@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday, 2 July 2015

ဘ၀အတွက် မိမိ၏သီလဂုဏ်။

         လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး ငါးပါးသီလလောက်ကို လုံခြုံအောင်လုပ်ရမယ်၊
ငါးပါးသီလကို ၀ါရိတ္တသီလလို့ခေါ်တယ်။ ငါးပါးသီလပြည့်စုံမှ လူ့ဘ၀ပြည့်စုံမယ်။ လူတစ်ယောက်
ဟာ အရင်ဘ၀တုန်းက ငါးပါးသီလထဲက လေးပါးကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်။ အဲဒီထဲမှာ
“ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင် လူ့ဘ၀ရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာဖြစ်ပေ

မယ့်လို့  အသက်တိုမယ်၊ အနာရောဂါများမယ်။(ငရဲကျတာ၊ မကျတာ အသာထား) အပေါ့ဆုံး အ
ပြစ်က ဒီအထိအောင် ခံရမှာပါ။
         “အာဒိန္နာဒါနကံ” မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့၊ ခဏခဏ ပျက်စီး
သွားမယ်၊ မီးလောင်တဲ့အထိ ပါသွားမယ်၊ ကိုယ်ရဲ့ပစ္စည်းဥစ္စာဟာ အမြဲတမ်း ပျက်စီးဆုံးရှုံးနေမယ်၊
နောက်တစ်ခု “ကာမေသု မိစ္ဆာစာရကံ” မလုံရင် လူမုန်းများမယ်၊ အခြောက်တိုက် မုန်းတာမျိုးလို
သူ့မျက်နှာမြင်တာနဲ့  အလိုလိုမုန်းလာမယ်။
         “မုသာဝါဒကံ” မလုံရင် သူ့စကားကို မယုံကြတော့ဘူး၊ မယုံကြည်တဲ့အခါ သူ့ရဲ့စကား
အရာမရောက် ဖြစ်တယ်၊ ဒါကြောင့် မုသားဆို ရယ်စရာအနေနဲ့တောင် မပြောဘဲ ရှောင်ကြဉ်သင့်
တယ်လို့ မြတ်ဗုဒ္ဓ ဟောကြားထားတယ်။ “သုရာမေရယကံ” မလုံခြုံခဲ့သူဟာ ဖြစ်ရာဘ၀မှာ
ဦးနှောက်မပြည့်ဘူး၊ ရူးနှမ်းနှမ်းဖြစ်တတ်တယ်။

Saturday, 27 June 2015

ခေါင်းဆောင်ကောင်းတို့၏အရည်အချင်းတရားတော်


၁.ကိုယ်ကျင့်တရား ကောင်းရမယ်
၂.အကြားအမြင်ဗဟုသုတများခြင်း
၃.မိတ်ကောင်းဆွေကောင်းများခြင်း
၎.ပြောဆိုဆုံးမလွယ်သူဖြစ်ရမယ်
၅.လုပ်ငန်းပေါ်မှာကျွမ်းကျင်မှု့ရှိရမယ်
၆.အမှန်တရားကိုမြတ်နိုးရမယ်
၇.ရောင့်ရဲတင်းတိမ် ရမယ်
၈.လုံ့လဝီရိယရှိရမယ်
၉.သတိကောင်းခြင်း
၁၀.အသိပညာမြင့်မားရမယ်
၁.ကိုယ်ကျင့်တရား ကောင်းရမယ်
၂.အကြားအမြင်ဗဟုသုတများခြင်း
၃.မိတ်ကောင်းဆွေကောင်းများခြင်း
၎.ပြောဆိုဆုံးမလွယ်သူဖြစ်ရမယ်
၅.လုပ်ငန်းပေါ်မှာကျွမ်းကျင်မှု့ရှိရမယ်
၆.အမှန်တရားကိုမြတ်နိုးရမယ်
၇.ရောင့်ရဲတင်းတိမ် ရမယ်
၈.လုံ့လဝီရိယရှိရမယ်
၉.သတိကောင်းခြင်း
၁၀.အသိပညာမြင့်မားရမယ်

Wednesday, 24 June 2015

အမြတ်ကြီးကြီး ရချင်သူများ အတွက်


 
ယခုခေတ်မှာ သူတော်သူမြတ်တွေ နည်းပါးသွားခြင်းက သူတော်ကောင်းတရားရဲ့ အားနည်းချက်တော့ မဟုတ်ပါဘူး ။ သူတော်ကောင်းတရားကို လိုက်နာ ကျင့်သုံးသူတွေ နည်းပါးသွားလို့ သူတော်ကောင်းတွေ နည်းပါးသွားရခြင်း ဖြစ်ပါတယ် ။ သူတော်ကောင်း တရားမှာ အားနည်းချက်ရှိလို့ မဟုတ်ဘူး ။ သူတော်ကောင်းတရားမှာ ချွင်းချက်မရှိ ကောင်းမြတ်ပြည့်စုံပါတယ် ။

သူတော်ကောင်းတရားမှာ အားနည်းချက်ဆိုတာ မရှိဘူး ။
အားသာချက်ပဲ ရှိတယ် ။ သူတော်ကောင်းတရားမှာ အရှုံးဆိုတာ မရှိဘူး ။ အမြတ်ပဲ ရှိတယ် ။ သူတော်ကောင်းတရား အားထုတ်လို့ ရှုံးသွားတယ် ဆိုတာ မရှိဘူး ။ သူတော်ကောင်းတရားကို နည်းနည်း အားထုတ်လိုက်တာ နဲ့ အမြတ်တွေ အများကြီး ရရှိသွားတော့တယ် ။ သူတော်ကောင်းတရားအပေါ် အရှုံးအမြတ်တွက်ပြီး အလုပ်လုပ်တယ်ဆိုတာ တကယ့် မသင့်မြတ်တဲ့ လုပ်ရပ်ကြီးပါ ။
သူတော်ကောင်းတရား အားထုတ်ပြီ ဆိုကတည်းက အရှုံးအမြတ် မတွက်သင့်ပါဘူး ။
သူတော်ကောင်းတရားကို အားထုတ်ရင်း မျက်စိ ၊ နား ၊ နှာ ၊ နှာခေါင်းတွေ ၊ ကိုယ်အင်္ဂါ ခြေလက်တွေ ပျက်စီး ဆုံးရှုံးသွားပါစေ ရှုံးတယ်လို့
မဆိုသာဘူး ။ နောက်ဆုံး တရားအားထုတ်ရင်း အသက်ပင်ပါသွားပါစေ
အရှုံးဆိုတာ မရှိဘူး ။ ဘယ်လောက်ပင် အားထုတ်ထုတ် မရှုံးပါဘူး ။

သူတော်ကောင်းအလှူ ငါးမျိုး

အလှူဒါနအမျိုးမျိုး-

သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။



(၁) သဒ္ဓါဒါန
--------------
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

သူ့ကျွန် မခံမည်


                                                        ဘုရားရှင်က ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား
- The Truth of Suffering)
ကို အသေးစိတ် ကွက်ကွက်
ကွင်းကွင်း ပြောပြပါတယ်။
နားထောင်သူ (Listener)
အနေနဲ့
“ဒီဆင်းရဲတွေက ဘယ်ကဖြစ်ပေါ်လာတာလဲ၊ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ”
ဆိုတဲ့အတွေး ဦးဏှောက်ထဲရောက်လာမှာ အမှန်ပဲ။

ဒါကို သိတဲ့ဘုရားရှင်က “ဒီလိုဆင်းရဲရတာဟာ တခြားကြောင့် မဟုတ်ဘူး၊ တဏှာကြောင့်ဟေ့”  လို့ ဆက်ပြောပါတယ်။

“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်။”

၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏။
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်။
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၎။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏။

၅။ မုဒု စ= စိတ်ထား  နူးညံ့သိမ်မွေ့သင့်၏။

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း၊
မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်။
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်။
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏။
၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏။

Saturday, 13 June 2015

ခင်ပွန်းယုတ် အပြစ် ၆ ပါး။

၁။ အကြင်သူတို့သည် လောင်းကစားကြူးကုန်၏။
၂။ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏။
၃။ အကြင်သူတို့သည် သေသောက်ကြူးကုန်၏။
၎။ အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏။

၅။ အကြင်သူတို့သည် မာယာဖြင့် လှည့်ပတ်တတ်ကုန်၏။
၆။ အကြင်သူတို့သည် အနိုင်အထက်ပြုတတ်ကုန်၏။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း။


       ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် အဲဒီ ဗောဓိပလ္လင် ဌာနနှင့်တကွ (၇) ပါးသောဌာန
တို့၌ (၇) ရက်စီ  သီတင်းသုံးလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစားခြင်း၊  တရားတော်ကို ဆင်ခြင်
တော်မူခြင်းတို့ဖြင့် (၄၉) ရက်ကို ကုန်လွန်စေခဲ့ပါသည်။ ရက် (၅၀) မြောက် ၀ါဆိလဆန်း (၆) ရက်
နေ့မှာ အဇပါလ ညောင်ပင်အောက်သို့ ပြန်ကြွလာတယ်။  အဲဒီမှာ ထိုင်နေတော်မူရင်း ဘယ်သူ့အား

ရှေးဦးစွာ တရားဦးဟောရပါမလဲ၊  ဘယ်သူဟာ  ဒီတရားကို  လျင်မြန်စွာ သိနိုင်ပါလိမ့်မည်လဲ  လို့
မြတ်စွာဘုရားက တရားဟောဖို့ ဆင်ခြင်တော်မူတယ်။ အဲဒီလို ဆင်ခြင်လိုက်တဲ့ အခါမှာ “ ကာလမ
အနွယ် အာဠာရ ရသေ့ဟာ ပညာရှိပဲ၊ တတ်သိတယ်၊ ဉာဏ်ထက်တယ်၊ ပညာမျက်စိမှာ ကိလေသာ
မြူမှုန် နည်းပါးနေတာကြာပြီ၊ အဲဒီ အာဠာရအား ရှေးဦးစွာ ဟောရရင် ကောင်းမှာပဲ၊ သူဟာ   ဒီတ
ရားကို လျင်မြန်စွာ သိပေလိမ့်မယ် ” လို့  ပကတိ စိတ်ကူးထဲမှာ ပေါ်လာပါသတဲ့။

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာဓန။


        လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်း
ကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့  တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး
ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကို တွေ့ရမှာဖြစ်တယ်။ သို့သော်လည်း လောကလူသားတွေ

ဟာ နေ့စဉ်နှင့်အမျှ ပကတိပစ္စည်းဥစ္စာကိုသာ ရှာကြတယ်။
         ရထားတဲ့ စီးပွားဥစ္စာက လူတွေကို အကျိုးပြုတာဟာ အင်မတန်မှ တိုတောင်းပါတယ်။ အဲ
ဒီလို အင်မတန်မှ တိုတောင်းသည့် အတွက်ကြောင့် တိုတောင်းသည့် ခဏလေးအတွင်းမှာပဲ ပစ္စည်း
ဥစ္စာက အကျိုးပြုနိုင်တယ်။ အကျိုးပြုတဲ့ အချိန်မှာတောင် အပြည့်အ၀ အကျိုးပြုသလားဆိုတော့
တစ်ဖက်က အကျိုးပြုတာ တွေ့ရသလို ကျန်တစ်ဖက်က အကျိုးမပြုတာကိုလည်း တွေ့ရတယ်။
ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဆင်းရဲဒုက္ခရောက်ရတာတွေလည်း ရှိတယ်။

ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။


        ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ
ဏာ ဘောဂါ” တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းသွားရင်လည်း ပါသွားနိုင်တယ်။ “စောရသာ

ဓာရဏာ ဘောဂါ” တိုက်ခိုက် ခိုးယူသွားရင်လည်း ပစ္စည်းတွေ ပါသွားနိုင်တယ်။ “အပ္ပိယဒါယာ
ဒသာဓာရဏာ ဘောဂါ” မချစ်မနှစ်သက်တဲ့သူ၊ သားဆိုး သမီးဆိုးတွေကြောင့်လည်းပဲ ထို
ပစ္စည်းတွေ ကုန်သွားနိုင်တယ်။ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာရှာထားထား ထိုပစ္စည်းတွေ ဟာ
တနည်းနည်းနဲ့ ကုန်ဆုံးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ခိုင်မာမှုဆိုတာ အလွန်တရာ  နည်းတယ်လို့
ဆိုလိုတာ ဖြစ်တယ်။

**နမော ဓမ္မရာဇဿ**



နမော တဿ ဘဂဝတော အရဟတောသမ္မာသမ္ဗုဒ္ဓဿ။
**နမော ဓမ္မရာဇဿ**
* န တာဝတာ ဓမ္မရော၊ ယာဝတာ ဗဟု ဘာသတိ။
* ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
* သ ဝေ ဓမ္မရော ဟောတိ၊ ယော ဓမ္မံ နပ္ပ မဇ္ဇတိ။
(ဓမ္မပဒဂါထာ ၂၅၉)
* အပြောများရုံ၊ နှုတ်အာဂုံ၊ အစုံရပါစေ။
* လက်တွေ့မပွား၊ မကျင့်ငြား၊ တရားမဆောင်ပေ။

* တရားအနွယ်၊ မကွယ်ရုံသာ၊ စောင့်ပေးကာ၊ ကိုယ့်ဟာမဟုတ်ချေ။
* နို့မသုံးရ၊ မခိုင်းရဘဲ၊ အခကိုယူ၊ နွားကျောင်းသူ၊ ပုံတူမှတ်ကြလေ။
* သင်ယူနာကြား၊ လက်တွေ့ပွား၊ တရားမြင်အောင် ကျင့်တတ်ပေ။
* စွမ်းအားတက်အောင်၊ တရားဆောင်၊ အမှောင်ကင်းစင်ချေ။
* ရှေ့ နောက် ဆက်စပ်၊ သတိကပ်၊ ရှုမှတ်၍ သာနေ။
* တရားဆောင်သူ၊ စိတ်မပူ၊ စင်ဖြူအေးချမ်းပေ။

စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ



လူတစ်ယောက်ဟာ စိတ်ချမ်းသာဖို့ သိပ်ပြီးအရေးကြီးပါတယ်။
စိတ်ချမ်းသာနေမှ လောကီအလုပ်ပဲလုပ်လုပ်၊
လောကုတ္တရာအလုပ်ပဲလုပ်လုပ် အဆင်ပြေတာပါ။
စိတ်ဆင်းရဲနေတဲ့စိတ်ကို စိတ်နဲ့ပဲ ပြန်ကုရပါတယ်။
လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်နဲ့ အကုသိုလ်မှာ
အကုသိုလ်မဖြစ်ဖို့က ပထမဦးစားပေးပါ။
ကုသိုလ်ဖြစ်ဖို့က ဒုတိယဦးစားပေးပါ။

ဆိုလိုတာက ကုသိုလ်မဖြစ်ရင်နေပါစေ၊
အကုသိုလ်မဖြစ်အောင်တော့ အထူးစောင့်ထိန်းရမှာပါ။
အကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ဆင်းရဲရပါတယ်။
ကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ချမ်းသာရပါတယ်။
ဒီတော့ အကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကဘာလဲ၊ ကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်း အရင်းက ဘာလဲ။

သင်္ခါရလမ်း


အမိဝမ်းမှာ၊ နေစဉ်ခါ၊
သေရွာသွားရမှာပါတကား။
ပျိုမျစ်သေးရာ၊ ငယ်စဉ်ခါ၊
သေရွာသွားရမှာပါတကား။
ရွယ်ကောင်းတုန်းမှာ၊ ပျိုစဉ်ခါ၊

သေရွာသွားရမှာပါတကား။
အရွယ်ရင့်လာ၊ အိုစဉ်မှာ၊
သေရွာသွားရမှာပါတကား။
ရွယ်အားလုံးမှာ၊ သတ္တဝါ၊
သေရွာသွားရမှာပါတကား။

(ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီး)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဗြဟ္မာအစားအစာ။

        ဗြဟ္မာတို့ကား ရုပ် ၀တ္ထု အဟာရ တစုံတရာကို စားသုံးခြင်းမရှိ၊ ပီတိခေါ် စိတ်၏ နှစ်
သက်ငြိမ်းချမ်းမှုဖြင့်သာ တည်နေကြလေသည်။ စားသုံးသော အဟာရက နူးညံ့သောကြောင့်
ဗြဟ္မာတို့၏ ကိုယ်ကာယသည် လွန်စွာ နူးညံ့ သိမ်မွေ့ကြသည်။
         ဗြဟ္မာတို့  အစာမစားဘဲ ပီတိဖြင့်သာ နေသည်ဆိုသဖြင့် “ ယုံရခက်ခက် ” ဟု ထင်
တတ်ကြ၏။ တရားရှုမှတ်သော ယောကီအချို့သည် တစ်ရက်တွင် ထမင်း လေး ငါးလုပ်မျှ

သာ စားသော်လည်း ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ နှစ်ည၊ သုံးည မအိပ်စက်ရသော်လည်း
ကြည်ကြည်လင်လင် ရှိနေခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ ယင်းတို့ကို ထောက်ဆပြီး ဗြဟ္မာ
တို့၏ အဖြစ်ကို ယုံကြည်နိုင်ကြပေသည်။ အကယ်၍ ယုံကြည်ရန် အခက်အခဲရှိပါက မြတ်ဗုဒ္ဓ၏
ဝိပဿနာတရားကို သမာဓိထူး အာရုံနမိတ်ထူး ဉာဏ်အထူးပေါ်သည်အထိ အားထုတ်ကြည့်
သင့်ကြပေသည်။ သို့မှသာ မြတ်ဗုဒ္ဓ၀ါဒဆိုင်ရာ အချို့အချက်များကို လက်ခံယုံကြည်နိုင်ကြ
မည် ဖြစ်သည်။
         နတ်ပြည်တွင် နတ်သား နတ်သမီး လိင်ကွဲပြားချက် ရှိ၏။ လူများကဲ့သို့ ချစ်ကြိုက်မှု
ပြုကြ၏။ ဗြဟ္မာ့ပြည်၌မူ ဗြဟ္မာထီး ဗြဟ္မာမ မရှိချေ။ အားလုံး ယောက်ျားသဏ္ဍန်များသာ ဖြစ်
ကြသည်။ ကာမဂုဏ်စိတ်ဓာတ်လည်း လုံးဝ မရှိကြပေ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

*** သေမင်း၏ရယ်မောခြင်း ***




၁။ သူနိုင် ငါနိုင်၊ အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ် သေမင်း ဘေးကရယ်သတည်း။
၂။ သူပိုင် ငါပိုင်၊ အနိုင်ခုသွင်း၊ လုယက်ငြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၃။ သူ့ဟာ၊ ငါ့ဟာ၊ တဏှာမကင်း၊ ရမ္မက်ပြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၎။ သူချော၊ ငါလှ၊ တသသနှင့်၊ ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို သေမင်း ဘေးကရယ်သတည်း။
၅။ လွှမ်းခြုံအာဏာ၊ ရာဇာသေဌ်နှင်း၊ တန်ခိုးပြင်းစဉ် သေမင်း ဘေးကရယ်သတည်း။

၆။ ရွှေ ငွေ မြ ဖန်၊ ပိုလျှံဖြည့်တင်း၊ ဌေးကြွယ်ခြင်းကို၊ သေမင်း ဘေးကရယ်သတည်း။
၇။ ဆယ်စီးဆင်ပြောင်၊ အားအန်ဆောင်၍၊ မာန်ထောင်ကြီးလှ၊ ကိုဗာလအား၊ ဘေးက သေမင်း ရယ်သတည်း။
၈။ ခြွေရံပေါများ၊ ငါတကားဟု၊ ထောင်လွှားတက်ကြွ၊ ကိုယ်ယသအား၊ ဘေးက သေမင်း ရယ်သတည်း။
၉။ လက်နက်ပိုင်ရှင်၊ ငါသခင်ဟု၊ ငါ့ပြင်မရှိ၊ ကြီးဘိ မာန၊ ကိုဗာလအား၊ ဘေးက သေမင်း ရယ်သတည်း။
ရှင်သေမင်းကား အလျှင်းမလတ် မခတ် မျက်တောင် ကြောင်ကြောင်တည့်တည့် ကြည့်ကာ ကြည့်ကာ နေချေပါပေါ့ မရဏာမင်းမြတ် အရပ်ရပ်ဖို့ စိတ်ဓာတ်တက်ကြွ မာန်မထဘဲ လောဘ ဒေါသ မောဟ သုံးဟိတ် ကိုယ်မှာဆိတ်အောင် ကွပ်နှိပ်ဆုံးမရာသတည်း။

** ရွှေထီးက္ကုန္ဒရာ **
(ဤကောင်းမှု ကုသိုလ်ကြောင့် တပည့်တော်တို့၏ အားထုတ်ဆဲဖြစ်သော ၀ိပဿနာဥာဏ် သည် လျှင်မြန်စွာ မဂ်ဥာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလိုပါ၏ အရှင်ဘုရား။)
ဓမ္မဒါနအဖြစ် မြတ်ဗုဒ္ဓ၏ ဓမ္မစာစုများမှ ကူးယူဖော်ပြပေးပါသည် ..

မိန်းမ မလေးစားတဲ့လင်(၈)ယောက်



                                                        
ဒလိဒ္ဒေါ အာတုရော ဇိဏ္ဏော။
သုရာသောဏ္ဋောစ မုဒ္ဒကော။
ပမတ္တော အနုဝတ္တောစ။
ပဋိစ္ဆာပေါစ အဋ္ဌိမေ။
(ဇာတ် ပဉ္စမ)
အသီတိကုဏ။နှာ၄၇၉

၁=ဒလိဒ္ဒေါ=ဆင်းရဲသားကျောမွဲ
သူမကိုမဆင်မြန်းနိုင်မှာစိုးလို့ ။
၂=အာတုရ=ရောဂါသည်။
ဝတ္ထု။ကိလေနှစ်ထွေတို့ ဖြင့်မချီးမြှောက်နိုင်မှာစိုးလို့ ။
၃=ဇိဏ္ဏ=ဖိုးကြီးအို
ကာယိကစေတသိကအားဖြင့်မြူးတူးမှုကိုမစွမ်းနိုင်မှာမြင်လို့ 
၎=သုရာသောဏ္ဋ=အရက်သမား
လက်ဝတ်လက်စားတွေကိုရောင်း
ပစ်မှာမြင်လို့ 
၅=မုဒ္ဒက=အစစအရာရာဖျင်းသူ
ကျွန်မအစေခံမတွေနဲ့သာမြူးကာ
ဇနီးကိုမူကြိမ်းမောင်းတတ်လို့ 
၆=ပမတ္တ=အပျင်းကြီးသူ/လူပေါ့
ကာမဂုဏ်ခံစားနည်းနားမလည်လို့ 
၇=အနုဝတ္တ=အလိုလိုက်လွန်းသူ
မထေမဲ့မြင်နေတတ်ရော်
၈=ပဋိစ္ဆာပ=ရှိသမျှပစ္စည်းကိုပုံအပ်ထားသူ
ပစ္စည်းအားလုံးကိုလွဲအပ်မိလို့ -လင်သားအပေါ်မရိုမသေ မလေးမစားလုပ်သတဲ့
(အမှားရှာလူငယ်လေးများ)

Ashin Zawana

Saturday, 6 June 2015

ကြွေးဟောင်းဆပ်၊ ကြွေးသစ်ချပြီး ရွှေအိုးမြှုပ်ခြင်း။


      ရှေးအခါက မဂဓတိုင်း သာလိဒ္ဒိယပုဏ္ဏားရွာ၌ ကောသိယ ဟူသောဗြဟ္မဏ တစ်ယောက်ရှိ၏။  ထို
ဗြဟ္မဏ၏ သလေးစပါးခင်းမှာ ကျယ်ဝန်း၏။ သလေးနှံတွေ အဆံပြည့်ချိန်တွင် ကျေးသားများ လာ၍စား
ကြသဖြင့် အများအပြား ပျက်စီးရ၏။ ကျေးသားများအနက်မှ ကြီးမားသော ကျေးသားတစ်ကောင်သည်
သလေးနှံများကို စားရုံမျှမက ကိုက်ချီ၍ ယူသွားတတ်၏။

        လယ်စောင့်သမားသည် ထိုကျေးကြီးကို ကျော့ကွင်းထောင်၍ ဖမ်းဆီးရာ တစ်နေ့သော် မိလေ၏။
ဖမ်းမိသော ကျေးသားကြီးကို လယ်ရှင် ကောသိယဗြဟ္မဏထံ အပ်လိုက်၏။ ကောသိယသည် ကျေးသား
ကြီးကို မြင်လျှင်မြင်ချင်း သားသမီးကဲ့သို့  ချစ်ခင်စိတ် ဖြစ်ပေါ်လာ၏။ ကောသိယဗြဟ္မဏက ကျေးသား
ကြီးကို   “ အသင် ကျေးသား၊ သလေး စပါးနှံများကို စားရုံမျှသာ မဟုတ်ဘဲ၊  ဘာကြောင့် ကိုက်ချီ  ယူ
ဆောင်သွားပါသလဲ၊ ကျွန်ုပ်သည် သင်၏ရန်ဖက် ဖြစ်လို့ပါလား၊ သို့မဟုတ်က သင်၏အိမ်မှာ ၀မ်းဗိုက်အ
ပို ရှိနေသေးလို့ပါလား၊  ဒါမှမဟုတ်  သိုလှောင်ထားစရာ စပါးကျီ ရှိလို့ပါလား၊ ” ဟု မေး၏။

တောရဆောက်တည်သူတို့၏ အကျိုး ၈ ပါး။


၁။ ဘ၀ဒိဌိဟာန          = ဘ၀သည် မြဲ၏ဟူသောသဿတဒိဌိ အယူကို ပယ်ခြင်း။
၂။ ဇီဝိတနိကန္တိပရိစ္စာဂ  = အသက်၌ တပ်နှစ်သက်သော နိကန္တိကို စွန့်ခြင်း။
၃။ သဒါယုတ္တ ပယုတ္တ    = အခါခပ်သိမ်း ဘာဝနာနှင့် ယှဉ်ခြင်း။
၎။ ၀ိသုဒ္ဓဇီဝတာ          = စင်ကြယ်သော အသက်မွေးမှု  ရှိခြင်း။

၅။ ဥဿုက္ကပဟာန       = အမှုကြီးငယ်တို့၌ လုံ့လ မပြုခြင်း။
၆။ ၀ိဂတဘယတာ       = ကြောက်လှန့်ခြင်း ကင်းခြင်း။
၇။ ခန္တီသောရစ္စပဋိသာဘ= သည်းခံခြင်း၊ ကောင်းမှုတို့၌ မွေ့လျော်ခြင်း။
၈။ အရတိရတိသဟနတာ= ကုသိုလ်၌မမွေ့လျော်နိုင်ခြင်း၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းတို့ကို
                                 နှိမ်နင်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Thursday, 4 June 2015

“သီတဂူဆရာတော်ကြီး၏ ဗုဒ္ဓပုံတော်၊ ဆင်းတုတော်တို့ကို ဘာကြောင့်ကိုးကွယ်နေသလဲ”

* ဒါကြောင့် ဗုဒ္ဓ၀ါဒမှာ မျက်စိမှိတ်ယုံကြည် ကိုးကွယ်ရတာမျိုး မရှိဘူး။ ဒီလို
ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ပုံတော်၊ ရုပ်ဆင်းတုတော်တွေကို ဘာ
ကြောင့် ကိုးကွယ်နေကြသလဲလို့ မေးနိုင်ပါတယ် ? ။

** အဖြေက လွယ်ပါတယ်၊ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ပုံတော်ကို ရှိခိုးပူဇော်
နေကြတာဟာ ချမ်းသာစည်းစိမ်တစ်စုံတစ်ခုကို မျှော်လင့်တောင့်တပြီး ရှိခိုးနေ
ကြတာ မဟုတ်ပါဘူး။ အသက်ထင်ရှားရှိတဲ့ ဗုဒ္ဓရဲ့ရှေ့မှောက် ရောက်နေတယ်
လို့ ထင်မှတ်ပြီး အလွန်လေးနက်သော ဂါရ၀ဖြင့် ရှိခိုးပူဇော်နေကြခြင်း ဖြစ်
တယ်။ အဲဒီ ရှိခိုးပူဇော်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်ထဲကို မိမိရဲ့စိတ်သွင်း
ပြီး ကြည့်လိုက်စမ်းပါ။ ဘယ်လောက် အံ့သြစရာကောင်းသလဲ ? ။

*** အတုမရှိတဲ့မဟာပုရိသ ဗုဒ္ဓရဲ့ပုံတော်ရှေ့မှာ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း စ
သည်ကပ်လှူ ပြီး ရှိခိုးနေရတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့စိတ်နှလုံးမှာ ကြည်
လင်အေးချမ်းပြီးတော့ ဆုတ်နစ်သောစိတ်ဓာတ်ဟာ တက်ကြွလာတယ်။ ကျ
ဆင်းနေသောစိတ်ဓာတ်ဟာ တိုးပွားလာတယ်။ ညစ်ညူးနေသောစိတ်ဓာတ်
ဟာ ကြည်လင်လာတယ်။

“ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု”
   ==================

* ဗုဒ္ဓရှင်တော်ကလည်း မိမိရဲ့သာဝကတွေကို မိမိကျင့်သလို ကျင့်စေချင်တယ်။
မိမိကို အတုယူစေချင်တယ်။ ဗုဒ္ဓရဲ့ပုံတော်ရှေ့မှောက်မှာထိုင်၍ ဗုဒ္ဓကို အာရုံပြုပြီး
ပူဇော်လိုက်တဲ့အခါ ဗုဒ္ဓနဲ့အတူတူနေရတယ်လို့ စိတ်မှာ ၀င်စားလာတတ်ပါတယ်။

** ဗုဒ္ဓနဲ့ အတူတူနေရတဲ့ပုဂ္ဂိုလ်ဟာ မကောင်းသောအကျင့်တွေကို ကျင့်လို့ ဘယ်
ဖြစ်တော့မလဲ။ တဖြည်းဖြည်း ဗုဒ္ဓဓာတ်ကူးလာနိုင်ပါတယ်။

*** ဒါ့ကြောင့် ဗုဒ္ဓကလည်း ပညာဉာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ်
ဆည်းကပ်သည်ကို လက်ခံပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဤရည်ရွယ်
ချက်ဖြင့် ဗုဒ္ဓပုံတော်ကို ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။

**** ညောင်ပင်ဟာ ဗောဓိဉာဏ်ရဲ့အထိမ်းအမှတ်တစ်ခု ဖြစ်ပါတယ်။ ဒီညောင်ပင်
မှာ ဗောဓိဉာဏ်ရလို့ ဒီညောင်ပင်ကို ဗောဓိပင်လို့ခေါ်ကြပါတယ်။

“ဗုဒ္ဓဘာသာရဲ့ပဓာနလုပ်ငန်းတစ်ခု”
  ==================

* ရုပ်တု၊ ဆင်းတု၊ ညောင်ပင် စသည်ပူဇော်ခြင်းတွေဟာ ဗုဒ္ဓဘာသာမှာ အရေး
ကြီးတဲ့ အချက်တွေတော့ မဟုတ်ပါဘူး။ အဓိကပဓာနလုပ်ငန်းများလဲ မဟုတ်
ပါဘူး။ သို့သော် သမာဓိကောင်းစွာ ရရှိနိုင်တဲ့အတွက် လုပ်ထိုက်သော လုပ်ငန်း
တစ်ရပ်ဖြစ်ပါတယ်။

** ဒါ့ကြောင့် အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များဟာ အတုမဲ့ မဟာပုရိသဖြစ်တော်မူတဲ့
ဗုဒ္ဓရဲ့ပုံတော်ကို သူတို့စိတ်ထဲမှာ ထင်ထင်ရှားရှား ထည့်သွင်းထားပြီး ဗောဓိ
ဓာတ်ကို ရအောင်ယူတတ်ကြတယ်။ စိတ်ကြည်လင်မှု၊ ချမ်းသာမှုကို ရှာဖွေကြ
တယ်။

*** သို့သော် ဗုဒ္ဓဘာသာဝင်တွေဟာ ကျေးဇူးရှင် မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်ကြခြင်း
ထက် မြတ်ဗုဒ္ဓကဲ့သို့ သစ္စာတရားတို့ကို သိအောင် အားထုတ်ခြင်း၊ သိက္ခာသုံးပါး၊
မဂ္ဂင်ရှစ်ပါး၊ ပါရမီဆယ်ပါးတို့ကို အားထုတ်ခြင်းကသာလျှင် ပိုမြတ်ပါတယ်။ ဗုဒ္ဓ
ကလည်း တပည့်သာဝကတို့ရဲ့ပူဇော်ခြင်းထက် မိမိကျင့်သလို အကျင့်မြတ်တွေ
ကျင့်ကြံလိုက်နာခြင်းကိုသာ မျှော်လင့်ပါတယ်။ ကျင့်ဖို့ချည်း တိုက်တွန်းနှိုးဆော်
ပါတယ်။

“ဗုဒ္ဓကို မြင်တွေ့တဲ့လူဆိုတာ”
  ==============

 * “ငါဘုရား၏အဆုံးအမ အကျင့်မြတ်တွေကို ကျင့်ကြံလိုက်နာသူသည် ငါဘုရား
ကို အမြတ်ဆုံးပူဇော်သူမည်၏။ တရားမြင်သောသူသည် ငါဘုရားကို မြင်၏။ တရား
မမြင်လျှင် ငါဘုရားကို မမြင်သေး”ဟု ဟောတော်မူခဲ့ပါတယ်။

** သို့သော် ဗုဒ္ဓပုံတော်ထက် ပို၍ ခန့်ညား၊ သပ်ရပ်၊ ထည်ဝါပြီး ကျက်သရေရှိ
သောအခြားရုပ်ပုံတစ်ခု ဤကမ္ဘာလောကမှာ မရှိတော့ပါ။

*** မျက်စိနဲ့မြင်ရတဲ့ဗုဒ္ဓပုံတော်ကို မြင်ရကြည့်ရသောအခါ ဗုဒ္ဓပုံတော်ထဲမှာ ဗုဒ္ဓရဲ့
စိတ်ဓါတ်တွေ ပါဝင်လာတယ်လို့ ထင်ရပြီး မိမိရဲ့နှလုံးသားမှာလဲ ဗောဓိဉာဏ်ရဲ့
အရောင်ဟာ ထင်ဟပ်လာတယ်လို့ ထင်မှတ်ရပါတယ်။

**** နောက်ထပ် ပြောလိုတာက ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓဘာသာမှာ အသနားခံ၍ ဆုတောင်း
ခြင်း၊ ဗုဒ္ဓနှင့်ဆုတောင်းသူတို့ကြားထဲမှာ ဆက်သွယ်သူ(အောင်သွယ်သဘော)
ကိုယ်စားလှယ်ထား၍ ဆုတောင်းခြင်းဆိုတာ မရှိပါဘူး။

●“ဗုဒ္ဓဘာသာတို့ ဆုတောင်းတယ်ဆိုတာ”●

● ဘုန်းကြီးက လူတွေအလယ် ဆုတောင်းပေးရတယ်ဆိုတာမျိုး၊ ဒုက္ခရောက်လာ
လို့ကယ်တင်တော်မူပါ၊ ကျူးလွန်မိလာလို့ သနားစောင့်ရှောက်တော်မူပါ ဆိုတာ
မျိုးတွေ မရှိပါဘူး။

● သို့သော် ဗုဒ္ဓထံမှာ ဆုပန်တယ်၊ ဆုတောင်းတယ်ဆိုတာ ရှိပါတယ်။ ကယ်တင်
ဖို့၊ စောင့်ရှောက်ဖို့ တောင်းတာ မဟုတ်ပါဘူး။ မိမိဖြစ်ချင်တဲ့ဆန္ဒကို မိမိရဲ့
ကောင်းမှုပေါ်မှာ အခြေခံပြီး ထုတ်ဆိုခြင်းသာ ဖြစ်ပါတယ်။

● ဗုဒ္ဓကလဲ သင်တို့တောင်းဆိုတာတွေကို ငါဘုရား ပေးမယ်လို့ ဘယ်တော့မှ ဘယ်တုန်းကမှ
တာဝန်မခံပါဘူး။ အသနားခံခြင်း၊ ဆုတောင်းခြင်းတွေမှတစ်ပါး မိမိဘ၀ ဖြူစင်သန့်ရှင်းရေး၊
အသိဉာဏ်ပွင့်လင်းရေး၊ ဒုက္ခမှလွတ်မြောက်ရေးတို့
အတွက် သိက္ခာသုံးပါး ကျင့်သုံးဖို့ကိုသာ ဗုဒ္ဓသည် ညွှန်ပြတော်မူလေ့ရှိပါတယ်။

● သိက္ခာသုံးပါးဆိုတာ သီလ၊ သမာဓိ၊ ပညာပါဘဲ။ သီလကျင့်တော့ ကိုယ်နှုတ်
စိတ်နှစ်ပါးဖြူစင်သန့်ရှင်းသွားတယ်။ သမာဓိ ရအောင် အားထုတ်တော့ စိတ်
အညစ်အကြေးတွေ တစ်ခဏ တစ်ဘ၀ သန့်ရှင်းအေးချမ်းသွားတယ်။ ပညာ
ကျင့်စဉ် ကျင့်လိုက်တော့ ကိလေသာအညစ် အကြေးတွေ အပြီးတိုင် ကင်းဝေး
သန့်ရှင်းသွားတယ်။

(သီတဂူဆရာတော်အရှင်ဉာဏိဿရ မှ ကူးယူရေးသားမျှဝေပူဇော်ပါသည်)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်။

- ကာမချမ်းသာ သုံးဆောင်တာ ပယ်ခွါရှောင်ရမည်။
      မသုံးဆောင်ပဲ ကိုယ်ဆင်းရဲ ဒါလဲရှောင်ရမည်။
- စိတ်အလိုကျ လွှတ်ထားက ကာမသုခါ နုယောဂါ။
    ပင်ပန်းရုံမျှ အားထုတ်က အတ္တကိလမထာ နုယောဂါ။

- သစ္စာမမြင် မဂ္ဂင်မပါ လေ့ကျင့်ကာဖြင့် ချမ်းသာမြဲမည်။
     ယုံကြည်ဆုံးဖြတ် ယူဆမှတ် သီလဗ္ဗတပင်။
- အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်ဖြစ်ပေသည်။
      လမ်းမှန်ကိုလျှောက် ဥာဏ်မြင်ပေါက် ဆိုက်ရောက်နိဗ္ဗာန်ပြည်။
- ကိုယ်အမူရာ ဖြစ်တိုင်းမှာ မှန်စွာသိရမည်။
         စိတ်အမူရာ ဖြစ်တိုင်းမှာ မှန်စွာသိရမည်။
- ကောင်းဆိုးလတ်ပါ ဝေဒနာ မှန်စွာသိရမည်။
        သဘောတရား ထင်ပေါ်ငြား ပိုင်းခြားသိရမည်။
       (မဟာစည်ဆရာတော်)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မိဘနှစ်ပါးကို ဆွမ်းခံကျွေးသော ရဟန်း။

          သာဝတ္ထိပြည်တွင်  တစ်ဆယ့်ရှစ်ကုဋေ  ကြွယ်ဝသော သူဌေးဇနီးမောင်နှံ၌ တစ်ဦးတည်းသော
သားတစ်ယောက်ရှိ၏။  ထိုသားသည် မြတ်စွာဘုရား၏  တရားတော်ကို နာရ၍  သာသနာတော်၌ ထက် 
သန်သော သဒ္ဓါတရား ဖြစ်ပေါ်ပြီးလျှင် ရဟန်းပြုခွင့်ပေးရန် မိဘများထံ ခွင့်ပန်သဖြင့်  ခွင့်မပြုလိုသော်
လည်း  တစ်ဦးတည်းသောသား စိတ်ချမ်းသာရေးအတွက် မိဘများက ခွင့်ပြုလိုက်ရ၏။

         ရဟန်းသစ်သည် တိုင်းစွန်ပြည်ဖျားရှိ ရွာငယ်တစ်ရွာအနီး  တောရကျောင်း၌  သီတင်းသုံးလျက်
ဝိပဿနာ တရားကို ကြိုးစားအားထုတ်၏။  ရဟန်းတော်သည် တစ်ဆယ့်နှစ်နှစ် တိုင်တိုင် ကြိုးစားအား
ထုတ်သော်လည်း တရားထူး မရနိုင် ဖြစ်နေ၏။
         ထို တစ်ဆယ့်နှစ်နှစ် အတွင်း၌ ရဟန်းတော်၏။ ခမည်းတော် မယ်တော်များမှာ အကြောင်းအမျိုး
မျိုးကြောင့် စည်းစိမ်ဥစ္စာ ပျက်စီးခဲ့ရာ ခွက်လက်စွဲကာ တောင်းစားရသည့် အခြေအနေသို့ရောက်ခဲ့ရ၏။

Sunday, 31 May 2015

သေရည်သေရက်သောက်ခြင်း အပြစ် ၆ ပါး


၁။ ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
၂။ ခိုက်ရန် ဖြစ်ပွားတတ်၏။
၃။ အနာရောဂါ ဖြစ်ကြောင်း ဖြစ်၏။
၎။ အရှိန်အစော် မဲ့တတ်၏။
၅။ လျှို့ဝှက်အပ်သည်ကို ဖော်ပြတတ်၏။

၆။ ဉာဏ်ပညာ အားနည်းအောင် ပြုတတ်၏။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Friday, 29 May 2015

အဘိဉာဏ် အင်္ဂါ ၈ ပါး။

၁။ အလွန်စင်ကြယ်ခြင်း။
၂။ ဖြူစင်ခြင်း။
၃။ ကိလေသာရာဂကို ဖျောက်ခြင်း။
၎။ နူးညံ့စွာဖြစ်ခြင်း။
၅။ တန်ခိုး ဖန်ဆင်းခြင်း၌ စွမ်းနိုင်ခြင်း။

၆။ စင်ကြယ်သော အာရုံ၌သာ တည်ကြည်ခြင်း။
၇။ မတုန်မလှုပ်သော အဖြစ်သို့ ရောက်ခြင်း။
၈။ လျင်သောစိတ် ရှိခြင်းတို့ ဖြစ်ပါတယ်။ ။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Tuesday, 26 May 2015

ကံ၊ ကြမ္မာ၊ ၀ဋ်တို့၏သဘာဝ။

          “ကံ” ဆိုတာကတော့ အားလုံးသိနေကြတဲ့အတိုင်း မိမိရဲ့သန္တာန်မှာ ဖြစ်တဲ့စိတ်ရဲ့
လှုံဆော်မှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ၀စီကံ၊ ကိုယ်ထိလက်ရောက် ပြုလုပ်မှု ကာယကံလို့
အကောင်းအဆိုး(၂)မျိုး ကွဲပြားလျက် ရှိတယ်။ အဲဒီ ကာယကံ၊ ၀စီကံ၊ မနောကံတွေထဲမှာ
မကောင်းတဲ့ ကာယကံ၊ မကောင်းတဲ့ ၀စီကံ၊ မကောင်းတဲ့ မနောကံကို ရံဖန်ရံခါ ပုထုဇဉ်တွေ
ပြစ်မှားကျူးလွန် မိခဲ့ကြတာရှိတယ်။

         အဲဒီ ပြစ်မှားကျူးလွန်မိခဲ့တာတွေကို “ကံ”လို့ခေါ်တယ်။ အဲဒီ“ကံ”သည် ပြုလုပ်သူ ပုဂ္ဂိုလ်
ရဲ့ သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီး နေတယ်။ ကံ ကိလေသာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာ
ကြီးရှိနေသမျှ ဒီ ကံကြမ္မာတွေ ဆိုတာက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သို့သော် ကံ တိုင်းအ
ကျိုးပေးသလားလို့ဆိုတော့ အဲဒီလိုတော့လည်း မဟုတ်ပြန်ဘူး။ အကျိုးပေးဖို့ရာအတွက် သူ့မှာ
အခြေအနေတွေ လိုသေးတယ်။

Monday, 25 May 2015

သားသမီးသုံးမျိုး

အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော
မြတ်စွာဘုရား ဟောတော်မူတယ်။

- အတိဇာတ သားသမီးတစ်မျိုး
- အနုဇာတ သားသမီးတစ်မျိုး
- အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး
သုံးမျိုးဟောတော်မူခဲ့ပါတယ်



(၁) "အတိဇာတသားသမီး"
မိဘများရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိပြီးစွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့စောင့်ရှောက်တတ်၍
မိဘတို့ထက် အကျင့်သီလ အာစာရဂုဏ် လိမ္မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အတိဇာတသားသမီးလို့ ခေါ်ပါတယ်။အလွန်မြင့်မြတ်တဲ့ သားသမီးမျိုးပင်ဖြစ်၏။ ထင်ရှားအောင်ပြောရရင် သာသနာတော်မှာ ရှင်ရဟန်းအဖြစ်ဖြင့်မိဘ၏ ကျေးဇူးတရားများကို ပေးဆပ်နေသော သားသမီးမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။



၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

အသံကိုလုပ်၍ တရားဟောရာ၌ အပြစ် ၅ ပါး။

     အသံကို ဆွဲကာငင်ကာ တမင်သာယာအောင်လုပ်၍ တရားဟောရာ၌ အပြစ် ၅- ပါးကို
ဘုရားရှင် ဟောတော်မူသည်မှာ==
၁။ မိမိအသံကို မိမိပြန်၍ သာယာသော် တဏှာဖြစ်၏။
၂။ ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။
၃။ လူကြီးလူကောင်းတို့က “ငါတို့သီချင်းဆိုသလို ဘုရားသားတော် အခေါ်ခံနေသော ဘုန်းကြီး
   များလည်း သီချင်းဆိုကြတာပါပဲ” ဟု စွတ်စွဲ ကဲ့ရဲ့တတ်၏။
၎။ တရားဟောရင်း အသံလုပ်လိုသော ဇောကြောင့် မိမိသမာဓိလည်း ပျက်၏။
၅။ နောင်လာနောင်သား မလိမ်တမာ ကိုယ်တော်ကလေးများကလည်း “အသံလုပ်၍ ဟောရသည်”
    ဟု အတုလိုက်တတ်ကြသည်။ ။
{ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ  
  တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Wednesday, 20 May 2015

ကိလေသာ နိုးကြွစေသော၊ လူ့ ရွာဘုရားပွဲ။

   ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို ရှေးအစဉ်အလာအရ ကျင်းပလာခဲ့ကြရာ၊ ဘာသာရေး
အရ အနှစ်သာရရှိရှိ ထိထိမိမိ ဆောင်ရွတ်ရမည့်အစား ပျော်ပွဲရွှင်ပွဲနှင့်( အချို့ သောဒေသတွင် လောင်းက
စားပွဲ ) တို့ လွှမ်းမိုးနေကြသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်များတွင် ပျော်ပွဲရွှင်ပွဲတို့ 
နေရာယူ လွမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့  ကောင်းသောလက္ခဏာ မဟုတ်ပါ။ ဘာသာရေး
ဦးတည်ချက်ကို တိတိကျကျ ပီပီပြင်ပြင် ချမှတ်ရပါမည်။ ထေရ၀ါဒ ဘာသာရေး ဦးတည်ချက်နှင် လွှဲချော်    

နေလျှင် လျော်ကန်သင့်မြတ်မည် မဟုတ်ပါ။
      ဘုရားရှင်၏ သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်တော် ကျေးဇူးတော်များကို နှလုံးသွင်း ပူဇော်သည့် ဘုရား
ပွဲတွင် အငြိမ့်၊ ဇတ်၊ ဆိုင်း၊ ဗီဒီယို၊ ရုပ်ရှင်၊ ပျော်ပွဲရွှင်များ လောင်းကစားပွဲများ ထည့်သွင်း ကျင်းပခြင်း
သည် မြတ်စွာဘုရားကို ပူဇော်ရာ မကျပါ။ ကိလေသာ နိုးကြွစေသော ပျော်ပွဲရွှင်ပွဲ၊ မငြိမ့်၊ ဇတ်၊ ဆိုင်း၊
လောင်းကစား စသည်တို့ ဖြင့် ဘုရားပွဲ ကျင်းပခြင်းသည်၊ "တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ ရွာဘုရားပွဲ။ "

Tuesday, 19 May 2015

အလှူပေး တကယ်သူဋ္ဌေးဖြစ် ။

 
 
အလှူပေး တကယ်သူဋ္ဌေးဖြစ် ။
သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ
ထမင်းစားပြီး ပန်းကန်ဆေး၍ သွန်ပစ်သော ရေတွင်ပါဝင်သည့် ထမင်းစေ့ကလေးများ ကိုပုရွက်ဆိတ် ပိုးဟပ် စသောတိရိစ္ဆန်များက စားရသည်ကိုပင် ကုသိုလ် ရပြီး ဒါနမြောက်သည်ဟုဆိုလျှင်
အခြားဆိုဘွယ်ရာမရှိချေ လောကတွင်ရေတခွက် တိုက်ဘူးသူ မုန်တခုကြွေးဘူးသူ ပိုက်ဆံတစ်ကျပ်မျှ စွန့်ကျဲဘူးသူ လဲနေသူကို ထူဖူးသူ ကုသိုလ်ရလို၍ မဟုတ်ဘဲ လူမှုရေးအရ ကူညီသူအများ အပြားရှိကြ၍ တနည်းနည်း ဖြင့်ကုသိုလ် ရဖူးသူများဖြစ်ကြသည့် အတွက် မလှူဖူး
သူမရှိပါဟုဆိုရခြင်းဖြစ်ပါသည်။

“ ဒါန၊သီလ စရဏအားနည်းခဲ့လျှင် ”

  အပါယ်မည်သည် တကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ သွားတတ်ချေသည်။
ယခုဘဝ၌ ဒါနမှုနည်းပါး၍ ကာယကံ မလုံခြုံ၊ ဝစီကံ သောင်းကြမ်း၊ မနောကံ
ညစ်နွမ်း၍ စရဏတရား နည်းပါးသော သူတို့သည် သေသည့်အခြားမဲ့၌ အပါယ်
ကျမှုအားကြီးလျက်ရှိနေကြကုန်၏။


အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါ ကုန်သော်လည်း ဒါနဟူသော စရဏတရား
နည်းပါးခဲ့သည့်အတွက် ဖြစ်လေရာဘုံဘဝ၌ ဓနဥစ္စာချို့တဲ့မှုနှင့် ကိုယ်မချမ်း စိတ်မချမ်း
အသက်မွေးကြမ်းတမ်းမှု အပါယ်လမ်းတမျိုး၊ နိစ္စသီလ ဥပေါသထသီလဟူသော စရစတရား
နည်းပါးခဲ့သည့်အတွက် တွေပရှိသောသူတို့နှင့် ခိုက်ရန်ဒေါသ ဝိဝါဒကြီးပွား အနာရောဂါများ
ပြားမှု အပါယ်လမ်းတမျိုး။

Monday, 18 May 2015

သူတော်ကောင်း တရားတွေ တိုးပွားအောင် ဘ၀နေနည်း။

      ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ
ခိုက် ဖြစ်တဲ့သဘောတွေကို..သိ၊ သေချာသိအောင် ဂရုတစိုက်ကြည့်ပြီး ပုံမှန်နေစဉ်   အား
ထုတ်ရတဲ့ နည်းပါပဲ။

      ပုံမှန်နေစဉ်အလုပ် အားထုတ်တဲ့ နည်းနဲ့ သာ အချိန်မရွေး၊ အမူအရာမရွေး၊ ဂရုတစိုက်
အားထုတ်ရင် တရားလို့ ခေါ်တဲ့ ဒီ သဒ္ဒါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာတွေက မိမိတို့ ရဲ့ စိတ်
အတွင်းကို အားကောင်းစွာနဲ့  ၀င်ရောက်လာပါတယ်။
      အဲဒီလို  သူတော်ကောင်း တရားတွေ ၀င်လာမှာကျတော့ ကိုယ်ကဂရုမစိုက်၊ ဒီဘက်
လှည့်ဝင်တော့လည်း ကိုယ်က ဂရုမစိုက်၊ ဟိုဘက်လှည့်ဝင်တော့လည်း ကိုယ်ကဂရုမစိုက်
တော့ တရားတက်ဖို့ ကို  ကိုယ်ကိုယ်တိုင် ပိတ်ထားသလို ဖြစ်နေကြပါတယ်။

အနိစ္စေ ဒုက္ခသညာ

 
 
မိမိရဲ့ စိတ်ကလေးကို မိမိနူးညံ့သွားအောင် ပျော့ပျောင်းသွားအောင် ဆိုဆုံးမနေ
တဲ့ လုပ်ငန်းခွင်တွေ ဖြစ်ပါတယ်။ အနိစ္စသညာကို ကြိမ်ဖန်များစွာ လေ့လာပြီးတဲ့
အခါ အနိစ္စဖြစ်တဲ့ ဒီခန္ဓာငါးပါးအပေါ်မှာ အနိစ္စသညာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း
သိမြင်ပြီးတဲ့အခါ ဒီအနိစ္စဖြစ်နေတဲ့ ခန္ဓာငါးပါးတို့ရဲ့ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့်
လည်းကောင်း, ပျက်ခြင်းဒဏ်ချက်ဖြင့်လည်းကောင်း
အမြဲမပြတ် အညှဉ်းဆဲအနှိပ်
စက်ခံနေရသည့်အတွက် ဒုက္ခဖြစ်ပုံအခြင်းအရာကို ၀ိပဿနာဥာဏ်ဖြင့် မြင်အောင်
ကြည့်ကာ ဒုက္ခသညာကို ဆက်ပြီးပွားရတယ်။ ပွားလိုက်တဲ့အချိန်အခါမှာ ဘာဖြစ်
လာသလဲ? မိမိကိုအသေသတ်ဖို့ရန် သန်လျက်ကို မြှောက်ချီကာမိုးထားတဲ့ လူ
သတ်သမားအပေါ်မှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမှတ်သညာသည် ရှေးရှုတည်
လာသလိုပဲဒီခန္ဓာငါးပါးတို့အပေါ်၌ ကြောက်ရွံ့နေတဲ့ အမှတ်သညာ = ဘယသညာ
သည် ရှေးရှုတည်လာမယ်။ ဒီလို ခန္ဓာငါးပါးအပေါ်မှာ ကြောက်ရွံ့နေတဲ့အမှတ်သ
ညာက ဘာလုပ်မလဲ? ဘာဝနာကို ပွားများအားထုတ်ဖို့ရန်အတွက် ပျင်းရိနေတဲ့
ဒီစိတ်ဓာတ်ကိုလည်း တိုက်ဖျက်ပေးမယ်။ ]တပည့်တော်လည်း ကြိုးစားပါဦး
မယ်ဘုရား}ဆိုပြီး အိမ်ပြန်ပြန်သွားတတ်တဲ့ စိတ်ထားမျိုးကို ဖယ်ရှားပေးနိုင်တယ်။

နောက်တစ်ခု - ကောသဇ္ဇေ = ပေါ့ဆတယ်။ တွန့်ဆုတ်နေတယ်။ ဘာဝနာလုပ်
ငန်းခွင်ကို လေးလေးနက်နက် အားမထုတ်ဘူး။ ပေါ့ပေါ့ဆဆလေး အားထုတ်
တယ်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ စိတ်မပါ့တပါ အားထုတ်နေတယ်။ ဒီလို စိတ်ထား
တွေကိုလည်း ဒီဒုက္ခသညာက တိုက်ဖျက်ပေးမယ်။

နောက်တစ်ခု ဘာဝနာလုပ်ငန်းခွင်မှာ ရဲရဲရင့်ရင့်နဲ့ တကယ် ထက်ထက်မြက်မြက်
ဖြစ်အောင်မကြိုးစားချင်တဲ့ စိတ်ထားရှိတယ်။ အဲဒီစိတ်ထားကိုလည်းဒီဒုက္ခသညာ
က တိုက်ဖျက်ပေးလိမ့်မယ်။ ဘာဝနာလုပ်ငန်းခွင်ကို မေ့မေ့လျော့လျော့နဲ့နေထိုင်
တယ်။ တရားကို သွားလည်း ရှုနေပါ။ ရပ်လည်း ရှုနေပါ။ ထိုင်လည်း ရှုနေပါ။
အိပ်နေလည်း ရှုနေပါ။ ဒီလိုတော့ သင်ပေးလိုက်တယ်။ ဒါပေမဲ့လို့ ရှုဖြစ်တဲ့အခါ
လည်း ရှိတယ်။ မရှုဖြစ်တဲ့အခါလည်း ရှိနေတယ်။ ဒါက မေ့လျော့မှု = ပမာဒလို့
ခေါ်ပါတယ်။ အဲဒီ မေ့လျော့မှု = ပမာဒဆိုတဲ့သဘောတရားကိုလည်း ဒီဒုက္ခ
သညာက တိုက်ဖျက်ပေးနိုင်ပါတယ်။
နောက်တစ်ခု - တစ်ခါတလေကျတော့လည်း ကာမဂုဏ်တွေမှာမွေ့လျော်နေတဲ့
စိတ်ဓာတ်တွေက လွှမ်းမိုးလာပြီဆိုလို့ရှိလျှင်တော့ ဘာဝနာကို အားမထုတ်ဘဲ
သော်လည်း နေချင်နေမယ်။ အနနုယောဂလို့ ခေါ်ဆိုပါတယ်။ အဲဒီလို အားမ
ထုတ်ဘဲနေတဲ့ စိတ်ဓာတ်ကိုလည်း ဒီဒုက္ခသညာက တိုက်ဖျက်ပေးလိမ့်မယ်။
တစ်ခါတစ်ရံ အနိစ္စလို့ ရှုပါဆိုပြီး သင်ပေးလိုက်သော်လည်း အနိစ္စလို့ မဆင်ခြင်မိ
ဘူး။ ဒုက္ခလို့ ရှုပါပြောလည်း ဒုက္ခလို့ မဆင်ခြင်မိဘူး။ အပေစ္စဝေကဏာလို့ ခေါ်ဆို
ပါတယ်။ မဆင်ခြင်မိတဲ့ ဒီစိတ်ဓာတ်ကိုလည်း စွမ်းအင်ပြည့်ဝလာတဲ့ ဒီဒုက္ခသညာ
က တိုက်ဖျက်ပေးပါလိမ့်မယ်။
အကယ်၍ အနိစ္စသညာ ဒုက္ခသညာတွေကို ခပ်များများ ပွားများနေထိုင်ခဲ့မယ်ဆို
လျှင် အနိစ္စဖြစ်တဲ့ ခန္ဓာငါးပါးအပေါ်မှာ ဒုက္ခသညာဖြင့်, မိမိရဲ့စိတ်ဓာတ်ကို ဒုက္ခ
သညာ ဘာဝနာစွမ်းအင်ဖြင့် ထုံမွမ်းထားလိုက်လျှင် အကြောင်းတရားနှင့်တကွ
သောခန္ဓာငါးပါးဆိုတဲ့ ဒီသင်္ခါရတရားတွေအပေါ်မှာ ထက်မြက်စူးရှတဲ့ ကြောက်ရွံ့
မှု ဘယသညာဟာလည်း ရှေးရှုတည်လာပါလိမ့်မယ်။ မိမိကို အသေသတ်ဖို့ သန်
လျက်မိုးကာ စောင့်နေတဲ့ လူသတ်သမား အပေါ်မှာ ကြောက်ရွံ့တုန်လှုပ်သလို
ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်းမှာ တည်ရှိကြတဲ့ သင်္ခါရတရားတွေ အပေါ်မှာ
ကြောက်လန့်တဲ့ ဘယသညာဟာလည်း ရှေးရှုတည်လာမှာ ဖြစ်ပါတယ်။
အကယ်၍ အနိစ္စဖြစ်တဲ့ ခန္ဓာငါးပါးတို့အပေါ်မှာ ဒုက္ခသညာကိုကြိမ်ဖန်များစွာ
အထပ်ထပ်အခါခါ ပွားများပေမဲ့လို့ ကမ္မဋ္ဌာန်းလုပ်ငန်းခွင်၌ ပျင်းရိမှု, စိတ်ဓာတ်
တွန့်ဆုတ်မှု, ကမ္မဋ္ဌာန်းကို အားမထုတ်ဘဲ စွန့်လွှတ်ထားမှု, ကမ္မဋ္ဌာန်းကို မေ့
လျော့နေမှု, ကမ္မဋ္ဌာန်းကို အားမထုတ်ဘဲ နေထိုင်မှု, ကမ္မဋ္ဌာန်းကို မဆင်ခြင်မိမှု
ဆိုတဲ့ ဆန့်ကျင်ဘက်သဘောတရားတွေက အားကောင်းနေတဲ့အတွက် သင်္ခါရ
တရားတွေအပေါ်မှာ ကြောက်လန့်တဲ့ ဘယသညာဟာလည်း ရှေးရှုမတည်
လာဘူးဆိုလျှင် ဆန့်ကျင်ဘက် သဘောတရားတွေကို တိုက်ဖျက်နိုင်တဲ့ စွမ်းအင်
တွေ မရှိသေးဘူးဆိုလျှင်တော့ မိမိရဲ့ဒုက္ခသညာဘာဝနာလုပ်ငန်းခွင်သည် အရှိန်
အ၀ါ အားမကောင်းသေးဘူး။ တိုက်ဖျက်နိုင်ပြီဆိုလို့ရှိလျှင်တော့ အရှိန်အ၀ါသိပ်
အားကောင်းပြီ။ အားကောင်းတဲ့အဆင့်အထိ ကျင့်ကြံကြိုးကုတ် ပွားများအား
ထုတ်ထားမယ်ဆိုလျှင်ဒီဒုက္ခသညာက မသေရာ အမြိုက်နိဗ္ဗာန်လျှင် တည်ရာရှိ
တယ်။
ဖားအောက်တောရဆရာတော်ဘုရားကြီး
(အနိစ္စေ ဒုက္ခသညာ) by (ဖားအောက်တောရဆရာတော်ဘုရားကြီး)

ကြား... ခိုလိုက်ပါ

 
 
အရည ဂတော ဝါ - တောအရပ်သို့ ကပ်၍သော်လည်းကောင်း၊
ရုက္ခမူလ ဂတော ဝါ - သစ်ပင်ရင်းသို့ ကပ်၍သော်လည်းကောင်း၊
သုညာဂါရ ဂတော ဝါ - ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍သော်လည်းကောင်း- ဆိုပြီး တရားအားထုတ်ရန် နေရာတွေကို ဗုဒ္ဓမြတ်စွာက ညွှန်ပြခဲ့ပါတယ်။

သက်တမ်းကတို၊ အချိန်ကနည်း၊ လုပ်စရာတာဝန် ဝတ္တရားတွေကများ၊ စွဲမက်စရာ အာရုံတွေကပြည့် - ဒီကြားတွေထဲမှာ ညပ်နေရတဲ့ ယနေ့ခေတ် လူတွေအဖို့ ဘယ်လိုနည်းနဲ့များ တောအရပ်ကို ကပ်နိုင်ပါ့မလဲ၊ သစ်ပင်ရင်းကို ကပ်နိုင်ပါ့မလဲ၊ ဒါ့အပြင် လှုပ်လှုပ်ရှားရှား ဆူဆူညံညံတွေ ပေါများလာရာမှာ ဆိတ်ငြိမ်ရာအရပ်တွေကလည်း တစ်နေ့တခြား ရှားပါးလာပါတယ်။ ဒီလိုဆိုရင် တရားအားထုတ်စရာ နေရာမရှိ၊ အချိန်မရှိလို့ အားမထုတ်ရတော့ဘူးလား။ တရားမရကြတော့ဘူးလား။ ဒီလို မဟုတ်ပါဘူး။ တရားအားထုတ်တယ်ဆိုတာ ဘာဝနာအလုပ်ပါ။ ဘာဝနာဆိုတာ ကိုယ်၊ နှုတ်နဲ့ ပွါးရတာမျိုး မဟုတ်ပါဘူး။ စိတ်နဲ့ပွါးရတဲ့ မနောကံအလုပ်ပါ။ စိတ်ဖြစ်ဖို့ အချိန်လည်း မလို၊ နေရာလည်း မလိုပါဘူး။

ဗောဓိပက္ခိယတရား ၃၇ ပါး။

        မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု သို့မဟုတ် မဂ်ဉာဏ်ဘက်၌ ပါဝင်၍
မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။
( ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့ အစု )
ဗောဓိပက္ခိယတရား ၃၇ ပါးမှာ =
က။ သတိပဌာန်  ၄ ပါး။
ခ။ သမ္မပ္ပဓာန်     ၄ ပါး။

ဂ။ ဣဒ္ဓိပါဒ်        ၄ ပါး။
ဃ။ ဣနြေ္ဒ        ၅ ပါး။
င။ ဗိုလ်            ၅ ပါး။
စ။ ဗောဇ္ဈင်       ၇ ပါး။
ဆ။ မဂ္ဂင်         ၈ ပါး( စုစုပေါင်း ၃၇ ပါး) တို့ ဖြစ်ပါတယ်။ ။
{ သာသနာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကူးယူရေးသားပါပူဇော်သည်။ }

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated