@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday, 7 March 2014

သူတော်ကောင်း ယောက်ျားမြတ်


၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို မေးသော်လည်း ထင်ရှားစွာပြု၍မပြော။
မမေးလျှင်ကား အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်) သူတပါး၏ ဂုဏ်မဲ့ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၂။ နောက်တမျိုးကား သူတော်ကောင်းယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်ရှိစကားကို မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။
မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင် သူတပါး၏ဂုဏ်ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင် ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။

ကိုယ် နှုတ် စိတ် စောင့်စည်းခြင်း


တနေ့သ၌ အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်ရှိသော ပုဏ္ဏားအို နှစ်ယောက်သည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် အရှင်ဂေါတမ-အကျွန်ုပ်တို့သည် အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်သို့ ရောက်ကြပါပြီ၊
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် တည်းဟူသော အပါယ်လေးဘုံမှ ကင်းဝေးမည့် ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရသေးပါ၊ အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့်စွာ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်း ဖြစ်နိုင်သော အဆုံးအမကို ပေးတော်မူပါ-ဟူ၍ လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားက ပုဏ္ဏားတို့-ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်လျက် ရှိသည်၊ ထို့ကြောင့် မျက်မှောက်ဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊ နှုတ်ဖြင့်စောင့်စည်းခြင်း၊ စိတ်ဖြင့်စောင့်စည်းခြင်းတို့ ပြုရမည်။
ယင်းသို့ စောင့်စည်းမှုသည် တမလွန်ဘ၀သို့ ပြောင်းသွားသူ၏ ခိုကိုးရာလည်း ဖြစ်၏၊ ပုန်းအောင်းရာလည်း ဖြစ်၏၊ မှီခိုရာလည်း ဖြစ်၏၊ ကိုးကွယ်ရာလည်း ဖြစ်၏၊ လည်းလျောင်းရာလည်း ဖြစ်၏။

ပုဏ္ဏားတို့-အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင်အိုးခွက်စသောပစ္စည်းကို ထုတ်ယူထားအပ်၏၊ ထိုထုတ်ယူထားအပ်သည့် အိုးခွက်စသည့် ပစ္စည်းသည်၎င်း။ ထိုအိမ်၌ အကြင်အကြင်ပစ္စည်းကို မီးမလောင်၊ ထိုမီးမလောင်သော ပစ္စည်းတို့သည်၎င်း၊ အိမ်ရှင်၏အကျိုးငှါ ဖြစ်၏။
ဤအတူပင် သတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့ စွဲလောင်နေရာ ချမ်းသာကိုပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပြုခြင်းဖြင့် ထုတ်ယူအပ်၏၊ ပေးလှူအပ်ပြီးသော အလှူဒါနသည် ကောင်းစွာထုတ်ယူထားအပ်ပြီး မည်၏။

ဤမျက်မှောက်ဘ၀၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်၎င်း၊ အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်၎င်း၊ တမလွန်ဘ၀သို့ ပြောင်းသွားသူအား ချမ်းသာမှုကို ဖြစ်စေ၏-ဟူ၍ ဆိုဆုံးမတော် မူလေသည်။

ပျက်စီးခြင်း ငါးပါး


တနေ့သောအခါ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပျက်စီးခြင်းတို့နှင့် ပတ်သက်၍ ဤသို့ ဟောတော်မူသည်။

ရဟန်းတို့၊ သတ္တ၀ါတို့တွင် ပျက်စီးခြင်းတို့သည် ငါးမျိုးရှိ၏၊ ယင်းတို့မှာ-
၁။ အဆွေအမျိုးတို့၏ ပျက်စီးခြင်း။
၂။ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း။
၃။ အနာရောဂါ နှိပ်စက်မှုဟူသော ပျက်စီးခြင်း။
၎။ အကျင့်သီလ၏ ပျက်စီးခြင်း။
၅။ အယူ၏ ပျက်စီးခြင်းတို့တည်း။

ဤသို့ ပျက်စီခြင်း ငါးမျိုးရှိရာတွင် သတ္တ၀ါတို့သည်
အဆွေအမျိုးတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အနာရောဂါ နှိပ်စက်မှု ဟူသော ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါ ချမ်းသာကင်းသော ငရဲ၌ မဖြစ်ရကုန်။

အကျင့်သီလ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အယူ၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါတွင်ကား ချမ်းသာကင်းသော ငရဲ၌ ဖြစ်ရကုန်၏။

( အင်္ဂုတ္တရ ဂိလာန၀ဂ်၊ ဗျသနသုတ် )

အဆွေခင်ပွန်းကောင်း ဟူသည်


တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပေါင်းဖော်အပ်သော အဆွေခင်ပွန်းကောင်းအကြောင်း
ဤသို့ ရှင်းပြ မိန့်တော်မူသည်

ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်အပ်၏။
ထိုအင်္ဂါ ခုနစ်ပါးကား-
၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။
၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။
၃။ မကောင်းဆိုသော စကားတို့ကို၎င်း၊ သည်းခံနိုင်ခဲသော အရာတို့ကို၎င်း သည်းခံ၏။
၎။ အဆွေခင်ပွန်းအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။
၅။ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏။
၆။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။

အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းမျိုးကို ပေါင်းဖော်အပ်၏။

( အင်္ဂုတ္တရနိကာယ်၊ ပထမမိတ္တသုတ် )

စကားဟူသည်


တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။

ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။

ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။

Thursday, 6 March 2014

နိုးကြားသူ


တခါသော် မြတ်စွာဘုရားသခင်သည် နိုးကြားမှု အမြဲရှိသင့်ကြောင်း ဤသို့ မိန့်တော်မူသည်။

ရဟန်းတို့၊ ငါ၏စကားကို နာယူကြကုန်လော့၊ အိပ်ပျော်နေသောသင်တို့သည် နိုးကြားကြကုန်လော့။ အိပ်ပျော်နေခြင်းထက် နိုးကြားခြင်းသည် မြတ်၏၊ နိုးကြားမှု အမြဲရှိသူအား ဘေးမရှိ။

အကြင်သူသည် နိုးလည်းနိုးကြား၏၊ သတိမြဲ၏၊ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၏၊ တည်ကြည်မှု ရှိ၏၊
ဝမ်းမြောက်မှု ရှိ၏၊ ကြည်လင်သောစိတ် ရှိ၏၊ ထိုသူသည် အခါအားလျော်စွာ တရားကို စူးစမ်းရှာဖွေလျက် တည်ကြည်သောစိတ်ဖြင့် မသိမှုကို ပယ်ဖျောက်နိုင်၏။

ထို့ကြောင့် ဤလောက၌ နိုးကြားသူကိုသာ ဆည်းကပ်ရာ၏၊ လုံ့လ၀ီရိယနှင့် ပြည့်စုံသော နိုးကြားမှုရှိသော ပညာရှိသည် ဤဘ၀၌ပင် အရဟတ္တမဂ်ဉာဏ်သို့ ရောက်ရာ၏။

( ဣတိဝုတ် ပါဠိတော်၊ ဒုကနိပါတ်၊ ဒုတိယ၀ဂ်၊ ဇာဂရိယသုတ် )

ပြုစုရခက်သူ နှင့် လွယ်သူ


တနေ့သ၌ မြတ်စွာဘုရားသခင်သည် ရဟန်းတို့အား ပြုစုရခက်သော သူနာနှင့် ပြုစုရလွယ်သောသူတို့အကြောင်း ဤသို့ ဟောကြားတော်မူသည်။

ရဟန်းတို့ ပြုစုရခက်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ
၁။ ရောဂါနှင့် မသင့်သည်ကို ပြုလုပ်၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို မသိ။
၃။ ဆေးမစား။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို မပြော။
၅။ ဝေဒနာကို သည်းမခံ။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူဖြစ်၏။

ရဟန်းတို့ ပြုစုရလွယ်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ-
၁။ ရောဂါနှင့် သင့်သည်ကို ပြု၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို သိ၏။
၃။ ဆေးစား၏။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို ပြော၏။
၅။ ဝေဒနာကို သည်းခံ၏။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုလွယ်သူ ဖြစ်၏-ဟု မိန့်တော်မူ၏။

သူနာပြု ဟူသည်


တခါသော် မြတ်စွာဘုရားသခင်သည် သူနာပြုစုနည်းနှင့် ပတ်သက်၍ ရဟန်းတို့အား ဤသို့ ဟောကြားတော်မူ၏။

ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားမလည်။
၂။ ရောဂါနှင့် သင့်-မသင့်ကို မသိ။
၃။ မေတ္တာစိတ် မရှိဘဲ လာဘ်ကိုငဲ့၍ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို ရွံရှာစက်ဆုပ်၏။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေးမှု မရှိ။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် မထိုက်။

ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားလည်၏။
၂။ ရောဂါနှင့် သင့်-မသင့်ကို သိ၏။
၃။ မေတ္တာစိတ်ဖြင့် လာဘ်ကိုမငဲ့ဘဲ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို မစက်ဆုပ်။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေး၏။
ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် ထိုက်တန်၏။
ဟု-မိန့်တော်မူ၏။

( အင်္ဂုတ္တိုရ်ပါဠိတော် ဂိလာန၀ဂ်၊ ဒုတိယဥပဋ္ဌာကသုတ် )

စကားဟူသည်


တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။

ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။

ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့-စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုး-အပြစ်တို့သည် ဤ ၅-မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

( အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ် ဗဟုဘာဏိသုတ် )

ပျင်းရိခြင်း နှင့် မပျင်းရိခြင်း


ဗုဒ္ဓဘုရားရှင်သည် လူအများ ကျင့်သုံးလိုက်နာရန် အဆုံးအမပေါင်းများစွာကို ဟောကြားတော်မူခဲ့သည်။ ယင်းတို့တွင် ပျင်းရိခြင်းနှင့် ပတ်သက်၍ ဟောကြားသည်မှာ အထူးသတိပြု ဆင်ခြင်ဖွယ်ရာ ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်က ပျင်းရိခြင်းနှင့် ပတ်သက်၍
(၁) ပျင်းရိ၍ အားမထုတ်ဘဲနေသောသူ။
(၂) မပျင်းရိဘဲ အားထုတ်၍နေသောသူဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည်။
ထိုသို့ ခွဲခြားပြီးလျှင် အကျိုးအပြစ်များကိုလည်း ဖွင့်ဆိုပြသည်။

မြတ်စွာဘုရား လက်ထက်တော်အခါက မဟာဓနသူဌေးသားနဲ့ ဇနီးမယားတို့ ရှိကြသည်။ သူတို့သည် မိဘတို့၏ အမွေအနှစ်များကို ရ၍ ကြွယ်ဝချမ်းသာကြသော်လည်း အားထုတ်ခြင်းမရှိ၊ ပျင်းရိသောကြောင့် စီးပွားများပျက်၍ သူတောင်းစားဘ၀သို့ ရောက်ခဲ့ကြရသည်။

ကုန်သွယ်မှုချင်း တူပါလျက် အကျိုးရချင်း ခြားနားချက်

အခါတပါး၌ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားအား ဤသို့ မေးလျှောက်လေ၏။
(၁) မြတ်စွာဘုရား ဤလောက၌ အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရှုံး၏၊ 
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။


(၂) အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရည်မှန်းသလောက် မရ၊ 
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။

(၃) အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက်ရည်မှန်းသည့်အတိုင်း ရ၏၊
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။

(၄)  အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရည်မှန်းသည်ထက် ပို၍ ရ၏၊ 
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။

ထိုအခါ မြတ်စွာဘုရားက ဤသို့ ဖြေကြား မိန့်တော်မူလေ၏။
(၁) သာရိပုတ္တရာ၊ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ထိုပစ္စည်းကို မလှူဒါန်းချေ၊ 
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရှုံးရ၏။


(၂) အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ရည်မှန်းထားသည့်အတိုင်း မပေးလှူဘဲ နည်းနည်းသာ ပေးလှူ၏၊  
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရည်မှန်းသလောက် မရ။

(၃)  အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ရည်မှန်းထားသည့်အတိုင်း ပေးလှူ၏၊  
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရည်မှန်းသည့်အတိုင်း ရ၏။

(၄)  အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ရည်မှန်းထားသည်ထက် ပို၍ ပေးလှူ၏၊   
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရည်မှန်းသည်ထက် ပို၍ ရ၏။ 

သာရိပုတ္တရာ၊ ဤသည်လျှင် ကုန်သွယ်မှုချင်း တူမျှသည်သာ ဖြစ်လျက် ရှုံးခြင်း၊ ရည်မှန်းသလောက် မရခြင်း၊ ရည်မှန်းသလောက် ရခြင်း၊ ရည်မှန်းသည်ထက် ရခြင်း၏ အကြောင်းပေတည်း။

အံ-စတုက္က၊ ဒု-ပဏ္ဏာသက၊ အပဏ္ဏကဝဂ်၊ ၉-ဝဏိဇ္ဇသုတ်။

Sunday, 16 February 2014

ဝိပဿနာမလုပ်ရင် အပါယ်ကျမှာလား



ဝိပဿနာအလုပ်တွေ မလုပ်ရင် အပါယ်ကျတော့မှာလား။ ဒါနတွေ ပြုနေတယ်။ သီလတွေ ဆောက်တည်နေတယ်။ သမထတွေပွားနေတယ်။ အဲဒါတွေက သုဂတိမရောက်နိုင်ဘူးလား။

ဝိပဿနာမလုပ်လည်း အဲဒီကုသိုလ်ကောင်းမှုတွေကို သတိရပြီး သေရင် အပါယ်မကျနိုင်ပါဘူး။ သုဂတိကို ရောက်နိုင်ပါတယ်။ ဝိပဿနာမလုပ်တဲ့သူမှန်သမျှ အပါယ်ကျရမယ်လို့ မဆိုလိုပါဘူး။ ဒါနကို သတိရပြီးသေမယ်ဆိုပါစို့။

သခွားသီးတစ်လုံးလှူတာနဲ့ နတ်ပြည်ရောက်နေတဲ့ နတ်သမီးတွေရှိပါတယ်။သရက်သီးတစ်လုံးလှူလို့ နတ်သား။ နတ်သမီးတွေဖြစ်နေတာရှိတယ်။ သည်းခံလို့ နတ်သား။ နတ်သမီးတွေ ဖြစ်နေတာရှိတယ်။ ဝိပဿနာဆိုလို့ တစ်ပြားသားမျှ မပါဘူး။

ချစ်သူကို တရားဟောပါ



မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ ခေါ်ပါတယ်။

တစ်နေ့အိမ်တံခါးဝမှာထိုင်ပြီး သမီးကအမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေအများကြီး အိမ်ရှေ့က ဆွမ်းခံကြွသွားတာကို
မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။

“အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေး ဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”

ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။

“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။
မြတ်စွာဘုရားတရားနာကြားပြီးရဟန်းပြုကြတာ”

Friday, 14 February 2014

ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး

                 

၁။ သူတစ်ပါးတို့  ရှိခိုးခံထိုက်ခြင်း။

၂။ စိတ်၏ ရဲရင့် တည်ကြည်ခြင်း။

၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို ရခြင်း။

၎။ နောင်ဘုရားနှင့် တွေ့ သည့်အခါ သစ္စာလေးပါးကို သိလွယ်ခြင်း။

၅။ အမျိုးမြတ်ခြင်း။

၆။ သူတစ်ပါးတို့ ၏ အရိုအသေအပြုကို ခံရခြင်း။

Thursday, 13 February 2014

ပဋ္ဌာန်းတရား မှတ်ဖွယ်များ


(ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏ)
ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏကို ဆဋ္ဌမူအရ ကောက်နှုတ်ဖော်ပြရလျှင် ပါဠိတော် အုပ်ရေ (၅)အုပ်၊ 
စာမျက်နှာပေါင်း (၂၄၆၀)မျက်နှာရှိသည်၊
အသံမစဲ ရွတ်ဖတ်ရန်အချိန် (၁၃၂)နာရီ ကြာသည်။
(ပေယျာလ မြှုပ်ကွက်များကို ဖော်ပြရွတ်ဆိုလျှင် တစ်သက်လုံး ရွတ်ဖတ်၍ မကုန်နိုင်ပါ။)

(ပဋ္ဌာန်း၏ အနက်သဘောနှင့် နက်နဲခြင်း)
ပဋ္ဌာန်း၏ အနက်သဘော (၃)ရပ်ရှိသည်။ ထိုအနက်သဘောများမှာ---
၁။ များစွာသော အကြောင်းတရားတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၂။ (၂၄)ပါးသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ အခြင်းအရာတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၃။ သဗ္ဗညုတဉာဏ်တော်၏ မထိမပါး လူးလွန့်မြူးကွန့် ကျက်စားရာဖြစ်ခြင်းတို့ ဖြစ်ပါသည်။

(ပဋ္ဌာန်းတရားတော်၏ နက်နဲခြင်း ၄-မျိုးရှိရာ ထို ၄-မျိုးမှာ)
၁။ ဓမ္မဂမ္ဘီရ=ဝေါဟာရ စကားလုံး၊ ပုဒ်၊ ဝါကျတို့၏ နက်နဲခြင်း။
၂။ အတ္ထဂမ္ဘီရ=အနက်အဓိပ္ပါယ်  သဘော၏ နက်နဲခြင်း။
၃။ ဒေသနာဂမ္ဘီရ=ဟောပုံ ဟောနည်း အစီအစဉ် နက်နဲခြင်း။
၎။ ပဋိဝေဓဂမ္ဘီရ=ထိုးထွင်းသိမြင် ဉာဏ်ပညာ၏ နက်နဲခြင်းတို့ ဖြစ်ပါသည်။

(ပဋ္ဌာန်းတရား ဟောကြားခဲ့ခြင်းနှင့် တန်ခိုးကြီးရခြင်း)
မြတ်စွာဘုရားသည် ဤပဋ္ဌာန်းတရားတော်ကို ဟောကြားခဲ့ခြင်းမှာ---
၁။ မြတ်စွာဘုရားသခင် သက်တော် (၄၂)နှစ်၊ ဝါတော် (၇)ဝါမြောက်တွင် ဟောကြားခဲ့သည်။
၂။ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် ဟောကြားခဲ့သည်။
၃။ နတ်ဗြဟ္မာပရိသတ်အား ဟောကြားခဲ့သည်။
၎။ မယ်တော်မိနတ်သားအား နို့ဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ ဟောကြားခဲ့ခြင်း ဖြစ်သည်။

ပဋ္ဌာန်းတရားတော်သည် အစွမ်းထက်၊ တန်ခိုးထက်သော တရားတော် ဖြစ်ပါသည်။ ဤသို့လျှင် တန်ခိုးကြီးရခြင်းမှာလည်း ဂုဏ်ရည် ၃-ပါးနှင့် ပြည့်စုံသောကြောင့် ဖြစ်ပါသည်။ ထို့ဂုဏ်ရည် ၃-ပါးမှာ---
၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း။
၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့်တရား ဖြစ်ခြင်း။
၃။ သာသနာ တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး ဖြစ်ခြင်းတို့မှာ ပဋ္ဌာန်းတရားတော်၏ ဂုဏ်ရည်များ ဖြစ်ပါသည်။

(၂၄)ပစ္စည်းကို လောကဥပမာများနှင့် ပြထားပါသည်။
၁။ ဟေတု ပစ္စယော=အကြောင်းဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
( ရေသောက်မြစ်နှင့် တူ၏)
၂။ အာရမ္မဏ ပစ္စယော=အာရုံဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(တောင်ဝှေး, ကြိုးတန်းနှင့် တူ၏)
၃။ အဓိပတိ ပစ္စယော=အကြီးအကဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(စကြာမင်း အုပ်စိုးပုံနှင့် တူ၏)
၎။ အနန္တရ ပစ္စယော=အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(စကြာမင်း နတ်ရွာသံ၍ သားကြီး အမွေဆက်ခံပုံနှင့် တူ၏)
၅။ သမနန္တရ ပစ္စယော=ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(စကြာမင်း တောထွက်၍ သားကြီး အမွေဆက်ခံပုံနှင့် တူ၏)
၆။ သဟဇာတ ပစ္စယော=အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ဆီမီးတောက်လာသော် အလင်းရောင်ဖြစ်ပေါ်လာပုံနှင့် တူ၏)
၇။ အညမည ပစ္စယော=အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။
(သုံးချောင်းထောက်နှင့် တူ၏)
၈။ နိဿယ ပစ္စယော=မှီရာ တည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(သစ်ပင်စိုက်ရာ မှီရာ-တည်ရာ မြေကြီးနှင့် တူ၏)
၉။ ဥပနိဿယ ပစ္စယော=အားကြီးသောမှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မိုးတွင်းရွာချသည့် မိုးကြီးနှင့် တူ၏)
၁၀။ ပုရေဇာတ ပစ္စယော=ရှေးဦးစွာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ကမ္ဘာဦးက နေ,လ တိုနှင့် တူ၏)
၁၁။ ပစ္ဆာဇာတ ပစ္စယော=နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ပေါက်ခါစ လင်းတငယ်လေးများ အစာမျှော်နေပုံနှင့် တူ၏)
၁၂။ အာသေဝန ပစ္စယော=အထပ်ထပ် မှီဝဲအပ်၊ ထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ရှေးရှေးထုံထားအပ်သော နံ့သာ, ရှေးရှေးသင်အံလေ့ကျက်ထားအပ်သော စာပေကျမ်းဂန်တို့နှင့် တူ၏)
၁၃။ ကမ္မ ပစ္စယော=အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မျိုးစေ့နှင့် တူ၏)
၁၄။ ဝိပါက ပစ္စယော=အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ချမ်းအေးသော လေသည် ချမ်းအေးသောအရိပ်၌ နေသူအား ချမ်းအေးစေခြင်းငှါ ကျေးဇူးပြုပုံနှင့် တ)
၁၅။ အာဟာရပစ္စယော=ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ပြိုမည့်အိမ်ကို ထောက်ကန်ထားသည့် ထောက်ကျားနှင့် တူ၏)
၁၆။ ဣန္ဒြိယ ပစ္စယော=အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မှူးမတ်များနှင့် တူ၏။ ပဒေသရာဇ် ဘုရင်နှင့် တူ၏)
၁၇။ ဈာန ပစ္စယော=ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(သစ်ပင်ထိပ်ဖျား,တောင်ထိပ်ဖျားပေါ်သို့ တက်ကြည့်သူနှင့် တူ၏)
၁၈။ မဂ္ဂ ပစ္စယော=ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(လမ်းနှင့် တူ၏။ ကောင်းတဲ့လမ်း မကောင်းတဲ့လမ်း-ဟူ၍ နှစ်မျိုးရှိသကဲ့သို့ မဂ္ဂမည်သော တရားသည်လည်း ကောင်းတဲ့တရား မကောင်းတဲ့တရား ဟူ၍ နှစ်မျိုးရှိသည်)
၁၉။ သမ္ပယုတ္တ ပစ္စယော=ယှဉ်တွဲ၍ ကျေးဇူးပြုတတ်သောတရား။
(စတုမဓု ရောစပ်မှုနှင့် တူ၏)
၂၀။ ဝိပ္ပယုတ္တ ပစ္စယော=မယဉ်မတွဲမူ၍ ကျေးဇူးပြုတတ်သောတရား။
(အချို, အချဉ်, အစပ်, အဖန်, အငန်, အခါး အရသာခြောက်ပါးနှင့် တူ၏)
၂၁။ အတ္ထိ ပစ္စယော=ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မြေကြီး, မြင့်မိုရ်တောင်သည် မြက်, သစ်ပင်တို့အား ထောက်ပံ့ပုံနှင့် တူ၏)
၂၂။ နတ္ထိ ပစ္စယော=ထင်ရှားမရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ဆီမီးငြိမ်းသွားပုံနှင့် တူ၏)
၂၃။ ဝိဂတ ပစ္စယော=ကင်းကွာသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(နေရောင် ကွယ်ပျောက်, လရောင် ရောက်လာပုံနှင့် တူ၏)
၂၄။ အဝိဂတ ပစ္စယော=မကင်းမကွာမူ၍ ကျေးဇူးပြုတတ်သောတရား။
(မဟာသမုဒ္ဒရာ ရေသည် ငါး,လိပ်တို့အား မကင်းမကွာဘဲ ကျေးဇူးပြုပုံနှင့် တူ၏)

ပဋ္ဌာန်းကွယ်လျှင် သာသနာကွယ်လိမ့်မည်။ ပဋ္ဌာန်းတန်ခိုး၊ ပဋ္ဌာန်းအကျိုးများကို လက်တွေ့သိရှိခံစားကြရပါသည်။ မြန်မာပြည် တနံတလျားရှိ   ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့ကျေးရွာ၊ နယ်ပယ်၊ မြို့ပြများတွင် “သက်ဝင်ယုံကြည် သဒ္ဓါမှီပြီး အရှည်ခိုင်မြဲ ပဋ္ဌာန်းပွဲကို ကျင်းပပူဇော်ကြပါက မုန်တိုင်းမမွှေ, ပဋ္ဌာန်းမြေသို့, ဆန်ရေစပါး, ပေါကြွယ်များပြီး, စီးပွားဥစ္စာ, တိုးတက်ကာဖြင့်, ရပ်ရွာအေးချမ်း, ဘေးမသန်းဘဲ, စိတ်ဝမ်းကြည်သာ, ရှိကြမည်မှာ, မလွဲဧကန်, ဖြစ်ပါသည်။

* အတုမရှိ၊ မြတ်မုနိ၏
အဘိဓမ္မာ၊ မြတ်သြဇာတွင်
ရသာဆီနှစ်၊ ပဋ္ဌာန်းဖြစ်၏။
* သာသနာသုံးရပ်၊ မြဲခိုင်မတ်ဖို့
ခံတပ်ဆောက်တည်၊ ပဋ္ဌာန်းစည်ကို
မြည်သံဟိန်းဟိန်း၊ မိုးသို့ခြိမ်းလျက်
စောင့်ထိန်းဘာသာ၊ သာသနာသည်
ကမ္ဘာထွင်း၍ လင်းပါစေ---
ဝဠာချင်း၍ ဝင်းပါစေ---

Wednesday, 12 February 2014

မိန်းမလိုက်စားခြင်း၏ ဆိုးကျိုးများ


                    

ဝိဓူရဇာတ်၌ ဝိဓူရပညာရှိအမတ်ကြီးက “မိန်းမလိုက်စားလွန်ကြူးသူ”
များကို
တေဇသင်္ခတံ=အားအစွမ်း၊ တန်ခိုးအစွမ်း ပညာအစွမ်းတို့၏ ကုန်ခမ်းခြင်းကို၊
သမ္ပသံ(သမ္ပသန္တော)=မြော်မြင်သည်ဖြစ်၍၊ဣတ္ထိံ= မိန်းမ ကို၊
ဗဠံ=လွန်လွန်ကြူးကြူး၊နဂစ္ဆေယျ=မသွားလာစေရ။(စေ-ဂစ္ဆေယျ=အကယ်၍သွားလာငြားအံ့။)၊
ခီလာ မေဒေါ=အသွေးအဆီ ကြုံလှီခြောက်ခန်းသည်ဖြစ်၍၊ကာသံ=ချောင်းခြောက် ရောဂါစွဲကပ်ခြင်းသို့ လည်းကောင်း၊ဒရံ=ကိုယ်ပူရောဂါ။ဆီးပူရောဂါ စွဲကပ်ခြင်းသို့လည်းကောင်း၊ ဗာလျံ=အားအင်ကုန်ခန်း နွမ်းရိခြင်းသို့လည်းကောင်း နိဂစ္ဆတိ=ရောက်တတ်၏။ဟုဆုံးမတော်မူဖူးပါတယ်။

မိန်းမလိုက်စား အပျော်ကြူးသောသူသည် ကိုယ်ပိုင်ဇနီးမယားနှင့် မတင်းတိမ်
မရောင့်ရဲနိုင်သည်ဖြစ်၍မြင်သမျှ မိန်းမကို ပူးကပ်သွေးဆောင်တတ်၏။

တစ်ရှုတစ်ရှိုက် ကုသိုလ်၊ နည်းတယ် မထင်ကြနဲ့

                    

ကုသိုလ် တစ်ကြိမ်တစ်ခါ လုပ်ထားရင် အဲဒီကုသိုလ်တွေက
ပျောက်ပျက်မသွားဘူး၊ ဆွေးမြေ့မသွားဘူး။ အနန္တရသတ္တိနှင့် ဒီတစ်ရှူက နောက်တစ်ရှူ၊
နောက်တစ်ရှူက နောက်တစ်ရှူ၊ ဒီကနေ့က နောက်နေ့၊ဒီနှစ်က နောက်နှစ်၊ ဒီဘ၀က နောက်ဘ၀၊
ဆက်ကာဆက်ကာ လက်ဆင့်ကမ်း ကျေးဇူးပြုပြီးသွားတာနိဗ္ဗာန်ရတဲ့ အထိပဲ။
ဆွေးမြေ့သွားတယ်၊ ပျောက်ပျက်သွားတယ်၊ ကုန်ဆုံးသွားတယ် ဆိုတာမရှိဘူး။

မြတ်စွာဘုရားရှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့တဲ့
ဒါန သီလ စတဲ့ ပါရမီကုသိုလ်တွေလည်း သည်အတိုင်းပဲ။ဘုရားဖြစ်တော်မူသည်အထိ အနန္တရသတ္တိ အာသေ၀နသတ္တိနဲ့ ပါလာကြတာ။
ဘုန်းကြီးတို့ ဦးပဉ္ဇင်းတို့ ကုသိုလ်တွေလည်း သည်အတိုင်းပဲ။

Friday, 31 January 2014

မိမိထံ ကောင်းသောနက္ခတ်ရောက်စေပြီး အနာကင်း ချမ်းသာခြင်းသို့ ရောက်စေသော ဂါထာတော်

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ကောင်းသောနက္ခတ်,ကောင်းသောအကျိုးစီးပွားများ မိမိ၏အထံသို့ ရောက်ရှိစေသော ပရိတ်တရားတော်မြတ်များကို ဟောကြားတော်မူခဲ့လေသည်။ ထိုပရိတ်တော်တို့ကို ရှေးဆရာတော်ကြီးများမှ သူ့အချိန်ခါနှင့်သူ ရွတ်ဖတ်နိုင်ကြစေရန် ယှဉ်တွဲစီစဉ်ပေးတော်မူခဲ့ပါသည်။ အစီအစဉ်တကျ ရွတ်ဖတ်ပုံမှာ---


၁။ မင်္ဂလသုတ်=အလှူမင်္ဂလာ, အိမ်တက်မင်္ဂလာ, စသည့် မင်္ဂလာနှင့်စပ်သောအခါ၌ ရွတ်ဖတ်ရမည်။
၂။ ရတနသုတ်=ကပ်သုံးပါး ဆိုက်ရောက်သောအခါနှင့် အိမ်၌ စီးပွားဥစ္စာ တိုးတက်စေရန်အတွက် ရွတ်ဖတ်ရမည်။
၃။ မေတ္တသုတ်=အချင်းချင်း မညီညွတ်သည့်အခါ  နတ်တို့ခြောက်လှန့်သောအခါ သူတပါးရန်ငြှိုးဖွဲ့သောအခါတို့၌ ရွတ်ဖတ်ရမည်။
၎။ ခန္ဓသုတ်=မြွေ၊ ကင်း၊ သန်း၊ စသော ဘေးအန္တရာယ်ရှိသောအခါ ရွတ်ဖတ်ရမည်။
၅။ မောရသုတ်=အနှောင်အဖွဲ့ အဖမ်းအဆီးခံရသောအခါ ရွတ်ဖတ်ရမည်။
၆။ ဝဋ္ဋသုတ်=မီးဘေးအန္တရာယ်ရှိသောအခါ၌ ရွတ်ဖတ်ရမည်။
၇။ ဓဇဂ္ဂသုတ်=စစ်ဖြစ်ပြီး ကြောက်မက်ဖွယ်ဖြစ်သောအခါ၌ ရွတ်ဖတ်ရမည်။
၈။ အာဋာနာဋိယသုတ်=ဘီလူး, သရဲ, စသည်တို့ နှိပ်စက်ဖမ်းစားသောအခါတို့၌ ရွတ်ဖတ်ရမည်။
၉။ အင်္ဂုလိမာလသုတ်=အမျိုးသမီးများ မီးမဖွားနိုင်သောအခါ၌ ရွတ်ဖတ်ရမည်။
၁၀။ ဗောဇ္ဈင်သုတ်=ရောဂါအနာ ဖြစ်သောအခါ၌ ရွတ်ဖတ်ရမည်။
၁၁။ ပုဗ္ဗဏှသုတ်=ဂြိုဟ်စီးဂြိုဟ်နင်း  မကောင်းသောအခါ၊ ကံဇာတာ ညံ့သည့်အခါ၊ နိမိတ်မကောင်းသည့်အခါတို့၌ ရွတ်ဖတ်ရမည်။

Monday, 27 January 2014

စိတ်ကူးပျော်ရာ: ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ ရုပ်ပွားဆင်းတုကိုးကွယ်နည်း:


ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ရုပ်ပွားဆင်းတုကိုးကွယ်မှုနဲ့ ပတ်သက်၍ ဤသို့
မိန့်တော်မူပါသည်။ =

အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။ အဲဒီလို ကြည်ညို
တော့ ဒီပုံဆိုရင်တော့ အန္တရာယ်ကင်းမယ်။ ဒါနဲ့ ထုထားရင်တော့အန္တရာယ်ကင်းမယ် ဆိုပြီး
တော့ အဲဒီလို ကြည်ညိုတတ်ကြတာပဲရှိတယ်။
ဒီအသားနဲ့ထုရင်၊ ဒီပုံထုရင်တော့ လာဘ်လာဘတွေ ပေါမယ်ဟေ့၊ စီးပွားဥစ္စာတွေ
တတ်တယ်ဟေ့ ဆိုပြီးတော့ ကြည်ညိုတတ်ကြတာတွေ ရှိပါတယ်။

အဲဒီလို ကြည်ညိုတဲ့သဒ္ဓါတရားကို ပြန်ကြည့်ပါ။ အန္တရာယ်ကင်းအောင်၊ အန္တရာယ်တွေ
မလာရအောင်လို့၊ ဟာ....ဒက္ခိဏသာခါဆိုရင် မီးကွင်းတယ်ဟေ့၊ ဘာအသားဆိုရင် ဘယ်လို
ဖြစ်တယ်ဟေ့၊ ရေဆန်သားဆိုရင် ဘယ်လိုဟေ့ စသည်အားဖြင့် အန္တရာယ်တွေကင်းအောင်
ကိုးကွယ်တယ် ဆိုတာက ကြောက်တဲ့ ဒေါသပါနေတယ်။
အန္တရာယ်ကင်းအောင်လို့ ကိုးကွယ်တာထက် ကိုးကွယ်ရင် အန္တရာယ်ကင်းတယ်ဆိုတဲ့
အသိချင်းက ကွာသွားပြီ။ အန္တရာယ်ကင်းအောင် ကြောက်လို့ ကိုးကွယ်တယ် ဆိုရင်တော့
အဲဒီ သဒ္ဓါတရားက အားနည်းသွားတယ်။ အစစ်လည်း ဖြစ်ခဲတယ်။

နောက်တစ်ခုက အကျိုးစီးပွားတွေဖြစ်အောင်လို့ ကိုးကွယ်တယ် ဆိုပြန်တော့လည်းပဲ
ဘာတွေရောတတ်သလဲဆိုတော့ လောဘ ရောတတ်တယ်။ ဟာ .. ဘုရားကို ဒီလိုပုံလေးထုမှ
လာဘ်လာဘတွေ ရွှင်တယ်ဆိုရင် အဲဒီအတိုင်း လိုက်လုပ်ကုန်ရော။ အဲဒီအတိုင်း လိုက်လုပ်
တော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေ အကုန်ပျောက်ကုန်ရော။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေနဲ့ တူအောင်လို့ဆိုတာ
တကယ့်ကို သဒ္ဓါတရားနဲ့ ပုံတော်ကို ကြည်ညိုတဲ့နေရာမှာ စိတ်ထဲကကို ဘုရားရှင်ကိုယ်တော်
မြတ်ကြီးကို လက္ခဏာတော်ကြီးငယ်တွေနဲ့ ဒီလိုပုံ ဒီလိုပုံလို့ သိလေလေ၊ ပိုပြီးတော့ သဒ္ဓါက
တက်လေလေပါပဲ။

သဒ္ဓါက တက်လာတော့ ဦးပဉ္စင်းတို့ စောစောကပြောသလို ဘုရားဆင်းထုတော်ကို
ရွေးတယ်၊ ရွေးတယ်ဆိုတဲ့ သဒ္ဓါတရားက တကယ့်သဒ္ဓါတရား မဟုတ်သေးပါဘူးတဲ့။
တကယ့်သဒ္ဓါတရားအစစ်ကျတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်
ကြီးငယ်တွေကို အာရုံပြုတတ်တယ်။ လက္ခဏာတော်ကြီးငယ်တွေကို ဘာကြောင့် အာရုံပြု
တတ်တာလဲ ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အသားအရေတွေ၊ ဘုရားရှင်ကိုယ်
တော်မြတ်ကြီးရဲ့ ခြင်္သေ့မင်းကဲ့သို့ ရင်ဘတ်တော်တွေ၊ အဲဒါတွေကို မြင်လိုက် တွေ့လိုက်ရ
တာနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေအထိ သွားမြင်တယ်။

{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များပေါင်းချုပ်မှ ထုတ်နုတ်
ရေးသားပူဇော်ပါသည်။ }

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ရေးသားသူ - ဦးသိန်းဝေ

မြတ်ဗုဒ္ဓ၏ ဓမ္မစာစုများ.
 

Thursday, 16 January 2014

ရှာလို့လဲ မတွေ့ ကြာလို့လဲ မမေ့သော အမေ




အမေ့မေတ္တာ ကျေးဇူးတရားတွေကို ခိုင်းနိုင်းတင်စား စာဖွဲ့ ကြတာ လောကဥပမာ အမျိုးမျိုး အဖုံဖုံ ပါဘဲ ။ တကယ်လဲ ကြီးမားလှတဲ့ခိုင်မာတဲ့ မေတ္တာရှင် ဖြစ်ပါသည် ။

အဆုံးအစ မဲ့ ချစ်ခြင်းနဲ့ သာ သားသ္မီးတို့ကို ချစ်တဲ့ အမေ ပါ။ သိတတ်စရွယ်က စလို့ အသက်ရွယ် ကြီးတဲ့ ထိ ချစ်ခြင်းတွေ မပြောင်းလွဲတဲ့ အမေ။ လမ်းလျှောက်သင်စ အရွယ်တုံး က တလှမ်းချင်း လှမ်းလျှောက် သင်ပေးခဲ့ တာကို သတိယပြီး .. မိခင်အိုကြီး စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျှပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစုံနဲ့ မိခင်အိုကို ကူတွဲ သင့်ပါသည်။
မိဘနှစ်ပါး၏ ဂုဏ်တော် အနန္တများသည် ....
(၁) သုဟဒယဂုဏ်-- ဆိုတဲံ အရိုး ၊ အကြော ၊ အသွေး သားထဲက စိမ့်ပြီးသားသ္မီးကိုချစ်ခြင်း ။
(၂) ဗြဟ္မာဂုဏ်--- ဆိုတဲ့ မေတ္တာ ၊ ဂရုဏာ ၊မုဒိတာ ၊ ဥပေက္ခာ လေးပါးနှင့် စောင့်ရှောက် ခြင်း ။
( ၃) ဇနေတ္တိဂုဏ်--- ဆိုတဲ့ အသက်စွန့် ပြီး မွေးသော အမေ ၊ အသက်စွန့်ပြီး ရှာ ကျွေးသောအဖေဖြစ်ခြင်း

(၄) ပေါသကဂုဏ်---ဆိုတဲ့ အေးမြပြီး သန့်ရှင်းကြည်လင်သော မိဘနှစ်ပါး၏အရိပ် ရခြင်း ။
(၅) ပေါသနန္တိဂုဏ် ----ဆိုတဲ့ လေပူနေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း ။
(၆)ဒေဿတာရာဂုဏ်---ဆိုတဲ့ စကားပြောသင်ခြင်းမှအစ ဘုရားရှိခိုးနည်း ၊ဆွမ်းကပ်နည်း ၊ ကြီးသူကို ရိုသေငယ်သူကိုညှာတာတတ်အောင် သင်ကြားပေးခြင်း ။
(၇) အာပါဒကာဂုဏ်--- ဆိုတဲ့ ဘေးရန်ကင်းစေ ရန်အသက်စွန့်ပြီး ကာကွယ်စောင့်ရှောင့်ခြင်း ။
(၈) တေသယန္တိဂုဏ်---- ဆိုတဲ့ တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း ။
(၉) ပုဗ္ဗာဒေ၀တာဂုဏ်--- ဆိုတဲ့ အိမ်ဦးနတ် ဖခင် ၊မိခင် ဖြစ်ခြင်း ။
(၁၀)ပုဗ္ဗာစရိယဂုဏ်--- ဆိုတဲ့ လက်ဦးဆရာမည်ထိုက်စွာ စာရိတ္တမပျက်စီးစေရန် ဘာသာရေးနှင့် သိမ်းသွင်းခြင်း။
(၁၁)ဂေါပါယန္တိဂုဏ်---ဆို တဲ့ စားဝတ်နေရေး၊ ပညာရေး မပူပင်ရအောင် လုပ်ဆောင်ပေးသော အေးသောအရိပ်ပေးခြင်း ။
(၁၂) အာယုနေယျဂုဏ် ---ဆိုတဲ့ ပစ္စည်း လေးပါးဖြင့် ကန်တော့ခံရသည် ပုဂ္ဂိုလ်ဖြစ်ခြင်း ။
(၁၃)အနာမဋ္ဌဂုဏ် ---ဆိုတဲ့ ရဟန်းဆွမ်းမဘုဉ်းမပေးမိ မိဘနှစ်ပါးအား အရင်ဆုံး ဆွမ်းစားစေခြင်း အခွင့်ရရှိသောမိဘနှစ်ပါးဖြစ်ခြင်း အစရှိသောမိဘဂုဏ်(၁၃)ပါး တို့ဖြစ်၏။ ။

Saturday, 11 January 2014

စိတ်ညစ်ရင် ဘာလုပ်မလဲ?


စိတ်ညစ်ရင်ဘာလုပ်မလဲလို့ မေးလာရင် အဖြေတွေက အမျိုးမျိုးထွက်လာမှာပါ။
ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်တဲ့အကြောင်းအရာတွေက မ တူညီကြလို့ပါ။ တူညီတဲ့အကြောင်းအရာကတော့ စိတ်ညစ်နေရင် ဘာမှမလုပ်ချင်တော့တာ၊ တစ်ယောက်တည်းပဲအေးအေးဆေးဆေးနေချင်တာ၊ တွေးလိုက်တိုင်းရင်ထဲမှာ ပူလောင်နေတာစတဲ့
အချက်လေးတွေကတော့ တူညီနေတတ်ပါတယ်၊

တစ်ချို့သူများစိတ်ညစ်တာက အလုပ်တစ်ခုကိုနေ့စဉ်လုပ်နေရလို့ဆိုပြီး
စိတ်ညစ်တတ်ကြပါတယ်။ဒါပေမဲ့ ဒီအလုပ်ကိုလက်လွှတ်ပစ်ဖို့ဆိုတာလဲ မဖြစ်ဘူးလေ၊
ဒီအလုပ်ကပဲ ကိုယ်ကိုယ့် နေ့စဉ်ရှင်ဖို့ ကူညီထောက်ပံ့ပေးနေတော့ စိတ်နာနာနဲ့
မင်းကိုချစ်နေမိတော့ တယ်ဆိုတာလို တစ်နေ့လာလဲ ဒီအလုပ်၊ နောက်တစ်နေ့လာလဲ
ဒီအလုပ်ဆိုပြီး လုပ်နေကြရတာလေ။

ဆွမ်းတော် စွန့်ခြင်း




အရှင်ဘုရားတပည့်တော်မမေးချင်တာလေးရှိလို့ပါဘုရား အရှင်ဘုရားဖြေပေးမယ်ဆိုရင် တကယ်ကို
ဝမ်းသာမိမှာပါဘုရား။တပည့်တော်မတို့ကအလုပ်ကို မနက်အစောကြီးသွားညမိုးချုပ်မှပြန်ရောက်ပါတယ်
ဘုရား။အလုပ်မသွားခင်မှာ ဆွမ်းတော်နဲ့သောက်တော်ရေချမ်းကိုအမြဲကပ်လှူပါတယ်။
ညမိုးချုပ်ပြန်ရောက်မှပဲစွန့်ရပါတယ်ဘုရား။အဲ့ဒီ့အတွက်တပည့်တော်မစိတ်ထဲမတင်မကျဖြစ်မိပါတယ်။ပြန်ရောက်မှစွန့်ရတဲ့အတွက်ကုသိုလ်မရ ငရဲရမှာကြောက်ပါတယ်ဘုရားမိုးချုပ်မှစွန့်ကောင်းလား။မစွန့်ကောင်းလားသိချင်ပါတယ်ဘုရား။
  ( ပန်းအိမ် စံ )

လူတွေမှာ ရှစ်ပါးသီလဆောက်တည်ထားပါလျှင် ညစာမစားရပါဘူး။ ထို့ကြောင့် မြတ်စွာဘုရားရှင်ကို ဆွမ်းတော်တင်တာကောင်းပါတယ်။ ဒါပေမယ့် ၁၂နာရီမကျော်ခင်စွန့်ပါလို့ အကြံပြုပါတယ်။ ကိုယ်တိုင်မစွန့်နိုင်ပါလျှင် အိမ်မှာရှိသူတစ်ဦးဦးအား စွန့်ခိုင်းစေချင်ပါတယ်။ သို့မဟုတ် ရုံးမသွားခင် အရုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီးလျှင်သော်လည်းကောင်း ဆွမ်းတော်တင်ပြီး ရုံးသွားခါနီးစွန့်နိုင်ပါတယ်။ဒကာမ။ ညနေထိတော့ မထားကောင်းပါ။

Friday, 10 January 2014

အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံ လေသံလောက်လေးနဲ့ ပေးလို့ရပါသလားဘုရား


မေး။           ။          ဆရာတော်ဘုရား တပည့်တော်အခု တရားစာအုပ်တွေဖတ်ပြီး လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားနေပါတယ်ဘုရား။ အဲဒီမှာ အခက်အခဲရှိတာတစ်ခုက အမျှဝေခြင်းပါပဲဘုရား။ လမ်းသွားရင်း အမျှဝေချင်တယ်။ ကိုယ်ပြုခဲ့တဲ့ကုသိုလ်တွေကို အဲပတ်ဝန်းကျင်မှာရှိတဲ့
လမ်းစောင့်နတ်၊ မြို့စောင့်နတ်အစရှိသဖြင့် အမျှဝေချင်လို့ပါဘုရား။

ခက်တာက အမျှကို အကျယ်ကြီးလူကြားအောင်အော်ရွတ်လို့ကလည်းမရ။ လူကြားသူကြားထဲမှာ အထူးအဆန်းကြီးလိုဖြစ်နေပြီး ရှက်လည်းရှက်လို့ပါဘုရား။လေသံတိုးတိုးလေးနဲ့ အမျှအမျှလို့ရွတ်ရင်ကော
သူတို့ကြားပါမလားဘုရား။ သူတို့ကိုယ့်ကုသိုလ်ကို သာဓုခေါ်နိုင်ပါလားဘုရား။ ဖြစ်နိုင်ရင်
စိတ်ထဲကနေပဲရည်စူးပြီး စိတ်ထဲကနေရွတ်ရင် ရပါသလားဘုရား။ ဒါမှမဟုတ် အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံ လေသံလောက်လေးနဲ့ ပေးလို့ရပါသလားဘုရား။

မှန်မှန်ကန်ကန် ရောင့်ရဲတတ်ကြပါမှ


အသက် ၇၀-ဝန်းကျင်ရှိ ကျွန်တော့် မိတ်ဆွေ တစ်ယောက်သည် ကျွန်တော့်အိမ်သို့ ရောက်လာပါသည်။
သူသည် ကျောင်းသားဘဝက စ၍ နိုင်ငံရေးနှင့် နိုင်ငံရေး စာပေကိုသာ ထက်သန်သူ ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စပ်လျဉ်း၍ကား လေ့လာမှု အလွန် အားနည်းပါသည်။ မိဘများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၍သာ မိရိုးဖလာ ဗုဒ္ဒဘာသာဝင် အမည် ခံခဲ့သူ ဖြစ်ပါသည်။     
                       
ထွေရာလေးပါး ပြောဆို ကြရာတွင် မြန်မာ နိုင်ငံ တိုးတက်သင့် သလောက် မတိုးတက်သည်မှာ ဗုဒ္ဓဘာသာ အယူဝါဒ ကြောင့်များလားဟု ဝေဖန်ပါသည်။ အဘယ်ကြောင့် ဤသို့ ပြောရသနည်းဟု မေးကြည့်ရာ “ရောင့်ရဲရမည်”ဆိုသည့် အယူအဆ ကြီးက ဟန့် တားရာ ရောက်နေသလားဟု ထင်မြင်မိကြောင်း
ပြောပြပါသည်။ ကျွန်တော်က “ရောင့်ရဲခြင်း”၏ အဓိပ္ပာယ်ကို မှန်မှန် ကန်ကန် နားမလည်ကြဘဲ
ဖြစ်နေကြကြောင်း၊ ၃၈-ဖြာ မင်္ဂလာ တရားတော်၏ နံပါတ် ၂၀-မြောက်မှာ ပါသော“သန္တုဋ္ဌိစ ကတညု တာ”ဆိုသော “ရသမျှနှင့် မျှတရောင့်ရဲ လွယ်နိုင်ရမည်”ဆိုသည်ကို ကျကျနန ရှင်းပြလိုက်သည့် အခါမှ သူ မှားသွားကြောင်း ဝန်ခံသွားပါသည်။
                             

ဝန္ဒနာ ပဏာမ အာသီသဂါထာ


စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက် တိုက်အုပ်ဆရာတော်
ဆရာတော် ဦးနန္ဒမာလာဘိဝံသ
တရားပွဲမစတင်မီ မဟာကရုဏာရှင် ဘုရားရှင်အား အမြဲတမ်းရှိခိုးလေ့ရှိသော
                                     ဝန္ဒနာ ပဏာမ အာသီသဂါထာ                                      
ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊ ကာလံ ကရောန္တော အတိဒုက္ကရာနိ။
                 ခေဒံ ကရော လောကဟိတာယ နာထော၊ နမော မဟာကာရုဏိကဿ တဿ။
                                                             
              ယော နာထော-ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှုင်တော်မြတ်ဘုရားသည်။
              ကပ္ပကောဋီဟိပိ-ကုဋေကမ္ဘာ အရေအတွက်သင်္ချာတို့ဖြင့်သော်လည်း၊
              အပ္ပမေယျံ-ရေတွက်တိုင်းတာ ဖော်ပြခြင်းငှါ မစွမ်းနိုင်ပါသော၊
              ကာလံ-လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊
              လောကဟိတာယ-သတ္တလောက၏ အကျိုးစီးပွားအလို့ငှါ၊
              အတိဒုက္ကရာနိ-ဥစ္စာအသက် ခြေလက်အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သည်းထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသောအမှုတို့ကို၊
              ကရောန္တော-ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊
              ခေဒံ-လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
              ကတော-ဘဝအတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရရှာလေပြီ၊
              မဟာကာရုဏိကဿ-သတ္တဝါအများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊
              တဿ နာထဿ-ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသည့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊
              နမော-ရိုသေပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊
              အတ္ထု-ဘဝတု-စင်စစ်မသွေ ဖြစ်ပါစေသတည်း။

အသောကကျောက်တိုင်များ


ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။
အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။
အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟော်တော်မူသောနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။ "ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။

ရှင်မဟာသီလဝံသ ဆုံးမစာ


၁။ ငါကားသည်စာ၊ သည်ဂါထာကို
မြဲစွာကြပ်မတ်၊ ဆရာအပ်သော်
တတ်လှစေချင်၊ ငါ့ကိုသင်ဟု
ထိပ်တွင်လည်းရွက်
လျင်လျင်ရအောင် ကြိုးစားကျက်။

၂။ အချိန်တန်၍၊ စာအံဆိုလျှင်
မရွှင်မျက်နှာ၊ မသာမချို
ထိုထိုအကြံ၊ ကြီးစွာဖန်၍
မအံတခါ၊ အံတခါနှင့်
မျက်နှာတပါး၊ စာတခြားလည်း
စကားပြောဟော၊ တသောသောသည်
ရယ်မော၍လည်း မနေနဲ့။

၃။ မပြတ်အသံ၊ တညံညံသည်
စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ
သည်လည်း ညသတ်၊ ပြတ်ပြတ်သားသား
စကားဆိုထွေ ပီလှစေ။

၎။ သင်ပုန်းထန်းရွက်၊ ပေထက်စီကာ
ရေးသောခါလည်း
အက္ခရာကို၊ သေချာလှစေ
စာလုံးကိုလည်း လှလှစေ။

                                  ရှင်မဟာသီလဝံသ

ခက်ဆစ်အဖွင့်--
၁။ ဂါထာ=ဆန်းကျမ်းတွင် ပြဆိုထားသည့် စည်းကမ်းတို့နှင့်အညီ ရေးစပ်ထားသော ပါဠိအစီအကုံး။
၂။ လျင်လျင်=မြန်မြန်။
၃။ စာအံ=စာကို နှုတ်တက်ရအောင် အခေါက်ခေါက် ဆိုသည်။
၎။ သောသော=ဆူဆူညံညံ။
၅။ ကြပ်ကြပ်=မြဲမြံစွာ၊ အမြဲအစွဲ၊ အခိုင်အမာ။
၆။ သင်ပုန်း=စာရေးနိုင်အောင် ပျဉ်ပြားကို ဆေးသုတ်၍ဖြစ်စေ၊ အနက်ရောင် ကျောက်ချပ် (အသွင်ပြောင်း ကျောက်တမျိုး) ကို ဖြစ်စေ ပြုလုပ်ထားသော အချပ်။
၇။ ထန်းရွက်=စာ သို့မဟုတ်-အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ထန်းပင်၏ အရွက်။
၈။ ပေရွက်=စာ သို့မဟုတ် အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ပေပင်၏ အရွက်။

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ


၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။

၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည်ရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

                                     ရှင်မဟာရဋ္ဌသာရ


ခက်ဆစ်အဖွင့်---
၁။ ထုံး=လိုက်နာ စံပြုစရာနည်းလမ်း၊ အစဉ်အလာ။
၂။ လျင်လျား=အလျင်အမြန်။
၃။ နှီးနှော=ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း=စွဲမိစွဲရာကို မလွှတ်ပဲ တွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း=ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်=အမှန်။
၇။ တစေ=အမြဲ။
၈။ သြဝါဒ=ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ=အဖန်တလဲလဲ မပြတ် ကျင်လည်ရာ ဘဝအစဉ်။
၁၁။ ဝဋ်=ပြုမိခဲ့သော မကောင်းမှု အကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ=ရွှေတုံး ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။

အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ-၏ သြဝါဒကထာ


(၁)။ သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး-၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၂။ သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၎။ ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ ဘုရားတည်း။

(ဘုရားရှင် ပွင့်တော်မူရခြင်း၏ ရလာဘ်)
ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကိုသလ်နှင့်, ထိုထိုဘုံဘဝ, မသိရ, များလှ အပြစ်တွေ။
ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွှန်ကြား, မြတ်တရားကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, သိကြရ, များလှ ကျေးဇူးတွေ။
ကျေးဇူးတော်ရင်, ဘုရားရှင်ကို, နေ့စဉ်မပြတ်, ကျေးဇူးဆပ်ဖို့, အမြတ်ရတနာ, သာသနာ၏, နှစ်ဖြာဝန်ထမ်း, လွန်ကြိုးပမ်း, လူစွမ်း ပြကြစေ။

ငရဲရှိတယ်, တိစ္ဆာန်ရှိတယ်, ပြိတ္တာရှိတယ်, လူနုံ လူမွဲ လူဆင်းရဲ ရှိတယ်, သေရဦးမယ် သတိထား။

သံဝေဂဝတ္ထု ရှစ်ပါး
အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ, အောင်းခဲ့ရချေ, တည်သန္ဓေနှင့်, လူ့ပြေလူ့ရွာ, ရောက်ပြန်ပါလည်း, အို နာ သေရေး, ဒုက္ခဘေးကြောင့်, စိတ်အေးကိုယ်ခိုင်, မနေနိုင်ခဲ့, ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှပါယ်ရွာ, ရောက်ကြရှာ၏။
အတီတာရှေး, ဤဝဋ်ဘေးနှင့်, နောင်ရေး နာဂါတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုံးမှာလည်း, အစာရှာရ, ထိုဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ ရကြောင်းတည်း။

မီး ၁၁-ပါး
သူသူငါငါ, ဖြစ်လေရာဝယ်, ဦးစွာကြိုဆီး, ဇာတိမီးက, အပြီးပုံသေ, လောင်မြိုက်လေ၏။
မသွေတစ်သီး, ဇရာမီးလည်း, အပြီးနောက်မှာ, ကပ်လျက်ပါ၏။
မကွာစေရ, မရဏဟု, တစ်ဘဝဖျက်ဆီး, လောင်သည့်မီးလည်း, ငြီးငြီးပြောင်ပြောင်, အမြဲလောင်၏။
လောင်ပုံလောင်အား, မထင်ရှားပဲ, နုထွားပြိုမြစ်, အရွယ်ဖြစ်သော်, အချစ်ရာဂ, မီးတွေထ၍, ဒေါသထန်ပြင်း, မောဟညှဉ်း၏။
မကင်းနိုင်အောင်, ထို့နောက်နောင်လည်း, တောက်လောင်ဖိစီး, သောကမီးကြောင့်, ဝမ်းနည်းဖွယ်တွေ, အထွေထွေနှင့်, ပရိဒေဝ, ငိုကြွေးကြဖို့, ဒုက္ခလည်းထပ်, ဒေါမနသ်နှင့်, ဆက်စပ်မကွာ, ဥပါယာသ, လွန်ပြင်းပျ၍, သက်မျှမရှူ, တက်အောင်ပူသည်,---ဆူဆူဆယ့်တစ် မီးတောက်တည်း။

အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေး ၃-ပါး
အိုအိုလူများ, သတိထားလော့, သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်း ဒုတိယ, မရောက်ကြဘူး၊
ဒုတိယလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်း တတိယ, မရောက်ကြပင်၊
တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေ့တိုးတစ်ဖုံ, လွန်ပုံတစ်ဝ, အောက်ချတစ်ခင်း, ထိခြင်းတလွေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, အခန်းခန်း၌, ခြေလှမ်းပိုင်းခြား, စိတ်ခြောက်ပါးဝယ်, သွယ်သွယ်နာမ်တန်း, ရုပ်အတန်းတို့, နှမ်းအိုးခင်းထက်, နှမ်းတွေကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည်, ဒုက္ခ-အနတ္တချည်းသာတည်း။

ဆရာတော့် အဓိဋ္ဌာန်
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက, နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့, အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ ဘာသာအတွက်မို့, ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့, ကုသိုလ်ရေးမို့ ကြိုးစားမည်။
( ဒို့လဲ ကြိုးစားမည် )

Monday, 30 December 2013

မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသော မိတ်ဆွေစစ် (၁၆) ယောက်

                          

(က) ဥပကာရက မည်သော ကျေးဇူးပြုတတ်သော မိတ်ဆွေစစ် (၄)ယောက်
...........................................................................................

၁။ မိမိက နေမကောင်းလျှင်၊ ဒုက္ခရောက်နေလျှင် စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၂။ မိမိက မေ့လျော့တတ်လျှင် စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၃။ မိမိက ကြောက်ရွံ့တတ်လျှင် အားကိုး အားထားရာဖြစ်သော မိတ်ဆွေစစ်။
၎။ မိမိက ပြုဖွယ် ကိစ္စရှိလာလျှင် လိုအပ်သည်ထက် နှစ်ဆ ကူညီတတ်သော မိတ်ဆွေစစ်။

(ခ) သမာနသုခဒုက မည်သော ဆင်းရဲအတူ ချမ်းသာအမျှ
မိတ်ဆွေစစ် (၄)ယောက်
...........................................................

၁။ သူ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကိုမိမိ အားသာ ပြောပြတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကိုသူတစ်ပါးအား မပြောဘဲ နှုတ်လုံတတ်သော မိတ်ဆွေစစ်။
၃။ အခက်အခဲ ဘေးရန် အန္တရာယ် နှင့် ကြုံတွေ့လာလျှင်မိမိ ကို စွန့်ပစ်မသွားတတ်သော မိတ်ဆွေစစ်။
၎။ မိမိ အကျိုး အတွက် အသက်ကိုပင် စွန့်နိုင်သော မိတ်ဆွေစစ်။

(ဂ) အတ္ထက္ခာယီ မည်သော အကျိုးရှိသောစကားကိုသာ
ပြောသော မိတ်ဆွေစစ် (၄)ယောက်
.......................................................

၁။ မကောင်းမှု မပြုရန် တားမြစ်တတ်သော မိတ်ဆွေစစ်။
၂။ ကောင်းမှု ပြုရန် တိုက်တွန်းတတ်သော မိတ်ဆွေစစ်။
၃။ မကြားဘူးသေးသော သိမ်မွေ့ နက်နဲ့သည့် အကြောင်းအရာ ပညာရပ်တို့ကို ပြောကြားတတ်သော မိတ်ဆွေစစ်။
၎။ နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်း လမ်းမှန် ညွှန်ပြ၍ ဓမ္မလမ်းကြောင်းပေါ်သို့
မရောက်ရောက်အောင် ပြောဆိုတတ်သော မိတ်ဆွေစစ်။

(ဃ) အနုကမ္ပက မည်သော အမြဲကြင်နာ စောင့်ရှောက်သော
မိတ်ဆွေစစ် (၄)ယောက်
......................................................

၁။ မိမိ၏ အကျိုးစီးပွားဆုတ်ယုတ် ပျက်စီးမှုကိုမနှစ်သက်သောကြောင့် စိတ်ထဲမနေနိုင်ပဲ
ကူညီတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ အကျိုးစီးပွား တိုးတက်ကြီးပွါးလျှင်ကျေနပ်နှစ်သက်တတ်သော မိတ်ဆွေစစ်။
၃။ တစ်ပါးသောသူက မိမိ၏ အကြောင်း မကောင်းပြောလျှင် မခံနိုင်ပဲ တားမြစ်တတ်သော မိတ်ဆွေစစ်။
၎။ တစ်ပါးသောသူက မိမိ၏ ဂုဏ်ကျေးဇူးကို ချီးမြှောက်ပြောဆိုလျှင် ထောက်ခံပေးတတ်သော
မိတ်ဆွေစစ်။

credit to - ငရဲပြည်အကြောင်းသိကောင်းစရာ
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

Monday, 23 December 2013

ဘုရားပုံတော်ကို အာရုံပြုသင့်ပုံ

ဗုဒ္ဓါနုဿတိ
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများရာ၌"ဘုရားရှင်၏ ပုံဒြပ်တော်ကို အာရုံပြု၍ မစီးဖြန်းရ၊ ဂုဏ်တော်ကိုသာ အာရုံပြု၍ စီးဖြန်းရမည်"ဟု ပြောကြသည်၊ ဘုရားရှင်၏ ရုပ်ပုံတော် သပ္ပါယ်ပုံသည် ဘဂ၀ါဂုဏ်တော်၌ ပါဝင်သော သိရီဘုန်းတော်ပင်တည်း၊ ထို့ကြောင့် ရုပ်ပုံတော်ဖွင့်, ရောင်ခြည်တော်ဖွင့်, စေတီတော်ဖွင့်, အခန်း ၃-ပိုင်းကိုပြ၍ စဉ်းစားသောအခါ ဗုဒ္ဓရှင်တော်၏ အမျိုးဇာတ်အားဖြင့် ပင်ကိုယ်အတိုင်းပင် အလွန်တင့်တယ်တော်မူပုံ, တစ်ခါတစ်ရံ ရောင်ခြည်တော်ခြောက်သွယ်ဖြင့်သာ၍ သပ္ပါယ်တော်မူပုံ, ထိုမျှလောက် တင့်တယ်သပ္ပါယ်တော်မူသော ကိုယ်တော်ဖြင့် အားလပ်ခွင့်မရအောင် သတ္တ၀ါများ၏အကျိုးကို ပရိနိစံတော်မူချိန်အထိ ဆောင်တော်မူပုံများကို စိတ်ထဲ၌ ကြည်နူးဖွယ်ရာ ထင်မြင်လာပါလိမ့်မည်၊ ထိုသို့ ထင်မြင်လာသော ဘုရားအာရုံကို ပျောက်ကွယ်မသွားစေဘဲ အဖန်တလဲလဲ စွဲမြဲစွာ အာရုံယူနေမူကို "ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းတစ်မျိုး"ဟု မှတ်ပါ၊ (ဗုဒ္ဓ=ဘုရားကို + အနု=အဖန်ဖန် အထပ်ထပ်+သတိ=အမှတ်ရနေခြင်း၊) ထိုအာရုံယူမူ၏ ရှေးသူတော်ကောင်းတို့ ထုံးဟောင်းတစ်ခု ဖြစ်ကြောင်းကို မှတ်သားဖို့ရာ ဗုဒ္ဓအပဒါန်ပါဠိတော်မှ ထုတ်ပြဦးမည်။

Friday, 15 November 2013

လယ်တီဆရာတော်ဘုရားကြီး၏- သုကုမာရဆုံးမစာများ

ရွှေချိန်ခွင် -၁၅


ရွှေချိန်ခွန် အဆို။
၁၅- လူတို့သည် အနတ္တဖြစ်၍။ လ ။ လျော်ကန်သင့်မြတ်၏။

ဆရာတော်ရှင်းလင်းချက်။
ဤစကားမှာ သတ္တ၀ါတို့သည် အနတ္တပင်ဖြစ်သော်လည်း…
၁။ ဘုရားဟောသော တရားကို ငါသိအောင် လိမ္မာအောင် အားထုတ်မည်။
၂။ သိတိုင်း ကျင့်နိုင်အောင် ငါကျင့်မည်။
၃။ ဘုရားကို ကိုးကွယ်သော အကျင့်ကိုလည်း ငါကျင့်နိုင်အောင် ကျင့်မည်ဟု မိမိအားကိုလည်း မိမိကိုးရမည်။ ဘုရားကိုလည်း အားကိုးရမည်။
ခရစ်ယာန်ဘာသာဝင်တို့မှာ။ ။ ဘုရားတရားကို သိအောင် လိမ္မာအောင် ကျင့်နိုင်အောင်ဟူသော မိမိအားကိုးပယ်ထား၍ ဘုရားကိုသာ သက်သက်အားကိုခြင်းသည် အပြစ်ခပ်သိမ်းကုန်ငြိမ်းအောင် ကယ်နိုင်သောဘုရား မဟုတ်၍ မသင့်ပေ။
`အနန္တတန်ခိုးတော်ရှိတော်မှုသောကြောင့် ဘုရားမတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိ၍ မိမိ၌ ဘေးဥပါဒ်ရောက်သည့်အခါ ကယ်ပါ မ-ပါဟု ဆုတောင်းကြခြင်းသည် လျော်ကန်သင့်မြတ်၏´- ဟူသောစကား၌- ဘေးဥပါဒ်ရောက်သည်အခါ ကယ်ပါ မ-ပါဆိုလျှင် ခဏ ချက်ချင်း ဘေးဥပါဒ်ပျောက်ငြိမ်းလျှင် လျော်ကန်သင့်မြတ်ပေ၏၊ ကယ်ပါမ-ပါဆိုကာမျှနှင့် ခဏချက်ချင်း ပျောက်ငြိမ်းသည်ကို တစ်ယောက်မျှမမြင်ဘူး မကြားဘူးရ၊ မပျောက်ငြိမ်းနိုင်၍ ဆေးရုံတော်တွေ- ဆရာဝန်တွေနှင့် တကဲကဲနေရသူ, မပျောက်နိုင်ဘဲ သေ၍ သွားသူတို့ကိုမူကား မြင်ဘူးလှပါပြီ။

ရွှေချိန်ခွင် (၁၃-၁၄)


ရွှေချိန်ခွင်အဆို
၁၃- ဗုဒ္ဓဘာသာမှာ ဘုရားမရှိဘဲလျက် မိမိကိုယ်ကျင့်တရားကို ကျင့်လျှင်ပင်ဖြစ်နိုင်၏-ဟုဆို၍ ဘုရားကို အားမကိုး ဘုရားကို မခိုမှီးရာကျ၏။
ဆရာတော်ရှင်းလင်းချက်
ဤစကား၌---
မိမိကိုယ်ကျင့်တရားကို မိမိကျင့်မှ ဖြစ်နိုင်သည် မှန်ပါ၏၊ မိမိကိုယ်ကျင့်တရားကိုမူကား- ၁။ ဘုရားက ဟော၍ပေးမှ နေရာကျ ကျင့်တတ်သည်၊ ကျင့်တတ်အောင် ဟော၍ထားခဲ့ပေသော ကျေးဇူးတော်တွေသည် အနန္တရှိပေသည်ဖြစ်၍ ဘုရားကို အားလည်းကိုးရသည်၊ ခိုလည်းခိုမှီရသည်။
၂။ ဘုရား၏ ကျေးဇူးတော် ဂုဏ်တော်မြတ်ကို သိ၍ ယုံကြည်၍ အားကိုးခြင်း ကိုးကွယ်ခြင်း ၀တ်ပြုခြင်း လှူဒါန်းပူဇော်ခြင်းများသည်လည်း မိမိကိုယ်ကျင့်တရားပင် ဖြစ်သည်။
( ဦးစောလှဖြူ ဆိုခွင့်မရှိ)
တေရသမရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏။


ရွှေချိန်ခွင် အဆို
၁၄။ ဘုရားမရှိဘဲဖြစ်နိုင်လျှင် ။ လ ။ သွန်သင်ရာကျ၏ ။
ဆရာတော်ရှင်းလင်းချက်
ဤစကား၌--
၁။ အတုမရှိသော ကျေးဇူးရှင်ကြီးဖြစ်သော ဘုရားကို ကြည်ညိုစိတ်နှင့် မ-ပါ၊ကယ်-ပါ ဆုပေးတော်မူပါဟု တောင့်တခြင်းများသည်လည်း ကိုယ်ကျင့်တရားတွေပင်ဖြစ်သည်။
၂။ ဘုရားတည်းဟူသောအာရုံကို လှိုက်လှိုက်လှဲလှဲ အာခံခြင်းဖြစ်၍ ယခုအနီးအနား၌ ဘုရားမရှိသော်လည်း ရှိသလောက်ပြု၍ အာရုံခံနိုင်သောသူဖြစ်ပေ၍ အလွန်ကောင်းမြတ်သော ကိုယ်ကျင့်တရားကို အားထုတ်သောသူ ဖြစ်ပေသည်။
( ဘုရား အပိုအလကားဟု ဆိုခွင့်မရှိပေ။)
ဘုရားကို ကိုးကွယ်ခြင်းအမှုသည်။ ။ ကိုယ်ကျင့်တရားကောင်းကြီး တစ်ခုဖြစ်၍ ဤကိုယ်ကျင့်တရားသည်လည်း လိုပတ်အကျိုးကို ပေးနိုင်၏။
စုဒ္ဒသမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။

ရွှေချိန်ခွင် - (၁၂)


ရွှေချိန်ခွင် အဆို
၁၂-(က) ဂေါတမရှိသည့်အခါမှခို၍ မလုံ၊ ငါမတတ်နိုင် ငါသော်မှ သေရဦးမည်ဖြစ်၍ “သဗ္ဗေသတ္တာ ကမ္မဿကာ” ဟုဆို၏၊ ဘုရားမရှိဟု ယူသောကြောင့် တစ်ချက် ဘုရား မတတ်နိုင်၊ ၀ဋ်ဆိုက်၍ သေရသေးသည်ဟု ယူသောကြောင့်တစ်ချက် ဤအချက်နှစ်ချက် အကြောင်းကြောင့် ဗုဒ္ဓဘာသာ၌ ဘုရားကို ကိုးကွယ် ဆုတောင်းဝတ်ပြုရန် မလို။
(ခ) ခရစ်ယာန်ဘာသာက ဘုရားမရှိခဲ့သော် သတ္တ၀ါတို့သည် အနတ္တ သက်သက်ဖြစ်၍ တစ်စုံတစ်ခုကို မိမိစွမ်းအားဖြင့် မတတ်နိုင်ဟု အယူရှိ၍ ဘုရားကို ရှိခိုးဆည်းကပ် ကိုးကွယ် ကြ၏ ။

ဆရာတော် ရှင်းလင်းချက်
“ ဂေါတမဘုရားရှိသည့်အခါမှ ခို၍မလုံ ” ဟူသော စကား၌--
၁။ ခို၍လုံသည့် အမှုလည်းရှိသည်။
၂။ မလုံသည့် အမှုလည်းရှိသည်။
ခို၍လုံသည့် အမှုအပြစ်ဟူသည်ကား။ ။ မသိသောအပြစ် မတတ်သောအပြစ် မလိမ္မာ သောအပြစ် မိုက်မဲသောအပြစ် မှားယွင်းတတ်သောအပြစ် ကြမ်းတမ်းယုတ်မာသော အပြစ် နောက်နောက်ဘ၀တို့၌ ကာလအရှည် အပါယ်ငရဲ၌ ခံရသောအပြစ်၊ ဤအပြစ်မျိုးသည် ဘုရားကိုဆည်းကပ်ကိုးကွယ်၍ ဘုရားဟောသော တရားကို နေရာကျ ကျင့်သောသူတို့အား ထိုနေ့ကစ၍ မနှိပ်သက်နိုင်ပြီ၊ လွတ်ငြိမ်းချမ်းသာ၏ ၊ ထိုမသိတတ်သောအပြစ် မလိမ္မာ တတ်သောအပြစ် မိုက်မဲမှောက်မှားတတ်သောအပြစ်များကို ဘုရားမှသာ ကယ်နိုင်၏ ။

ရွှေချိန်ခွင် (၁၁)


ရွှေချိန်ခွင်အဆို
၁၁-(က) ခရစ်ယာန် ဘာသာ၌ မြတ်စွာဘုရား ထင်းရှာရှိ၍ “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ” ဟုကျမ်းဂန် လာသည် နှင့်အညီ ဘုရာထံ ခိုမှီ ကိုးကွယ်ကြ၏၊ ခိုမှီကိုးကွယ်ခြင်းနှင့် ဘုရားရှိသည်ဟု ဆိုခြင်းညီ၍ မှန်သည်ဟု သိသင့်၏။
(ခ) ဗုဒ္ဓဘာသာက ယခုဘုရားမရှိဟုဆို၍ ရှိခိုးပူဇော် ကိုးကွယ်ခြင်းနှင့်မညီ၊ မှားပြီဟု-သိသင့်၏။

ဆရာတော် ရှင်းလင်းချက်
ဤစကား၌-
“ ထာဝရဘုရားထင်ရှာရှိသည် ” ဟူသော စာအုပ်ငယ်များက အဆိုနှင့်သာ ပြောရသည်၊ ဗုဒ္ဓဘာသာနှင့် စာ၍ကြည့်သော် ကျမ်းဂန်အနေချင်းသည် အနန္တကွာကြသည်၊ ဗုဒ္ဓဘာသာကျမ်းဂန်ကြီးသည် မဟာသမုဒြာ လေးစင်း မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ တိုင်းကြီးခုနှစ်တိုင်းနှင့် အလားတူသည်၊ ခရစ်ယာန်ဘာသာ စာနုပ်ငယ်များသည် နွားခွါရာခွက်ရေမျှသာ ဖြစ်ချေသည်။

ရွှေချိန်ခွင် (၇-၈-၉-၁၀)


ရွှေချိန်ခွင်အဆို
၇- (က) ဗုဒ္ဓဘာသာ၌ ဘုရားအစဉ်မရှိ၊ တရားကိုကျင့်မှ ဖြစ်သည်၊ နောက် နိဗ္ဗာန်ဝင်၍ ပျက်စီးပြန်သည်ဟု ဆို၏ ။
(ခ) ပဌမဗုဒ္ဓ ကျင့်သောတရားကို အဘယ်သူ ထားခဲ့သနည်း၊ ကျင့်သည်အခါ ဘယ်ဘုရားထံ ဆုတောင်းပါ သနည်းဟု-မေးစရာရှိ၏၊ ပဌမဗုဒ္ဓသည် အဦးဆုံးဖြစ်၍ သူ့အထက်ကပေါက်သော ဗုဒ္ဓမရှိသေးသောကြောင့် မပေါက်ဘဲ နိစ္စထာဝရတည်နေသော မြတ်စွာဘုရား၏ တရားတော်ကို ကျင့်သည်၊ ထိုဘုရားထံ ဆုတောင်း သည် ဟု သိသင့်၏၊ ထိုနှင့်ပေါက်ရသော ဗုဒ္ဓသည် သမ္မာသမ္ဗု မဟုတ်၊ သုတဗုဒ္ဓ သက်သက်ဖြစ်၏။

ဆရာတော်ရှင်းလင်းချက်
ဤစကားကိုလည်း ဦးစောလှဖြူသည် ဗုဒ္ဓဘာသာတရား ကျမ်းဂန်နှင့် အနားအနီးမျှ မသီဘူးသောကြောင့် စကားဖြစ်ရသည် ဗုဒ္ဓဘာသာတရားကျမ်းဂန်နှင့် သီဘူးလျှင် စကားဖြစ်ဖွယ်မရှိ ။
အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော -ဟူသော ဒေသနာတော်မြတ်နှင့် အညီ သံသရာလည်း အစမရှိ ကမ္ဘာလည်း အစမရှိ သတ္တ၀ါလည်း အစမရှိ ဘုရားလည်း အစမရှိသည်ဖြစ်၍ အဘယ်မှာ “ ပဌမဗုဒ္ဓ-အဦးဆုံးဖြစ်သော ဘုရား ” ဟူ၍ ရှိပါအံ့နည်း ။

ရွှေချိန်ခွင် (၅-၆)


ရွှေချိန်ခွင်အဆို
၅-(က) ခရစ်ယာန်ဘာသာက ကိလေသာ တဏှာရာဂကို မြစ်တား၏ ။
(ခ) ဗုဒ္ဓဘာသာက မမြစ်တား ၊ ခွင့်ပြု၏ ၊ ခွင့်ပြုသောကြောင့် မိမိသဘောရှိသည့်အတိုင်း မယားများများ နေတတ်ကြ၏၊ ကွာရှင်းကြ၏၊ လောကမှသာ ခွင့်ပြုသည်အဟုတ်၊ နတ်ပြည်၌ နတ်သမီးငါးရာ၊ ခုနှစ်ရာ ဘုံခုနှစ်ဆင့်တွင် ခံစားစေသေး၏ ။

ဆရာတော် ရှင်လင်းချက်
ဤစကားကို ဦးစောလှဖြူသည် ဗုဒ္ဓဘာသာနှင့် အလွန်ဝေးသူဖြစ်၍ ဆိုမိလေသည်။
ငါတို့ဘုရားသည်။ ။ ကိလေသာ တဏှာရာဂများကို မစင်ဘင်ပုပ်ထက်မက အလွန်စက်ဆုပ်တော် မူလှသည်၊ စက်ဆုပ်တော်မူသောကြောင့်ပင်လျှင် ထီးနန်းစည်းစိမ်ကို စွန့်ပစ်၍ တစ်ကိုယ်တော်တည်း တောထွက်တော်မူကြောင်း တပည့်သားရဟန်းတို့ကိုလည်း ကိလေသာ တဏှာရာဂတို့ကို ကုန်စင်အောင် စွန့်ပစ်ခြင်းငှါ ဥစ္စာစီးပွား သားမယားနှင့် မစပ်ရကြောင်းကိုမျှ ဦးစောလှဖြူ မကြားဘူးဘဲ ရှိရလေသည်။
ယခုမျက်မြင်၌။ ။ တပည့်သားတော် အဆက်အနွယ်ဖြစ်၍ ကောင်းစွာကျင့်ပေးသော ရဟန်းတော် သံဃာတော်တွေ အနန္တရှိသည်ကိုမျှလည်း ဦးစောလှဖြူ အမြင်မျက်စိ မရှိရလေ ။
ကိလေသာအပေါင်းတို့တွင်-
၁။ မြင်ကောင်းသော အရာကို မမြင်နိုင်ဘဲ မိုက်မဲဖုံးပိတ်၍နေသော မောဟ ကိလေသာနှင့်
၂။ အမှားကိုးအားကျ၍ သွားတတ်သော ဒိဋ္ဌိကိလေသာသည် အဆိုးဆုံးဖြစ်ပါသည် ။
ထိုကြောင့် မယားတစ်ယောက်မှပင် မယူငြားသော်လည်း ထိုကိလေသာကြီး နှစ်ပါးဖက်သို့ ပါသော သူသည် မယားတစ်ထောင်ယူသောသူထက်ပင် အပြစ်ကြီးလှသည်ဟု တရားတော်ရှိသည်။
မယားများများယူသောသူသည်။ ။ ဘုရာစကားကို ကောင်းကောင်းကြီး နားမထောင်နိုင်သေးသော သူတို့သာတည်း၊ ဘုရာစကားကို ကောင်းကောင်း နားထောင်နိုင်သော သူတို့မှာမူကား ရဟန်းပြုကြရသည် ။
နတ်ပြည်၌ နတ်သ္မီးငါးရာ ခုနှစ်ရာနှင့် စံစားခြင်းသည် နတ်ပြည်၏ အလေ့ပေတည်း၊ ဘုရားတရားနှင့် မစပ်၊ ဘုရားစက်ဆုပ်တော်မူသော အမှုသာတည်း ။
ပဉ္စမရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏ ။


ရွှေချိန်ခွင်အဆို

၆-(က) ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံသရဏံ ဂစ္ဆာမိ- ဆိုသည့်အတိုင်း ခရစ်ယာန်ဘာသာမှာ ကိုးကွယ်ရာ သရဏံဂုံသုံးပါးရှိ၏ ၊ ထိုသုံးပါးသည်ကား ထာဝရမြတ်စွာဘုရားသခင် ရေရှုခရစ်တော်နှင့် ၀ိညာဏ်တော်ဖြစ်၏။
(ခ) ဗုဒ္ဓဘာသာမှာ ထိုသုံးပါးအနက် တရားတစ်ပါးသာ ရှိသည် ဘုရားနှင့် သံဃာမရှိ၍ မစုံလင် ။

ဆရာတော် ရှင်းလင်းချက်
ခရစ်ယာန်ဘာသာမှာ သရဏံဂုံသုံးပါးနှင့် ပြည့်စုံသည်ဆို၍ သုံးပါးကို ပြရာမှာ---
၁။ ထာဝရဘုရားသခင် တစ်ပါး
၂။ ရေရှုခရစ်တော် တစ်ပါး
၃။ ၀ိညာဏ်တော် တစ်ပါးကို ပြသည်။
ဤသုံးပါးကို ဦးစောလှဖြူကိုယ်တိုင် မြင်ဘူးသလော၊ မြင်ဘူးပါသည် ဆိုသူနှင့် တွေ့ဘူးရသလော။
( စာတွေ့ မျှလောက်ကို အစွဲပြု၍ ပြောရှာရသည်။)
ငါတို့မှာမူ။ ။ အထက် ပဌမစကားအချက်၌ ဆိုခဲ့ပြီးသော --
၁။ ဆံတော် သွားတော် စွယ်တော် အရိုးတော်တို့ကို ဘုရားပရိနိဗ္ဗာန်စံတော်မူသည့်နေ့မှစ၍ ယနေ့ထက်တိုင် ဆက်လက်မပြတ် စောင့်ရှောက်ကိုးကွယ်၍ လာကြသည်၊ အကျော်စေရ ဖြစ်တော်မူသော စေတီပုထိုးတွေ အထင်အရှားဖြစ်၍ ဘုရားလည်း မျက်မြင်ကိုယ်တွေ့ ဖြစ်သည်။
၂။ ပိဋကတ်သုံးပုံဟူသော တရားတော်လည်း အထင်အရှား ဖြစ်သည်။
၃။ ကလျာဏပုထုဇဉ် ဖြစ်ပေကုန်သော သမ္မုတိသံဃာတော်လည်း အထင်အရှားပင် ဖြစ်ပါသည်။
သူဆင်းရဲတစ်ယောက်ကို အိပ်၍ နေစဉ်အခါ စိတ်တန်းမိ တန်းရာနှင့် အထောင်တစ်ရာခန့်ရှိသော ရွှေပုံ ငွေပုံတွေကို အိပ်မက်မြင်မက်သည်ကို တကယ်မှတ်၍ ကစုန်း ကပွားထ၍ ကုဋေရှစ်ဆယ် ကြွဝသော သူဌေးကြီးထံ သွားပြီးလျှင် ယနေ့မှစ၍ ငါသူဌေးကြီး လုပ်မည်၊ သင်သူဌေးငယ်သာ လုပ်ရမည်ဟု ဆိုမှားသော သူနှင့် ခြားနားဦး မည်လော ။
ဆဋ္ဌရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏ ။

ရွှေချိန်ခွင် (၃-၄)


ရွှေချိန်ခွင် အဆို
၃-(က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တကရုဏာ ရှိသည် ဆို၏ ။
(ခ) ဗုဒ္ဓဘာသာကလည်း ဆို၏ ။
(က) အပြစ်ရှိသော သူသည် အကျွတ်တရားကိုရ၍ နောင်ထပ်မံမပြုမကျင့်ပါပြီ၊ ပြုမိသော ဒုစရိုက်အပြစ်အတွက် ချမ်းသာ ပေးသနားတော်မူပါဟု ခွင့်တောင်းလျှင် အနန္တကရုဏာတော်ရှိသည်ဟု ဆိုသောအတိုင်း ဘုရားက ခွင့်လွှတ်သည်ဟု ခရစ်ယာန်ဘာသာကဆို၏။
(ခ) ဗုဒ္ဓဘာသာက မလွှတ်၊ လွတ်လည်း မလွတ်နိုင်ဆို၍ ဘုရား၌ အနန္တကရုဏာတော်ရှိသည်ဟု ဆိုချက်နှင့်မညီ၊ အနန္တတန်ခိုးတော် ရှိသည်နှင့် မညီ။

ရွှေချိန်ခွင် (၁-၂)


(လယ်တီဆရာတော်တို့ခေတ်က ၀န်ထောက်မင်း ဦးစောလှဖြူ-ဆိုသော ခရစ်ယာန်ဘာသာဝင် တစ်ယောက်သည် ရွှေချိန်ခွင်-အမည်ရှိ စာအုပ်တစ်အုပ် ထုတ်ဝေကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို နှိုင်းယှဉ်ပြခဲ့၏။ သို့ရာတွင် သူ၏ ဘက်လိုက်သော အမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများကြောင့် ဗုဒ္ဓဘာသာဝင်တို့အား စော်ကားထားသလို ဖြစ်ခဲ့၏။ ထို့ကြောင့် မန္တလေးမြို့နေ ပညာဝန်ထောက် မောင်ကျော်ရန်ဆိုသူက ၎င်းရွှေချိန်ခွင်စာအုပ်ကို ရှင်းလင်းချက် ရေးပေးပါရန် လယ်တီဆရာတော်ထံ တောင်းပန်သဖြင့် “ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းကြရမည်” (ဗြဟ္မဇာလသုတ်) ဟူသော ဘုရားရှင်၏ သြ၀ါဒတော်အတိုင်း လယ်တီဆရာတော် ဘုရားကြီးသည် နေမကောင်း သည့်ကြားက ဖြေရှင်းရေသားခဲ့ဘူး၏။

ကုသိုလ် နှင့် အကုသိုလ် ပွားလာမှု


                             ကုသိုလ် နှင့် အကုသိုလ် ပွားလာမှု
          ကျွန်တော်တို့ ဓမ္မမိတ်ဆွေများအကြား အငြင်းပွားလျက် မဆုံးဖြတ်နိုင်သော ပြဿနာတစ်ရပ် ရှိနေပါသည်။
          အချို့က ကုသိုလ်သည် ပြုလုပ်ပြီးသည့်နောက်တွင် ပြန်၍တွေးမိတိုင်း ကုသိုလ်စိတ်တွေတိုးကာ ပွားများလာသကဲ့သို့ အကုသိုလ်တွင် ပွားများသော အင်အားမရှိဟု ဆိုပါသည်။
          အချို့က အကုသိုလ်ပြုပြီး နောင်တ(ကုက္ကုစ္စ)ရတိုင်း စိတ်နှလုံးပူလောင်ပြီး အကုသိုလ်စိတ်တွေ ပွားများလာသည်ဟု ဆိုပါသည်။
          ပြောသူများက အကိုးအကားများနှင့် ပြောကြခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့ကတော့ မြတ်စွာဘုရား ဟောခဲ့သည့် အမှန်တရားကို သိလိုနေပါသည်။
                                                                                      မောင်မှုးတို့အဖွဲ့
                                                                                      (ဝေယျာဝေစ္စအသင်း)

Thursday, 7 November 2013

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း


==================
"အသင်္ချေ" ဆိုတာ "မရေမတွက်နိုင်အောင် များပြားသော" လို့ အဓိပ္ပါယ်ရပါတယ်။
(မရေမတွက်နိုင်ဘူးလည်း ဆိုသေးတယ်။ "လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း" လို့ ဘာလို့များ ပြောကြပါလိမ့်လို့လည်း 'အတွေးတစ်စ' ဖြစ်ခဲ့ဖူးပါတယ်။)

တစ်နည်းပြောရရင် အသင်္ချေ = '၁ နောက်' တွင် "သုညပေါင်း (၁၄ဝ) လုံး" ရှိတယ်လို့လည်း ဆိုပါတယ်။

လေးအသင်္ချေရေတွက်ပုံကတော့...


(၁) "ဒီပင်္ကရာမြတ်စွာဘုရား" ပွင့်တော်မူတဲ့ 'ဝရကမ္ဘာ' = (ဘုရား-၄ဆူ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် 'မရေမတွက်နိုင်အောင် များပြားတဲ့ ကမ္ဘာပေါင်းများစွာ' ဘုရားမပွင့်လို့ "သုညကမ္ဘာအသင်္ချေ" ကြာသွားပါတယ်။ အဲဒါကို 'သေလ အသင်္ချေ' လို့ ခေါ်ပါတယ်။

(၂) အဲဒီနောက် ... "ကောဏ္ဍညဘုရား" ပွင့်တော်မူတဲ့ 'သာရကမ္ဘာ' = (ဘုရားတစ်ဆူသာ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် သုညကမ္ဘာ အသင်္ချေ ကြာသွားပြန်ပါတယ်။ အဲဒါကို 'ဘာသ အသင်္ချေ' လို့ ခေါ်ပါတယ်။

Wednesday, 6 November 2013

အလှူဒါနအမျိုးမျိုး-


                   
သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

(၁) သဒ္ဓါဒါန
--------------
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

တရားအားမထုတ်မီ ဆောင် ရွက် ရန်

ပုဗ္ဗကိစ္စ ခေါ် ပရိကံ (၅) ချက်။

၁။ ခန္ဓာလှူရန်။

ဤခန္ဓာကိုယ် အတ္တဘောကြီးကို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လှူဒါန်းပါ၏အရှင်ဘုရား။ဤခန္ဓာကိုယ် အတ္တဘောကြီးကို သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားကောင်းတို့ဖြင့် မဂ်ဆိုက်၊ ဖိုလ်ဝင် နိဗ္ဗာန်မြင်အောင် သွန်သင်ဆုံးမ ပေးတော်မူသော ဆရာသမားများအား လှူဒါန်းပါ၏ အရှင်ဘုရား။

၂။ဝန်ချတောင်းပန် ရန်။

တပည့်တော်သည် မိုက်မဲတွေဝေခဲ့သည့်အလျောက် မိဘ၊ ဆရာသမား၊ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ တောင်းပန်ဝန်ချကန်တော့ပါ၏။
(ရှိခိုးတောင်းပန် ကန်တော့ရပါမည်။)

Sunday, 3 November 2013

# ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် အနေကဇာတင် မင်္ဂလာ

Posted on 24 May, 2013 in ဓမ္မစကား, သိဖွယ် မှတ်ဖွယ် စဉ်းစားဖွယ်

buddah
ကဆုန်လပြည့်နေ့ ဟာ အများသိကြတဲ့အတိုင်း မြတ်စွာဘုရား ဘုရားဖြစ်တော်မူတဲ့ နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်ပါတယ်။ ဒါတွင်ဘဲလားဆိုတော့ မကသေးပါဘူး။ ဘုရားလောင်း ဗျာဒိတ်ခံတဲ့နေ့ ၊ ဖွားမြင်တော်မူရာနေ့၊ ပရိနိဗ္ဗာန် စံဝင်တော်မူရာနေ့တွေကလည်း “ကဆုန်လပြည့်နေ့” တွေချည်းပါဘဲ။ ကဆုန်လပြည့်နေ့အကြောင်း ကျွန်တော် လင့်ခ်တစ်ခု ရှယ်ထားပါတယ်။ အဲဒီမှာ အပြည့်အစုံ ဖတ်ရှုကြပါကုန်။ 
.
ကျွန်တော် အခုပြောချင်တဲ့ အကြောင်းလေးကတော့ “ဘုရားအနေကဇာတင်” တယ်ဆိုတဲ့ အကြောင်းလေးပါ။ ခုခေတ်တော့ မသိဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကျွန်တော်တို့အရပ်ဒေသမှာ နှစ်စဉ်နှစ်တိုင်းကဆုန်လပြည့်နေ့ရောက်ရင် (နှစ်တိုင်းမဟုတ်တောင်မှ) အိမ်က ဘုရားကို ဘုန်းကြီး ()ပါးလောက် ပင့်ပြီး အနေကဇာ” တင်ကြတဲ့အလေ့ ရှိကြတယ်။ အိမ်တိုင်းမဟုတ်ပေမယ့် အတော်များများ လုပ်လေ့ရှိကြတယ်။
နောက်ပြီး တစ်ချို့ အိမ်ထောင်ပြု ၊ အိမ်ရာတည်ထောင်ကြတဲ့ အခါ ၊ အိုးသစ်အိမ်သစ်မှာ ဘုရားဆင်းတုအသစ်ကို တည်ထားကိုးကွယ်ရာမှာလည်း အနေကဇာ တင်ပြီးမှ ကိုးကွယ်မှုကို ပြုကြပါတယ်။ အနေကဇာတင်တယ် ဆိုတာဘာလဲ ? ။ ခုခေတ်လူငယ်တွေ သိသူလည်း ရှိ/ မသိသူလည်း ရှိပေမယ်။မသိသူများအတွက် ပြန်လည် ဖောက်သည်ချပေးလိုက်ပါတယ်။ 

Wednesday, 30 October 2013

တရားတမန် “သပြေကန်တရားပေါင်းချုပ် အမှတ်(၂)”


ဘဝပဒေသာတရားတော်
•••••••••••••••••••••••
ယနေ့ဘုန်းကြီးတို့ သင်္ကန်းအလှူ ဆက်ကပ်လှူဒါန်းကြ ဆွမ်းအလှူတော် ပါဝင်လှူဒါန်းကြ၊ ပစ္စည်းအလှူတော် ပူဇော်လှူဒါန်းကြ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ အဲဒီတော့ မိမိတို့ဟာ ရှေးဘဝက ဆည်းပူးခဲ့တဲ့ ကောင်းမှုအထူးရှိခဲ့ဖူးလို့ ယခုလို လူ့ဘဝမှာ လူလာဖြစ်ကြ၊ ထူးခြားတဲ့ လူ့ဘဝရောက်ကြရ၊ လူ့ဘဝရောက်ပြန်တော့လည်း သာသနာမထွန်းကားရာ ရတနာသုံးပါး မရှိရာ အရပ်ဒေသမှာ မဖြစ်ကြရဘဲနဲ့ သာသနာတော် ထွန်းကားရာ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ မိမိတို့ ဖြစ်လာကြရတယ်။ ကံကောင်းကြတယ်၊ အဲဒီလို ကံကောင်းကြလို့လူလည်း ဖြစ်လာ၊ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံကြိုက်လာကြတဲအခါမျိုးမှာ မမေ့ကြနဲ့လို့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အလိုတော်အတိုင်းပေါ့။ ဘုန်းကြီးတို့ သြဝါဒပေးရတယ်။ မမေ့ကြနဲ့။ လူလည်းဖြစ်လာ ဘုရားပွင့်ရာ အခွင့်အခါကောင်းကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမှာ မမေ့ကြနဲ့လို့ သတိပေးရတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ နည်းလမ်းအတိုင်းပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ဟာ နေ့တိုင်း နေ့တိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” မမေ့ကြနဲ့လို့ မကြာမကြာ သတိပေးတော်မူတယ်။

ချစ်သားတို့၊ အပ္ပမာဒဆိုတဲ့ မမေ့လျော့တဲ့ သတိရားနဲ့ အမြဲတမ်း ပြည့်စုံအောင် ကြိုးစားကြလို့ နေ့တိုင်းနေ့တိုင်း တပည့်သားတွေကို သြဝါဒပေးတော်မူတယ်။ ရှင်တော်ဘုရားဟာ သက်တော်ထင်ရှားရှိတုန်းလည်း အမြဲတမ်း သတိပေးရုံမက နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း နောက်ဆုံး စကားအဖြစ်ဖြင့် -

Friday, 25 October 2013

တော်ကူးဆရာတော် ဘ၀ဆည်းဆာ နှင့် ကျင့်စဉ်တရား

ဝိပသနာဂုဏ်ထူးဆောင် ထူးခြားသော တော်ကူးဆရာတော် နှင်. ထူးဆန်းစွာ ရောဂါပျောက်ခြင်းများ

မဟာစည်ဆရာတော်ဘုရားကြီး ဦးသောဘန မဟာသာရ

ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ

လယ်တီဆရာတော် ဘုရားကြီး ဦးဥာဏ

အရှင်ဇနကာဘိဝံသ၏ တစ်ဘဝသံသရာ

မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာ

Monday, 21 October 2013

ဓမ္မဿဝနကုသိုလ်

(၁)
ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးခါစ အပါလသတ္တာဟ၌ စံတော်မူနေစဉ် "ရိုသေကျိုးနွံရမည့်သူ မရှိဘဲ နေသည်မှာ ဆင်းရဲလှ၏။ မည်သူ့ကို အရိုအသေအကျိုးအနွံ ဖြစ်ရပါမည်နည်း"ဟု စဉ်းစားကြံစည်မိလေသည်။ 

ထို့နောက် ဘုံသုံးပါးကို သဗ္ဗညုတ ရွှေဥာဏ်တော်ဖြင့် ဖြန့်ကြက် ဆင်ခြင် ကြည့်ရူသောအခါ ဘုရားရှင်ထက် သီလ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိဂုဏ် သာလွန်သူကို မတွေ့ရပေ။ ထိုအခါ ဘုရားရှင်သည် "ငါသည် မိမိထိုးထွင်း၍ သိပြီးသော တရားကိုသာလျှင် အရိုအသေ အလေးအမြတ်ပြု၍ နေရမူ ကောင်းလေစွ"ဟု အကြံအစည် ဖြစ်တော်မူလေသည်။

ဤသို့အားဖြင့် တရားတော်သည်ပင်လျှင် ဘုရားရှင်၏ အလေးအမြတ် ရိုသေရာဖြစ်ခဲ့သည်မှာ ထင်ရှားလှပေသည်။

တရားတော်၏ ဂုဏ်ဒြပ်ကား ကြီးမားလှပေစွ။

လူဝင်စား ဟူသည်

 
(ခရစ်နှစ် ၂၀၁၁ ပြည့် မေလထုတ် မြတ်ပန်းရဂုံစာစောင်ပါ ဥက္ကာ (အင်ကြင်းမြေ)၏ အချို့သော လူဝင်စားများတွင် ဘ၀ဟောင်းမှ ဥတုဇရုပ်ပေါ်တွင် ရှိခဲ့ဖူးသော အမာရွတ်များ ပါကြ၏။ အဘယ်အကြောင်း တရားကြောင့် ဖြစ်ကြောင်း မေးမြန်းချက်ကို ဖြေကြားခြင်း ဖြစ်ပါသည်။) လူဝင်စားနှင့် ပတ်သက်သော မေးခွန်းများကို ခေတ်အဆက်ဆက်မေးမြန်းကြသဖြင့် ဆရာတော်မြောက်မြားစွာက အကြိမ်ကြိမ် ဖြေဖူးကြ လေပြီ။
 
ဤ၌ ထင်ရှားသော ဆရာတော်ကြီးများ၏ အဖြေများမှ ထုတ်နှုတ်၍ မေးခွန်းရှင်သိလိုသည်များကို
ဖြေပါမည်။ လယ်တီဆရာတော်ဘုရားကြီး၏ နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်-စာအုပ်မှ ပြင်သစ်ပုစ္ဆာ အမှတ်လေး အဖြေတွင် လူဝင်စားနှင့်ပတ်သက်သည့်အဖြေကို ရှေးဦးစွာ ထုတ်ပြပါမည်။
မေး။ “လူဝင်စားဟူ၍ လောက၌ ပြောရိုး ဆိုရိုးရှိကြ၏။ ၀င်စားခြင်း အကြောင်းသည် ဗုဒ္ဓဘာသာ တရားတော်တွင် သက်ဝင်ခြင်းရှိပါသလား-

Friday, 18 October 2013

ကံမြင့်အောင် လုပ်ပေးပါ



များစွာသောသူတို့သည် ကံဆိုသော စကားလုံးနှင့်ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ကြ၏။ တွေ့ကြုံခံစားရသော အခြေအနေတစ်ရပ်အပေါ် မူတည်ကာ ကံကောင်းသည်၊ ကံဆိုးသည်၊ကံနိမ့်သည်၊ ကံမြင့်သည်၊ ကံလိုက်သည် ကံမလိုက်၊ ကံစပ်သည် ကံမစပ်၊ ကံစွမ်းရှိသည်၊ ကံစွမ်းမရှိစသည်ဖြင့် ကောက်ချက်ဆွဲကာ သုံးနှုန်းပြောဆိုတတ်ကြသည်။ သို့သော်လည်း ကံဆိုသည့်စကားလုံး၏ ဆိုလိုရင်းအဓိပ္ပာယ် ကိုထဲထဲဝင်ဝင်ဆစ်ပိုင်းကာ နားလည်သဘောပေါက်ခြင်း မရှိကြသည်သာ များပါသည်။


အထူးအားဖြင့် စီးပွားရေး၊ ကျန်းမာရေး၊လူမှုရေးတို့အဆင်မပြေချိန်တွင် ကံကို ယိုးမယ်ဖွဲ့ကာ တရားခံရှာကြ၏။ မိမိကိုယ်တိုင်က ကံနိမ့် နေပြီဟု အထင်ရှိချိန်၊ တစ်ဦးတစ်ယောက်က အကြောင်းပြပြောဆိုလာချိန်တွင် ထိတ်လန့်တုန်လှုပ်တတ်ကြပြီး၊ ကံဇာတာမြင့်နေသည် ကံကောင်းချိန်ဖြစ်သည်ဟုဆိုလာပါက ကျေနပ်အားရတတ်ကြ၏။

Friday, 11 October 2013

၃၈-ဖြာ မင်္ဂလာ


( မင်္ဂလာ အမွှန်း )
ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။
နတ်နှင့်တကွသော လူတို့သည် ၁၂-တိုင်အောင် ကြံစည်တွေးတောပါသော်လည်း မင်္ဂလာတရား၏ အဓိပ္ပါယ်ကို မသိနိုင်ကြကုန်။ မင်္ဂလာတရားသည် အရေအတွက်အားဖြင့် ၃၈-ပါးရှိ၏။ မင်္ဂလာတရားသည် တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။

ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမဟေ။
နတ်တကာတို့သည် မြတ်သော ၀ိသုဒ္ဓိနတ် ဘုရားမြတ်သည် သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှါ မင်္ဂလာတရားကို ဟောတော်မူခဲ့ပါသည်။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။ အို-သူတော်ကောင်းတို့...ထိုမင်္ဂလာတရားတော်ကို ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။

( မင်္ဂလာနိဒါန်း )
ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ၊ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
အကျွန်ုပ်အာနန္ဒာသည် မင်္ဂလာတရားတော်ကို မြတ်စွာဘုရား၏ ရှေ့မှောက်တော်မှ ဤသို့ ကြားနာမှတ်သားခဲ့ရ ပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူပါသည်။

အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန် အင်္ဂလိပ်




- အနတ္တလက္ခဏသုတ် အမွှန်း -

(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။

(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –

(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။

(A) On the full moon day of Waso, at Isipatana, Migadawon forest near Varanasi, Buddha taught the Dhammacakka Pavattana to five ascetics; Kondanna, Vappa, Boddiya, Mahanam and Assaji. ( five ascetics = the group of five were the monks who had previously followed the Bodhisatta while he was practicing austerities and who later heard the First Discourse and became the Buddha's first disciples.)
(B) In succession by one another after attainment of Sotapatti Phala on consecutive days, (on the 5th of waning Waso month) Buddha taught them the Anatta Lakkhana sutta for the attainment of Arahatta Phala. O, Good persons, let's recite this Anatta Lakkhana sutta now.

သမဂ္ဂါနံ တပေါ သုခေါ (ညီညွတ်သူများ၏ အကျင့်သည် ချမ်းသာ၏)


မှော်ဘီ သံဃာ့အစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ မထေရ်ကြီးများ၏ ဦးဆောင်မှု၊ ပညာရှင်များ၏ လမ်းညွန်မှု၊ ထင်ပေါ်ကျော်ကြား ထေရ်ရှင်များ၏ ပံ့ပိုးမှု၊ နေရာဒေသ အသီးသီးရှိ ကျောင်းထိုင်ဆရာတော်များ၏ ပူးပေါင်းမှုတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည့် ထိုအစည်းအဝေးသို့ စာရေးသူလည်း  ပင့်ဖိတ်စာနှင့်အတူ ကျန်သည့်အရေးများ ဘေးဖယ်ထားက လက်ရှိဖြစ်ပျက်နေသည့် ပြဿနာများအတွက် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ခွင့် ရခဲ့ပါသည်။ 
ငြိမ်းချမ်းရေးအတွက် ကဏ္ဍပေါင်းများစွာဖြင့် စုပေါင်းအဖြေရှာခဲ့ကြသည့် ဆွေးနွေးပွဲတွင် စာရေးသူတို့သည် “နိုင်ငံသား အားလုံးငြိမ်းချမ်းစွာ အတူနေထိုင်ရေး”ဟူသည့် ခေါင်းစဉ်အောက်တွင် အကြိတ်အနယ် ဆွေးနွေးဖြစ်ခဲ့၊ အချင်းချင်း အမြင်များ ဖလှယ်ဖြစ်ခဲ့ပြီး ပြဿနာ အရပ်ရပ်ကို ကြွရောက်လာသော သံဃာတော် အရှင်မြတ်များက ဗုဒ္ဓနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တညီတစ်ညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ 
မြန်မာနိုင်ငံ၏ လက်ရှိပြုပြင် ပြောင်းလဲမှုများတွင် အဟန့်အတား ဖြစ်စေမည့် ပဋိပက္ခများကို သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓအလိုကျ ငြိမ်းချမ်းမှုရအောင် ကြိုးစားနေကြသည်။ နိုင်ငံတကာ သတင်းစာမျက်နှာများတွင် မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များအပေါ် အမှားသတင်းများဖြင့် အပြစ်မြင်နေကြသည့် အချက်များကို သံဃာဥသျှောင်မထေရ်ကြီးများက အလွန်စိတ်မကောင်းစွာ ခံစားနေရသည်ကို အစည်းအဝေးတွင် ကြွရောက် သြဝါဒ ပေးခဲ့ကြသည့် မထေရ်ကြီးများ၏ သြဝါဒများတွင် အထူးထည့်သွင်း မိန့်ကြားတော်မူခဲ့ကြသည်။ 
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated