Wednesday, 28 May 2014
မိုးညှင်း သမ္ဗုဒ္ဓေ စေတီတော်-မှ ထူးခြားသော နေရာများ
သမ္ဗုဒ္ဓေ စေတီတော်ကြီး အတွင်းအပြင်၌ရှိသော စေတီတော်ပေါင်းမှာ (မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုဒ္ဓေ ရုပ်ပွားပေါင်း) ဟူသော သမိုင်းလင်္ကာအရ (၅၈၂၃၆၃) ဆူ ရှိပါသည်။
ဤမျှ များပြားသော စေတီပုထိုး၊ ဗုဒ္ဓရုပ်ပွားတော်များကို တစ်နေရာတည်းတွင် စုစုစည်းစည်း ဖူးတွေ့ရခြင်းမှာ သမ္ဗုဒ္ဓေစေတီတော်ကြီး၌သာ ရှိပါသည်။
သမ္ဗုဒ္ဓေစေတီတော်ကြီးကို သာသနာသက္ကရာဇ် (၂၄၈၃)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၀၁)ခုနှစ် ဒုတိယဝါဆိုလဆန်း (၅)ရက် (၂၀-၇-၁၉၃၉) ကြာသပတေးနေ့ နံနက် (၆)နာရီ (၃၀)မိနစ်မှ (၇)နာရီတွင်းတွင် ကျေးဇူးရှင် မိုးညှင်းတောရ ပထမဆရတော်အရှင်မြတ် အလှူးရှိသော သံဃာတော် အရှင်မြတ်(၄၀)ကျော်တို့မှ ဦးဆောင်၍ မင်္ဂလာပန္နက် ချတော်မူခဲ့ရာ ယခုအခါ နှစ်ပေါင်း(၅၇)နှစ်မျှ ကြာမြင့်ခဲ့ပေ၏။
ပဗ္ဗာဇနိယ ကမ္မဝါစာ နှင့် ပြိတ္တာမျိုးနွယ် တစ္ဆေသရဲ အနှောင့်အယှက်များ (၆)
ကမ္မဝါ ပါဠိ၌လာသော အနှောင့်အယှက်များ---
ပဗ္ဗာဇနိယ
ကမ္မဝါစာ မူရင်းပါဠိတွင် “ဣမေ အမနုဿာ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ၊ စဏ္ဍာ၊ ရုဒ္ဓါ၊
ရဘသာ၊ အဒယာလုကာ၊ ဝိဟေသကာ”ဟု ဖော်ပြထားပေရာ ပေါ့ပေါ့တန်တန်
သဘောထား၍မဖြစ်ပေ။ လူတို့ကို ခြောက်လှန့် ဒုက္ခဖြစ်စေတတ်သော
မကောင်းဆိုးဝါးများသာဖြစ်၏။ ထိုပါဠိပုဒ်အား အနက်ပေးကြည့်လျှင် ပို၍ အဓိပ္ပါယ်ပေါက်ပေမည်။ အနက်ထွက်ရှိပုံမှာ---
စဏ္ဍာ-ကြမ်းတမ်းကုန်သော၊
ရုဒ္ဓါ-ကုသိုလ်တရားတို့ကို ဆို့ပိတ်တတ်ကုန်သော၊
ရဘသာ-မကောင်းမှုအကုသိုလ် ဒုစရိုက်တရားကို အားထုတ်တတ်ကုန်သော၊
အဒယာလုကာ-သနားခြင်း ကရုဏာ အလွန်ကင်းကုန်သော၊
ဝိဟေသကာ-သတ္တဝါတို့အား ရက်ရက်စက်စက် မညှာမတာ နှိပ်စက်တတ်ကုန်သော၊
အမနုဿာ-လူဇာတ်စစ်စစ် မဟုတ်ကုန်သော၊
သမ္ဗုဒ္ဓေအကျိုး နှင့် တန်ခိုးအနန္တ
သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ပိဋကတ်သုံးပုံတွင် ပါဝင်သော ဂါထာလည်း မဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာကို မည်သူက စတင်ဖွဲ့နွဲ့ သီကုံးခဲ့သည်ကိုလည်း မသိရပါ။
သို့သော် မြတ်ဗုဒ္ဓ၏ သာသနာအလင်းရောင် မြန်မာနိုင်ငံဝယ် စတင်ဖြန့်ကျက်သည့် သထုံခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟုသာ ရဟန်းပညာရှိ၊ လူပညာရှိများက ခန့်မှန်းခဲ့ကြသည်။
ထိုသထုံခေတ် သာသနာတော် လင်းရောင်ခြည် စတင်ထွန်းလင်းသည့်ခေတ်မှသည် မြန်မာနိုင်ငံတဝန်းသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့ခဲ့ပါသည်။
ဤသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့သွားခြင်းမှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ရိုးရိုးကုသိုလ်ရအောင် ဘုရားရှိခိုးအဖြစ်သာမက ယခုမျက်မှောက်ဘဝ၌ တွေ့ကြုံရင်ဆိုင်ရမည့် ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်ဆိုး အဖုံဖုံတို့မှ လက်တွေ့ မျက်တွေ့ ပွဲတွေ့ အန္တရာယ်ကင်းကြသည်ကို တွေ့ကြုံခံစားကြရသဖြင့် နာမည်ကြီးပြီး ပူဇော်ကန်တော့ကြခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ကြခြင်း ဖြစ်သည်။
သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် သရဏဂုံမြတ်သုံးပါးကို အမြဲမပြတ် နှလုံးသွင်းခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ပင် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် မြတ်ဘုရားကို ပို၍အားထားကြည်ညို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် မြတ်တရားနှင့် မြတ်သံဃာအပေါင်းကိုလည်း ယုံကြည်အားထားကာ ကြည်ညိုကိုးကွယ်ဆည်းကပ်သော ဂါထာတော်ကြီးအဖြစ် တွေ့ရှိရပါသည်။
ပုညကြိယာဝတ္ထု ၁၀-ပါး
* ပစ္စည်းဥစ္စာ၊ အဖြာဖြာ၊ လှူတာ ဒါနမည်။
(၂) သီလဆိုတာ-၅-ပါး၊ ဂ-ပါး၊ ၉-ပါးသီလ စသည်တို့ဖြင့် ကိုယ်နှင့်နှုတ်တို့ကို လုံခြုံအောင် စောင့်စည်းတာ။
* ကိုယ်နှုတ်နှစ်ဖြာ၊ စောင့်စည်းတာ၊ မှန်စွာ သီလမည်။
(၃) ဘာဝနာ-ဆိုတာ ဥပါဒါနက္ခန္ဓာ ၅-ပါး စသည်တို့ကို စိတ်ဖြင့် ပွားများအားထုတ်တာ။
* စိတ်ဖြင့်ပွားတာ ဘာဝနာ၊ မှန်စွာ မည်ပေသည်။
(၄) အပစာယန-ဆိုတာ ဘုရား တရား သံဃာ ဆရာ မိဘ အသက်-ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တို့ကို အရိုအသေပြုတာ
* ရိုသေပြုတာ၊ အပစာ၊ မှန်စွာမည်ပေသည်။
(၅) ဝေယျဝစ္စ-ဆိုတာ ရတနာသုံးပါး၊ ဆရာမိဘများ၊ ဂုဏ်သိက္ခာကြီးမားသော ပု၈္ဂိုလ်တို့၏ ၀တ်ကြီးဝတ်ငယ်တို့ကို ပြုလုပ်ပေးတာ။
* ကြီးငယ်အမှု၊ ပြုလုပ်ပေးတာ၊ ဝေ(ယျာ)၀စ္စာ၊ မှန်စွာမည်ပေသည်။
သာသာနကွယ်ကြောင်းတရား ၁၅-ပါး
၂။ စာပေကျမ်းဂန်များကို မသင်ကြားခြင်း။
၃။ နှုတ်တက်အာဂုံ, အရမဆောင်ခြင်း။
၎။ အနက်အဓိပ္ပါယ်ကို သိအောင်မပြုခြင်း။
၅။ ပဋိပတ်ကို မကျင့်ခြင်း။
(အံ-၂၊ ၁၅၅၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ဒုတိယ၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်၊ ၁၉၇-၈)
ဆောင်ပုဒ်။ ။ အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊
................. ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊
................. ဤငါးဖြာတည်း။
သုံးဆယ့်တဘုံတို့၏ သက်တမ်း
ထို့အတူ နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ် နတ်မျိုးတွင် ပါဝင်သော ၀ိနိပါတိက အသုရာ-ခေါ် အဆင့်နိမ့်နတ်များမှာလည်း တည်မြဲသော သက်တမ်းမရှိ၊
အချို့ အလွန်ရှည်ပြီး အချို့မှာမူ ခုနစ်ရက်မျှသာ တည်သည်ဟူ၍ ပါဠိ အဋ္ဌကထာတို့၌ ဆိုပါသည်။
သို့ရာတွင် အဘိဓမ္မာ အနုဋီကာ၊ ဇိနာလင်္ကာရ ဋီကာ နောက်ပေါ်ကျမ်းတို့၌မူ ငရဲဘုံ ရှစ်ထပ်တို့၏ သက်တမ်းများ တွက်ပြထားသည်ကို တွေ့ရပါသည်။
လူ့ပြည်၌ ကမ္ဘာဦးလူသားတို့သည် နှစ်ပေါင်း အသင်္ချေမျှ အသက်ရှည်ခဲ့ကြပြီး အကုသိုလ်ဒုစရိုက်မှုများ ထူပြောမှုကြောင့် သက်တမ်းများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ ယခုခေတ်သည် သက်တမ်းတရာခေတ်ဖြစ်သည်ဟု ဆိုပါသည်၊
သို့ရာတွင် ထိုနှစ်တရာတမ်းမှာ ဇမ္ဗူဒိပ်ကျွန်းသားတို့ အတွက်သာဖြစ်ပြီး ဥတ္တရကုရုခေါ် မြောက်ကျွန်း၌ နှစ်ပေါင်း ငါးရာ
ယခုတိုင် သက်တမ်းရှိနေသည်-ဟု အချို့ကျမ်းတို့၌ ဆိုထားသည်ကို တွေ့ရပါသည်။
လူတို့၏ နှစ်ပေါင်း ငါးဆယ်သည် စတုမဟာရာဇ်နတ်တို့၏ တရက်၊
နှစ်ပေါင်း တရာသည် တာဝတိံသာနတ်တို့၏ တရက်၊
နှစ်ပေါင်း နှစ်ရာသည် ယာမာနတ်တို့၏ တရက်၊
နှစ်ပေါင်း လေးရာသည် တုသိတာနတ်တို့၏ တရက်၊
နှစ်ပေါင်း ရှစ်ရာသည် နိမ္မာနရတီနတ်တို့၏ တရက်၊
နှစ်ပေါင်း တထောင့်ခြောက်ရာသည် ပရိနိမ္မိတ ၀သ၀တ္တီနတ်တို့၏ တရက်၊
အသီးသီးဖြစ်သည်။
နတ်တို့ အရေအတွက်အားဖြင့်မူ စတုမဟာရာဇ် နှစ်ပေါင်း ငါးရာ။
တာဝတိံသာ တထောင်၊
ယာမာ နှစ်ထောင်၊
တုသိတာ လေးထောင်၊
နိမ္မာနရတီ ရှစ်ထောင်၊
ပရနိမ္မိတ ၀သ၀တ္တီ တသောင်းခြောက်ထောင် အသီးသီးဖြစ်သည်။
ထို့ကြောင့် စတာမဟာရာဇ်နတ်သက် ငါးရာကို လူတို့နှစ်ဖြင့် တွက်လျှင် နှစ်ပေါင်း ( ၉-သန်း ) ရှိ၏။
တာသတိံသာ စသော အထက်နတ်တို့၏ သက်တမ်းများကို လူတို့နှစ်ဖြင့် တွက်လျှင်လည်း အဆင့်ဆင့်
လေးဆလေးဆ တက်၍ သွားပါသည်။
ဗြဟ္မာတို့၏ သက်တမ်းများမှာမူ အလွန်ရှည်သောကြောင့် နှစ်ဖြင့် မတွက်နိုင်၊ ကမ္ဘာဖြင့်သာ တွက်ရသည်။
ရူပဗြဟ္မာ ၁၆-ဘုံတို့တွင် ပထမဈာန် ဗြဟ္မာ သုံးဘုံတို့သည် တကမ္ဘာ၏ သုံးပုံတပုံ၊
တကမ္ဘာ၏ ထက်ဝက်နှင့် တကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။
ဒုတိယဈာန် သုံးဘုံတို့သည် ၂-ကမ္ဘာ၊ ၄-ကမ္ဘာ၊ ၈-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။
တတိယဈာန် သုံးဘုံတို့သည် ၁၆-ကမ္ဘာ၊ ၃၂-ကမ္ဘာ၊ ၆၄-ကမ္ဘာ၊ အသီးသီး သက်တမ်းရှိကြသည်။
စတုတ္ထဈာန် ၇-ဘုံတို့တွင် ဝေဟပ္ဇိုလ်နှင့် အသညသတ်ဘုံတို့၌ ကမ္ဘာ-၅၀၀၊
သုဒ္ဓါဝါသ ၅-ဘုံတို့၌ ကမ္ဘာ-၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အသီးသီး သက်တမ်းရှိကြသည်။
အရူပလေးဘုံတို့၌ ကမ္ဘာ-၂၀၀၀၀၊ ၄၀၀၀၀၊ ၆၀၀၀၀၊ ၈၀၀၀၀ အသီးသီး ရှိကြသည်။
အထက်ပါ နတ်ဗြဟ္မာတို့၏ သက်တမ်းများကို အဘိဓမ္မာပိဋက ၀ိဘင်းပါဠိတော်၊ ဓမ္မဟဒယ ၀ိဘင်း၊ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်
ဝိတ္တတူပေါသထသုတ်တို့၌ ဟောကြားထားပါသည်။
( ဓမ္မာစရိယ-ဦးမောင်မောင်လေး )
စကားကြီး ၁၀-မျိုး
၁။ ရေကူး ညာတင်
၂။ ကောက်ပင် ရိတ်လှီး
၃။ ရေစီး ဖောင်ဆန်
၎။ အိုးတန် ဆန်ခပ်
၅။ ဆီပွတ် ကျည်ပွေ့
၆။ ဆင်ဝှေ့ ရန်ရှောင်
၇။ တောင်သူ ယာခုတ်
၈။ ကြက်ဆုတ် ခွပ်ပြစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင် မောင်းနင်း အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။
၁။ ရေကူးညာတင် ပြောနည်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့
မိမိအလိုရှိရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် ( ရေကူးညာတင် ပြောနည်း ) မည်၏။
အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက-ပြောသောစကားကို သာဓကထုတ်အပ်၏။
Tuesday, 27 May 2014
ဓာရဏသုတ် (ပါဠိတော်) (မြန်မာပြန်)
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။
၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗွံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗံ ၀စီကမံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗံ္ဗ မနောကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ။
၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ပညာယ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ၊
၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ၊ နတ္ထိ ရ၀ါ၊ နတ္ထိ အ,ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အ,ဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံ ဓာရဏံ အ,မိတံ အ,သမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။
ဂုဏ်တော်ကွန်ချာ
၁။ သော ဘဂ၀ါ ဣတိပိ အရဟံ၊ အရဟံ ၀တ သော ဘဂ၀ါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊
ပထမော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ အရဟံ။
သောဘဂ၀ါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံမည်တော်မူပါပေ၏။
သောဘဂ၀ါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ၀တ၊ စင်စစ် ဧကန်အမှန်မလွဲ၊ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သရဏံ ကိုးကွယ်အားထားရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပူဇော်ပါ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သိရသာ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိ ရှိခိုးကန်တော့ပါ၏။
ပထမော ရှေးဦးစွာသော ၀ဇိရပါကာရော အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂ၀ါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံ မည်တော်မူပါပေ၏။
တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး လက်စွဲပြုသော ခရီးသွားဂါထာ
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသသည်
သာသနာ့အာဇာနည် ရဟန်းထူး၊ ရဟန်းမြတ်တပါး ဖြစ်သည်။
ဆရာတော်ကြီးသည် ပထမဦးဆုံး ပေါ်ထွက်ခဲ့သော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်ရ အရှင်မြတ်ဖြစ်သည်။ ၁၉၅၃-ခုနှစ် သက်တော် ၄၂-နှစ်၊ သိက္ခာတော် ၂၂-၀ါတွင် တိပိဋကစာမေးပွဲကြီးကို အောင်မြင်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဇာတိ ဖြစ်သည်၊ ခမည်းတော်မှာ သူကြီးဦးဆုံ၊ မယ်တော်မှာ ဒေါ်ဒေါ်ဆင် ဖြစ်သည်။ ၁၂၇၃-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ့ (၁-၁၁-၁၉၁၁) တွင် ဖွားမြင်တော်မူသည်။
ဆရာတော်လောင်းလျာသည် အသက် ၇-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ထို့နောက် ၁၂၉၂-ခုနှစ်တွင် ရဟန်းပြုတော်မူသည်။ သက်တော် ၆၈-နှစ် (၁၉၇၉)တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၇၃-နှစ် (၁၉၈၄)တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ခံရသည်။ သက်တော် ၈၀-ပြည့် (၁၉၉၁)တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြန်သည်။ သက်တော် ၈၁-နှစ်အရောက် ၁၃၅၄-ခုနှစ် (၁၉၉၃)တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ကြီးပြုစုခဲ့သော ကျမ်းများတွင် မဟာဗုဒ္ဓ၀င် ကျမ်းကြီးသည် ထင်ရှားကြီးကျယ်ခိုင်ခံ့လှသည်။ အတွဲပေါင်း ၆-တွဲ (အုပ်ရေရှစ်အုပ်) ရှိသည်။ ယင်းကို ဆရာကြီးဦးကိုလေး (ဇေယျာမောင်)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။
ဆရာတော်ကြီးသည် ပထမဦးဆုံး ပေါ်ထွက်ခဲ့သော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်ရ အရှင်မြတ်ဖြစ်သည်။ ၁၉၅၃-ခုနှစ် သက်တော် ၄၂-နှစ်၊ သိက္ခာတော် ၂၂-၀ါတွင် တိပိဋကစာမေးပွဲကြီးကို အောင်မြင်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဇာတိ ဖြစ်သည်၊ ခမည်းတော်မှာ သူကြီးဦးဆုံ၊ မယ်တော်မှာ ဒေါ်ဒေါ်ဆင် ဖြစ်သည်။ ၁၂၇၃-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ့ (၁-၁၁-၁၉၁၁) တွင် ဖွားမြင်တော်မူသည်။
ဆရာတော်လောင်းလျာသည် အသက် ၇-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ထို့နောက် ၁၂၉၂-ခုနှစ်တွင် ရဟန်းပြုတော်မူသည်။ သက်တော် ၆၈-နှစ် (၁၉၇၉)တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၇၃-နှစ် (၁၉၈၄)တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ခံရသည်။ သက်တော် ၈၀-ပြည့် (၁၉၉၁)တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြန်သည်။ သက်တော် ၈၁-နှစ်အရောက် ၁၃၅၄-ခုနှစ် (၁၉၉၃)တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ကြီးပြုစုခဲ့သော ကျမ်းများတွင် မဟာဗုဒ္ဓ၀င် ကျမ်းကြီးသည် ထင်ရှားကြီးကျယ်ခိုင်ခံ့လှသည်။ အတွဲပေါင်း ၆-တွဲ (အုပ်ရေရှစ်အုပ်) ရှိသည်။ ယင်းကို ဆရာကြီးဦးကိုလေး (ဇေယျာမောင်)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။
၃၈-ဖြာ မင်္ဂလာ
( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင်ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။
( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ
၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၂၄-ပစ္စည်း စည်းချဂါထာ
အန္တရယ်ကင်း
၂၄-ပစ္စည်း စည်းချနည်းကို ယုံကြည်စွာ ပြုလုပ်လိုသူများအတွက် ဖော်ပြလိုက်ပါသည်။
တနင်္ဂနွေနေ့
စည်းချလိုလျှင် အရှေ့မြောက်ထောင့် တနင်္ဂနွေထောင့်မှ စရွတ်ပါ၊ အရှေ့မြောက်ထောင့်ကို လက်ညှိုးထိုး၍၄င်း,
စိတ်မှ မှန်း၍၄င်း ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော- ဟု ပစ္စည်းသုံးခု ရွတ်ပါ။
ထိုမှ တနင်္လာထောင့် အရှေ့အရပ်တွင် အနန္တရပစ္စယော, သမနန္တရပစ္စယော, သဟဇာတပစ္စယော,ဟု သုံးခုရွတ်ပါ။
ထိုမှ တနင်္လာထောင့် အရှေ့အရပ်တွင် အနန္တရပစ္စယော, သမနန္တရပစ္စယော, သဟဇာတပစ္စယော,ဟု သုံးခုရွတ်ပါ။
ဤသို့ဖြင့် အရှေ့တောင်ထောင့် အင်္ဂါထောင့်တွင် သုံးခု။
တောင်ဘက် ဗုဒ္ဓဟူးထောင့်တွင် သုံးခု။
အနောက်တောင်ထောင့် စနေထောင့်တွင် သုံးခု။
အနောက်ဘက် ကြာသပတေးထောင့်တွင် သုံးခု။
အနောက်မြောက်ထောင့် ရာဟုထောင့်တွင် သုံးခု။
မြောက်ဘက် သောကြာထောင့်တွင် သုံးခု။
ခန္ဓာငါးပါး ရှဝ်လုံးဘွဲ့ မြန်မာဂါထာ
ခန္ဓာငါးပါး
ရှဝ်လုံးဘွဲ့ မြန်မာဂါထာ
၁။
ရူပံ ဤရုပ် ၊ ရေမျြုပ်သဏ္ဍာန် ။
အနိစ္စပဲ
၊ မမြဲအမှန် ။
မကင်းဘဲမို့
၊ ဆင်းရဲပူပန် ။
အနတ္တ
၊ မှတ်ကြ ဧ၀ကန် ။
၂။
ဝေဒနာစက် ၊ ရေပွက်သဏ္ဍာန် ။
အနိစ္စပဲ
၊ မမြဲအမှန် ။
မကင်းဘဲမို့
၊ ဆင်းရဲပူပန် ။
အနတ္တ
၊ မှတ်ကြ ဧ၀ကန် ။
၃။
သညာနာမ်မှတ် ၊ တံလျှပ်သဏ္ဍာန် ။
အနိစ္စပဲ
၊ မမြဲအမှန် ။
မကင်းဘဲမို့
၊ ဆင်းရဲပူပန် ။
အနတ္တ
၊ မှတ်ကြ ဧ၀ကန် ။
မဟာစည် ဆရာတော်ဘုရားကြီး၏ ဆုတောင်း အမျှဝေ
ဤသို့ပြုရ,
မြတ်ပုညကြောင့်, ချမ်းမြအေးကြည်, ဘေးမဲ့မည်သည်, ရွှေပြည် ထုတ်ချောက်, လမ်းမကောက်ဘဲ,
ရောက်ရပါလို, ထိုထိုဘ၀, ကျင်လည်ရလဲ, ဒုက္ခဘေးဒဏ်, ရန်မာန်အပေါင်း, မကောင်းဟူသမျှ, မတွေ့ရဘဲ,
သဗ္ဗဣစ္ဆာ, မင်္ဂလာကို, ရွယ်ကာ တ-တိုင်း ရစေသော်။
ယနေ့ယခု,
ပြုပြုသမျှ, မြတ်ဘာဂကို, မိဘဆရာ, မျိုးသဟာနှင့်, ကိုယ်မှာ စောင့်ကြပ်, ကိုယ်စောင့်နတ်က,
အရင်းစ၍, ရှိသမျှလုံးစုံ, ဘုံသုံးဆယ့်တစ်, ဖြစ်ဖြစ်သမျှ, ဝေနေယျတို့, ရကြပါစေ, ပေးငှဝေသည်,
များထွေ သာဓု ခေါ်စေသော်။
အမျှ
အမျှ အမျှ ယူတော်မူကြပါကုန်လော
သာဓု
သာဓု သာဓု ( သုံးကြိမ် )
စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း-မတည်ခြင်းအကြောင်း
စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း မတည်ခြင်း၏အကြောင်းတို့ကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။။
ရဟန်းတို့-
၁။ ပျောက်သွားသော ပစ္စည်းဥစ္စာကို မရှာဖွေခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
ရှာဖွေခြင်းသည် ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
၂။ ဆွေးမြည့်ယိုယွင်းသည်ကို မပြုပြင်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
ပြုပြင်ခြင်းသည် ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
၃။ အတိုင်းအရှည်မသိ သုံးစွဲစားသောက်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
အတိုင်းအရှည်သိကာ သုံးစွဲ စားသောက်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
၎။ သီလမရှိသူကို အကြီးအကဲအရာ၌ ထားခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
သီလရှိသူကို အကြီးအကဲအရာ၌ ထားခြင်းသည် စီပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။ ဟု ဟောကြားတော်မူခဲ့ပါသည်။ ( အံ-၁၊ ၅၇၂ )
သာဓုခေါ်လိုသော နတ်ဗြဟ္မာများ
တချိန်သောအခါက
တာဝတိံသာနတ်ပြည် နတ်သဘင်အစည်းအဝေး၌ အမေးပုစ္ဆာပြဿနာ လေးခု ပေါ်ပေါက်ခဲ့၏။
နတ်များ အမျိုးမျိုးကြံဆ၍ အဖြေရှာကြသော်လည်း တဆယ့်နှစ်နှစ်တိုင်တိုင် အဖြေမတွေ့ ဖြစ်နေကြ၏။
ထိုပုစ္ဆာလေးခုကား-
၁။ အလှူဟူသမျှတွင် မည်သည့်အလှူက အမြတ်ဆုံးနည်း။
၂။ အရသာဟူသမျှတွင် အဘယ်အရသာသည် အမြတ်ဆုံးနည်း။
၃။ မွေ့လျှော်မှုများတွင် အဘယ်မွေ့လျှော်မှုသည် အမြတ်ဆုံးနည်း။
၎။ တဏှာကုန်ခြင်းကို အဘယ်ကြောင့် အမြတ်ဆုံးဟု ဆိုရသနည်း။
နောက်ဆုံးတွင် နတ်မင်းကြီးလေးဦးထံ သွားရောက်မေးမြန်းကြ၏။ သိကြားမင်းထံ သွားရောက်မေးမြန်း၏။ မဖြေဆိုနိုင်ကြလေ။
တညတွင် သိကြားမင်းနှင့် နတ်အပေါင်းသည် ဇေတ၀န်ကျောင်းတော်သို့ လာရောက်၍ ဘုရားရှင်အား လျှောက်ထားမေးမြန်းကြလေသည်။
နတ်များ အမျိုးမျိုးကြံဆ၍ အဖြေရှာကြသော်လည်း တဆယ့်နှစ်နှစ်တိုင်တိုင် အဖြေမတွေ့ ဖြစ်နေကြ၏။
ထိုပုစ္ဆာလေးခုကား-
၁။ အလှူဟူသမျှတွင် မည်သည့်အလှူက အမြတ်ဆုံးနည်း။
၂။ အရသာဟူသမျှတွင် အဘယ်အရသာသည် အမြတ်ဆုံးနည်း။
၃။ မွေ့လျှော်မှုများတွင် အဘယ်မွေ့လျှော်မှုသည် အမြတ်ဆုံးနည်း။
၎။ တဏှာကုန်ခြင်းကို အဘယ်ကြောင့် အမြတ်ဆုံးဟု ဆိုရသနည်း။
နောက်ဆုံးတွင် နတ်မင်းကြီးလေးဦးထံ သွားရောက်မေးမြန်းကြ၏။ သိကြားမင်းထံ သွားရောက်မေးမြန်း၏။ မဖြေဆိုနိုင်ကြလေ။
တညတွင် သိကြားမင်းနှင့် နတ်အပေါင်းသည် ဇေတ၀န်ကျောင်းတော်သို့ လာရောက်၍ ဘုရားရှင်အား လျှောက်ထားမေးမြန်းကြလေသည်။
နေ့စဉ် မင်္ဂလာဖြင့် မျက်နှာသစ်နိုင်ကြပါစေ
စိတ်သည် မကောင်းမှု၌
မွေ့လျော်တတ်သည်-ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည်။
အမှုမဲ့ အမှတ်မဲ့ စဉ်းစားလျှင် သတ်မည်, ခိုးမည်, စသော စိတ်ယုတ်စိတ်ယိုင်းများ မထားသဖြင့် မိမိသည်ကား မကောင်းမှုအကုသိုလ်မှ ကင်းသည်-ဟု ထင်မှတ်ရန်ရှိသည်။
သို့သော် ပိသုဏ, ဖရုသ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ စသော နှုတ်မှု စိတ်မှုတို့သည်လည်း ဒုစရိုက်တွင် အပါအ၀င်ဖြစ်ရာ ထိုသိမ်မွေ့သော ( ဖြစ်ရန် လွယ်ကူသော ) မကောင်းမှုများကိုလည်း မဖြစ်ပွားစေရန် သတိတရား ထားရမည် ဖြစ်ပါသည်။
ထို့ကြောင့် တနေ့တာအဖို့တွင် တတ်နိုင်သလောက် အရိယဓမ္မသီလ လုံခြုံစေရန် အိပ်ရာထ မျက်နှာသစ်ချိန်မှစ၍ ကုသိုလ်တရား ပွားများရန် နှိုးဆော်လိုက်ပါသည်။ မင်္ဂလာနှင့် မျက်နှာသစ်ခြင်းဖြင့် တနေ့တာကို စတင်လိုက်ပါက တနေ့လုံး စိတ်သန့်ရှင်းလျက် မျက်နှာကြည်လင်ပြီး တွေ့မြင်ရသော လူတကာကို စိတ်ရွှင်လန်း ကြည်နူးစေပါလိမ့်မည်။
နံနက်အိပ်ရာထတွင် ရေကြည်ရေအေးတခွက် ခပ်ယူပြီးနောက် ဤသို့ဆောင်ရွက်ရန် ဖြစ်ပါသည်။
အမှုမဲ့ အမှတ်မဲ့ စဉ်းစားလျှင် သတ်မည်, ခိုးမည်, စသော စိတ်ယုတ်စိတ်ယိုင်းများ မထားသဖြင့် မိမိသည်ကား မကောင်းမှုအကုသိုလ်မှ ကင်းသည်-ဟု ထင်မှတ်ရန်ရှိသည်။
သို့သော် ပိသုဏ, ဖရုသ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ စသော နှုတ်မှု စိတ်မှုတို့သည်လည်း ဒုစရိုက်တွင် အပါအ၀င်ဖြစ်ရာ ထိုသိမ်မွေ့သော ( ဖြစ်ရန် လွယ်ကူသော ) မကောင်းမှုများကိုလည်း မဖြစ်ပွားစေရန် သတိတရား ထားရမည် ဖြစ်ပါသည်။
ထို့ကြောင့် တနေ့တာအဖို့တွင် တတ်နိုင်သလောက် အရိယဓမ္မသီလ လုံခြုံစေရန် အိပ်ရာထ မျက်နှာသစ်ချိန်မှစ၍ ကုသိုလ်တရား ပွားများရန် နှိုးဆော်လိုက်ပါသည်။ မင်္ဂလာနှင့် မျက်နှာသစ်ခြင်းဖြင့် တနေ့တာကို စတင်လိုက်ပါက တနေ့လုံး စိတ်သန့်ရှင်းလျက် မျက်နှာကြည်လင်ပြီး တွေ့မြင်ရသော လူတကာကို စိတ်ရွှင်လန်း ကြည်နူးစေပါလိမ့်မည်။
နံနက်အိပ်ရာထတွင် ရေကြည်ရေအေးတခွက် ခပ်ယူပြီးနောက် ဤသို့ဆောင်ရွက်ရန် ဖြစ်ပါသည်။
အသောကကျောက်တိုင်များ
ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည်
ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။
အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည်
ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။
အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။
အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။
"ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော
ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။
ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက်
ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို
ထားရှိခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟော်တော်မူသောနေရာ ဖြစ်သည်။
ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။
"ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ်
အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော
ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။
စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ

“ဒေါသ”ကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
“ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။”
စိုးရိမ်တယ်ဆိုတာ အမျက်ဒါသရှိနေလို့ပါ။ အချို့လူတွေကတော့ ဒေါသဆိုတာ မျက်နှာတွေ
ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့
တကယ်တော့ “စိုးရိမ်ကြောက်လန့်”တာဟာလည
ဒေါသကြောင့်ဖြစ်တာပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။ ဒေါသရှိနေလို့ပေါက်ကွဲတယ်။ဒေါသရှိနေလို့
ကြောက်တယ်။ စိုးရိမ်တယ်။ ဒေါသမရှိရင် ပေါက်လည်း မပေါက်ကွဲတော့ဘူး။
ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။
ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။
Friday, 23 May 2014
နတ်သား ၏ ဘုရား ရှင်ထံ မေးသော အလှူနှင့်ပက်သက်သော မေးခွန်း များ
၁. နတ်သားအမေး ...."မြတ်စွာဘုရား ဘယ်အရာကို ပေးလှူတဲ့သူဟာ ခွန်အားကိုပေးလှူရာရောက်ပါသလဲဘုရား"
မြတ်စွာဘုရား အဖြေ...."နတ်သား .....အစားအစာကို ပေးလှူသောသူဟာခွန်အးကို ပေးလှူရာရောက်ပါတယ်"
၂. နတ်သားအမေး...."မြတ်စွာဘုရား ဘယ်အရာကိုပေး လှူတဲ့သူဟာ အဆင်းကိုပေးလှူရာရောက်ပါသလဲ"
မြတ်စွာဘုရားအဖြေ...." နတ်သား.....အဝတ်အထည်ကိုပေးလှူသောသူဟာ အဆင်းကိုပေးလှူရာရောက်ပါတယ်"
၃. နတ်သားအမေး...."မြတ်စွာဘုရား ဘယ်အရာကိုပေးလှူတဲ့ သူဟာချမ်းသာသုခကို ပေးလှူရာရောက်ပါသလဲ"
မြတ်စွာဘုရားအဖြေ...." နတ်သား.....ယဉ်ကိုပေးလှူသောသူဟာ ချမ်းသာသုခကို ပေးလှူရာရောက်ပါတယ်"
၎. နတ်သားအမေး...."မြတ်စွာဘုရား ဘယ်အရာကိုပေးလှူတဲ့ သူဟာ မျက်စိကို ပေးလှူရာရောက်ပါသလဲ"
မြတ်စွာဘုရားအဖြေ...." နတ်သား.....မီးအလင်းရာင်ကိုပေးလှူသောသူဟာ ချမ်းသာသုခကို ပေးလှူရာရောက်ပါတယ်"
၅. နတ်သားအမေး...."မြတ်စွာဘုရား ဘယ်အရာကိုပေးလှူတဲ့ သူဟာ ခွန်အား ၊ အဆင်း ၊ ချမ်းသာသုခ၊ မျက်စိ ၊လေးမျိုးကို ပေးလှူရာရောက်ပါသလဲ"
မြတ်စွာဘုရားအဖြေ...." နတ်သား...."တရားကို ပေးလှူသောသူဟာ နိဗ္ဗာန်ကို ပေးလှူရာရောက်ပါတယ်"
ဆရာတော် အရှင်ဆန္ဒာဓိက ၏ အနှိုင်းမဲ့အလှူမှ ကူးယူဖော်ပြပါသည် ။
အသက်ရှည်ကြောင်း အကျင့် (၁၀) မျိုး

ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုနဲ့ ပြည့်ဝတဲ့
အသက်ရှည်ခြင်းဆိုတဲ့ ဂုဏ်ကို လူတိုင်းတောင့်တကြတယ်။ဒုက္ခ္ခတွေများစွာ ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတွေကတော့အသက်ဆက်ရှင်ဖို့ စိုးရွံ့ကောင်း စိုးရွံ့ပါလိမ့်မယ်။
ဒါပေမယ့် တကယ်တော့ အဲဒီ ဒုက္ခတွေများနေတဲ့ လောကထဲကနေ
ဓမ္မဖြင့် သုခကို ရှာပြီးနေရတာပါ။“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” တရားသိပြီး တရား အတိုင်း
လိုက်နာကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်ပါတယ်။
ဘုရားရှင်က ဓမ္မဖြင့် စိတ်ချမ်းချမ်းသာသာ အသက်ရှည်နိုင်ကြောင်း
ဟောထားတာရှိပါတယ်။ “ဓမ္မပါလဇာတ်”ဆိုတာ လူတိုင်း နီးပါး သိပြီးသားပါ။
“ဘုရားရှင်” ဟာ ခမည်းတော် “သုဒ္ဓေါဓနမင်း” ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဟောခဲ့တာ။
ဒီမှာတော့ ဇာတ်ကြောင်း ကို မပြောတော့ဘူး။
အသက်ရှည်စေတဲ့ တရားလေးကိုပဲ ထုတ်နုတ်ဖော်ပြပေးပါမယ်။
“တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီ
မိဘတွေကို ဘာကြောင့် သူတို့မိသားစုတွေ ငယ်ငယ်နဲ့
မသေကြသလဲဆိုတာကို မေးတော့ မိဘတွေက ဒီလို ဖြေပါတယ်။
ကျွန်ပ်တို့ဟာ.....အချိန်တု
(၁)။ အသက်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျွန်ပ်တို့ဟာ ယုတ်စွအဆုံး အသေးဆုံးသော
သတ္တ၀ါကိုပင် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြတယ်။
(၂)။ သူများရဲ့ ပျော်ရွှင်မှုကို မနာလိုမဖြစ်သလို ၊သူများပိုင်ဆိုင်မှုတွေကိုလည
မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြော
ရှိခိုးနည်းလေးတော့ မှန်စေချင်
မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ်ဘုရား။ တပည့်တော်၏ Page မှာ လူ တစ်ယောက် လာပေးထားလို့ပါ။ သူမေးထားတာက (ရှိခိုးတယ်ဆိုတဲ့ အပြုအမူဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာလား။ မပေါ်ခင်ကတည်းကဆိုရင် ဗုဒ္ဓကို ကိုးကွယ်သူတွေက ဆက်လက်ကျင့်သုံးတာလား။
ဒါမှမဟုတ် ဗုဒ္ဓပေါ်ပြီးကာမှ ပေါ်ပေါက်လာတာလား။ ဟုတ်တယ်ဆိုရင် ရှိခိုးတယ်ဆိုတဲ့အပြုအမူကို
ဖြေ။ ။ ရှိခိုးခြင်းဆိုတဲ့ အပြုအမှုကို ကမ္ဘာဦးခေတ်ကာလကတည်းက ပေါ်လာခဲ့တာပါ။ လူတွေဆိုတာ အကြောက်တရားများ ဖြစ်ပေါ်လာပြီဆိုရင် အားကိုးချင်တဲ့စိတ်၊ မှီခိုချင်တဲ့စိတ်၊ ကယ်တင်မဲ့သူကို လိုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အဲဒါကြောင့် ကမ္ဘာဦးခေတ်ကတည်းက လူတွေဟာ သစ်ပင်၊ တော၊ တောင်စတဲ့အရာတွေကို နည်းမျိုးစုံနဲ့ ကိုးကွယ်ပူဇော်လာကြတာပါ။ သစ်ပင်တွေကို ကိုးကွယ်ကြတော့လည်း သူတို့ရဲ့ ကြောက်လန့်မှု၊ သဘာဝအန္တရာယ်ကျရောက်မှုတွေကနေ
လူတစ်ယောက်ဟာ တစ်ဦးဦးရှေ့မှာ ကြောက်လန့်ပြီ၊ အားကိုးချင်ပြီ၊ ကယ်တင်စေချင်လို့ဖြစ်စေ၊ တစ်ယောက်ယောက်က မိမိထက် အသိပညာ၊ အတတ်ပညာတစ်ခုခု သာလွန်နေလို့ဖြစ်စေ ကြုံလာတဲ့အခါမှာ သူ့အလိုလို ဒူးထောက်မှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီလို ဒူးထောက်မှုကနေ ဦးခေါင်းပါ မြေကြီးပေါ်ကို ကျရောက်လာတာပါပဲ။ ဒီလိုနဲ့ ဒူးထောက်၊ ဦးခေါင်းချခြင်းဆိုတဲ့ ရှိခိုးတဲ့ပုံစံဟာ ပေါ်လာခဲ့တာပါ။
သီလညှိုးတယ်ဆိုတာ ဘယ်လိုဟာပါလဲ
ပဉ္စသီဥပုသ်၊ မယုတ်အားကြိုး
ဤကျင့်ရိုးကား၊ ကောင်းကျိုးကုသိုလ်
မကင်းလိုတည့်၊ နေ့ကိုစောင့်က
နေ့ဖိုရ၏၊ ညလည်းထို့တူ
မှတ်လေမူလော့၊ ဆယ်ဆူသီလ
နိယာမလည်း၊ ကာလပိုင်းခြား
နေ့ရက်အားဖြင့်၊ မမှားမှန်လှ
စောင့်အပ်စွရှင့်
မဃဒေဝ
ဘုရားရှင်၏ သာသနာတော်သည် သီလသမာဓိ ပညာဟူ၍ သုံးပါးသာရှိ၏။ ယင်း
တွင်သီလကား သာသနာတော်၏ အစသာဖြစ်၏။ သာသနာ၏ အစဖြစ်သော
သီလအကြောင်းမျှ မသိရှိ၍ သီလမဖြည့်ကျင့်ပါလျှင် သမာဓိပညာသည် အသို့နည်း။မှန်၏။ သီလအကြောင်းသိသင့်၏။ သီလလည်းဖြည့်သင့်၏။ ယင်းသို့သိသင့်၍ သိချင်သူတစ်ယောက်နှင့် တစ်ခါကတွေ့ခဲ့၍သူကမေး၏။
ဥပုသ်စောင့်ခြင်းနှင့် အကျိုး
ဗုဒ္ဓဘာသာတရားကို နားမလည်တဲ့သူတွေက" ဥပုသ်စောင့်ရင် ထမင်းဆာတာပဲ အကျိုးရ
တယ် " လို့ မရိုမသေပြောတတ်ကြတယ်။
သူတို့က ကုသိုလ် အကုသိုလ် ဆိုတာတွေကိုဘာမှ မသိကြဘူး။
ထမင်းစားလိုတဲ့ လောဘစိတ်တွေကို ပယ်ရှားပြီးကုသိုလ်တွေ ဖြစ်ပွားနေတာကို သူတို့က မသိကြဘူး။
သူတို့သိတာကတော့ အဖျားရောဂါရှိတဲ့သူများမှာထမင်းမကျွေးဘဲထားရင် ရောဂါပျောက်တတ်တယ် "
ဆိုတာမျိုးကြတော့ သူတို့က သိကြတယ်။
အဲဒီမှာလည်း စားချင်လျက်နဲ့ မစားရတော့ ထမင်းဆာတာပါပဲ။ ဒါပေမယ့် အဲဒီလို ဆာတာကတော့ ရောဂါ
ပျောက်ခြင်းအကျိုးရှိတယ် ဆိုတာကို ယုံကြည်ပြီးတော့မကဲ့ရဲ့ကြဘူး။
ချီးမွမ်းတောင် ချီးမွမ်းကြသေးတယ်။ သူတို့ မျက်မှောက် ရုပ်ခန္ဓာ ဖြစ်ပုံလောက် နားလည်ကြတာကိုး။
နောင်တမလွန်နဲ့ နာမ်ခန္ဓာ အကြောင်းလုံးလုံး နားမလည်ရှာကြပဲဟာကိုး။ ဒီတော့ ဒီလို ပြောကြပေမှာပဲ။
အမှန်ကတော့ ဥပုသ်စောင့်တယ် ဆိုတာဟာဖြစ်ပေါ်လာမည့် အကုသိုလ်တွေ ပယ်စွန့်ပြီး
ရှေုင်ကြဉ်ခြင်း သည်းခံခြင်း အစရှိတဲ့ ကုသိုလ်တရားတွေကို နေ့ရောညပါ မပြတ်ပွားနေတာပဲ။
" ရဟန္တာသခင် အရှင်မြတ်တွေဟာ သတ်ခြင်းခိုးခြင်း မေထုန်မှီဝဲခြင်းလိမ်ခြင်း သေရည်သေရက်
သောက်ခြင်း နေ့လွဲညစာ စားခြင်းအစရှိတဲ့အကုသိုလ်တရားတွေကို တစ်သက်ပတ်လုံးပယ်ရှားပြီး
သီတင်းသုံးတော်မူကြပါပေတယ်။
ငါ့မှာ ဒီကနေ့ တစ်ရက်မျှ ဒီအကျင့်ဒီသူတော်ကောင်းတရားတွေကို ကျင့်သုံးနေရပေတယ်။
Thursday, 22 May 2014
စာလုံးဆင့်ဖတ်နည်းလင်္ကာ ပါဠိ
၁။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲဧကန်။
၂။ သဝေလည်းထိုး ၊ တ-သတ်မျိုး ၊ ဖတ်ရိုး စသတ်သံ။
၃။ သဝေလည်းထိုး ၊ န-သတ်မျိုး ၊ ဖတ်ရိုး ငသတ်သံ။
၎။ သဝေရေးချ ၊ သတ်မြင်က ၊ မှတ်ကြ ဝ ဆွဲသံ ။
၅။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊တွေ့လျှင်းက ၊နှစ်ဝတာဝန် ၊ကျေပွန်စေရန် ၊ အသံ အသတ် ယူမြဲ မှတ် ။
၂။ သဝေလည်းထိုး ၊ တ-သတ်မျိုး ၊ ဖတ်ရိုး စသတ်သံ။
၃။ သဝေလည်းထိုး ၊ န-သတ်မျိုး ၊ ဖတ်ရိုး ငသတ်သံ။
၎။ သဝေရေးချ ၊ သတ်မြင်က ၊ မှတ်ကြ ဝ ဆွဲသံ ။
၅။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊တွေ့လျှင်းက ၊နှစ်ဝတာဝန် ၊ကျေပွန်စေရန် ၊ အသံ အသတ် ယူမြဲ မှတ် ။
ဥပမာ ၁. သမန္တာ = သမန်တာ
စက္ကဝါဋေသု = စက်ကဝါ ဋေသု
သဒၶမၼံ = သဒ္ဓမ္မံ
စက္ကဝါဋေသု = စက်ကဝါ ဋေသု
သဒၶမၼံ = သဒ္ဓမ္မံ
ဥပမာ ၂. မေတ္တာ = မစ်တာ
ခေတ္တာရာ = ခစ်တာရာ
သေတ္တာ = သေတ်တာ ( သစ်တာ ဟုဖတ်)
ဥပမာ ၃. ပူရေန္တံ = ပူရေန်တံ ( ပူရင်တံ ) ဟုဖတ်
သမေန္တု = သမေန်တု ( သမင်တု )
ခေတ္တာရာ = ခစ်တာရာ
သေတ္တာ = သေတ်တာ ( သစ်တာ ဟုဖတ်)
ဥပမာ ၃. ပူရေန္တံ = ပူရေန်တံ ( ပူရင်တံ ) ဟုဖတ်
သမေန္တု = သမေန်တု ( သမင်တု )
ဥပမာ ၄. သောတ္ထနာ = သောတ်ထာနံ ( သွတ်ထာနံ )
ဟောန္တု = ဟောန်တု ( ဟွန်တု )
ဟောန္တု = ဟောန်တု ( ဟွန်တု )
ဥပမာ ၅. အမှ = အမ်မှ
တုမှ = တုမ်မှ
တုမှ = တုမ်မှ
သကျ = သက်ကျ
ဝါကျ = ဝါကျ
ဝါကျ = ဝါကျ
စကြာ = စက်ကြာ
အတြာ = အတ်တြာ
ကတွာ = ကတ်တဝါ
ဒတွာ = ဒတ်တဝါ
အတြာ = အတ်တြာ
ကတွာ = ကတ်တဝါ
ဒတွာ = ဒတ်တဝါ
ဗုဒ္ဓဘုရားရှင်၏ခြေတော်ရာများ

ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည် ။
၎င်းတို့မှာ...
(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။
(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။
(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ (တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)ခြေတော်ရာတစ်ဆူ...။
(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ (ဖာယီယန်၏ မှတ်တမ်းအရ) ခြေတော်ရာတစ်ဆူ...။
(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။
(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။
(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ ဆံတော် ရှင် ဓာတ်တော်အနီးရှိ ခြေတော်ရာတစ်ဆူ...။
(၈)မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။ (၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။
(၁၀) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း (မန်းရွှေစက်တော်)၌ အောက်,အထက် ခြေတော်ရာနှစ်ဆူ...။
စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။
မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ သုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ် လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။ ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့ ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင် လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။ ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏ လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟု ဆိုကြသည်။ သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင် ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး တောင်ဖီလာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်...။
Credit by Thakin AungGyi
(၁၀၈) ကွက် ဗုဒ္ဓစက်
မြတ်စွာဘုရား၏ (၁၀၈)ကွက်
စက်လက္ခဏာတော်များ...
(၁) လှံမ The larger spear
(၂) အိမ်မွန် The royal mansion
(၃) ဇလပ်ပန်း The wax flower
(၄) လည်ရေးသုံးဆင့် The three regular lines across the neck
(၅) ဦးဆောက်ပန်း The ornament head band
(၆) ထမင်းပွဲ The tablelaid
(၇) အင်ပျဉ် The royal cot
(၈) ချွန်းတောင်လက်နက် The jevelin
(၉) ပြဿ ဒ် The multitiered roof
(၁၀) တုရိုဏ်တိုင် The archway
(၁၁) ထီးဖြူ The white parasol
(၁၂) သန်လျက် The royal scimitar
(၁၃) ထန်းရွက်ယပ် The palmyra fan
(၁၄) ဥဒေါင်းမြှီးစီးယပ် The fan made of peacock feathers
(၁၅) စာမရီယပ် The whisk made tail of the yak
(၁၆) သင်းကျစ် The frontlet
(၁၇) ပတ္တမြား The ruby
(၁၈) သပိတ် The alms bowel
(၁၉) မုလေးပန်းဆိုင် The garland of jasmine
(၂၀) ကြာညို The brown lotus
(၂၁) ကြာနီ The red lotus
(၂၂) ပဒုမ္မာကြာ The loyered lotus
(၂၃) ကြာဖြူ The white water-lily
(၂၄) ကြာပုဏ္ဏရိတ် The white lotus
(၂၅) ပြည့်သောအိုး The pot full of water
(၂၆) ပြည့်သောဖလား The cup full of water
(၂၇) သမုဒ္ဓရာ The ocean
(၂၈) စင်္ကြဝဠာတောင် The mountain of the universe
စက်လက္ခဏာတော်များ...
(၁) လှံမ The larger spear
(၂) အိမ်မွန် The royal mansion
(၃) ဇလပ်ပန်း The wax flower
(၄) လည်ရေးသုံးဆင့် The three regular lines across the neck
(၅) ဦးဆောက်ပန်း The ornament head band
(၆) ထမင်းပွဲ The tablelaid
(၇) အင်ပျဉ် The royal cot
(၈) ချွန်းတောင်လက်နက် The jevelin
(၉) ပြဿ ဒ် The multitiered roof
(၁၀) တုရိုဏ်တိုင် The archway
(၁၁) ထီးဖြူ The white parasol
(၁၂) သန်လျက် The royal scimitar
(၁၃) ထန်းရွက်ယပ် The palmyra fan
(၁၄) ဥဒေါင်းမြှီးစီးယပ် The fan made of peacock feathers
(၁၅) စာမရီယပ် The whisk made tail of the yak
(၁၆) သင်းကျစ် The frontlet
(၁၇) ပတ္တမြား The ruby
(၁၈) သပိတ် The alms bowel
(၁၉) မုလေးပန်းဆိုင် The garland of jasmine
(၂၀) ကြာညို The brown lotus
(၂၁) ကြာနီ The red lotus
(၂၂) ပဒုမ္မာကြာ The loyered lotus
(၂၃) ကြာဖြူ The white water-lily
(၂၄) ကြာပုဏ္ဏရိတ် The white lotus
(၂၅) ပြည့်သောအိုး The pot full of water
(၂၆) ပြည့်သောဖလား The cup full of water
(၂၇) သမုဒ္ဓရာ The ocean
(၂၈) စင်္ကြဝဠာတောင် The mountain of the universe
Wednesday, 21 May 2014
အဋ္ဌာဝကဘီလူး၏မေးခွန်းများ
ပထမပုစ္ဆာ အမေး
၁. လောကလူ့ရွာမှာ အမြတ်ဆုံးကဘာလဲ
၂. ကောင်းစွာလေ့ကျင့်အပ်သောတရားမှာဘယ်တရားက ချမ်းသာ ကို ဆောင်နိုင်သလဲ
၃. အရသာအပေါင်းတို့မှာ အကောင်းမြတ်ဆုံး အရသာကဘာလဲ
၎.အသက်မွေးမှုအပေါင်းတို့မှာ အမြတ်ဆုံးအသက်မွေးမှုကဘာလဲ
၁. လောကလူ့ရွာမှာ အမြတ်ဆုံးကဘာလဲ
၂. ကောင်းစွာလေ့ကျင့်အပ်သောတရားမှာဘယ်တရားက ချမ်းသာ ကို ဆောင်နိုင်သလဲ
၃. အရသာအပေါင်းတို့မှာ အကောင်းမြတ်ဆုံး အရသာကဘာလဲ
၎.အသက်မွေးမှုအပေါင်းတို့မှာ အမြတ်ဆုံးအသက်မွေးမှုကဘာလဲ
မြတ်စွာဘုရား အဖြေ
အိုအဋ္ဌာဝက
အိုအဋ္ဌာဝက
၁.အမြတ်ဆုံးဥစ္စာကား ရတနာသုံးပါး ကိုယုံကြည်သော သဒ္ဒါတရား ။
၂.ကောင်းစွာလေ့ကျင့်အပ်သောတရားအပေါင်းမှာ ကုသိုလ် ကမ္မပထတရား ဆယ်ပါးဟာချမ်းသာကိုဆောင်နိုင်တယ် ။
၃.အရသာအပေါင်းတို့မှာ နိဗ္ဗာန် ဆိုတဲ့ပရမ္မတသစ္စာနဲ့ ဝစီသစ္စာတို့ဟာ အကောင်းမြတ်ဆုံး။
၎.အသက်မွေးခြင်းတကာတို့မှာ ပညာဖြင့်အသက်မွေးခြင်း ဟာအမြတ်ဆုံးပါပဲ ။
၂.ကောင်းစွာလေ့ကျင့်အပ်သောတရားအပေါင်းမှာ ကုသိုလ် ကမ္မပထတရား ဆယ်ပါးဟာချမ်းသာကိုဆောင်နိုင်တယ် ။
၃.အရသာအပေါင်းတို့မှာ နိဗ္ဗာန် ဆိုတဲ့ပရမ္မတသစ္စာနဲ့ ဝစီသစ္စာတို့ဟာ အကောင်းမြတ်ဆုံး။
၎.အသက်မွေးခြင်းတကာတို့မှာ ပညာဖြင့်အသက်မွေးခြင်း ဟာအမြတ်ဆုံးပါပဲ ။
ဒုတိယပုစ္စာများ
အိုမြတ်စွာဘုရား
၁.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသြဃကို ကူးမြောက်နိင်သလဲ ။
၂.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသမုဒ္ဒရာကို ကူးမြောက်နိင်သလဲ ။
၃.အဘယ်တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်နိုင်သလဲ။
၎.အဘယ်တရားဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်သလဲ
အိုမြတ်စွာဘုရား
၁.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသြဃကို ကူးမြောက်နိင်သလဲ ။
၂.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသမုဒ္ဒရာကို ကူးမြောက်နိင်သလဲ ။
၃.အဘယ်တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်နိုင်သလဲ။
၎.အဘယ်တရားဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်သလဲ
မြတ်စွာဘုရား အဖြေ
အိုအဋ္ဌာဝက
၁. သံသရာအယဉ် ဟူသောသြဃကို ယုံကြည်မှု့သဒ္ဒါတရားဖြင့် ကူးမြောက်နိုင်တယ်။
၂. သံသရာအယဉ် ဟူသော သမုဒ္ဒရာ ကိုမမေ့မလျှော့သော အပ္ပမာဒတရားဖြင့် ကူးမြောက်နိုင်တယ်။
၃.ကာမဂုဏ်ဆင်းရဲကို ဝီရိယဖြင့်လွန်မြောက်နိုင်တယ်။
၎.ပညာဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်တယ်။
အိုအဋ္ဌာဝက
၁. သံသရာအယဉ် ဟူသောသြဃကို ယုံကြည်မှု့သဒ္ဒါတရားဖြင့် ကူးမြောက်နိုင်တယ်။
၂. သံသရာအယဉ် ဟူသော သမုဒ္ဒရာ ကိုမမေ့မလျှော့သော အပ္ပမာဒတရားဖြင့် ကူးမြောက်နိုင်တယ်။
၃.ကာမဂုဏ်ဆင်းရဲကို ဝီရိယဖြင့်လွန်မြောက်နိုင်တယ်။
၎.ပညာဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်တယ်။
တတိယပုစ္စာများ
အိုမြတ်စွာဘုရား
အိုမြတ်စွာဘုရား
၁.အဘယ်သို့သောသူသည်ပညာရသလဲ။
၂.အဘယ်သို့သောသူသည်ဥစ္စာကိုရသလဲ။
၃.အဘယ်တရားဖြင့်ကျော်စောခြင်းသို့ေ၇ာက်သလဲ။
၎.အဘယ်တရားဖြင့်အဆွေခင်ပွန်းကို ရသလဲ ။
၅.အဘယ်သူသည်သေသည်၏နောက် တမလွန်၌ မစိုးရိမ်ရသလဲ။
၂.အဘယ်သို့သောသူသည်ဥစ္စာကိုရသလဲ။
၃.အဘယ်တရားဖြင့်ကျော်စောခြင်းသို့ေ၇ာက်သလဲ။
၎.အဘယ်တရားဖြင့်အဆွေခင်ပွန်းကို ရသလဲ ။
၅.အဘယ်သူသည်သေသည်၏နောက် တမလွန်၌ မစိုးရိမ်ရသလဲ။
မြတ်စွာဘုရား အဖြေ
အိုအဋ္ဌာဝက
၁.မမေ့လျှော့သောပညာရှိသည် နိဗ္ဗာန် ရောက်ကြောင်းတရားကို နာကြားသည်ဖြစ် ၍ပညာကိုရ၏။
၂.လျှောက်ပတ်သောအမှုကို ပြုလုပ်ရန် ဝီရိယရှိသူသည် ဥစ္စာကိုရ၏
၃.မှန်သောစကားဖြင့်ကြော်စောခြင်းသို့ရောက်၏
၎.ပေးကမ်းခြင်းဖြင့်အဆွေခင်ပွန်းကိုရ၏
၅.မှန်ကန်မှု့သစ္စာ ၊ ပညာရကြောင်းဓမ္မ ၊အားထုတ်မှု ဓီတိ ၊စွန့်ကြဲမှု စာဂ ဤလေးပါးတရားတို့နှင့် ပြည့်ဆုံသောသူသည် နောင်တမလွန်ဘဝ၌ မစိုးရိမ်ရသူ ဖြစ်ပေ၏
အိုအဋ္ဌာဝက
၁.မမေ့လျှော့သောပညာရှိသည် နိဗ္ဗာန် ရောက်ကြောင်းတရားကို နာကြားသည်ဖြစ် ၍ပညာကိုရ၏။
၂.လျှောက်ပတ်သောအမှုကို ပြုလုပ်ရန် ဝီရိယရှိသူသည် ဥစ္စာကိုရ၏
၃.မှန်သောစကားဖြင့်ကြော်စောခြင်းသို့ရောက်၏
၎.ပေးကမ်းခြင်းဖြင့်အဆွေခင်ပွန်းကိုရ၏
၅.မှန်ကန်မှု့သစ္စာ ၊ ပညာရကြောင်းဓမ္မ ၊အားထုတ်မှု ဓီတိ ၊စွန့်ကြဲမှု စာဂ ဤလေးပါးတရားတို့နှင့် ပြည့်ဆုံသောသူသည် နောင်တမလွန်ဘဝ၌ မစိုးရိမ်ရသူ ဖြစ်ပေ၏
သာဓုသာဓုသာဓု
credit to Dr Mintinmon
Tuesday, 20 May 2014
၅၂၈ သွယ်မေတ္တာပွားပုံ
၁. အနောဓိတမေတ္တာ ၅မျိုး
၁။ သဗ္ဗေသတ္တာ = အလုံးစုံသောသတ္တဝါအပေါင်းတို့သည်
၂။ သဗ္ဗေပါဏာ = အလုံးစုံသော ထွက်သက်ဝင်သက် ရှိသည့် သတ္တဝါအပေါင်းတို့သည်
၃။ သဗ္ဗေဘူတာ = အလုံးစုံသော ကိုယ်ထင်ရှားရှိသည့် သတ္တ၀ါအပေါင်းတို့သည်
၎။ သဗ္ဗေပုဂ္ဂလာ = အလုံးစုံသော ပုဂ္ဂိုလ်အပေါင်းတို့သည်
၅။ သဗ္ဗေအတ္တဘာဝပရိယာပန္နာ = အလုံးစုံသော ခန္တာကိုယ် အတ္တဘော ရှိသူအပေါင်းတို့သည်
၁။ သဗ္ဗေသတ္တာ = အလုံးစုံသောသတ္တဝါအပေါင်းတို့သည်
၂။ သဗ္ဗေပါဏာ = အလုံးစုံသော ထွက်သက်ဝင်သက် ရှိသည့် သတ္တဝါအပေါင်းတို့သည်
၃။ သဗ္ဗေဘူတာ = အလုံးစုံသော ကိုယ်ထင်ရှားရှိသည့် သတ္တ၀ါအပေါင်းတို့သည်
၎။ သဗ္ဗေပုဂ္ဂလာ = အလုံးစုံသော ပုဂ္ဂိုလ်အပေါင်းတို့သည်
၅။ သဗ္ဗေအတ္တဘာဝပရိယာပန္နာ = အလုံးစုံသော ခန္တာကိုယ် အတ္တဘော ရှိသူအပေါင်းတို့သည်
၂. သြဓိသမေတ္တာ ခုနစ်မျိုး
၁။ သဗ္ဗာက္ကုတ္ထိယော = အလုံးစုံသော မိန်းမ. အပေါင်းတို့သည်
၂။ သဗ္ဗေပုရိသော = အလုံးစုံသော ယောကျားင်္ အပေါင်းတို့သည်
၃။ သဗ္ဗေအ၇ိယာ = အလုံးစုံသော အရိယာ အပေါင်းတို့သည်
၎။ သဗ္ဗေအနရိယာ = အလုံးစုံသော ပုထုဇဉ် အပေါင်းတို့သည်
၅။ သဗ္ဗေဒေဝါ = အလုံးစုံသော နတ်ဗြဟ္မာ အပေါင်းတို့သည်
၆။ သဗ္ဗေမနုသာ = အလုံးစုံသော လူ အပေါင်းတို့သည်
၇။ သဗ္ဗေဝိနိပါတိကာ = အလုံးစုံသော အပါယ်သတ္တဝါ အပေါင်းတို့သည်
၃. မေတ္တာပွားနည်းလေးချက်
၁။ အဝေရာဟောန္တု = ဘေးရန်ကင်းကြပါစေ
၂။ အဗျာပဇ္ဇျာဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ
၃။ အနိဃာဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ
၎။ သုခီအတ္တာနံပရိဟရန္တု = ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလွယ်ကူစွာဖြင့် မိမိတို့၏ ခန္တာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ
မေတ္တာစွမ်းအင် နင့် ကမ္မဋ္ဌာန်းစွမ်းအင်
မေတ္တာဈာန်ကိုမှီဝဲခဲ့သည်ရှိသော်
၁.ချမ်းသာစွာအိပ်ရ၏
၂.ချမ်းသာစွာအိပ်ရာမှ နှိုးရ၏
၃.အိမ်မက်ဆိုးကို မမြင်မက်ရပေ
၎.လူသားတွေကချစ်မြတ်နိုးရ၏
၅.နတ်တွေကချစ်မြတ်နိုးရ၏
၆.နတ်တို့ကစောင့်ရှောက်ပေး၏
၇.ထိုမေတ္တာဈာန် ဝင်စားနိုင်သူ၏ သန္တာန်၍မီးလည်းမလောင် နိုင် အဆိပ်လည်းမသင့်နိုင် လက်နက်ခည်းမကျရောက်နိုင်
၈.စိတ်သည်လျှင်မြန်စွာ တည်ကြည်၏
၉.မျက်နှာရောင်အဆင်းသည် ကြည်လင်ရှင်းသန့်၏
၁၀.မတွေမဝေသေရ၏
၁၁.မေတ္တာ ဈာန်ထက် သာလွန်မြင့်မြတ်သည့် အရိယမဂ်ဥာဏ်ဖိုလ်ဥာဏ် ကိုထိုးထွင်းမသိခဲ့သည်ရှိသော် သေသာ်၏အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏ .
၁.ချမ်းသာစွာအိပ်ရ၏
၂.ချမ်းသာစွာအိပ်ရာမှ နှိုးရ၏
၃.အိမ်မက်ဆိုးကို မမြင်မက်ရပေ
၎.လူသားတွေကချစ်မြတ်နိုးရ၏
၅.နတ်တွေကချစ်မြတ်နိုးရ၏
၆.နတ်တို့ကစောင့်ရှောက်ပေး၏
၇.ထိုမေတ္တာဈာန် ဝင်စားနိုင်သူ၏ သန္တာန်၍မီးလည်းမလောင် နိုင် အဆိပ်လည်းမသင့်နိုင် လက်နက်ခည်းမကျရောက်နိုင်
၈.စိတ်သည်လျှင်မြန်စွာ တည်ကြည်၏
၉.မျက်နှာရောင်အဆင်းသည် ကြည်လင်ရှင်းသန့်၏
၁၀.မတွေမဝေသေရ၏
၁၁.မေတ္တာ ဈာန်ထက် သာလွန်မြင့်မြတ်သည့် အရိယမဂ်ဥာဏ်ဖိုလ်ဥာဏ် ကိုထိုးထွင်းမသိခဲ့သည်ရှိသော် သေသာ်၏အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏ .
Subscribe to:
Posts (Atom)
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။







