@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 28 May 2014

ဥပသမ္ပဒ ကမ္မ၀ါစာ ( မဟာစည် မူ )


မဟာစည် ဆရာတော်ဘုရားကြီး စီစစ်တော်မူထားသော 
ဥပသမ္ပဒ ကမ္မ၀ါစာ
ရဟန်းလောင်းအား မြန်မာသက်သက်ဖြင့် ညွှန်ကြားသင်ပြ ဆုမ္မပုံ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

           ဥပဥမ္ပဒကံ မဆောင်မီ ရှေးဦးစွာ ဥပဇ္ဈာယ်ဆရာကို ယူစေရမည်ဟု ဗုဒ္ဓမြတ်စွာ မိန့်မှာတော်မူခဲ့သောကြောင့် ယခုအခါ သင်ပဉ္ဇင်းလောင်း (တို့) သည် ဥပဇ္ဈာယ်ဆရာကို ယူ(ကြ)ဦးလော့။
ဥပဇ္ဈာယော မေ (နော) ဘန္တေ ဟောဟိ၊ ( ၃-ကြိမ် )
အရှင်ဘုရား၊ အရှင်ဘုရားသည် ဘုရားတပည့်တော် (တို့) ၏ အပြစ်ကြီး အပြစ်ငယ်ကို ကြည့်ရှု၍ ဆိုဆုမ္မသော ဥပဇ္ဈာယ်ဆရာ  ဖြစ်တော်မူပါ အရှင်ဘုရား။
ပါသာဒိကေန သမ္ပာဒေဟိ ( သမ္ပာဒေထ ) ( ၃-ကြိမ် )။
ကြည်ညိုဘွယ်ကိုဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာနှင့် ပြည့်စုံ (ကြ) စေလော့။ ( ပြည့်စုံအောင် အားထုတ်၍ နေထိုင်ကြရမည် )။
အာမ ဘန္တေ။ ( ကောင်းပါပြီဘုရား ပြည့်စုံစေပါမည် )။
     (ဥပဇ္ဈာယ်ဆရာဆိုတာ တပည့်ရဟန်းသစ်အား ၀ိနည်းသိက္ခာပုဒ်များနှင့် အညီ ကျင့်တတ်-နေထိုင်တတ်အောင် သားငယ်ကို စောင့်ရှောက်သော ဖခင်ကဲ့သို့ သင်ပြဆုမ္မပေးတဲ့ ဆရာမြတ်ပဲ၊ ဥပဇ္ဈာယ်ယူထားတဲ့ တပည့် ကလဲ ဥပဇ္ဈာယ်ဆရာကို ဖခင်ကဲ့သို့ ရိုသေလေးစားရတယ် )။
ဥပဇ္ဈာယ်ယူစေပြီးလျှင် သပိတ်သင်္ကန်းကို ပြောကြားရမည်ဟု ဗုဒ္ဓ မြတ်စွာ မိန့်မှာတော်မူခဲ့သောကြောင့် ယခုအခါ သင်ပဉ္ဇင်းလောင်း(တို့) အား သပိတ်သင်္ကန်းကို ပြောကြားမယ်။ ( ဒီလိုပြောကြားရတာကလဲ ဘုရား လက်ထက်တော် ကာလတုန်းက ရဟန်းခံကြရာမှာ ဥပဇ္ဈာယ်ဆရာက ပေးတဲ့ သပိတ်သင်္ကန်းနဲ့ ရဟန်းခံပေးကြတာပဲ များတယ်၊ ဒါကြောင့် ခေတ္တ ခဏ ငှါးတာလေလားလို့ သံသယဖြစ်ဖွယ် ရှိနေတဲ့အတွက် အဲဒီလို သံသယ မဖြစ်ရအောင် ရဟန်းလောင်း၏ ကိုယ်ပိုင် သပိတ် သင်္ကန်းများ  ဖြစ်ကြောင်းပြောကြားရခြင်း ဖြစ်တယ်။ 

အဲဒီတုန်းက  အစဉ်အလာအရ  ယခုအခါမှာလဲ  ကိုယ်ပိုင်  သပိတ် သင်္ကန်းဖြစ်ကြောင်း ထင်ရှားအောင် ပြောကြားရတာပဲ။)
           သင်ပဉ္ဇင်းလောင်း(တို့)၏ ရှေ့၌ချထားသော (အသီးသီးသော) သပိတ်ဟာ သင် (တို့) ၏ ကိုယ်ပိုင် သပိတ်ပဲ၊ အဲဒါကို မိမိ (တို့) ၏ ကိုယ်ပိုင်သပိတ်လို့ မှတ် (ထားကြ)။
သပိတ်ပေါ်မှာတင်ထားတဲ့ (အသီးသီးသော) နှစ်ထပ်သင်္ကန်း ကြီးဟာ သင် (တို့) ၏ ကိုယ်ပိုင် နှစ်ထပ်သင်္ကန်းကြီးပဲ၊ အဲဒါကို မိမိ (တို့) ၏ ကိုယ်ပိုင် နှစ်ထပ်သင်္ကန်းကြီးလို့ မှတ် (ထားကြ)။
သင် (တို့) ၏ ကိုယ်မှာရုံထားတဲ့ ဧကသီသင်္ကန်းဟာ သင် (တို့) ၏ ကိုယ်ပိုင် ဧကသီသင်္ကန်းပဲ၊ အဲဒါကို မိမိ(တို့)၏ ကိုယ်ပိုင် ဧကသီသင်္ကန်းလို့ မှတ် (ထားကြ)။
သင် (တို့) ၏ ခါးမှာဝတ်ထားတဲ့ သင်းပိုင်သင်္ကန်းဟာ သင် (တို့) ၏ ကိုယ်ပိုင် ခါးဝတ်သင်းပိုင်သင်္ကန်းပဲ၊ အဲဒါကို မိမိ (တို့) ၏ ကိုယ်ပိုင် ခါးဝတ်သင်းပိုင်သင်္ကန်းလို့ မှတ် (ထားကြ)။
( ရဟန်းလောင်းမှာ ယခုပြောခဲ့တဲ့ သပိတ်တလုံးနဲ့ သင်္ကန်း သုံးထည် ပြည့်စုံရတယ်၊ အဲဒီ သပိတ်တလုံးနဲ့ သင်္ကန်းသုံးထည် ပြည့်စုံယင် သပိတ်သင်္ကန်း ပြည့်စုံပြီလို့ ဆိုရတယ်၊ အဲဒီလို ပြည့်စုံမှ ရဟန်း ခံပေးရတယ်။ ဒါကြောင့် အဲဒီ သပိတ်သင်္ကန်းများ ပြည့်စုံကြောင်း ထင်ရှားအောင်လို့ ယခုပြောကြားရတာပဲ)။


( အမည်မှည့်ပုံ )။ ။ ယခုအခါ ဥပသမ္ပဒကံ ဆောင်ရာ၌ ဉတ်ကမ္မ၀ါစာ ရွတ်ဖတ်၍ လွယ်ကူစေခြင်းအကျိုးငှါ ရဟန်းလောင်းကို နာဂ-ဟု အမည်သစ် မှည့်ပါ၏၊ သံဃာတော်အရှင်မြတ်တို့က ရဟန်းလောင်းကို နာဂ-ဟု မှတ်တော်မူကြပါ၊ ရဟန်းလောင်းကလဲ မိမိအမည်ကို နာဂ-ဟု မှတ်ထားပါ။
     ( ရဟန်းလောင်း ၂-ပါးဖြစ်လျှင် အကြီးရဟန်းလောင်းကို နာဂ-ဟု မှည့်ပါ၏၊ အငယ်ရဟန်းလောင်းကို ဒတ္တ-ဟု မှည့်ပါ၏-ဟူ၍၄င်း။ 
    ၃-ပါးဖြစ်လျှင် အကြီးဆုံးရဟန်းလောင်းကို နာဂ-ဟု မှည့်ပါ၏၊ အလတ်ရဟန်းလောင်းကို ဒတ္တ-ဟု မှည့်ပါ၏၊ အငယ်ရဟန်းလောင်းကို မိတ္တ-ဟု မှည့်ပါ၏ ဟူ၍၄င်း။
      ၄-ပါးရှိလျှင် ၂-ပါးတစုံ ၂-ပါးတစုံပြု၍၊ သို့မဟုတ် အကြီး ၂-ပါးကို တစုံ ၊ အငယ် ၂-ပါးကို တစုံ ပြု၍ ထို ၂-စုံတွင် တစုံတစုံထဲမှ အကြီး ၂-ပါးကို နာဂ-ဟု မှည့်ပါ၏၊ အငယ် ၂-ပါးကို ဒတ္တ-ဟု မှည့်ပါ၏-ဟူ၍၄င်း။
     ၆-ပါးစသည်ရှိလျှင် အစဉ်အတိုင်း သုံးပါးစီ တစုတစုပြု၍ ထိုတစု တစုထဲမှ အကြီးရဟန်းလောင်းများကို နာဂ-ဟု မှည့်ပါ၏၊ အလတ် ရဟန်းလောင်းများကို ဒတ္တ-ဟု မှည့်ပါ၏၊ အငယ်ရဟန်းလောင်းများကို မိတ္တ-ဟု မှည့်ပါ၏-ဟူ၍၄င်း အမည်မှည့် ကြေငြာပြီးလျှင်၊ သံဃာတော် အရှင်မြတ်တို့က ထို ၂-ပါးထဲက အကြီးရဟန်းလောင်းကို နာဂ-ဟု၊ အငယ်ရဟန်းကို ဒတ္တ-ဟု မှတ်တော်မူကြပါ-ဟူ၍၄င်း။
ထို ၃-ပါးထဲမှ အကြီးကို နာဂ-ဟု, အလတ်ကို ဒတ္တ-ဟု, အငယ်ကို မိတ္တ-ဟု မှတ်တော်မူကြပါ-ဟူ၍၄င်း။
ထို ၂-စုံထဲမှ အကြီး ၂-ပါးကို နာဂ-ဟု, အငယ် ၂-ပါးကို ဒတ္တ-ဟု, မှတ်တော်မူကြပါ-ဟူ၍၄င်း။
ထိုတစုတစုထဲမှ အကြီးရဟန်းလောင်းများကို နာဂ-ဟု, အလတ် ရဟန်းလောင်းများကို ဒတ္တ-ဟု, အငယ် ရဟန်းလောင်းများကို မိတ္တ-ဟု, မှတ်တော်မူကြပါ-ဟူ၍၄င်း၊ ရဟန်းလောင်းများကလဲ မိမိတို့၏ အမည်သစ်ကို  နာဂ,   ဒတ္တ,   မိတ္တဟု   အသီးသီး   မှတ်ထားကြ-ဟူ၍၄င်း ပြောကြားရာ၏။)
 
ဥပသမ္ပဒကံ ဆောင်ရာ၌ ဉတ်ကမ္မ၀ါစာ ရွတ်ဖတ်၍ လွယ်ကူစေခြင်း အကျိုးငှါ၎င်း၊ ဂရုဂါရ၀ ဖြစ်စေခြင်းအကျိုးငှါ၎င်း ရဟန်းလောင်း(တို့)၏ ဥပဇ္ဈာယ်ဆရာတော် အရှင်မြတ်ကို (အရှင်) တိဿ-ဟု အမည်သစ် မှည့်ပါ၏၊ သံဃာတော်အရှင်မြတ်တို့က ရဟန်းလောင်း(တို့) ၏ ဥပဇ္ဈာယ်ဆရာတော်ကို (အရှင်) တိဿ-ဟု အမည်သစ်ဖြင့် မှတ်တော် မူကြပါဘုရား၊ (ဥပဇ္ဈာယ်ဆရာတော် အရှင်မြတ်ကလဲ မိမိ၏အမည်ကို (အရှင်) တိဿ-ဟု မှတ်တော်မူပါ အရှင်ဘုရား။)

           ( သံဃာ့အလယ်မှ အပြင်ထုတ်ပုံ )
           ပဉ္ဇင်းလောင်း နာဂ ( ဒတ္တ-မိတ္တ-တို့ )၊ ယခုအခါ သင် (တို့) အား ညွှန်ကြားသင်ပြရန် အချိန်ကျရောက်လာပြီ၊ သို့သော်လဲ သံဃာတော်၏ အလယ်မှာ ညွှန်ကြားသင်ပြရန် မသင့်တော်တဲ့အတွက် မတ်တတ်ထပြီး သံဃာတော်ကို လက်အုပ်ချီကာ နောက်ဆုတ်နောက်ဆုတ် ထွက်သွားပါ၊ (တိုးတိုးမှန်မှန်ပြောတဲ့စကားကို သံဃာတော်များ မကြားလောက်ရာ နားမလည်လောက်ရာ) တဆယ့်နှစ်တောင်ထွာခန့် ဝေးကွာတဲ့ ဟိုအရပ်မှာ ခေတ္တခဏ ရပ်တည်နေပါချေ။(အဲဒီနရာသို့ ငါ-လာ၍ ညွှန်ကြား သင်ပြပေးပါမည်)။

(ရဟန်းလောင်းတပါးအတွက် အနုသာသကသမ္မုတိဉတ်)
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ အနုသာသေယျံ။

( ၂-ပါးအတွက် သမုစ္စယဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ စ ဒတ္တော စ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ စ ဒတ္တံ စ အနုသာသေယျံ။
( ၃-ပါးအတွက် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ စ ဒတ္တော စ မိတ္တော စ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ စ ဒတ္တံ စ မိတ္တံ စ အနုသာသေယျံ။
( ၂-ပါးအတွက် ဒွန္ဒသမာသဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂဒတ္တာ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂဒတ္တေ အနုသာသေယျံ။
( ၃-ပါးအတွက် ဒွန္ဒ )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂဒတ္တမိတ္တာ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂဒတ္တမိတ္တေ အနုသာသေယျံ။

           (နာဂဒတ္တမိတ္တ အများအတွက် သမုစ္စယဉတ်)
           သုဏာတု မေ ဘန္တေ သံဃော၊ နာဂါ စ ဒတ္တာ စ မိတ္တာ စ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂေ စ ဒတ္တေ စ မိတ္တေ စ အနုသာသေယျံ။
(နာဂဒတ္တ ၂-စုံအတွက် ဒွန်ဉတ်မှာ ၂-ပါးအတွက် ဒွန္ဒနှင့် ပါဠိတူ၏။ နာဂဒတ္တမိတ္တ အများအတွက်ဒွန်မှာ ၃-ပါးအတွက် ဒွန္ဒနှင့် ပါဠိအတူပင်)

( ညွှန်ကြားသင်ပြပုံ )။ ။ စူးစိုက်ပြီးနားထောင်(ကြ)ပါ ပဉ္ဇင်းလောင်း နာဂ (ဒတ္တ-မိတ္တတို့)၊ယခုအခါ သင်(တို့)သည် အမှန်ကို ဖြေဆိုလျှောက်ထားရမည့်အခါ၊ အဟုတ်ကို ဖြေဆို လျှောက်ထားရမည့်အခါ ဖြစ်သည်၊ သင်(တို့)၏ သန္တာန်၌ ဖြစ်ပေါ်လျက်ရှိသော အကြောင်းအရာအမှု ၀တ္ထုသဘောကို သံဃာ့အလယ်၌ သမ္မုတိရသောမထေရ်က မေးမြန်းတဲ့ အခါမှာ ထင်ရှားရှိလျှင် ဟုတ်မှန်လျှင် ရှိပါသည်ဘုရား၊ ဟုတ်ပါသည်ဘုရား ဟု လျှောက်ထားဖြေဆို(ကြ)ရမည်၊ ထင်ရှားမရှိလျှင် မဟုတ်မမှန်လျှင် မရှိပါဘုရား မဟုတ်ပါဘုရားဟု လျှောက်ထား ဖြေဆို(ကြ)ရမည်။ မလျှောက်ဝံ့ မဖြေဆိုဝံ့ပဲ ကြောက်ရွံ့မနေ(ကြ)နဲ့၊ ရဲရဲရင့်ရင့် ပီပီသသ အသံကျယ်ကျယ်နဲ့    လျှောက်ထား   ဖြေဆို(ကြ)ရမည်၊   ရှက်စရာတွေကိုမေးရမည်လားဟု နှလုံးမသာ မျက်နှာမလှ မရှိ(ကြ)နဲ့၊ ယခုပြောမည့် အခြင်းအရာအားဖြင့် သင် (တို့) ကို မေးကြလိမ့်မယ်၊
သင်(တို့)မှာ ဤသို့သောအနာများ ရှိသလား၊ (ကုဋ္ဌံ) နူနာရှိသလား (ဒီလိုလဲ မေးကြလိမ့်မယ်၊ အမှန်အတိုင်း ဖြေရုံပဲ၊ မရှိဘူးမဟုတ်လား၊ မရှိယင် မရှိပါဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။)
နောက်ပြီးတော့ (ဂဏ္ဍော) ထွတ်မြင်းခေါ်ဆို အသားပို မြင်းဖုနာ ရှိသလား၊ (ဒီလိုလဲ မေးကြလိမ့်မယ်၊ မရှိယင် မရှိပါဘုရားလို့  လျှောက်ထားဖြေဆိုရမယ်။)
နောက်ပြီးတော့ (ကိလာသော) အရေပြားတွင် နီဖြူအကွက် သမင်ယက် သမင်ဖြူအနာ ရှိသလား၊ (ဒီလိုလဲ . . ဖြေဆိုရမယ်)။
နောက်ပြီးတော့   (သောသော)    ချောင်းဆိုးသွေးပါ    အဆုတ်နာ မြစ်ခြောက်နာ ရှိသလား၊ (ဒီလိုလဲ . . ဖြေဆိုရမယ်။)

           နောက်ပြီးတော့ (အပမာရော) သည်းခြေရူး နတ်ဖမ်းစားရူးနာ ရှိသလား၊ (ဒီလိုလဲ မေးကြလိမ့်မယ်၊ အမှန်အတိုင်း ဖြေရုံပဲ၊ မရှိဘူး မဟုတ်လား၊ မရှင်ယင် မရှိပါဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။)
(ဒီလိုမေးရတာကလဲ အကြောင်းရှိတယ်၊ ဘုရားလက်ထက်တော်ကာလ တုန်းက ယခုပြောခဲ့တဲ့ နူနာအစရှိသော အနာကြီးငါးမျိုး စွဲကပ်နေတဲ့ သူတွေက သမားတော် ဆရာဇီဝက၏ အကုအသ ခံချင်တဲ့အတွက် သာသနာတော်မှာ ၀င်ပြီး ရဟန်းပြုကြတယ်၊ ရောဂါပျောက်တဲ့အခါ ကျတော့ လူ့ဘောင် ပြန်ထွက်သွားကြတယ်၊ အဲဒါကို အကြောင်းပြုပြီး ဆရာဇီဝက-က ကဲ့ရဲ့တယ်၊ နောက်ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ စက်ဆုပ်ဖွယ်ရောဂါ စွဲကပ်နေတဲ့သူတွေ မရှိသင့်ဘူး၊ အဲဒီ အကြောင်း များကြောင့် မြတ်စွာဘုရားက အနာကြီးငါးမျိုး စွဲကပ်နေတဲ့လူကို ရှင်ရဟန်း ပြုမပေးရ-လို့ သိက္ခာပုဒ် ပညတ်တော်မူတယ်။ ဒါကြောင့် ယခုပြောခဲ့တဲ့အတိုင်း မေးကြလိမ့်မယ်၊ မေးတဲ့အခါမှာ အမှန်အတိုင်း ဖြေရုံ ပါပဲ၊ မရှိယင် မရှိပါဘုရားလို့ ဖြေဆိုရမယ်။)
နောက်ပြီးတော့ လူသားစင်စစ် ဟုတ်ရဲ့လားလို့လဲ မေးကြလိမ့်မယ်၊ (အဲဒီလို မေးရတာကတော့ ဘုရားလက်ထက်တော် ကာလတုန်းက နဂါးတကောင်က သာသနာတော်ကို ကြည်ညိုတာနဲ့ လူယောင်ဖန်ဆင်းပြီး သံဃာတော်များထံ ရဟန်းအဖြစ် တောင်းပန်တယ်၊ သံဃာတော်က အဲဒီနဂါးကို လူသားထင်ပြီး ရဟန်းပြုပေးလိုက်တယ်၊ နောက်ကျတော့ သူ့အမှုမှန်က ပေါ်လာတယ်၊ အဲဒီအခါ လူသားမဟုတ်တဲ့သူကို ရဟန်းပြု မပေးထိုက်တဲ့အတွက် မြတ်စွာဘုရားက-တိရစ္ဆာန်ကို ရဟန်းပြု မပေးရ-လို့ သိက္ခာပုဒ် ပညတ်တော်မူတယ်၊ ဒါကြောင့် လူသားစင်စစ် ဟုတ်ရဲ့လားလို့ မေးရတာပဲ၊ သင်ပဉ္ဇင်လောင်း (တို့) ကတော့ လူသားဖြစ်ကြောင်း ထင်ရှားနေပါတယ်။ ဒါကြောင့် ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထားဖြေဆိုရုံပါပဲ။)
နောက်ပြီးတော့ ယောက်ျားစင်စစ် ဟုတ်ရဲ့လားလို့လဲ မေးကြလိမ့် မယ်၊ ဟုတ်ယင် ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။
နောက်ပြီးတော့ ကိုယ့်ကိုယ်ကို အစိုးပိုင်သူ ဟုတ်ရဲ့လား လို့လဲ  မေးကြလိမ့်မယ်၊   ဒီလိုမေးရတာကလဲ   ရှေးတုန်းက   ကျွန်-ဆိုတာရှိခဲ့တယ်၊ အဲဒီကျွန်ဟာ သူ့ကိုယ်ကိုယ် သူ အစိုးမပိုင်ဘူး၊ သူ့အရှင်သခင်က အစိုးပိုင်နေတယ်၊ ယခုခေတ်မှာတော့ အဲဒီလို ကျွန်-ဆိုတာ မရှိပါဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်ကို အစိုးပိုင်သူ ဟုတ်ရဲ့လားလို့ မေးတဲ့အခါ ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။
နောက်ပြီးတော့ ကြွေးမြီကင်းသူ ဟုတ်ရဲ့လားလို့လဲ မေးကြ လိမ့်မယ်။ ကြွေးမည်ကင်းသူ ဟုတ်ယင် ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထား ဖြေဆိုရမယ်။
နောက်ပြီးတော့ မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်သူ ဟုတ်ရဲ့လား လို့လဲ မေးကြလိမ့်မယ်၊ ဟုတ်ယင် ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထားဖြေဆိုရမယ်၊ ယခုခေတ်မှာ မင်းမှုထမ်း ဟုတ်ပေမဲ့ အခွင့်ယူထားခိုက်မှာ ဆိုယင် မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်နေတယ်လို့ပဲ ယူရပါတယ်။
နောက်ပြီးတော့ ရဟန်းပြုရန် မိခင်ဖခင်တို့က ခွင့်ပြုသူ ဟုတ်ရဲ့လား လို့လဲ မေးကြလိမ့်မယ်၊ ဗုဒ္ဓသာသနာဝင်မိဖတွေက ခွင့်ပြုတာချည်းပါပဲ၊ ခွင့်ပြုတယ်မဟုတ်လား၊ မိဖမရှိသူဆိုယင်တော့ ခွင့်တောင်းဘို့တောင် မလိုပါဘူး၊ ဒါကြောင့် ခွင့်ပြုသူ ဟုတ်ရဲ့လားလို့ မေးယင် ဟုတ်ပါတယ် ဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။
နောက်ပြီးတော့ အသက်နှစ်ဆယ် ပြည့်ပြီလားလို့လဲ မေးကြ လိမ့်မယ်၊ ၁၉-နှစ်နှင့် သုံးလ ငါးလ ဆိုယင် အသက်နှစ်ဆယ် ပြည့်ပြီလို့ ဆိုရတယ်၊ ဒါကြောင့် အဲဒီလို အသက်နှစ်ဆယ် ပြည့်နေရင် ပြည့်ပါပြီဘုရား လို့ လျှောက်ထားဖြေဆိုရမယ်။
နောက်ပြီးတော့ သင်ပဉ္ဇင်းလောင်း(တို့)မှာ သပိတ် သင်္ကန်း ပြည့်စုံ ပါပြီလားလို့လဲ   မေးကြလိမ့်မယ်၊   ဒါကတော့  ခုတင်က  ပြောခဲ့တဲ့အတိုင်း ပြည့်စုံနေကြောင်း ထင်ရှားနေပါပြီ၊ ဒါကြောင့် ပြည့်စုံပါပြီဘုရားလို့ လျှောက်ထား ဖြေဆိုရမယ်။
နောက်ပြီးတော့ သင်ဟာ အဘယ်အမည်ရှိသလဲလို့လဲ မေးကြလိမ့် မည်၊ သင့်ကို နာဂ-လို့ အမည်သစ် မှည့်ထားတယ်၊ ဒါကြောင့် ဘုရားတပည့်တော် နာဂ အမည်ရှိပါသည်ဘုရားလို့ လျှောက်ထား ဖြေဆိုရ မယ်။ ယခု ငါမေးကြည့်မယ် ဖြေဆိုကြည့်စမ်း၊ သင်ဟာ အဘယ်အမည် ရှိသလဲ၊ (ဘုရားတပည့်တော် နာဂ အမည်ရှိပါသည်ဘုရား)(၂-၃-ကြိမ်မေးကြည့်ပါ)

           နောက်ပြီးတော့ သင်၏ ဥပဇ္ဈာယ်ဆရာဟာ အဘယ်အမည်ရှိပါ သလဲ-လို့လဲ မေးကြလိမ့်မယ်၊ သင်၏ ဥပဇ္ဈာယ်ဆရာတော်ကို အရှင်တိဿ လို့ အမည်မှည့်ထားတယ်၊ ဒါကြောင့် ဘုရားတပည့်တော်၏ ဥပဇ္ဈာယ် ဆရာတော်သည်  အရှင်တိဿမထေရ်  အမည်ရှိပါသည်ဘုရားလို့  လျှောက်ထားဖြေဆိုရမယ်။(၂-၃-ကြိမ် မေးကြည့်ပါ)။
သံဃာ့အလယ်မှာ မေးမြန်းစိစစ်မည့် မေးခွန်းများနှင့်စပ်၍ လျှောက်ထား ဖြေဆိုပုံများကို သင်ပဉ္ဇင်းလောင်းအား ညွှန်ကြားသင်ပြပြီးပြီ၊ ငါသည် သင်နှင့်အတူ သံဃာ့ထံသို့ မသွားအပ်-မသွားကောင်းဘူး၊ ဒါကြောင့် ဒီနေရာမှာပဲ ခေတ္တရပ်တည်နေရစ်ဦး၊ သံဃာတော်က လာခဲ့ရန် ခေါ်တဲ့အခါကျမှ သံဃာတော်ကို လက်အုပ်ချီပြီး လာခဲ့ရမယ်။
(ပဉ္ဇင်းလောင်း ၂-၃-ပါး စသည်တို့ကို ညွှန်ကြားသင်ပြသောအခါ စကားလုံးများကို သင့်လျော်အောင် ပြင်၍ ပြောဆိုရာ၏ )

( ရဟန်းလောင်း ၁-ပါး သံဃာ့အလယ်သို့ သွင်းရန် ဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ အနုသိဋ္ဌော သော မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ နာဂေါ အာဂစ္ဆေယျ။ ( လာခဲ့တော့လို့ ခေါ်ပါ )

( ၂-ပါး ၃-ပါးအတွက် သမုစ္စယသြသာရဏ ဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ စ ဒတ္တော စ ( မိတ္တော စ ) အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ အနုသိဋ္ဌာ တေ မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ နာဂေါ စ ဒတ္တော စ ( မိတ္တော စ ) အာဂစ္ဆေယျုံ။

( အများမှ ၃-ပါးကို သွင်းရန် သမုစ္စယဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂါ စ ဒတ္တာ စ မိတ္တာ စ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ အနုသိဋ္ဌာ တေ မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ ပဌမ၀ဂ္ဂေ နာဂေါ စ ဒတ္တော စ မိတ္တော စ အာဂစ္ဆေယျုံ၊
( ပဌမအစု ၃-ပါး လာခဲ့ကြလို့ ခေါ်ပါ )။ဒုတိယ၀ဂ် စသည်ကိုလဲ နည်းမှီး၍ ဆိုရာ၏။
၂-စုံတွင် ပဌမအစုံကို သွင်းရာ၌ ပဌမယုဂေ-ဟု ၀ိသေသန မ-၍ ဆိုရာ၏။

             ( ဒွန္ဒသြသာရဏ ဉတ် )
           သုဏာတု မေ ဘန္တေ သံဃော၊ နာဂဒတ္တာ (နာဂဒတ္တမိတ္တာ) အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ အနုသိဋ္ဌာ တေ မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ နာဂဒတ္တာ (နာဂဒတ္တမိတ္တာ) အာဂစ္ဆေယျုံ။
(၂-စုံရှိရာ ၂-စု ၃-စု စသည် ရှိရာတို့၌ ပဌမယုဂေ နာဂဒတ္တာ-ဟူ၍၄င်း၊ ပဌမ၀ဂ္ဂေ နာဂဒတ္တမိတ္တာ-ဤသို့ စသည်ဖြင့်၎င်း သင့်လျှော်အောင် ဖြည့်စွက်ဆိုရာ၏)

( သံဃာ့အလယ်သို့ သွင်းပြီးလျှင်-ဘိက္ခူနံ ပါဒေ ၀န္ဒာပေတွာ-ဟူသော ညွှန်ကြားချက်နှင့်အညီ ရဟန်းသံဃာတော်တို့၏ ခြေတော်တို့ကို ရှိခိုးပါ၏-ဟု နှုတ်ဖြင့် ဆိုစေလျက် ရှိခိုးစေသင့်၏။ ထို့နောင် သံဃာတော်အား ရဟန်းပြုပေးရန် လျှောက်တောင်းရမည်-ဟု ပြောကြား၍ အောက်ပါအတိုင်း လိုက်ဆိုစေလျက် လျှောက်တောင်းစေရမည်)။

(လျှောက်တောင်းပုံ)။ ။ သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ (ယာစာမ) ဥလ္လုပ္ပတု မံ (နော) ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ။(ဒုတိယမ္ပိ-တတိယမ္ပိ)
အရှင်မြတ်တို့ဘုရား၊ တပည့်တော်(တို့)သည် သံဃာတော်ကို ရဟန်းအဖြစ်(ကို)   သုံးကြိမ်တိုင်တိုင်   လျှောက်တောင်းပါ(ကုန်)၏  အရှင်မြတ်တို့ဘုရား၊  သံဃာတော်သည်  တပည့်တော်(တို့)ကို  သနားချီးမြှောက်ခြင်းကို အကြောင်းပြု၍ (၀ါ-သနားချီးမြှောက်သော အားဖြင့်) (မြင့်မြတ်သော ရဟန်းအဖြစ်သို့) မြှင့်တင်ပေးတော်မူပါ အရှင်ဘုရား။

( တပါးအတွက် ပုစ္ဆကသမ္မုတိ ဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ။ ။


           ( ၂-ပါး ၃-ပါးအတွက် သမုစ္စယဉတ် )
           သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော (အယံ စ မိတ္တော) အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ စ ဒတ္တံ စ (မိတ္တံ စ) အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ။ ။
           ( ဒွန်ဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ ဣမေ နာဂဒတ္တာ (ဣမေ နာဂဒတ္တ မိတ္တာ) အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂဒတ္တေ (နာဂဒတ္တမိတ္တေ) အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ

(မေးမြန်း စိစစ်ပုံ)။ ။ ပဉ္ဇင်းလောင်း နာဂ (ဒတ္တ-မိတ္တတို့) စူးစိုက်ပြီး နားထောင်(ကြ)၊ ယခုအခါ သင်(တို့)သည် အမှန်ကို ဖြေဆိုလျှောက်ထား ရမည့်အခါ၊ အဟုတ်ကို ဖြေဆိုလျှောက်ထားရမည့်အခါ ဖြစ်သည်၊ သင်(တို့)၏ သန္တာန်၌ ဖြစ်ပေါ်လျက်ရှိသော ရဟန်းပြုပေးရာဝယ် အန္တရာယ်နှင့် စပ်ဆိုင်သော အကြောင်းအရာအမှု ၀တ္ထုသဘောကို မေးပါ၏၊ ထင်ရှား ရှိလျှင် ဟုတ်မှန်လျှင် ရှိပါသည်ဘုရား ဟုတ်ပါသည်ဘုရားဟု လျှောက်ထားဖြေဆို(ကြ)ရမည်၊ ထင်ရှားမရှိလျှင် မဟုတ်မမှန်လျှင် မရှိပါဘုရား၊ မဟုတ်ပါ ဘုရားဟု လျှောက်ထားဖြေဆို(ကြ)ရမည်၊ သင်(တို့)မှာ ဒီလိုအနားများ ရှိသလား၊ သရုပ်ဖော်၍ မေးရလျှင်-
နူနာရှိသလား ( မရှိပါဘုရား )
ထွတ်မြင်းခေါ်ဆို အသားပိုမြင်းဖုနာ ရှိသလား ( မရှိပါဘုရား )
အရေပြား နီ ဖြူ အကွက် သမင်ယက် သမင်ဖြူနာ ရှိသလား (မရှိပါဘုရား)
ချောင်းဆိုးသွေးပါ အဆုတ်နာ မြစ်ခြောက်နာ ရှိသလား ( မရှိပါဘုရား )
သည်းခြေရူး နတ်ဖမ်းစားရူးနာ ရှိသလား ( မရှိပါဘုရား )
သင်(တို့)ဟာ လူသားစင်စစ် ဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )
ယောက်ျားစင်စစ် ဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )
ကိုယ့်ကိုယ်ကို အစိုးပိုင်သူ ဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )
ကြွေးမြီကင်းသူဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )
မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်သူ ဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )

ရဟန်းပြုရန် မိခင်ဖခင်တို့က ခွင့်ပြုသူ ဟုတ်ရဲ့လား           (ဟုတ်ပါတယ်ဘုရား)
အသက်နှစ်ဆယ် ပြည့်ပါပြီလား                                  (ပြည့်ပါပြီဘုရား)
သပိတ်သင်္ကန်း ပြည့်စုံပါပြီလား                                  ( ပြည့်စုံပါပြီဘုရား )
သင် အဘယ်အမည်ရှိသလဲ (ဘုရားတပည့်တော် နာဂ အမည်ရှိပါသည် ဘုရား)
(သင်ရဟန်းလောင်းတို့ အသီးသီး အဘယ်အမည် ရှိကြသလဲ၊ ဘုရားတပည့်တော် နာဂအမည်ရှိပါသည်ဘုရား၊ ဒတ္တ အမည်ရှိပါသည် ဘုရား၊ မိတ္တ အမည်ရှိပါသည်ဘုရား။)
သင်(တို့)၏ ဥပဇ္ဈာယ်ဆရာတော်သည် အဘယ်အမည် ရှိပါသလဲ
(ဘုရားတပည့်တော်(တို့)၏ ဥပဇ္ဈာယ် ဆရာတော်သည် အရှင်တိဿ မထေရ် အမည်ရှိပါသည်ဘုရား)။


( ဥပသမ္ပဒ ကမ္မ၀ါစာ )
သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော ပရိသုဒ္ဓေါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏဿ ပတ္တစီဝရံ၊ နာဂေါ သံဃံ ဥပသမ္ပဒံ ယာစတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော နာဂံ ဥပသမ္ပာဒေယျ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ဧသာ ဉတ္တိ။
သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော ပရိသုဒ္ဓေါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏဿ ပတ္တစီဝရံ၊ နာဂေါ သံဃံ ဥပသမ္ပဒံ ယာစတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သံဃော နာဂံ ဥပသမ္ပာဒေတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ယဿာယသ္မတော ခမတိ နာဂဿ ဥပသမ္ပဒါ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဒုတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။ တတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။

ဥပသမ္ပန္နော သံဃေန နာဂေါ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧ၀မေတံ ဓာရယာမိ။

           ( ဒွိဥပသမ္ပဒါပေက္ခ သမုစ္စယူပသမ္ပဒ ကမ္မ၀ါစာ )

           သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဓါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏိမေသံ ပတ္တစီဝရံ၊ နာဂေါ စ ဒတ္တော စ သံဃံ ဥပသမ္ပဒံ ယာစန္တိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော နာဂံ စ ဒတ္တံ စ ဥပသမ္ပာဒေယျ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ဧသာ ဉတ္တိ။
သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဓါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏိမေသံ ပတ္တစီဝရံ၊ နာဂေါ စ ဒတ္တော စ သံဃံ ဥပသမ္ပဒံ ယာစန္တိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သံဃော နာဂံ စ  ဒတ္တံ စ  ဥပသမ္ပာဒေတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ယဿာယသ္မတော ခမတိ နာဂဿ စ ဒတ္တဿ စ ဥပသမ္ပဒါ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဒုတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။ တတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။

ဥပသမ္ပန္နာ သံဃေန နာဂေါ စ ဒတ္တော စ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧ၀မေတံ ဓာရယာမိ။

           ( တိဥပသမ္ပဒါပေက္ခ သမုစ္စယူပသမ္ပဒ ကမ္မ၀ါစာ )

           သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော အယံ စ မိတ္တော အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဓါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏိမေသံ ပတ္တစီဝရံ၊ နာဂေါ စ ဒတ္တော စ မိတ္တော စ သံဃံ ဥပသမ္ပဒံ ယာစန္တိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော နာဂံ စ ဒတ္တံ စ မိတ္တံ စ ဥပသမ္ပာဒေယျ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ဧသာ ဉတ္တိ။
သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော အယံ စ မိတ္တော အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဓါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏိမေသံ ပတ္တစီဝရံ၊ နာဂေါ စ ဒတ္တော စ မိတ္တော စ သံဃံ ဥပသမ္ပဒံ ယာစန္တိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သံဃော နာဂံ စ  ဒတ္တံ စ  မိတ္တံ စ ဥပသမ္ပာဒေတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ယဿာယသ္မတော ခမတိ နာဂဿ စ ဒတ္တဿ စ မိတ္တဿ စ ဥပသမ္ပဒါ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဒုတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။ တတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။

ဥပသမ္ပန္နာ သံဃေန နာဂေါ စ ဒတ္တော စ မိတ္တော စ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧ၀မေတံ ဓာရယာမိ။

           ( သြ၀ါဒ ကထာ )
           တာဝဒေ၀ ဆာယာ မေတဗ္ဗာ၊ ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗံ၊ ဒိဝသ ဘာဂေါ အာစိက္ခိတဗ္ဗော၊ သင်္ဂီတိ အာစိက္ခိတဗ္ဗာ၊ စတ္တာရော နိဿယာ အာစိက္ခိတဗ္ဗာ၊ စတ္တာရိ အကရဏီယာနိ အာစိက္ခိတဗ္ဗာနိ။
           (၁) ပိဏ္ဍိယာလောပဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ (ဝေါ) ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော သံဃဘတ္တံ, ဥဒ္ဒေသဘတ္တံ, နိမန္တနံ, သလာကဘတ္တံ, ပက္ခိကံ, ဥပေါသထိကံ, ပါဋိပဒိကံ။
(၂) ပံသုကူလစီဝရံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ (ဝေါ) ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော ခေါမံ, ကပ္ပါသိကံ, ကောသေယျံ, ကမ္ဗလံ, သာဏံ, ဘင်္ဂံ ။
(၃) ရုက္ခမူလသေနာသနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ (ဝေါ) ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော ၀ိဟာရော, အဍ္ဎယောဂေါ, ပါသာဒေါ, ဟမ္မိယံ, ဂုဟာ။
(၄) ပူတိမုတ္တဘေသဇ္ဇံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ (ဝေါ) ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော သပ္ပိ, န၀နီတံ, တေလံ, မဓု, ဖာဏိတံ။

(၁) ဥပသမ္ပန္နေန ဘိက္ခုနာ မေထုနော ဓမ္မော နပ္ပဋိသေ၀ိတဗ္ဗော အန္တမသော တိရစ္ဆာနဂတာယပိ။ ယော ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေ၀တိ၊ အဿမဏော ဟောတိ အသကျပုတ္တိယော။
သေယျထာပိ နာမ ပုရိသော သီသစ္ဆိန္နော အဘဗ္ဗော တေန သရီရ- ဗန္ဓနေန ဇီဝိတုံ၊ ဧ၀မေ၀ ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေ၀ိတွာ အဿမဏော ဟောတိ အသကျပုတ္တိယော၊ တံ တေ (ဝေါ) ယာဝဇီဝံ အကရဏီယံ။
(၂) ဥပသမ္ပန္နေန ဘိက္ခုနာ အဒိန္နံ ထေယျသင်္ခါတံ န အာဒါတဗ္ဗံ အန္တမသော  တိဏသလာကံ  ဥပါဒါယ။  ယော  ဘိက္ခု  ပါဒံ ၀ါ  ပါဒါရဟံဝါ အတိရေကပါဒံ ၀ါ အဒိန္နံ ထေယျသင်္ခါတံ အာဒိယတိ၊ အဿမဏော ဟောတိ အသကျပုတ္တိယော။
           သေယျထာပိ နာမ ပဏ္ဍုပလာသော ဗန္ဓနာ ပ၀ုတ္တော အဘဗ္ဗော ဟရိတတ္ထာယ၊ ဧ၀မေ၀ ဘိက္ခု ပါဒံ ၀ါ ပါဒါရဟံ ၀ါ အတိရေကပါဒံ ၀ါ အဒိန္နံ ထေယျသင်္ခါတံ အာဒိယိတွာ အဿမဏော ဟောတိ အသကျပုတ္တိယော။ တံ တေ (ဝေါ) ယာဝဇီဝံ အကရဏီယံ။
(၃) ဥပသမ္ပန္နေန ဘိက္ခုနာ သဥ္စိစ္စ ပါဏော ဇီဝိတာ န ဝေါရောပေ- တဗ္ဗော အန္တမသော ကုန္တကိပိလ္လိကံ ဥပါဒါယ။ ယော ဘိက္ခု သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝတာ ဝေါရောပေတိ အန္တမသော ဂဗ္ဘပါတနံ ဥပါဒါယ၊ အဿမဏော ဟောတိ အသကျပုတ္တိယော။
သေယျထာပိ   နာမ    ပုထုသိလာ    ဒွေဓာဘိန္နာ   အပ္ပဋိသန္ဓိကာ
ဟောတိ၊ ဧ၀မေ၀ ဘိက္ခု သဉ္စိစ္စ မနုဿဝဂ္ဂဟံ ဇီဝိတာ ဝေါရောပေတွာ အဿမဏော ဟောတိ အသကျပုတ္တိယော။ တံ တေ (ဝေါ) ယာဝဇီဝံ အကရဏီယံ။
(၄) ဥပသမ္ပန္နေန ဘိက္ခုနာ ဥတ္တရိမနုဿဓမ္မော န ဥလ္လပိတဗ္ဗော အန္တမသော သုညာဂါရေ အဘိရမာမီတိ။ ယော ဘိက္ခု ပါပိစ္ဆော ဣစ္ဆာပကတော အသန္တံ အဘူတံ ဥတ္တရိမနုဿဓမ္မံ ဥလ္လပတိ ဈာနံ ၀ါ ၀ိမောက္ခံ ၀ါ သမာဓိံ ၀ါ သမာပတ္တိံ ၀ါ မဂ္ဂံ ၀ါ ဖလံ ၀ါ၊ အဿမဏော ဟောတိ အသကျပုတ္တိယော။
သေယျထာပိ နာမ တာလော မတ္ထကစ္ဆိန္နော အဘဗ္ဗော ပုန၀ိရုဠှိယာ၊ ဧ၀မေ၀ ဘိက္ခု ပါပိစ္ဆော ဣစ္ဆာပကတော အသန္တံ အဘူတံ ဥတ္တရိမနုဿဓမ္မံ ဥလ္လပိတွာ အဿမဏော ဟောတိ အသကျပုတ္တိယော။ တံ တေ (ဝေါ) ယာဝဇီဝံ အကရဏီယံ။   ။( သြ၀ါဒကထာ နိဋ္ဌိတာ)။

ဥပသမ္ပဒခဏ္ဍံ နိဋ္ဌိတံ 
=============
( ဧကူပသမ္ပဒါပေက္ခ ခဏ္ဍ )
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

           ပဌမံ ဥပဇ္ဈံ ဂါဟာပေတဗ္ဗော၊ ဥပဇ္ဈံ ဂါဟာပေတွာ ပတ္တစီဝရံ အာစိက္ခိတဗ္ဗံ၊ အယံ တေ ပတ္တော၊ အယံ သံဃာဋိ၊ အယံ ဥတ္တရာသင်္ဂေါ၊ အယံ အန္တရ၀ါသကော။
             ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ။
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ အနုသာသေယျံ။
သုဏသိ နာဂ၊ အယံ တေ သစ္စကာလော ဘူတကာလော၊ ယံ ဇာတံ၊ တံ သံဃမဇ္ဈေ ပုစ္ဆန္တေ သန္တံ အတ္ထီတိ ၀တ္တဗ္ဗံ၊ အသန္တံ နတ္ထီတိ ၀တ္တဗ္ဗံ၊ မာ ခေါ ၀ိတ္ထာယိ၊ မာ ခေါ  မင်္ကု အဟောသိ၊ ဧ၀ံ တံ ပုစ္ဆိဿန္တိ-သန္တိ တေ ဧ၀ရူပါ အာဗာဓာ ကုဋ္ဌံ, ဂဏ္ဍော,ကိလာသော,သောသော,အပမာရော၊ မနုေဿာသိ၊ ပုရိသောသိ၊ ဘုဇိေဿာသိ၊ အနဏောသိ၊ နသိ ရာဇဘဋော၊ အနုညာတောသိ မာတာပိတူဟိ၊ ပရိပုဏ္ဏ၀ီသတိ ၀ေဿာသိ၊ ပရိပုဏ္ဏံ တေ  ပတ္တစီဝရံ၊  ကိန္နာမောသိ၊  ကောနာမော တေ ဥပဇ္ဈာယောတိ။
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ အနုသိဋ္ဌော သော မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ နာဂေါ အာဂစ္ဆေယျ။( အာဂစ္ဆာဟီ-တိ ၀တ္တဗ္ဗော )။
သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ၊ ဥလ္လုမ္ပတု မံ ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ။ ( ဒုတိယမ္ပိ-တတိယမ္ပိ )
သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ။
သုဏသိ နာဂ၊ အယံ တေ သစ္စကာလော ဘူတကာလော၊ ယံ ဇာတံ၊ တံ ပုစ္ဆာမိ၊ သန္တံ အတ္ထီတိ ၀တ္တဗ္ဗံ၊ အသန္တံ နတ္ထီတိ ၀တ္တဗ္ဗံ၊ သန္တိ တေ ဧ၀ရူပါ အာဗာဓာ ကုဋ္ဌံ,ဂဏ္ဍော,ကိလာသော,သောသော,အပမာရော၊ (န သန္တိ ဘန္တေ)၊
မနုေဿာသိ (အာမ ဘန္တေ)၊ ပုရိသောသိ (အာမ ဘန္တေ)၊ ဘုဇိေဿာသိ (အာမ ဘန္တေ)၊ အနဏောသိ (အာမ ဘန္တေ)၊ နသိ ရာဇဘဋော (အာမ ဘန္တေ)၊ အနုညာတောသိ မာတာပိတူဟိ (အာမ ဘန္တေ)၊ ပရိပုဏ္ဏ ၀ီသတိ ၀ေဿာသိ (အာမ ဘန္တေ)၊ ပရိပုဏ္ဏံ တေ ပတ္တစီဝရံ (အာမ ဘန္တေ)၊ ကိန္နာမောသိ (အဟံ ဘန္တေ နာဂေါ နာမ)၊ ကောနာမော တေ ဥပဇ္ဈာယော ( ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရော နာမ)။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated