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာဓန။


        လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်း
ကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့  တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး
ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကို တွေ့ရမှာဖြစ်တယ်။ သို့သော်လည်း လောကလူသားတွေ

ဟာ နေ့စဉ်နှင့်အမျှ ပကတိပစ္စည်းဥစ္စာကိုသာ ရှာကြတယ်။
         ရထားတဲ့ စီးပွားဥစ္စာက လူတွေကို အကျိုးပြုတာဟာ အင်မတန်မှ တိုတောင်းပါတယ်။ အဲ
ဒီလို အင်မတန်မှ တိုတောင်းသည့် အတွက်ကြောင့် တိုတောင်းသည့် ခဏလေးအတွင်းမှာပဲ ပစ္စည်း
ဥစ္စာက အကျိုးပြုနိုင်တယ်။ အကျိုးပြုတဲ့ အချိန်မှာတောင် အပြည့်အ၀ အကျိုးပြုသလားဆိုတော့
တစ်ဖက်က အကျိုးပြုတာ တွေ့ရသလို ကျန်တစ်ဖက်က အကျိုးမပြုတာကိုလည်း တွေ့ရတယ်။
ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဆင်းရဲဒုက္ခရောက်ရတာတွေလည်း ရှိတယ်။

ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။


        ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ
ဏာ ဘောဂါ” တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းသွားရင်လည်း ပါသွားနိုင်တယ်။ “စောရသာ

ဓာရဏာ ဘောဂါ” တိုက်ခိုက် ခိုးယူသွားရင်လည်း ပစ္စည်းတွေ ပါသွားနိုင်တယ်။ “အပ္ပိယဒါယာ
ဒသာဓာရဏာ ဘောဂါ” မချစ်မနှစ်သက်တဲ့သူ၊ သားဆိုး သမီးဆိုးတွေကြောင့်လည်းပဲ ထို
ပစ္စည်းတွေ ကုန်သွားနိုင်တယ်။ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာရှာထားထား ထိုပစ္စည်းတွေ ဟာ
တနည်းနည်းနဲ့ ကုန်ဆုံးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ခိုင်မာမှုဆိုတာ အလွန်တရာ  နည်းတယ်လို့
ဆိုလိုတာ ဖြစ်တယ်။

**နမော ဓမ္မရာဇဿ**



နမော တဿ ဘဂဝတော အရဟတောသမ္မာသမ္ဗုဒ္ဓဿ။
**နမော ဓမ္မရာဇဿ**
* န တာဝတာ ဓမ္မရော၊ ယာဝတာ ဗဟု ဘာသတိ။
* ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
* သ ဝေ ဓမ္မရော ဟောတိ၊ ယော ဓမ္မံ နပ္ပ မဇ္ဇတိ။
(ဓမ္မပဒဂါထာ ၂၅၉)
* အပြောများရုံ၊ နှုတ်အာဂုံ၊ အစုံရပါစေ။
* လက်တွေ့မပွား၊ မကျင့်ငြား၊ တရားမဆောင်ပေ။

* တရားအနွယ်၊ မကွယ်ရုံသာ၊ စောင့်ပေးကာ၊ ကိုယ့်ဟာမဟုတ်ချေ။
* နို့မသုံးရ၊ မခိုင်းရဘဲ၊ အခကိုယူ၊ နွားကျောင်းသူ၊ ပုံတူမှတ်ကြလေ။
* သင်ယူနာကြား၊ လက်တွေ့ပွား၊ တရားမြင်အောင် ကျင့်တတ်ပေ။
* စွမ်းအားတက်အောင်၊ တရားဆောင်၊ အမှောင်ကင်းစင်ချေ။
* ရှေ့ နောက် ဆက်စပ်၊ သတိကပ်၊ ရှုမှတ်၍ သာနေ။
* တရားဆောင်သူ၊ စိတ်မပူ၊ စင်ဖြူအေးချမ်းပေ။

စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ



လူတစ်ယောက်ဟာ စိတ်ချမ်းသာဖို့ သိပ်ပြီးအရေးကြီးပါတယ်။
စိတ်ချမ်းသာနေမှ လောကီအလုပ်ပဲလုပ်လုပ်၊
လောကုတ္တရာအလုပ်ပဲလုပ်လုပ် အဆင်ပြေတာပါ။
စိတ်ဆင်းရဲနေတဲ့စိတ်ကို စိတ်နဲ့ပဲ ပြန်ကုရပါတယ်။
လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်နဲ့ အကုသိုလ်မှာ
အကုသိုလ်မဖြစ်ဖို့က ပထမဦးစားပေးပါ။
ကုသိုလ်ဖြစ်ဖို့က ဒုတိယဦးစားပေးပါ။

ဆိုလိုတာက ကုသိုလ်မဖြစ်ရင်နေပါစေ၊
အကုသိုလ်မဖြစ်အောင်တော့ အထူးစောင့်ထိန်းရမှာပါ။
အကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ဆင်းရဲရပါတယ်။
ကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ချမ်းသာရပါတယ်။
ဒီတော့ အကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကဘာလဲ၊ ကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်း အရင်းက ဘာလဲ။

သင်္ခါရလမ်း


အမိဝမ်းမှာ၊ နေစဉ်ခါ၊
သေရွာသွားရမှာပါတကား။
ပျိုမျစ်သေးရာ၊ ငယ်စဉ်ခါ၊
သေရွာသွားရမှာပါတကား။
ရွယ်ကောင်းတုန်းမှာ၊ ပျိုစဉ်ခါ၊

သေရွာသွားရမှာပါတကား။
အရွယ်ရင့်လာ၊ အိုစဉ်မှာ၊
သေရွာသွားရမှာပါတကား။
ရွယ်အားလုံးမှာ၊ သတ္တဝါ၊
သေရွာသွားရမှာပါတကား။

(ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီး)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဗြဟ္မာအစားအစာ။

        ဗြဟ္မာတို့ကား ရုပ် ၀တ္ထု အဟာရ တစုံတရာကို စားသုံးခြင်းမရှိ၊ ပီတိခေါ် စိတ်၏ နှစ်
သက်ငြိမ်းချမ်းမှုဖြင့်သာ တည်နေကြလေသည်။ စားသုံးသော အဟာရက နူးညံ့သောကြောင့်
ဗြဟ္မာတို့၏ ကိုယ်ကာယသည် လွန်စွာ နူးညံ့ သိမ်မွေ့ကြသည်။
         ဗြဟ္မာတို့  အစာမစားဘဲ ပီတိဖြင့်သာ နေသည်ဆိုသဖြင့် “ ယုံရခက်ခက် ” ဟု ထင်
တတ်ကြ၏။ တရားရှုမှတ်သော ယောကီအချို့သည် တစ်ရက်တွင် ထမင်း လေး ငါးလုပ်မျှ

သာ စားသော်လည်း ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ နှစ်ည၊ သုံးည မအိပ်စက်ရသော်လည်း
ကြည်ကြည်လင်လင် ရှိနေခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ ယင်းတို့ကို ထောက်ဆပြီး ဗြဟ္မာ
တို့၏ အဖြစ်ကို ယုံကြည်နိုင်ကြပေသည်။ အကယ်၍ ယုံကြည်ရန် အခက်အခဲရှိပါက မြတ်ဗုဒ္ဓ၏
ဝိပဿနာတရားကို သမာဓိထူး အာရုံနမိတ်ထူး ဉာဏ်အထူးပေါ်သည်အထိ အားထုတ်ကြည့်
သင့်ကြပေသည်။ သို့မှသာ မြတ်ဗုဒ္ဓ၀ါဒဆိုင်ရာ အချို့အချက်များကို လက်ခံယုံကြည်နိုင်ကြ
မည် ဖြစ်သည်။
         နတ်ပြည်တွင် နတ်သား နတ်သမီး လိင်ကွဲပြားချက် ရှိ၏။ လူများကဲ့သို့ ချစ်ကြိုက်မှု
ပြုကြ၏။ ဗြဟ္မာ့ပြည်၌မူ ဗြဟ္မာထီး ဗြဟ္မာမ မရှိချေ။ အားလုံး ယောက်ျားသဏ္ဍန်များသာ ဖြစ်
ကြသည်။ ကာမဂုဏ်စိတ်ဓာတ်လည်း လုံးဝ မရှိကြပေ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

*** သေမင်း၏ရယ်မောခြင်း ***




၁။ သူနိုင် ငါနိုင်၊ အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ် သေမင်း ဘေးကရယ်သတည်း။
၂။ သူပိုင် ငါပိုင်၊ အနိုင်ခုသွင်း၊ လုယက်ငြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၃။ သူ့ဟာ၊ ငါ့ဟာ၊ တဏှာမကင်း၊ ရမ္မက်ပြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၎။ သူချော၊ ငါလှ၊ တသသနှင့်၊ ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို သေမင်း ဘေးကရယ်သတည်း။
၅။ လွှမ်းခြုံအာဏာ၊ ရာဇာသေဌ်နှင်း၊ တန်ခိုးပြင်းစဉ် သေမင်း ဘေးကရယ်သတည်း။

၆။ ရွှေ ငွေ မြ ဖန်၊ ပိုလျှံဖြည့်တင်း၊ ဌေးကြွယ်ခြင်းကို၊ သေမင်း ဘေးကရယ်သတည်း။
၇။ ဆယ်စီးဆင်ပြောင်၊ အားအန်ဆောင်၍၊ မာန်ထောင်ကြီးလှ၊ ကိုဗာလအား၊ ဘေးက သေမင်း ရယ်သတည်း။
၈။ ခြွေရံပေါများ၊ ငါတကားဟု၊ ထောင်လွှားတက်ကြွ၊ ကိုယ်ယသအား၊ ဘေးက သေမင်း ရယ်သတည်း။
၉။ လက်နက်ပိုင်ရှင်၊ ငါသခင်ဟု၊ ငါ့ပြင်မရှိ၊ ကြီးဘိ မာန၊ ကိုဗာလအား၊ ဘေးက သေမင်း ရယ်သတည်း။
ရှင်သေမင်းကား အလျှင်းမလတ် မခတ် မျက်တောင် ကြောင်ကြောင်တည့်တည့် ကြည့်ကာ ကြည့်ကာ နေချေပါပေါ့ မရဏာမင်းမြတ် အရပ်ရပ်ဖို့ စိတ်ဓာတ်တက်ကြွ မာန်မထဘဲ လောဘ ဒေါသ မောဟ သုံးဟိတ် ကိုယ်မှာဆိတ်အောင် ကွပ်နှိပ်ဆုံးမရာသတည်း။

** ရွှေထီးက္ကုန္ဒရာ **
(ဤကောင်းမှု ကုသိုလ်ကြောင့် တပည့်တော်တို့၏ အားထုတ်ဆဲဖြစ်သော ၀ိပဿနာဥာဏ် သည် လျှင်မြန်စွာ မဂ်ဥာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလိုပါ၏ အရှင်ဘုရား။)
ဓမ္မဒါနအဖြစ် မြတ်ဗုဒ္ဓ၏ ဓမ္မစာစုများမှ ကူးယူဖော်ပြပေးပါသည် ..

မိန်းမ မလေးစားတဲ့လင်(၈)ယောက်



                                                        
ဒလိဒ္ဒေါ အာတုရော ဇိဏ္ဏော။
သုရာသောဏ္ဋောစ မုဒ္ဒကော။
ပမတ္တော အနုဝတ္တောစ။
ပဋိစ္ဆာပေါစ အဋ္ဌိမေ။
(ဇာတ် ပဉ္စမ)
အသီတိကုဏ။နှာ၄၇၉

၁=ဒလိဒ္ဒေါ=ဆင်းရဲသားကျောမွဲ
သူမကိုမဆင်မြန်းနိုင်မှာစိုးလို့ ။
၂=အာတုရ=ရောဂါသည်။
ဝတ္ထု။ကိလေနှစ်ထွေတို့ ဖြင့်မချီးမြှောက်နိုင်မှာစိုးလို့ ။
၃=ဇိဏ္ဏ=ဖိုးကြီးအို
ကာယိကစေတသိကအားဖြင့်မြူးတူးမှုကိုမစွမ်းနိုင်မှာမြင်လို့ 
၎=သုရာသောဏ္ဋ=အရက်သမား
လက်ဝတ်လက်စားတွေကိုရောင်း
ပစ်မှာမြင်လို့ 
၅=မုဒ္ဒက=အစစအရာရာဖျင်းသူ
ကျွန်မအစေခံမတွေနဲ့သာမြူးကာ
ဇနီးကိုမူကြိမ်းမောင်းတတ်လို့ 
၆=ပမတ္တ=အပျင်းကြီးသူ/လူပေါ့
ကာမဂုဏ်ခံစားနည်းနားမလည်လို့ 
၇=အနုဝတ္တ=အလိုလိုက်လွန်းသူ
မထေမဲ့မြင်နေတတ်ရော်
၈=ပဋိစ္ဆာပ=ရှိသမျှပစ္စည်းကိုပုံအပ်ထားသူ
ပစ္စည်းအားလုံးကိုလွဲအပ်မိလို့ -လင်သားအပေါ်မရိုမသေ မလေးမစားလုပ်သတဲ့
(အမှားရှာလူငယ်လေးများ)

Ashin Zawana

Saturday, 6 June 2015

ကြွေးဟောင်းဆပ်၊ ကြွေးသစ်ချပြီး ရွှေအိုးမြှုပ်ခြင်း။


      ရှေးအခါက မဂဓတိုင်း သာလိဒ္ဒိယပုဏ္ဏားရွာ၌ ကောသိယ ဟူသောဗြဟ္မဏ တစ်ယောက်ရှိ၏။  ထို
ဗြဟ္မဏ၏ သလေးစပါးခင်းမှာ ကျယ်ဝန်း၏။ သလေးနှံတွေ အဆံပြည့်ချိန်တွင် ကျေးသားများ လာ၍စား
ကြသဖြင့် အများအပြား ပျက်စီးရ၏။ ကျေးသားများအနက်မှ ကြီးမားသော ကျေးသားတစ်ကောင်သည်
သလေးနှံများကို စားရုံမျှမက ကိုက်ချီ၍ ယူသွားတတ်၏။

        လယ်စောင့်သမားသည် ထိုကျေးကြီးကို ကျော့ကွင်းထောင်၍ ဖမ်းဆီးရာ တစ်နေ့သော် မိလေ၏။
ဖမ်းမိသော ကျေးသားကြီးကို လယ်ရှင် ကောသိယဗြဟ္မဏထံ အပ်လိုက်၏။ ကောသိယသည် ကျေးသား
ကြီးကို မြင်လျှင်မြင်ချင်း သားသမီးကဲ့သို့  ချစ်ခင်စိတ် ဖြစ်ပေါ်လာ၏။ ကောသိယဗြဟ္မဏက ကျေးသား
ကြီးကို   “ အသင် ကျေးသား၊ သလေး စပါးနှံများကို စားရုံမျှသာ မဟုတ်ဘဲ၊  ဘာကြောင့် ကိုက်ချီ  ယူ
ဆောင်သွားပါသလဲ၊ ကျွန်ုပ်သည် သင်၏ရန်ဖက် ဖြစ်လို့ပါလား၊ သို့မဟုတ်က သင်၏အိမ်မှာ ၀မ်းဗိုက်အ
ပို ရှိနေသေးလို့ပါလား၊  ဒါမှမဟုတ်  သိုလှောင်ထားစရာ စပါးကျီ ရှိလို့ပါလား၊ ” ဟု မေး၏။

တောရဆောက်တည်သူတို့၏ အကျိုး ၈ ပါး။


၁။ ဘ၀ဒိဌိဟာန          = ဘ၀သည် မြဲ၏ဟူသောသဿတဒိဌိ အယူကို ပယ်ခြင်း။
၂။ ဇီဝိတနိကန္တိပရိစ္စာဂ  = အသက်၌ တပ်နှစ်သက်သော နိကန္တိကို စွန့်ခြင်း။
၃။ သဒါယုတ္တ ပယုတ္တ    = အခါခပ်သိမ်း ဘာဝနာနှင့် ယှဉ်ခြင်း။
၎။ ၀ိသုဒ္ဓဇီဝတာ          = စင်ကြယ်သော အသက်မွေးမှု  ရှိခြင်း။

၅။ ဥဿုက္ကပဟာန       = အမှုကြီးငယ်တို့၌ လုံ့လ မပြုခြင်း။
၆။ ၀ိဂတဘယတာ       = ကြောက်လှန့်ခြင်း ကင်းခြင်း။
၇။ ခန္တီသောရစ္စပဋိသာဘ= သည်းခံခြင်း၊ ကောင်းမှုတို့၌ မွေ့လျော်ခြင်း။
၈။ အရတိရတိသဟနတာ= ကုသိုလ်၌မမွေ့လျော်နိုင်ခြင်း၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းတို့ကို
                                 နှိမ်နင်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Thursday, 4 June 2015

“သီတဂူဆရာတော်ကြီး၏ ဗုဒ္ဓပုံတော်၊ ဆင်းတုတော်တို့ကို ဘာကြောင့်ကိုးကွယ်နေသလဲ”

* ဒါကြောင့် ဗုဒ္ဓ၀ါဒမှာ မျက်စိမှိတ်ယုံကြည် ကိုးကွယ်ရတာမျိုး မရှိဘူး။ ဒီလို
ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ပုံတော်၊ ရုပ်ဆင်းတုတော်တွေကို ဘာ
ကြောင့် ကိုးကွယ်နေကြသလဲလို့ မေးနိုင်ပါတယ် ? ။

** အဖြေက လွယ်ပါတယ်၊ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ပုံတော်ကို ရှိခိုးပူဇော်
နေကြတာဟာ ချမ်းသာစည်းစိမ်တစ်စုံတစ်ခုကို မျှော်လင့်တောင့်တပြီး ရှိခိုးနေ
ကြတာ မဟုတ်ပါဘူး။ အသက်ထင်ရှားရှိတဲ့ ဗုဒ္ဓရဲ့ရှေ့မှောက် ရောက်နေတယ်
လို့ ထင်မှတ်ပြီး အလွန်လေးနက်သော ဂါရ၀ဖြင့် ရှိခိုးပူဇော်နေကြခြင်း ဖြစ်
တယ်။ အဲဒီ ရှိခိုးပူဇော်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်ထဲကို မိမိရဲ့စိတ်သွင်း
ပြီး ကြည့်လိုက်စမ်းပါ။ ဘယ်လောက် အံ့သြစရာကောင်းသလဲ ? ။

*** အတုမရှိတဲ့မဟာပုရိသ ဗုဒ္ဓရဲ့ပုံတော်ရှေ့မှာ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း စ
သည်ကပ်လှူ ပြီး ရှိခိုးနေရတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့စိတ်နှလုံးမှာ ကြည်
လင်အေးချမ်းပြီးတော့ ဆုတ်နစ်သောစိတ်ဓာတ်ဟာ တက်ကြွလာတယ်။ ကျ
ဆင်းနေသောစိတ်ဓာတ်ဟာ တိုးပွားလာတယ်။ ညစ်ညူးနေသောစိတ်ဓာတ်
ဟာ ကြည်လင်လာတယ်။

“ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု”
   ==================

* ဗုဒ္ဓရှင်တော်ကလည်း မိမိရဲ့သာဝကတွေကို မိမိကျင့်သလို ကျင့်စေချင်တယ်။
မိမိကို အတုယူစေချင်တယ်။ ဗုဒ္ဓရဲ့ပုံတော်ရှေ့မှောက်မှာထိုင်၍ ဗုဒ္ဓကို အာရုံပြုပြီး
ပူဇော်လိုက်တဲ့အခါ ဗုဒ္ဓနဲ့အတူတူနေရတယ်လို့ စိတ်မှာ ၀င်စားလာတတ်ပါတယ်။

** ဗုဒ္ဓနဲ့ အတူတူနေရတဲ့ပုဂ္ဂိုလ်ဟာ မကောင်းသောအကျင့်တွေကို ကျင့်လို့ ဘယ်
ဖြစ်တော့မလဲ။ တဖြည်းဖြည်း ဗုဒ္ဓဓာတ်ကူးလာနိုင်ပါတယ်။

*** ဒါ့ကြောင့် ဗုဒ္ဓကလည်း ပညာဉာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ်
ဆည်းကပ်သည်ကို လက်ခံပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဤရည်ရွယ်
ချက်ဖြင့် ဗုဒ္ဓပုံတော်ကို ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။

**** ညောင်ပင်ဟာ ဗောဓိဉာဏ်ရဲ့အထိမ်းအမှတ်တစ်ခု ဖြစ်ပါတယ်။ ဒီညောင်ပင်
မှာ ဗောဓိဉာဏ်ရလို့ ဒီညောင်ပင်ကို ဗောဓိပင်လို့ခေါ်ကြပါတယ်။

“ဗုဒ္ဓဘာသာရဲ့ပဓာနလုပ်ငန်းတစ်ခု”
  ==================

* ရုပ်တု၊ ဆင်းတု၊ ညောင်ပင် စသည်ပူဇော်ခြင်းတွေဟာ ဗုဒ္ဓဘာသာမှာ အရေး
ကြီးတဲ့ အချက်တွေတော့ မဟုတ်ပါဘူး။ အဓိကပဓာနလုပ်ငန်းများလဲ မဟုတ်
ပါဘူး။ သို့သော် သမာဓိကောင်းစွာ ရရှိနိုင်တဲ့အတွက် လုပ်ထိုက်သော လုပ်ငန်း
တစ်ရပ်ဖြစ်ပါတယ်။

** ဒါ့ကြောင့် အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များဟာ အတုမဲ့ မဟာပုရိသဖြစ်တော်မူတဲ့
ဗုဒ္ဓရဲ့ပုံတော်ကို သူတို့စိတ်ထဲမှာ ထင်ထင်ရှားရှား ထည့်သွင်းထားပြီး ဗောဓိ
ဓာတ်ကို ရအောင်ယူတတ်ကြတယ်။ စိတ်ကြည်လင်မှု၊ ချမ်းသာမှုကို ရှာဖွေကြ
တယ်။

*** သို့သော် ဗုဒ္ဓဘာသာဝင်တွေဟာ ကျေးဇူးရှင် မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်ကြခြင်း
ထက် မြတ်ဗုဒ္ဓကဲ့သို့ သစ္စာတရားတို့ကို သိအောင် အားထုတ်ခြင်း၊ သိက္ခာသုံးပါး၊
မဂ္ဂင်ရှစ်ပါး၊ ပါရမီဆယ်ပါးတို့ကို အားထုတ်ခြင်းကသာလျှင် ပိုမြတ်ပါတယ်။ ဗုဒ္ဓ
ကလည်း တပည့်သာဝကတို့ရဲ့ပူဇော်ခြင်းထက် မိမိကျင့်သလို အကျင့်မြတ်တွေ
ကျင့်ကြံလိုက်နာခြင်းကိုသာ မျှော်လင့်ပါတယ်။ ကျင့်ဖို့ချည်း တိုက်တွန်းနှိုးဆော်
ပါတယ်။

“ဗုဒ္ဓကို မြင်တွေ့တဲ့လူဆိုတာ”
  ==============

 * “ငါဘုရား၏အဆုံးအမ အကျင့်မြတ်တွေကို ကျင့်ကြံလိုက်နာသူသည် ငါဘုရား
ကို အမြတ်ဆုံးပူဇော်သူမည်၏။ တရားမြင်သောသူသည် ငါဘုရားကို မြင်၏။ တရား
မမြင်လျှင် ငါဘုရားကို မမြင်သေး”ဟု ဟောတော်မူခဲ့ပါတယ်။

** သို့သော် ဗုဒ္ဓပုံတော်ထက် ပို၍ ခန့်ညား၊ သပ်ရပ်၊ ထည်ဝါပြီး ကျက်သရေရှိ
သောအခြားရုပ်ပုံတစ်ခု ဤကမ္ဘာလောကမှာ မရှိတော့ပါ။

*** မျက်စိနဲ့မြင်ရတဲ့ဗုဒ္ဓပုံတော်ကို မြင်ရကြည့်ရသောအခါ ဗုဒ္ဓပုံတော်ထဲမှာ ဗုဒ္ဓရဲ့
စိတ်ဓါတ်တွေ ပါဝင်လာတယ်လို့ ထင်ရပြီး မိမိရဲ့နှလုံးသားမှာလဲ ဗောဓိဉာဏ်ရဲ့
အရောင်ဟာ ထင်ဟပ်လာတယ်လို့ ထင်မှတ်ရပါတယ်။

**** နောက်ထပ် ပြောလိုတာက ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓဘာသာမှာ အသနားခံ၍ ဆုတောင်း
ခြင်း၊ ဗုဒ္ဓနှင့်ဆုတောင်းသူတို့ကြားထဲမှာ ဆက်သွယ်သူ(အောင်သွယ်သဘော)
ကိုယ်စားလှယ်ထား၍ ဆုတောင်းခြင်းဆိုတာ မရှိပါဘူး။

●“ဗုဒ္ဓဘာသာတို့ ဆုတောင်းတယ်ဆိုတာ”●

● ဘုန်းကြီးက လူတွေအလယ် ဆုတောင်းပေးရတယ်ဆိုတာမျိုး၊ ဒုက္ခရောက်လာ
လို့ကယ်တင်တော်မူပါ၊ ကျူးလွန်မိလာလို့ သနားစောင့်ရှောက်တော်မူပါ ဆိုတာ
မျိုးတွေ မရှိပါဘူး။

● သို့သော် ဗုဒ္ဓထံမှာ ဆုပန်တယ်၊ ဆုတောင်းတယ်ဆိုတာ ရှိပါတယ်။ ကယ်တင်
ဖို့၊ စောင့်ရှောက်ဖို့ တောင်းတာ မဟုတ်ပါဘူး။ မိမိဖြစ်ချင်တဲ့ဆန္ဒကို မိမိရဲ့
ကောင်းမှုပေါ်မှာ အခြေခံပြီး ထုတ်ဆိုခြင်းသာ ဖြစ်ပါတယ်။

● ဗုဒ္ဓကလဲ သင်တို့တောင်းဆိုတာတွေကို ငါဘုရား ပေးမယ်လို့ ဘယ်တော့မှ ဘယ်တုန်းကမှ
တာဝန်မခံပါဘူး။ အသနားခံခြင်း၊ ဆုတောင်းခြင်းတွေမှတစ်ပါး မိမိဘ၀ ဖြူစင်သန့်ရှင်းရေး၊
အသိဉာဏ်ပွင့်လင်းရေး၊ ဒုက္ခမှလွတ်မြောက်ရေးတို့
အတွက် သိက္ခာသုံးပါး ကျင့်သုံးဖို့ကိုသာ ဗုဒ္ဓသည် ညွှန်ပြတော်မူလေ့ရှိပါတယ်။

● သိက္ခာသုံးပါးဆိုတာ သီလ၊ သမာဓိ၊ ပညာပါဘဲ။ သီလကျင့်တော့ ကိုယ်နှုတ်
စိတ်နှစ်ပါးဖြူစင်သန့်ရှင်းသွားတယ်။ သမာဓိ ရအောင် အားထုတ်တော့ စိတ်
အညစ်အကြေးတွေ တစ်ခဏ တစ်ဘ၀ သန့်ရှင်းအေးချမ်းသွားတယ်။ ပညာ
ကျင့်စဉ် ကျင့်လိုက်တော့ ကိလေသာအညစ် အကြေးတွေ အပြီးတိုင် ကင်းဝေး
သန့်ရှင်းသွားတယ်။

(သီတဂူဆရာတော်အရှင်ဉာဏိဿရ မှ ကူးယူရေးသားမျှဝေပူဇော်ပါသည်)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated