@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday, 24 October 2014

ကြိုတင်မသိနိုင်သော အကြောင်း(၅)ပါးနှင့် မမေ့အပ်သည့် (၁၀)ချက်


"... ကြိုတင်မသိနိုင်သော အကြောင်း(၅)ပါးနှင့် မမေ့အပ်သည့် (၁၀)ချက် ..."

ကြိုတင်မသိနှိုင်သော အကြောင်း(၅)ပါး
---------------------------------------
၁။ မိမိအသက် သေမည့်ရက် သေချာတိကျ မသိနှိုင်။
၂။ မည်သည့်ရောဂါ သေရမှာ သေချာတိကျ မသိနှိုင်။
၃။ မည်သည့်ချိန်ခါ သေရမှာ သေချာတိကျ မသိနှိုင်။
၎။ မည်သည့်နေရာ သေရမှာ သေချာတိကျ မသိနှိုင်။
၅။ သေပြီးနောက်မှာ ဘယ်ရောက်မှာ သေချာတိကျ မသိနိုင်။
.
မမေ့အပ်တဲ့ (၁၀)ချက်

----------------------
၁။ အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခုရှိတယ်။ အဲဒါက မိဘနှင့် အချိန်။
၂။ လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပဲ။
၃။ ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်။
၎။ မေ့တတ်တယ် ဆိုတာ မလေးစားလို့။ ကြောက်တတ်တယ်ဆိုတာ မခိုင်လုံလို့။
၅။ နှေးတာအရေးမကြီး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။
၆။ မနာလိုမဖြစ်ပါနဲ့၊ လုပ်တဲ့သူက နေရာရမှာပဲ။
ရ။ စာရိတ္တကောင်းရင် နောက်ကြောင်းရှင်းတယ်။
၈။ မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။
၉။ လိုသလောက် မရနိုင်ပေမယ့်။ လုပ်သလောက်တော့ ရနိုင်ပါတယ်။
၁၀။ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင်ဖြစ်သည်။
မူရင်းစာရေးသူကို မဖော်ပြနိုင် တော့သည့်အတွက် နားလည်ပေးစေလိုပါသည်။
Myanmar News Update မှကူးယူဖေါ်ပြလိုက်ပါသည်

ဘ၀မှာ အကျိုးရှိရှိ နေဖို့ဆိုရင်။

       ဗုဒ္ဓဘာသာဝင်တွေအတွက် “ ဓမ္မ ” ဆိုတာ အမှန်အမှားကို ခွဲခြားသိနိုင်သော ဟောပြော
ထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမသွန်သင်ချက်တွေကို ခေါ်ပါတယ်။ အကျိုးအကြောင်း၊ အကောင်းအ
ဆိုးတွေကို သိတာကိုလည်း ဓမ္မကိုသိတယ်လို့ ပြောလို့ရပါတယ်။

         ဓမ္မအသိနဲ့ ဘ၀မှာ အကျိုးရှိရှိနေဖို့ ဆိုရင် အသိဉာဏ် ရှိရပါမယ်။ လောကမှာ ဘ၀တစ်
ခု ရလာတဲ့အခါမှာ နေပုံထိုင်ပုံက အမျိုးမျိုးရှိပါတယ်။ အကျိုးရှိတဲ့နေနည်း ရှိသလို အကျိုးမဲ့စေ
တတ်တဲ့ နေနည်းလည်း ရှိကြပါတယ်။ ပစ္စုပ္ပန် သံသရာ နှစ်ဖြာလုံး အကျိုးရှိစေမယ့် နေနည်းမျိုး
ကို ဗုဒ္ဓမြတ်စွာက ဆုံးမသြ၀ါဒ ပေးထားပါတယ်။
         ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်” မှာ “ ဒွိစက္ခု ” မျက်စိနှစ်လုံးရှိတဲ့ ပုဂ္ဂိုလ်ကို အကောင်းဆုံး
ပုဂ္ဂိုလ်လို့ ဟောကြားထားပါတယ်။ မျက်စိနှစ်လုံးဆိုတာ လူတိုင်းလူတိုင်းမှာ ရှိကြပါတယ်။ နှစ်
ဘက်မြင်နိုင်ရတဲ့ အသိဉာဏ်ကို ဆိုလိုတာပါ။ ပကတိမျက်စိကတော့ ရှေ့တည့်တည့် တစ်ဘက်
တည်းကိုပဲ မြင်နိုင်ပါတယ်။ အသိဉာဏ်ရှိမှ နှစ်ဘက်စလုံးကို မြင်ရပါမယ်။
         လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေကို ရဖို့၊ ရလာ
တဲ့ စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့၊ တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေ တိုးတက်ပွားများဖို့   သိမြင်
တတ်တဲ့ အသိဉာဏ်ဆိုတဲ့ မျက်လုံးလည်းရှိဖို့ လိုပါတယ်။ အဲဒါက ဒီဘ၀  ကောင်းကျိုးအတွက်
ဖြစ်ပါတယ်။ နောင်ဘ၀ ကောင်းကျိုးအတွက်လည်းပဲ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိတယ်၊ အ
ပြစ်မရှိဘူးဆိုတဲ့ ဓမ္မအရေးနဲ့ ပတ်သက်ပြီး သိတဲ့ မျက်စိမျိုးဟာလည်း လိုအပ်ပါတယ်။
         လောကအကျိုးချည်းပဲ ကြိုးစားမယ်ဆိုရင် သံသရာအကျိုးက လွတ်သွားပါမယ်။ လူတွေ
မှာ ပစ္စည်းဥစ္စာတွေ တိုးတက်လာသော်လည်း ကိုယ်ကျင့်တရားက ဆုတ်ယုတိပျက်ပြား သွားလို့
ရှိရင် ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားနိုင်ပါတယ်။ ဒါကြောင့်
မို့ စီးပွားရေးဘက်ကလည်း တိုးတက်အောင် လုပ်ရပါမယ်။ ကိုယ်ကျင့်တရား ဘက်ကလည်း တိုး
တက်အောင် လုပ်ရပါမယ်။

အ၀ိဇ္ဇာ၏ အဓိပ္ပါယ်

  တစ်ချိန်တွင် ရဟန်းတော်တစ်ပါးက ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးနောက် ဘု
ရားရှင်ကို ဤကဲ့သို့မေးမြန်းလျှောက်ထားတော်မူ၏ ---- “မြတ်စွာဘုရား ...
‘အ၀ိဇ္ဇာ အ၀ိဇ္ဇာ’ဟု ပြောဆိုနေပါသည် မြတ်စွာဘုရား၊ အဘယ်ကို အ၀ိဇ္ဇာဟုခေါ်

ဆိုပါသလဲ မြတ်စွာဘုရား¿ အဘယ်မျှသော အတိုင်းအရှည်ဖြင့် အ၀ိဇ္ဇာသို့ရောက်
ရှိနေသည့် ပုဂ္ဂိုလ်ဟု ခေါ်ဆိုပါသလဲ မြတ်စွာဘုရား?” .. ဤသို့ ထိုရဟန်းတော်က
မြတ်စွာဘုရားအား မေးမြန်းလျှောက်ထား၏။ ဤသို့ မေးမြန်းလျှောက်ထားသည့်
အခါ ဘုရားရှင်က အောက်ပါအတိုင်း အဖြေပေးတော်မူ၏ ..။

“ချစ်သား ရဟန်း ...
၁။ ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်
ထွင်းဖောက် မသိမမြင်မှု၊

Tuesday, 21 October 2014

အာဠ၀ကဘီလူးကမေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော (အာဠ၀ကသုတ္တန်)။

 (၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
(၃)လောကမှာ အကောင်းဆုံးအရသာ ဘာလဲ။

အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။(သစ္စံ သာဓုတရံ ရသာနံ)
(၄)လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။(ပညာဇီဝိံ ဇီဝိတ မာဟု သေဌံ)
(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။(သဒ္ဓါယ တရဟိ သြဃံ)
(၆)ကျယ်ပြောသောဘ၀ကြီးကို ဘာနဲ့ဖြတ်ကူးရမှာလဲ။
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။(အပ္ပမာဒေန အဏ္ဏ၀ံ)
(၇)ဆင်းရဲဒုက္ခကို ဘာနဲ့ဖယ်ရှားမှာလဲ။
အဖြေ=ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်ဖယ်ရှားနိုင်မယ်။(၀ီရိယေန ဒုက္ခမစ္စေတိ)
(၈)စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပညာ ဖြင့်သာဆေးကြောရမယ်။(ပညာယ ပရိသုဇျွတိ)
(၉)ပညာကို ဘယ်လိုရအောင်ယူရမှာလဲ။

ဆံတော်ရှင်ဇင်းကျိုက်စေတီတော်မြတ်သမိုင်းကြောင်း


  သုံးလူ့ထွဋ်ထားသဗ္ဗညုရှင်တော်ဂေါတမမြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ရောက်ခါနီး ကာလဝယ် ကရာမည-ကရဏ္ဍကတိုင်း

သုဘိန္နဂရဟု ထင်ရှားရှိခါရှင်တော်ဘုရားအပွင့်မှီ နှစ်ပေါင်း (၅၀-)ခန့်က ယခု သထုံပြည် တည်နေရာ ဌာနသုဘိန္န နဂရမြို့ကြီး ဟုဝေးနီးထင်ပေါ်

သတင်းကျော်လျက် လွန်စွာမွေ့ပျော်ခါစ  စတုမဟာတာဝတိသာ မာယာ စသည်နတ့်ပြည်ကဲ့သို့  စည်ပင်လှစွာ သားကြီးသာ၍ သတ္တဝါဗိုလ်လူခပ်သိမ်း


သူတို့မှီခိုနေထိုင်ရာဖြစ်သော ရာဇဌာနီမင်းနေပြည်တော်မြို့ကြီးတစ်မြို့တည်ထားခဲ့လေသည်။ ထိုသုဘိန္နနဂရ ယခု သထုံ (ခေါ်) သုဝဏ္ဏဘူမိ ရာဇဌာနီ

မင်းနေပြည်တော်တွင် တိဿဓမ္မ ဘုရင်ကြီးသည် သီရိက္ကပါ အဂ္ဂမဟေသီ ဒေဝီမိဖုရားခေါင်နှင့် ဘုန်းမီး နေ,လ,ထွန်းလင်းတောက်ပလျက် ဒဿရာဇ

ဓမ္မလေးတန် သင်္ဂဟနာယက ခြောက်ပုံ ခုနှစ်စုံ အပရိဟာ၊ အစဖြာသော စည်လာလမ်းကြောင်းနှင့် ကမ္ဘာအစ မဟာသမတမင်းကောင်းမင်းမြတ်တို့၏

ပရိဒေ၀အကြောင်း

 
 
ငိုကြွေးမူကို “ပရိဒေ၀”ဟုခေါ်၏။ ဤပရိဒေ၀ဟူသည် “ငိုသံ”ပင်ဖြစ်၏။ သို့သော် ထိုငိုသံ ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာ ဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်ထားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မူကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မူကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ ခေါ် ငိုကြွေးသော အသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

သံဃာများ အိမ်ပင့်ဆွမ်းကပ်ရကျိုးများ

ဦးဇင်းကို အွန်လိုင်းကနေသိတဲ့ ဒကာမတစ်ဦးက သူ့အိမ်က မိသားစုတွေအားလုံး ဖူးမြင်ရအောင်ဆိုပြီး ဆွမ်းစားပင့်ပါတယ်။ အိမ်ရောက်လို့ ဆွမ်းလည်းစားပြီးရော မိတ်ဆက်စကားပြောကြရာ ဒကာတစ်ဦးကနေ ဦးဇင်းကို အရှင်ဘုရားက အွန်လိုင်းမှာ ဘာသာရေးမေးဖြေလုပ်ပေးတာ နာမည်ကြီးတယ်လို့ ပြောကြတယ်။
အဲဒါ တပည့်တော်လည်း ကြုံတုန်း အရှင်ဘုရားကို မေးချင်ပါတယ်။ ခု ဒီအိမ်က အရှင်ဘုရားကို ဆွမ်းစားပင့်တယ်။ အဲဒီတော့ ဒီအိမ်ကလူတွေ ဘာအကျိုးတွေ ရသလဲဘုရားဆိုပြီး မေးပါတော့တယ်။
ဒါနဲ့ ဦးဇင်းက ပထမဦးဆုံး အိမ်မှာပင့်ပြီး ဆွမ်းကပ်တဲ့အတွက် ဆွမ်းလှူသူတွေရရှိတဲ့ ဆွမ်းအကျိုး (၅)ပါးကို ပြောပြပေးလိုက်ပါတယ်။
ဆွမ်းလှူကျိုး (၅)ပါး
၁။ အသက်ကို ပေးလှူတာနဲ့တူလို့ အသက်ရှည်ခြင်း။
၂။ ရုပ်အဆင်းကို ပေးလှူတာနဲ့တူလို့ ရုပ်လှပခြင်း။
၃။ ကိုယ်စိတ်ချမ်းသာအောင် ပေးလှူတာနဲ့တူလို့ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း။
၎။ ခွန်အားကို ပေးလှူတာနဲ့တူလို့ ခွန်အားကောင်းခြင်း။
၅။ အသိပညာတိုးတတ်အောင် ပေးလှူတာနဲ့တူလို့ အသိပညာကောင်းခြင်း။ (အံ၊ ၂၊ ၃၅)
ဒါပြင် သီလပညာနဲ့ပြည့်စုံတဲ့ ရဟန်းသံဃာများ အိမ်ကြွလာရင် အောက်ပါအကျိုးတွေလည်း ရရှိပါတယ်လို့ ရှင်းပြပေးခဲ့ပါတယ်။

ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ"

 
"ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ" •••••••••••••••••••••••••• 
အပြု (ကာယကံ) ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။

မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ အပြော (၀စီကံ) ပြောမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
 
 မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ 
 
အတွေး (မနောကံ) တွေးမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ တွေးဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။
 
 တွေးပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ ချမ်းမြေ့ဆရာတော် (ဓမ္မကဗျာပဒေသာ စာအုပ်မှ) _/|\_ဓမ္မမိတ်ဆွေများအားလုံး အပြု၊ အပြော၊ အတွေးများ ရှောင်ရှားနိုင်သူများ ဖြစ်ကြပါစေ။
 _/|\_

ကောဌာသ (၃၂) ပါး။

၁။ ကေသာ = ဆံပင်။
၂။ လောမာ = အမွေး။
၃။ နခါ = ခြေသည်းလက်သည်း။
၎။ ဒန္တာ = သွား။
၅။ တစော = အရေ။
၆။ မံသံ = အသား။
၇။ နှာရု = အကြော။
၈။ အဌိ = အရိုး။
၉။ အဌိမိဉ္ဇံ = ရိုးတွင်းချဉ်ဆီ။
၁၀။ ၀က္ကံ = အညှို့။
၁၁။ ဟဒယံ = နှလုံး။
၁၂။ ယကနံ =  အသည်း။
၁၃။ ကိလောမကံ = အမှေး။
၁၄။ ပိဟကံ = အပျဉ်။
၁၅။ ပပ္ဖသံ = အဆုတ်။
၁၆။ အန္တံ = အူမ။
၁၇။ အ န္တဂုဏံ = အူသိမ် အူဖွဲ။
၁၈။ ဥဒရိယံ = အစာသစ်။
၁၉။ ကရီယံ = အစာဟောင်း။
၂၀။ မတ္ထလုင်္ဂံ = ဦးနှောက်။
၂၁။ ပိတ္တံ = သည်းခြေ။
၂၂။ သေမှံ = သလိပ်။
၂၃။ ပုဗ္ဗော = ပြည်။
၂၄။ လောဟိတံ = သွေး။
၂၅။ သေဒေါ = ချွေး။
၂၆။ မေဒေါ = အဆီခဲ။
၂၇။ အဿု = မျက်ရည်။
၂၈။ ၀သာ = ဆီကြည်။
၂၉။ ခေလော = တံတွေး။
၃၀။ သိင်္ဃာနိကာ = နှပ်။
၃၁။ လသိကာ = အစေး။
၃၂။ မုတ္တံ = ကျင်ငယ်တို့ ဖြစ်ပါတယ်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

Sunday, 19 October 2014

ဗုဒ္ဓဟောကြားသော လုပ်ငန်းအောင်မြင်ပြီး ကြီးပွားချမ်းသာကြောင်းတရားများ။

     လူတိုင်းလူတိုင်းသည် လူ့လောကအလယ်တွင် တင့်တင့်တယ်တယ် ပြည့်ပြည့်စုံစုံနှင့်
နေချင်ကြ၏။ ထိုသို့နေနိုင်ဖို့ရန် စီးပွားဥစ္စာ ရှာဖွေမှုကို ပြုကြရသည်ချည်း ဖြစ်ပါ၏။ လူသား
များအနေဖြင့် အသွေးအသားခန္ဓာရုပ်ကြီး ရှင်သန်တည်မြဲနေသေးသမျှ စားဝတ်နေရေး ဟူ

သော စာလုံးသည် စီးပွားရေးပင်စည်ကြီးအပေါ် အမှီပြုလျက် ရှိပါ၏။ စီးပွားရေးပင်စည်ကြီး
ကြံ့ခိုင်ဖွံ့ဖြိုးလျှင် အရေးသုံးပါးတွင် လူတစ်လုံးသူတစ်လုံးဖြစ်မည်။ စီးပွားရေးပင်စည်ကြီး ညှိုး
ရော်ခြောက်သွေ့လျှင် အရေးသုံးပါးတွင် ဆင်းရဲနုံချာပါမည်။ လူလုံးမလှ ဖြစ်ပါမည်။
         ရုပ်ဝါဒီအချို့က ဘာသာတရားသည် ဘိန်းနှင့်တူသည်ဟု ဆိုကြ၏။ ဘိန်းစွဲသွားသော
သူသည် ကြီးပွားချမ်းသာရေးလမ်း ပိတ်သကဲ့သို့ ဘာသာရေးလိုက်စားသူများသည် ကြီးပွား
ချမ်းသာရေးလမ်းကို ပိတ်ဆို့စေသည်ဟု စွတ်စွဲပြောဆို ရေးသားကြ၏။ ဤသို့ပြောဆိုရေးသား
ခြင်းသည် ဗုဒ္ဓ၏ ဓမ္မဒေသနာများကို သေချာမလေ့လာမိသောကြောင့် ဖြစ်ပါ၏။

ကိလေသာ (၁၄) ပါး


ကိလေသာ (၁၄) ပါးမှာ==
 ၁။ လောဘ = တပ်မက်တောင့်တခြင်း။
 ၂။ ဒေါသ = ခက်ထန်ကြမ်းကြုပ်ခြင်း။
 ၃။ မောဟ = အမှန်ကို မသိဘဲ မိုက်မဲခြင်း။

 ၄။ မာန = ထောင်လွှားတက်ကြွခြင်း။
 ၅။ ဒိဌိ = အမြင်မှား၊ အယူမှားခြင်း။
 ၆။ ၀ိစိကိ စ္ဆာ = သို့လောသို့လော တွေးတောယုံမှားခြင်း။
 ၇။ ထိန = ပျင်းရိညှိုးနွမ်းခြင်း။
 ၈။ ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း။
 ၉။ အဟိရိက = မကောင်းမှုကို မရှက်ခြင်း။
၁၀။ အနောတ္တပ္ပ = မကောင်းမှုကို မကြောက်ရွံ့ခြင်း။
၁၁။ ဣဿာ = သူတစ်ပါး ချမ်းသာသည်ကို မမြင်ချင် မကြားချင် ငြူစူတတ်ခြင်း။
၁၂။ မစ္ဆရိယ = ၀န်တိုသဘောရှိခြင်း။
၁၃။ ကုက္ကုစ္စ = မကောင်းမှု ပြုမိလေခြင်း၊ ကောင်းမှု မပြုမိလေခြင်းဟု နောင်တပူပန်ခြင်း။
၁၄။ မိဒ္ဓ = လေးလံထိုင်းမှိုင်းခြင်း။
မှတ်ချက်။  ။ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ-ဤသုံးပါးတို့မှာ ဒေါသတရားတွင် အကျုံးဝင်ပြီး၊ မိဒ္ဓမှာ
လည်း ထိနနှင့် ပူးတွဲကာ ကိလေသာ (၁၀)ပါးဟု ထုတ်ဖေါ်ပြောဆိုကြပါတယ်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပါသည်။ }
      ဦးသိန်းဝေ။
     http://www.facebook.com/damanadi.tk
          http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
==============================
“စိတ်ငြိမ်းချမ်းမှု”
==========
* အတွယ်ရှိသမျှ၊ စိတ်သောက
  မုချ ရှိလိမ့်မည်။
* တွယ်တာကင်းမှ၊ စိတ်သောက
  လုံးဝ ကင်းနိုင်သည်။
* သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း
  တက်လှမ်း နိဗ္ဗာန်ပြည်။
  (ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ)

မဟာသမယသုတ် (မြန်မာပြန်)


၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။

ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-
”ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်း ဖြစ်သော ရဟန်း သံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည် လည်း မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက် ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာ တစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ” ဟု (အကြံဖြစ်၏)။

မြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ (ဗုဒ္ဓနေ့အတွက်)။

                         
တစ်နေ့ ဇေတ၀န်ကျောင်းတိုက်    ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရား
ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား
ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။
(၁) ဝေဿန္တရာမင်းကြီးဘ၀ ကုန်ဆုံးပြီး တုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ်
မောကျပြီးတော့ ရောက်သွားတာ မဟုတ်ဘူး။ သိသိသာသာကြီး ရောက်သွားတာ၊ သေတဲ့အခါ
မှာ လူတွေဟာ တွေဝေပြီးတော့ သေတာများတယ်။ သတိရှိတယ်၊ ဆင်ခြင်တုံတရားရှိတယ်။
သတိမကွာ ဆင်ခြင်ဉာဏ်ပညာနဲ့ပဲ ဝေဿန္တရာမင်းကြီး ဘ၀က သေဆုံးပြီးတော့ တုသိတာ နတ်ပြည်မှာ သားမွေးတာ ဖြစ်ပါတယ်။

(၂) တုသိတာ နတ်ပြည်မှာ နတ်စည်းစိမ်ခံစားတဲ့ အခါမှာလည်း ကာမဂုဏ် အာရုံတွေထဲ
မှာ မေ့မျောပြီးတော့ သတိလက်လွတ် ဖြစ်မနေဘူး။ တုသိတာ နတ်ပြည်မှာ နေသမျှ ကာလ
ပတ်လုံး အမှတ်တမဲ့ မနေဘူး၊ သတိသမ္ပဇညနဲ့ နေပါတယ်။

တရားတော်ကို ဘယ်လိုပူဇော်ကြမလဲ


 



 


ဗုဒ္ဓဘာသာတိုင်း အနန္တောအနန္တငါးပါး ရာတနာ (၃) ပါးကို ဦးညွှတ် ပူဇော်ကြလေ့ရှိပါသည်။
ဘုရားရှင်မြတ်အား ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ပူဇော်ကြလေ့ ရှိပါသည်။ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓနုဿတိဖြင့် ဂုဏ်တော်နှင့် ပုံတော်ကိုပါ ကြည်ညိုပူဇော်တတ်ကြပါသည်။
ထို့အတူ သံဃာတော် အရှင်သူမြတ်အပေါင်းအားလည်း ဗုဒ္ဓရှင်တော်မြတ်အား ပူဇော်သကဲ့သို့ အာရုံပြု ကြည်ညိုပူဇော်တတ်ကြပါသည်။

သို့သော် ဂုဏ်တော်သာရှိ၍ ပုံတော်မရှိသော “ဓမ္မ” ကို ဘယ်လို ပူဇော်ကြမည်နည်း။
ဘုရားရှင်နှင့် သံဃာတို့ကို ပူဇော်သကဲ့သို့ ပူဇော်ရန်မဖြစ်နိုင်ပါ။ ဓမ္မကို ဘယ်လိုပူဇော်ရမည်ကို ဗုဒ္ဓရှင်တော်မြတ်က ဤကဲ့သို့ မိန့်ကြားခဲ့ဘူးပါသည်။
“ချစ်သားတို့ နောက်လေးလမျှ လွန်လျှင် ငါဘုရား ပရိနိဗ္ဗာန်စံဝင်တော်မည်” ဟု မိန့်ခဲ့ပါသည်။
ပုထုဇဉ်ရဟန်းအများက ၀မ်းနည်း၍ ငိုယိုကြပါသည်။

အလှူပေး တကယ်သူဋ္ဌေးဖြစ် ။


သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ
ထမင်းစားပြီး ပန်းကန်ဆေး၍ သွန်ပစ်သော ရေတွင်ပါဝင်သည့် ထမင်းစေ့ကလေးများ ကိုပုရွက်ဆိတ် ပိုးဟပ် စသောတိရိစ္ဆန်များက စားရသည်ကိုပင် ကုသိုလ်
ရပြီး ဒါနမြောက်သည်ဟုဆိုလျှင်
အခြားဆိုဘွယ်ရာမရှိချေ လောကတွင်ရေတခွက် တိုက်ဘူးသူ မုန်တခုကြွေးဘူးသူ ပိုက်ဆံတစ်ကျပ်မျှ စွန့်ကျဲဘူးသူ လဲနေသူကို ထူဖူးသူ ကုသိုလ်ရလို၍ မဟုတ်ဘဲ လူမှုရေးအရ ကူညီသူအများ အပြားရှိကြ၍ တနည်းနည်း ဖြင့်ကုသိုလ် ရဖူးသူများဖြစ်ကြသည့် အတွက် မလှူဖူး
သူမရှိပါဟုဆိုရခြင်းဖြစ်ပါသည်။

နီဝရဏတရား (၆) ပါး ဆိုတာ



တရားအားထုတ်တဲ့အခါ နီဝရဏတရား(၆)ပါးက တရားအသိဥာဏ်တွေမရနိုင်အောင်၊ မတိုးတက်အောင် နှောင့်ယှက်ပိတ်ဆို့ထားတတ်ပါတယ်။
ရှေ့ပိုင်းနီဝရဏ(၅)ပါးကတော့ ၀ိပဿနာခဏိကသမာဓိဖြစ်နေတဲ့အချိန်နဲ့ သမထအားထုတ်လို့ဧကဂ္ဂတာသမာဓိ ရနေတဲ့အချိန်တွေမှာဖယ်ရှားထားနိုင်ပါတယ်။
ဒါပေမဲ့ နံပါတ်(၆) အ၀ိဇ္ဇာက ၀င်နှောင့်ယှက်တတ်လို့ တရားမရှုမှတ်ပဲကြာရင်တော့ အဲဒီနီဝရဏတရားတွေဟာ စိတ်ကိုညစ်နွမ်းအောင် ပြုလုပ်တတ်ကြ
ပြန်ပါတယ်။
အဲဒါကြောင့် သတိပဋ္ဌာန်ရှုမှတ်မှုသတိကလေးကို အချိန်တိုင်းမြဲနေအောင်နေ့စဉ်လေ့ကျင့် အားထုတ်ပြီး၊ နီဝရဏ တရားတွေကို မ၀င်နိုင်အောင် ထိန်း
သိမ်းစောင့်ရှောက်ရပါမယ်။
စိတ်ကိုညစ်နွမ်းပြီး သစ္စာတရားကိုမသိစေအောင် ပိတ်ဖုံးထားတတ်တဲ့ နီဝရဏတရား(၆)ပါးကတော့ -
၁။ ကာမစ္ဆန္ဒနီဝရဏ = အဆင်း၊ အသံ၊ အနံ၊ ခံစားမှု၊ ကြံစည်မှု အာရုံတွေအပေါ်မှာ နှစ်သက်သာယာပြီး မခွဲချင်မခွာချင်အောင် နှစ်သက်စွဲလမ်းမှုတွေဖြစ်ပါတယ်။

ဒိဌိပရဗိုဇ်တို့၏ အသိ။

         လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားရှင် ဇေတ၀န်ရွှေကျောင်းတော်
မှာ မွေ့လျော်သီတင်းသုံးစဉ်ကာလ တနေ့တွင် ဘုရားရှင်ရဲ့ တပည့်သာဝကတွေဟာ သင်္ကန်းကိုယ်
စီရုံပြီး ဆွမ်းခံသွားရင်း   အချိန်ကလေး စောနေသေးတဲ့အတွက် ဒိဌိပရဗိုဇ်ကျောင်းကို  ခေတ္တခဏ 
ဝင်ကြပါတယ်။

         ဒိဌိပရဗိုဇ်ကြီးက သူ့ရဲ့တပည့်တွေကို၊ ဘုရားရှင်ရဲ့ တပည့်ရဟန်းတွေကို စောင်းငဲ့ပြီးတော့
ငါ့ရှင်တို့....“ငါတို့လည်း နိဝရဏ ၅ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း နိဝရဏ ၅ ပါး
ကို ဟောပြောလေ့ရှိတယ်။ ငါတို့လည်း ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း
ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတာပဲ ဘာများထူးခြားလို့လဲ ငါရှင်တို့.......။ ငါတို့လည်း    ဒီတ
ရားတွေကို ဟောပြောနေတာပဲ၊ ရှင်ဂေါတမကလည်း ဒီတရားတွေကို ဟောပြောနေတာပဲ၊   ဘာမှ
ထူးခြားချက် မရှိပါဘူး” လို့  ပြောတော့   တပည့်ရဟန်းတွေက တားလည်းမတားမြစ်၊    ချက်ချင်း
ပြန်ပြီးငြင်းခုံမှု မပြုပါဘဲ ...၊  အသာကလေးပဲ ကိုယ့်ဆွမ်းကိုယ်ခံကာ  ကျောင်းတော်သို့ ပြန်လာခဲ့
ကြပါတယ်။

ဘာကြောင့် သောတာပန် ဖြစ်ချင်ရတာလဲ။

      တို့တစ်တွေ ဘုရားရှိခိုးကန်တော့တိုင်းမှာ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး
စသည်ဖြင့် ကင်းလွတ်ရပါလို၏လို့ ဆုတောင်းကြပါတယ်။ ဆုတောင်းတိုင်းလည်း မရနိုင်ပါဘူး။
ကိုယ်ပြုလုပ်ခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံနှင့် အတိတ်က ဘ၀ဆက်တိုင်း ပြုလုပ်ခဲ့တဲ့ ကု
သိုလ်ကံ၊ အကုသိုလ်ကံ အားလျော်စွာ အကုသိုလ်ရဲ့ ဆိုးကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။    ဒါ

ကြောင့်ကံဖြတ်လုပ်ငန်းဖြစ်တဲ့ ၀ိပဿနာတရားကို လေ့လာဆည်းပူး ကျင့်ကြံကြိုးကုတ် အား
ထုတ်ပါမှ တစ်နည်း အနည်းဆုံး သောတာပန်ဖြစ်မှ အပါယ်လေးပါးလွတ်ပါ့မယ်။
         သောတာပန်ဆိုတာ နိဗ္ဗာန်သို့သွားရာ ရေစီးကြောင်း၊ နိဗ္ဗာန်သို့သွားရာ လမ်းမကြီးပေါ်
သို့ ရောက်ရှိသွားပြီးဖြစ်သူ၊ ထိုသို့ နိဗ္ဗာန်သို့သွားရာလမ်းကို ရောက်နေသဖြင့် အပါယ်လေးပါး
တံခါးပိတ်၍ နိဗ္ဗာန်ရောက်ဖို့အတွက် စိတ်ချရသူ ဖြစ်ပါတယ်။
         အပါယ်လေးပါးရဲ့ ဆိုးကျိုးတွေကို သိထားတဲ့သူက အပါယ်ကျမှာ ကြောက်ပါတယ်။ အ
ချို့ ပုဂ္ဂိုလ်တွေကျတော့ ပြောလို့ကြားတာ၊ မတွေ့ဘူးတော့ မကြောက်ဘူးဆိုတဲ့သူတွေ ရှိပါနေ
ကြပါတယ်။ မကြောက်တတ်လဲ အပါယ်လေးပါးထဲက မြင်နေရတဲ့ တိရစ္ဆာန်တွေရဲ့ ဆင်းရဲပုံကို
တော့ ငြင်းလို့မရပါဘူး။ တိရစ္ဆာန်ဆိုတာ ကြီးနိုင်ငယ်ညှင်းဆဲဝါဒ၊ ထိပ်ထိပ်လန့်လန့်နဲ့အကုသိုလ်
များတဲ့ဘ၀၊ အလွန်ကြောက်စရာကောင်းပါတယ်။
         လူတွေမှာ ကုသိုလ်၊ အကုသိုလ် အဖြူအမဲကံတွေ လုပ်နေတော့၊ ဘ၀တစ်ခုလုံးမှာ  အ
များအားဖြင့် မိစ္ဆာဒိဌိ အကုသိုလ်ကံနဲ့ နေနေရတော့ သေပြီဆိုရင် အပါယ်ဘုံရောက်တာ များပါ
တယ်။ လူတစ်သိန်းသေလို့ တစ်ယောက် လူပြန်ဖြစ်ဖို့ နည်းတယ်လို့ မြတ်စွာဘုရားက ဟောခဲ့
ပါတယ်။ ဒီလိုဆိုရင် အပါယ်ဘုံရောက်တဲ့ အပါယ်သားတွေမှာ ကုသိုလ်ဆိုတာ မရှိ။ အကုသိုလ်
တွေသာ တင်းတင်းပြည့်နက် နေတယ်ဆိုရင် ဘယ်လိုလုပ် လူပြန်ဖြစ်မယ်ဆိုတာ တွေးလို့
တောင် မရနိုင်ပါ။
         တို့တစ်တွေမှာ ဂင်္ဂါဝါဠု သဲစုမက အဆူဆူ ပွင့်သွားတဲ့ ဘုရားတွေရဲ့တရားကို နာရသူ
တွေ ကျွတ်တမ်းဝင်ကြပါတယ်။ အဲဒီအချိန်မှာ တို့တစ်တွေ ဘယ်ကိုရောက်နေကြသလဲ။ ရှိပါ
စေတော့...။ အခု အချိန်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်တာရယ်၊ ဘုရားသာသနာတွင်း ဖြစ်တာရယ်၊
လမ်းကောင်းညွှန်ပြမယ့် ဆရာကောင်း ရှိနေတာရယ်။ ၀ိပဿနာတရား အားထုတ်ဖို့   အသင့်
တော်ဆုံး ဖြစ်နေတာရယ်၊ ဒီလို ပြည့်စုံနေမှတော့ ဒီဘ၀ ဒီခန္ဓာ ဇတ်သိမ်းပြီး၊...  အနည်းဆုံး
အပါယ်လေးပါးလွတ်တဲ့ သောတာပန် အရိယာနွယ်ဖြစ်အောင် တရားအားထုတ်သင့်ပါတယ်။
         ဗုဒ္ဓဘာသာဝင် အချို့ကတော့ သူတို့ရဲ့ဒါန၊ သီလ၊ သမထကုသိုလ်တွေကြောင့် အပါယ်
မရောက်နိုင်ဘူးလို့ ထင်နေကြပါတယ်။ ဒါတွေက ကုသိုလ်ကံ အကျိုးပေးရင် လူ့ပြည်၊   နတ်
ပြည်ကို ရောက်ပါမယ်။ ဒါပေမယ့် လုပ်ခဲ့တဲ့ ကုသိုလ်အရှိန်ကုန်ရင် အပါယ်ဘုံပြန်ရောက်နိုင်ပါ
တယ်။ အပါယ်ဘုံကို ယာယီပိတ်ကုသိုလ်လို့ ခေါ်ဆိုနိုင်ပါတယ်။
         ဒါကြောင့် ဒါန၊ သီလလောက်နဲ့ တင်းတိမ်မနေပါနဲ့။ ပုတီးစိတ်၊ မေတ္တာပို့လုပ်နေရုံမျှနဲ့
အပါယ်လေးပါးမှ မလွတ်နိုင်ပါဘူး။ အပါယ်တံခါး ထာဝရပိတ်ဆိုတာ အနည်းဆုံး သောတာပန်
ဖြစ်မှ စိတ်ချရပါတယ်။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အကုသိုလ်ကိုကြောက်ပါ။
ကုသိုလ်ပြုပါ။ ကုသိုလ်ပြုတယ် ဆိုရာမှာလည်း လူ့ပြည်၊ နတ်ပြည်ရောက်တဲ့  ကုသိုလ်မျိုးနဲ့
တင်းတိမ်မနေကြဘဲ အနည်းဆုံး အပါယ်လေးပါးလွတ်တဲ့ သောတာပန် အရိယာနွယ်ဖြစ်အောင်
ဝိပဿနာတရားအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 { ဦးစောဝင်းထွန်း၏ စူဠသောတာပန်မှ မဟာသောတာပန်သို့ မှ ထုတ်နုတ်ရေးသားပူဇော်
    ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒ၏ ဟန်ဆောင်မှု ။

   ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်
ကလဲ ဟန်မဆောင် တတ်ဘူး ရှင်းရှင်းလေး။  တရားစစ်တော့ ရှေ့ က   တစ်ယောက်ပြီးတစ်

ယောက် အလှည့်ကျ အစစ်ခံတာပေါ့၊ လေးငါးယောက်လောက်ကျတော့ ဟိုး.. နောက်မှာထိုင်
နေတဲ့ ဒကာတစ်ယောက် ရှေးကိုတိုးလာပြီး...ဓမ္မဒူတ ဆရာတော်က===ကဲဒကာကြီးပြော၊
ယောကီ == ဘာပြောရမှာလဲ  ဆရာတော်၊
ဆရာတော်=တရားမှတ်နေ ရှုနေတာပဲ၊ ကိုယ်ဖြစ်တာ ကိုယ်ပြောလေ၊ ကိုယ်တရားအားထုတ်
               တာမှာ ကိုယ်ဖြစ်နေတာတွေ ကိုယ်ပြောလေ။
ယောကီ ==တကယ်ပြောရမှာလား ဘုရား။
ဆရာတော်=တကယ်ပြောပေါ့။

ရွှေမော်ဓေါဘုရားသမိုင်းကြောင်း

ရွှေမော်ဓေါဘုရားသမိုင်းကြောင်း




          မြန်မာနိုင်ငံ  ပဲခူးမြို့တွင် တည်ရှိသော ရွှေမော်ဓေါဘုရား(ခ)ကြီးမားသောရွှေစေတီတော်ဘုရားကို 
လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်က တည်ထားကိုးကွယ်ခဲ့ကြသည်။ မွန်ဘုရားတွေထဲမှ ထင်ရှားကျော်ကြား လှသောဘုရားတစ်ဆူလဲ ဖြစ်ပါသည်။ 
ဗုဒ္ဓ မြတ်စွာဘုရားရှင်၏ ဆံတော်အချို့နှင့်ဓါတ်တော်မွေတော်များကို ဌာပနာပြုရ်ျ တပုဿ နှင့် ဘလိက ကုန်သည်ညီနောင်(၂)ဦး 
တို့က ရွှေမော်ဓေါဘုရားကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ရွှေမော်ဓေါဘုရားကို မူလအမြင့်(၂၃) မီတာ တည်ထားကိုးကွယ်ခဲ့ရာမှ သာသနာသက္ကရာဇ် (၁၉၅၄)ခုနှစ် အမြင့်(၁၁၄)မီတာ ရောက်သည့်အထိတိုင်အောင် အချိန်ကြာမြင့်စွာ ပြန်လည်အသစ်တစ်ဖန် မွမ်းမံတည်ဆောက်ခဲ့ကြသည်။ 
          ရွှေမော်ဓေါဘုရားသည် မြေငလျင်လှုပ်ခတ်ခြင်း ဒဏ်ကိုအကြိမ်ကြိမ်ပျက်ဆီးခဲ့ရသည်။ သာသနာသက္ကရာဇ် (၁၉၁၇)ခုနှစ်တွင် ပထမ တစ်ချိန်နှင့်သာသနာသက္ကရာဇ်(၁၉၃၀) ခုနှစ်တွင်နောက်တစ်ချိန် မြေငလျင်လှုပ် ခတ်ခြင်းဒဏ်ကိုခံခဲ့၇လေသည်။ ရွှေမော်ဓေါဘုရား၏ အပေါ်ယံ အစိတ်အပိုင်းသည် သာသနာသက္ကရာဇ် (၁၉၁၇) ခုနှစ်တွင် မြေငလျင်လှုပ်ခတ်ခြင်းဒဏ်ကြောင့် ကျန်တစ်ဖက်သို့ မြေခပြိုလဲခဲ့သည်။ 
           ရွှေမော်ဓေါဘုရားသည် အမြင့် (၁၁၄) မီတာ, မြန်မာနိုင်ငံတွင် အမြင့်ဆုံးစေတီဘုရား အဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့၇လေသည်။ နှစ်စဉ် ဧပြီလ (တန်ခူးလ) တွင် ရွှေမော်ဓေါဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိခဲ့သည်။  

ှShwemawdaw Pagoda Wesite မှဘာသာပြန်မျှဝေသည်။

ဥပုသ်ရက်သတ်မှတ်ပုံနှင့် အနှစ်သာရ။


==========
ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့ ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ
တယ်။ ဒါပေမဲ့ ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်၊ အဓိပ္ပါယ်ကစပြီး အကျိုးကျေးဇူးပါ အလေးအ
နက်သိဖို့ လိုပါတယ်။
ဥပုသ်စောင့်တယ် ဆိုတဲ့ နေရာမှာ ဗုဒ္ဓဘာသာတင် မကဘူး အခြားအခြားသော ဘာသာ
တွေကလည်း ဥပုသ်စောင့်တယ်ဆိုတဲ့ ဝေါဟာရကိုသုံးကာ အသံတူများ ရှိကြပါတယ်။ တစ်ခါ
တစ်ရံ အသံတူသော်လည်း အဆံမတူဘူး ဆိုတာလို ရည်ရွယ်ချက် အနှစ်သာရပိုင်းမှာ ကွာခြား
မှုတွေ အများကြီးရှိပါတယ်။ အခြားဘာသာတွေလည်း သူတို့ရည်ရွယ်ချက်နဲ့သူ အသံတူဥပုသ်
စောင့်ကြပါတယ်။

Thursday, 16 October 2014

“သတိပါတဲ့ အချစ် နဲ့ ချစ်”






“အနာဂါမ်” မဖြစ်သရွေ့တော့ အချစ်ဆိုတာ လူသားတိုင်းမှာ ရှိနေကြဦးမှာပါပဲ။
အနာဂါမ် ဖြစ်မှပဲ အဲဒီ “အချစ်”ဆိုတာကမရှိတော့မှာပါ။
●တစ်ချို့က “အချစ်မရှိဘူး ၊အချစ်မရှိဘူး” နဲ့ပြောတတ်ကြပေမယ့်၊ အနာဂါမ် မဖြစ်သေးဘူး
ဆိုရင်တော့ စကားလုံးနဲ့ ပြောနေတာပဲ ရှိမှာပါ။တကယ်မရှိတာမဟုတ်ပါဘူး။

အချစ် က ၃ မျိုးရှိပါတယ်။
●(၁)။ ဝီတိက္ကမ အချစ် =(အာရုံတစ်ခုခုကို တွေ့ပြီး ကိုယ်နှုတ် ကို
မစောင့်ထိန်းနိုင်တော့ဘဲ ကာယကံမြောက်၊ ဝစီကံမြောက် လွန်ကျူးလိုက်တဲ့ အချစ်)
●(၂)။ ပရိယုဋ္ဌာနအချစ် =(စိတ်ထဲကပဲ ထကြွသောင်းကျန်းနေတဲ့အချစ်)
●(၃)။ အနုသယ အချစ် =(သတ္တဝါတွေရဲ့ သန္တာန် မှာ အစဉ်သဖြင့်
ကိန်းနေတဲ့ အချစ်၊ ပဋ္ဋိသန္ဓေကတည်းက ပါလာတဲ့ အချစ်ပါ။)
လောကကြီးမှာ “အချစ်မရှိတဲ့သူ” ဆိုတာ မရှိပါဘူး။အရွယ်၊ပညာ၊ဂုဏ် စသည်တွေကိုထောက်ပြီး
“ဝီတိက္ကမ အချစ် နဲ့ ပရိယုဋ္ဌာနအချစ်” သာမရှိရင်နေမယ်။“အနုသယ အချစ်”ကတော့ ပုထုဇဉ်လူသားတိုင်းရဲ့သန္တာန်မှာကိုယ်စီရှိနေကြပါတယ်။

အဲဒီအချစ်ကို ဘာနဲ့တားမလဲဆိုရင်. . .
●“ဝီတိက္ကမ အချစ်”ကို သီလနဲ့တားရပါတယ်။
●“ပရိယုဋ္ဌာနအချစ်”ကို သမာဓိနဲ့ တားရပါတယ်။သမာဓိဖြစ်တဲ့ ကမဋ္ဌာန်း လေးဆယ်ထဲက တစ်ခုခုပွါးနေရင်တားပြီးသားဖြစ်နေပါတယ်။
●“အနုသယ အချစ်”ကိုတော့ပညာလို့ခေါ်တဲ့ဝိပဿနာ နဲ့တားရပါတယ်။

ဒါပေမယ့် အနုသယ အချစ်ကိုအကြွင်းမဲ့တော့တားလို့မရပါဘူး။
တဒင်္ဂအနေနဲ့ပဲ တားလို့ရပါတယ်။ဝင်တယ်၊ထွက်တယ် ၊ ဖောင်းတယ် ၊ ပိန်တယ် စသဖြင့်
ရှုမှာနေဆဲ အခိုက်အတန့်မှာတော့ တဒင်္ဂ အနေနှင့်တားပြီးသားဖြစ်နေပါတယ်။

ပုထုဇဉ်တွေဆိုတော့ မချစ်ပါနဲ့ ပြောလည်းချစ်ကြမှာပါ။ချစ်ပါ။ဘယ်လိုချစ်မလဲ။
ချစ်တဲ့နေရာမှာ သတိပါတဲ့ အချစ်နဲ့သတိမပါတဲ့ အချစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
အဲဒီတော့ ပုထုဇဉ်ပီပီ ချစ်စရာရှိလို့ ချစ်မယ်ဆိုရင်လည်း သတိပါနဲ့ အချစ်နဲ့ချစ်ဖြစ်ဖို့ လိုပါတယ်။

သတိပါတဲ့အချစ်ကတော့ ချစ်စရာအာရုံတစ်ခုကိုတွေ့ရငချစ်သင့်သလား၊မချစ်သင့်ဘူးလား
ချစ်အပ်လား၊မချစ်အပ်ဘူးလား။ကိုယ့်ရဲ့ချစ်ခင်တွယ်တာမှုဟာ
လွန်လွန်ကဲကဲဖြစ်နေလားစသည်ဖြင့်အသိဉာဏ်ကတွဲတွဲပါနေတတ်ပါတယ်
ဒီတော့ လောကပြစ်၊သံသရာပြစ်တွေလည်း မဖြစ်တော့ပါဘူး။
အချစ်မှာ အရေးအကြီးဆုံးက လောကပြစ်၊သံသရာပြစ်မဖြစ်ဖို့က အဓိကပါ။

သတိပါတဲ့အချစ်နဲ့ ချစ်ကြတဲ့သူတွေကိုလောကသဘာဝအရ ဘယ်သူ့မှအပြစ်မမြင်ပါဘူး။

သတိမပါတဲ့ အချစ်နဲ့ချစ်မိရင်တော့လာကပြစ်၊သံသရာပြစ်တွေကတန်းစီနေသလို၊
ကိုယ့်ပတ်ဝန်းကျင်ကလည်းအပြစ်မျိုးစုံတင်ကြတော့မှာပါ။

အချစ်ကြောင့် ကျောင်းပညာရေးဆုံးရှုံးတာ၊
အချစ်ကြောင့် ဘဝရည်မှန်းချက်ကိုစွန့်လွှတ်လိုက်ရတာ၊
အချစ်ကြောင့် အချိန်တွေ အလဟဿ ကုန်ဆုံးရတာ၊
အချစ်ကြောင့် အလုပ်တွေဆုံးရှုံးလက်လွှတ်လိုက်ရတာ၊
အချစ်ကြောင့် ထောင်ကျရတာ၊
အချစ်ကြောင့် ငရဲကျရတာ စသည်ဖြင့်
ဆိုးကျိုးတွေ အများကြီးပါပဲ။
ဒါတွေဟာ သတိမပါတဲ့ အချစ်နဲ့ ချစ်မိလို့ရတဲ့ဆိုးကျိုးတွေပါ။

တကယ်လို့ အချစ်တစ်ခု ဆုံးရှုံးလိုက်ရတယ်။ဘာဖြစ်လဲ။လူဆိုတာ အချစ်တစ်ခုတည်းနဲ့
အသက်ရှင်နေတာမှ မဟုတ်တာ။တခြား ယုံကြည်ချက်တွေလည်း ရှိနေသေးတာပဲ။
အဲဒီယုံကြည်ချက်တွေနဲ့ ဘဝကို တည်ဆောက်လိုက်ရုံပဲပေါ့။အချစ်ဆိုတာဘဝမှာ တစ်သက်လုံး ပြဋ္ဌာန်း
မနေသင့်ပါဘူး။ဘဝရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ပဲရှိနေသင့်ပါတယ်။

ဝိရဇ=ရာဂစတဲ့မြူမရှိအောင် နေခြင်း ဟာ မင်္ဂလာပါတဲ့။ရာဂစတဲ့ကိလေသာတွေကို မြူနဲ့ တင်စားပြီးပြောထားတာပါ။ပကတိမြူတွေဟာ ကိုယ်ပေါ်ကျရင် ညစ်ပေညစ်နွမ်းရသလို၊
ရာဂစတဲ့ ကိလေသာတွေ ကိုယ့်သဏ္ဌာန်မှာကျရောက်လာရင်လည်း စိတ်ကော၊ရုပ်ကော
ညစ်နွမ်းရတော့တာပါ။

“ရာဂ” စတဲ့ မြူများများရှိတဲ့သူဟာ များများညစ်နွမ်းရမယ်။နည်းနည်းရှိတဲ့သူဟာ နည်းနည်းပဲညစ်နွမ်းရမယ်။
လုံးဝမရှိတော့ရင် မညစ်နွမ်းတော့ပါဘူး။ရာဂစတဲ့ မြူရှိသရွေ့ သံသရာမှာကျင်လည်နေရဦးမှာပါ။
သံသရာမှာကျင်လည်နေသရွေ့တော့ ငိုတစ်ခါ ရယ်တစ်လှည့်နဲ့လောကဇာတ်ခုံပေါ်မှာ ကနေရကြဦးမှာပါ။
မြူကင်းချင်တယ် ၊ အချစ်ကင်းချင်တယ်ဆိုရင်တော့ဝိပဿနာအားထုတ်မှပဲကင်းမှာပါ

●ဆယ့်ငါးမိနစ် ဝိပဿနာ တရားအားထုတ်လို့ဆယ့်ငါးမိနစ် အချစ်ကင်းတယ်ဆိုရင် ဆယ့်ငါးမိနစ်ချမ်းသာမှာပါ။
●နာရီဝက် ဝိပဿနာ တရားအားထုတ်လို့နာရီဝက် အချစ်ကင်းတယ်ဆိုရင် နာရီဝက် ချမ်းသာမှာပါ။

ချစ်စရာတွေအများကြီးရှိနေတဲ့ ဒီလောကကြီးထဲမှာအချစ်မရှိတဲ့ လူသားတစ်ယောက်အဖြစ်
တစ်နေ့ကို ဆယ့်ငါးမိနစ်လောက်ပဲဖြစ်ဖြစ်၊နာရီဝက်လောက်ပဲဖြစ်ဖြစ်နေကြည့်သင့်ပါတယ်။
အချစ်မရှိတဲ့လူသားတစ်ယောက်မှာဘယ်လောက်ချမ်းသာတယ်ဆိုတာသိသွားအောင်လို့ပါ။

ပုထုဇဉ်ပီပီ “မချစ်ရရင် မနေနိုင်တာကလွဲလို့”ဆိုရင်လည်းသတိပါတဲ့ အချစ်နဲ့ ချစ်ဖြစ်လိုက်ဖို့ပါပဲလေ။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association 】 

Posted by
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“မင်္ဂလာအတွေးများ”မှ-ကောက်နှုတ် ပူဇော်မျှဝေပါသည်။】
(အလင်းတန်းဂျာနယ်- ၅.၇.၂၀၀၄)
 
 

Wednesday, 8 October 2014

ထေရ၀ါဒ သင်္ဂါယနာတင် အဘိဓမ္မာကျမ်းမြတ် (၇)ကျမ်း



၁။ ဓမ္မသင်္ဂဏီ     [ဓမ္မအားလုံးကိုမာတိကာသဖွယ် စုဆောင်းပြဆိုထားခြင်း]
၂။ ၀ိဘင်း          [စုဆောင်းစီပြထားသော ဓမ္မတို့ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပြထားခြင်း]
၃။ ဓာတုကထာ   [ဓမ္မအားလုံးကိုဓာတ်ခွဲပြထားခြင်း]
၎။ ပုဂ္ဂလပညတ်  [ခွဲခြမ်းစိတ်ဖြာထားသောဓမ္မ နှင့် ဓာတ်တို့ကို ပုဂ္ဂိုလ်ပေါ်တင်ပြထားခြင်း]
၅။ ကထာဝတ္ထု    [ဓမ္မ-ဓာတု-ပုဂ္ဂလတို့၌ယုံမှား၊ ကြံမှား၊ ယူမှား၊ သိမှား၊ စသည်တို့ကို ဖြေရှင်းပြခြင်း]
၆။ ယမိုက်         [ပုဂ္ဂလ-ဓမ္မ စသည်တို့ကို အစုံ အစုံ တွဲပြထားခြင်း]
ရ။ ပဋ္ဌာန်း          [ပရမတ္ထသစ္စာတရားတို့၏ အကြောင်းအကျိုး ဆက်စပ် ကျေးဇူးပြုပုံများကိုရှင်းပြခြင်း]

  • မြတ်စွာဘုရား (၄၅-၀ါ)လုံး ဟောကြားတော်မူခဲ့သော တရားတော်များမှာ ဓမ္မခန္ဓာအားဖြင့် (၈၄၀၀၀)ရှိသည်။

  • မြတ်စွာဘုရား မဟာပရိနိဗ္ဗာန်ပြုပြီးနောက် ရဟန္တာမထေရ်မြတ်များမှ သင်္ဂါယနာတင်သောအခါ ဤဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ကို ပိဋကတ်တော်အားဖြင့် (၃-ပုံ)ခွဲ၍ ရွတ်ဆိုခဲ့ကြသည်။

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၅ (အသုဘဘာဝနာ)

 
မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေးဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၅ (အသုဘဘာဝနာ)

အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းရသည်မှာ မိမိတို့ ခန္ဓာကိုယ်ကို အလွန် အဘိုးထိုက်တန် လှသည်ဟုအထင်ကြီးမားနေသော မာန်မာနတရား နည်းပါးစေမှုအတွက် ဟုတ်မှန်သည့်အတိုင်း ဆင်ခြင်ရသော ကမ္မဋ္ဌာန်းဖြစ်ပေသည်။

ကျင်ကြီး ကျင်ငယ် စွန့်လွှတ်သော နောက်ဖေးဝင်သည့်အချိန်မှာ အသုဘ ကမ္မဋ္ဌာန်းစီးဖြန်း ဆင်ခြင်ရန်အတွက် အချိန်ကောင်း ကာလကောင်းကြီး ဖြစ်ပေသည်။

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၄ (အပြည့်အစုံ ဗြဟ္မစိုရ်ပွားနည်း)


 

မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေးဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်- (အပြည့်အစုံဗြဟ္မစိုရ်ပွားနည်း)

အတ
၁။ ငါသည် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းရပါလို၏။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းရပါလို၏။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရပါလို၏။
၎။ အကျွန်ုပ်၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ရပါလို၏။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ရပါလို၏။
၆။ အကျွန်ုပ်သည် ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ရပါလို၏။
ရ။ အကျွန်ုပ်၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာ ရပါလို၏- ချမ်းသာရပါလို၏။
(ဤကား မိမိကိုယ်ကို အာရုံပြု၍ ဗြဟ္မစိုရ်ပွားပုံ။)

ပိယ
အကျွန်ုပ်၏ ချစ်ခင် နှစ်သက် စုံမက် မြတ်နိုးအပ်ကုန်သော ရတနာ သုံးဖြာ၊ ဆရာ၊မိဘ၊ ဂုဏ၀ုဍ္ဎိ, ၀ယ၀ုဍ္ဎိ, သီလ, သမာဓိ, ဉာဏ်ပညာ ရှိကြကုန်သော လူ သူတော်ကောင်း၊ နတ်သူတော်ကောင်း၊ ဗြဟ္မာ သူတော်ကောင်း၊ ရသေ့ သူတော်ကောင်း၊ ရဟန်း သူတော်ကောင်း၊ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမာဒေ၀-နတ်ကောင်း နတ်မြတ်အပေါင်းတို့သည်...
၁။ ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၎။ မိမိတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ကြပါစေ။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ကြပါစေ။
၆။ မိမိတို့၏ ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ကြပါစေ။
ရ။ မိမိတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ- ချမ်းသာကြပါစေ။
(ဤကား ချစ်အပ် ခင်အပ်သော ပုဂ္ဂိုလ်ကို အာရုံပြု၍ ဗြဟ္မစိုရ်ပွားပုံ။)

မဇ္ဈ
အထက် ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ သတ္တ၀ါ အနန္တတို့သည်...
၁။ ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၎။ မိမိတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ကြပါစေ။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ကြပါစေ။
၆။ မိမိတို့၏ ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ကြပါစေ။
ရ။ မိမိတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ- ချမ်းသာကြပါစေ။
(ဤကား အလယ်အလတ်ဖြစ်သော ပုဂ္ဂိုလ်တို့ကို အာရုံပြု၍ ဗြဟ္မစိုရ်တရား ပွားများပုံ။)

ဝေရီ
အစမထင်သော ဘ၀အစဉ် ကမ္ဘာအဆက်ဆက် မှစ၍ ဤရက်- ဤနေ့တိုင်အောင် ရန်သူရန်ဘက် ဖြစ်ခဲ့ဘူးကြကုန်သောယခုဖြစ်ဆဲ ဖြစ်ကြကုန်သော ရန်သူ ပုဂ္ဂိုလ် အပေါင်းတို့သည် မကောင်းသော အကြံအစည်ဟူသမျှတို့သည်အကုန်လုံး ကင်းပျောက်ကြကုန်သည် ဖြစ်၍ ကောင်းမြတ်သော အကြံအစည် တို့သည်သာလျှင်ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေ...
၁။ ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၎။ မိမိတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ကြပါစေ။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ကြပါစေ။
၆။ မိမိတို့၏ ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ကြပါစေ။
ရ။ မိမိတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာ ကြပါစေ- ချမ်းသာကြပါစေ။
(ဤကား ရန်သူကိုပင် ရန်သူမထားတော့ပဲ ဗြဟ္မစိုရ်တရား ပွားများပုံ။)

မှတ်ချက်။     ။ ဤအထက်ပါ မြန်မာ ဘာသာမေတ္တာပို့သည် အများနားလည် ရရှိထားကြသော -
၁။ အဝေရာဟောန္တု၊
၂။ အဗျာပဇ္ဈာဟောန္တု၊
၃။ အနီဃာ ဟောန္တု၊
၎။ သုခီ အတ္တာနံ ပရိဟာရန္တု၊
၅။ ဒုက္ခာမုဉ္စန္တု၊
၆။ ယထာ လဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု၊
၇။ ကမ္မဿကာ... ဟူသော ပါဠိ ဘာသာကို အစဉ်အတိုင်း မြန်မာဘာသာ သက်သက် ပြန်ဆိုပို့သွန်းခြင်းဖြစ်ပေသည်။

ငရုတ်, ဆီ, ဆား, စသော ဟင်း၏အင်္ဂါ စုံလင်မှ ဟင်း၏အရသာ ကောင်းစွာ ပေါ်ပေါက်လာသလို၊ဤမေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်း၌လည်း အတ္တ၊ ပိယ၊ မဇ္ဈ၊ ဝေရီ...
ပထမ မိမိခန္ဓာကိုယ်၊ ဒုတိယ ချစ်အပ် ခင်အပ်သော ပုဂ္ဂိုလ်၊ တတိယ အလယ်အလတ်သော ပုဂ္ဂိုလ်၊စတုတ္ထ ရန်သူဖြစ်ခဲ့ဘူးသော ပုဂ္ဂိုလ်၊ ဖြစ်ဆဲ ကြုံတွေ့ဆဲဖြစ်သော ရန်သူများကိုပင်ရန်သူဟု သဘောမထားဘဲ၊ ဤအင်္ဂါလေးပါးနှင့် စုံညီသော မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်းစီးဖြန်းမှ ထင်ထင်ရှားရှား အရသာပေါ်၍ ထင်ရှားသိသာသော အကျိုးတရားများကိုခံစားစံစားရပေသည်။

အိုသူတော်ကောင်းတို့... ၂၄-နာရီလုံးလုံး မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်းကို မစီးဖြန်းမပွားများနိုင်ဘူးဆိုလျှင် ရှိပါစေဦးတော့၊ နံနက်ခင်း အိပ်ယာထမျက်နှာသစ်ချိန်၁၀-မိနစ် ၁၅-မိနစ်လောက်ဖြင့် အင်မတန်မှ ပွားများအားထုတ်ဘို့ သင့်လျော်လှပါပေသည်။သူများအတွက် တစက်မျှမပါ၊ သင်၏ရှေ့ရေး ဧမြ သာယာမှုအတွက် သက်သက် ဖြစ်သည်ကိုအသင်စဉ်းစား၍၊ အသင်သည် နေ့စဉ် ရက်စဉ် မှန်မှန်ကြီး အဓိဋ္ဌာန်ထား၍ပွားများသင့်လှပေသည်၊ သူတော်ကောင်းတို့ -

(ဧတံ သတိံ အဓိဋ္ဌေယျ ဗြဟ္မမေတံ ၀ိဟာရ ၀ိဓမာဟု) (မေတ္တာသုတ်) သင်သူတော်ကောင်းတို့သည်လူ့ဘ၀ကိုလဲ ရနေကြပြီ၊ သာသနာတော်ကြီးနှင့်လဲ ကြုံကြိုက်လျက် ရှိနေသည်။ ကုသိုလ်အကုသိုလ်နှင့်တကွ ကောင်းကျိုး မကောင်းကျိုးတို့ကိုလဲ သိကြပြီ၊ သိလျက်နှင့်မျှကြိုးစား အားထုတ်သင့်သလောက် မကြိုးစား၊ အားမထုတ်လိုကြလျှင်...
‘နင် မဆုံးမ နင့်တာပဘယ်က ခံလိမ့်မည်’ ဟူသော ရတနာထွဋ်ခေါင် ဆရာတော်ဘုရားကြီး၏ မှာတမ်းတော် စကားအတိုင်းဘဲရှိတော့မည် သူတော်ကောင်းတို့…

သူတစ်ပါးကို မေတ္တာပို့ရသည်မှာ သနားရသည်မှာ ၀မ်းမြောက်ရသည်မှာ သူတစ်ပါးအတွက် မဟုတ်ပါလားဟုမေးစရာရှိပေသည်။ သေသေချာချာ စဉ်းစားကြည့်လိုက်လျှင် သူတစ်ပါးကို အာရုံပြုပြီးလျှင်မိမိသန္တန်မှာ မေတ္တာဗြဟ္မစိုရ် ကုသိုလ်တရား ပေါက်ပွားရရှိအောင် မေတ္တာစိတ် ကရုဏာစိတ်မုဒိတာစိတ် (အပင်) စိုက်ပျိုး ထူထောင်မှုဖြစ်သည်ကို အထူး သတိပြုကြရမည်သူတော်ကောင်းတို့...။
သူတစ်ပါးအာရုံပြုပြီး ကိုယ့်အတွက် အမြတ်ထုတ်မှု အမှန်ပင်တည်း။

အာရုံဧမှ စိတ်ဧသည်၊ အာရုံပူတော့ စိတ်ပူသည်၊စိတ်ဧချမ်းသာမှုရစေရန် မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်း စီးဖြန်းကြပါလေ...။   ။


စတုရာရက္ခ ကိုယ်စောင့်တရားတော်-၃ (မေတ္တာဘာဝနာ)

 
မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေးဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၃ (မေတ္တာ)



၁။ မျက်နှာသစ်ရေကလေးကို လက်ဖြင့် အသာအယာ ထိ၍ကြည့်ပါ။ ဧမြသော သဘောကိုတွေ့ရပါလိမ့်မည်။ ယခုမျက်နှာသစ်ရေသည် ဧမြသကဲ့သို့ ငါသည် ကိုယ်စိတ် ၂-ဖြာ ချမ်းသာဧမြရပါလို၏- ချမ်းသာ ဧမြရပါလို၏။
(ဤကား မိမိကိုယ်ကို အာရုံပြု၍ မေတ္တာကုသိုလ်တွေ ပွားများရရှိနေခြင်းဖြစ်တော့သည်။ သမထမျှသာ၊ ၀ိပဿနာဉာဏ် မဟုတ်သေး။)

၂။ ငါသည် ချစ်ခင် နှစ်သက် စုံမက် မြတ်နိုးအပ်ကုန်သော ရတနာ သုံးဖြာ၊ ဆရာ၊ မိဘ၊ဂုဏ၀ုဍ္ဎိ, ၀ယ၀ုဍ္ဎိ, သီလ, သမာဓိ, ဉာဏ်ပညာ ရှိကြကုန်သော လူ သူတော်ကောင်း၊ နတ်သူတော်ကောင်း၊ ဗြဟ္မာ သူတော်ကောင်း၊ ရသေ့ သူတော်ကောင်း၊ ရဟန်း သူတော်ကောင်း၊ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမာဒေ၀-နတ်ကောင်း နတ်မြတ်အပေါင်းတို့သည် ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ။

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၁


မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေး ဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၁

၁။ သတိပေးစာတမ်း
၁။ နံနက်ခင်း အိပ်ရာထမှာ စိတ်နှလုံး ပူပူလောင်လောင်မဖြစ်ပါစေလင့်၊ နံနက်ခင်း အိပ်ယာထမျက်နှာသစ်ရေ ဧဧကလေးကို စံပြအဖြစ်ထား၍၊ မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်းကို ၁၀-မိနစ်မျှ စီးဖြန်းပွားများပါ၊မျက်နှာသစ်ရင်း အိုမင်း ဟောင်းနွမ်း သည်ကိုလဲ သတိထားပါ။

၂။ နေထွက်ချိန်မှာ ဘုရားအလောင်း ရွှေဥဒေါင်းမင်းကို စံပြအဖြစ်ထား၍ဘုရားရှိခိုးပါ၊ (ဥဒေတယံ နှင့် ယေဗြဟ္မဏာ ၂-ဂါထာကို အရကျက်ထားပါ။)

၃။ နောက်ဖေးဝင်ချိန်မှာ အသုဘ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများပါ။

၎။ ညအိပ်ရာဝင်မှာ မရဏဿတိကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
ကိုယ်စောင့် (စတုရက္ခ) တရားလေးပါးခေါ်သည်။

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၂ (ဗုဒ္ဓါနုဿတိ)



 

မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေး ဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၂ (ဗုဒ္ဓါနုဿတိ)


 ၁။ ဗုဒ္ဓါနုဿတိ။
၂။ မေတ္တာ။
၃။ အသုဘ။
၎။ မရဏဿတိ။

၁။ ဗုဒ္ဓါနုဿတိ (မြတ်စွာဘုရားဂုဏ်တော်)
မြတ်စွာဘုရား အလောင်းတော် ရွှေဥဒေါင်းမင်းသည် ရှေးရှေးနောင်တော် မြတ်စွာဘုရားတို့နှင့်ကြုံကြိုက်ဖူးတွေ့ ခဲ့ရသော အခါကောင်း သမယကောင်းတို့က နှစ်နှစ်သက်သက်ကြီးဘုရားဖူးခဲ့သောကြောင့်၊ ဘုရားဖူး အလေ့အကျင့် ‘များခဲ့သောကြောင့်’၊(အာသေ၀နပစ္စယ-ပကတူပ နိဿယ ပစ္စယ) ပစ္စည်း ပစ္စယုပ္ပန် ဆက်ခဲ့သောကြောင့် ရွှေဥဒေါင်းမင်းဘ၀နံနက်ခင်း အိပ်ရာထမှာ အရောင်အ၀ါတွေနှင့် ထွက်လာတတ်သော နေမင်းကို မြင်လိုက်ရာ ဥက္ခောင်းညွတ်၍နှုတ်ဆက်ရှိခိုး လိုက်ပြီးလျှင် ရှေးရှေး မြတ်စွာဘုရားသခင်တို့၏ ကိုယ်တော်ရောင် ဉာဏ်တော်ရောင်တို့ကိုပါ အာရုံပြု၍ ရှိခိုးနိုင်လေသည်။ မယုံမရှိလေနှင့်၊ ပကတူပနိဿယ-ပစ္စယောဟုပဋ္ဌာန်းဒေသနာတော်မှာ ဟောလေသည်။ ဤသို့ တိရစ္ဆာန် ဘ၀မှာပင် သရဏဂုဏ် မကွယ်မပျောက်ကိုးကွယ် ရှိခိုးခြင်းသို့ ရောက်နိုင်၏။

မရဏာသန္န၀ီထိ (သေခါနီးစိတ်ဖြစ်စဉ်)



အဘိဓမ္မာအလိုအရ စုတိစိတ်နှင့် ပဋိသန္ဓေစိတ်တို့မှာ အလွန်နီးကပ်စွာ ဆက်
စပ်နေသော်လည်း ယင်းတို့ကို တစ်ခုတည်းသောအရာအဖြစ် မရေတွက်သည့်
ပြင် တရားကိုယ်သဘောအရ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိသော်လည်း ဖြစ်
စဉ်သဘောအရ တစ်ဆက်တည်းဖြစ်သည်။ ဟေတုဖလ အနေဖြင့် နောက်ဘ၀ဆီသို့ ဘ၀တစ်ခု၏ကံကို ဆောင်ကျဉ်းလျက် စုတိစိတ်အဖြစ်မှ ဘ၀သစ်၌ပဋိသန္ဓေစိတ်ဖြစ်လာ ရန် အကျိုးဖြစ်စဉ်က ကမ္မသတ္တိအား ဆောင်ရွက်ပေးသည်။

ယင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် တမလွန်ဘ၀ကောင်းရေးအတွက် ကု
သိုလ်ကောင်းမှု ပြုလုပ်ကြခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည်
အပါယ်လေးဘုံသို့ တစ်ဖန် မရောက်ရရေးအတွက် မိမိကိုယ်ကိုကာကွယ်ရန် မကောင်းမှုမှ ရှောင်ကြဉ်ကြသည်။ ယင်းယူဆချက်အပေါ်တွင်အခြေခံ၍ ဗုဒ္ဓ
ဝါဒီများအဖို့ သေခါနီးပုဂ္ဂိုလ်အား ၎င်းင်း၏ကုသိုလ်ကောင်းမှုများကို သတိပေး
ရန် သို့မဟုတ် ကမ္မဋ္ဌာန်းအားထုတ်ဖူးသူဖြစ်ပါက ကမ္မဋ္ဌာန်းရှုမှတ်ဖို့ တိုက်တွန်းရန်ဖြစ်စေ အရေးကြီးသည်။

ယင်းသို့ပြုရသည်မှာ ဤဘ၀မှ မခွဲခွာမီ နောက်ဆုံးအခိုက်အတံ့၌ စိတ်ငြိမ်းချမ်းမှု ရရှိရေးအတွက်ဖြစ်သည်။ အမှန်စင်စစ် အသက်ရှင်ခြင်းနှင့် သေခြင်းဖြစ်စဉ်သည် လူ့ဘ၀တွင် အမှန်တကယ် ထူးခြားဆန်းပြားသည့်အရာ မဟုတ်သော်လည်း လူသားတို့ မသိကျိုးကျွံပြုထားသော အစစ်အမှန်တရားတစ်ခုသာဖြစ်သည်။

ဗုဒ္ဓ၀ါဒရှုထောင့်အရ သေခြင်းသည် ဤပစ္စုပ္ပန်ဘ၀၏အဆုံးဖြစ်သော်လည်း (သေခြင်းကင်းရာအမတ)နိဗ္ဗာန်ကို မရသေးသူဖြစ်ဘိမူ ယင်းသည် နောက်
ဘ၀သစ်တစ်ခု၏အစလည်းဖြစ်သည်။

ဆရာတော် ဦးဓမ္မပိယ Ph.D
(နိဗ္ဗာန်အယူအဆကို ထေရဝါဒရှုထောင့်မှလေ့လာသုံးသပ်ခြင်း)
Buddhavasa Tiloka


https://www.facebook.com/photo.php?fbid=712918098748831&set=a.57278505276213

အဘိဓမ္မာ ဆိုတာ ဘာလဲ


                                   

အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။
ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို
အဘိဓမ္မာ ခေါ်ပါတယ်။

အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကား
တစင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား
တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက်
ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လို
ပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ
ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို
စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊
ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure
(ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။

ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း

                                          



ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါဝင်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘ၀တွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သောဘုံ၊ မြတ်သောဘ၀၊ မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။

သီရိမာကို စွဲလမ်းစိတ် ဖြစ်ခဲ့စဉ်က ရာဂစိတ် အဓိပတိ ဖြစ်ခဲ့ရသော ကိုယ်တော်လေးသည် သုသာန် တစပြင်မှ သီရိမာ၏ ရုပ်အလောင်းကို မျက်ဝါးထင်ထင် တွေ့ရင်းမှ ဘုရားရှင်၏ ဒေသနာတော်ကို နာကြားလိုက်ရ သောအခါ…။

တင့်တယ်ခြင်းနှင့် မတင့်တယ်ခြင်း။ သုဘနှင့် အသုဘ။

သီတင်းကျွတ်လပြည့်နေ့ အကြောင်း




(သီတင်းကျွတ်လပြည့်နေ့ အကြောင်း)
သီတင်းကျွတ်လ သည် မြန်မာတို့၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၊၀ါတွင်းကာလ၏
 
နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး ၊အဿဝတီကြယ် နှင့် လမင်း တို့ 
စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း
(Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology)
သဘောအရ လူ့ယဉ်ကျေးမှုသမိုင်းကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ “သန္တူလ” ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့စုဝေးသော မိုးကာလဟု လည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြသည်။ 

မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို
လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်
တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့်
သက်ဝင်ယုံကြည်ဆည်းကပ် ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ
တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော
လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ
တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။

Wednesday, 1 October 2014

အနာဂတ်သာသနာရေး အပိုင်း(၁၄၆) အော်နေရုံနှင့်မပြီး




မြန်မာပြည် လွတ်လပ်ရေးအောင်ပွဲနေ့က “ဒါ တို့ပြည် ဒါ တို့မြေ” ဟု ကြွေးကြော်ခဲ့ကြ၏၊ ကြက်သီးထဖွယ် အားရဖွယ်ပေ၊ သို့ရာတွင် အော်နေသော ထိုအမျိုးသား အမျိုးသမီးများသည် မိမိတို့ ပိုက်ဆံအိတ်ကို နှိုက်ကြည့်စေလို၏၊ “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ” တဲ့၊ ဘာနဲ့ ကာကွယ်ကြမှာလဲ ဟရို့၊ လက်နဲ့ကာလို့ လုံမှာမဟုတ်ဘူးနော်၊ ကုန်းတပ် ရေတပ် လေတပ်တွေနဲ့ ကာကွယ်ရမည် မဟုတ်လား၊ ယခု အခြေအနေအရ အမျိုးသားတို့ရဲ့ ဘဏ္ဍာအိတ်ထောင့်ထဲမှာ သေနတ် သင်္ဘော ၀ယ်စရာ လေယာဉ်ပျံ ၀ယ်စရာ ပိုက်ဆံ ဘယ်နှပြား စုမိပြီလဲ၊ အမျိုးသား အမျိုးသမီးတွေက အော်အော်ပြီးတော့ သိပ်အသုံးပက်စက်ကြတာကိုး၊ ဘာပိုက်ဆံ စုမိမှာလဲ၊ တန်ခူးလ အခါတွင်း သင်္ကြန်ဆိုလျှင် ဘယ်လောက် အသုံးအစွဲ ပြိုင်ကြသလဲ၊ မော်လမြိုင် ရန်ကုန် မန္တလေးဆိုတဲ့ မြို့ကြီးတွေဟာ သိပ်ကဲတာပဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲမှာလည်း မနည်းသေးဘူး၊ နယုန်လ ၀ါဆိုလက စပြီးလျှင် တပေါင်းလ ပွဲတော်ကြီးတွေအထိ ကုန်လိုက်တာ မပြောနဲ့တော့၊ ထိုကုန်သမျှ ငွေတွေ မြန်မာနိုင်ငံမှာ လည်နေ တာ မဟုတ်ပါဘူး၊ သင်္ဘော လေယာဉ်ပျံတွေနဲ့ နိုင်ငံခြား ရောက်ကုန်တာတွေသာ များတယ်။

အနာဂတ်သာသနာရေး အပိုင်း(၁၄၅) ဗုဒ္ဓ၀ါဒသည် ကြီးပွားရေးကို နှောင့်နှေးစေသလော



ပါရမီဖြစ်ဆောင်ရွက်ပါ
တိုက်တာကို အုပ်ချုပ်နေသော ဆရာတော်များ, အထက်တန်းရာထူးရှင်များ, အလုပ်အကိုင်ကြီးမားသော ပွဲစား, ကုန်သည်, စက်ပိုင်များနှင့် လယ်ပိုင်ရှင်, ငွေတိုးပေး လူကြီးသူမတို့သည် မိမိကိုယ်ကို ဗုဒ္ဓသာဝက (ဗုဒ္ဓတရားတော်ကို လိုက်နာသော ဗုဒ္ဓဘာသာဝင် လူကြီးသူမများ)ဟု အမြဲ သတိထားသင့်၏၊ ဗုဒ္ဓတရားတော်၌ အလုပ်လုပ်မှုကံသည် အလွန်တာသွား၏၊ စိတ်နေစိတ်ထား မြင့်မြင့်မြတ်မြတ်နှင့် ပြုလုပ် သမျှကံသည် (နိဗ္ဗာန်မရခင်) ချမ်းသာခွင့်ရအောင် စီမံ၍ နိဗ္ဗာန်ကိုလည်း ရစေနိုင်၏၊ ယခုဘ၀၌ အနည်းငယ်ခြိုးခြံ၍ လက်အောက် ငယ်သား ဆင်းရဲသူအများအား ညှာတာခြင်းဖြင့် နောက်သံသရာဝယ် … မကြံသာအောင် ကြီးကျယ်သော စည်းစိမ်ကို အလွယ်တကူ ရစေနိုင်၏၊ နောက်ဘ၀ကို ထားဦး၊ ယခုဘ၀မှာပင် ထိုလူကြီးသူမတို့၏ ဂုဏ်သတင်းသည် ထုံသင်းလှိုင်ပျံ့ ရပ်တိုင်းနှံ့လျက် စီးပွား တိုးတက်သည်ကိုလည်း တွေ့နိုင်ပါသည်၊ ယခုခေတ်နှင့်စာသော် ယုံတမ်းစကားဟု မှတ်ထင်ရလောက်သော ရှေးလူကြီးတစ်ယောက် ၏  အကြောင်းကို ပြပါဦးမည်။

          ဘုန်းကြီးတို့ရွာ၌ ဘုန်းကြီးမှ ပြန်၍ ရေတွက်လျှင် သုံးဆက်လောက် လွန်ခဲ့သော အဘိုးတော်သူတစ်ယောက်ရှိ၏၊ စပါးရိတ် သိမ်းပြီးသောအခါ ရွာထဲလျှောက်၍ အနည်းငယ်ချို့တဲ့ဟန်ရှိသော ဟိုအိမ် သည်အိမ်၌ ၀မ်းစာစပါး သိုလှောင်ထားသော ပုတ်ကလေး များကို ကြည့်၏၊ တစ်နှစ်စာ လုံလောက်ပုံ မရလျှင် “ငါ့တူ-ငါ့တူမများ ၀မ်းစာ နည်းလှပါကလား၊ ဦးဆီ လာပြီး ယူလှည့်ကြဦး၊ မယူဘဲ မနေနဲ့”ဟု ဖိတ်ခေါ်ကာ ၀မ်းစာလုံလောက်အောင်

Sunday, 28 September 2014

အနာဂတ်သာသနာရေး အပိုင်း(၁၄၄) ဂိုဏ်း ပါတီစိတ် မထားသင့်



ဂိုဏ်း ပါတီစိတ် မထားသင့်
တစ်နိုင်ငံလုံး  တစ်သာသနာလုံး  တစ်နယ် တစ်မြို့ တစ်ရွာလုံးစသော အများအကျိုး ဆောင်သူတို့သည်… အများနှင့် ဆိုင်သော အလုပ်၌ ဂိုဏ်းစိတ် ပါတီစိတ်စသော သံယောဇဉ် ခင်တွယ်စိတ်များ မထားသင့်ပါ၊ ရှင်းပြပါဦးမည်၊ သံဃာတော်ပိုင်း၌ ဂိုဏ်းချင်း, တိုက်တာချင်း, ကျောင်းချင်း ခွဲခြား၍ စိတ်ထားမှု, လူဝတ်ကြောင်ပိုင်း၌ ပါတီခွဲခြား၍ စိတ်ထားမှုသည် အလွန်ကျဉ်းမြောင်းသောစိတ်, မေတ္တာကရုဏာ ပျံ့နှံ့ဖို့ရာ နယ်ကျဉ်းသော, ဣဿာ မစ္ဆရိယ တိုးပွားစေသောစိတ်သာ ဖြစ်၏၊ ထိုစိတ်မျိုး ရှိနေသူသည် “အများကြီးပွားအောင် ဆောင်ရွက်ပါသည်”ဟု နှုတ်က ပြောသော်လည်း အလုပ် သဘောမှာမူ မိမိဆိုင်ရာ ကြီးပွားမှုကိုသာ ပြုလျက်ရှိတတ်၏၊ ထိုသူ့သန္တာန်မှာ အခြား ဂိုဏ်းပါတီ၏ ကြီးပွားမှုကို ၀န်တိုသော မစ္ဆရိယနှင့် တကယ်ကြီးပွားပြန်လျှင် မနာလိုသော ဣဿလည်း ဖြစ်တော့မည်သာ။

အနာဂတ်သာသနာရေး အပိုင်း(၁၄၃) ကျမ်းစာပြုပြင်ရိုက်နှိပ်ရေး



ကျမ်းစာပြုပြင်ရိုက်နှိပ်ရေး
ယခုအခါ မြန်မာနိုင်ငံ၌ ကျမ်းစာပုံနှိပ်ပုံသည် ရှေးခေတ်က ပေစာတို့ကို ကူး၍ ရိုက်နှိပ်ခဲ့ရသောကြောင့် အဖြတ် အခွဲ အချဲ အခြားမရှိ၊ ပြတ်သိပ်လျက် ရှိနေ၏၊ စာအုပ်ချုပ်ပုံ ဖုံးပုံမှစ၍ ပြုပြင်ဖွယ်လည်းများစွာ ရှိနေ၏၊ အနာဂတ်ကာလ၀ယ် ပထမတန်းကျောင်းတိုက်နှင့် တက္ကသိုလ်တိုက် ဆရာတော်များသည် ထိုကျမ်းစာပြုပြင်ရိုက်နှိပ်ရာ၌ အားလုံးလိုပင် အကူအညီရကြပေလိမ့်မည်၊ ထို့ပြင် မရိုက်နှိပ် ရသေးသော အဋ္ဌကထာ ဋီကာများကိုလည်း ရိုက်နှိပ်ရပေဦးမည်၊ အနာဂတ်ကာလ၌ စာသင်တိုက်တိုင်းဝယ် ပိဋကတိုက်လည်း တည်ရှိ ရတော့မည် ဖြစ်၍ နည်းသစ်ဖြင့် ရိုက်နှိပ်အပ်သမျှ ပါဠိတော်, အဋ္ဌကထာ, ဋီကာများကို ထိုပိဋကတိုက်၌ ထားရန် ဆိုင်ရာဂေါပကအဖွဲ့က တာဝန်ယူနိုင်ကြလိမ့်မည်၊ ရိုက်နှိပ်သည့်အခါ၌မူ အစိုးရ စရိတ်ဖြင့် ရိုက်နှိပ်၍ အရင်းကျသမျှကိုသာ လက်မှတ်ထိုးယူကြရန် အစိုးရကပင် စီမံသင့်သည်။
မှတ်ချက်။                 ။ ဆဋ္ဌသင်္ဂါယနာတင်စဉ်က တာဝန်ခံဆရာတော်များသည် နိုင်ငံအရပ်ရပ်မှ ကျမ်းစာရိုက်နှိပ်ပုံကို ကြည့်ကာ မိမိတို့ ကျမ်းစာကိုလည်း ခေတ်မီအောင် ပြင်ဆင်ရိုက်နှိပ်စေပြီး ဖြစ်သည်။

အနာဂတ်သာသနာရေး အပိုင်း(၁၄၂) လောကနိဗ္ဗာန် ရွာကလေး၊ တောရောမြို့ပါ ပြုပြင်ရေး

လောကနိဗ္ဗာန် ရွာကလေး
အနာဂတ်သာသနာရေး တစ်ကျမ်းလုံး ပြီးဆုံးခါနီးဝယ် ပညာရေးဝန်ကြီးစောစံဘိုးသင်ပြောသော စကား၌ ကပ္ပလီရွာကလေးသည် မြန်မာပြည် တစ်ပြည်လုံးက အတုယူထိုက်သော ရွာကလေး ဖြစ်ပါတယ်၊ ထို ရွာမှာ ခိုးသား ဓားပြ မရှိပါ၊ အိမ်တံခါးဖွင့်ပြီး အိပ်နိုင်ပါတယ်၊ ရွာသားအချင်းချင်း ဆက်ဆံပေါင်းသင်းမှု အထူးရှိတယ်၊ ဈေးဆိုင်မှာ ရောင်းသူမရှိတဲ့အခါ အ၀ယ်လာလျှင် ၀ယ်သူက ချိန်တွယ်ပြီး ကျသင့်သော ပိုက်ဆံကို ထားခဲ့ပါတယ်။
          ထိုရွာကလေးသည် ၁၉၂၈-ခု (ခရစ်သက္ကရာဇ်)နှစ်က ““ဘီရှော့”” မည်သော အင်္ဂလိပ်ခရစ်ယာန်ဘုန်းကြီး နေထိုင်သွား၍ ထိုဘုန်းကြီးကပင်  ပြုပြင်ပေးသွားပါတယ်၊  တစ်ယောက်နှင့် တစ်ယောက်…ငြူစူခြင်း စောင်းမြောင်းခြင်း (ပါဠိလို ဣဿာ) မရှိကြပါ၊ ယခုအခါ ထိုရွာသူရွာသားတို့ သမ၀ါယမနည်းကို ထွင်လိုက်ကြပြန်ပြီ၊ သုံးအိမ် ထောင်စုပေါင်း၍ ထမင်းတစ်အိုးတည်း ချက်ကြပါတယ်၊
(ထင်း ရေစသည် အကုန်သက်သာ၍ အိမ်သူ သုံးယောက်ကုန်မည့်နေရာမှာ တစ်ယောက်တည်းသာ ကုန်ပါတော့တယ်၊) ထိုကဲ့သို့ ဖြစ်လာတာကို မေးတော့… “ကျွန်တော်တို့ စိတ်ပြောင်းသွားကြပြီ၊ နောက်ကို လူတွေရဲ့စကားကို (နိုင်ငံရေးသမားကို ဆိုလိုဟန် တူသည်၊) နား မထောင်တော့ဘူး၊ ဘုရားစကားကိုသာ နားထောင်ကြတော့မယ်၊ လူတွေရဲ့စကားကို နားထောင်လျှင် ကျုပ်တို့လူတွေ ပဋိပက္ခ (ဆန့်ကျင်ဘက်) ဖြစ်ကြလိမ့်မယ်”ဟု ပြောကြပါတယ်။

အနာဂတ်သာသနာရေး အပိုင်း(၁၄၁) ကျေးရွာပြုပြင်ရေး


ကျေးရွာပြုပြင်ရေး
ရွာတိုင်း ရွာတိုင်း၌ ကျောင်းထိုင်ပုဂ္ဂိုလ်နှင့် ရွာသူကြီးကောင်းများ ရရှိလျှင် ထိုပုဂ္ဂိုလ် နှစ်ဦးလုံးပင် တစ်ရွာလုံး၏ မိဘလည်းဟုတ်, ဆရာလည်းဟုတ်သော အခြေအနေ၌ တည်ရှိစေ၍ ရွာသူရွာသားတို့၏ စီးပွားရေး ကျန်းမာ ရေး လိမ္မာရေး တတ်သိနားလည်ရေးများအတွက် တာဝန်ခံများ ဖြစ်စေသင့်၏၊ [ရွာသူကြီးသည် သူ့အတွက်  စီးပွားရေးလုံလောက်သူ ဖြစ်သင့်၏၊]
ကျေးရွာပြုပြင်ရမည့်ကိစ္စများကား…
၁။ အိမ်ဆောက်ပုံ, လူသွားလမ်း, လှည်းသွားလမ်း ထားပုံမှ စ၍ ရွာကို ဖုန်မထူစေဘဲ လှပသောရွာ ဖြစ်စေရန်၊
၂။ ရေတွင်းရေကန်များ၌ တစ်နှစ်ပေါက်အောင် လုံလောက်စွာ ရေရရှိစေရန်၊ [အ၀ီစိတွင်းရှိလျှင် ကောင်း၏၊]
၃။ အစားအသောက် အနေအထိုင်မှစ၍ အများကျန်းမာရေးနှင့် ဆန့်ကျင်သောအရာများကို တားဆီးပေးရန်၊

အနာဂတ်သာသနာရေး အပိုင်း(၁၄၀) ဥပုသ်စောင့်၊ လက်ထပ်မင်္ဂလာ



ဥပုသ်စောင့်
ဘာသာရေးကိစ္စများကို ပြုပြင်ရာ၌  ယခုခေတ် ဥပုသ်စောင့်ပုံများကိုလည်း စဉ်းစားထိုက်၏၊ ကျေးရွာများ၌ ဥပုသ်စောင့်ဖို့ ကျောင်းသို့ လာပြီးနောက် သီလ မယူသေးမီ ရောက်တတ်ရာရာ စကားကိုသာ ပြောကြ၏၊ သီလ ယူပြီးသောအခါ အိမ်ပြန်ထမင်းစားပြီးလျှင် လူကြီးများ ကျောင်း ဘုရား ဇရပ်သို့ ပြန်လာကြ၍ အိပ်သူ အိပ်, ထွေရာလေးပါး စကား စမြည် ပြောသူက ပြောကြသည်၊ တရားစကားပြောသူ, တရားစစ် တရားမှန်ကို နာခံဆွေးနွေးမေးမြန်းသူကား ရာခိုင်နှုန်း ဆယ်ယောက် ထက် များမည် မဟုတ်ချေ၊ မြို့ကြီး ပြကြီး၌ကား သာ၍ ဆိုးရွား လှသော အချက်ရှိ၏၊ ၀ါတွင်းကာလများ၌ ဥပုသ်နေ့များမှာ သက်သတ်လွတ် ဆားဟင်းလောက်ကိုသာ စားသောက်၍ ဥပုသ် စောင့်ထိုက်ပါလျက် ယခုအခါ၌မူ အဖိတ်နေ့၌ နွား, ၀က်, ကြက်တွေ ပို၍ သေကြရရှာလေသည်။
          ထိုအသားများကို ၀ယ်ယူချက်ပြုတ်ကြပြီးလျှင် ဥပုသ်နေ့၌ အသိုက်အ၀န်းကောင်းနှင့် မိမိတို့ နီးစပ်ရာ ကျောင်း, ဇရပ်, ဘုရားသို့ တပျော်တပါး သွားရောက်၍ စားသောက်ကြလေတော့၏၊ ထိုကဲ့သို့ ဥပုသ်စောင့်ပုံမှာ ပျော်ပွဲစားထွက်ခြင်း တစ်မျိုးတည်း၊ “အချို့သော အမျိုးသမီးကလေးများလက်၌ လောကီဝတ္ထုစာအုပ်များပင် အဆင်သင့် ပါလာတတ်ကြသော”ဟူ၏၊

Friday, 19 September 2014

မစ္ဆရိယ-၅မျိုးနှင့် ၄င်းတို့၏ ဆိုးကျိုးများ


မကောင်းသော အခြင်းအရာအားဖြင့် ဖြစ်တဲ့ စိတ်၏ဖောက်ပြန်ခြင်းသဘောအားဖြင့် ကိုယ့်စည်းစိမ်၊ ကိုယ့်ဥစ္စာ၊ ကိုယ်ပိုင်ဆိုင်သည့်အရာတို့၌  ဝန်တိုမှု သဘောကို မစ္ဆရိယဟု ခေါ်ပါတယ်။ ကိုယ်ပိုင်ဆိုင်သည့် အရာများကို သူတစ်ပါး ကြားရသွားမှာ၊ မြင်သွားမှာ သိသွားမှာ ရသွားမှာကို မလိုလားတဲ့ သဘောမျိုးပါ။
“အတ္တာနော သမ္ပတ္တိ`ံ မစ္ဆရတီတိ မစ္ဆရော” ယောပုဂ္ဂလော-အကြင်ပုဂ္ဂိုလ်သည်၊ အတ္တနော သမ္ပတ္တိ`ံ- ကိုယ့်စည်းစိမ်ကို၊ မစ္ဆရတိ-ဝန်တိုတတ်၏။ ဣတိတသ္မာ-ထို့ကြောင့်၊ သောပုဂ္ဂလော- ထိုပုဂ္ဂိုလ်သည်၊ မစ္ဆရော-မစ္ဆရမည်၏။
“မစ္ဆရဿ ဘာဝေါ မစ္ဆရိယံ (ဘာဝတဒ္ဓိတ်)”- မစ္ဆရဿ-ကိုယ့်စည်းစိမ်ကို ဝန်တိုသော ပုဂ္ဂိုလ်၏၊ ဘာဝေါ-အဖြစ်တည်း။ မစ္ဆရိယံ-ကိုယ့်စည်းစိမ်ကို ဝန်တိုသော ပုဂ္ဂိုလ်၏ အဖြစ်။
ထိုမစ္ဆရိယသည် ၅-မျိုးရှိပါတယ်။
၁။ အာဝါသမစ္ဆရိယ၊ ၂။ ကုလမစ္ဆရိယ၊ ၃။ လာဘမစ္ဆရိယ၊ ၄။ ဝဏ္ဏမစ္ဆရိယ၊ ၅။ ဓမ္မမစ္ဆရိယဆိုပြီး ၅-ပါး ဖြစ်ပါတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated