@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 20 May 2014

မေတ္တာ​စွမ်းအင်​ နင့်​ ကမ္မဋ္ဌာန်းစွမ်းအင်

မေတ္တာဈာန်​ကိုမှီဝဲခဲ့သည်​ရှိ​သော်
၁.ချမ်းသာစွာအိပ်​ရ၏
၂.ချမ်းသာစွာအိပ်​ရာမှ နှိုးရ၏
၃.အိမ်​မက်​ဆိုးကို မမြင်​မက်​ရ​ပေ
၎.လူသား​တွေကချစ်​မြတ်​နိုးရ၏
၅.နတ်​​တွေကချစ်​မြတ်​နိုးရ၏
၆.နတ်​တို့က​စောင့်​​ရှောက်​​ပေး၏
၇.ထို​မေတ္တာဈာန်​ ဝင်​စားနိုင်​သူ၏ သန္တာန်​၍မီးလည်းမ​လောင်​    နိုင်​ အဆိပ်​လည်းမသင့်​နိုင်​ လက်​နက်​ခည်းမကျ​ရောက်​နိုင်
၈.စိတ်​သည်​လျှင်​မြန်​စွာ တည်​ကြည်​၏
၉.မျက်​နှာ​ရောင်​အဆင်းသည်​ ကြည်​လင်​ရှင်းသန့်​၏
၁၀.မ​တွေမ​ဝေ​သေရ၏
၁၁.​မေတ္တာ ဈာန်​ထက်​ သာလွန်​မြင့်​မြတ်​သည့်​ အရိယမဂ်​ဥာဏ်​ဖိုလ်​ဥာဏ်​ ကိုထိုးထွင်းမသိခဲ့သည်​ရှိ​သော်​ ​သေသာ်​၏အခြားမဲ့၌ ဗြဟ္မာ့ပြည်​သို့ လား​ရောက်​ရ၏ .


သတ္တ၀ါ တို့ကို ဖျက်​စည်းလိုသည့်​ ​ဒေါသ စငည့်​ ဆန့်​ကျင်​ဘက်​ ကိ​လေသာတို့မှ လွတ်​​မြောက်​​ကြောင်းဖြစ်​သည့်​ ​ ​မေတ္တာ​စေ​တောဝိမုတ္တိ အမည်​ရသည့်​ ​မေတ္တာဈာန်​ကို မှီဝဲခဲ့သည်​ရှိ​သော်​ ၊ ပွားများရသည်​ရှိ​သော်​ ၊ ကြိမ်​ဖန်​များစွာအ​လေ့အလာပြုခဲ့သည်​ရှိ​သော်​  ၊မှိရာဝထ္တုကဲ့သို့ပြုထားခဲ့သည်​ရှိ​သော်​ ၊​ကောင်းစွာပွားများအားထုတ်​ခဲ့သည်​ရှိ​သော်​ ထို အကျိုး ၁၁ မျိုးကို အမှန်​တကယ်​ ရလိမ့်​မည်​ ဟု ​မျှော်​လင့်​အပ်​​ကုန်​၏ ။

ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ကိုပွားများအားထုတ်​​သော ရဟာန်း​တော်​သည်
၁.ဘုရားရှင်​အ​ပေါ်၌ ရို​သေ​လေးစား ကြည်​ညိုမြတ်​နိုး​သော စိတ်​ထားရှိ၏ ။
၂.သဒ္ဒါ၏ကြီးကကျယ်​ ပြန့်​​ပြောခြင်း ၊သတိ၏ကြီးကျယ်​ပြန့်​​ပြောခြင်း ၊ ပညာ၏ကြီးကျယ်​ပြန့်​​ပြောခြင်း ၊ ​              ကောင်းမှုကုသိုလ်​၏ ကြီးကျယ်​ပြန့်​​ပြောခြင်းကိုလည်း ရနိုင်​၏ ၃.နှစ်​သက်​ဝမ်း​မြောက်​ခြင်း ပီတိပါ​မောဇ္ဇတရား  များပြား၏
၎.ထိန်​လန့်​ကြောက်​မက်​ဖွယ်​ ​ဘေးအသွယ်​သွယ်​ကိုလည်း သည်းခံနိုင်​၏ ၊ ဆင်းရဲဒုက္ခ အဝဝကိုလည်း သည်းခံနိုင်​​သော စွမ်းအားရှိ၏ ။
၅.ဘုရားရှင်နှင့်​အတူ ​နေထိုင်​ရခြင်းအမှတ်​သညာကိုရရှိနိုင်​၏
၆.ဗုဒ္ဓ နုဿတိ စိတ်​ထားဖြင့်​လွှမ်းမိုးလျှက်​ ​နေထိုင်​​နေနိုင်​​သော ​ယောဂီ ပုဂ္ဂိုလ်​၏ ခန္ဓာသည်​လည်း ​စေတီအိမ်​ကဲ့သို့ပှု​ဇော်​ထိုက်​၏ ။
၇.ဘုရားအဖြစ်​တည်းဟူ​သော ဗုဒ္ဓ ဘုံ၌ စိတ်​ဓာတ်​သည်​ ညွှတ်​ကိုင်းရှိုင်းတတ်​၏။
၈.သီလကို လွန်​ကျူးဖို့ရန်​အ​ကြောင်းဝထ္တုနှင့်​ ဆုံဆည်းသည့်​အခါ ထို​ယောဂီသူ​တော်​​ကောင်း၏ မျက်​​မှောက်​ဝယ်​ ဘုရားရှင်​ကို ဖူး​မြင်​ရသကဲ့ သို့ဖြစ်​ကာ သီလကို ချိုး​ဖောက်​ရန်​ ရှက်​ခြင်း​ကြောက်​ခြင်း ဟိရိသြတ္တပ္ပတရားသည်​ ​ရှေ့ရှု့တည်​လာ၏။
၉.အထက်​ဖြစ်​​သော အရိယမဂ်​ဥာဏ်​ကို ထိုးထွင်း၍ မသိ​သေးခဲ့​သော်​ သံသရာ ခရီးကိုဆက်​ရန်​ ရှိ​နေ​သေးလျှင်​ သုဂတိ သံသရာ ခရီးက ထိုသူ​တော်​​ကောင်းကို ဆီးကြိုဖိတ်​​ခေါ်လျှက်​ရှိ​ပေသည်​ ။

copy from Pauksayartaw dhamma book  

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated