(၁)
ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးခါစ
အပါလသတ္တာဟ၌ စံတော်မူနေစဉ် "ရိုသေကျိုးနွံရမည့်သူ မရှိဘဲ နေသည်မှာ
ဆင်းရဲလှ၏။ မည်သူ့ကို အရိုအသေအကျိုးအနွံ ဖြစ်ရပါမည်နည်း"ဟု
စဉ်းစားကြံစည်မိလေသည်။
ထို့နောက် ဘုံသုံးပါးကို သဗ္ဗညုတ
ရွှေဥာဏ်တော်ဖြင့် ဖြန့်ကြက် ဆင်ခြင် ကြည့်ရူသောအခါ ဘုရားရှင်ထက် သီလ၊
သမာဓိ၊ ပညာ၊ ၀ိမုတ္တိဂုဏ် သာလွန်သူကို မတွေ့ရပေ။ ထိုအခါ ဘုရားရှင်သည် "ငါသည်
မိမိထိုးထွင်း၍ သိပြီးသော တရားကိုသာလျှင် အရိုအသေ အလေးအမြတ်ပြု၍ နေရမူ
ကောင်းလေစွ"ဟု အကြံအစည် ဖြစ်တော်မူလေသည်။
ဤသို့အားဖြင့် တရားတော်သည်ပင်လျှင် ဘုရားရှင်၏ အလေးအမြတ် ရိုသေရာဖြစ်ခဲ့သည်မှာ ထင်ရှားလှပေသည်။
တရားတော်၏ ဂုဏ်ဒြပ်ကား ကြီးမားလှပေစွ။
(၂)
တရားတော်၏ ဂုဏ်ဒြပ်ကား ကြီးမားလှပေစွ။
(၂)
ဘုရားရှင်သည် သတ္တသတ္တာဟ လွန်မြောက်ပြီး
ရက်ငါးဆယ်ပြည့်၍ အဇပါလညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေစဉ်၌လည်း
စိတ်အကြံတစ်ခု ဖြစ်တော်မူပြန်၏။
"ငါကိုယ်တော်တိုင် သိမြင်ခဲ့ရသော သစ္စာလေးပါး
တရားအစုသည် လွန်စွာသိနိုင်ခဲလှ၏။ ငြိမ်းချမ်းလှ၏။ မွန်မြတ်လှ၏။
သိမ်မွေ့လှ၏။ အကျင့်မှန်ကို ကျင့်ကြံသော ပညာရှိတို့သာ တွေ့မြင်နိုင်၏။
သတ္တ၀ါအပေါင်းသည် အာရုံငါးပါး၊
ကာမဂုဏ်တရားတို့နှင့် မွေ့လျော်နေ၏။ ထို့ကြောင့်
အကြောင်းအကျိုးဆက်စပ်နေသည့် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်နိုင်ဖို့ ခက်လှ၏။
ထို့ထက် ကိလေသာတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို သိမြင်နိုင်ဖို့ ပိုခက်၏။
ဤမျှ နက်နဲလှသော တရားတို့ကို ဟောကြားသည့်အခါ
က္ကနြေ္ဒမရင့်ကျက်သော နတ်၊ လူတို့ နာကြား၍ မသိမြင်၊ နားမလည်နိုင်လျှင်
ငါဘုရားအတွက် ပင်ပန်းရုံသာ ရှိချိမ့်မည်"
ဤသည်မှာ တရားတော်၏ တန်ဖိုးကို သဗ္ဗညုတ
ရွှေဥာဏ်တော်ဖြင့် သိမြင်နားလည်သော ဘုရားရှင်၏ တန်ဖိုးထားမူပင်တည်း။
သို့သော် မဟာကရုဏာရှင်ပီပီ၊ အချိန်ကျသည့်အခါ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ
အနန္ဒတို့အား တရားရေအေးကို လေးဆယ့်ငါးဝါ ကာလပတ်လုံး
မပြတ်တိုက်ကျွေးခဲ့သည်သာ။ တရားတော်၏ တန်ဖိုးကား ကြီးမားလှပေစွ။
(၃)
(၃)
နှင်းမူန်နှင်းငွေ့တို့ကြားမှာပင် နန္ဒမထေရ်၏
တရားဟောသံသည် လွင့်ပျံလာ၏။ ဘုရားရှင်သည် နန္ဒမထေရ် တရားဟောကြားရာ
ဆွမ်းစာဆောင်ဆီသို့ ညီတော် အာနန္ဒာနှင့်အတူ ကြွမြန်းလေသည်။
ဆောင်းနှင်းမူန်တွေ ရိုက်ခတ်နေသဖြင့် ဆွမ်းစားဆောင် တံခါးတွေ ပိတ်ထား၏။
ဟနေသော တံခါးမကြီး၏ တံခါးနှစ်ချပ်ကြားမှ အရှင်နန္ဒမထေရ်၏ အသံတစ်ခုတည်း
ထွက်ပေါ်နေခြင်းမှာ ပရိသတ်၏ တရားအပေါ် စူးစိုက်မူ မည်မျှကြီးမားသည်ကို
ဖော်ပြနေသည်။
ညီတော် အာနန္ဒာက ဆွမ်းစားဆောင်တွင်းသို့ ဟနေသော
တံခါးဝမှ ၀င်ရန် ဘုရားရှင်ကို လျှေက်ထားလိုက်သည်။ ဘုရားရှင်သည် ခန္ဓာဝန်၏
ဒဏ်ရာဒဏ်ချက်ကို သည်းခံတော်မူကာ တရားကို ဆက်နာနေသည်။ ညဉ့်ဦးယံ
ပြီးဆုံးသွားပြီ။ ဓမ္မကထိက နန္ဒမထေရ်၏ တရားကား အဆုံးမသတ်သေး။ ညီတော် အာနန္ဒာက
နားတော်မူပါရန် လျှောက်ထားသော်လည်း ဘုရားရှင်က ငြင်းပယ်တော်မူသည်။
ညဉ့်လယ်ယံသို့ ရောက်လာသည်။ နန္ဒမထေရ်၏ တရားပွဲကား
မပြီးဆုံးသေး။ အပြင်တွင် ဆောင်းနှင်းခါးတွေ ရိုက်သဖြင့် ဘုရားရှင်၏
သင်္ကန်းတော်တို့ပင်လျှင် စိုစွတ်လာချေပြီ။ ဘုရားရှင်၏ ကိုတော်သည်ပင်လျှင်
အေးစိမ့်ထုံကျဉ်လာချေပြီ။ နန္ဒမထေရ်ကား တရားဟော ကောင်းနေဆဲ။ ဘုရားရှင်ကလည်း
တရားနာ၍ ကောင်းနေဆဲ။
မိုးသောက်ယံသို့ ရောက်လာသည်။ အရှေ့ဘက်တွင်
ရောင်နီတွေသမ်းလာပြီ။ ထိုအခါမှ နန္ဒမထေရ်တရားပွဲကား ပြီးဆုံးသွားသည်။
ဘုရားရှင် ဆွမ်းစားဆောင်အတွင်းသို့ ကြွမြန်းဝင်ရောက်လာမှ နန္ဒမထေရ်သည်
ပြင်ပဆောင်းနှင်းဒဏ်ကြားတွင် တစ်ညလုံးသည်းခံတော်မူကာ တရားနာနေခဲ့သည့်
ဘုရားရှင်၏စိတ်ဓာတ်ကို သိရသည်။
ထိုအခါ ဘုရားရှင်၏ တရားတော်ကို တန်ဖိုးထား
မြတ်နိုးတတ်ပုံ၊ သူတစ်ပါး တရားဟော အရှိန်ပျက်မှာစိုး၍ ဆွမ်းစားဆောင်
အတွင်းမ၀င်ဘဲ ပြင်ပမှ တရားနာခဲ့ပုံ၊ တရားနှင့် ပတ်သက်၍
ဘုရားရှင်ကိုယ်တော်တိုင် တပည့်သား ရဟန်းသံဃာအပေါ် ချီးမြှင့်ပုံ၊
ကိုယ်တော်တိုင် တရားတော်ကို ဖော်ထုတ်၍ စတင်ဟောကြားသူ ဖြစ်ခဲ့ပါလျက်
သူတစ်ပါး ဟောကြားသည်ကို တလေးတစား နာခဲ့သည်အထိ တရားအပေါ်၌အလေးအမြတ်ပြုပုံ၊
တရားဟူသည် သူ့တရား၊ ငါ့တရားမရှိ၊ သဘာဝတရား သက်သက်သာ ဖြစ်သည်ဟု ဘုရားရှင်က
စိတ်ဓာတ်နှင့်လုပ်ရပ် တွဲ၍ သက်သေပြသွားခဲ့ပုံတို့ကို နန္ဒမထေရ်သည် ဆင်ခြင်
တွေးဆမိသွားသည်။
"တံခါးအပြင်ဘက်တွင် ဘုရားရှင် ရှိနေမှန်း သိပါက
ဤမျှလောက် ဟောပြ၀ံ့မည် မဟုတ်ပါဘုရား"ဟု နန္ဒမထေရ်က လျှောက်ထားလိုက်သည်။
ဘုရားရှင်က ပြုံးတော်မူလေသည်။
တရားတော်၏ ဂုဏ်ကျေးဇူးကို ဘုရားရှင်ကိုယ်တော်တိုင် ချီးမြှောက်တော်မူခဲ့ပါလား။
တရားတော်၏ဂုဏ်ကျေးဇူးကား "အနိုင်းမဲ့"လေစွ။
(၄)
တရားတော်၏ ဂုဏ်ကျေးဇူးကို ဘုရားရှင်ကိုယ်တော်တိုင် ချီးမြှောက်တော်မူခဲ့ပါလား။
တရားတော်၏ဂုဏ်ကျေးဇူးကား "အနိုင်းမဲ့"လေစွ။
(၄)
အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်းတွင် အနိုင်းမဲ့
ဟောစဉ်တရားများ ရေးသား ချီးမြှင့်တော်မူနေသော ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)ကို တရားတော်၏ ဂုဏ်ကျေးဇူးများကို
အနိုင်းမဲ့ဟောစဉ်တရားတစ်ခုအဖြစ် ရေးသားချီးမြှင့်ပေးပါရန် လျှောက်ထားမည်ဟု
စိတ်ကူးနေစဉ်မှာပင် အိမ်သို့ ဖိတ်စာတစ်စောင် ရောက်လာသည်။ "တရားပွဲဖိတ်စာ"။
ခေတ်စကားနှင့်ဆိုရသော် ဖိတ်စာက အပျံစား။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ အထူးတရားပွဲ တဲ့။ ကျင်းပမည့် နေရာက
စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ
ကံမြင့်ကျောင်းတိုက်။ ၂၈-၃-၂၀၀၀ ပြည့်နှစ်၊ ည (၇)နာရီ။
ဖိတ်စာက ရောင်စုံ ကွန်ပျူတာဒီဇိုင်း၊ "ဆရာတော်၏
ထေရုပ္ပတ္တိအကျဉ်း"ပါသည်။ "ဆရာတော်ဆန္ဒ"ပါသည်။ ပြီးတော့ ဆရာတော်
နှစ်သက်မြတ်နိုးသည့် ကြာပွင့်ကြီးသည် ငွားငွားစွင့်စွင့် ပွင့်လန်းလျက်
ဖိတ်စာအပေါ်တွင် အထင်းသား။ ဆရာတော်၏ ဆန္ဒသုံးချက်ကို ဖတ်လိုက်မိသည်။
(၁) လောကမှာ ကာမဂုဏ်ချမ်းသာနဲ့ တရားဓမ္မချမ်းသာလို့ ချမ်းသာနှစ်မျိုးရှိတဲ့အထဲက တရားဓမ္မချမ်းသာနဲ့ပဲ ပျော်မွေ့ချင်တယ်။
(၂) လူ့ဘ၀ထက် ရဟန်းဘ၀က အများအကျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖြူဖြူစင်စင် ဆောင်ရွက်နိုင်တယ်။
(၃) မိဘကျေးဇူးကို အမြတ်ဆုံးနည်းနဲ့ ဆပ်ချင်တယ်။
(၂) လူ့ဘ၀ထက် ရဟန်းဘ၀က အများအကျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖြူဖြူစင်စင် ဆောင်ရွက်နိုင်တယ်။
(၃) မိဘကျေးဇူးကို အမြတ်ဆုံးနည်းနဲ့ ဆပ်ချင်တယ်။
ဆရာတော်သည် သူ့ဆန္ဒပါအတိုင်း သူကိုယ်တိုင်
ဖြည့်ဆည်း ကျင့်ကြံဆောင်ရွက်နေပြီတည်း။ ကျွန်တော်က ဆရာတော်ကို အဝေးမှ
အားကျကြည်ညိုနေရသည်။ ယခင်တလောက ဆရာတော် တစ်ပါးတည်း ဧကစာရီတောရဆောက်တည်ရာ
သထုံမြို့၊ ကေလာသတောင်၊ ရွှေပါရမီတောရကျောင်းသို့
ကျွန်တော်လိုက်သွားခဲ့မိသေးသည်။ နေ့ပရိယတ်၊ ညပဋိပတ်အလုပ်နှင့် တစ်ပါးတည်း
တောရဆောက်တည်နေသော ဆရာတော်၏ လက်ရှိ ဘ၀နေမူပုံစံကို ကြည်ညိုအားကျမိခဲ့ရသည်။
ဆရာတော်နှင့် ကျွန်တော်သည် ထူးခြားတိုက်ဆိုင်စွာ
မွေးရက်၊ မွေးလ တစ်ထပ်တည်း တူနေပါသည်။ ဇန်န၀ါရီ (၉)ရက်ဖွားများ ဖြစ်၏။
သို့သော် ကျွန်တော်က ဆရာတော်ထက် (၁၀)နှစ်တိတိစောပြီး မွေးပါသည်။
တစ်နည်းအားဖြင့် ဆရာတော်ထက် ကျွန်တော်က အသက် (၁၀)နှစ်ကြီးသည်ဟု
ဆိုနိုင်ပါသည်။
သို့သော် အသက်ဟူသည် မသေမီအတွင်း သည်ဘ၀အတွက်
ရရှိထားသော ကိန်းဂဏန်း အရေအတွက်သာ ဖြစ်ပါသည်။ ဘာမျှလုပ်၍ မရပါ။
တကယ့်တန်ဖိုးအစစ်မှာမူ အသိဥာဏ်ပညာသာ ဖြစ်ပါသည်။
ကျွန်တော်က ၁၉၉၅-၉၆ ပတ်ဝန်းကျင်ရောက်မှ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်ကို အပြီးတိုင် ခိုလူံဖို့ စိတ်ကူးပေါ်လာခဲ့သည်။
ကျွန်တော်က ၁၉၉၅-၉၆ ပတ်ဝန်းကျင်ရောက်မှ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်ကို အပြီးတိုင် ခိုလူံဖို့ စိတ်ကူးပေါ်လာခဲ့သည်။
ထိုအချိန်တွင် ၁၉၈၄-ခုနှစ် ကတည်းက (၁၀)တန်း
ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီးနောက် ပရိယတ်၊ ပဋိပတ်နှစ်ဖြာ
ကြိုးစားကျင့်ကြံလာခဲ့သော ဆရာတော်က ကျွန်တော့်ထက်စာလျှင်
အသက်အရွယ်(ဂဏန်းနံပါတ်အားဖြင့်) ၁၀-နှစ် စောသည်ဟု ဆိုချင်ပါသည်။
သို့ကြောင့်လည်း ကျွန်တော်သည် ဆရာတော်၏ သီလဂုဏ်၊
သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို "လာခြင်းကောင်းသော ဧည့်သည်" ဆောင်းပါးဖြင့်
ဖော်ထုတ်ရေးသားမိခဲ့ခြင်း ဖြစ်ပါသည်။
ထိုဆောင်းပါးရေးစဉ်က ဆရာတော်သည်
သဒ္ဓမ္မရံသီရိပ်သာ၌ သီတင်းသုံးနေစဉ်ကာလ ဖြစ်ပါသည်။ ရိပ်သာမှနေ၍
ကျွန်တော့်အိမ်သို့ ဆွမ်းစားကြွခဲ့သော အခြေအနေလေးကို ပြန်သတိရမိနေသေးသည်။
ကျွန်တော်ရေးသားခဲ့သော "ငြိမ်းချမ်းသောစိတ်ဖြင့် မငြိမ်းချမ်းသော
အာရုံများကိုဖြတ်ကျော်ခြင်း" စာအုပ်၌ ဆရာတော်က ကျွန်တော့်အတွက်
အမှာစာရေးသား ချီးမြှင့်ပေးခဲ့သည်ကိုလည်း ပြန်လည်သတိရနေမိပါသည်။
မွေးနေ့တူ၊ အာရုံတူ၊ ၀ါသနာတူ၊ ဦးတည်ရာတူသဖြင့်
စိတ်ချင်းဆက်သွယ်၊ မေတ္တာဓာတ်တွေ အပြန်အလှန် နွယ်ယှက်ခဲ့ကြပါသည်။
ဆရာတော့်တရားပွဲကို ကိုယ်တိုင်တစ်ခါမျှ မနာခဲ့စဖူး၊ သည်တစ်ခါတော့
တရားပွဲသို့ မရောက်ရောက်အောင် သွား၍ ရှေ့ဆုံးမှ နာကြားမည်ဟု
အားခဲထားလိုက်မိသည်။
ကာလေန ဓမ္မဿဝနံ၊ ဧတံမင်္ဂလမုတ္တမံ
(အခါအခွင်သင့်တိုင်း တရားနာခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်)ဟု (၃၈)ဖြာ
မင်္ဂလာတရားတွင် ဘုရားရှင်ဟောကြားထားခဲ့သည်။ ဓမ္မဿဝနကုသိုလ်ဟူသည် ရခဲပေစွ။
တရားနာခြင်းသည် မင်္ဂလာတရားကို ဖြစ်စေပါလား။
တရားတော်၏ စွမ်းအားကား မြင့်မားလှပေစွ။
(၅)
၂၈-၃-၂၀၀ ပြည့်နှစ် ညချမ်း။
တရားနာခြင်းသည် မင်္ဂလာတရားကို ဖြစ်စေပါလား။
တရားတော်၏ စွမ်းအားကား မြင့်မားလှပေစွ။
(၅)
၂၈-၃-၂၀၀ ပြည့်နှစ် ညချမ်း။
စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊
သီရိမင်္ဂလာ၊ လမ်းသို့ ရောက်သည်။ တရားပွဲကျင်းပရာ ဓမ္မသဘင်ကို သည်မျှအထိ
ခမ်းနားစွာ ပူဇော်ပြင်ဆင်ထားလိမ့်မည်ဟု မထင်မိခဲ့။ သီရိမင်္ဂလာ လမ်းထိပ်တွင်
တရားပွဲ ရောင်စုံဆိုင်းဘုတ်ကြီးတွေက ဟည်းနေသည်။ ဖိတ်စာထဲကအတိုင်း ဆရာတော်၏
ထေရုပ္ပတ္တိအကျဉ်း၊ ဆရာတော်၏ ဆန္ဒတို့ကို ဆိုင်းဘုတ်ကြီးများဖြင့် ရေးထားသည်။
မုခ်ဦးအပေါက်ဝတွင် "ဓမ္မာစရိယ၊ ပထမကျော် ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ အထူးတရားပွဲ စာတန်းကြီးက ဆွဲဆောင်မူအပြည့်။
သီရိမင်္ဂလာလမ်းထဲတွင် ကံမြင့်ကျောင်းတိုက်ရှိသည်။
လမ်းထိပ်နှင့် ကျောင်းတိုက်သည် အတန်ငယ် လှမ်းသည်။ ကိုက်(၅၀၀)လောက်ဝေသည်။
မုခ်ဦးဝလမ်းထိပ်မှ ကံမြင့်ကျောင်းတိုက်ထိ လမ်းဘယ်ညာတွင် မီးချောင်း၊
မီးလုံးတွေ အစီအရီ ထွန်းညှိထားသည်။ ရာဇမတ်တွေ ကာပြီး ထီးဖြူတွေလည်း
စိုက်ထားသည်။
သည် အပြင်အဆင် အားလုံး၏ အလှူရှင်မှာ
ရွှေသံလွင်ကုမ္ပဏီမိသားစုဟု သိရသည်။ သီရိမင်္ဂလာလမ်းသည် မုခ်ဦးဝ ၀င်သည်နှင့်
အေးချမ်းတည်ငြိမ်မူက ဆီးကြိုနေသည်သို့ ရှိသည်။
ကံမြင့်ကျောင်းတိုက်အ၀သို့ ရောက်သောအခါ
တာဝန်ရှိသူတွေက ပျူငှာသောအပြုံးများဖြင့် ဆီးကြိုနေသည်။
တရားပွဲတာဝန်ယူကျင်းပသူ ဒေါက်တာလူမော်၊ ဒေါက်တာအေးကျော်တို့အဖွဲ့က
ဆီးကြိုမိတ်ဆက်ပေးသည်။ ကိုတင်ထွဋ်နှင့် ကိုလွင်ဦးတို့ကို တွေ့ရပြန်ပြီ။
ရန်ကုန်မြို့ရှိ ခမ်းနားကြီးကျယ်လှသော
တရားပွဲမှန်သမျှ၌ ကိုတင်ထွဋ်နှင့် ကိုလွင်ဦးတို့ကို တွေ့ရစမြဲ။ သူတို့သည်
ချမ်းမြေ့ဆရာတော်ကြီး တရားပွဲမှမဟုတ်၊ အခြားသော ဆရာတော်များ၏
တရားပွဲများတွင်လည်း တရားပွဲ ဖြစ်မြောက်ရေးအတွက် ကိုယ်ရောစိတ်ပါ အားတက်သရော
ဆောင်ရွက်ကြသည်ကို တွေ့ရသည်။
သူတို့သည်လူအများ ဓမ္မဿဝနကုသိုလ် ရစေရန်အတွက်
သူတို့၏ ကိုယ်ပိုင်အချိန်များကို ဓမ္မဒါနအဖြစ် အရင်းပြု၍ ဝေယျာဝစ္စကုသိုလ်
ယူနေကြခြင်းပင်။ သူတို့ကို ကြည့်လိုက်လျှင် ကုသိုလ်စိတ်ကြောင့်
အမြဲရွှင်လန်းတက်ကြွနေသည်ကို တွေ့ရသည်။ သူတစ်ပါး အကျိုးဆောင်ရွက်လိုသော
သူတို့၏ စေတနာမှာ သူတို့၏ မျက်နှာများပေါ်တွင် အထင်းသားပေါ်လွင်နေသည်။
သူတို့ကို မြင်လိုက်ရသည်နှင့် သူတို့ထံမှ ဓမ္မပီတိလိုင်းတွေကို
ထိတွေ့ခံစားလိုက်ရသလို ရှိသည်။
ကံမြင့်ကျောင်းတိုက် အောက်ဘက်တွင်
(၃၆)လက်မခန့်ရှိ တိဗွီကြီးတစ်လုံး ချထားသည်ကို တွေ့ရသည်။ ယခင်အကြိမ်
တရားပွဲ ဗွီဒီယိုအခွေကို ထုတ်လွှင့်ပြသနေသည်။ တရားပွဲမကျင်းပမီ၊ ဆရာတော်
ကြွမလာမီ ရောက်နှင့်ပြီးသော ပရိသတ်များကို တရားနှင့်မိတ်ဆက်နေသည့်သဘော။
သည်နေ့ တရားပွဲနှင့်ပါဆိုလျှင် သည်
ကျောင်းတိုက်တွင် တရားပွဲများ ကျင်းပခဲ့သည်မှာ (၁၂၆)ကြိမ် ရှိခဲ့ပေပြီ။
ဆရာတော်ပေါင်းစုံသည် သည်ကျောင်းတိုက် ဓမ္မသဘင် ဓမ္မပလ္လင်ပေါ်မှ တစ်ဆင့်
တရားဒေသနာပေါင်းများစွာ ဟောကြားခဲ့ပြီးပေပြီ။ စီစဉ်သူတို့ကလည်း
စီစဉ်ဆောင်ရွက်ခဲ့ကြပြီ ဖြစ်သည်။ ကျွန်တော်ကား ယခုမှပင် ရောက်ဖူးတော့သည်။
ကိုယ့်အဖြစ်ကို ကိုယ်ကြည့်၍ ဘာမဆို အားမရ ဖြစ်မိသည်။
တရားဟော ပလ္လင်အနီး ရှေ့ဆုံးနားတွင်
နေရာယူလိုက်သည်။ ထီးဖြူသုံးလက်အောက်မှ တရားဟောပလ္လင်သည် ငွေရောင်တွေ
တဖိတ်ဖိတ်လက်နေသည်။ စံပယ်ပန်းတွေက တရားဟောပလ္လင် ပတ်လည်တွင် ဖြူဖွေးနူးအိစွာ
နေရာယူလျက်။
ဘုရားခန်းထဲရှိ ကျောက်ဆင်းတု
ဘုရားရုပ်ပွားတော်မှာ ပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ သီတင်းသုံးကာ
က္ကနြေ္ဒရင့်ကျက်စွာဖြင့် ပြုံးတော်မူနေသည်။ ဘုရားခန်းအတွင်း ဘယ်ညာ
ပန်းအိုးကြီးများဘုရားခန်းအပြင်ဘက် ဘယ်ညာ ပန်းအိုးကြီးများမှာ
တင့်တယ်လှပေသည်။ စီစဉ်သူတို့၏ သဒ္ဓါတရား ကြီးမားပုံမှာ
ပန်းအိုးပြင်ဆင်ထားပုံနှင့်ပင် သိသာလှပါသည်။
ဖြန့်ကြက်အာရုံပြုနေမိသော စိတ်တို့ကို
ပြန်လည်စုဆည်ရသည်။ ဆရာတော်ကြွလာသည်အထိ တရားကို နှလုံးသွင်းနေလိုက်မိသည်။
ည(၇)နာရီသာသာကလေးတွင် ဆရာတော်ကြွလာလေသည်။ အသံချဲ့စက်မှ
ဗြောသံအဖွင့်တီးလုံးကို ဖွင့်ထားပေးသည်။ ဆရာတော်ကြွလာသည့် လမ်းတစ်လျှောက်
ဖူးမြော်ဦးခိုက်နေသော တရားနာပရိသတ်တို့၏ သဒ္ဓါတရားကို လှမ်းတွေ့နေရသည်။
ဆရာတော်သည် သက်တော် ငယ်လင့်ကစား
ကျင့်ကြံဆောက်တည်နေသော သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့်
က္ကနြေ္ဒရင့်ကျက်တည်ငြိမ်လှသည်။ တောရဆောက်တည်နေသောကြောင့်လား မသိ။ ဆရာတော်သည်
သိသိသာသာ ပိန်ကျသွားသည်။ ခန္ဓာကိုယ်သွယ်လျသွားသဖြင့် ကြည့်ရသည်မှာ ပို၍
ပေါ့ပေါ့ပါးပါး ရှိလှပါသည်။
ကျွန်တော်သည် အရိုးပေါ် အရေတင်ခန္ဓာကိုယ်ဖြင့်
သာသနာဘောင်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားတော်မူခဲ့သော မင်းကွန်း
တိပိဋကဓရ ဆရာတော်ဘုရားကြီးကို သတိရလိုက်မိသည်။
သာသနာတော်အတွက် ကြီးမားသော ၀ီရိယဖြင့်
ရွက်ဆောင်ကြိုးပမ်းတော်မူသွားခဲ့ကြသည့် ဆရာတော်ကြီးများသည် ခန္ဓာကိုယ်ကို
မငဲ့တော့။ ခန္ဓာကိုယ်ပေါ် ကပ်ငြိလာသည့် ရောဂါဝေဒနာတို့ကိုလည်း ရှေ့တန်းတင်
နှလုံးသွင်း မနေတော့။ သာသနာတော်အတွက် အသက်ကို မငဲ့ကြတော့ပြီ မဟုတ်လော။
ဤသို့သော သာသနာ့အာဇာနည် စိတ်ဓာတ်မျိုးတွေသည်
ဆရာတော့်ထံ၌အတိုင်းအတာတစ်ခုအထိ ဖြစ်ထွန်းပေါ်ပေါက်လာနေပြီလားဟု
ကျွန်တော်တွေးကြည့်နေမိသည်။
သံဃာစင်ထက်၌ ထိုင်ကာ ဘုရားကို ၀တ်ပြုနေပုံ၊
တရားဟောပလ္လင်ပေါ်သို့ လှမ်းတက်ပုံ၊ သင်္ကန်းကို အစအနသိမ်း၍ တရားဟောရန်
ပြင်ဆင်နေပုံတို့ကို အမှတ်သတိဖြင့် ပြုမူဆောင်ရွက်နေသော ဆရာတော်ကို
ကြည့်ရူကြည်ညိုနေမိသည်။
ဆလိုက်မီးတွေထိုးထားသော ရွှေရောင်ပလ္လင်ထက်မှာ
ဆရာတော်ထိုင်လျက် သီတင်းသုံးနေပုံမှာ ကြည်ညိုဖွယ်ရာ ဆရာတော်၏
ဥပဓိရုပ်အဆင်းမှာ ကြည်လင်ပီသသလို၊ ဆရာတော်၏ ဥပဓိရုပ်အဆင်းမှာလည်း
ကြည်လင်အေးချမ်းလှသည်။
"ဒီနေ့ ဟောမယ့်တရားက ရလေလိုလေ၊ ဒါပေမဲ့ တဒင်္ဂလေးတွေဆိုတဲ့ တရားဖြစ်ပါတယ်"
"ဒီနေ့ ဟောမယ့်တရားက ရလေလိုလေ၊ ဒါပေမဲ့ တဒင်္ဂလေးတွေဆိုတဲ့ တရားဖြစ်ပါတယ်"
တရားတော်၏ ခေါ်ဆောင်ရာနောက်သို့
ကွန်တော်လိုက်ပါသွားမိသည်။ ကာမဂုဏ်ဟူသည် ချမ်းသာပါသလား။ တရားအာရုံသည်သာ
ချမ်းသာအစစ်ပေတကား။ ပုထုဇဉ်တို့၏ အလိုတွင် ကာမဂုဏ်ချမ်းသာ ဟူသော
အစွဲအမှတ်တွေ ရှနေသည်။ အရိယာတို့၏ အမြင်တွင်မူ "ကာမဂုဏ်ဆင်းရဲ"ဟု
မှတ်ထင်သည်။ တရားသည်သာလျှင် ချမ်းသာအစစ် ဖြစ်လေသည်။
ဆရာတော်သည် ကာမဂုဏ်၏ အပြစ်တွေကို တစ်ဆစ်ချင်း
ဖော်ထုတ်ပြသည်။ အထောက်အထား ပုံပြင်တွေပါသည်။ အတောမသတ်နိုင်သော လောဘ၏
သဘာဝကို လှစ်ဟ ဖော်ထုတ်သည်။ လောဘကြောင့် ရအောင်လုပ်လို့ ရလာပြန်တော့လည်း
ခဏလေးပါလား၊ တဒင်္ဂလေးပါလားဟု ဆရာတော်က သံဝေဂဥာဏ်တင်၍ သုံးသပ်တင်ပြသည်။
နိဂုံးချုပ်တွင် -
"ဦးပဉ္စင်းက တရားဟောနေတယ် ဆိုပေမယ့်
တစ်ဖက်မှာလည်း ကိုယ်ကိုယ်တိုင် ပြန်နားထောင်နေတာပါပဲ၊ တရားနာပရိသတ်ထဲမှာ
ဦးပဉ္စင်းကုယ်တိုင်လည်း ပါနေတာပါပဲ။ တရားဆိုတာက ဘယ်သူမျှ
ကိုယ်ပိုင်မရှိပါဘူး။ ဘုရားရှင် တွေ့ရှိခဲ့တဲ့ တရားတော်တွေကို
တစ်ဆင့်ပြန်ပြောနေကြတာပါ"
သည်စကားကြားရသောအခါ ကျွန်တော့်ရင်ထဲ အတိုင်းမသိ ပီတိဖြစ်မိသည်။
သည်စကားကြားရသောအခါ ကျွန်တော့်ရင်ထဲ အတိုင်းမသိ ပီတိဖြစ်မိသည်။
သူ့တရား၊ ငါ့တရား၊ စည်းခြား၊ နယ်ခြား၊ အစွဲများ
မရှိခြင်သည်ပင်လျှင်လည်းကောင်း၊ မူလတရားပိုင်ရှင်
ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ကျေးဇူးတရားများကို တရားတော်မှတစ်ဆင့်
ပြန်လည်အောက်မေ့ခြင်းသည် လည်းကောင်း ငြိမ်းအေးမူ၏ အခြေခံ အကြောင်းများ
ဖြစ်ပါသည်။
တရားတော်သည် ငြိမ်းအေးလှပေစွ။ လွတ်မြောက်မူအတွက် လမ်းပြအမှန် ဖြစ်ပေစွ။
(၆)
တရားတော်သည် ငြိမ်းအေးလှပေစွ။ လွတ်မြောက်မူအတွက် လမ်းပြအမှန် ဖြစ်ပေစွ။
(၆)
အကြောင်းကြောင်းကြောင့် ကျွန်တော်သည်
ကံမြင့်တရားပွဲများသို့ နေ့စဉ် မရောက်ဖြစ်ခဲ့ပါ။ မတ်လ (၃၁)ရက် တိပိဋကဓရ
(ယော) ဆရာတော်၏ နေ့တွင်သာ သွားရောက်ကြည်ညို နာကြားနိုင်ခဲ့ပါသည်။ သို့သော်
ကံမြင့်တရားပွဲ ကျင်းပရေးအဖွဲ့က တိပ်ခွေနှင့် ဓာတ်ပုံမှတ်တမ်းတွေပေး၍
ကျွန်တော့်အတွက် ကြည်ညိုသဒ္ဓါပွား၍ မဆုံးနိုင်။ တရားခွေများမှ တစ်ဆင့်
ဓမ္မဿဝန ကုသိုလ်တွေ ရရှိ၍ မဆုံးနိုင်။
မတ်လ (၃၁)ရက်နေ့ သီတဂူဆရာတော်၏
အမြတ်ဆုံးဥစ္စာနှစ်ပါး (သီလနှင့်ပညာ) ဟောပြောချက်သည် ရင်ထဲသို့
အလင်းတန်းများ ဖြန့်ဝင်လာသည့်နှယ်။ တိပိဋကဓရ (ယော) ဆရာတော်၏
"ကိုယ်ပိုင်အလုပ် ဥစ္စာထုပ်" တရားတော်၏ ရေအလျဉ်သည်လည်း ရင်ထဲအေးမြ၍ မဆုံး။
ယခု ဤဆောင်းပါးရေးသားနေချိန်တွင် တိပိဋကဓရ
ဆရာတော်အရှင်သုမင်္ဂလာလင်္ကာရ(Ph.D)နှင့် တိပဋကဓရ (ရေစကြို) ဆရာတော်
အရှင်ဝါယာမိန္ဒာဘိဝံသတို့၏ တရားခွေများကို နှလုံးသွင်း နာကြားနေဆဲ
ဖြစ်ပါသည်။
သည်အထဲတွင် ကျွန်တော့်ဘ၀ထဲသို့ စီးဝင်လာသော
တရားအဆုံးအမတစ်ခုမှာ ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ၏ "ရလေလိုလေ၊
ဆင်းရဲလေ၊ စွန့်လေချမ်းသာသည်"ဟူသော တရားဆောင်ပုဒ်ဖြစ်ပါသည်။ သည်အဆုံးအမသည်
တိုသလောက် အဓိပ္ပာယ်မှာ နက်ရိုင်းလှပေသည်။ တဏှာလောဘကို စွန့်နိုင်သူတို့၏
အပြီးတိုင်ချမ်းသာသွားကြပုံတို့ကို ဘုရားရှင်နှင့် တပည့်သား
ရဟန္တာအရှင်မြတ်တို့က သက်သေပြသွားခဲ့ကြပြီ ဖြစ်ပါသည်။
ယခု ဘုရားရှင်၏ သာသနာတော်အတွင်းဝယ် ဘုရားရှင်၏
တပည့်သားသံဃာတော်တို့သည် ဘုရားရှင်ချမှတ်ခဲ့သော ၀ိနည်းများအတိုင်း
တရားတော်များကို လက်ဆင့်ကမ်းအမွေ အဖြစ် ထိန်းသိမ်းနေကြဆဲ ဖြစ်ပါသည်။
သံဃာတော်များမှာ တစ်ဆင့် တရားတော်များကို ကြည်ညိုနာကြားခွင့်ရပါသည်။
တရားတော်များမှ တစ်ဆင့် ဘုရားရှင်ကို ဖူးတွေ့ခွင့်ရပါသည်။ သရဏံဂုံသုံးပါးသည် ရင်ထဲ၌ ဖြစ်တည်လာ၏။
သံဃာတော်များမှာ တစ်ဆင့် တရားတော်များကို ကြည်ညိုနာကြားခွင့်ရပါသည်။
တရားတော်များမှ တစ်ဆင့် ဘုရားရှင်ကို ဖူးတွေ့ခွင့်ရပါသည်။ သရဏံဂုံသုံးပါးသည် ရင်ထဲ၌ ဖြစ်တည်လာ၏။
သို့အတွက် တရားတော်များ နာယူနိုင်ရန် တရားပွဲများ ကျင်းပပေးသော
ကံမြင့်ကျောင်းတိုက် ဥပဋ္ဌာကအဖွဲ့၏ စေတနာသဒ္ဓါတရားကိုလည်း
လေးစားကြည်ညိုရပါသည်။
သည်မှ တစ်ဆင့် ကူးစက်ကာ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း တစ်နှစ်ပြည့်သည့်အခါ
အပ္ပမာဒအထူးတရားပွဲများ ကျင်းပရန်ကျွန်တော့်တွင် စိတ်ကူးများ
အစပျိုးမိပေပြီ။
မြန်မာပြည့် အနှံ့အပြား နေရာဒေသ အသီးသီးတွင် "တရားနဲ့ ပနံတင့်၊
အများရဲ့ကံမြင့်"ကဲ့သို့ ဓမ္မဿဝနကုသိုလ်ယူ အထူးတရားပွဲများ ပေါ်ပေါက်လာပါစေ။
ကံမြင့် အထူးတရားပွဲများကို အားကျ၍ မိမိတို့ နေရာဌာန အသီးသီးတွင်
တရားရေဖျန်း ဓမ္မပန်းများ လန်းဆန်းအောင် ဆောင်ရွက်နိုင်ကြပါစေဟု
ဆုတောင်းနေမိပါတော့သည်။
မြသန်းစံ (၁၄.၄.၂၀၀၀)
ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက “ကြာလိုလူ” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment