ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့၏ အသိုင်းအ၀ိုင်းတွင် သာဓု ဟူသောအသံမှာ ယဉ်ပါးနေပြီးဖြစ်ပါသည်။ စကားအနက်အဓိပ္ပါယ်များ ၆ မျိုးမှာတော့ ကောင်းလေစွ ၊ မြဲမြံခြင်း ၊ တောင်းပန်ခြင်း ၊ ၀န်ခံခြင်း ၊ ပျော်ရွှင်ခြင်း ၊ သူတော်ကောင်း ဟူ၍ လည်းဆိုထားပါတယ်။
သာဓု အင်္လကာမှာတော့
နာကိုး တောင်းရှစ် သာဓုတစ် ဟောလစ် အသင်္ချေ လို့ဆိုထားပါတယ်။
တရားနာယူခြင်း ကုသိုလ်သည် ကိးုကမ္ဘာအပါယ် မလားနိုင်ခြင်း၊ တရားတောင်းပါက ရှစ်ကမ္ဘာ မပါယ်မလားနိုင်ခြင်း၊ သာဓုခေါ်ခြင်းကြောင့် တစ်ကမ္ဘာ အပါယ်မလားနိုင်ခြင်း စသော အကျိုးတရားတို့ ရရှိနိုင်ကြောင်း ဟောကြားကြပါသည်။
ကျမ်းဂန်တို့၌လာသော သာဓု ခေါ်ခြင်းကြောင့် များစွာအကျိုးရှိပုံကို စာ၌ရေးသားထားပါသည်။
သာဝတ္ထိပြည်သား သူကြွယ်တဦးသည် ဘုရားရှင်၏ အစ၊ အလယ်၊ အဆုံး သုံပါးလုံးကောင်းမြတ်သည့် တရားတော်ကို နာကြားရ၍ အိမ်ရှင်မဖြစ်သူ ဇနီးသည်အား အကျိုးအကြောင်းပြောပြ ခွင့်ပန်ကာ သာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်၍ များမကြာခင်အချိန်မှာပင် တရားထူးရရှိသော ရဟန်းဘ၀သို့ ဆိုက်ရောက်ခဲ့ပါသည်။
ပသေဒနီ ကောသလမင်းကြီးသည် ခင်ပွန်း မရှိတော့ပြီဖြစ်သော ထိုအမျိုးသမီးအား မိဖုရားအဖြစ် ပစ္စည်းနှင့်တကွ သိမ်းပိုက်ခဲ့ပါသည်။ မင်းကြီးသည် မိဖုရားများစွာရှိပါသည်။ ကျန်မိဖုရားများစွာကိုတော့ ထုံးစံအတိုင်းကြာညိုပန်းများကို မိဖုရားတယောက်ကို တစ်ပွင့်စီ ပေးပါသော်လည်း မိဖုရားအသစ်ကလေးအား ကြင်နာယုယ၍ တစ်နေ့ကြာပန်း နှစ်ပွင့် ပေးလေ့ရှိသည်။











