@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 24 June 2015

အမြတ်ကြီးကြီး ရချင်သူများ အတွက်


 
ယခုခေတ်မှာ သူတော်သူမြတ်တွေ နည်းပါးသွားခြင်းက သူတော်ကောင်းတရားရဲ့ အားနည်းချက်တော့ မဟုတ်ပါဘူး ။ သူတော်ကောင်းတရားကို လိုက်နာ ကျင့်သုံးသူတွေ နည်းပါးသွားလို့ သူတော်ကောင်းတွေ နည်းပါးသွားရခြင်း ဖြစ်ပါတယ် ။ သူတော်ကောင်း တရားမှာ အားနည်းချက်ရှိလို့ မဟုတ်ဘူး ။ သူတော်ကောင်းတရားမှာ ချွင်းချက်မရှိ ကောင်းမြတ်ပြည့်စုံပါတယ် ။

သူတော်ကောင်းတရားမှာ အားနည်းချက်ဆိုတာ မရှိဘူး ။
အားသာချက်ပဲ ရှိတယ် ။ သူတော်ကောင်းတရားမှာ အရှုံးဆိုတာ မရှိဘူး ။ အမြတ်ပဲ ရှိတယ် ။ သူတော်ကောင်းတရား အားထုတ်လို့ ရှုံးသွားတယ် ဆိုတာ မရှိဘူး ။ သူတော်ကောင်းတရားကို နည်းနည်း အားထုတ်လိုက်တာ နဲ့ အမြတ်တွေ အများကြီး ရရှိသွားတော့တယ် ။ သူတော်ကောင်းတရားအပေါ် အရှုံးအမြတ်တွက်ပြီး အလုပ်လုပ်တယ်ဆိုတာ တကယ့် မသင့်မြတ်တဲ့ လုပ်ရပ်ကြီးပါ ။
သူတော်ကောင်းတရား အားထုတ်ပြီ ဆိုကတည်းက အရှုံးအမြတ် မတွက်သင့်ပါဘူး ။
သူတော်ကောင်းတရားကို အားထုတ်ရင်း မျက်စိ ၊ နား ၊ နှာ ၊ နှာခေါင်းတွေ ၊ ကိုယ်အင်္ဂါ ခြေလက်တွေ ပျက်စီး ဆုံးရှုံးသွားပါစေ ရှုံးတယ်လို့
မဆိုသာဘူး ။ နောက်ဆုံး တရားအားထုတ်ရင်း အသက်ပင်ပါသွားပါစေ
အရှုံးဆိုတာ မရှိဘူး ။ ဘယ်လောက်ပင် အားထုတ်ထုတ် မရှုံးပါဘူး ။
သူတော်ကောင်း တရား အားထုတ်တယ် ဆိုတာ နည်းနည်းအားထုတ်တာ နှင့် အများကြီးမြတ်တဲ့ ကိစ္စပါ ။ စည်းစိမ်
ဥစ္စာတွေ ၊ ဘဝတွေ ၊ အသက်တွေ ၊ အလွန်ချစ်မြတ်နိုးရတဲ့ သူတွေ
(သို့) သက်ရှိ သက်မဲ့ အားလုံးကို စွန့်ပစ်ပြီး အားထုတ်လည်း မရှုံးဘူး ။ စွန့်လွတ်နိုင်ဖို့ရာသာ ပဓာနပါ ။ စွန့်ထားခဲ့ရလို့ သင် မရှုံးပါဘူး ။
သင့်ဘက်က အမြတ်ပဲ ရှိတယ် ။
သက်ရှိ သက်မဲ့ အားလုံးကို စွန့်ထားခဲ့ပြီး သူတော်ကောင်းတရားကို အားထုတ်ကြတဲ့ အလောင်းတော်များကို ကြည့်ရင် အဲဒီ သူတော်ကောင်းတရားက သက်ရှိ သက်မဲ့ အားလုံးတို့ထက် မြတ်လို့ပါပဲ ။ အမြတ်ကြီးကြီး ရချင်သူများအတွက်တော့ သူတော်ကောင်း တရားကို မဖြစ်မနေ အရေးတကြီး အားထုတ်ဖို့ လိုပါတယ် ။ ခုပဲ အားထုတ်ရင် ခုပဲ အမြတ်ရပါတယ် ။ စပြီး အားထုတ်ကြည့်ပါ ။
ခွင့်သာတဲ့ လူ့ဘဝရခိုက်လေးမှာ အမြတ်တွေ အများကြီး ထုတ်ပိုးပြီး ယူသွားနိုင်ကြပါစေ ။
(ဆရာတော် သုန္ဓရေ ဤမြေပံသု သိလာထုလည်း ဖေ့ဘွတ်မှရေးသားချက်)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated