စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက် တိုက်အုပ်ဆရာတော်
ဆရာတော် ဦးနန္ဒမာလာဘိဝံသ
တရားပွဲမစတင်မီ မဟာကရုဏာရှင် ဘုရားရှင်အား အမြဲတမ်းရှိခိုးလေ့ရှိသော
ဝန္ဒနာ ပဏာမ အာသီသဂါထာ
ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊ ကာလံ ကရောန္တော
အတိဒုက္ကရာနိ။
ခေဒံ
ကရော လောကဟိတာယ နာထော၊ နမော မဟာကာရုဏိကဿ တဿ။
ယော
နာထော-ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား
အကြင်ရှုင်တော်မြတ်ဘုရားသည်။
ကပ္ပကောဋီဟိပိ-ကုဋေကမ္ဘာ
အရေအတွက်သင်္ချာတို့ဖြင့်သော်လည်း၊
အပ္ပမေယျံ-ရေတွက်တိုင်းတာ
ဖော်ပြခြင်းငှါ မစွမ်းနိုင်ပါသော၊
ကာလံ-လေးအသင်္ချေ
သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊
လောကဟိတာယ-သတ္တလောက၏
အကျိုးစီးပွားအလို့ငှါ၊
အတိဒုက္ကရာနိ-ဥစ္စာအသက်
ခြေလက်အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သည်းထဖွယ် ငါးသွယ်အစု
အလွန်ခဲယဉ်းသောအမှုတို့ကို၊
ကရောန္တော-ဘုရားဖြစ်ရန်
ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊
ခေဒံ-လက်ခြေမျက်လုံး
အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
ကတော-ဘဝအတန်တန်
ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရရှာလေပြီ၊
မဟာကာရုဏိကဿ-သတ္တဝါအများ
ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊
တဿ
နာထဿ-ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသည့် နာထမည်ငြား
ထိုရှင်တော်မြတ်ဘုရားအား၊
နမော-ရိုသေပျောင်းပျော့
မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊
အတ္ထု-ဘဝတု-စင်စစ်မသွေ
ဖြစ်ပါစေသတည်း။
No comments:
Post a Comment