@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Monday, 25 August 2014
အသောကကျောက်တိုင်များ
ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။
အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။
အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟော်တော်မူသောနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။ "ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။
Copy from
Sunday, 10 August 2014
အစစ်ကို ဘာကွယ်နေသလဲ
 ရှေးလူကြီးများက ဘုန်းကြီးကို ပြောဖူးတယ်။
- ဘုရားအစစ်ကို ဆင်းတုတော်တွေက ဖုံးနေတယ်။
- တရားအစစ်ကို အချို့ တရားဟောဓမ္မထိကတွေနဲ့ ကျမ်းစာတွေက ဖုံးနေတယ်။
- သံဃာအစစ်ကို တို့ဘုန်းကြီးတွေက ဖုံးနေတယ်တဲ့။
ဘုန်းကြီးက ဒါတွေ ကိုးကွယ်လို့ အပြစ်ရှိတယ်လို့ မဆိုလိုပါဘူး။ အစစ်ကို ရောက်အောင် အာရုံမပြု
နိုင်လို့ ပြောတာပါ၊ အစစ်ကို အာရုံမရောက်တော့ အကျိုးပေး နည်းတာပေါ့။
နောင် လာမယ့်နှစ်ကလေးတွေက ဘာသာကို မယုံတာကအစစ်အမှန်ကို မတွေ့ရလို့ မယုံတာ၊ အစစ်အမှန်ကိုတွေ့ဖို့ကလဲ အဘိုး အဘွားတွေကအရေးကြီးတယ်။
မီးလွတ်စားခြင်း
ဗုဒ္ဓဘာသာများထဲတွင်“မီးလွတ်စားခြင်း” ကို သာသနာတော်အကျင့်ဟု
ထင်မှတ်သူများ ရှိပါသည်။မီးလွတ်စားသော ပုဂ္ဂိုလ်များကိုလည်းသူတော်စင် သူတော်မြတ်အလား သဘောထား ကြည်ညိုကြ၏။“မီးလွတ်စားခြင်း”ဟူသည် မီးဖြင့် ချက်ပြုတ်ကြော်လှော်ထားခြင်းမရှိသော
အစားအစာ၊ သစ်သီးသစ်ဥတို့ကိုသာ စားသုံးခြင်းကို ဆိုလိုပါသည်။
မီးလွတ်စားခြင်းဟူသည်-
(၁) သာသနာတော်ကျင့်စဉ် ဟုတ်ပါ၏လော။
(၂) ဘုရားရှင်က ထင်းမီးလွတ်သော အစားအစာကို စားခြင်းသည်
“အကျင့်မြတ်”ဟု ဟောတော်မူခဲ့ပါ၏လော။
(၃) ဗုဒ္ဓအလိုကျ “မီးလွတ်စားနည်း”ရှိပါသလော
စသည် စသည်ဖြင့် ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်း ပြုလုပ်ရန် လိုပါသည်။
စင်စစ်သော် သရက်သီးစားခြင်း၊ ငှက်ပျောသီးစားခြင်း၊
သစ်သီးသစ်ဥစားခြင်း စသည် ထင်းမီးလွတ်စားခြင်းသည်
သာသနာတော် ကျင့်စဉ်မဟုတ်ပါ။
ဘုရားရှင်က ထင်းမီးလွတ်စားရန်လည်း ညွှန်ကြားတော်မူခြင်း မရှိခဲ့ပါ။
ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)
********************* ****************************
တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။
ဘယ်တရားခွေလဲဆိုတာတော့ တိတိကျကျ မသိတော့ပါ။ သွားရင်းလာရင်း ကြားလိုက်ရခြင်းသာ ဖြစ်ပါသည်။ သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှ အသက်သွင်းစရာမလိုပေ။
အသက်သွင်းခြင်း လုပ်ငန်းသည် ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပေ။
အနေကဇာတင်ခြင်းကို ဘုရားအား အသက်သွင်းသည်ဟု ဆိုသူများသည် တောင်ပြန် တောထွက် ဘုန်းကြီးများသာ ဖြစ်ပေလိမ့်မည်။ လူပုဂ္ဂိုလ်များအနေနှင့်ကား ထိုသို့သိမည်မဟုတ်ပေ ဆရာဘုန်းကြီး၏ အလွဲအမှားကြောင့် ထိုသို့သိထားသည်ဆိုပါက အမှားကို အမှန်ရောက်အောင်ြ ပုပြင်ရမည်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးများတွင်သာ တာဝန်ရှိသည် မဟုတ်ပါလော။
အနေကဇာတင်ဖို့မလိုဟူ၍ကား မဆိုသင့်ချေ၊
ဘ၀ရဲ့လက်တွဲဖော် ရွေးချယ်သောအခါ
လူတစ်ဦးတစ်ယောက်ကို မိမိဘ၀တစ်သက်လုံးအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သောအခါ...
မိမိတစ်ယောက်တည်းအပေါ် သိပ်ချစ်ပြီး ချစ်နေတုန်းအချိန် အနစ်နာခံမှု၊ ဘာမဆိုလုပ်ပေးမှု၊
ကိုယ်တစ်ယောက်တည်းအပေါ် ချစ်နေတုန်းကောင်းခြင်း၊ယုယခြင်း ၊ ရိုးသားခြင်းလောက်နဲ့
ဘ၀ရဲ့လက်တွဲဖော်ဆိုပြီးရွေးချယ်လို့ မရနိုင်ပါဘူး။
ဘာလို့လဲဆိုတော့... လူဆိုတာမိမိသဘောကျနေတဲ့အချိန်၊
မိမိသိပ်ချစ်နေတဲ့အချိန် ၊ မိမိချစ်နေသောသူကို အရာရာအကောင်းပဲမြင်ပြီး
အရာရာခွင့်လွှတ်လုပ်ပေးတတ်ကြတာ သဘာဝဖြစ်တယ်။
ကိုယ်နဲ့ အဆင်မပြေသောတစ်နေ့ မှာ ကိုယ့်အပေါ်မှာကြမ်းတမ်းသော အပြုအမူ ၊ ရိုင်းစိုင်းသောအပြောအဆို ၊ ရက်စက်သောလုပ်ရပ်တွေနဲ့ ထာဝရ ရန်သူကြီးတွေဖြစ်နေကြတာ လောကမှာမြင်နေကြရမှာပါ။
သို့ကြောင့်... လူတစ်ယောက်ကိုဘ၀အတွက်တစ်သက်လုံး ရွေးချယ်သောအခါ...
ကိုယ်နဲ့ လက်တွဲမဲ့သူက တစ်ခြားသူတစ်ဦးပေါ်
အကျိုးရှိစေမည့် သူနာမေးနည်း
ဆွေမျိုး မိတ်သင်္ဂဟထဲက မကျန်းမာသူတစ်ဦးဦးရှိနေလျှင် သူနာမေးသွားခြင်းသည် လူ့ဝတ္တရားပါ။
ကျန်းမာရေး ချို့တဲ့နေချိန်တွင် ၀န်းကျင်အသိုင်းအ၀န်း၏ အသိအမှတ်ပြုမှု ၊ အားပေးကူညီမှုများကို
တောင့်တတတ်ခြင်းသည် လူ့သဘာဝပင်ဖြစ်ပါ၏။
ဝတ္တရားအရ သူနာမေးသွားသည့်အခါ တာဝန်ကျေသဘောထက် စေတနာအပြည့်အ၀ထားပြီး၊
ထိထိရောက်ရောက်ကူညီနိုင်လျှင်မူ ပို၍ကောင်းပါသည်။
သာသနာရေး ရှုထောင့်မှနေ၍ သူနာအတွက် အကျိုးရှိစေမည့် သူနာမေးနည်းကို
လမ်းညွှန်တော်မူခဲ့သော အရှင်သူမြတ်မှာ စစ်ကိုင်းတောင်
“အနောက်ပရက္ကမ ဆရာတော်” ကြီးဖြစ်ပါသည်။
တစ်နေ့ ဆရာတော်ကြီး မကျန်းမာသည့်အခါ တူ၊ တူမများက သတင်းလာမေးပါသည်။
ထိုအခါ ဆရာတော်ကြီးက-ငါ့အတွက် ဥပုသ်စောင့်ကြရဲ့လား၊ ပရိတ် ရွတ်ကြရဲ့လား၊ ငါ့အတွက် ရှင်တော်ဘုရားအား ဆီမီးသက်စေ့၊ ရေသက်စေ့၊ ပန်းသက်စေ့ လှူကြရဲ့လား စသည်ဖြင့် မေးရာ တူ၊ တူမများက -“ဒီလို လုပ်ရမှန်း မသိ၍ မလုပ်ခဲ့မိပါကြောင်း”ပြန်လည်လျှောက်ထားပါသည်။
အံ့ဖွယ် (၈) ဖြာ သာသနာ ...
တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်ကမြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေမွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြတာလဲ” ဟု သိလို၍မေးလို၍ ရောက်လာခြင်းဖြစ်သည်။သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာမေးခွန်းများကို မလျှောက်ထားဝံ့ပေဘူး။အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။“ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုးရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်ကမြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ”
Thursday, 7 August 2014
လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမ ************************************
( အလောင်းတော်တို့ တောထွက်တော်မူကြပြီ)
ဒီနေရာမှာ အဲဒီလို ရက်ရွှေ့နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လယ်တီဆရာတော်ဘုရ
ားကြီးက ဆုံးမထားတဲ့ အဆုံးအမ လင်္ကာကလေး တစ်ခုတော့
ရှိတယ်။ အရှင်ဘုရား ...တပည့်တော်တို့က တရားတော့ အားထုတ်ချင်ပါတယ
်။ "ဒါပေမယ့်လို့"ဆိုတဲ့ ဒီလို စကားကလေးကို ပြောပြောပြီးတော့ ပြုံးပြုံး
ပြုံးပြုံးနဲ့ ဘုန်းကြီးကို လှိမ့်သွားတဲ့ပုဂ္ဂိုလ်တွေက တော်တော် ခပ်များများ ရှိပါတယ
်။ အဲဒီ လှိမ့်သွားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေလည်း
ပါချင် ပါ,ပါလိမ့်မယ်။ အဲဒီလို ပရိသတ်တွေအတွက် လယ်တီဆရ
ာတော်ဘုရားကြီးက ဘယ်လို ဆုံးမထားသလဲ?
"အမြိုက်တရား, ဟောတုံငြားလည်း, ဘုရားအကြိုက်, မလိုကိုကိုက်သာဘဲ "
အင်မတန် ကောင်းမွန် မြင့်မြတ်နေတဲ့ သီလကျင့်စဉ်တွေကို ကျင့်ကြံ
ကြိုးကုတ် ပွားများအားထုတ်ပါ၊ သမာဓိကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ်
ပွားများအားထုတ်ပါ၊ ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအား
ထုတ်ပါဆိုပြီးတော့ ဒီလို ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြား တိုက်တွန်း
တော်မူပါတယ်။ ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ဘုန်းကြီးတို့ကလည်း
ဘုရားရှင်ရဲ့ တရားတော်တွေကို ဒါယကာ ဒါယိကာမတွေကို တစ်ဆင့်
ပြန်ပြီး ဟောကြားပြသပေးတယ်။ မသေရာ အမြိုက်နိဗ္ဗာန် ရောက်ကြောင်း
ကျင့်စဉ်ဖြစ်တဲ့ တရားတော်တွေကို ဘယ်လိုပင် ဟောပေးသော်လည်း ဘာဖြစ်
နေသလဲ?
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
***************************************
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အကြောင်းကို မဖော်ပြမီ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ တစ်နှစ် (၁၂-လ) ပတ်လုံးရှိ ဗုဒ္ဓဘာသာ အခါတော်နေ့များကို တင်ပြလိုပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အခါတော်နေ့များမှာ
၁။ တန်ခူးလ နှစ်ဆန်းတစ်ရက် = နှစ်သစ်မင်္ဂလာအခါတော်နေ့
၂။ ကဆုန်လပြည့် = ဗုဒ္ဓအခါတော်နေ့ (ဗျာ၊ဖွား၊ပွင့်၊စံ)
၃။ နယုန်လပြည့် = မဟာသမယအခါတော်နေ့
၎။ ၀ါဆိုလပြည့် = ဓမ္မစကြာအခါတော်နေ့ (သန္ဓေ၊တောထွက်၊ဓမ္မစက်)
၅။ ၀ါခေါင်လပြည့် = မေတ္တာအခါတော်နေ့ (မေတ္တသုတ်)
၆။ တော်သလင်းလပြည့် = ဂရုဓမ္မအခါတော်နေ့
၇။ သီတင်းကျွတ်လပြည့် = အဘိဓမ္မာအခါတော်နေ့
၈။ တန်ဆောင်မုန်းလပြည့် = သာမညဖလ အခါတော်နေ့
၉။ နတ်တော်လပြည့် = ဓမ္မစာဆို အခါတော်နေ့
၁၀။ ပြာသိုလပြည့် = ရှင်တစ်ထောင်နေ့
၁၁။ တပိုတွဲလပြည့် = သြ၀ါဒပါတိမောက်အခါတော်နေ့
၁၂။ တပေါင်းလပြည့် = မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ -ဟူ၍ လအလိုက် အခါတော်နေ့များ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုနေ့များတွင် ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် တစ်နေ့အပါအ၀င် ဖြစ်ပါသည်။
✩ ”အကောင်းဆုံး ရနံ့” ✩
✩ ”အကောင်းဆုံး ရနံ့” ✩
✩ အကြင်ပန်းရနံ့သည် လေစုံ လေကြေ၌လည်းကောင်း၊ လေဆန်လေညာ၌
လည်းကောင်း၊ အညီအမျှ ရနံ့လှိုင်ပျံ့၏။ သီလဂုဏ်ကြောင့် စုန်ဆန်ပျံ့နှံ့နိုင်သော
ထိုသို့သဘောရှိသော ပန်းနံ့သည် အဘယ်မှာရှိအံ့နည်း။
✩ ဤတွင် ရှင်အာနန္ဒာအမေးနှင့် ဘုရားရှင်အဖြေကို ဖော်ပြလိုပါသည်။ သို့မှ
သာ အထက်ပါဒေသနာတော်၏ သဘောသဘာဝမှာ သာလွန်လှပ၍ ခိုင်လုံတိ
ကျပါမည်။
✩ဘုရားရှင်သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူခိုက် အ
ခါတစ်ပါးတွင်ဖြစ်၏။ ရှင်အာနန္ဒာသည် တစ်နေ့သော ညနေချမ်းအခါ တစ်ပါး
တည်း ကိန်းအောင်းရာမှ ထ၍ ဘုရားရှင်ထံတော်ပါး ဝပ်တွားရှိခိုးပြီး လျှောက်
ထား၏။
✩ “မြတ်စွာဘုရား၊ အမြစ်နံ့သာ၊ အနှစ်နံ့သာ၊ အပွင့်နံ့သာ၊ သုံးမျိုးတို့၏ အနံ့
သည် လေစုန်လေကြေသို့သာလျှင် သွားပါ၏။ လေညာလေဆန်သို့ မသွားပါ။
 မြတ်စွာဘုရား၊ လေစုန်လေကြေသို့လည်းကောင်း၊ လေဆန်လေညာသို့လည်း
ကောင်း သွားနိုင်သော တစ်ခုသောအနံ့ ရှိပါသလော”
✩ “အာနန္ဒ၊ ရှိတယ်”
✩ “မြတ်စွာဘုရား၊ အဘယ်နံ့သာမျိုးပါလဲ ဘုရား”
✩ အာနန္ဒ၊ ဒီလောကမှာ တစ်စုံတစ်ခုသော မြို့ရွာ နိဂုံး မင်းနေပြည်မှယောက်ျား
မိန်းမတစ်ဦးဦးဟာ-
၁။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်တယ်။
၂။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်တယ်၊
၃။ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်တယ်။
၎။ သူ့အိမ်ယာကျူးလွန်ခြင်းမှ ရှောင်ကြဉ်တယ်၊
၅။ မမှန်စကားပြောဆိုခြင်းမှ ရှောင်ကြဉ်တယ်၊
၆။ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်တယ်၊
၇။ သီလ ရှိတယ်၊
၈။ ကောင်းသောသဘော ရှိတယ်၊
၉။ မပေးလှူ လို ဝန်တိုမှု အညစ်အကြေး ကင်းဝေးသော စိတ်ဖြင့် အိမ်ကို စိုးအုပ်
နေတယ်။
၁၀။ လွတ်လွတ်စွန့်ကြဲတယ်၊ 
၁၁။ ဆေးပြီးသောလက် ရှိတယ်၊
၁၂။ စွန့်ကြဲခြင်း မွေ့လျော်တယ်၊
၁၃။ တောင်းခံထိုက်တယ်၊
၁၄။ လှူဒါန်းခြင်း ဝေဖန်ခြင်း၌ မွေ့လျော်တယ်။
✩ “ အာနန္ဒ၊ အဲဒီကဲ့သို့သော ဂုဏ်တွေနဲ့ ပြည့်စုံတဲ့သူအား အရပ်လေးမျက်နှာတို့
၌ ရှိကုန်သော ရဟန်း ပုဏ္ဏားစသော သူတို့သည် သူရဲ့ဂုဏ်ပုဒ်တွေကို ဖော်ပြ၍ 
ချီးမွမ်းကြကုန်၏။ နတ်ပြည်ရှိ နတ်များကလည်း အဲဒီနည်းအတူ ချီးမွမ်းကြကုန်
တယ်၊ အာနန္ဒ၊ ယခု ပြောဆိုအပ်ပြီးသော ဂုဏ်တွေနဲ့ပြည့်စုံတဲ့ သူတော်ကောင်း
ရဲ့ရနံ့ဟာ လေစုန်လေကြေသို့လည်းကောင်း၊လေဆန်လေညာသို့လည်းကောင်း
 သွား၏။”
✩ ရှင်တော်ဗုဒ္ဓသည် ယင်းသို့ မိန့်တော်မူပြီး၍ ယင်းအချိန်တွင် ယင်းသဘောကို
သိ၍ အောက်ပါ ဒေသနာတော်ကို ဆက်လက် မိန့်ကြားတော်မူ၏။”
✩ “အာနန္ဒ၊ ပန်းရနံ့ဟာ လေဆန်လေညာသို့ မသွားနိုင်ပါ၊ စန္ဒကူး၊ တောင်ဇ
လပ်ပန်း၊ စပယ်၊ က်ြရုံးပန်း၊ အနံ့တွေလည်း လေဆန် လေညာသို့ မသွားနိုင်ပါ၊
သူတော်ကောင်းတို့ရဲ့ ဂုဏ်ရနဲ့သည်သာ လေဆန် လေညာသို့သွားတယ်၊ သူ
တော်ကောင်းတို့ရဲ့ ဂုဏ်သတင်းဟာ အရပ်မျက်နှာ အားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ
၏။၊”
✩ “အာနန္ဒ၊ စန္ဒကူး၊ တောင်ဇလပ်ပန်း၊ ကြာညိုပန်း၊ မြတ်လေးပန်း၊ ကြက်ရုံး
ပန်းတို့၏ အနံ့အမျိုးမျိုးတို့ထက် ထိန်းသိမ်းစောင့်စည်းအပ်သော သီလရနံ့သည်
သာ အတုမရှိ ထူးမြတ်ဘိ၏။”
✩ ဓမ္မဒူတ-အရှင်ပညာဇောတ ✩
Buddhavasa Tiloka
✩ အကြင်ပန်းရနံ့သည် လေစုံ လေကြေ၌လည်းကောင်း၊ လေဆန်လေညာ၌
လည်းကောင်း၊ အညီအမျှ ရနံ့လှိုင်ပျံ့၏။ သီလဂုဏ်ကြောင့် စုန်ဆန်ပျံ့နှံ့နိုင်သော
ထိုသို့သဘောရှိသော ပန်းနံ့သည် အဘယ်မှာရှိအံ့နည်း။
✩ ဤတွင် ရှင်အာနန္ဒာအမေးနှင့် ဘုရားရှင်အဖြေကို ဖော်ပြလိုပါသည်။ သို့မှ
သာ အထက်ပါဒေသနာတော်၏ သဘောသဘာဝမှာ သာလွန်လှပ၍ ခိုင်လုံတိ
ကျပါမည်။
✩ဘုရားရှင်သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူခိုက် အ
ခါတစ်ပါးတွင်ဖြစ်၏။ ရှင်အာနန္ဒာသည် တစ်နေ့သော ညနေချမ်းအခါ တစ်ပါး
တည်း ကိန်းအောင်းရာမှ ထ၍ ဘုရားရှင်ထံတော်ပါး ဝပ်တွားရှိခိုးပြီး လျှောက်
ထား၏။
Monday, 4 August 2014
ကျက်သရေမင်္ဂလာ အဖြာဖြာရှိစေရန်
Related Posts Plugin for WordPress, Blogger...
 ကုသိုလ်ကောင်းမှူဟူသမျှတို့ တွင် ၀ိပဿနာ ဘာဝနာ ကုသိုလ်သည် အကောင်းဆုံးဖြစ်၏။
ဗုဒ္ဓရှင်တော်မြတ်သည် ကုသိုလ်ကောင်းမှူလုပ်သူ ပုဂ္ဂိုလ်အပေါင်းတို့တွင် ၀ိပဿနာ ဘာဝနာကို
ပွားများသော ပုဂ္ဂိုလ်အားသာလျှင် ချီးမွမ်းတော်အမူဆုံးဖြစ်၏။
သဘောတူ ချီးမွမ်းတော်မူခဲ့ကြဖူးသည်။ဝိပဿနာ ဘာဝနာကို သဘောတူချီးမွမ်းတော်မူခဲ့ကြပုံကို
မူလပဏ္ဏာသ ပါဠိတော် ပဟာယမက ၀ဂ် မဟာဂေါသိင်္ဂသုတ်`၌ လာသည်ကို အတိုချုပ်သဘော
အားဖြင့် ဖော်ပြပေအံ့။
 အခါတစ်ပါး`၌ အရှင်သာရိပုတ္တရာ အရှင်မြတ်က အရှင်အာနန္ဒာအား မေးတော်မူသည်မှာ
ဤ အင်ကြင်းတောကြီးသည် အပွင့်တို့ ဖြင့် တတောလုံး ကြည့်ရှူတင့်တယ် မွေ့ လျော်ဖွယ်ရာ
ဖြစ်လျှက်ရှိ၏။ ထိုမျှ လှပတင့်တယ် ပင်လုံးကျွတ်ပွင့်ကုန်သော အင်ကြင်းတောကြီးကို ပို၍
ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံရန် အဘယ်ကဲ့သို့ ပြုရသော် ကောင်းမည်ထင်သနည်းဟု
မေးတော်မူ၏။
Sunday, 3 August 2014
ပဋ္ဌာန်း ၂၄- ပစ္စည်း ဆုတောင်း
၁။ ဟေတု ပစ္စယော
အကုသိုလ် ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
၂။ အာရမ္မဏ ပစ္စယော
မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။
၃။ အဓိပတိ ပစ္စယော
ရုပ် နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား။
၎။ အနန္တရ ပစ္စယော
များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား။
၅။ သမနန္တရ ပစ္စယော
ရုပ်နှင့်နာမ် အတူရှိသော တရားတို့ကို မျက်မှောက်ပြုရပါစေသား။
၆။ သဟဇာတ ပစ္စယော
ရုပ် ရုပ်ခြင်း၊ နာမ် နာမ်ခြင်း ထင်ရှားစွာသိရပါစေသား။
ဘုရားအနေကဇာတင်
ဘုရားအနေကဇာတင်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အနေကဇာတင် ဂါထာ
(က) အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိဿံ။
(အနေကဇာတိ သံသာရံ၊ သန်ဓာဝိတ်သံ အနိတ်ဗိသံ)
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ။
(ဂဟကာရံ ဂဝေသန်တော၊ ဒုတ်ခါ ဇာတိ ပုနပ်ပုနံ။)
(ခ) ဂဟကာရက ဒိဋ္ဌော သိ၊ နပုဂေဟံ န ကာဟသိ
(ဂဟကာရက ဒိတ်ထောသိ၊ နပုဂေဟံ န ကာဟသိ။)
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
(သတ်ဗာတေ ဖာသုကာ ဘက်ဂါ၊ ဂဟကူတံ ၀ိသင်ခတံ။)
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။
(၀ိသင်ခါရ ဂတံ စိတ်တံ၊ တန်နှာနံ ခယ မဇ်ဇဂါ။)
Sunday, 27 July 2014
ဝိဝဋ္ဋနိဿိတ ဆုတောင်း - မဟာစည်ဆရာတော်ဘုရားကြီး
ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။
မေ-အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ (အာဝဟံ-ရွက်ဆောင်သည်၊ ‘ဝဟ’ဆိုတာ ဆောင်တာ၊ ဆောင်တယ်ဆိုတာက ဒီကနေပြီး ဟိုဆောင်သွားတာလည်း ရှိတယ်၊ ‘အာဝဟ’ဆိုတာက ဟိုက ဆောင်လာတဲ့ အဓိပ္ပာယ်)၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။
ဒီအဆိုကလည်း မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ်။
ဒီက နားထောင်ကြည့်နေတယ်။
ဒီလိုပါပဲ၊ တချို့ ဆရာကြီး သမားကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ‘အာသဝက္ခယံ ဝဟံဟောတု’လို့ ‘ဝဟံ-ဝဟန္တော-ရွက်ဆောင်သည်’ ဘာညာနဲ့ အနက်ဆောင်ပေးလိုက်သေးတယ်။
ဒါတွေက မဟုတ်တဲ့ ဟာတွေပဲ။
ဆုတောင်းခြင်း
ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်း ခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊
ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊
“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလို ချင်သည့်အကျိုးကို တိတိကျကျမရရှိ”တတ်ဟူ၍ ပါဠိစာပေအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊
ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်းသာမှုအစ၊ ဘုရားအဖြစ်တိုင်အောင်ဆုလာဘ်များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆို ထားခြင်း မရှိပါ၊၊
အနာဂတ်သာသနာရေး အပိုင်း(၁၃၉) ပွဲလမ်းသဘင်နှင့်ကစားပွဲ
ပွဲလမ်းသဘင်နှင့်ကစားပွဲ
တန်ခိုးကြီးဘုရားဟု ထင်ရှားသော ဘုရားပွဲတိုင်းလိုပင် ဇာတ်ပွဲသဘင်များနှင့် အလောင်းအစား ကစားပွဲများ တွဲဖက်ပါဝင်နေသည်မှာ ဗုဒ္ဓအလိုတော်နှင့် လုံးဝ ဆန့်ကျင်နေသော စနစ်သာတည်း။
          အကယ်၍ ဗုဒ္ဓရှင်တော် သက်တော်ထင်ရှား ရှိနေပါမူ ဇေတ၀န် ကျောင်းတော်အတွင်း၌ ဤကဲ့သို့ ပွဲကျင်းပကာ ဗုဒ္ဓရှေ့တော်ဝယ် မင်းသား မင်းသမီး ဆိုသူတွေ သီဆိုကြ, လူပြက်တွေ ပြက်လုံးထုတ် ကြနှင့် ပူဇော်ခွင့် ရကြပါမည်လော၊ ဘုရားပွဲဟူသည်မှာ ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ရမည့်ပွဲတည်း၊ သို့ပါလျက် ဘုရားကို သတိ မရကြဘဲ ဘုရားကို အနားထား၍ ပျော်ရွှင်ကြခြင်း, ပွဲကြည့်ရာမှ ကစားဝိုင်းမှ ရန်ပွဲဖြစ်ကြသဖြင့် သေကျေကြ, ရုံရောက်၍ ငွေကုန် လူပန်း ဖြစ်ကြခြင်းကား ရိုင်းစိုင်းသော လူမျိုးဖြစ်ကြောင်းကို ၀န်ခံရာ ကျလှ၏။
အိန္ဒိယ ဟိန္ဒူလူမျိုးတို့၏ ၀တ်တက်ပွဲ ဘုရားပွဲများ၌ မဟတ္တမ ဂန္ဒီကြီးက ငြိမ်းချမ်းသာယာမှု တရားရေအေး တိုက်ကျွေးကြောင်းကို (သတင်းစာ၌) ဖတ်လိုက်ရသောအခါ ဘုန်းကြီးတို့ ဘုရားပွဲတွေကို ကြည့်၍ ၀မ်းနည်းမိပါတော့သည်၊ ထို့ကြောင့် အနာဂတ်ကာလ၌ ဘုရားပွဲကို အစိုးရနှင့်တကွ ရဟန်းတော် အရှင်မြတ်တို့ ပြုပြင်ပေးရန် လေးနက်စွာ တောင်းပန်ပါသည်။
အနာဂတ်သာသနာရေး အပိုင်း(၁၃၈) ဆွမ်းတော်ကြီးတင်
ဆွမ်းတော်ကြီးတင်
ဗုဒ္ဓရှင်တော်လက်ထက်၌ ကောသလမဟာရာဇာက တစ်ဖက်, မြို့သူ မြို့သားများက တစ်ဖက် အပြိုင်အဆိုင် ဆွမ်းကျွေးပွဲ လုပ်ခဲ့ကြဖူး၏၊ နောက်ဆုံး၌ ကောသလမဟာရာဇာသည် မလိ’ကာမိဖုရား၏ အကြံပေးချက်အရ သံဃာတော်များ နေထိုင်ဖို့ရာ နေရာထိုင်ခုံ ငါးရာ၏ နောက်၌ ဆင်တစ်စီးစီ ထီးဖြူဆောင်းစေလျက် ရဟန်းတော်များ၏အကြား၌ နန်းတော်သူများကို နံ့သာကြိတ်စေ၍ ထိုနံ့သာတို့ဖြင့် မွမ်းမံခြယ် လှယ်ကာ မည်သူမျှ မတုပနိုင်သော အသဒိသ ဆွမ်းဒါနကြီးကို ပြုဖူးလေသည်။
          ယခုခေတ် ဆွမ်းတော်ကြီးပွဲ ပြင်ဆင်ပုံကား ထိုအလှူမျိုးနှင့်လည်း မတူချေ၊ ထိုအသဒိသဒါနသည် သံဃာတော်များ ဘုဉ်းပေးရသောဒါန ဖြစ်၏၊ ဤဆွမ်းတော်ကြီးများကိုကား သံဃာများ မဘုဉ်းပေးရပါ၊ များစွာသော ဆွမ်းတော်ကြီးများကို ကြည့်လိုက်သော အခါ မုန့်မျိုးစုံတို့၏ အကြား၌ ပန်းကန်ပြားအပြည့် ထည့်အပ်သော ၀က်သားတုံးကြီး, ကြက်ကောင်လုံးကျော် အများအပြားတွေ့ရပေသည်။
အနာဂတ်သာသနာရေး အပိုင်း(၁၃၇) ဘုရားတည်မှု
ဘုရားတည်မှု
ဘုရားစေတီတည်ထားရာ၌ ကုသိုလ်ရသည်ကား မှန်ပါ၏၊ သို့သော် အကျိုးရသင့်သမျှ အပြည့်အစုံ ရဖို့ စဉ်းစဉ်းစားစား တည်ထားသင့်ကြသည်၊ မဟာဝဂ္ဂသံယုတ် ၀ိဟာရ၀ဂ္ဂအဋ္ဌကထာ၌ သမ္မာဒိဋ္ဌိ ဖြစ်ပုံကို ပြရာဝယ် “အပ္ပတိဋ္ဌိတေ ဒိသာဘာဂေ စေတိယ ပတိဋ္ဌာပနံ=စေတီ မတည်ရသေးသောအရပ် (မြို့, ရွာ) တို့၌ စေတီတည်ထားခြင်းကို သမ္မာဒိဋ္ဌိ=အယူမှန်ခြင်း”ဟု ဆို၏၊  စေတီရှိပြီး နေရာ၌ ထပ်၍ တည်ခြင်းကို အဋ္ဌကထာ မလိုလားကြောင်းမှာလည်း ဉာဏ၀ိဘင်္ဂအဋ္ဌကထာ၌… “ဧကသ္မိံ ၀ိဟာရေ ဒွိနံ္န စေတိယာနံပိ လာဘသက္ကာရော ဥဠာရော န ဟောတိ-တစ်ကျောင်း တစ်တိုက်ဝယ် စေတီတော် နှစ်ဆူရှိရာ၌ လာဘ် ပူဇော်မှု မများ (မကောင်း) နိုင်”ဟူသော စကားဖြင့် သိသာ၏။
          ထိုအဋ္ဌကထာစကားကို လက်ရှိအခြေအနေကလည်း ထောက်ခံလျက်ရှိ၏၊ စေတီတော် များပြားသည့်အတွက် မည်သည့်စေတီ တော်မျှ အစောင့်အရှောက် ကျကျနနနှင့် သားနားသပ္ပာယ်အောင်, စေတီတော်ရောက်သွားလျှင် စိတ်ကြည်နူးအောင် ကိုးကွယ်ထား သည်ကို မတွေ့ရ၊ မဟာမြတ်မုနိ, ရွှေတိဂုံ စေတီတော်များ၏ ရင်ပြင်တော်၌သော်မှလည်း လူများ၏ ခြေရာတွေနှင့် ခွေးမစင်, ပန်းအမှိုက်စသည်များကို တွေ့ရပါသေးသည်။
အနာဂတ်သာသနာရေး အပိုင်း(၁၃၆) သရဏဂုံတင်
သရဏဂုံတင်
လူတစ်ယောက်၏  နောက်ဆုံး စုတေစိတ်နှင့် ဘ၀သစ် ပဋိသန္ဓေစိတ်သည် လက်ဖျောက် တစ်ချက်တီးချိန်ကို ကုဋေတစ်သိန်းလောက် စိတ်လျှင် တစ်စိတ် လောက်သာ  အချိန် ကြာ၏၊  “ဘ၀ဟောင်းက  စုတေသည်နှင့် တစ်ပြိုင်နက် ဘ၀သစ်မှာ ဖြစ်ရတော့၏”ဟု ဆိုလိုသည်၊ အိမ် အနီးအပါး၌ တစ္ဆေ ပြိတ္တာ ဖြစ်နေရသူများသည် ထိုတစ္ဆေဘ၀မှာပင် အသစ် ဖြစ်ရ၏၊ နတ်ပြည်နှင့် ငရဲပြည်သို့ ရောက်မည့်သူလည်း ထိုခဏအတွင်းမှာပင် ထိုဘ၀သစ်၌ ဖြစ်ပြီးလေ၏။
          ထို့ကြောင့် အလောင်းကောင်ကို သင်္ချိုင်းမှာ ဖြစ်စေ, အိမ်မှာ ဖြစ်စေ သရဏဂုံတင်ကြောင်းကို သေလွန်သူ သိဖို့အရေးမှာ အလှမ်း ဝေးလှချေ၏၊ သိမည်ဆိုလျှင် အိမ်အနီး၌ (သုသာန်၌) တစ္ဆေ ပြိတ္တာ ဖြစ်နေသူလောက်သာ သိခွင့်ရှိသည်။
အနာဂတ်သာသနာရေး အပိုင်း(၁၃၅) လူအသုဘ
လူအသုဘ
ဤ မြန်မာပြည်၌ လူသေ အလောင်းကောင်ကို အမွှန်းတင်ကာ ငွေကုန်လူပန်း စီစဉ်ကြသည်မှာ စိတ်ပျက်ဖွယ်ရာ ကောင်းလှလေ၏၊ တချို့မှာ ဆေးဖိုးဓာတ်စာ ငါးကျပ် တစ်ဆယ်မျှ အကုန်မခံနိုင်ကြသဖြင့် မသေတန်ဘဲနှင့် သေရပြီးနောက် အလောင်းကောင်ဘ၀ရောက်မှ ကျန်ရစ်သူတို့က မရှိမဲ့ရှိမဲ့ ကြံဆောင်၍ တစ်ဆယ် နှစ်ဆယ်မက အကုန်အကျခံပြီး သင်္ဂြိုဟ်ကြရ၏၊ ထိုအလောင်းကို သုံးရက်ထက်မနည်း အိမ်မှာ ထားလိုကြသေး၏၊ [ထိုသို့ ထားရာ၌ ဘိုးဖြစ်သူထံမှ အကြောင်း ပြချက်ကို ကြားသိရဖူးသည်မှာ “သေသေချင်းတော့ ဆွေမျိုးများက မပစ်ရက်ကြသေးဘူး, သုံးရက်လောက်ကြာ၍ ပုပ်နံလာသောအခါ ကျမှ ပစ်နိုင်ကြတယ်၊ ဒါကြောင့် ကျန်ရစ်သူများ ပစ်ခွာနိုင်အောင် သုံးရက် ငါးရက် စသည် ထားကြတယ်” ဟူ၏။]
          ထိုသို့ ထားရုံတွင် မပြီးသေး၊ ဆွေမျိုး မိတ်ဆွေတွေ လာသမျှ အတွက် ကွမ်း ဆေး လက်ဖက်စသော စားသောက်ဖွယ်ရာများကိုပါ အသုဘအိမ်၌ စီစဉ်ထားရ၏၊ ချမည့်နေ့၌ကား မင်္ဂလာပွဲပမာ အချို့က ဖြီးလိမ်းဝတ်ဆင်၍ လာကြသေး၏၊ တတ်နိုင်သလောက် ကျွေးကြရ, လက်ဖက်ရည်တိုက်ရသည်မှာလည်း အလှူဒါနပွဲကလေး တစ်မျိုး ဖြစ်နေ၏၊ ပုပ်နေသော အလောင်းကို မနံအောင် သေတ္တာထဲမှာ လှောင်၍ အနီးအပါး၌ ပျော်ပျော်ရွှင်ရွှင် စားသောက် ရယ်မောနေကြသော လူလယ်ကောင်ဝယ် အလောင်းရှင်များက လည်း အသံကုန်ဟစ်ကာ ငိုကြရှာ၏၊ ““စားသောက်ရယ်မောနေသူများက ငိုသူများကို အားမနာလို့လား, ငိုသူများက ရယ်ကာမောကာ စားကြသောက်ကြတာကို မသဒ္ဓါလို့လား”” စဉ်းစားစရာ ဖြစ်တော့၏၊ မည်သို့ပင် ဖြစ်စေ ထိုဖြစ်နေပုံကို လောကမျက်စိဖြင့် ကြည့်ကြည့်, ဘာသာရေးမျက်စိဖြင့် ကြည့်ကြည့် ယဉ်ကျေးမှု မရှိပါ။
အနာဂတ်သာသနာရေး အပိုင်း(၁၃၄) ဘုန်းကြီးပျံ ကြာရှည်ထားပြစ်
ဘုန်းကြီးပျံ ကြာရှည်ထားပြစ်
ယခုကာလ၌ ဘုန်းကြီးပျံကို ကြာရှည်ထား လေ့ရှိခြင်း, ကြာရှည်ထားလေ့ မရှိခြင်းဟု နှစ်မျိုးရှိ၏၊ ကြာရှည်ထားခြင်း၌ ရည်ရွယ် ချက်ကား ရပ်ဝေးတပည့်များ လာရောက်မီအောင် စောင့်ဆိုင်း လိုခြင်း, ဒကာ ဒကာမများ၏ ဘုန်းကြီးပျံ၌ ကုန်ကျဖို့ရန် ငွေရှိချိန် ကို စောင့်လိုခြင်းများ ဖြစ်၏၊ ထိုတွင် အဝေးတပည့်များ လာရောက် ၍မှ သင်္ဂြိုဟ်ခြင်းလည်း တစ်နည်းအားဖြင့် ထိုမှရမည့် အကူအညီ တို့ကို မျှော်လင့်ခြင်းပင် ဖြစ်၏၊ ထိုသို့ မဟုတ်ဘဲ “အဝေးတပည့် များ နောက်ဆုံး ကန်တော့ခြင်းဖြင့် ကန်တော့စေလိုသောကြောင့် ထားရပါသည်”ဟု ဆိုလျှင် အလောင်းကို မမီလိုက်ဘဲ ဂုဏ်ကို မှန်း၍ ကန်တော့လျှင်လည်း ပြီးနိုင်ပြီဖြစ်၍ ထိုအကြောင်းလည်း မလုံ လောက်သေးချေ၊ အမှန်မှာ “ပွဲနှင့်လမ်းနှင့် စည်စည်ကားကား ဖြစ်စေလိုသောကြောင့် ကြာရှည် ထားကြသည်”ဟု ထင်စရာ အကြောင်းရှိ၏၊ ထိုသို့ ကြာရှည်ထား၍ စည်စည်ကားကား ကျင်းပ ခြင်း၌ အောက်ပါ အပြစ်များကို တွေ့ရလေသည်။
၁။       အလောင်းကို စောင့်ရှောက်ရမှုကြောင့် ပရိယတ်ကျောင်းတိုက် ဖြစ်လျှင် စာသင်စာချ ပျက်ခြင်း, ပဋိပတ်ကျောင်းတိုက်၌ ပဋိပတ်အကျင့် လစ်ဟင်းခြင်း၊
"လောကမှာငွေ(သို့) အမျိုး ဘာသာ သာသနာကာကွယ်ချင်သူများအတွက်"
ငွေဆိုတဲ့ အရာကို လူတွေအားလုံးက ဒုတိယဘုရားသခင်လို့ သတ်မှတ်ထားကြပါတယ်။ ငွေရှိရင်
ဘာမဆိုဖြစ်နိုင်တယ်။ လုပ်သမျှတင့်တယ်တယ်။ ငွေနဲ့ပြီးမြောက်လို့ရတဲ့ အရာတွေ လောကကြီးမှာ အများကြီးရှိပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါကြောင့်မို့ လူမျိုးခြား ဘာသာခြားတွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဖြစ်တဲ့ ငွေကိုမရ-ရအောင် ရှာဖွေစုဆောင်းကြပါတယ်။ ငွေကြေးဥစ္စာပြည့်စုံလာတဲ့ အခါမှာလည်း ရှာဖွေစုဆောင်းမှု ဝီရိယက ရပ်တန့်မနေဘဲ ဆထက်ကြီးပွားတိုးတက်အောင် ကြိုးစားကြပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း အားကျအတုယူသင့်တဲ့နည်းလမ်းပဲဖြစ်ပါ တယ်။ ငွေကြေးချမ်းသာကြွယ်ဝအောင် လုပ်ဖို့ကိစ္စဟာ ကိုယ့်ဘဝကြီးပွား တိုးတက်ရေးအတွက် သာမက မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် ကာကွယ်တဲ့ နေရာမှာလည်း အထူးအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကိုလည်း သဘောပေါက်ထားဖို့ လိုပါတယ်။ လူမျိုးခြား ဘာသာခြားတွေဟာ ငွေကြေးကိုရအောင်ကြိုးစားရှာပြီး အဲဒီငွေကြေးနဲ့ပဲ မြန်မာမိန်းကလေးတွေကို မက်လုံးပေးအရယူကြပါတယ်။ ငွေကြေးဟာ လူတွေရဲ့ သည်းချေကြိုက်ဖြစ်တဲ့အတွက် အချို့မြန်မာမိန်းကလေးတွေဟာ ငွေကြေးရဲ့ လှည့်စားမှုအောက်မှာ အလူးအလိမ့်ခံရပြီး လူမျိုးခြားဘာသာခြားတွေရဲ့ မယားဘဝရောက်သွားကြပါတယ်။ 
“ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံနှင့် ပွားများရခြင်းအကျိုး”
လူတို့သည် နံနက်အိပ်ရာထချိန်မှစ၍ ညအိပ်ရာဝင်ချိန်အထိ သားမယားကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ တို့၌သာ စိတ်သက်ဝင်နစ်မြုပ်နေမှုများက များ၏။ ထိုကိစ္စတို့ကို ကြံစည်တွေးတောမှု၊ အောက်မေ့အမှတ်ရ နေမှုများကသာများ၏။ စင်စစ်ထိုအာရုံများသည် လောဘ၊ ဒေါသတို့ကျက်စားရာ အာရုံများသာဖြစ်ကြ၏။ သို့အတွက်ထိုလူတို့၏ စိတ်သည် ညစ်နွမ်းပြီး၊ နောက်ကျိနေပြီး ကြည်လင်ရွှင်ပြမှုလည်း မရှိကြပေ။ စစ်မှန်သော စိတ်ချမ်းသာမှုကိုလည်း မခံစားရပေ။
ဗုဒ္ဓါနုဿတိစသည်၌ ဘုရားစသော အာရုံတို့သည်ကား စိတ်ကြည်လင်ရွှင်ပျဖွယ်ရာ(ပဿဒနီယ) အာရုံများဖြစ်ကြ၏။ စိတ်ပူလောင်မှုကိုဖြစ်စေတတ်သော အာရုံများမဟုတ်ကြ။ ထိုအာရုံများကို အောက်မေ့အမှတ်ရနေပါက စိတ်ကြည်လင်ရွှင်ပျလာပြီး စစ်မှန်သော စိတ်ချမ်းသာမှုအကျိုးနှင့် အခြားကောင်းကျိုးများစွာကိုလည်း ခံစားကြရ၏။ ထို့ကြောင့် ဗုဒ္ဓါနုဿတိစသော ဘာဝနာများကို တတ်စွမ်းသမျှ အချိန်ရသမျှပွားများအားထုတ်သင့်ကြပေသည်။
"အိမ်တွင်းသာသနာ ပြုပေးကြပါ"
သာသနာဆိုတဲ့စကားလုံးကို အားလုံးတရင်းတနှီးကြားဘူးကြမယ်ထင်ပါတယ်။ သာသနာဆိုတဲ့စကားလုံးကို လူအများစုက ရဟန်းသံဃာတွေနဲ့ပဲသက်ဆိုင်တယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ သာသနာဆိုတာ အဆုံးမကိုပြောတာပါ။ ဗုဒ္ဓသာသနာဆိုရင်ဖြင့် ဘုရားရဲ့အဆုံးမလို့ဆိုရမယ်ပေါ့။ အချို့ဆရာတော်ကြီးတွေက ဗုဒ္ဓဘာသာလို့ပြောတာထက် ဗုဒ္ဓသာသနာလို့ပြောတာကို ပိုပြီးနှစ်သက်တော်မူကြပါတယ်။ ဒါမှလည်း ဗုဒ္ဓသာသနာဝင်လို့ ဆိုလိုက်ရင်.. ဗုဒ္ဓရဲ့အဆုံးမကို ထဲထဲဝင်ဝင်သက်ဝင်ယုံကြည်သူလို့ တခါထဲအဓိပ္ပါယ် ပေါက်သွားစေဖို့အတွက် ဆရာတော်ကြီးတွေနှစ်ချိုက်မိတယ်လို့ ကျွန်တော့်ကတော့ အဲ့ဒီ့လို ယူဆမိပါတယ်။
တကယ်တော့ ဗုဒ္ဓသာသနာဆိုတဲ့ ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တစ်ခုထဲနဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဆုံးမခဲ့တဲ့ အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ သီးသန့်ကိုးကွယ်နိုင်အောင် လိုက်နာကျင့်ကြံနိုင်အောင် ဟောပြဆုံးမပေးခဲ့တဲ့ အဆုံးမတွေမဟုတ်ပါဘူး။ သတ္တ၀ါတွေအားလုံးအတွက် အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့ အမှန်တရားတစ်ခုဖြစ်တဲ့ ဓမ္မဆိုတဲ့လမ်းမှန်ပေါ်ကို သတ္တ၀ါတွေအားလုံး လျောက်လှမ်း နိုင်စေဖို့အတွက် ဗုဒ္ဓက ဟောပြဆုံးမပေးခဲ့တာပါ။
“ သီလ ” လုံးဝမကျိုးတဲ့ ဆောက်တည်နည်း။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊ သီလ၊ ဘာဝနာသည် အရေးကြီးပါသည်။ ဒါန၊
သီလ၊ ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက အရေးကြီးဆုံးလဲ ? ။
ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ
ဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်
ရင်တော့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့်ရှိနေပါတယ်။
ဒီလိုပါပဲ၊ လူတွေအနေနဲ့လည်း ဒါနမပြုလို့ အပြစ်သင့်စေ၊ ၀ိပဿနာဘာဝနာ မပွားလို့ အ
ပြစ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်လို့ကတော့ အပြစ်သင့်မှာပါ။
“ သီလလုံခြုံနေရင် ပြီးတာပါပဲ၊ ဒါနမပြုလည်း ကိစ္စမရှိပါဘူး၊ ၀ိပဿနာမပွားလည်း ကိစ္စ
မရှိပါဘူး။ ” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာမှာ “သီလ” က အရေးကြီးဆုံးလို့
ဆိုလိုတာပါ။ အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို မလုပ်နိုင်သေးရင်တောင် “သီလ” ကို
တော့ သတိထား အထူးစောင့်ထိန်း ရမှာပါ။
Wednesday, 23 July 2014
ပရိတ်ကြီး ၁၁-သုတ် အကျိုးတော်များ
* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---
* မင်္ဂလသုတ်---ကျိုးညွှန်းထုတ်သော်, လောကုတ်လောကီ, နှစ်လီမင်္ဂလာ, ချမ်းသာကောင်းကျိုး, ရွာသွန်းမိုးသို့, ဝေဖြိုးလျှံပ, တိုးပွားရသည်, သုံး၍မကုန်, မြဲအောင်ခြုံလော့---
* ရတနသုတ်---သုံးကြိမ်ထုတ်က, သက်ပြတ်ခန္ဓာ, ရောဂါဥပါဒ်, ငတ်မွတ်ခေါင်းပါး, ကပ်သုံးပါးတို့, ရှောင်ရှားဝေးက, ငြိမ်းအေးလှသည်, သုံးစားမကုန်, ရတနာစုံတည်း---
* မေတ္တသုတ်မှာ---ဒေဝါနတ်များ, ချစ်ခင်ပွား၍, ဆိုးရွားအိပ်မက်, မမြင်မက်ဘဲ, အိပ်မက်နိုးထ, ချမ်းသာရလျက်, ရန်စရန်ညှောင့်, မြန်ပျောက်လိုက, ရွတ်ကြအဟုတ်, ခုနစ်အုပ်တည်း---
* ခန္ဓသုတ်မွန်---ဆိတ်ထန်ဆိုးရွား, မြွေကင်းများနှင့်, သစ်ကျားဝန်အောင်း, သရဲပေါင်းတို့, ကွာရှောင်းဝေးရာ, ဖယ်သွားခွါအောင်, ရွတ်ဆောင်နေ့ည, ကိုးကြိမ်ပြသည်, မှတ်ယူသုံးတော့, ကိုယ်တွေ့တည်း---
Tuesday, 22 July 2014
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ မိတ်ဆက်
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ် ဒေသနာတော်တို့အား အကျဉ်းရုံးလိုက်ပါက “သီလ, သမာဓိ, ပညာ” ဟူသော ကျင့်စဉ်သုံးပါး ရသည်။ ထိုဒေသနာတော်တို့၏ ရည်ရွယ်ချက်သည်ကား နိဗ္ဗာန်ဖြစ်သည်။ ၀ိသုဒ္ဓိမဂ် ခေါ် ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် နိကာယ်ငါးရပ်နှင့် အဖွင့် အဋ္ဌကထာကျမ်းများ၏ အနှစ်သာရကို စနစ်တကျ အကျဉ်းခြုံးကာ ထေရ၀ါဒနည်းအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုပြထားသည့် စင်ကြယ်ခြင်းတည်းဟူသော နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ကျမ်း (၀ိသုဒ္ဓိ - စင်ကြယ်ခြင်း + မဂ္ဂ = လမ်း) ဖြစ်၏။ ကျမ်းပြုသူမှာ နိကာယ်ငါးရပ်၏ အဖွင့်အဋ္ဌကထာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့၍ ဗုဒ္ဓမတညု (မြတ်စွာဘုရား၏ အလိုတော်ကို သိသူ) ဟု တင်စား ခေါ်ဆိုခံရသူ အရှင်မဟာဗုဒ္ဓဃောသမထေရ် ဖြစ်သည်။ သီဟိုဠ်နိုင်ငံ အနုရာဓပူရမြို့ မဟာဝိဟာရ ကျောင်းတိုက်မှ သံဃပါလမထေရ်၏ တိုက်တွန်း ပန်ကြားချက်အရ သာသနာက္ကရာဇ် ၉၇၀ ခုနှစ်ဝန်းကျင်တွင် ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။
ကျမ်းပြုစုပုံ
သီလေ ပတိဋ္ဌာယ နရော သပညော, စိတ္တံ ပညဉ္စ ဘာဝယံ။
အာတာပီ နိပကော ဘိက္ခု, သော ဣမံ ၀ိဇဋယေ ဇဋန္တိ။
မရဏာနုဿတိ ဟူသည်
လွန်ခဲ့တဲ့ (၆)နှစ်လောက်က ကျွန်တော်ဟာ ရန်ကုန်မြို့ရဲ့ ဆေးရုံကြီးတစ်ခုပေါ်မှာ သေမင်းနဲ့ စစ်ခင်းခဲ့ရဘူးပါတယ်။ အဲဒီ အချိန်ကတည်းက စပြီး ဘ၀နဲ့ပတ်သက်တဲ့ အတွေးအခေါ် တွေဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က ကိုယ်လုံးဝ မစဉ်းစားခဲ့ဘူးတဲ့ တရားတစ်ခုကို နားလည် လာခဲ့ပါတယ်။
အဲဒါကတော့ “သေခြင်းတရား” ပါဘဲ။
တကယ်တော့ လူတွေနဲ့ အနီးကပ်ဆုံးအရာဟာ “သေခြင်းတရား” ပါ။ အချိန်မရွေးကျရောက်လာနိုင်ပါတယ်။ လူရဲ့ နောက်က အရိပ်လို လိုက်နေတာပါ။
မိတ်ဆွေ ?
“သေခြင်းတရား” ဟာ တစ်နေ့မှာ လူတိုင်းမလွဲမသွေ တွေ့ကြုံရမယ့် အလွန်ကြီးမားလှတဲ့ အရေးကိစ္စကြီး ဖြစ်ပေမယ့် ဒါကို လူတွေမေ့နေကြတယ်။
ဒါမှမဟုတ် မေ့ချင်ယောင် ဆောင်နေကြတယ် ။ လူဆိုတာ သေမျိုးဘဲဆိုတာ ဦးနှောက်သိသာ၊ သိကြပြီး နှလုံးသားထဲကနေ မသိကြတာက များပါတယ်။
“သေနေ့”
အာဋာနာဋိယသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း
အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟင်္သာ)
တစ်ခါတုန်းက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးဟာ ရာဇဂြိုလ်မြို့နားက ဂိဇ္ဈကုဋ်တော်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေခဲ့ပါတယ်။ အဲဒီအခိုက်မှာ သာသနာ တော်စောင့်နတ်မင်းကြီး ၄ ပါးတို့ဟာ ကုဝေရ နတ်မင်းကြီး နေတဲ့ အာဋာနာဋ နတ်မြို့တော်မှာ စည်းဝေးကြပြီး ဝိပဿီ အစရှိတဲ့ ရှေးဘုရားရှင် ၇ ဆူတို့ရဲ့ ဂုဏ်တော်တွေကို အာရုံပြု ရှိခိုးကြပြီးတော့ ဒီ အာဋာနာဋိယ ပရိတ်တော်ကို စီကုံးဖွဲ့ဆိုခဲ့ကြပါတယ်။
အဲဒီလို ဖွဲ့ဆိုကြပြီးတော့ မြတ်စွာဘုရားထံမှောက် ညသန်းခေါင်အချိန်မှာ ရောက်လာကြပြီးတော့ ကုဝေရ နတ်မင်းကြီးလို့ ခေါ်ရတဲ့ ဝေဿဝဏ် နတ်မင်းကြီးက မြတ်စွာဘုရားရှင်ကို ဒီလို လျှောက်တင်ခဲ့ဖူးပါတယ်။
” မြတ်စွာဘုရား …
ဟောဒီ ကမ္ဘာလောကမှာ သာသနာတော်ကို ကြည် ညိုတဲ့ နတ်ဘီလူးတွေရှိသလို မကြည်ညိုတဲ့ နတ်ဘီလူး တွေလည်း ရှိကြပါတယ်ဘုရား၊ အဲဒီအထဲမှာတောင်မှ သာသနာတော်ကို မကြည်ညိုတဲ့ နတ်ဘီလူးတွေကတောင် ပိုပြီး များကြပါသေးတယ်ဘုရား၊ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက သတ်၊ ခိုး၊ ကာမ၊ လိမ်၊ သေရည် ဆိုတဲ့ ဒုစရိုက်တရားတွေကနေရှောင်ဖို့ ဟောကြားတော် မူပြီး သူတို့က မရှောင်ချင်ကြလို့ဖြစ်ပါတယ်ဘုရား”
” မြတ်စွာဘုရား …
ဓဇဂ္ဂသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း
အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟသ်ာ)
အခါတစ်ပါးမှာ မြတ်စွာဘုရားရှင်က ရဟန်းတော် တွေကို တရားတစ်ပုဒ် ဟောပြတော်မူခဲ့ဖူးပါတယ်။
” ချစ်သားတို့ …
ဟိုး ရှေးရှေးတုန်းက တာဝတိံသာ နတ်ပြည်က နတ်သားတွေနဲ့ အသူရာနတ်သားတွေ စစ်ပွဲကြီးတွေ မကြာခဏ ဖြစ်ခဲ့ကြဖူးတယ်။ အဲဒီတော့ သိကြားမင်းက နတ်တွေကို ”မောင်မင်းတို့ … တိုက်ပွဲမှာ ကြောက် ရွံ့လာကြ ကြက်သီးမွေးညှဉ်းထလာကြရင် ငါ့ရဲ့အလံ ထိပ်ဖျား ပဇာပတိ ဝရုဏ ဤသာန နတ်မင်းကြီးတွေရဲ့ အလံထိပ်ဖျားကို မော့ကြည့်လိုက်ကြ အဲဒီအလံဖျား တွေကို မြင်ရရင် ကြောက်ရွံ့တာတွေ မှန်သမျှ ပျောက်သွား ကြပါလိမ့်မယ်” လို့ အားပေးစကား ပြောကြားခဲ့ဖူးတယ်”
” ဒီလိုပါပဲ ချစ်သားတို့ …
သင်တို့တစ်တွေဟာလည်း လူသူဝေးရာ တော ဟေမဝါတွေမှာ ရောက်နေကြလို့ သိပ်ပြီးကြောက်ရွံ့တာတွေ ဖြစ်လာခဲ့ကြရင် ဘုရားဂုဏ် တရားဂုဏ် သံဃာ့ ဂုဏ်တော်တွေကို အောက်မေ့ဆင်ခြင်ပွားများ ရှုမှတ်ကြ၊ အဲဒီလို ရှုမှတ်ပွားများရင် ကြောက်ရွံ့တာတွေ မှန်သမျှ အားလုံး ပျောက်သွားကြပါလိမ့်မယ်” လို့ ဟောကြား တော်မူခဲ့ပါတယ်။
ပါဠိစာလုံး ဆင့်ဖတ်နည်း ရှင်းတမ်း
၁ ။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲ ဧကန် ။
၂ ။ သဝေလည်းထိုး ၊ တ - သတ်မျိုး ၊ ဖတ်ရိုး စ - သတ်သံ ။
၃ ။ သဝေ လည်းထိုး ၊ န - သတ်မျိုး ၊ ဖတ်ရိုး င - သတ်သံ ။
၎ ။ သဝေ ရေးချ ၊ သတ်မြင် က ၊ မှတ်ကြ ဝ - ဆွဲသံ ။
၅ ။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊ တွေ့လျင်းက ၊ နှစ်ဝတာဝန် ၊ ကျေပွန် စေရန် ၊ အသံ အသတ် ယူမြဲမှတ် ။
၁ ။ အဓိပ္ပါယ်မှာ
အက္ခရာ ၂ လုံးဆင့် တွေ့လျှင် အပေါ်တွင် ရှိသော အထက်အက္ခရာ ကို အသတ်တင်၍ ဖတ် ။ အသံသေ ပြီ ၊ ရှေ့ အက္ခရာ နှင့် တွဲ၍ ဖတ်ရမည် ။
ဥပမာ - သမန္တာ = သ မန် တာ
၂ ။ အဓိပ္ပါယ်မှာ
သဝေထိုး နှင့်တွဲသော တ - သတ် ကို စ - သတ် သံထွက်၍ဖတ်ရမည် ။
ဥပမာ - မေတ္တာ = မေတ် တာ = မစ် တာ
၃ ။ အဓိပ္ပါယ်မှာ
သဝေထိုး နှင့် တွဲ သော န - သတ် ကို င - သတ်အသံထွက်၍ ဖတ်ရမည် ။
ဥပမာ - ပူရေန္တံ = ပူ ရေ န် တံ = ပူ ရင် တံ
၎ ။ အဓိပ္ပါယ်မှာ
သဝေထိုး ရေးချ ကို ဝ - ဆွဲ သံထွက်၍ ဖတ်ရ မည် ။
ဥပမာ - ဟောန္တု = ဟော န် တု = ဟွန် တု
၅ ။ အဓိပ္ပါယ်မှာ
ဟထိုး ဝဆွဲ ရရစ် ယပင့် အက္ခရာ စာလုံးများနှင့် တွဲ သော အက္ခရာ သည် အသတ်တာဝန် ကို လည်း ယူရသည် ။
မိမိမူလ အသံလည်းထွက်ရသည် ။
စက္ကန့်တိုင်း ဖြည့်ကျင့်နေရမည့် ပါရမီ
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ပါရမီဆိုသည်မှာ အဘယ်နည်း။ ဆရာတော်အရှင်ဆန္ဒာဓိက တရားတော်မှ ဆရာတော် ဟောကြားသည့်အတိုင်း ပါရမီအဓိပ္ပါယ်ကို ဖွင့်ဆိုပြရပါလျှင်- `ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်၊ တစ်နည်း မြင့်မြတ်သူဖြစ်ကြောင်းအလုပ်၊ မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့အလုပ်၊ မြင့်မြတ် သူအဖြစ် ပို့ဆောင်ဖန်တီးနိုင်တဲ့အလုပ်၊ နောက်ထပ်တဖန် `ပါရ´ဆိုတာ သံသရာ တစ်ဖက် ကမ်း နိဗ္ဗာန်၊ `မီ´ ဆိုတာ ရောက်စေနိုင်တဲ့တရား၊ ထို့ကြောင့် `ပါရမီ´ဆိုတာ `သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့တရား´ဟူ၍ ဖြစ်ပါသည်။
မြင့်မြတ်သူတွေကတော့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက၊ ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ လိုချင်တပ်မက်စွဲလန်းခြင်းဟူသော တဏှာမရှိတော့ခြင်း၊ သေခြင်းတည်းဟူသော အဆင်းရဲဆုံးဒုက္ခမှ ရုန်းထွက်နိုင်သည့် ၀ိဇ္ဇာဉာဏ်ကို ပိုင်ဆိုင်သွား ခြင်းကြောင့် မြင့်မြတ်သူစင်စစ် ဖြစ်သွားတော့၏။ ထိုသို့ မြင့်မြတ်သူတွေက သတ္တ၀ါတို့ ဆင်းရဲကြောင်းကို မတွေးတော မကြံစည်တော့ခြင်း၊ ချမ်းသာပွါးကြောင်းကိုသာ ရည်သန်သောစိတ်ဖြင့် ပြုမူပြောဆိုနေထိုင်သွားတော့၏။ လိုချင်တပ်မက်ခြင်း တဏှာမရှိတော့ သောကြောင့် မြင့်မြတ်သူတို့ပြုလုပ်သော ကောင်းမှုတရားတို့သည် မိမိအတွက် သံသရာ ကောင်းကျိုး ဖြစ်စေရန်မဟုတ်ဘဲ သတ္တ၀ါအများ ချမ်းသာပွါးကြောင်းအတွက်သာ ပြုမူနေထိုင် တော့သည်ဖြစ်၍ မြင့်မြတ်သောအလုပ်ဟူ၍ နားလည်မိပါသည်။
ဝိဝဋ္ဋနိဿိတ ဆုတောင်း - မဟာစည်ဆရာတော်ဘုရားကြီး
ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။
မေ-အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ (အာဝဟံ-ရွက်ဆောင်သည်၊ ‘ဝဟ’ဆိုတာ ဆောင်တာ၊ ဆောင်တယ်ဆိုတာက ဒီကနေပြီး ဟိုဆောင်သွားတာလည်း ရှိတယ်၊ ‘အာဝဟ’ဆိုတာက ဟိုက ဆောင်လာတဲ့ အဓိပ္ပာယ်)၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။
ဒီအဆိုကလည်း မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ်။
ဒီက နားထောင်ကြည့်နေတယ်။
ဒီလိုပါပဲ၊ တချို့ ဆရာကြီး သမားကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ‘အာသဝက္ခယံ ဝဟံဟောတု’လို့ ‘ဝဟံ-ဝဟန္တော-ရွက်ဆောင်သည်’ ဘာညာနဲ့ အနက်ဆောင်ပေးလိုက်သေးတယ်။
ဒါတွေက မဟုတ်တဲ့ ဟာတွေပဲ။
‘အာသဝက္ခယာဝဟံ’ အာသဝက္ခယ နဲ့ အာဝဟ ကို သမာသ်ပုဒ်တွဲထားတယ်။
တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်
( တစ်ကစ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းဖြစ်အောင် — ကိုယ်ကစ ပြုကြသို့ ကုသိုလ် )
စာဖတ်သူ အသင် …
သင့်ကံဆိုးနေသလား .. ?
ဒါမှ မဟုတ် သိပ်ကံကောင်းနေတယ်လို့ ထင်လား .. ?
ဒါမှ မဟုတ် ကံကောင်းတယ်လဲမဟုတ် ကံဆိုတယ်လဲ မဟုတ်ပါဘူး လို့ သတ်မှတ်ထားသလား ?…….
ဘယ်လိုဖြစ်နေနေ …
မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ်၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘ၀တာ ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင်
ကံကိုပြင်လိုက်ပါ
ရဝေနွယ်( အင်းမ)
၁။ ”၀သဘ ၏ သာမန်ဘ၀”
သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘ အမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့သူအားလုံးကို သတ်စေလို့ မိန့်ပါတော့တယ်။
ပထမအကြိမ်သင်္ဂါယနာတင်ခြင်း
(၁)အကြောင်းခံ
သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ဝိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်
ဖောက်ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ်သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား
အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ
သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။
(၂)သာသနာနှစ်
ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့်(၄)ရက်
(၃)နေရာ
ရာဇဂြိုဟ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
(၄)ခေါင်းဆောင်
အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(ဝိနည်း)နှင့် ညီတော်အာနန္ဒာ(သုတ္တန် နှင့် အဘိဓမ္မာ)
(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၅၀၀)
(၆)မင်း
အဇာတသတ်မင်း
(၇)ကြာမြင့်ချိန်- (၇)လ
သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပ မထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ
ဝိနည်းတော်ကိုလည်းကောင်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာကိုလည်းကောင်း
သံဃာအစည်းအဝေးသို့  တင်သွင်းခဲ့သည်။
ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့  အသေးများ
စုဖွဲ့ ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၄င်းကို ထပ်မံပြီး
သဘောတရားတူရာအလိုက် အုပ်စုဖွဲ့ လိုက်ရာ အုပ်စု(၃)စုရရှိပြီး ပိဋကတ်(၃)ပုံဟုခေါ် တွင်သည်။
၎င်းပိဋကတ်(၃)ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ(၂၁၀၀၀) ၊သုတ္တန်ပိဋကတ်တွင်ဓမ္မက္ခန္ဓာ(၂၁၀၀၀)
အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ(၄၂၀၀၀)ထည့်သွင်းကာ သဘောတူခဲ့ကြသည်။
အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံး
တရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော
ရဟန္တာကြီးများ ဖြစ်ကြသည်။
ပထမအကြိမ်သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင်
ပိဋကတ်(၃)ပုံစတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး
ပြည့်စုံမှုဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်လည်းကောင်း ၊ပိုနေလို့ နုတ်ပယ်ရန်လည်းကောင်း)ကို စီစစ်
ခဲ့ကြရာ အားလုံးမှ ပြည်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ဘုရားရှင်၏ ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ပိုင်ခွင့်မရှိ
သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက်ကြပါစို့  ဟုသဘောတူညီမှုယူခဲ့ပြီး
ထေရဝါဒဗုဒ္ဓသာသနာဟု ခေါ်တွင်ခဲ့ပေသည်။
ရဟန္တာ(၅၀၀)သော သံဃာထုခေါင်းဆောင်ပြီး အဇာတသတ်မင်းပါသောမင်းထုနှင့် ဗုဒ္ဓသာသနာဝင်
အားလုံး ပြည်သူလူထုမှ ပစ္စယာနုဂ္ဂဟ အဖြစ်ပံ့ပိုးကူညီခဲ့ကြပါသည်။
(တစ်ခဏဖြစ်ရ လူ့ ဘဝအနှစ်ပြည့်အောင် ကြိုးစားကြစာအုပ်မှ)
ပထမအကြိမ်သင်္ဂါယနာတင်ခြင်း by စကားဝါမြေ
ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း
(၁)အကြောင်းခံ
သာသနာနှစ်(၁၀၀)ကြာပြီးနောက် ဝဇ္ဇီတိုင်းသားရဟန်းများ(ဒေဝဒတ်၏တပည့်များ)မှ
အဓမ္မဝတ္ထု(၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေ လက်တစ်သစ်လွဲသည်အထိ
ထမင်းစားရန်လည်းကောင်း၊ သေနု(အရက်ခပ်ပျော့ပျော့)ကိုသောက်ရန်လည်းကောင်း
ရွှေငွေများကို သာမာန်လူပုဂ္ဂိုလ်များကဲ့သို့  ကိုင်တွယ်အသုံးပြုရန်လည်းကောင်း စသည်ဖြင့်
တောင်းဆိုခဲ့သည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့်
သာသနာညှိုးနွမ်းလာသည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။
(၂)သာသနာနှစ်
(၁၀၀)နှစ်
(၃)နေရာ
ဝေသာလီပြည်၊ဝါဠုကာရာမကျောင်း
(၄)ခေါင်းဆောင်
အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေဝတ နှင့် အရှင်သဗ္ဗကာမိ
(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၇၀၀)
(၆)မင်း
ကာလာသောကမင်း
(၇)ကြာမြင့်ချိန်
(၈)လ
ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့်
အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စီစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (ဂ)လ
ကြာမြင့်ခဲ့သည်။
ရဟန္တာ(၇၀၀)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏
အကူအညီရယူပြီး ထု(၃)ထုပူးပေါင်းပြီး ရဟန်းပျက်များအား စီစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀၀၀၀)
ကျော်အားနှင်ထုတ်ခဲ့ရသည်။
၎င်းရဟန်းပျက်(၁၀၀၀၀)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၄င်းတို့ သည် ဟိမဝန္တာတောင်ခြေ
ဖက်သို့ သွားရောက်ခဲ့ရာ ၄င်းနေရာရှိမင်းတစ်ပါးမှသနားပြီးခိုလှုံခွင့်ပေးလိုက်ရာမှ ၄င်းတို့ သည်လည်း
သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၄င်းတို့ မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု
ခေါ်ဆိုကြပြီး ဝေသာလီ၌ကျန်ရှိခဲ့ကြသော ရဟန္တာ(၇၀၀)ပါသောအဖွဲ့ အား ဟီနယာနဂိုဏ်း သေးငယ်
သောအဖွဲ့ ဟု ခေါ်တွင်ခဲ့ကြသည်။
သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု၊ မင်းထု၊ ပြည်သူလူထု
ထု(၃)ထု မှ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
(တစ်ခဏဖြစ်ရ လူ့ ဘဝအနှစ်ပြည့်အောင် ကြိုးစားကြ)
ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း by စကားဝါမြေ
တတိယအကြိမ် သင်္ဂါယနာတင်ခြင်း
(၁)အကြောင်းခံ
သာသနာနှစ်(၂၃၅)နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသောရဟန်းတု(၆၀၀၀၀)
ကျော်အထိ သာသနာအတွင်း အယောင်ဆောင်ပြီး ဝင်ရောက်လာသည်ကို အကြောင်းပြုပြီး
တင်ခဲ့ရသည်။
(၂)သာသနာနှစ်
(၂၃၅)နှစ်
(၃)နေရာ
ပါဋလိပုတ်ပြည် အသောကာရုံကျောင်း
(၄)ခေါင်းဆောင်
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်
(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၁၀၀၀)
(၆)မင်း
သီရိဓမ္မာသောကမင်း
(၇)ကြာမြင်ချိန်
(၉)လ
စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း
(၁)အကြောင်းအရင်း
သာသနာနှစ်(၄၅၀)ကြာသော် သီဟိုဠ်နိုင်ငံသို့  သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်
သူပုန်ဘေးကြီး (၁၂)နှစ်ကြာ ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို
အကြောင်းပြုပြီးတင်ခဲ့သည်။
(၂)သာသနာနှစ်
(၄၅၀)နှစ်
(၃)နေရာ
သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
(၄)ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်
(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၅၀၀)
(၆)မင်း
ဝဋ္ဋဂါမဏိမင်း
(၇)ကြာမြင့်ချိန်
တစ်နှစ်
ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း
(၁)အကြောင်းခံ
သာသနာနှစ်(၂၄၁၅)ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း(၂၀၀၀)ခန့် 
ကြာမြင့်ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်
တို့ ကြောင့် ကြာရှည်ခံနိုင်မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့ အပေါ်
အကြောင်းပြု၍ တင်ခဲ့သည်။
(၂)သာသနာနှစ်
(၂၄၁၅)နှစ်
(၃)နေရာ
မြန်မာနိုင်ငံ မန္တလေးမြို့  ရတနာပုံနေပြည်တော်
(၄)ခေါင်းဆောင်
အရှင်ဇာဂရမထေရ်
(၅)သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း(၂၄၀၀)
ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း
(၁)အကြောင်းခံ
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသောဘာသာဝင်တို့ ၏ သူ့ ကျွန်ဘ၀ရောက်ခဲ့ပြီး
နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းခဲ့မှုအပေါ် အကြောင်းခံပြီး သာသနာနှစ်(၂၄၉၈)နှစ်တွင် သင်္ဂါယနာ
တင်ခဲ့ရသည်။
(၂)သာသနာနှစ်
(၂၄၉၈)နှစ်
(၃)နေရာ
မြန်မာနိုင်ငံ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ
(၄)ခေါင်းဆောင်
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ
(၅)သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း(၂၅၀၀)
ပရိတ်ကြီး ဆယ့်တစ်သုတ် ရွတ်ဆိုရခြင်းရဲ့ အကျိုးများ
Saturday, December 15. 2007
ပရိတ်ဆိုတာ ပရိတ္တ = အရံအတားလို့ ဆိုပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော် အခါ ကတည်းက မြတ်စွာဘုရားက တောထဲ တောင်ထဲ အဆင်ပြေရာ သီတင်းသုံးနေထိုင် ကြရတဲ့ တောရ ဆောက်တည် ကြတဲ့ တပည့်သား သံဃာတော် အရှင်မြတ်များ ဘေးရန်များက လွတ်အောင် ရွတ်ဆို ပွားများစေတဲ့ အရံ အတား ဂါထာ မန္တာန်တော်များ ဖြစ်ပါတယ်။
   . . .   
မြန်မာများ ရင်းနှီးနေကျ ပရိတ်ကြီး ဆယ့်တစ်သုတ်မှာ သူ့ သုတ်နဲ့ သူ၊ ဘယ်သုတ်ဟာ ဘယ်လို ဘေးမျိုးအတွက် အရံ အတားဖြစ်တယ် ဆိုတာ အဓိပ္ပာယ် ကိုယ်စီ ရှိပါတယ်။ ပရိတ်ရွတ်ရာမှာ ရွတ်သူ စည်းကမ်းနဲ့ ကြားနာသူ စည်းကမ်း ၂မျိုး ရှိပါတယ်။ စည်းကမ်းကို လိုက်နာပြီး ရွတ်မှ ထက်မြက်စွာ အကျိုး ပေးတယ်လို့ ဆိုပါတယ်။
ရွတ်သူ စည်းကမ်းများကတော့
(၁) ပုဒ်ဖြတ် ပုဒ်နေ ပါဠိ သဒ္ဒါ အသံမှန်အောင် ရွတ်ရပါမယ်။
(၂) ကိုယ်ရွတ်တဲ့ ပါဠိကို အဓိပ္ပာယ်ကို အတိအကျ အစအဆုံး မသိတောင် အကြမ်းဖျင်းတော့ သိရပါမယ်။ (၃) လာဘ်လာဘ အတွက် ငွေအတွက် မရွတ်ရပါဘူး။ ကြည်လင် သန့်စင်တဲ့ စေတနာ သဒ္ဓါတရားနဲ့သာ ရွတ်ရပါမယ်။
ကြားနာသူ စည်းကမ်းများကတော့
(၁) ပဉ္စာနန္တရိယ ကံလို့ ခေါ်ဆိုတဲ့ ဂုဏ်ကျေးဇူး အားဖြင့် အတိုင်းအဆမရှိ အနန္တ ကြီးမြတ်သူ ငါးဦးကို ပြစ်မှား ဖူးတဲ့ ကံ မရှိရပါဘူး။ အဲဒီကံငါးပါးကတော့ မိသတ်၊ ဖသတ်၊ ဘုရားကို သွေးစိမ်းတည်အောင်လုပ်၊ သံဃာကို သင်းခွဲ၊ မိစ္ဆာအယူကို ယူခြင်း တို့ ဖြစ်ပါတယ်။ ဒါတွေကို ပြစ်မှား ကျူးလွန်ထားရင် ပရိတ်နာလဲ အကျိုးခံစားရခြင်း မရှိတော့ပါဘူး။ အဲဒါတွေလုပ်လို့ဖြစ်တဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးကို ဘယ်အရာ ကမှ တားမြစ် နိုင်ခြင်း မရှိလို့ပါ။
(၂) နိယတ မိစ္ဆာဒိဌိ မဖြစ်ရပါဘူး။ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာ မဟုတ်လို့ ထင်မြင် ယူဆ စွပ်စွဲ ပြောဆို လက်ခံ ကျင့်သုံးသူကို ပရိတ်က အကာအကွယ် မပေးပါဘူး။
(၃) ပရိတ်တော်ရဲ့ တန်ခိုးနဲ့ သူ့ရဲ့ အကျိုးအာနိသင်ကို ယုံကြည်မှု သဒ္ဓါတရားနဲ့ ပြည့်စုံ ရပါမယ်။
Sunday, 20 July 2014
ဣဿာ မစ္ဆရိယ
ဣဿာ
ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။
လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊
ဒါကလည်း ဒေသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊
အကောင်းမပြောနိုင်ဘူး၊
ဒါ ဣဿာပဲ။
မဂ်နှင့် သောတာပန်
“မဂ်” ၏ အဓိပ္ပါယ်
ရှုမှတ်ပွားများနေရမှာက ယောဂီတို့ရဲ့အလုပ်ပါ။ မဂ်ဖိုလ်ဆိုတာ သူ့အချိန်တန်ရင် ရမှာပါပဲ။ မဂ်ရတယ်ဆိုတာ အလုံးကြီး အခဲကြီးရသလို ထင်မနေပါနဲ့။
- လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု၊
- မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု – စုစုပေါင်းနှစ်ခု ရှိတယ်။
လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက “မ” ရော “ဂငယ်” နှစ်လုံးရော နှစ်ခုပေါင်းမှ လမ်းခရီးဆိုတဲ့အနက်ကို ဟောနိုင်တယ်။
မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါကျတော့ “မ” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။ “ဂငယ်” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။
ဝိဂြိုဟ် ဆိုလိုက်တော့
“ကိလေသေ- မာရေတီတိမော
ဂစ္ဆတီတိဂေါ – မောစသော ဂေါစာတိမဂ္ဂေါ”
အဓိပ္ပါယ်က “မ” သဒ္ဒါက ကိလေသာတို့ကို သတ်ခြင်း လို့ အဓိပ္ပါယ်ထွက်တယ်။
“ဂ” သဒ္ဒါက လားခြင်း ရောက်ခြင်း လို့ အဓိပ္ပါယ်ထွက်တယ်။
နှစ်ခုပေါင်းလိုက်တော့ ကိလေသာတို့ကို သတ်ဖြတ်၍ သွားတတ်သော်ကြောင့် “မဂ်” လို့ အဓိပ္ပါယ်ရတယ်။
သောတာပန်ဟုတ် မဟုတ် တိုင်းတာသောပေတံ
၁) အောက်ဆုံး သောတာပတ္တိမဂ်ဉာဏ်ကို မိမိရတယ်ဆိုရင် ကိလေသာအကျယ် ထောင့်ငါးရာ အကျဉ်း၁၀ပါးထဲက အယူမှားတဲ့ ဒိဋ္ဌိနဲ့ သို့လောသို့လော တွေးတောယုံမှားခြင်း ၀ိစိကိစ္ဆာကိလေသာတို့ သေသွားရမယ်။ အမြစ်ပြတ်ပျောက်သွားရမယ်။
သောတာပန် ပြဿနာ ရှင်းတမ်း
`မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ပုဂ္ဂိုလ်များ ဖြစ်သွားကြရာ၌
(က) ယခင်ဘ၀က သောတာပန် ဖြစ်ပြီးသူများ ပါ/မပါ။
(ခ) ဘ၀တစ်ခုမှ သောတာပန် ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှုရှိနိုင်ပါသနည်း။
(ဂ) ယခင်ဘ၀က သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်သွားသော သုတ္တန်များရှိလျှင် ညွှန်ပြပါ-
ဦးကောင်းမွန်
ဖြေ။ ။ ရှေဦးစွာ သောတာပန်ဟူသော ပုဒ်ကို ရှင်းပြချင်ပါသည်။ သောတာပန်ဟူသော ပုဒ်သည် သောတာပန္န-ဟူသော ပါဠိပုဒ်ကို မြန်မာမှုပြုထားသော ပါဠိသက်ဝေါဟာရဖြစ်၏။ သောတာပန္န-ဟူသော ပုဒ်သည် သဒ္ဒါနည်းအရ သောတနှင့် အာပန္န-ဟူသော ပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ဤတွင် သောတ-အရ သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးကို ရ၏။ ထိုမဂ္ဂင်ရှစ်ပါးသို့ ရှေးဦးစွာ ရောက်သောသူသည် သောတာပန္န-မည်၏။
အနည်းငယ်ထပ်၍ ရှင်းရလျှင် `သ၀တိ သန္ဒတီတိ သောတော= မဆုတ်နစ်ဘဲ တစ်စီးတည်း စီးသွားတတ်သောကြောင့် သောတ-မည်၏။ ဤအလို ရေအလျဉ်ကို ရ၏။ သောတော ၀ိယာတိ သောတော= ရေအလျဉ်နှင့်တူသောကြောင့် သောတမည်၏။
ဤအလို အဋ္ဌင်္ဂိကအရိယမဂ်-ဟူသော မဂ္ဂင်ရှစ်ပါး မြတ်တရားကို ရ၏။ ဟိမ၀န္တာတောင်မှ စ၍ စီးဆင်းလာသော ဂင်္ဂါမြစ်ရေသည် နောက်ပြန် ဆုတ်နစ်ခြင်း မရှိဘဲ သမုဒ္ဒရာအထိ ရောက်အောင် ဆက်လက်စီးဆင်း သွားသကဲ့သို့ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး မြတ်တရားသည်လည်း ရှေးဦးစွာ ဖြစ်ပေါ်လာရာ သောတာပတ္တိမဂ် ခဏမှစ၍ သတ္တိအင်းအား နည်းပါးဆုတ်နစ်ခြင်းမရှိ တဆင့်ထက်တဆင့် ရင့်သထက်ရင့်ကာ နိဗ္ဗာန်တည်းဟူသော သမုဒ္ဒရာသို့ ၀င်ရောက်လေတော့၏။
မည်သည့်သောတာပန်မျိုးနည်း
 ဆရာတော်တစ်ပါးက “အနာထပိဏ်သည် ဘုရားကို ကြည်ညိုလွန်းသော သဒ္ဓါတရားကြောင့် သောတာပန်ဖြစ်သွားခြင်းဖြစ်ကြောင်း ၊ ရုပ်တရား နာမ်တရားကို တကယ်မသိဘူး”ဟု ဟောထားသည်ကို ကြားနာရပါသည်။
    သောတာပန်ဟူသည် ရုပ်နှင့်နာမ်၏ သဘောသဘာဝတို့ကို အသေအချာ သိနားလည်၍ ဉာဏ်စဉ်အဆင့်ဆင့် တက်ပြီးမှ မဂ်ဉာဏ်ကို ရခြင်းဖြစ်သည်ဟု မှတ်သားဖူးပါသည်။ အထက်ပါ ရုပ်နာမ်မသိသော သောတာပန်သည် မည်သည့်အမျိုးအစား သောတာပန်ဖြစ်သည်ကို သိလိုသဖြင့် မြတ်ပန်းရဂုံမှတဆင့် မေးခွန်းတင်အပ်ပါသည်။                    
        ဆရာကံ (အညာ)
“အနာထပိဏ်သည် ဘုရားကို ကြည်ညိုလွန်းသော သဒ္ဓါတရားကြောင့် သောတာပန် ဖြစ်သွားခြင်း ဖြစ်ကြောင်း ၊ ရုပ်တရား နာမ်တရားကို တကယ်မသိဘူး”-ဟူရာ၌ ခိုင်မာသော အထောက်အထား မရှိပါ။
အနာထပိဏ်သူဋ္ဌေး ဘုရားရှင်နှင့် စတွေ့သည့်အချိန် သစ္စာလေးပါးတရားတော်ကို နာရ၍ သောတာပန် ဖြစ်ခဲ့ရသည့်မှတ်တမ်းကို ကြည့်လျှင်ပင် သဒ္ဓါတရားသက်သက်ကြောင့် မဟုတ်ကြောင်း ပေါ်လွင်ပါသည်။
အနာထပိဏ်သူဋ္ဌေးသည် ယောက်ဖဖြစ်သူ ရာဇဂြိုဟ်သူဋ္ဌေးအထံသို့ ကိစ္စတစ်ခုဖြင့် ရောက်လာရာ ခါတိုင်းကဲ့သို့ လုပ်နေကြအလုပ်များကို ပစ်ထားကာ သူနှင့်လာ စကားမပြောနိုင်ပဲ အချက်အပြုတ်ကိစ္စများကို စီမံကာ အလုပ်များနေသော ရာဇဂြိုဟ်သူဋ္ဌေးကို “မင်္ဂလာပွဲအတွက်လား၊ ဗိမ္ဗိသာရမင်းကြီးကို ဖိတ်ထား သလား” စသည်ဖြင့် မေးမြန်းလေ၏။ ဘုရားရှင်ကို ပင့်ဖိတ်ထားကြောင်း ပြန်ပြောရာ အံ့သြ၀မ်းသာဖြစ်လျက် “ဘုရား” ဟူသော အသံသည်ပင်လျှင် ကြားရခဲကြောင်း ယခုသွားရောက်ဖူးမျှော်ဖို့ ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းသည်တွင် ယခုအချိန် မသင့်လျော်ကြောင်း မနက်ဖြန်မှ ဖူးမျှော်ဖို့ရန် ပြောလေရာ ဘုရားရှင်ကို ဖူးမြင်ရတော့မည်ဟူသောစိတ်ဖြင့် အိပ်စက်လေ၏။ ညအခါတွင်လည်း မိုးလင်းပြီဟူသော အမှတ်ဖြင့် သုံးကြိမ်တိုင်တိုင် ထကြည့်မိလေ၏။ မိုးသောက်ယံတွင် မနေနိုင်တော့ပဲ သွားရောက်ဖူးမျှော်လေတော့၏။
“ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံနှင့် ပွားများရခြင်းအကျိုး”
လူတို့သည် နံနက်အိပ်ရာထချိန်မှစ၍ ညအိပ်ရာဝင်ချိန်အထိ သားမယားကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ တို့၌သာ စိတ်သက်ဝင်နစ်မြုပ်နေမှုများက များ၏။ ထိုကိစ္စတို့ကို ကြံစည်တွေးတောမှု၊ အောက်မေ့အမှတ်ရ နေမှုများကသာများ၏။ စင်စစ်ထိုအာရုံများသည် လောဘ၊ ဒေါသတို့ကျက်စားရာ အာရုံများသာဖြစ်ကြ၏။ သို့အတွက်ထိုလူတို့၏ စိတ်သည် ညစ်နွမ်းပြီး၊ နောက်ကျိနေပြီး ကြည်လင်ရွှင်ပြမှုလည်း မရှိကြပေ။ စစ်မှန်သော စိတ်ချမ်းသာမှုကိုလည်း မခံစားရပေ။
ဗုဒ္ဓါနုဿတိစသည်၌ ဘုရားစသော အာရုံတို့သည်ကား စိတ်ကြည်လင်ရွှင်ပျဖွယ်ရာ(ပဿဒနီယ) အာရုံများဖြစ်ကြ၏။ စိတ်ပူလောင်မှုကိုဖြစ်စေတတ်သော အာရုံများမဟုတ်ကြ။ ထိုအာရုံများကို အောက်မေ့အမှတ်ရနေပါက စိတ်ကြည်လင်ရွှင်ပျလာပြီး စစ်မှန်သော စိတ်ချမ်းသာမှုအကျိုးနှင့် အခြားကောင်းကျိုးများစွာကိုလည်း ခံစားကြရ၏။ ထို့ကြောင့် ဗုဒ္ဓါနုဿတိစသော ဘာဝနာများကို တတ်စွမ်းသမျှ အချိန်ရသမျှပွားများအားထုတ်သင့်ကြပေသည်။
"စင်ကြယ်မှုအဆင့်ဆင့် "
စိတ်ကလေးအေးအေး၊ နှလုံးအေးအေးထားနိုင်မှ
တစ်စတစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ် မြင့်မြတ်တဲ့ဆီ ရောက်သွားရမယ်။
စင်ကြယ်ရမှာက ဘာတွေလဲ။
♦ ကိုယ်လည်းစင်ကြယ်ရမယ်။
♦ နှုတ်လည်းစင်ကြယ်ရမယ်။
♦ စိတ်လည်း စင်ကြယ်ရမယ်။
♦ အသိအမြင်လည်း စင်ကြယ်ရမယ်။
ကိုယ်နှုတ် စင်ကြယ်တာ သီလပဲ။
သီလ၀ိသုဒ္ဓိ။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိဖြစ်မယ်။
စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားမယ်။
အသိအမြင်စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရမယ်။
စိတ်စင်ကြယ်ချင်ရင်လည်း ကာယကံ၊ ၀စီကံ စင်ကြယ်ရတယ်။
♦ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ်။
အသိအမြင်တွေ စင်ကြယ်သွားမယ်။
ဘုရားဖူးရင်း ငိုရသည်
သို့သော် ကြည်နူးရသည့်အခါထက် စိတ်ထိခိုက်ရသည့်အခါက ပိုများပါသည်။ တစ်ခုသော တစ်ထောင်ဘုရားများကို ဖူးမျှော်ကြည့်ရာ ဘုရားရုပ်ပွားဟူ၍ပင် မသိနိုင်တော့။ ဘာရုပ်တွေပါလိမ့်ဟု တွေးတောယူရသည်အထိ ပုံတွေကပျက်စီးနေသည်။ အမိုးအကာ မပါသဖြင့် မိုးရွာတော့စို၊ နေပူတော့ခြောက်နှင့် ရုပ်ပွားများမှာ မဲခြောက်ပြီး ပျက်စီးနေသည်။
ဘုရားတည်ဖို့အတွက် အလှူရှင်ရှာရန် လွယ်ကူသော်လည်း ပြုစုစောင့်ရှောက်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ အလှူရှင်ရှာရန်ကား မလွယ်ကူပေ။ ထို့ကြောင့် တစ်ထောင်ရုပ်ပွါးများကို တောထဲတွင် ဒီအတိုင်း ပစ်ထားရာ မြက်ပင်များ၊ ချုံပုတ်များက ရုပ်ပွားများကို ဖုံးလွှမ်းနေပေသည်။ တစ်ထောင်ရုပ်ပွားများ ခန္တီပါရမီကို ဖြည့်ဆည်းရင်း ချုံပုတ်တွေအောက်တွင် စံနေကြရရှာသည်။ နောက်ငါးနှစ်ခန့်ကြာလျှင် ထိုရုပ်ပွားများ အားလုံးပျက်စီးပြီး မြေကြီးဖြစ်ရပေတော့မည်။ ရဟန်းမို့ မျက်ရည်မကျသော်လည်း နှလုံးသားထဲမှာကား ငိုမိနေပါပြီ။
တစ်ဆူကိုငါးသိန်း၊ အဆူတစ်ရာဆိုလျှင် သိန်းငါးရာ၊ အဆူတစ်ထောင်ဆိုလျှင် သိန်းငါးထောင် ဗုဒ္ဓဘာသာတို့၏ ချွေးနည်းစာ သိန်းငါးထောင်သည် ချုံပုတ်များ၊ မြက်ပင်များအောက်မှာပင် ကုန်ဆုံးခဲ့ရပြီ။ ရွှေဘိုမြို့သို့ တရားဟောကြွစဉ်က မိဘမဲ့ပရဟိတကျောင်း တစ်ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့သည်။ ထိုကျောင်းကို တည်ထောင်ဖွင့်လှစ်သူမှာ စာရေးဆရာကြီး ဦးသန်းထွန်း(ရွှေဘို)ပင်ဖြစ်သည်။ ဆရာကြီး၏ ပရဟိတကျောင်းကြီးမှာ ကျယ်ဝန်းသော်လည်း ကလေးငယ်(၃၀)သာ ရှိသည်။ သုံးရာခန့် လက်ခံနိုင်အောင် ကျယ်ဝန်းလျက် အဘယ်ကြောင့် သုံးဆယ်သာ လက်ခံရသနည်းဟု မေးမြန်းကြည့်ရာ ဆရာကြီးက -
“လက်ခံချင်တာပေါ့ဘုရား၊ ကျွေးစရာမရှိလို့ ဒီလောက်ပဲ လက်ခံရတာပါ။ ဆရာတော်သိတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာအများစုဟာ အခုလို လူမူရေးကိစ္စတွေမှာ လှူဒါန်းရကောင်းမှန်း သိပ်ပြီး မသိကြသေးဘူးဘုရား။ တောင်ပေါ်ဒေသက မိဘမဲ့တိုင်းရင်းသားကလေးတွေ အများကြီးလာအပ်ကြတယ်။ တပည့်တော်တို့ကျောင်းက ကျွေးစရာမရှိတော့ လက်မခံနိုင်ဘူး”
“ဘာသာခြား ပရိဟတကျောင်းတေဓွကတော့ ဘယ်နှစ်ယောက်လာလာ ကျွေးနိုင်တယ်။ ဒီတော့ တပည့်တော်တို့ဗုဒ္ဒဘာသာ တိုင်းရင်းသား ကလေးတွေဟာ တခြားဘာသာခြားတွေပဲ ဖြစ်ကုန်တော့တာပေါ့။ ဘာသာခြားသူဋ္ဌေးတွေက သူတို့ဘာသာအတွက် တကယ်ကျေးဇူးများမယ့်နေရာကို ရွေးလှူတတ်ကြတယ်ဘုရား။ တပည့်တော်တို့ ဗုဒ္ဓဘာသာသူဌေးအများစုကတော့ ကျေးဇူးများမယ့်နေရာကို ရွေးလှူတတ်တဲ့အလေ့အထ သိပ်မရှိကြသေးဘူးဘုရား”
ချုံပုတ်ထဲ၊ မြက်ထဲတွင် အလကားဖြစ်သွားမည့် သိန်းပေါင်း ငါးထောင်ထဲမှ သိန်းပေါင်းငါးရာလောက်ကို ထုကဲ့သို့သော ဓဗုဒ္ဓဘာသာ ပရဟိတကျောင်းများသို့ လှူဒါန်းကြမည်ဆိုလျှင် တိုင်းရင်းသား ရင်သွေးငယ်များ ဘာသာခြားဘ၀သို့ ရောက်လိမ့်မည်မဟုတ်ပေ။ ဒါန၊ သီလ၊ ဘာဝနာသုံးပါးလုံးသည် ဗုဒ္ဓချမှတ်ခဲ့သော ၀ိမုတ္တိလမ်းစဉ်များဖြစ်သည်။ ၀ိမုတ္တိ - လွတ်မြောက်ခြင်းဟူသည် ခန္ဓာမှ လွတ်မြောက်ခြင်းပင်ဖြစ်၏။
ခန္ဓာဟူသည် အကျိုးတရားဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ စသော အကြောင်းတရားများကြောင့် ဤခန္ဓာသည် ဖြစ်ပေါ်လာရခြင်းဖြစ်၏။ အကျိုးတရားကို မလိုချင်လျှင် အကြောင်းတရားကို အရင်သတ်ရ၏။ ထိုတွင် ဒါနကုသိုလ်သည် လောဘဦးစီးသော ကိလေသာများကို ပါးအောင်၊ နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။
သီလကုသိုလ်သည် ဒေါသဦးစီးသော ကိလေသာများကိုပါးအောင် နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ ဘာဝနာသည် မောဟ ဦးဆောင်သော ကိလေသာများကို ပါးအောင်နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ ထိုကဲ့သို့သော အသိတရားများကို ဓမ္မများက ပေးနိုင်စွမ်းရှိ၏။ ရာဇဂြိုလ်မှ မဟာဓနသူဌေးကြီးသည် သူ့သားအား ထိုဓမ္မအမွေပေးရန် သတိမရခဲ့ပေ။ ဘုရားရှင်ထံတွင် တစ်ကြိမ်ခန့်တရားနာရုံနှင့် ထိုအသိများကို အပြည့်အ၀ရနိုင်၏။ သူတို့မြို့တွင် ဘုရားရှင်သည် ညစဉ်တရားဟောနေ၏။ သို့သော် သူ့သားအားတစ်ကြိမ်မျှ တရားနာရန်မတိုက်တွန်းခဲ့။
ထို့ကြောင့်လည်း ယခုလိုဇရပ်ပေါ်တွင် သူတောင်းစားဘ၀နှင့် ရောက်လာရခြင်းဖြစ်သည်။ သာဝတ္ထိမြို့မှ အနာထပိဏ် သူဌေးကြီးကား သားသမီးအားလုံးကိုသာမက ကာမေသုကံကို လက်ရဲဇက်ရဲ ကျူးလွန်နေသော တူတစ်ယောက်ကိုပင် ဓမ္မအမွေရအောင်ပေးပြီး နိဗ္ဗာန်အရောက်ပို့ခဲ့သည်။
အနာထပိဏ်တွင် သားသမီးလေးယောက်ရှိ၏။ သမီးအကြီးနှစ်ယောက်သည် သောတာပန်။ အငယ်ဆုံးသမီးလေး သုမနကား သကဒါဂါမ်၊ သားဆိုးသားမိုက် အရက်သမားမောင်ကာဠကိုပင် ငွေတစ်ထောင်ပေးပြီး ဘုရားရှင်၏ တရားကိုနာယူစေခြင်းဖြင့် သောတာပန်တည်စေခဲ့သည်။ ယခုလည်း ခေမအမည်ရှိ သူ၏တူတစ်ယောက်သည် သူတပါး၏မယားများ၊ သမီးပျိုများနှင့် ဖောက်ပြားလျက် ရှိသည်။ ခေမ၏ရှေးဆုတောင်းကြောင့် အမျိုးသမီးများသည် သူ့ကိုမြင်ရလျှင် ဣနြေ္ဒပျက်လောက်အောင် ငမ်းငမ်းတက်ဖြစ်ကြ၏။
သူတစ်ပါးလင်မယားနှင့် ညအခါ သွားရောက်ပျော်ပါးလေ့ရှိသည်။ မင်းချင်းတို့က ဖမ်းမိသောအခါ မင်းကြီးထံပို့သကြ၏။ ကောသလမင်းကြီးသည် အနာထပိဏ်သူဌေးကြီး၏ မျက်နှာကိုထောက်ပြီး အပြစ်မဘေးဘဲ ပြန်လွှတ်လိုက်၏။ လွှတ်ပြီး မကြာမီမှာပင် သူတစ်ပါးမယားနှင့် ပျော်ပါးပြန်ရာ ထပ်မိသဖြင့် ဘုရင့်ထံထပ်ရောက်ပြန်၏။ မင်းကြီးကလည်း အနာထပိဏ်ကို အားနာသဖြင့် ပြန်လွှတ်ပေး၏။ နောက်ဆုံးတွင် သူဌေးကြီးသည် တူဖြစ်သူကို သူကိုယ်တိုင် ဘုရားရှင်ထံခေါ်သွားပြီး တရားနာစေသည်။ မြတ်စွာဘုရားသည် ဖော်ပြပါ အဓိပ္ပာယ်ရှိသော နှစ်ဂါထာကို ဟောကြားတော်မူသည်။
 မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
(ဘုရားဖူးရင်း ငိုရသည် ) by Mettashin (မေတ္တာရှင်(ရွှေပြည်သာ))
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated