@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 30 September 2013

ဝိပဿနာဉာဏ်စဉ် (၁၆) ပါး



ဝိပဿနာဉာဏ်စဉ် (၁၆) ပါး
͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊
၁။ နာမရူပပရိစ္ဆေဒဉာဏ် = နာမ်ရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ပိုင်းပိုင်းခြား
ခြားသိသော ဉာဏ်,

၂။ ပစ္စယပရိဂ္ဂဟဉာဏ် = ကာလသုံးပါးလုံး၌ ရုပ်နာမ်တို့၏ အကြောင်းတရားတို့
ကို သိမ်းဆည်းတတ်သော ဉာဏ် (ကာလသုံးပါးလုံး၌ ကြောင်းကျိုးဆက်နွှယ်မှု
ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို တစ်နည်း အကြောင်းတရားနှင့် အကျိုးတရား
တို့ကို ပိုင်းခြားယူတတ်သော ထိုးထွင်းသိမြင်သော ဉာဏ်),

၃။ သမ္မသနဉာဏ် = အကြောင်းတရားနှင့်တကွသော ရုပ်နာမ်တို့၏ အနိစ္စ-ဒုက္ခ-
အနတ္တအခြင်းအရာတို့ကို ရှုပွားသုံးသပ်တတ်သော ဉာဏ်,

၎။ ဥဒယဗ္ဗယဉာဏ် = အ၀ိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - စသောအကြောင်း သမုဒယ သစ္စာတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရားများ
ထင်ရှားဖြစ်ပုံ, အ၀ိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ-စသော အကြောင်းသမုဒယ
သစ္စာတရားများ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရားများ ချုပ်ငြိမ်းပုံတို့
ကို ထိုးထွင်းသိတတ်သော ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်, အကြောင်း
သမုဒယသစ္စာတရားများနှင့် အကျိုးဒုက္ခသစ္စာတရားတို့၏ ဖြစ်မှုပျက်မှု = အနိစ္စ
-ဒုက္ခ-အနတ္တအခြင်းအရာတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်ရောက်အောင် ထိုးထွင်းသိ
သော ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်,

၅။ ဘင်္ဂဉာဏ် = ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရကြသည့် သင်္ခါရတရား
တို့၏ အပျက်သက်သက်ကို အာရုံယူကာ ယင်းတို့၏ အနိစ္စ-ဒုက္ခ-အနတ္တအခြင်း
အရာတို့ကိုလည်းကောင်း, ယင်း သင်္ခါရတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တအခြင်း
အရာတို့ကို ထိုးထွင်းသိနေသော ၀ိပဿနာဉာဏ်၏ (= ၀ိပဿနာဇောဝီထိ နာမ်
တရားစု၏) အပျက်သက်သက်ကို အာရုံယူကာ ယင်းတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ
အခြင်းအရာတို့ကိုလည်းကောင်း သိသော ဉာဏ်,

၆။ ဘယဉာဏ် = ယင်းသင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြိုချုပ်ချုပ်နေ
သည့် သဘာဝကို အာရုံယူကာ လက္ခဏာယာဉ်သုံးတန်သို့ တင်ကာဆက်လက်
ရှုပွားသုံးသပ်လိုက်သောအခါ ယင်း သင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြို
ချုပ်ချုပ်နေသည့် အနိစ္စ-ဒုက္ခ-အနတ္တအခြင်း အရာတို့ကို ထိုးထွင်းသိမြင်နေသဖြင့်
ယင်းသင်္ခါရတရားတို့ကို ကြောက်မက်ဖွယ် ဘေးဆိုးကြီးများအဖြစ် သိမြင်သော ဉာဏ်,

၇။ အာဒီန၀ဉာဏ် = ယင်းသင်္ခါရတရားတို့ကို ကြောက်လန့်ဖွယ် ဘေးဆိုးကြီး
များအဖြစ် ရှုမြင်ဖန်များလာသောအခါ ယင်းသင်္ခါရတရားတို့၏ အနိစ္စပြစ်ချက်
ကြီးများ, ဒုက္ခပြစ်ချက်ကြီးများ, အနတ္တပြစ်ချက်ကြီးများ, မီးကျီးတွင်းနှင့် ပမာတူ
သည့် ပြစ်ချက်ကြီးများစသည့် ပြစ်ချက်အမျိုးမျိုးတို့ကို သိမြင်သော ဉာဏ်,

၈။ နိဗ္ဗိဒါဉာဏ် = ယင်းသင်္ခါရတရားတို့၏ အပြစ်အာဒီန၀တို့ကို ရှုမြင်ဖန်များလာ
သောအခါ ယင်းသင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်
ပေါ်လာသော ဉာဏ်, (ဤဉာဏ်ကိုပင် သတ္တသညာသုတ္တန်စသည်တို့၌ သဗ္ဗ
လောကေ အနဘိရတသညာ = တစ်လောကလုံး၌ မပျော်မွေ့သော အခြင်းအ
ရာအားဖြင့် ဖြစ်သော ဉာဏ်ဟုဟောကြားထားတော်မူသည်။)

၉။ မုဉ္စိတုကမျတာဉာဏ် = နိဗ္ဗိဒါဉာဏ်ဖြင့် သင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့လာ
သောအခါ ထိုသင်္ခါရတရားတို့မှ လွတ်မြောက်လိုသော အခြင်းအရာအားဖြင့် ဖြစ်
သော ဉာဏ်,

၁၀။ ပဋိသင်္ခါဉာဏ် = အလုံးစုံသော ဘုံဘ၀တို့၌ ပြိုပြိုပျက်ပျက်နေကြသည့်
သင်္ခါရတရားတို့မှ လွတ်မြောက်လိုသဖြင့် ယင်း သင်္ခါရတရားတို့၏ ပြိုပြိုပျက်
ပျက်နေသည့် သဘာဝကိုပင် အာရုံယူကာ လက္ခဏာယာဉ်သုံးတန်သို့ တင်
ကာ ထပ်မံ၍ ၀ိပဿနာရှုနေသော ဉာဏ်, (ဘာဝနာလေးဆယ် ခေါ် တော
လေးဆယ် ရှုကွက်ကို တစ်ဖန်ထပ်၍ ရှုသောဉာဏ်)

၁၁။ သင်္ခါရုပေက္ခာဉာဏ် = ယင်းသင်္ခါရတရားတို့၏ အပျက်ကိုပင် အာရုံယူကာ
လက္ခဏာယာဉ် အမျိုးမျိုးတင်ကာ ရှုဖန်များလာသောအခါ ယင်းသင်္ခါရတရား
တို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ စိတ်ကို အလယ်အလတ်သ
ဘော၌ အညီအမျှ ထားနိုင်သော လျစ်လျူရှုနိုင်သောဉာဏ်,

၁၂။ အနုလောမဉာဏ် = ရှေးရှေး ၀ိပဿနာဉာဏ်နှင့် အရိယမဂ်ဉာဏ်တို့ကို
လျော်အောင် ပြုလုပ်ပေးသော ဉာဏ်, (ဤအရာ၌ မဂ္ဂ၀ီထိ စိတ်အစဉ်ကိုသိသင့်
ပေသည်။ သို့မှသာလျှင် ပို၍ တိတိကျကျ နားလည်သဘောပေါက်မည်ဖြစ်သည်။
သင်္ခါရုပေက္ခာဉာဏ်ဖြင့် သင်္ခါရတရားတို့ကို လက္ခဏာယာဉ် အမျိုးမျိုးတင်ကာ ရှု
ဖန်များလာသောအခါ အနိစ္စလကဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ သုံးမျိုး
တို့တွင် ပို၍ရှုကောင်းရာ လက္ခဏာယာဉ်တစ်ခုကို ဦးစားပေးရှုလိုက်သောအခါ
အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်လုလု အချိန်တွင် မဂ္ဂဝီထိစိတ်အစဉ်သည် ဤသို့
ဖြစ်ပေါ်လာ၏ --- ဘ၀င်, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု,
မဂ်, ဖိုလ်, ဖိုလ် ... ဟု ဖြစ်ပေါ်လာ၏။ ထိုတွင် အရိယမဂ်ဉာဏ်နှင့် ဆက်စပ်နေ
သော အထွတ်အထိပ်သို့ ရောက်သွားသော အနုလောမဉာဏ်သို့တိုင်အောင်သော
ယင်းသင်္ခါရုပေက္ခာဉာဏ်ကိုပင် ၀ုဋ္ဌာနဂါမိနိ ၀ိပဿနာဟု ခေါ်ဆိုပေသည်။)

၁၃။ ဂေါတြဘုဉာဏ် = မဂ္ဂ၀ီထိစိတ်အစဉ်တွင် ပါဝင်သော ပုထုဇဉ်အနွယ်ကို
ဖြတ်တောက်ကာ အရိယာအနွယ်သို့ ရောက်အောင် ဆက်သွယ်ပေးသော
ဉာဏ်, (ကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ် ၀ိပဿနာဇောစိတ်ဖြစ်
သည်။ ဤဉာဏ်သည် လောကုတ္တရာနိရောဓသစ္စာဖြစ်သည့် အသင်္ခတနိဗ္ဗာန်
ကို ပထမဦးဆုံး အာရုံပြုသော စိတ်ဖြစ်သည်။ သို့သော် ကိလေသာကို ပယ်
ရှားနိုင်သည့် စွမ်းအားမရှိခြင်းကြောင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သော်လည်း အရိယ
မဂ်ဟူသော အမည်ကို မရရှိပေ။)

၁၄။ မဂ်ဉာဏ် = ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လျက် အသင်္ခတဓာတ်
နိဗ္ဗာန်ကို ထိုးထွင်းသိသော လောကုတ္တရာ မဂ်စိတ်နှင့် ယှဉ်သောဉာဏ် = လော
ကုတ္တရာသမ္မာဒိဋ္ဌိ,

၁၅။ ဖိုလ်ဉာဏ် = အရိယမဂ်က ပယ်ရှားထားပြီးသော ကိလေသာတို့ကို ငြိမ်းသ
ထက် ငြိမ်းအောင် ထပ်ငြှိမ်းလျက် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကိုပင်
ဆက်လက်သိသော လောကုတ္တရာဖိုလ်စိတ်နှင့်ယှဉ်သော ဉာဏ်,

၁၆။ ပစ္စ၀က္ခဏာဉာဏ် =
(၁) အရိယမဂ်ဖိုလ်တို့က ထိုးထွင်းသိထားသော နိဗ္ဗာန်ကိုပင် ဆင်ခြင်သော
ဉာဏ်,
(၂) မိမိရရှိထားပြီးသည့် အရိယမဂ်ကို ဆင်ခြင်သော ဉာဏ်,
(၃) မိမိရရှိထားပြီးသည့် အရိယဖိုလ်ကို ဆင်ခြင်သော ဉာဏ်,
(၄) မိမိရရှိထားပြီးသည့် အရိယမဂ်က ပယ်ရှားထားပြီးသည့် ကိလေသာတို့ကို
ဆင်ခြင်သော ဉာဏ်,
(၅) မိမိရရှိထားပြီးသည့် အရိယမဂ်က မပယ်ရှားရသေးသည့် ကိလေသာတို့ကို
ဆင်ခြင်သော ဉာဏ် ---
ဤသို့လျှင် ပစ္စ၀က္ခဏာဉာဏ် ငါးမျိုးရှိပေသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated