@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 24 June 2015

“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်။”

၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏။
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်။
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၎။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏။

၅။ မုဒု စ= စိတ်ထား  နူးညံ့သိမ်မွေ့သင့်၏။

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း၊
မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်။
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်။
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏။
၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏။

၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏။
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏။
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ။
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာတို့ ဖြစ်ပါတယ်။ ။
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated