@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 6 March 2014

သူနာပြု ဟူသည်


တခါသော် မြတ်စွာဘုရားသခင်သည် သူနာပြုစုနည်းနှင့် ပတ်သက်၍ ရဟန်းတို့အား ဤသို့ ဟောကြားတော်မူ၏။

ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားမလည်။
၂။ ရောဂါနှင့် သင့်-မသင့်ကို မသိ။
၃။ မေတ္တာစိတ် မရှိဘဲ လာဘ်ကိုငဲ့၍ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို ရွံရှာစက်ဆုပ်၏။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေးမှု မရှိ။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် မထိုက်။

ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားလည်၏။
၂။ ရောဂါနှင့် သင့်-မသင့်ကို သိ၏။
၃။ မေတ္တာစိတ်ဖြင့် လာဘ်ကိုမငဲ့ဘဲ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို မစက်ဆုပ်။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေး၏။
ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် ထိုက်တန်၏။
ဟု-မိန့်တော်မူ၏။

( အင်္ဂုတ္တိုရ်ပါဠိတော် ဂိလာန၀ဂ်၊ ဒုတိယဥပဋ္ဌာကသုတ် )

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated