@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday, 1 June 2014

အနာဂတ်သာသနာရေး အပိုင်း(၂၀) ဗုဒ္ဓအကြောင်းကို ကောင်းကောင်းသိချိန်



ဗုဒ္ဓအကြောင်းကို ကောင်းကောင်းသိချိန်
ထို့နောက်  တစ်စ တစ်စ  တိုးတက်၍  အသက်ကြီးလာသော်လည်း   သဒ္ဒါ, သင်္ဂြိုဟ်စသော သင်ရိုးစာကလေးများကို သင်ချိန်ဝယ် ဗုဒ္ဓနှင့်စပ်သော အသိဉာဏ် မကျယ်သေးပါ၊ အထက်တန်း ပါဠိ အဋ္ဌကထာများကို သင်ယူရချိန်ကျမှ ဗုဒ္ဓသည် မြန်မာတိုင်းဖွား မဟုတ်ကြောင်းမှ စ၍ ဗုဒ္ဓ၏အဖြစ်ကို အရင်းအမြစ် အထိ တဖြည်းဖြည်း သိရှိလေရာ နဂိုစွဲလမ်းလာသော အတ္တ အယူမှားလည်း ရှင်းရှင်းလင်းလင်း ကင်းကွာလေပြီ၊ [သို့သော် နောက်ဘ၀၌ ထိုအယူမျိုး ထပ်၍ မပေါ်နိုင်ဟု မဆိုလိုပါ၊] ထိုသို့ အတ္တအစွဲပါ ကင်းကွာလောက်အောင် ဗုဒ္ဓတရားတော်ကို သဘော ကျနေရကား ထိုတရားတော်ရှင် ဖြစ်တော်မူသော ဗုဒ္ဓရှင်တော်မြတ် ကို အားရပါးရ ကျေနပ်ပါသည်၊ ယုံကြည်ပါသည်။
ကျေနပ်ခြင်း၏ အကြောင်းများ
ဗုဒ္ဓအပေါ်၌ ကျေနပ်ခြင်း, ယုံကြည်ခြင်း၏  အကြောင်းများသည်  အကျဉ်းချုပ်အားဖြင့် သုံးပါးရှိ၏၊  (၁) ပါရမီဖြည့်တော်မူခဲ့ခြင်း၊ (၂) ပါရမီအစွမ်းကြောင့် အလုံးစုံကို သိသော ဗုဒ္ဓဖြစ်တော်မြူုခင်း၊ (၃) ဗုဒ္ဓဖြစ်တော်မူပြီးနောက် သတ္တ၀ါတို့အကျိုးငှာ မနေမနား တရား ဟောတော်မူခြင်း၊ ဤအကြောင်း သုံးပါးကြောင့် ဗုဒ္ဓရှင်တော်မြတ် အပေါ်၌ ကျေနပ်ခြင်း, အားရခြင်း, ကြည်ညိုခြင်း ဖြစ်ရပါသည်။

          မှန်၏၊ အကယ်၍ ပါရမီဖြည့်ခဲ့ပုံကို မသိရဘဲ ဗုဒ္ဓဖြစ်နေ ကြောင်းကိုသာ သိနေရလျှင် ထိုဗုဒ္ဓအဖြစ်ကို မိမိ ယုံချင်မှ ယုံမည်၊ ယခုသော် “ပါရမီဖြည့်ခဲ့ခြင်းကြောင့် ဗုဒ္ဓဖြစ်ရသည်”ဟု အကြောင်း အကျိုး ဆက်သွယ်၍ရသဖြင့် ဗုဒ္ဓအဖြစ်ကို စင်စစ်ယုံကြည်ပါသည်၊ (ယခုကာလ၌ အထက်တန်းရောက်အောင် ကြိုးစားပြီးနောက် သူတစ်ပါးတို့အကျိုးရှိအောင် ၀န်မဆောင်ဘဲ စည်းစိမ်ခံ၍ အေးအေး နေကြသူ အချို့ကဲ့သို့) ဗုဒ္ဓဖြစ်ရုံ ကြိုးစား၍ ဗုဒ္ဓဖြစ်ပြီးနောက် အပင်ပန်းမခံဘဲ ချမ်းချမ်းသာသာ နေမည်ဆိုလျှင်လည်း (ဗုဒ္ဓအဖြစ်ကို ယုံကြည်စေကာမူ) အားရပါးရ ကျေကျေနပ်နပ် ရှိလှမည် မဟုတ်သေးပါ၊ ယခုသော် ဗုဒ္ဓဖြစ်ချိန်မှ စ၍ ပရိနိဗ္ဗာန်စံတော်မူချိန် အထိ မနေမနား တရားပြတော်မူခဲ့သောကြောင့် “ငါတို့ ဗုဒ္ဓမှ ဗုဒ္ဓ”ဟု ရဲရဲကြီး ပြဖို့ရာ အလွန်အမင်း အားရခြင်း ဖြစ်ပါသည်။
ပါရမီပြည့်ခြင်း
ကိုယ်, နှုတ်, စိတ်ဓာတ် မြင့်မြတ်သောသူတို့၏   အကြောင်း    အလုပ်ကို “ပါရမီ” ဟု ခေါ်၏၊   [ပရမာနံ =မြင့်မြတ်သောသူတို့၏+ကမံ္မ=အလုပ်တည်း၊ ပါရမီ=မြင့်မြတ်သူတို့၏အလုပ်၊] ထိုပါရမီသည် ဆုတောင်းနေရုံမျှဖြင့် ပြည့်ဝနိုင်သည် မဟုတ်၊ မိမိရှေ့က ပါရမီဖြည့်သွားတော်မူကြ သော ဘုရားရှင်တို့ကို အားကျသောကြောင့်ဖြစ်စေ, အောက်ကျနောက်ကျ ဒုက္ခရောက်နေသော သတ္တ၀ါတို့ကို မြင်၍ ကယ်တင်လိုသော ကရုဏာစိတ်ကြောင့်ဖြစ်စေ ပါရမဖြည့်ချင် ကယ်တင်ချင်သော ဆန္ဒသည် ပထမ ဖြစ်ပေါ်လာလိမ့်မည်၊ ထိုသို့ ဆန္ဒဖြစ်ပေါ်နေရုံ မျှဖြင့်လည်း ပါရမီပြည့်ဝသူ မဖြစ်နိုင်သေး၊ ထိုဆန္ဒနှင့် ထိုက်တန် သော အကြံအစည်များကို ကြံစည်ရမည်၊ ထိုအကြံဉာဏ်ကို ရသော အခါ လုံ့လ ၀ီရိယ စိုက်ထုတ်ရမည်၊ မိမိရည်မှန်းသော လမ်းစဉ်ကို ဖြောင့်တန်းအောင် အမြဲသတိဆောင်ရမည်။
အချုပ်။          ကိုယ်တစ်ယောက်ကောင်း မဟုတ်ဘဲ အများအတွက် ပါရမီဖြည့်သူ၌ ရှိထိုက်သော တရားတို့ကား “သတ္တ၀ါ တို့ အပေါ်၌ သနားမှု ကရုဏာ, အကျိုးလိုလားမှု မေတ္တာ, ကယ်တင်နိုင်သူ ဖြစ်လိုသော ဆန္ဒ, ကြံစည်စဉ်းစားမှု ဉာဏ်ပညာ, ကြိုးစားမှု ၀ီရိယ, မိမိဆိုင်ရာ ကိစ္စအရပ်ရပ်၌ မလစ်လပ်စေမှု သတိ, စိတ် မပြောင်းမှု သမာဓိ, ဤသို့ ကြိုးစားလျှင် ရည်ရွယ်ချက် အထမြောက် သည်ဟု ယုံကြည်မှု သဒ္ဓါ, မိမိစိတ်ဓာတ်ကို လှုံ့ဆော်ပေးသော စေတနာ”ဟု ဤ ကိုးပါးသော တရားများတည်း၊ ဤတရားများသည် ပါရမီဖြည့်ခြင်း ပြည့်လည်း ပြည့်ခြင်း၏ အကြောင်းရင်း ဖြစ်ကြပါသည်။ [ ဤတရားများ မရှိပါဘဲ ဘုရားဆိုတာ ထူးသော ပုဂ္ဂိုလ်ဟု ယူဆ၍ ထိုပုဂ္ဂိုလ်မျိုး ဖြစ်လိုရုံမျှဖြင့် ပါရမီမပြည့်နိုင်ပါ။]
[ဆောင်]        အောက်ကျနောက်ကျ, ကိုယ့်ဒုက္ခဖြင့်, မုချနွမ်းညှိုး, သတ္တ၀ါမျိုး၌, အကျိုးလိုလား, မေတ္တာထား၍, သနား ကရုဏာ, ဖြစ်သောခါတွင်,
ကယ်တင်အံ့မျှော်, ဆန္ဒ ပေါ်လိမ့်၊…ထိုသော်အခါ, ဉာဏ်ပညာဖြင့်, ကောင်းစွာ စိစစ်,
ဝီရိယဖြစ်လျက်, မလစ်သတိ, သမာဓိကို, တည့်တည့်မားမား, အမြဲထားမူ, ဘုရားသော်ကွယ့်,
ဖြစ်နိုင်ရဲ့ဟု, တကယ့်သဒ္ဓါ, စေတနာနှင့်, ဧရာစိတ်ကြီး, မြဲအောင်တည်းမှ, ခိုင်ဖြီးပါရမီ,
စုံပြည့်ညီသည်,… ဖြည့်မည်သူတို့ မှတ်ဖွယ်ကို့။
 
Credit to

အနာဂတ်သာသနာရေး အပိုင်း(၁၉) ဗုဒ္ဓရှင်တော်ကို ကြည်ညိုပုံအစဉ်


ဗုဒ္ဓရှင်တော်ကို ကြည်ညိုပုံအစဉ်
ယောင်ဝါးဝါးသာဝကဖြစ်ပုံ  

ဘုန်းကြီး၏  ဘိုး ဘွား မိဘများသည် ဗုဒ္ဓကို ဆည်းကပ် ကိုးကွယ်သော ဥပါသကာများ ဖြစ်ကြသည့် အားလျော်စွာ ထိုဘိုးဘွားမိဘတို့၏ သြ၀ါဒအတိုင်း ငယ်စဉ်က ဘုရားရှိခိုးလျက် ဗုဒ္ဓသာဝက ဖြစ်ခဲ့ရ၏၊ သို့သော် ဘယ်လို ဘုရားကို ရည်စူး၍ ဘယ်လို ကြည်နူးရမှန်း မသိ၊ ရွာအရှေ့မှာ တည်ရှိတော်မူနေသော ရုပ်ပွားတော်,စေတီတော်များလောက်ကိုသာ မိမိစိတ် ရောက်နေပါသည်၊ ထိုငယ်စဉ်က မိမိ၏ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းသည် ယောင်ဝါးဝါး ဗုဒ္ဓဘာသာဝင်တည်း၊ ထိုအချိန်မှာ မိမိသည် ဘာသာခြားကျောင်း များ၌ စာသင်၍ ထိုကျောင်းဆရာတို့က သူတို့ဘာသာသို့ ဆွဲငင် ဖြားယောင်းလျှင်လည်းကောင်း, မိဘတို့ကလည်း ဗုဒ္ဓဘာသာ သဘောကို အထူးမပြောပြလျှင်လည်းကောင်း ဆွဲငင်ရာဘက်သို့ ညွတ်လျက်နေမည်မှာ သေချာပါလိမ့်မည်။

          ယခုအခါ ဗုဒ္ဓဘာသာ ယောင်ဝါးဝါးနှင့် ကြီးရင့်လာကြသူများ လည်း ဗုဒ္ဓဘာသာ၏ အခြေအမြစ် အနှစ်သာရဖြစ်သော တရားကောင်းများကို မနာရ မကြည့်ရဘဲ နိုင်ငံခြားမှ လာသော ခေတ်ပေါ် စာပေများကိုသာ ကြည့်ရှုကာ ယောင်ဝါးဝါး ဖြစ်နေကြသည်မှာ ဤ သဘောပင် ဖြစ်ပေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၈) ပညာရှိမှ ပညာရှိကို သိနိုင်ပုံ




ဓာတ်တော်အပ်နှင်းပွဲ
[ဤကျမ်းကို ပုံနှိပ်နေစဉ် သတင်းစာ၌ တွေ့ရ၍ ထည့်သွင်းချက်]
ပညာရှိမှ ပညာရှိကို သိနိုင်ပုံ
“ဗုဒ္ဓသည် လူ၏ အစကို မဟောပြနိုင်ခဲ့၊ လောကဓာတ် ဆရာကြီးတို့သာ  လူ၏ အစကို ပြနိုင် သည်” ဟု ဗုဒ္ဓရှင်တော်နှင့် မတန်မရာသော စွပ်စွဲသံကို “ဗုဒ္ဓသာသနာ ထွန်းကားပါပေသည်”ဟု ချီးကျူးခံရသော မြန်မာနိုင်ငံ၌ (အချို့လူများအထံမှ) ကြားနေရစဉ် ဗုဒ္ဓဘာသာ မထွန်းကားသော အိန္ဒိယနိုင်ငံဝယ် (၁၄၊ ၁၊ ၄၉) ပြာသို လဆုတ် တစ်ရက်နေ့က အဂ္ဂသာဝကနှစ်ပါး၏ ဓာတ်တော်များ ကို မဟာဗောဓိအသင်းသို့ အပ်နှင်းပွဲ အခမ်းအနား၌ ဗုဒ္ဓဂုဏ်တော်များကို ထုတ်ဖော်ချီးကျူးသံ ကြားရသောအခါ “အင်း…ပညာရှိမှ ပညာရှိအကြောင်းကို ကောင်းကောင်း သိနိုင်ပေတာပဲ”ဟု (ကျမ်း လာအတိုင်း) စဉ်းစားမိပါသည်၊ ထိုအပ်နှင်းပွဲ၌ ပရိသတ်ငါးသိန်းခန့် တက်ရောက်ကြ၍ နိုင်ငံကျော် ပဏ္ဍိတ်ကြီးတွေ အများအပြားပင် ဗုဒ္ဓဂုဏ်တော်ကို ထုတ်ဖော်ချီးကျူးပါသတဲ့။

ပဏ္ဍိတ်နေရူး ချီးကျူးပုံ

အနာဂတ်သာသနာရေး အပိုင်း(၁၇) တိတ္ထိတွေ ကြော်ငြာကြပုံ

တိတ္ထိတွေ ကြော်ငြာကြပုံ
ပါတိမောက်ကို သင်ပြီးသောအခါ သရဘပရိဗိုဇ်ကို  ဆရာတင်၍ ရာဇဂြိုဟ်မြို့တွင်းသို့ အစောကြီး ၀င်ပြီးလျှင် သူတို့ဆိုင်ရာပရိသတ် အလယ်၌ သရဘပရိဗိုဇ်က ပြောသည်မှာ… ငါသည် ရဟန်းတို့၏ တရားကို အကုန်သိပြီ၊ ရဟန်းဂေါတမရဲ့တရား၌ အဆီအနှစ် ဘာမျှ မရှိဘူး၊ တကယ်ရှိ လျှင် ငါကိုယ်တိုင် သူတို့အထဲက ထွက်ခဲ့မှာ မဟုတ်ဘူး၊ ယခုတော့ အနှစ်သာရ ဘာမျှမရှိလို့ ငါထွက် လာခဲ့တယ်၊ ရဟန်းတွေဟာ အာဝဋ္ဋနီမာယာ (မျက်လှည့်အတတ်)ကို သွင်းပြီးတော့ လောက၌ ညာစားနေကြတယ်၊
ဤသို့ စသည်ဖြင့် သာသနာတော်ကို စော်ကားပုတ်ခတ်နေသံကို ဆွမ်းခံဝင်သော ရဟန်းအချို့ ကြားခဲ့ကြလေသည်၊ ထိုသို့ ကြားခဲ့ရသော ရဟန်းအများတို့တွင် ပုထုဇဉ်အချို့က မခံချင်ကြသော ကြောင့် ပြန်ရောက်သောအခါ ဗုဒ္ဓရှင်တော်အား လျှောက်ကြပြီးလျှင် “သူပြောသမျှကို ဆိတ်ဆိတ် နေလျှင် သာ၍ ရောင့်တက်ကာ သူ့မှာ အပြစ်များဖွယ် ရှိပါသည်၊ သရဘကို သနားသောအားဖြင့် ပရိဗိုဇ်ကျောင်းသို့ ကြွတော်မူပါ”ဟု တောင်းပန်ကြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၆) ဗုဒ္ဓနှင့်သရဘပရိဗိုဇ်

ဗုဒ္ဓနှင့်သရဘပရိဗိုဇ်
တိတ္ထိတို့ အကြံ ဗုဒ္ဓသည် များသောအားဖြင့် အေးအေးသက်သာ  နာခံသာအောင် တရားဓမ္မ ဟောလေ့ရှိသော် လည်း တစ်ရံတစ်ခါသော် တိတ္ထိတို့၏ ရောင့်တက်မှုကြောင့် ““သီဟနာဒ””ခေါ် ခြင်္သေ့ဟောက်သို့ ရဲရဲတောက် မိန့်တော်မူရသေး၏၊ သူပေး လူပေး သူများကျွေးမှ စားသောက်ရသောဘ၀၌ ရောက်ရှိ နေသူတို့သည် မဂ် ဖိုလ် နိဗ္ဗာန်ကို မှန်းမျှော်၍ အထက်တန်းစိတ် မထားနိုင်သမျှ မိမိဝမ်းရေးကို တွေး၍ ပူပန်တတ်ကြလေသည်၊ ထို့ကြောင့် ဗုဒ္ဓရှင်တော် ထွန်းပေါ်တော်မူလာသောအခါ သူတို့ထက် သာလွန်နေသော ဗုဒ္ဓရှင်တော်ကို ကြည့်၍ တိတ္ထိတို့တစ်တွေ ဣဿာ မစ္ဆရိယ (မနာလိုမှု ငြူစူမှု ၀န်တိုမှု) ဖြစ်နေကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။

          ထို့ကြောင့် အခါတစ်ပါး၌ တိတ္ထိတို့ အချို့ စုရုံးတိုင်ပင်ကြသည်ကား…ရှင်ဂေါတမ ပေါ်လာ သည်ကစ၍ ငါတို့မှာ လာဘ်လာဘ လျော့ပါးလာခဲ့ကြသည်၊ “ဘာ့ကြောင့် ရှင်ဂေါတမကို ကြည်ညိုတဲ့ သူတွေ များသလဲ” ဆိုတာကို စဉ်းစားကြဖို့လိုတယ်၊ ဤသို့ တိုင်ပင်၍ အမျိုးမျိုး စဉ်းစားကြရာဝယ် ပရိဗိုဇ်တစ်ယောက်၏ အများ အတည် ပြုလောက်သော စဉ်းစားချက်မှာ ဤသို့ တည်း…

အနာဂတ်သာသနာရေး အပိုင်း(၁၅) ဗုဒ္ဓရှင်တော်နှင့်ဝစ္ဆဂေါတ္တပုဏ္ဏား

ဗုဒ္ဓရှင်တော်နှင့်ဝစ္ဆဂေါတ္တပုဏ္ဏား
ဝစ္ဆဂေါတ၏ ဗုဒ္ဓအပေါ်ထင်မြင်ချက်
ဗုဒ္ဓသည် ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူသောအခါ ဗြာဟ္မဏရွာသို့ ရောက်တော်မူလေရာ ထိုရွာနှင့် မလှမ်းမကမ်း တောအုပ်တစ်ခုမှာ သီတင်းသုံးတော်မူသည်၊ ထိုအခါ ဗုဒ္ဓ၏ဂုဏ်သတင်းကို ကြားဖူး၍ ဗုဒ္ဓအထံသို့ ဖူးမြော်လာကြသော ဗြာဟ္မဏ(ပုဏ္ဏား)လူမျိုးတို့တွင် ၀စ္ဆဂေါတ္တပုဏ္ဏားလည်း ပါဝင်၏၊ ထိုသူကား ကောင်းမွန် သားနားသော အိပ်ရာနေရာကို လွန်စွာ နှစ်သက်သူတည်း၊ ထို့ကြောင့် ဗုဒ္ဓအထံတော်သို့ ရောက်၍ ဗုဒ္ဓရှင်တော်၏ ရုပ်အဆင်းကို ခြေဆုံး ခေါင်းဆုံးကြည့်ကာ လွန်စွာကြည်လင်သော ဣနြေ္ဒများနှင့် အသားအရေများကို မြင်ရသဖြင့် “အင်း… သားနားသော အိပ်ရာ နေရာများ၌ အိပ်ရ နေရလို့သာ ယခု လောက် ကြည်လင် သန့်ရှင်းတာ ဖြစ်မှာပဲ”ဟု ထင်မြင်ချက်ပြုကာ
“အရှင်ဂေါတမ၏ ဣနြေ္ဒများ အလွန်ကြည်လင်ပါပေတယ်၊ အရေ အဆင်းလည်း ဇမ္ဗူရာဇ်ရွှေအဆင်းကဲ့သို့ အလွန်သန့်ရှင်းပါပေတယ်၊ ဥစ္စာသယန မဟာသယန (မြင့်သော သားနားသော အိပ်ရာနေရာ များ)လိုသလောက် အခါမရွေး ရနေဟန်တူပါတယ်”ဟု လျှောက် လေသည်။

ဗုဒ္ဓအမြဲရနေသော အိပ်ရာနေရာ
         
ထိုအခါ ဗုဒ္ဓသည် ၀စ္ဆဂေါတ္တပြောဆိုလိုသော သားနားသော အိပ်ရာကို “ရဖို့လည်းမလွယ်, ရပြန်လျှင်လည်း မသုံးဆောင်အပ်”ဟု မိန့်တော်မူပြီးလျှင် ကိုယ်တော်၏ အလိုရှိတိုင်း အလွယ်တကူ ရနိုင် သော အိပ်ရာနေရာ သုံးမျိုးရှိကြောင်းကို မိန့်တော်မူသည်၊
ချဲ့ဦးအံ့-ဗုဒ္ဓသည် ဂန္ဓကုဋိတိုက်တော်စသော အမြဲကျောင်းတော်မရှိရာ မြို့ ရွာ နိဂုံးသို့ ရောက်တော်မူသောအခါ ဆွမ်းခံဝင်တော်မူ၍ ဆွမ်း ဘုဉ်းပေးပြီးနောက် ဆိတ်ငြိမ်သော တောသို့ ကြွတော်မူလေ့ရှိ၏၊ ထိုတော၌ သစ်ရွက်များကို စုတော်မူပြီးလျှင် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူ၍ ဈာန်ဝင်စားတော်မူ၏၊ ထိုသို့ ဈာန်ဝင်စားလျက် စင်္ကြံလည်း ကြွတော်မူ၏၊ ရပ်လည်း ရပ်တော်မူ, ထိုင်လည်း ထိုင် တော်မူ, လျောင်းလည်း လျောင်းတော်မူ၏၊ ဤသို့ ၀င်စားအပ်သော ဈာန်သမာပတ်သည် ဗုဒ္ဓရှင်တော်၏ မြင့်မြတ်သောနေရာ (ဥစ္စာသယန မဟာသယန) တစ်မျိုးပေတည်း၊ ထိုဥစ္စာသယန မဟာသယနမျိုးကိုကား အလိုရှိတိုင်း ရနိုင်ပါသည်၊ [ထို့နောက် ထိုနေရာမျိုး၌ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဘာဝနာ ပွား၍ နေတော်မူခြင်း, ဖလသမာပတ် ၀င်စား၍ နေတော်မူခြင်းဟု အခြား ဥစ္စာသယန မဟာသယန နှစ်မျိုးကိုလည်း ပြတော်မူသည်။]
မှတ်ချက်။       ။ ဤသုတ္တန်ဖြင့် ပြလိုရင်းကား… ဗုဒ္ဓရှင်တော်မြတ်သည် အမြဲမပြတ် ဂန္ဓကုဋိတိုက် ကဲ့သို့သော စံကျောင်းမှာချည်း သီတင်းသုံးတော်မူလေ့ရှိသည် မဟုတ်ပါ၊ ရောက်လေရာ အရပ်၌ ဆွမ်းခံကြွတော်မူကာ (ကျောင်းအဆင်သင့် မရှိရာဝယ်) တောထဲမှာ သီတင်းသုံးတော်မူကြောင်း, ထိုသို့ သီတင်းသုံးတော်မူ ရာ၌ ခမ်းနားသိုက်မြိုက်စွာ တည်းခိုကျောင်းကို ဆောက်လုပ်စေ တော်မမူဘဲ မြက် သစ်ရွက်တို့ကို ခင်း၍ နေလေ့ရှိတော်မူကြောင်း ပြလိုရင်း ဖြစ်သည်၊ သို့သော် ဤသို့ သီတင်းသုံးတော်မူခြင်းကား ရက်ရှည်လများ နေရာအရပ်မျိုး ဟုတ်ဟန်မတူ၊ တစ်နေ့တစ်ရက် ဆိုသလို ခေတ္တခဏအရပ်မျိုး ဖြစ်ဟန်တူပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၄) ဥပါလိသူကြွယ် သောတာပန်ဖြစ်ပုံ



သောတာပန်ဖြစ်ပုံ
ထို့နောက်  ဗုဒ္ဓသည်  ဒါန သီလ နတ်ပြည် အကြောင်းတို့ဖြင့် လောကီအာရုံ ကာမဂုဏ် စည်းစိမ်ချမ်းသာတို့ကို ပြပြီး၍ ထိုစည်းစိမ်တို့၏ အပြစ်ကိုလည်းကောင်း, ကာမဂုဏ်မှ ခွာနိုင်လျှင် ရနိုင်သည့် အကျိုးအာနိသင်ကိုလည်းကောင်း ပြတော်မူရာ ဥပါလိ၏စိတ်သည် ကာမဂုဏ်၌ အပြစ် မြင်ကာ လွန်စွာ နူးညံ့နေစဉ် သစ္စာလေးပါးတရားကို ဟောပြတော်မူလေသော် ထိုနေရာ၌ပင် သောတာပန်ဖြစ်လေသည်၊ ထို့နောက် ဗုဒ္ဓကို ၀ပ်ချ၍ အိမ်သို့ ပြန်ရောက်သောအခါ သူ၏ တံခါးမှူးကို အမိန့်ပေးသည်မှာ…
          “အချင်းတံခါးမှူး…ယနေ့မှ စ၍ နိဂဏ္ဌတို့အတွက် အိမ်တံခါးကို ပိတ်၍ ဗုဒ္ဓနှင့် တပည့်တို့အတွက် တံခါးကို ဖွင့်လိုက်ပါပြီ၊ အကယ်၍ နိဂဏ္ဌတစ်ယောက်တလေလာလျှင် ဒီမှာ ရပ်ပါ, မ၀င်ခဲ့ပါနှင့်, ဆွမ်းအလိုရှိလျှင် ဆွမ်းယူခဲ့ပါလိမ့်မည်”ဟု ပြောဖို့ရန် အမိန့် ပေးလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃) ဗုဒ္ဓကို နှိမ်ရန် ဥပါလိသူကြွယ်လာပုံ



ဆရာကြီးက အတည်ပြုပုံ
         
ဒီဃတပဿီပြန်လာချိန်ဝယ် နိဂဏ္ဌဆရာကြီးလည်း ဥပါလိသူကြယ်အမှူးရှိသော ပရိသတ် ကြီးအလယ်မှာ ထိုင်နေခိုက် ဖြစ်၏၊ ထိုအခါ ဆရာကြီးက ဒီဃတပဿီကို “နေ့လယ်ကြောင်တောင် အချိန်မှာ ဘယ်က လာခဲ့သနည်း”ဟု မေးရာ “အရှင်ဂေါတမဆီက လာခဲ့ ကြောင်း” အရှင်ဂေါတမနှင့် စကားပြောဆိုရာ “တပည့်တော်က ကာယဒဏ်သည် သာ၍အပြစ်ကြီးကြောင်းပြောလျှင် ရှင်ဂေါတမက မနောဒဏ်သည် သာ၍ အပြစ်ကြီးကြောင်း ပြန်၍ ပြောပါသည်”ဟု သူ့ဆရာကြီးအား ပြောပြလေသော်…
          ထိုအခါဆရာကြီးက…“သာဓု…သာဓု ဆရာကောင်းတပည့် ပီသစွာ ဖြေဆိုခဲ့ပါပေတယ်၊ အင်မတန် ထင်ရှားတဲ့ ကာယဒဏ်နှင့် နှိုင်းစာလျှင်  မနောဒဏ်ဟာ  ဘာ ပြောပလောက်တော့မှာလဲ၊ မကောင်းမှု အကုသိုလ်ဖြစ်ဖို့ အရေးမှာ ကာယဒဏ် အပြစ်ကြီး သလောက်  ၀စီ  မနောဒဏ်များ  အပြစ်မကြီးနိုင်ဟု  (ထပ်မံ၍ ဒီဃတပဿီအဖြေကို အတည်ပြုသောအားဖြင့်) ပရိသတ်အား ပြောပြလေသည်။ [သူတို့ကား “သူ့အသက် သတ်ခြင်းဟူသော ပါဏာတိပါတသည် စိတ်ဖြင့် ကြံစည်ရုံ နှုတ်ဖြင့် ပြောနေရုံမျှဖြင့် အပြစ်မကြီးသေး, ကိုယ်ဖြင့် ထိထိရောက်ရောက် သတ်မှ အပြစ် ကြီးသည်”ဟု ဆိုလိုသည်၊ ထိုအချက်ကို ဗုဒ္ဓနှင့် ဥပါလိ အတွေ့မှာ ရှင်းလင်းစေပါလိမ့်မည်။]

အနာဂတ်သာသနာရေး အပိုင်း(၁၂) ဒီဃတပဿီနှင့် ဗုဒ္ဓတွေ့ပုံ



ဗုဒ္ဓရှင်တော်နှင့် ဥပါလိသူကြွယ်
ဒီဃတပဿီနှင့် ဗုဒ္ဓတွေ့ပုံ
နာဠန္ဒာမြို့ဝယ် “ဥပါလိသူကြွယ်”ဆိုသူကား မူလက နိဂဏ္ဌနာဋပုတ္တ၏တပည့် ဖြစ်၍ (သူ့ဆရာတော်များ၏ လှည့်စားထားချက်အရ) ဗုဒ္ဓအပေါ်မှာ အထင်သေးနေသော လူကုံထံ တစ်ယောက်ပေတည်း၊ ထိုနာဋပုတ္တဆရာကြီးမှာ “ဒီဃတပဿီ”မည်သော လက်ထောက် ဆရာတစ်ယောက် ရှိသေး၏၊ 
နာဠန္ဒာမြို့၌ ထိုဆရာတပည့်တို့ နေကြရာ ဗုဒ္ဓရှင်တော်မြတ်လည်း အထည်ကုန်သည်တစ်ဦး၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေခိုက်နှင့် ကြုံကြိုက်နေလေသည်၊ အခါတစ်ပါး၌ ဒီဃတပဿီသည် ဆွမ်းခံအပြန်တွင် ဗုဒ္ဓအထံသို့ ၀င်လာ၍ ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးနောက် စကား ပြောကြသည်မှာ…
ဗုဒ္ဓ။     ။ ဒီဃတပဿီ…နိဂဏ္ဌနာဋပုတ္တဆရာသည် မကောင်းမှု ဖြစ်ဖို့ရာ ကံအမျိုး ဘယ်လောက် ပညတ်ထားသလဲ။

အနာဂတ်သာသနာရေး အပိုင်း(၁၁) ပြန်ကြွပုံနှင့် ကျောင်းတော်၌နေပုံ...



ပြန်ကြွပုံနှင့် ကျောင်းတော်၌နေပုံ
နေရာမှ ထ၍ ပြန်ကြွသည့်အခါ  မနှေး မမြန် ကြွတော်မူ၏၊ အရှင်ဂေါတမ၏ ကိုယ်၌ သင်္ကန်းသည် ဘေးမှ အထက် သို့လည်း မြင့်တက် မနေ, ခြေမျက်စိတိုင်အောင် လျှောကျ၍လည်း မနေ, ရင်ဘတ်ပေါ်၌လည်း မနေ, လက်ဝဲတစ်ဖက်ကို ဖော်ကာ ရင်တစ်ခြမ်းပေါ်၌လည်း မနေ, (ချွေးစိုနေသူကဲ့သို့) သင်္ကန်းသည် ကိုယ်၌ ကပ်၍ ကျစ်ကျစ်ကလေးလည်း မဖြစ်, ကိုယ်မှ ကွာ၍ ပွတတလည်း မဖြစ်ပါ၊ ကိုယ်တော်မှ သင်္ကန်းကွာသွားအောင် လေလည်း မတိုက်နိုင်ပါ၊ ကိုယ်၌ မြူမှုန်လည်း မလူးပါ၊
ကျောင်းရောက် သောအခါ ခင်းထားပြီးသော နေရာ၌ ထိုင်၍ ခြေဆေးတော်မူပါ သည်၊ ခြေဆေးရာ၌ ခြေကို အိုးခြမ်းစသည်ဖြင့် တိုက်၍ လှပအောင် ဆေးသည်မဟုတ်, ခြေကို ခြေချင်း ပွတ်၍သာ ဆေးတော်မူ၏၊ ခြေတော်ဆေးပြီးနောက် တင်ပျဉ်ဖွဲ့ခွေ၍ (ကမ္မဋ္ဌာန်းထိုင်သလို) ထိုင်နေပါသည်၊ အရှင်ဂေါတမသည် မိမိဆင်းရဲအောင်လည်း အားမထုတ်, သူတစ်ပါး ဆင်းရဲအောင်လည်း အားမထုတ်ဘဲ မိမိ၏စီးပွား, သူတစ်ပါးတို့၏ စီးပွား, လောက၏ စီးပွားများကို စဉ်းစားကြံစည်နေဟန် တူပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၀) ဆွမ်းဘုဉ်းပေးပုံနှင့် ဆေးကြောပုံ



ဆွမ်းဘုဉ်းပေးပုံနှင့် ဆေးကြောပုံ
[သပိတ်ဖြင့် ဆွမ်းဘုဉ်းပေးကြောင်း, ဟင်း       ကိုလည်း  သပိတ်၌  ထည့်၍  ဘုဉ်းပေးကြောင်းကို ရှေးဦးစွာ သတိပြုပါ။] ဆွမ်း ကပ်ခါနီးသော် လူတို့က သပိတ်ဆေးဖို့ ရေကို ယူလာ၍ သပိတ်၌ လောင်းထည့်သောအခါ သပိတ်နှုတ်ခမ်းကို ဒီဘက်စောင်း ဟိုဘက် စောင်း  ဘေးစောင်း မဖြစ်စေဘဲ  လက်နှစ်ဖက်ဖြင့် ကိုင်၍ အနည်းငယ် စောင်းပြီး ခံယူပါသည်၊ ရေကိုလည်း မနည်းလွန်း မများ လွန်းဘဲ သင့်တော်ရုံကိုသာ ခံယူပါသည်၊ သပိတ်ကို ဆေးသောအခါ  ရေသံ မမည်စေပါ၊ သပိတ်အပြင်ကိုလည်း ရှေးဦးစွာ မဆေးပါ၊ သပိတ်ဆေးပြီးသည်နှင့် တစ်ပြိုင်နက် လက်ဆေးပြီးလည်း ဖြစ်ပါတော့၏၊
ထိုသပိတ်ဆေးရေကို အဝေးလှမ်း၍ မသွန်, အနီး၌လည်း ကပ်၍ မသွန်ပါ၊ (အဆင်သင့်ရုံ မနီးမဝေးမှာ သွန်ပါသည်-ဟူလို၊) ဆွမ်းကို ခံယူသည့်အခါလည်း (ရေကို ခံယူတုန်းကကဲ့သို့) သပိတ် နှုတ်ခမ်းကို တည့်တည့်ထား၍ အနည်းငယ် စောင်းပြီး မနည်းလွန်း မများလွန်း ခံယူပါသည်၊ ဟင်းကိုလည်း ဆွမ်းနှင့် မျှတရုံ (ဆွမ်း၏ လေးပုံတစ်ပုံမျှသာ) ခံယူပါသည်၊ ဆွမ်းဘုဉ်းပေးပြီးသောအခါ ဆွမ်းလည်း မပို, ဟင်းလည်း မလိုပါ။

အနာဂတ်သာသနာရေး အပိုင်း(၉) ကြွသွားတော်မူပုံ ၊ လူတို့အိမ်ဝယ် နေထိုင်ပုံ



ကြွသွားတော်မူပုံ
ပါမောက္ခဆရာကြီးသည်   ဝေဒမန္တန်နှင့် ညီညွတ်နေသော ဗုဒ္ဓလက္ခဏာတော်ကို ကြားရလျှင်ပင် အလွန်ကျေနပ်ဟန် ရှိ၏၊ ဥတ္တရလုလင်ကလည်း သူ့ကိုယ်တိုင် စုံစမ်းတွေ့ရှိသမျှကို ပြော၍အပြီးတွင် ရပ်တန့်မနေ သေးဘဲ သွားပုံ လာပုံ စသည်တို့ကို ဆက်လက် ပြောပြသည်မှာ…
အရှင်ဂေါတမသည် သွားဖို့ရန် ခြေလှမ်းသောအခါ လက်ယာဘက် ခြေကိုသာ ပထမ လှမ်းလေ့ရှိ၍ လှမ်းပြီးသော ခြေကို မဝေးလွန်း မနီးလွန်း  ချလေ့ရှိပါသည်၊  မမြန်လွန်း  မနှေးလွန်း  ကြွသွား၍ သွားသောအခါ ဒူးဆစ်ချင်း ခြေမျက်စိချင်းလည်း မထိမခိုက်ပါ၊ (ရေထဲ၌ သွားနေသူသည် ပေါင်ကို မြှောက်၍ မြှောက်၍ သွားရ သကဲ့သို့) ပေါင်ကို မြှောက်၍လည်း သွားလေ့မရှိပါ၊ ပေါင်ကို နောက်သို့လည်း မဆုတ်နစ်စေပါ၊ ပေါင်ကို တောင့်တောင့်ကြီးလည်း မဖြစ်စေ, ဟိုဘက် သည်ဘက်သို့ လှုပ်လှုပ်ရှားရှားလည်း မဖြစ်စေပါ။

အနာဂတ်သာသနာရေး အပိုင်း(၈) စုံစမ်းပြီးပြန်ပုံနှင့် ဆရာကြီးထံ ပြန်ပြောပုံ



စုံစမ်းပြီးပြန်ပုံ
ဥတ္တရလုလင်သည်  ဂန္ဓကုဋိသို့ ၀င်၍ ဗုဒ္ဓနေထိုင်ပုံကို စုံစမ်း၏၊ ဗုဒ္ဓသည် တစ်ခဏမျှ လဲလျောင်းနေဖို့ရန် အခြင်းအရာကို ပြသောအခါ လုလင်သည် ဂန္ဓကုဋိမှ ထွက်နေ၏၊ ဗုဒ္ဓသည် တစ်ခဏမျှ လဲလျောင်း၍ ထတော်မူပြီးလျှင် ဖလသမာပတ်ကို ၀င်စားတော်မူ၏၊ [ယခုကာလ ကမ္မဋ္ဌာန်း ထိုင်သကဲ့သို့ နိဗ္ဗာန်ကို အာရုံပြု၍ စိတ်အစဉ် ဖြစ်နေစေမှုကို ဖလသမာပတ် ၀င်စားသည်ဟု ခေါ်၏။
သမာပတ်ဝင်စားတော် မူပြီးနောက် တရားနာဖို့ရန် ပရိသတ်များ ရောက်လာကြောင်းကို သိတော်မူ၍ တရားဟောရာ ဓမ္မာရုံသို့ ကြွတော်မူကာ တရားဟောတော်မူစဉ် လုလင်လည်း အနီးမှာ ထိုင်၍ “ဘယ်လိုစကားမျိုးကို ပြောသလဲ၊ ပရိသတ်ကို မြှောက်နေသလား, သို့မဟုတ် နှိမ့်ချ ပြောနေသလား”စသည်ဖြင့် အကဲခတ်နေ၏၊ ဤနည်းအားဖြင့် ဗုဒ္ဓကို စုံစမ်းနေသည်မှာ (၇)လလောက် ကြာသွားလေသည်၊ ထိုအခါ စဉ်းစားမိသည်မှာ…
          ငါသည် (၇)လပတ်လုံး တကောက်ကောက်လိုက်၍ အပြစ်ရှာသော်လည်း အရှင်ဂေါတမ၏ အပြစ်ကို အနည်းငယ်မျှ မတွေ့ရ၊ နောက်ထပ် ဆက်၍  (၇)နှစ်, အနှစ် တစ်ရာ, အနှစ် တစ်ထောင် ကြာအောင် အပြစ်ရှာသော်လည်း တွေ့မည် မဟုတ်၊  ငါ၏ဆရာပါမောက္ခကြီးလည်း အသက်ကြီးရှာပြီ၊
“ယောဂက္ခေမ”ခေါ် တရားတော်ကို ဆရာကြီး သိသင့်သည်၊ သို့ဖြစ်၍ ဆရာကြီးထံ အမြန် ပြန်ပြီးလျှင် ဗုဒ္ဓအစစ်ဖြစ်ကြောင်းကို ပြောပြတော့မည်၊ ဤသို့ ကြံစည်ကာ ဗုဒ္ဓရှင်တော်မြတ်ထံ… ပြန်ပါဦးမည့်အကြောင်း … ခွင့်တောင်း၍ အကျွမ်းဝင်နေသော သံဃာများကိုလည်း ၀ပ်ချကာ ထွက်ခွာသွားလေသည်။
ဆရာကြီးထံ ပြန်ပြောပုံ
ဥတ္တရလုလင် ပြန်ရောက်လျှင် ရောက်ချင်း ပါမောက္ခကြီးက “ဘယ့်နှယ်လဲ ဥတ္တရ…              ရှင်ဂေါတမရဲ့ ကျော်စောခြင်းသည် အမှန် ကျော်စောထိုက်သော ဂုဏ်ရှိ၍ ကျော်စောခြင်း ဟုတ်ပါရဲ့လား”ဟု မေးလေရာ ဥတ္တရလုလင်သည် သူ့ကိုယ်တိုင် တွေ့ခဲ့ ကြုံခဲ့ စုံစမ်းခဲ့သမျှကို ခရေစေ့တွင်းကျ ပြန်၍ ပြောပြသည်မှာ…အရှင်ဆရာကြီး, ထိုအရှင်ဂေါတမသည် ယောက်ျားမြတ်၏ လက္ခဏာ (၃၂)ပါးလုံး ပြည့်စုံပါသည်၊ ထိုလက္ခဏာတို့တွင်…
၁။       ခြေဖ၀ါးသည် လူအများကဲ့သို့ အလယ်၌ ချိုင့်၍ ခွက်၍မနေဘဲ “ဖနောင့်, အလယ်သား, ဖ၀ါးစွန်း” သုံးဌာနလုံး ညီနေပါသည်။  [ဤလက္ခဏာတော်ကြောင့် မြေ၌ နင်းလိုက်သောအခါ တညီတညွတ်တည်း ထိရကား ခြေ၏ လက္ခဏာ (ခြေရာတော်)များအပြည့်အစုံ ထင်နိုင်လေသည်။]
၂။       ခြေဖ၀ါးတော်၏   အပြင်တို့၌  စက်ဘီးပုံသဏ္ဌာန်  (အကန့်ဒေါက်ဆန်,  အကွပ်, ပုံတောင်း)  အပြည့်အစုံပါသော  စက်လက္ခဏာလည်း ရှိပါသည်။
၃။       သူတစ်ပါးထက်ရှည်သော ဖနောင့်လည်း ရှိပါသည်။ [ခြေဖ၀ါးကို အလျားလိုက် တိုင်း၍ (၃)ပုံ ပုံထားလျှင် (၂)ပုံသည် ခြေဖျားဘက်မှာ ပါ၍  တစ်ပုံအထက်၌ ခြေသလုံးတည်၏၊  နောက်တစ်ပုံမှာ ဖနောင့်ပင်တည်း၊  ထိုဖနောင့်တော်ကား  ပွတ်ဖြင့်ပွတ်၍ထားသကဲ့သို့ လုံးလုံးဝိုင်းဝိုင်း ရှိသည်။]
၎။       အရင်းတုတ်၍အဖျားသွယ်သောလက်ချောင်း ခြေချောင်းတော်များလည်း ရှည်ရှည်လျားလျား ညီညွတ်စွာ ရှိပါသည်၊  ဆီနှင့်နယ်၍လုံးထားသော ဆေးဒန်းအတောင့်များနှင့်တူပါသည်။
၅။       ဖွားခါစ သတို့သား၏ လက် ခြေများကဲ့သို့  အမြဲ နုနယ်သောလက်ခြေလည်း ရှိပါသည်။
၆။       (ခြေမ လက်မမှတစ်ပါးသော)လက်ချောင်း ခြေချောင်းတို့သည်အတိုအရှည် မရှိ၊ မုယောစပါးနှင့်တူသော အမှတ်အသားချင်း ဆက်သွယ်ကာ လေသာပြတင်းပေါက်ဝယ် ဇာကွက်တပ်ထားပုံနှင့် တူပါသည်။
၇။       ဖမျက်တို့သည် (ယခုလူများ၌ ခြေဖမိုး အထက်နားဝယ် ကပ်၍ တည်သကဲ့သို့ မဟုတ်ဘဲ) အထက်၌ မြင့်နေကြပါသည်။
၈။       ခြေသလုံးသည်   (ယခု လူများဝယ်   နောက်တစ်ဖက်၌သာ အသားစိုင်ပါသကဲ့သို့ မဟုတ်ဘဲ) ရှေ့နောက်နံပါးတို့၌အသားစိုင်ရှိရကား သလေးစပါးလုံးကလေးများနှင့် တူကြပါသည်။
၉။       ကိုယ်ခန္ဓာ၏ အထက်ပိုင်း အောက်ပိုင်း ညီမျှသောကြောင့် မကုန်းမကွ  မကိုင်းရဘဲ  မတ်မတ်ရပ်ကာ ဒူးပဆစ်တို့ကို လက်နှစ်ဖက်ဖြင့် ထိအောင် သုံးသပ်နိုင်ပါသည်။
၁၀။     [အင်္ဂါဇာတ်တော်၏ လက္ခဏာကို ရှေ့၌ ပြခဲ့ပြီ။]
၁၁။     ခန္ဓာကိုယ်သည်  လုံးလုံးကျစ်ကျစ်ရှိ၍  အရေအဆင်းမှာ ရွှေအဆင်းရှိပါသည်။
၁၂။     အသားအရေလည်း အလွန်နုနယ်ပါသည်။
၁၃။     မွေးညင်း တစ်တွင်းတစ်တွင်းတို့၌ မွေးညင်း တစ်ချောင်းစီတစ်ချောင်းစီ ပေါက်ကြသည်။
၁၄။     ထို  မွေးညင်းတို့သည်  မျက်စဉ်းညိုရောင်အဆင်း ရှိကာ လက်ယာရစ် လည်၍ အထက်သို့ အဖျားလှည့်နေပါသည်။
၁၅။     ဖြောင့်စင်းသော ခန္ဓာကိုယ်လည်း ရှိပါသည်။
၁၆။     လက်ဖမိုး နှစ်ဖက်,  ခြေဖမိုး နှစ်ဖက်,  ပခုံးစွန်း နှစ်ဖက်, လည်ကုပ်ဟူသော  (၇)ဌာနတို့၌  အသား ပြည့်ဖြိုးရကား အကြော အရိုးများ မထင်ရှားပါ။
၁၇။     ခြင်္သေ့၏  ရှေ့ပိုင်း  ကိုယ်တစ်ဝက်သည်  ပြည့်စုံသကဲ့သို့ ရှေ့ပိုင်း နောက်ပိုင်း အထက်ပိုင်း အောက်ပိုင်း အားလုံးပင် ပြည့်စုံပါပေသည်။
၁၈။     လက်ပြင်ရိုး နှစ်ခု၏ အကြား၌ ပြည့်ဖြိုးသော အသားလည်း ရှိပါသည်။
၁၉။     ၀န်းဝိုင်းသော  ပညောင်ပင်သည် အမြင့်နှင့် အ၀ိုင်း  ညီမျှသကဲ့သို့ ကိုယ်တော်၏အရပ်နှင့် အလံပမာဏ (၄ တောင် အတိအကျ) ညီမျှပါသည်။
၂၀။     အညီအမျှ လုံးသောပခုံး (လည်ပင်း)လည်း ရှိပါသည်။
၂၁။     အရသာကို ဆောင်ယူနိုင်သော အကြောကောင်းများလည်း ရှိပါသည်။
၂၂။     ခြင်္သေ့၏ အောက်မေးသည် ပြည့်ဖြိုးသကဲ့သို့ ပြည့်ဖြိုးသော အထက်မေး အောက်မေး နှစ်မျိုးလုံး ရှိပါသည်။
၂၃။     (ယခုလူများ၌ ၃၂ ချောင်းသောသွား ရှိပါသော်လည်း) အရှင်ဂေါတမမှာ သွားပေါင်း (၄၀) ရှိပါသည်။
၂၄။     ထိုသွားတော်အားလုံး ညီနေပါသည်။
၂၅။     သွားတော်အားလုံး ကျိုးတိုးကျဲတဲ မရှိပါ။
၂၆။     သွားတော်အားလုံး ဖြူစင်သည်ထက် စွယ်တော်(၄)ချောင်းမှာ အထင်အရှား ဖြူဆွတ်ပါသည်။
၂၇။     [လျှာတော်၏လက္ခဏာကို ပြခဲ့ပြီ။]
၂၈။     ကရ၀ိက်သံကဲ့သို့ အသံတော် အလွန်ကောင်းပါသည်၊ (သလိပ် စသည်တို့ အငြိအတွယ် မရှိခြင်း, သာယာခြင်း, စကားလုံး ပီသပြတ်သားခြင်း, နားထောင်ကောင်းခြင်း, ဖရိုဖရဲ မကွဲအက် ခြင်း, လုံးလုံးစည်းစည်း ရှိခြင်း, နက်နဲသော ချက်အရပ်မှစ၍ ထွက်လာသော အသံဖြစ်ရကား အသံမတိမ်ခြင်း, ကြောင် တက်တက် မဟုတ်၊ ပဲ့တင်ထပ်မျှ ဟိန်းခြင်း၊ ဤသို့သော ဂုဏ်အင်္ဂါများနှင့် ပြည်စုံသည်-ဟူလို။)
၂၉။     ညိုသင့်သောအရပ်၌ အလွန်ညိုသော မျက်လုံးရှိပါသည်။
၃၀။     ဖွားပြီးခါစ  နွားနီကလေး၏  မျက်လုံးအိမ်နှင့် တူသော မျက်လုံးအိမ်လည်း ရှိပါသည်။
၃၁။     မျက်ခုံးနှစ်ဖက်အလယ်တည့်တည့်၌ နူးညံ့သော ၀ါဂွမ်းကဲ့သို့ အလွန်နု၍ ဖြူဆွတ်သောအမွေးလည်း ပေါက်လျက်ရှိပါ သည်။ [ဥဏ္ဏလုံမွေးရှင်တော်ဟု ခေါ်သည်။]
 
၃၂။     လက်ယာနားစွန်းမှ စ၍ လက်ဝဲနားစွန်းတိုင်အောင် အထက်တက်သော အသားလွှာသည်    
          နဖူးတစ်ပြင်လုံး ဖုံးနေရကား နဖူးတော်တစ်ပြင်လုံး သင်းကျစ်ပြားဖြင့် ဖွဲ့ထားသကဲ့သို့
          ထင်ရလောက်အောင် ပြေပြစ်ပါသည်။
 
Credit to 

အနာဂတ်သာသနာရေး အပိုင်း(၇) ဗုဒ္ဓရှင်တော်နှင့် ဗြဟ္မာယုပါမောက္ခ




ဗုဒ္ဓရှင်တော်နှင့် ဗြဟ္မာယုပါမောက္ခ
ဥတ္တရလုလင်စေလွှတ်ပုံ
          အိန္ဒိယ၌ ယခုအခါ  နေရူး စသော ပဏ္ဍိတ်တို့ကဲ့သို့ ဓနရှင်ပညာတတ် ဇာတ်မြင့်သော ဗြာဟ္မဏ (ဗြဟ္မမင်း-ပုဏ္ဏား)လူမျိုးတို့သည် သူတို့ ကိုယ်တိုင် လူအများကို ပညာနှင့် သြ၀ါဒပေးသော ဆရာကြီးတွေ ဖြစ်ပေရကား ဗုဒ္ဓထွန်းပေါ်တော်မူလာသောအခါ ထိုဗြာဟ္မဏတို့ သည် ဗုဒ္ဓအပေါ်၌ အထင်မကြီးနိုင်ကြသေးချေ၊ 
ထိုသို့ ဗုဒ္ဓကို အထင် မကြီးနိုင်ကြသော်လည်း သူတို့ကိုယ်တိုင် ပညာရှိကြီးများ ဖြစ်သော ကြောင့် ဧကန်ဗုဒ္ဓအစစ် ဖြစ်ကြောင်းကို သိသည့်အခါ တပည့် သာဝက ခံဖို့ရန်လည်း ၀န်မလေးကြပေ၊ ထို့ကြောင့် ဗုဒ္ဓ၏ ဂုဏ်သတင်းများ တစ်စ တစ်စ ပျံ့နှံ့လာရာ မိထိလာမြို့ “ဗြဟ္မာယု” မည်သော  ပါမောက္ခဆရာကြီးလည်း  ကြားရသဖြင့်  သူကိုယ်တိုင် စုံစမ်းချင်စိတ်ဖြစ်သော်လည်း ဗုဒ္ဓအတုနှင့်တွေ့နေလျှင်“မဆင်မခြင် သွားရမလား”ဟု အများကဲ့ရဲ့ဖွယ်ဖြစ်မည်စိုးသောကြောင့် ကိုယ်တိုင် မသွားဘဲ သူ၏လက်ထောက် “ဥတ္တရ”မည်သော ဆရာကလေးကို ခေါ်၍…

အနာဂတ်သာသနာရေး အပိုင်း(၆) ဗုဒ္ဓရှင်တော်နှင့် ဗိမ္ဗိသာရမင်း



ဗုဒ္ဓရှင်တော်နှင့် ဗိမ္ဗိသာရမင်း
အလောင်းတော်ကို ပထမတွေ့ခန်း
ငါတို့ ဗုဒ္ဓအလောင်းတော်သည် ရဟန်းပြု၍ မကြာခင် ရာဇဂြိုဟ်မြို့တော်၌ ဆွမ်းခံဝင် တော်မူလေရာ မြို့သူမြို့သားတို့သည် ရုပ်အဆင်းအားဖြင့်လည်းကောင်း, ဣနြေ္ဒအားဖြင့်လည်းကောင်း အခြားရသေ့များနှင့် မတူသော ရသေ့တစ်ဦးကို မြင်ကြရသည့်အခါ အထူးအဆန်း တအံ့တသြဖြင့် လှုပ်လှုပ်ရွရွ ကြည့်ရှုကြစဉ် အချို့လူတို့က မဟာရာဇာထံ အမြန်သွား၍ သံတော်ဦးတင်ကြလေသော် ဗိမ္ဗိသာရမဟာရာဇာသည် နန်းတော်ပေါ်မှ ရှုမျှော်ကာ ထူးခြားသော ပုဂ္ဂိုလ်ဟု အထင်ရှိသောကြောင့် မင်းချင်းယောက်ျားသုံးယောက် တို့ကို နောက်က လိုက်သွားစေပြီးလျှင် စုံစမ်း၍ ချက်ချင်းသံတော်ဦး တင်ဖို့ရန် မှာလိုက်လေသည်။
          မင်းစေတမန်တို့လည်း နောက်ယောင်ခံ၍ လိုက်သွားကြလေရာ မြို့တော်ပြင်ဘက်  ပဏ္ဏ၀တောင်ခြေ၀ယ် ဆွမ်းဘုဉ်းပေးတော်မူ နေသည်ကို   တွေ့ရ၍   မင်းစေတစ်ယောက်က   မဟာရာဇာထံ သံတော်ဦးတင်လာလေသော် မဟာရာဇာ လိုက်လာ၍ အလောင်းတော်နှင့် နှုတ်ဆက်စကား ပြောဆိုပြီးလျှင် “အရွယ်ကလည်းငယ်ငယ် ကိုယ်နေကိုယ်ဟန်ကလည်း တင့်တယ်၍ အသားအရေ အဆင်းမှာ လည်း ရွှေကဲ့သို့ ၀ါဝင်းပါတယ်၊ ကျွန်ုပ်ရဲ့အထင် ပြောရလျှင် ဇာတ်မြင့်သော ခတ္တိယတစ်ပါးဟု ထင်ပါတယ်၊ ကျွန်ုပ်ရဲ့စည်းစိမ်ကို ခွဲ၍ ပေးပါမည် တိုင်းပြည်ကို အုပ်ချုပ်လျက် မဟာရာဇာတစ်ပါး လုပ်ပါ”ဟု ဖိတ်မန်လေသည်။

အနာဂတ်သာသနာရေး အပိုင်း(၅) ပရိသတ် ငြိမ်သက်ပုံ ၊ ပဏ္ဍိတ်တွေ သာဝကဖြစ်ပုံ



ပရိသတ် ငြိမ်သက်ပုံ
မြတ်စွာဘုရား… အကြောင်းတစ်မျိုး ရှိပါသေး၏၊ ဒကာတော်သည်သတ်နိုင် ဖြတ်နိုင် ဒဏ်တပ်နိုင်သော အာဏာပိုင်တစ်ယောက် ဖြစ်ပါလျက် တရားရုံး၌ ဒကာတော် စကားပြောနေစဉ် တချို့လူတွေ ကြားဝင်၍ ပြောတတ်ကြပါသည်၊ ဒကာတော်က “ငါပြောတုန်း ၀င်မပြောကြ ပါနှင့်”ဟု တားပေမယ့် မရပါ၊ ရှင်တော်ဘုရားသည် ရာပေါင်းများစွာ သောပရိသတ်ဝယ် တရားဟောတော်မူသောအခါ ရှင်တော်ဘုရား၏ သာဝကများစွာဝယ် တစ်ပါးတလေမျှ ချေသံ ချောင်းဟန့်သံ မပြုကြ၊ တစ်ခါတုန်းက ရှင်တော်ဘုရား တရားဟောနေတော်မူစဉ် သာဝက တစ်ပါးက ချောင်းဟန့်လေသော် အခြားကိုယ်တော်က အသာကလေး လက်တို့ပြီး “တိတ်တိတ်နေပါ, အသံမပြုပါနှင့်, ရှင်တော်ဘုရား တရားဟောနေသည်”ဟု တားမြစ်သည်ကို တွေ့ခဲ့ဖူးပါ၏၊
ထိုအခါ ဒကာတော်စိတ်မှာ “သြော်…တုတ် ဓားလက်နက် ဒဏ် ပေးချက်လည်း မပါဘဲ ယဉ်ကျေးအောင် ပရိသတ်ကို ဆုံးမတော် မူနိုင်ပါပေရဲ့”ဟု ချီးကျူးမိပါသည်၊ ဤမျှလောက် ယဉ်ကျေးပြီးသော ပရိသတ်ကို သာသနာတော်၏ ပြင်ပ၌ မတွေ့ရပါ၊ ဤယဉ်ကျေးပုံကို မြင်ရ၍လည်း ဗုဒ္ဓ ဓမ္မ သံဃာ့အပေါ်ဝယ် အားရကျေနပ်သော (ကြည်ညိုသောသဒ္ဓါနှင့်တကွ) အသိဉာဏ်ကို ရခဲ့ပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၄) ဗုဒ္ဓကို ယုံကြည်လာခြင်း



ဗုဒ္ဓကို ယုံကြည်လာခြင်း
ကောသလမဟာရာဇာသည်  ပင်ကိုဉာဏ် ထက်သန်လှသူ မဟုတ်သောကြောင့်  မဂ်ဖိုလ်တရားကို မရထိုက်သော်လည်း ဗုဒ္ဓ ရှင်တော်မြတ်သည် ၀ါတော် ၂၀ ရပြီးနောက်၌ သာဝတ္ထိမြို့တော် မှာချည်း ၂၅ ၀ါပတ်လုံး သီတင်းသုံးနေတော်မူသောကြောင့် ဗုဒ္ဓကို မကြာခဏ ဖူးတွေ့ခွင့်ရသဖြင့် တရားအမျိုးမျိုး နာရသည့်အတွက် ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ယုံကြည်သော မဟာရာဇာကြီး တစ်ယောက် ဖြစ်ရပေသည်၊ ဗုဒ္ဓအပေါ်၌ ကောသလမဟာရာဇာ၏ နှစ်နှစ်ကာကာ ယုံကြည်ကြောင်းမှာလည်း သူ၏ နောက်ဆုံးအကြိမ် (နတ်ရွာစံခါနီး၌) လျှောက်ထားသော စကားများဖြင့်  ထင်ရှား၏၊
ထိုစကားများသည် မဇ္ဈိမပဏ္ဏာသပါဠိတော်ဝယ် ဓမ္မစေတိယသုတ္တန် ဟူသော နာမည်ဖြင့် လာ၏၊ ထိုသုတ္တန်စကားများကို ဤနေရာ၌ ထုတ်ပြပါမည်။

အနာဂတ်သာသနာရေး အပိုင်း(၃) ဗုဒ္ဓအစစ်ကို မယုံနိုင်ကြသေးခြင်း


ဗုဒ္ဓအစစ်ကို မယုံနိုင်ကြသေးခြင်း
          လောက၌ မစစ် မမှန်သောအရာ, အတုအယောင် ဟန်ဆောင်နေသော သတ္တ၀ါအများကို တွေ့ကြုံဖူးသူတို့သည် တကယ် အစစ်အမှန်ကို တွေ့ကြရသော်လည်း “ယုန်ထင် ကြောင်ထင်” ထင်နေတတ်သဖြင့် တော်တော်တန်တန်နှင့် မယုံနိုင်ကြသေးပေ၊ အစစ်အမှန်ဖြစ်သူတို့မှာလည်း အတုအယောင်တွေနှင့် ရောနေသဖြင့် “နွားထီးငါးကျပ်, နွားမငါးကျပ်” တန်ဖိုးချင်း ထပ်တူဖြစ်နေ သည့်အတွက် စိတ်ပျက်စရာပေတည်း၊ ထို့ကြောင့် အစစ်အမှန်တို့ သည် စိစစ်စုံစမ်းတတ်သူများနှင့် တွေ့ရမှ တန်ဖိုးမြင့်နိုင်ကြသော ကြောင့် စိစစ်စုံစမ်းနိုင်မည့် ပညာရှိတို့နှင့်သာ များစွာ တွေ့လိုကြ လေသည်။
          ဤပြခဲ့သောအကြောင်းကြောင့် ဟန်ဆောင်ဗုဒ္ဓတွေ ထွန်းကားနေသော  ထိုအချိန်မှာ ထွန်းပေါ်တော်မူလာရသော  ငါတို့ ဗုဒ္ဓကို သတင်းကြားရရုံမျှဖြင့် ရုတ်တရက် မယုံနိုင်ကြသေးချေ၊ သတင်း ကြားလျှင် စုံစမ်းချင်သော ၀ါသနာရှင်တို့ ဗုဒ္ဓအထံ လာ၍ စုံစမ်းကြ၏၊ ငါတို့ ဗုဒ္ဓအရှင်မြတ်လည်း ထိုသို့ စုံစုံစမ်းစမ်းနှင့် ကျေချမ်းမှ ယုံကြည်သူကိုသာ ချီးမွမ်းတော်မူလေ့ရှိသည်၊ “သူများ ယောင်လို့ ယောင်, အမောင် တောင်မှန်း မြောက်မှန်း မသိ”သူကို ချီးမွမ်းတော် မမူ။ 

အနာဂတ်သာသနာရေး အပိုင်း(၂) ကောသလမင်းနှင့် တိတ္ထိဆရာကြီးများ


ကောသလမင်းနှင့် တိတ္ထိဆရာကြီးများ
          ထိုဗုဒ္ဓအမည်ခံ ဆရာကြီးတို့သည် “ပူရာဏကဿပ, မက္ခလိဂေါသာလ, နိဂဏ္ဌနာဋပုတ္တ, (သိဉ္စည်းဆရာကြီးဟု ထင်ရှားသော) သဉ္စယဗေလဋ္ဌပုတ္တ, ပကုဓကစ္စာယန, အဇိတကေသကမ္ဗလ”ဟု ၆-ယောက်ရှိ၏၊ တရားလိုက်စားသော လူအများပင် ထိုဆရာကြီးများ ကို တွေ့ဖူးကြ၏၊ အချို့လည်း ထိုဆရာကြီးများထံ တပည့်ခံကြ၏၊ 
အရှင်သာရိပုတြာနှင့်အရှင်မဟာမောဂ္ဂလ္လာန်တို့၏အလောင်းများပင် သိဉ္စည်းဆရာကြီးထံ တပည့်ခံဖူးကြသည်၊ ထိုဆရာကြီးတို့၏ တပည့် များတွင် ပါဝင်ကြသော အမတ်အချို့တို့သည် မိမိတို့ ဆရာကြီးကို မင်းဆရာ ဖြစ်စေလိုသောကြောင့် ကောသလမဟာရာဇာကို ဆွယ်တရား ဟောကြလေရာ ကောသလမဟာရာဇာလည်း အမတ် အားလုံးနှင့် မဆန့်ကျင်လိုသောကြောင့် “အမတ်မင်းတို့၏ဗုဒ္ဓများကို အမတ်မင်းတို့ကိုယ်တိုင် နန်းတော်သို့ ပင့်ခဲ့ကြပါ”ဟု လွှဲအပ်လေသော် ထိုအမတ်များလည်း မိမိတို့ဆိုင်ရာ ဗုဒ္ဓကို နန်းတော်သို့ မလိုက်  လိုက်အောင် အတင်းသွေးဆောင်၍ ပင့်ခဲ့ကြလေသည်၊

အနာဂတ်သာသနာရေး အပိုင်း(၁) ဗုဒ္ဓကို ယုံကြပုံ

အနာဂတ်သာသနာရေး
၁။ ဗုဒ္ဓရတနာအခန်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓကို ယုံကြပုံ
ဗုဒ္ဓသာဝက ဥပါသကာ အမည်ခံသူတို့သည် ဗုဒ္ဓကို နည်းအမျိုးမျိုးဖြင့် ယုံကြ ကြည်ညိုကြ၏၊ ထိုသို့ ယုံကြ ကြည်ညိုကြရာ၌ ယုံတယ်ဆိုတာ ဘာလဲ၊ နှစ်ပေါင်း ၂၅၀၀ကျော်လောက်က အိန္ဒိယမြောက်ပိုင်း ကပိလဝတ္ထုပြည်၌ သာကိယဇာတ် အမျိုးအမြတ်ဆုံး ခတ္တိယမျိုး၌ဖြစ်သော သုဒ္ဓေါဒနမဟာရာဇာနှင့် မာယာဒေ၀ီတို့မှ ဖွားမြင်တော်မူပြီးလျှင် တစ်ဆယ့် ခြောက်နှစ်အရွယ်မှ စ၍ ယသော်ဓရာဒေ၀ီနှင့်အတူ ထီးနန်းစံနေတော်မူစဉ် ၂၉-နှစ် အရွယ်တော်ရောက်သောအခါ လူအို လူနာ လူသေနှင့် ရသေ့ရဟန်း ကို မြင်ရ၍ သံဝေဂဖြစ်တော်မူလေရာ ထိုနေ့ ညဥ့်မှာပင် တောထွက်၍ ရဟန်းပြုတော်မူသည်။
          ထို့နောက် ခြောက်နှစ်ပတ်လုံး “အပင်ပန်း အခဲယဉ်းဆုံး”ဟု ဆိုရသော အကျင့်ကို ကျင့်တော်မူလျက် ထိုအကျင့်ဖြင့် ထူးခြားသော တရားကို မရသောကြောင့် ခန္ဓာကိုယ် ပင်ပန်းအားကြီးသော ထို အကျင့်ကို စွန့်လွှတ်၍ (ပင်ပန်းသည်လည်း မဟုတ်, ခံစားမှုလည်း မပါ) “မဇ္ဈိမပဋိပဒါ”ခေါ် အလယ်အလတ်ကျင့်စဉ်ကို ကျင့်ခါမှ ထူးခြားသောတရားကို သိသော ပုဂ္ဂိုလ်တစ်ပါးသည် ဧကန်ဖြစ်ထွန်း ခဲ့ဖူးသည်ဟု ယုံခြင်း၊
         
“ထိုပုဂ္ဂိုလ်ထူးသည် ထိုအချိန်မှာ ကမ္ဘာလောက၌ မပေါ်သေး သော သစ္စာတရား, အနတ္တတရား, သံသရာလည်ပုံကို ပြသော ပဋိစ္စသမုပ္ပာဒ်တရား, ဗောဓိပက္ခိယတရား စသည်တို့ကို စထွင်၍ ဟောတော်မူခဲ့သည်”ဟု ယုံခြင်း၊

Saturday, 31 May 2014

မုန်းနေသူ ကို ချစ်စေလိုလျှင်



                          
အရှင်ဘုရား

တပည့်တော် ကို လူတယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ
နည်းလမ်းရှိပါသလား-

အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊
နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊

ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်ကပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေ နဲ့ စီးပွားပြိုင်ဘက်အချင်းချင်
ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာ မကြုံချင်လည်း ကြုံရ၊
မဆုံချင်လည်း ဆုံရတဲ့ လူ့ဘ၀ထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား၊

သော တ ပန် နှင့် စူ ဠ သော တ ပန်



                                   
 

သောတပန် = သောတပန္န

သောတ = ရေအယဉ် ။ အာပန္န = ရောက်သည် ။ သောတပန္န (ဝါ) သောတပန် ပုဂ္ဂိုလ် ဆိုသည်မှာ - ဥပမာပြုရသော် အရပ်ရပ်မှ စီးဆင်းလာသော ရေအယဉ်တို့သည်
သမုဒ္ဒရာသို့ ရောက်သောအခါ နောက်သို့ ပြန်မဆုတ်ဘဲ သမုဒ္ဒရာသို့သာ ပြေးဝင်ဘိသကဲ့သို့ သောတပန်ဖြစ်သော
ပုဂ္ဂိုလ်သည် ငရဲ ၊ တိရိ စ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ၊ အပါယ်လေးဘုံသို့ ပြန်မဆင်းတော့ဘဲ နိဗ္ဗာန်သို့သာ ပြေးဝင်မည့်
ပုဂ္ဂိုလ်ဟု ဆိုလိုသည် ။ (ဝါ) အပါယ်လေးပါး တံခါး ပိတ်နေသော ပုဂ္ဂိုလ် လည်း မည်ဧ။် ။

သစ္စာလေးပါး တရားတော်ဧ။် သဘော အဓိပ္ပာယ်ကို ( သင် ၊ မေး ၊ နာကြား ၊ ဆောင်ထား ၊ ဆင်ခြင်မှု တို့ဖြစ်သော )သုတမယဥာဏ် ၊ စိန္တာမယဥာဏ် တို့ဖြင့် သိသော အသိ မဟုတ်ဘဲ အားထုတ်ပွားများထား၍ ထိုးထွင်းသိမြင်သောပဋိဝေဓဥာဏ် ဖြင့် အမှန်တကယ် သိမြင်နိုင်သောသူကို သောတပန် ပုဂ္ဂိုလ် ဟူ၍ ခေါ်ဆိုရဧ။် ။

သောတပန် အစစ်သာလျှင် အပါယ်လေးပါး တံခါး ပိတ်သည် မဟုတ်သေး ၊ တရားအားထုတ် ပွားများနေစဉ်
စူဠ သောတပန် အရည်အချင်းနှင့် ပြည့်စုံနေသူလည်း သေလွန်စုတေ သွားပါက အပါယ်လေးပါး တံခါး ပိတ်နိုင်သည်သာတည်း။
( ဝိသုဒ္ဓိ မဂ် ) ။ ( စူဠ သောတပန် = သောတပန်ငယ် ၊ သောတပန်လောင်း )

စူဠ သောတပန် အရည်အချင်း ပြည့်စုံမှု ဆိုသည်မှာ ၊ ရုပ်ဧ။် သဘောတရား ၊ ရုပ်ဖြစ်ကြောင်း တရား ၊ နာမ်ဧ။် သဘောတရား ၊
နာမ်ဖြစ်ကြောင်း တရား ၊ ရုပ်နာမ် အကျိုးတရားကို ဖြစ်ပေါ်စေသော အကြောင်းတရား ( ပဋိစ္စ သမုပ္ပာဒ် ) ကို အနတ္တ ဓမ္မ သဘာဝသို့
ဆိုက်အောင် ဥာဏ်မျက်စိဖြင့် ဆင်ခြင် ပွားများ နေသောအချိန်သည် ထိုပုဂ္ဂိုလ် အတွက် ' စူဠ သောတပန် ' ဖြစ်၍နေသည် မည်ဧ။် ။

ရုပ်နာမ် သဘောတရား ဆိုသည်မှာ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန် နေခြင်းကြောင့် ဆင်းရဲခြင်း အမှန် ဖြစ်ပေါ်နေခြင်း ( ဒုက္ခ သစ္စာ) ကို
သိမှုပင် ဖြစ်သည် ။ ရုပ်နာမ် ဖြစ်ကြောင်းတရား ဆိုသည်မှာ စွဲလန်းတပ်မက်မှု ( သမုဒယ သစ္စာ = တဏှာ ) ကြောင့် ရုပ်နာမ်တို့ ဖြစ်ပေါ်နေခြင်းကို
သိမှုပင် ဖြစ်သည် ။ ထိုအသိဥာဏ် ဖြစ်ပေါ်နေစဉ် အချိန်တွင် ထိုပုဂ္ဂိုလ်သည် စူဠ သောတပန် ဖြစ်၍နေလေသည် ။ ယင်းကဲ့သို့သောအချိန်၌
ကွယ်လွန် စုတေသွားပါက အပါယ်လေးပါးမှ ကင်းလွတ်ခွင့် ရရှိနိုင်ပြီး ကောင်းမြတ်သော နောက်ဘဝကို ရောက်လျှင်ရောက်ချင်း သောတပန်
အစစ် ဖြစ်ခါ အရိယာဘဝ ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည် ။ ( ကင်္ခာ ဝိတရဏ ဝိသုဒ္ဓိ နိဒ္ဒေသ ) ။

ထို့ကြောင့် မိမိသည် ယခုအခါ သောတပန် မဖြစ်သေးသည့်တိုင်အောင် စုတေခါနီးတွင် ဝိပဿနာ ဘာဝနာ ပွားများ အားထုတ်နေခြင်းဖြင့်
အပါယ်ဘေးမှ ကင်းဝေးပြီး နောက်ဘဝ၌ သောတပန် အစစ် ဖြစ်နိုင်ရန် ယခုကပင်လျှင် ကြိုတင်ကြိုးစား၍ ဝိပဿနာ ဘာဝနာကို
အားထုတ်ပွားများနိုင်ရန် အစီအစဉ် ပြုလုပ်ပြီး အချိန်ယူဆောင်ရွက်သင့်လှပေသည် ။

ဝိပဿနာ လုပ်ငန်းမှာ မလိုက်စားဘူး သေး၍သာ ခက်သည် ၊ အရသာမရှိ ၊ ပျင်းရိဖို့ ကောင်းဧ။် ၊ ဟူ၍ ထင်မှားနေခြင်း ဖြစ်သည် ။
အနတ္တ ဓမ္မ သဘာဝကို နိုင်နင်းအောင် အသင်အပြ ကောင်းသော ဆရာမြတ်တို့နှင့် တွေ့ရှိပါက ထူးလှသည့် ဓမ္မအရသာကို လွယ်ကူစွာ
ကိုယ်တိုင်ခံစားနိုင်ပြီး စိတ်ကြည်နူးဖွယ် ၊ ချမ်းမြေ့သာယာဖွယ် ဘဝကို ပိုင်ဆိုင်နိုင်ပေမည် ။

ရွှေဥမင် ဆရာတော် ဘုရားကြီးက မိန့်မှာတော်မူခဲ့သည်မှာ --
လယ် လုပ် မ ခက် ၊ လယ် တည် ခက် ဧ။် ။
အ ကျင့် မ ခက် ၊ အ သိ ခက် ဧ။် ။ ဟူ၍ဖြစ်သည် ။

ဝိပဿနာ ဘာဝနာဧ။် အားထုတ်ပုံ အားထုတ်နည်းကို သိပြီဆိုလျှင် ကျင့်ကြံ ပွားများရန် မခက်တော့ပြီ ။ နည်းသိရန်အတွက်ကိုမူ
အနတ္တ ဓမ္မ သဘာဝကို သဘောပေါက်နားလည်အောင် ရှင်းလင်းသင်ပြပေးနိုင်သော ဆရာစစ် ဆရာမှန် တွေ့ရန် အလွန်အရေးကြီးပေသည် ။
ဆရာကောင်း ဆရာမြတ် ဟုတ်သည်၊ မဟုတ်သည်ကို ခွဲခြားသိနိုင်ရန်အတွက် မိမိ၌ ဝိပဿနာနှင့်ဆိုင်ရာ ဗဟုသုတ ဦးစွာ ရှိထားရမည် ။
သို့အတွက် အချိန်ကို သီးသန့် ရယူပြီး ဆရာတော်ကြီးများ ၊ လူပညာရှိကြီးများ ရေးသားထားသော စာပေတို့ကို ရှာဖွေ ဖတ်ရှုရမည် ဖြစ်ပေသည် ။

ပထဗျာ ဧကရဇ္ဇေန ၊ သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာ ဓိပစ္စေန ၊ သောတပတ္တိ ဖလံ ဝရံ ။ ( ဓမ္မ ပဒ ပါဠိတော် )

အနက် ။ ။ မြေအပြင်၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်လည်းကောင်း ၊
နတ်ပြည်သို့ လားရောက် စံပျော်ရသည်ထက်လည်းကောင်း
ခပ်သိမ်းသော လောကကို အစိုးရသည်ထက် လည်းကောင်း ၊

သောတပတ္တိဖိုလ်သည် မြတ်ဧ။် ။ ။

လူ နှင့် တိရစ္ဆာန်



လူနှင့် တိရစ္ဆာန် တစ်မိုးတစ်မြေ ၊ တစ်ကမ္ဘာတည်းမှာ
အတူနေနေကြရပေမယ့် ဘ၀တန်ဖိုးချင်းကတော့
မိုးနဲ့မြေလောက် ခြားနားတယ်။

-လူက အကျိုး၊အပြစ် ခွဲခြားသိတယ်။
တိရစ္ဆာန်က ကြိုက်၊မကြိုက်ပဲသိတယ်။

-လူက ကိုယ်ဖို့ ၊ သူ့ဖို့ဆိုတဲ့ မျှတတဲ့အကျင့်ရှိတယ်။
တိရစ္ဆာန်က ကိုယ့်ဖို့သာ အရယူတယ်။

-လူမှာ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်ရှိတဲ့ အတွက် ပန်းတိုင်လည်း ရှိတယ်။
တိရစ္ဆာန်တွေမှာ ယုံကြည်ချက်မရှိတဲ့အတွက် ပန်းတိုင်လည်း မရှိဘူး။

-လူမှာ “စောင့်စည်းခြင်းသီလ နဲ့ ဗဟုသုတအကြားအမြင်”
ရှိတဲ့အတွက် အသိအလိမ္မာ ယဉ်ကျေးမှုနဲ့ ပြည့်စုံတယ်။
တိရစ္ဆာန်မှာ သီလမရှိတဲ့အတွက် ဒုစရိုက်တွေချည်း လုပ်နေတယ်။
အကြားအမြင် ဗဟုသုတ မရှိတဲ့အတွက် ကိုယ်သန်ရာ ကိုယ်လုပ်နေကြတယ်။

-လူဟာ တစ်ကိုယ်ကောင်းအကျင့်ကို စွန့်ပြီး “စာဂ” ဆိုတဲ့မျှဝေပေးကမ်းခြင်းရှိတယ်။
တိရစ္ဆာန်မှာတော့ ကိုယ်ကျိုးအဓိကဖြစ်တဲ့ အတွက်
အမြဲတစ်ကိုယ်ကောင်းဆန်နေတယ်

-လူမှာ သတိအသိရှိတဲ့ အတွက် ဆင်ခြင်တုံတရားရှိတယ်။
တိရစ္ဆာန်မှာ ထိုးထွင်းသိမရှိတဲ့ အတွက် အစွဲသိခိုင်းရာ လိုက်ပါနေကြရရှာတယ်။

-လူမှာ “ဟီရိသြတပ္ပ”ဆိုတဲ့ အရှက်အကြောက်ရှိတယ်။ တိရစ္ဆာန်မှာ အရှက်အကြောက်မရှိတဲ့ အတွက်
“မကောင်းမှု”တွေကို ဗြောင်ပြုကျင့်နေကြတယ်။

ဒီတော့ လူလိုကျင့် မှ လူပီသတယ်။လူစင်စစ်က တိရစ္ဆာန်လို ကျင့်နေရင်တော့
“လူ့တိရစ္ဆာန်”သာ ဖြစ်တော့တယ်။

-【မဟာဗောဓိမြိုင်ဆရာတော်ကြီး】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

ကုသိုလ်ကိုမမေ့ရဘူး


 
ကုသိုလ်ကိုမမေ့ရဘူး။“ကုသိုလ်ကောင်းမှု” ကို အမြဲ ကြိုးစားအားထုတ်ရမယ်။
“အပ္ပမာဒတရား”သည် ဘာကြောင့် အရေးပါသလဲဆိုရင် ကုသိုလ်ကို ပြုမိအောင်
တိုက်တွန်း နှိုးဆော်ပေးတတ်တဲ့သဘာဝတရား ဖြစ်လို့ပါပဲ။

တချို့က ပြောကြတယ်မဟုတ်လား။
တရားအားထုတ်လိုက်တာ ရောဂါပျောက်သွားတယ်။ ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့ “အကုသိုလ်ကံ”တွေကို
ရှင်းသွားစေပြီးတော့ “ကုသိုလ်ကံတွေ” ဖြစ်လာတယ်။ ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိစိတ်မှာလည်းပဲ “လောဘ၊ ဒေါသ” စတဲ့အကုသိုလ်အညစ်အကြေးတွေ ကင်းစင်သွားပြီး၊
အလောဘ ၊အဒေါသ စတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက
ထုတ်လုပ်ပေးတဲ့ ရုပ်တရားဟာ သန့်စင်လာတယ်။ကျန်းမာလာတယ်။

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated