@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Thursday, 15 May 2014
အဟောင်းစားသူ
ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိပြည် မိဂါရသူဌေးကြီးထံမှာ ပုဏ္ဏ၀ဍ္ဎနအမည်ရှိတဲ့ သားတယောက်ရှိပါတယ် အဲဒီသူဌေးသားကလေး အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ သတို့သမီး အလိုရှိခဲ့ကြပါသတဲ့။ မိဘတွေဟာ လက္ခဏာဗေဒင်တတ်တဲ့ ပုဏ္ဏား ရှစ်ယောက်ကို သူတို့ကိုယ်စား အနယ်နယ်အရပ်ရပ်ကိုလွှတ်ပြီး ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတဲ့ သတို့သမီး အရှာခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ပုဏ္ဏားရှစ်ယောက်ဟာ သာကေတမြို့ကို ရောက်ရှိလာကြပါတယ်။ တမန်တော် ပုဏ္ဏားတွေဟာ ရေဆိပ်မှာထိုင်ပြီး သာကေတသူ ပျိုပျိုရွယ်ရွယ်တွေကို ကြည့်လို့ ဘယ်သူများ သူတို့သူဌေးသားလေးနဲ့ သင့်တော်မလဲလို့ ရှာဖွေခဲ့ကြတာပေါ့။
သာကေတမြို့ သူ ၀ိသာခါနဲ့ အဖွဲ့ဟာလည်း ရေဆိပ်မှာ ရောက်နေချိန်မို့ ပုဏ္ဏားတွေရဲ့ မျက်စိထဲမှာ ၀ိသာခါရဲ့  အလှဟာ ထင်းခနဲ မြင်သာနေခဲ့တာပေါ့။ ဖြစ်ချင်တော့ ဒီအချိန်မှာ မိုးတွေ လေတွေ ၀ုန်းခနဲ ရွာချပါတယ်။ အားလုံး ပြေးကြ လွှားကြ ဖြစ်ကုန်ကြပေမယ့် ဣနြေ္ဒကြီးတဲ့ ၀ိသာခါကတော့ ဣနြေ္ဒအပျက်မခံဘဲ မိုးခိုဇရပ်ရှိရာကို အေးအေးဆေးဆေး လှမ်းလာခဲ့ပါတယ်။ ပုဏ္ဏားတွေဟာ ကောင်းခြင်းငါးဖြာနဲ့ ပြည်စုံတဲ့ ၀ိသာခါကို သူတို့သူဌေးသားရဲ့  ဇနီးလောင်းအဖြစ် 
ရွေးချယ်ကမ်းလှမ်းခဲ့ရာမှ ၀ိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီး လက်ခံခဲ့ပါတယ်။
"မင်္ဂလာရှိသော နေအိမ်"
မိမိတို့ အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ ပါ
အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။
(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊
ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်
စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။
(၂) မြတ်စွာဘုရားကို ဖူးတွေ့ ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်
ပို၍ ယုံကြည်မှု လေးနက်လာသည်။
(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု
ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ
ရှိလာသည်။
(၄) ကုသိုလ်တရားများ တိုးပွားလာသည်။
(၅) စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားစင် ဘုရားရှင် ရှေ့ တော်သို့ 
သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့်
အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။
အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး
စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာပါသည်။
(၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏
အနှောက်အယှက်များမှ ကင်းပြီး မကြောက်မရွံ့  နေနိုင်ပါသည်။
(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။
(၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်း
သုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ်ကျက်သရေ၊
လူ့ ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။
(ဗုဒ္ဓဘာသာကောင်း တစ်ယောက် မှ)
Credit to - အနှိုင်းမဲ့ အရိပ်
ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်ရာများ <===
ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဉာဏ်(မျက်စိ)ကြည်လင်ခြင်း
ဆွမ်းအကျိုး ငါးပါး
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဉာဏ်ပညာကြီးခြင်း
ပန်းလှူရသည့် အကျိုးသုံးပါး
၁။ ရုပ်ရှည်လှပသည်။
၂။ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်သည်။
၃။ ခံတွင်းအနံ့ မွှေးကြည်စေသည်။
သီလရှိသူရနိုင်သော အကျိုး ငါးပါး
၁။ စည်းစိမ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။
မေတ္တာ ပွား
" အိပ်, နိုး ချမ်းသာ၊ ကောင်းစွာ အိပ်စက်၊ ချစ်လျက် လူနတ်၊ စောင်.ကြပ် နတ်များ၊ မီး-ဆိပ်-ဓါးတို.၊ ရှောင်ရှား ကိုယ်မှာ၊ လျင်စွာ စိတ်တည်၊ ရွှင်ကြည် မျက်နှာ၊ သေခါ မသွေ၊ လားလေဗြဟ္မာ၊ ဆယ်.တစ်ဖြာသည်၊ မေတ္တာ ပွားမူ ကောင်းကျိုးတည်း "
အမှတ်စဉ်ရေတွက်လျှင် ၁၁ မျိုးကိုက်ညီအောင် အခုလို အမှတ်စဉ် ထိုးကြည့်မိပါတယ်။ (မှားနေပါကလည်း ပြင်ပေးကြပါဦးနော်။)
၁။ ချမ်းသာစွာ အိပ် စက်ရခြင်း
၂။ ချမ်းသာစွာ နိုး ထရခြင်း
၃။ အိပ်မက် အဆိုးများ မမက်ပဲ အကောင်းသာမက်ခြင်း
၎။ လူ တို့ကချစ်ခင်ခြင်း
၅။ နတ်တို့က ချစ်ခင်ခြင်း
၆။ နတ်တို့က စောင့်ရှောက်ပေးခြင်း
၇။ မီးဘေး၊ အဆိပ်သင့်ခြင်းဘေး၊ ဓါးလှံလက်နက်ဘေး တို့ ကိုယ်တွင်မကပ်ငြိပဲ လွတ်ကင်းစေခြင်း
၈။ စိတ် တည်ကြည်မှု လျှင်မြန် စွာ ရရှိလွယ်ခြင်း
၉။ မျက်နှာ သွင်ပြင် ကြည်လင်ရွှပြ လန်းဆန်းနေခြင်း
၁၀။ တွေဝေသတိမေ့လျော့မှုမရှိပဲ သေဆုံးရခြင်း(သေခါမတွေ)
၁၁။ သေလွန်ပြီးနောက် ဗြဟ္မာဘုံသို့ ရောက်စေနိုင်ခြင်း
အပယ်မကျနိုင်တဲ့ ကုသိုလ်(၇)မျိုး
(၁) ဘုရား တရား သံဃာ သံရဏဂုံသုံးပါး စွဲမြဲတဲ့ပုဂ္ဂိုလ်
(၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်
(၃) အာရုံဆွမ်း နေဆွမ်း နေ့စဉ် လှူဒါန်းတဲ့ပုဂ္ဂိုလ်
(၄) စာရေးတံမဲ လှူဒါန်းတဲ့ ပုဂ္ဂိုလ်
(၅) ၀ါဆိုသင်္ကန်းလှူဒါန်းတဲ့ ပုဂ္ဂိုလ်
(၆) ရေတွင်းရေကန် လှူဒါန်းတဲ့ ပုဂ္ဂိုလ်
(၇) ကျောင်းဆောင်လှူဒါန်းတဲ့ ပုဂ္ဂိုလ်
အဲဒီပုဂ္ဂိုလ်များ သေရင် အပယ်မကျပါဘူး ဆရာတော်အရှင်ဇ၀နဟောကြားတဲ့ ဗုဒ္ဓဘာသာအခြေခံ တရားတော်များထဲမှာ နားကြားရလို့ ပြန်လည်မျှဝေလိုက်ပါတယ် လှူတဲ့အခါမှာစိတ်ထားတက်ဖို့တော့လိုပါတယ်ခင်ဗျာ
ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ
ပစ္ပုပ္ပန်ကို အသုံးချတတ်စေ
“ယနေ့ လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ။ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ”
အလွယ်ကြိုက်သူများသတိထား
“လောက၌ သတ္တ၀ါတို့သည် အရာရာ၌ပင် အလွယ်ကြိုက်တတ်၏။ ရွှေငွေစသော ရတနာတို့ကို သူသူငါငါ နေ့ရောညဥ့်ပါ ရရှိအောင် ကြံဆောင် အားထုတ်ကြသော်လည်း ကြံတိုင်းမရနိုင်။ ရရှိဖို့ရန် ခဲယဉ်းလှသည်ကို သိကြပါလျက် အချို့လူလိမ်များက ရွှေတစ်ကျပ်သားရှိလျှင် အလွယ်နှင့် နှစ်ကျပ်သား ဖြစ်စေမည် စသည်ဖြင့် အလွယ်လမ်းကို ၀ါကြွားလှည့်ဖြားပြောဆိုလိုက်လျှင် အလွန်တရာအားရ၍ ရှိသမျှ ရွှေတိုငွေစကလေးများကို လှည့်ဖြားယူဆောင်သွားသောအခါ ရွှေလိမ်ငွေလိမ် မိသည့်အတွက် များစွာ သောကရောက်ကြရ၏။ ထိုသို့ရောက်ရခြင်းမှာ အလွယ်ကြိုက်မိသောကြောင့် ဖြစ်သည်။ အလွန်တရာ ရခဲလှသည့် မဂ်ဖိုလ်တရားနှင့်စပ်၍လည်း အလွယ်ကြိုက်တတ်သူတို့အတွက် မြှိုက်တတ်လိမ်တတ်သည့် ဆရာများ ရှိတတ်ပေသည်”
မိမိကိုယ်ကို အားကိုးသူဟူသည်
“မိမိကိုယ်ကို အားကိုးပြုနေတတ်သူသည် အရာရာ၌ လွတ်လပ်သည်။ စိတ်ဓာတ်အားခိုင်၍ လောကဓံကို ခံနိုင်စွမ်းရည် ရှိသည်”
မိုးကုတ်ဆရာတော်ဘုရားကြီး၏ဆုံးမသြ၀ါဒများ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များမှာ...........ဒီလိုမျိုး တရား သံဝေဂတွေ ပွားရပါတယ်........
၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ.။
၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၎။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုး နည်းလိမ့်မည်။
၅။ မနေ.ကထက် ယနေ. သေဖို. တစ်ရက်နီးသွားပြီ။
၆။ မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်းနာနိုင်သည်။ သေလည်း သေနိုင်သည်။
၇။ ခန္ဓာ၏ ဝတ္တရားက အသေရှာတာ၊ ဉာဏ်၏ ဝတ္တရားက အသေရှောင်တာ။
၈။ အသေမဦးမီ ဉာဏ်ဦးစီးပြီး ဝိပဿနာတရား အားထုတ်ပါ။
၉။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။
၁၀။ သာသနာနဲ.ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်မယ်။
၁၁။ ကိစ္စဟူသရွေ. မဂ်တား- ဖိုလ်တားလို. မှတ်ပါ။
၁၂။ တဏှာ- လောဘ ခိုင်းတာလုပ်နေလျှင် သေတဲ့အခါ အပါယ်ရောက်မယ်။
၁၃။ အဝိဇ္ဇာ - တဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
၁၄။ အလကားနေသရွေ.၊ အအားနေသရွေ. အမှားနဲ.နေခြင်းလို. မှတ်ပါ။
၁၅။ တဏှာကို အဖော်မလုပ်ဘဲ ဉာဏ်ကို အဖော်လုပ်ပါ။
၁၆။ ရက်ရာဇာ၊ ပြဿဒါး ရက်မရွေးနဲ.၊ သူတော်ကောင်း အလုပ် လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာအချိန်လို. မှတ်ပါ။
ဆိုးနေတဲ့ကံကို ပြုပြင်နည်း
သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရ ပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့...
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ
တို့ ဖြစ်ပါတယ်။
အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။
ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။
 ဒါန
ပထမဆုံးကုသိုလ်က ဒါနပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။
ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိမရှိ သိချင်သူများအတွက်
၁။ ဦးဇင်းကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါသလား ၊
၂။ လူကိုနတ်ကစောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ကိုက်ညီမှုရှိပါသလား ၊
၃။ တကယ်လို့ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင်ဘယ်လိုမျိုးပုံစံနဲ့ လူကိုစောင့်ရှောက်ပေးပါသလဲ ၊
၎။ သူဟာလူ့ခန္ဓာကိုယ်ထဲမှာ နေတာပါလားပြင်ပမှာ သီးခြားနေတာပါလားဆိုတာကို
ဘုရားတပည့်တော်ကိုသနားစောင့်ရှောက်ချီးမြှောက်သောအားဖြင့်ဖြေကြားပေးတော်မူပါဘုရား ။ ။
မေးခွန်းတွေကများလိုက်တာ။ ဦးဇင်းခပ်တိုတိုနဲ့ လိုရင်းပဲဖြေပေးလိုက်ပါတယ်။
ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်။
“မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပဌမဦးစွာ သိ၏။
ထို့နောက်သူ၏ ကိုယ်စောင့်နတ်သိ၏။ထို့နောက် သူတစ်ပါး၏ စိတ်ကိုဖောက်ထွင်းပြီး သိနိုင်တဲ့တန်ခိုးရှင်များသိကြ၏”လို့
ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္ဍ အဖွင့်မှာပါတဲ့ဒီစကားရပ်ကို ထောက်ပြီးတော့ကိုယ်စောင့်နတ် တကယ်ရှိတယ်ဆိုတာသိရပါတယ်။
ဒီစကားရပ်ကိုထောက်ပြီးတော့လူကို နတ်စောင့်တယ်ဆိုတာဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါတယ်။
အခြားသောအထောက်အထား ကျမ်းကိုးကျမ်းကားထုတ်ပြစရာတွေအများကြီးရှိပေမယ့် သိသာရုံမျှဒီလောက်နဲ့ပဲ ကျေနပ်တော်မူကြပါ။
ယုံကြည်ချက် သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း၏ အကျိုးတရား
 Photo: ၁။ ယုံကြည်ချက် သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း၏ အကျိုးတရား
ချစ်သားရဟန်းတို့ ...။ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အ
ပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားဖြင့် အလှူဒါနကို ပေးလှူခြင်းကြောင့် အကြင်
အကြင် ဘုံဘ၀၌ ထိုအလှူဒါန၏ တစ်နည်း ထို အလှူဒါန ကောင်းမှု ကုသိုလ်
ကံ စေတနာ၏ အကျိုးတရားသည် ဖြစ်ပေါ်၍လာ၏။ အကျိုးတရား ဖြစ်ပေါ်
လာရာ ထိုထိုဘုံဘ၀၌ ကြွယ်ဝချမ်းသာသည်လည်း ဖြစ်၏။ များပြားသော ဥစ္စာ
နှစ် ရှိသည်လည်းဖြစ်၏။ များပြားသော အသုံးအဆောင်ရှိသည်လည်း ဖြစ်၏။
ဘယ်ဒါနမဆိုပါဘဲ၊ ဒါနရဲ့စွမ်းအားက ‘ဒါနတောဘောဂ၀ါ’ ဆိုတဲ့အတိုင်း ဒီဒါန
ကြောင့် အကျိုးတရားတွေကတော့ ကြွယ်ဝချမ်းသာတဲ့ အကျိုး, စည်းစိမ်ဥစ္စာ
ပေါများတဲ့အကျိုး ဆိုတာကတော့ ရရှိမှာ ဧကန် ဖြစ်ပါတယ်။ သံသရာခရီး ဆို
တာလည်း ထင်ရှား ရှိနေကြမယ်, ဒီကံတွေကလည်း ရင့်ကျက်လာပြီ ဆိုရင်
တော့ တစ်နေ့ ဒီလိုအကျိုးမျိုးကို ပေးမှာပဲ။ သို့သော် ဒီနေရာမှာ ယုံကြည်ချက်
သဒ္ဓါတရားနှင့် ပေးလှူလိုက်တဲ့ အလှူဒါနကြောင့် ဒီအကျိုးတွင် ရမလားဆို
တော့ မကသေးဘူးနော်။
အလွန် ရုပ်အဆင်းလှသည်လည်းဖြစ်၏။ ရှုချင်စဖွယ် ရှိသည်။ ကြည်ညိုဖွယ်
ဂုဏ်ကို ဆောင်နိုင်သည်။ လွန်မြတ်သော အဆင်းလုံးရပ် သဏ္ဌာန်နှင့် ပြည့်စုံ
သည် ဖြစ်၏။
ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပေါ်၌ ယုံကြည်ချက် သဒ္ဓါ
တရား, စိတ်ကြည်နူးမှု သဒ္ဓါတရား အပြည့်အ၀ဖြင့် ပေးလှူလိုက်တဲ့အတွက် ဒီ
ဒါနက အကျိုးပေးတဲ့ ဘုံဘ၀မှာ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာရုံတွင်မက ထို
ပုဂ္ဂိုလ်ဟာ ရုပ်အဆင်းက အလွန် လှပတင့်တယ်တယ်။ ကြည့်ရှုဖွယ်သိပ်
ကောင်းတယ်။ ကြည့်လို့ သိပ်ကောင်းတယ်။ သူ့ကို ကြည့်လိုက်လျှင် စိတ်ထဲ
မှာ ကြည်လင်လာတယ်။ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တဲ့ ရုပ်အဆင်း ဥပဓိ
သမ္ပတ္တိနှင့်လည်း ပြည့်စုံတယ်။ လွန်မြတ်သော အသားအရေ အရောင်အဆင်း
နှင့်လည်း ပြည့်စုံတယ်၊ လွန်မြတ်သော လုံးရပ်သဏ္ဌာန်နဲ့လည်း ပြည့်စုံတယ်။
အချိုး သိပ်ကျတယ်။ သို့သော် ဒီလို အကျိုးတရားတွေဟာ ယုံကြည်ချက် သဒ္ဓါ
တရားနဲ့ လှူတဲ့ အလှူဒါနရဲ့ အကျိုးတရားတွေပဲ။ 
ဘာကြောင့် ဒီအကျိုးတရားတွေကို ရရှိကြရသလဲလို့ ပြန်ဆန်းစစ်ကြည့်လိုက်
တဲ့အခါမှာ --
သဒ္ဓါတရား အားကောင်းနေတဲ့ ပုဂ္ဂိုလ်က ပေးလှူနေတဲ့ အချိန်အခါမှာ ရတနာ
သုံးပါးတို့ရဲ့ ဂုဏ်ကျေးဇူး အပေါ်မှာလည်း ယုံကြည်မြတ်နိုးတဲ့ စိတ်ထား ရှိ
တယ်။ ကံ-ကံ၏ အကျိုးတရားအပေါ်မှာလည်း သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတ
ရား ရှိတယ်။ အထူးသဖြင့် အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ မြတ်နိုးတဲ့ စိတ်ထား အ
မြဲရှိတယ်။ ဒီလို မွန်မြတ်တဲ့ စိတ်ထား၁ယ မြတ်နိုးတဲ့ စိတ်ထား, သာသနာတော်
ကို ကြည်ညိုမြတ်နိုးနေတဲ့ စိတ်ထားဖြင့် ကံကိုထူထောင်ခဲ့တဲ့အတွက် ဒီကံ
က အကျိုးပေးတဲ့ ဘုံဘ၀မှာ မိမိကို သူတစ်ပါးတို့က မြတ်နိုးဖို့ရန်အတွက် မိမိ
ရဲ့ ဥပဓိသမ္ပတ္တိတွေက အဆင်သင့် ဖြစ်နေတယ်။
သို့သော် တစ်ဖက်က ယုံကြည်ချက် သဒ္ဓါတရားမရှိဘဲနဲ့ ပေးလှူလိုက်တဲ့ အလှူ
ဒါနတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်က ရုပ်အဆင်းက လှပတင့်တယ်မှု မရှိ
တော့ဘူး။ ဘုန်းကြီးရဲ့ မိတ်ဆွေတစ်ပါး ပြောသလိုပေါ့လေ “အသား ကြည့်
လိုက်တော့လည်း သပိတ်ရောင်၊ လည်ပင်းကြည့်လိုက်တော့လည်း ဖားလည်
ပင်း၊ ခါး ကြည့်လိုက်တော့လည်း လိပ်ခါး” ဆိုတဲ့ ပုံစံ ဖြစ်နေတတ်တယ်။
ရုပ်ဆင်းသဏ္ဌာန်နှင့် မပြည့်စုံဘူး။ ဘာဖြစ်လို့လဲ?
တစ်ချိန်တုန်းက ကုသိုလ်ကောင်းမှုတစ်ခု ပြုခဲ့စဉ် အချိန်အခါမှာ စိတ်ဓာတ်တွေ
က ကြည်ကြည်လင်လင် မရှိဘူး။ ယုံကြည်ချက် သဒ္ဓါတရား အားကောင်း
ကောင်းနဲ့ ပြုခဲ့တဲ့ အလှူဒါနမျိုးလည်း မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ် များထိုထို
တို့ အပေါ်၌ ကြည်ညိုမြတ်နိုးတဲ့စိတ်ထားနှင့် ပြုစုပျိုးထောင်ခဲ့တဲ့ အလှူဒါန
ကောင်းမှုကုသိုလ်မျိုးလည်း မဟုတ်ပြန်ဘူး။ မဟုတ်တဲ့အတွက် ဒီကံက အကျိုး
ပေးတဲ့ ဘ၀မှာ ပုံပန်းမကျ ဖြစ်နေရတယ်။ အလှူခံပုဂ္ဂိုလ် အစရှိတဲ့ ထိုထိုပုဂ္ဂိုလ်
တို့အပေါ်၌ မိမိက ပုံပန်းမကျတဲ့စိတ်နေစိတ်ထားဖြင့် ကံကို ထူထောင်ခဲ့မိတဲ့အ
တွက် ဒီကံက အကျိုးပေးတဲ့ဘ၀မှာ မိမိကိုလည်း တစ်ဖက်သားက လှမ်းကြည့်
မယ်ဆိုရင် ပုံပန်းမကျတဲ့ ပုဂ္ဂိုလ် အနေအထားမှာပဲ ရှိနေတယ်။
ဒါကြောင့် ဘုန်းကြီးရဲ့ ဆရာသမားတစ်ဦးကတော့ ဆိုဆုံးမဖူးတယ်။ ကောင်း
မှုကုသိုလ်တစ်ခု မပြုခင်မှာ ကြိုတင်ပြီး စဉ်းစားပါ။ စိတ်က မနိုင်ဘူးဆိုရင်တော့
မပြုတာ ကောင်းတယ်၊ ပြုပြီးလို့ ကံအရာ တည်သွားပြီဆိုရင် ဒီကံဟာ ပြန်ပြီး
ဖျက်သိမ်းဖို့ သိပ်ခက်တယ်၊ ဒီကံကရင့်ကျက်လာပြီဆိုရင် တစ်နေ့ အကျိုးပေးမှာ
ပဲ။ အဲဒီလို အကျိုးပေးတဲ့ ဘုံဘ၀ကျမှ ဒီမကောင်းတဲ့ အကျိုးတရားတွေကို မိမိ
ကို ‘အလိုမရှိပါဘူး’ ဆိုပြီး ထိုင်ငိုနေသော်လည်း ရဦးမလား? မရနိုင်တော့ဘူး။ အ
ရုပ်ဆိုးတဲ့ လူဟာအရုပ်ဆိုးမြဲပဲ ဆိုးနေမှာပဲ။ ဟုတ်တယ် မဟုတ်ဘူးလား?
ဖားအောက်တောရဆရာတော်
Buddhavasa Tiloka
ချစ်သားရဟန်းတို့ ...။ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အ
ပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားဖြင့် အလှူဒါနကို ပေးလှူခြင်းကြောင့် အကြင်
အကြင် ဘုံဘ၀၌ ထိုအလှူဒါန၏ တစ်နည်း ထို အလှူဒါန ကောင်းမှု ကုသိုလ်
ကံ စေတနာ၏ အကျိုးတရားသည် ဖြစ်ပေါ်၍လာ၏။ အကျိုးတရား ဖြစ်ပေါ်
လာရာ ထိုထိုဘုံဘ၀၌ ကြွယ်ဝချမ်းသာသည်လည်း ဖြစ်၏။ များပြားသော ဥစ္စာ
နှစ် ရှိသည်လည်းဖြစ်၏။ များပြားသော အသုံးအဆောင်ရှိသည်လည်း ဖြစ်၏။
ဘယ်ဒါနမဆိုပါဘဲ၊ ဒါနရဲ့စွမ်းအားက ‘ဒါနတောဘောဂ၀ါ’ ဆိုတဲ့အတိုင်း ဒီဒါန
ကြောင့် အကျိုးတရားတွေကတော့ ကြွယ်ဝချမ်းသာတဲ့ အကျိုး, စည်းစိမ်ဥစ္စာ
ပေါများတဲ့အကျိုး ဆိုတာကတော့ ရရှိမှာ ဧကန် ဖြစ်ပါတယ်။ သံသရာခရီး ဆို
တာလည်း ထင်ရှား ရှိနေကြမယ်, ဒီကံတွေကလည်း ရင့်ကျက်လာပြီ ဆိုရင်
တော့ တစ်နေ့ ဒီလိုအကျိုးမျိုးကို ပေးမှာပဲ။ သို့သော် ဒီနေရာမှာ ယုံကြည်ချက်
သဒ္ဓါတရားနှင့် ပေးလှူလိုက်တဲ့ အလှူဒါနကြောင့် ဒီအကျိုးတွင် ရမလားဆို
တော့ မကသေးဘူးနော်။
Wednesday, 14 May 2014
နတ်​ချစ်​ဂါတာ
၁. သကိံ​ဒေဝ မဟာရာဇ
    တဗ္ဘိ ​ဟောတိ သမာဂ​မော
    သာနံ ပါ​လေတိ သင်္ဂတိ
    နာသဗ္ဘိဗဟုသင်္ဂ​မော
၂. သဗ္ဘိ​ရေဝ သမာ​သေထ
    သဗ္ဘိ ကု​ဗ္ဗေထ ကန္တဝံ
    သတံ သဒ္ဓမ္မ မညာယ
၃. ဇိရန္တိ​ဝေ ရာဇရထာ သုစိတ္တာ
    အ​ထော သရီရမ္ပိ ဇရံ ဥ​ပေတိ
    သတဉ္စ ဓ​မ္မော နဇရံ ဥ​ပေတိ
    သ​န္တော ဟ​ဝေ သဗ္ဘီ ပ​ဝေဒယန္တိ
၎. နဘံ စဒူ​ရေ ပထ၀ီ စ ဒူ​ရေ
    တ​တောဟ​ဝေ ဒူရတရံ ဝဒန္တိ
    သတ​ဉ္စ ဓ​မ္မော အသတဉ္စ ရာဇ
ဒါန အ​ကြောင်း ၁
စွန့်​ကြဲ​ပေးကမ်းမှု့ကို ဒါန ဟု​ခေါ်၏ . ဒါနကို အ​သေးစိတ်​ ခွဲ လျှင်​ ၂ မျိုးရှိ၏ . ပထမဒါနသည်​ ဝတ္ထုဒါနဖြစ်​၍ ​နောက်​တစ်​ခုက ​စေတနာဒါန ဖြစ်​သည်​ . ဆွမ်း သင်္ကန်း ​ကျောင်း ​ဆေး စသည့်​ လှူဖွယ်​ ဝတ္ထုများကို လှူ​နေသည့်​အခါ မိမိကိုယ်​ မှာဖြစ်​​ပေါ်​နေသည့်​  စိတ်​ ​​စေတနာ များကို စေတနာဒါန ဟု ​ခေါ်သည်​ . ဘဝသံသရာ ဝယ်​ အကျိုး​ပေးရာ၌ ဝတ္ထုဒါနများကအကျိုး​ပေးကြသည်​မဟုတ်​ အတွင်းသန္တန်​ ၌ဖြစ်​​သော ​စေတနာဒါန များကသာအကျိုး​ပေးကြသည်​ .လှူဖွယ်​ပစ္စည်းများမှာ ​စေတနာဖြစ်​ဖို့ရာ အာရုံ​တွေသာတည်း  ဥပမာ ဆွမ်းလှူဒါန်းရာ၌ ထိုဆွမ်းကိုအာရုံပြု၍​သော်​လည်​​ကောင်း ဆွမ်းဘုဉ်း​ပေးကြ​သော သံဃာများကို အာရုံပြု၍​သော်​လည်​​ကောင်း အတွင်းသန္တန်​ ၌ စိတ်​​စေတနာ​​တွေများစွာ ဆက်​၍ဖြစ်​​နေ၏ . ထိုစိတ်​​စေတနာ​တွေဖြစ်​ပြီးလျှင်​ ချုပ်​ကြ​သော်​လည်း ​နောင်​အခါ အကျိုး​ပေးရန်​ မိမိတို့သတ္တိကို မြှပ်​နှံ၍ ချုပ်​သွားကြသည်​ .
သိထားသင့်သမျှ ဗုဒ္ဓအကြောင်း
        လူအမည် ............သိဒ္ဓတ္တ
        ဘုရားဘွဲ့.................ဂေါတမ
    မိဘအမည်........................သုဒ္ဓေါဒနမင်း နှင့် မယာဒေ၀ီ
    ကြင်ယာတော် ......................ယာသောဓ၇ာ
    ယောက်ဖ..............................ဒေ၀ဒတ်
    မိထွေးတော်...........................ဂေါတမီ
    နေပြည်တော်...........ကပိလ၀တ်ပြည် (သက္ကတိုင်း ၊ မဇ္ဖျိမဒေသ )
    မွေးဖွားရာနေရာ..........လုမ္မိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )
    နန်စံနှစ်.............
    .....................၁၃ နှစ် ( ၁၆ မှ ၂၉ )
    နိမိတ်ကြီးများ...............................သူအို ၊သူနာ ၊သူသေ ၊ရဟန်း
    ဗျာဒိတ်ခံယူသောဘ၀ ......................သုမေဓာရသေ့
    ဗျာဒိတ်ခံယူသော နေ့ ..........................ကဆုန်လပြည့်နေ့
    ဗျာဒိတ်ပေးသောဘုရား..........................ဒီပင်္ကရာမြတ်စွာဘုရား
    ပါ၇မီဖြည့်ဖက်.........................သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )
    ပါရမီကာလ...........................လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ
    ဝေဿန္တရာဘ၀အထိ )
Monday, 12 May 2014
လောကီမင်္ဂလာ (၁၂)ပါး
၁။ ဝိဇာတ မင်္ဂလာ=ပဋိသန္ဓေမှ ဖွားမြောက် အောင်မြင်ခြင်း။
၂။ မုခဒဿန မင်္ဂလာ=ဖွားပြီး သုံးရက်မြောက်သောကာလ ရတနာသုံးပါးနဲ့ ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်ခြင်း။
၃။ ကေသစ္ဆေဒန မင်္ဂလာ=(ရ)ရက်မြောက်သောနေ့၌ ဆံပင်ရိတ်ခြင်း။
၎။ ဒေါလာကရဏ မင်္ဂလာ=ကောင်းမြတ်သောနေ့၌ ပုခက်အေးယာဉ် တင်ခြင်း။
၅။ တမ္ဘုလပတ္တ မင်္ဂလာ=(၇၅၀ရက်မြောက်သောနေ့၌ ကွမ်းဦးခွံ့ခြင်း။
၆။ ရဝိန္ဒုဒဿန မင်္ဂလာ=(၃)လမြောက်သောန့၌ နေ,လ တို့ကို ပြခြင်း။
၇။ နာမကရဏ မင်္ဂလာ=ရက်ပေါင်း ၁၀၀-မြောက်သောနေ့၌ အမည်မှည့်ခြင်း။
၈။ ပထမဘတ္တ မင်္ဂလာ=ခြောက်လပြည့်က ထမင်းဦးခွံ့ခြင်း။
၉။ ကေသဗန္ဒန မင်္ဂလာ=သင့်တင့်လျောက်ပတ် အရွယ်၌ ဆံဖွဲ့ထုံးခြင်း။
၁၀။ ကဏ္ဏဆိန္ဒ မင်္ဂလာ=သင့်တင့်သောအရွယ်၌ နားထွင်းခြင်း။(ကဏ္ဏဝိဇ္ဈန မူကွဲရှိသည်)
၁၁။ သာသနာနုဂ္ဂဟ မင်္ဂလာ=ချိန်ရွယ်ကျရောက်သောအခါ သာသနာဘောင်သို့ သွတ်သွင်းခြင်း။
၁၂။ အာဝါဟ ဝိဝါဟ မင်္ဂလာ=ချိန်ရွယ် ကျရောက်သောအခါ ထိမ်းမြားရခြင်း။
သာသနာစိတ်။
• ဓမ္မအလင်းအမှောင်ခွင်း။
ဗုဒ္ဓ ဟောကြားဆုံးမတော်မူအပ်သောဓမ္မဝိနယသည် သာသနာမည်၏။ ထိုသာသနာကို လက်ခံသိမ်းပိုက်သော စိတ်ကို ‘သာသနာစိတ်’ဟု ဆိုရမည်။ထိုစိတ်သည် သာသနာတော် တည်တံ့ခြင်း၏ အရင်းခံအကျဆုံးသော အကြောင်းဖြစ်သည်။
ဤနေရာ၌ သာသနာတော် တည်တံ့ခြင်း၏ အကြောင်းဖြစ်သည့်ဗုဒ္ဓဟောကြားဆုံးမအပ်သော ဓမ္မဝိနယကို လက်ခံသိမ်းပိုက်နိုင်သော သာသနာစိတ်ကား မည်သည့်စိတ်ဖြစ်သည်ဟုသိနိုင်ရန် သာသနာတော် စတင်ချိန်ကို ပြန်လည်သုံးသပ်ကြကုန်အံ့။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသော ဗုဒ္ဓသည် ၄၅ရက်ပတ်လုံးနိဗ္ဗာန်ကို အာရုံပြု၍ ဝိမုတ္တိချမ်းသာကို ခံစားတော်မူခဲ့ပြီး ဆိတ်ကျောင်းညောင်ပင်ရင်း၌ပြန်လည် သီတင်းသုံးကာ ဘုရားရှင်တို့ ဓမ္မတာ တရားဟောတော်မူခြင်းဟူသော ဗုဒ္ဓကိစ္စကို ဆောင်ရွက်တော်မူရန်အာသယာနုသယဉာဏ်၊ ဣနြ္ဒိယပရောပရိယတ္တိဉာဏ်တော် နှစ်ရပ်ဖြင့် သတ္တလောကကြီးကို ကြည့်ရှုသုံးသပ်တော်မူလေသည်။
Sunday, 11 May 2014
ပဗ္ဗာဇနိယ ကမ္မဝါစာ နှင့် ပြိတ္တာမျိုးနွယ် တစ္ဆေသရဲ အနှောင့်အယှက်များ (၆)
ကမ္မဝါ ပါဠိ၌လာသော အနှောင့်အယှက်များ---
ပဗ္ဗာဇနိယ ကမ္မဝါစာ မူရင်းပါဠိတွင် “ဣမေ အမနုဿာ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ၊ စဏ္ဍာ၊ ရုဒ္ဓါ၊ ရဘသာ၊ အဒယာလုကာ၊ ဝိဟေသကာ”ဟု ဖော်ပြထားပေရာ ပေါ့ပေါ့တန်တန် သဘောထား၍မဖြစ်ပေ။ လူတို့ကို ခြောက်လှန့် ဒုက္ခဖြစ်စေတတ်သော မကောင်းဆိုးဝါးများသာဖြစ်၏။ 
ထိုပါဠိပုဒ်အား အနက်ပေးကြည့်လျှင် ပို၍ အဓိပ္ပါယ်ပေါက်ပေမည်။ အနက်ထွက်ရှိပုံမှာ---
စဏ္ဍာ-ကြမ်းတမ်းကုန်သော၊
ရုဒ္ဓါ-ကုသိုလ်တရားတို့ကို ဆို့ပိတ်တတ်ကုန်သော၊
ရဘသာ-မကောင်းမှုအကုသိုလ် ဒုစရိုက်တရားကို အားထုတ်တတ်ကုန်သော၊
အဒယာလုကာ-သနားခြင်း ကရုဏာ အလွန်ကင်းကုန်သော၊ 
ဝိဟေသကာ-သတ္တဝါတို့အား ရက်ရက်စက်စက် မညှာမတာ နှိပ်စက်တတ်ကုန်သော၊
အမနုဿာ-လူဇာတ်စစ်စစ် မဟုတ်ကုန်သော၊
“ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါး ဘာကြောင့်ထား”
 Photo: “ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါး
ဘာကြောင့်ထား”
ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့ရဲ့ ဂုဏ်တော်တွေကို ပွားများကြည်
ညိုတယ်ဆိုတာ သာသနာတော်နဲ့ ကြုံနေပါလျက် ဖာသိဖာသာ ဖြစ်နေတတ်တဲ့
ကျွန်တော်တို့ရဲ့ ကံသုံးပါး အမူအရာတွေကို သဒ္ဓါတိုးပြီး၊ ကြိုးစားလာအောင် လှုံ့
ဆော်နေသလိုလည်း ရှိပါတယ်။ ဒီမျှမက ရတနာမြတ်သုံးပါးတို့ရဲ့ ဂုဏ်စွမ်းသတ္တိ
ဟာ ကြောက်ရွံ့ထိတ်လန့်နေစဉ် အခါများမှာလည်း သဒ္ဓါထက်ပြီး ရဲတင်းချက် 
ပေါ်လာစေတတ်ပါတယ်။
အများသိပြီး ဖြစ်တဲ့အတိုင်း ရတနာမြတ် သုံးပါးရဲ့ဂုဏ်တော်တွေ ဆိုတာ ဘုရား
ဂုဏ်တော် ကိုးပါး၊ တရား ဂုဏ်တော် ခြောက်ပါး၊ သံဃာ့ ဂုဏ်တော် ကိုးပါးတို့ 
ဖြပါတယ်။ ဒီဂုဏ်တော်တွေ ဘာ့ကြောင့် ဘယ်လိုဖြစ်ပေါ်လာပါသလဲ။
၁။ ဘုရားဂုဏ်၌ ကိုးပါးထားရခြင်းမှာ ဘုရားရှင်သည် ဂြိုလ်ကိုးလုံးတို့တွင် အ
မြတ်ဆုံး၊ အကြီးဆုံး၊ အညွန့်ဆုံး ဖြစ်သော နဝင်း(ကိတ်ဂြိုလ်)နှင့် ယှဉ်၍
(က) ဒီပင်္ကရာ ဘုရားရှင်၏ ရှေးနိယတဗျာဒိပ်တော်ခံယခြင်း၊
(ခ) မယ်တော်၏ ဝမ်းကြာတိုက်မှ ဆင်းသက် မွေးဖွားတော်မူလာခြင်း၊
(ဂ) ဗောဓိပင်နှင့် ရွှေပလ္လင်တော်ထက်ဝယ် သစ္စာလေးဆင့် ပွင့်တော်မူခဲ့ခြင်း၊
(ဃ) မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်ဟူသော ကိုးပါးပိုင်ရှင်ဖြစ်ခြင်း၊
အထက်ပါ လေးချက်ကြောင့် ဂုဏ်တော်မျိုး ဘယ်လောက်ပင်များများ၊ ဤအ
တွင်း သွင်းထား၍ ကိုးပါးသော ထားခြင်းဖြစ်ပါတယ်။
၂။ တစ်ဖန် တရားဂုဏ်တော် ခြောက်ပါး ထားရခြင်းမှာ
(က) မိမိ၏အတွင်းမျက်စိ စသော အကြည်ဓာတ် ခြောက်ပါး၊
(ခ) တစ်ဘက်၏ အတိုက်ဓာတ်အဆင်းစသော အာရုံခြောက်ပါး၊
(ဂ) ထိုနှစ်ခုတို့အကြားမှ ပေါက်ဖွားလာသည့် မြင်သိစသော ဝိညာဉ်ခြောက်ပါး၊
အထက်ပါ အတိုက်အခံတို့၏ ဖောက်ပြားမှုကြား ရှုစားရာမှ ပေါ်ထွန်းလာသော
အမှန်တရား ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ဘုရားရှင်၏ ဘုန်းတော်ခြောက်ပါး
 ကျက်စားရာ (တောက်ပွားရာ) အစဖြစ်ခြင်းကြောင့် လည်းကောင်း၊ တရား
ဂုဏ်ဟိတ်တို့ ဘယ်လောက်ပင်များများ ဤခြောက်ပါးမှာသာ သွင်း၍တရားဂုဏ်
ခြောက်ပါးပြထားခြင်းဖြစ်ပါတယ်။
၃။ တစ်ဖန် သံဃာ့ဂုဏ်စွမ်းသတ္တိ ကိုးပါး ရှိနေခြင်းမှာ
(က) သံဃာ ဟူသည် နဝင်းဂုဏ်ရှင် ရှင်တော်မြတ်ဘုရား၏ သားတပည့် ဖြစ်
ခြင်းကြောင့် လည်းကောင်း၊
(ခ) ၎င်းတို့ ကိုယ်တိုင် လောကုတ္တရာတရား ကိုးပါးကိုင် ဖြစ်နေခြင်းကြောင့်
လည်းကောင်း၊ သံဃာ့ဂုဏ်ထူး ဘယ်လောက်ပင်များများ ထိုသည့်အကြား
ဌာပနာထား၍ ကိုးပါးသာ ပြထားပါသည်။
ထိုbkရား၊ တရား၊ သံဃာ့ ဂုဏ်များကို ပေါင်းလိုက်သော် ၂၄-ပါး (နှစ်ဆယ့်လေး
ပါး) ရှိနေပါသည်။ ဤနှစ်ဆယ့်လေးပါးသည် ပဋ္ဌာန်းဒေသနာစဉ်အရ ထိုရတနာ
သုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို ထိုရတနာသုံးပါးတို့နှင့် ပဋ္ဌာန်းဆက် ဆက်မိကြ
လေသော သူတို့သာ ခံစားခွင့် ရှိနေပါသည်ကို ညွှန်ပြနေပါသည်။ အခြားတို့ကား
အဆက်ခြားသဖြင့် စိတ်ဝင်စားမှုပင် မပြကြပြီ။
ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါး
ဘာကြောင့် ထားရတယ်ဆိုတာ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးက အဲ့
ဒီလို ဖေါ်ပြ ရှင်းလင်းခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်
Buddhavasa Tiloka
ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့ရဲ့ ဂုဏ်တော်တွေကို ပွားများကြည်
ညိုတယ်ဆိုတာ သာသနာတော်နဲ့ ကြုံနေပါလျက် ဖာသိဖာသာ ဖြစ်နေတတ်တဲ့
ကျွန်တော်တို့ရဲ့ ကံသုံးပါး အမူအရာတွေကို သဒ္ဓါတိုးပြီး၊ ကြိုးစားလာအောင် လှုံ့
ဆော်နေသလိုလည်း ရှိပါတယ်။ ဒီမျှမက ရတနာမြတ်သုံးပါးတို့ရဲ့ ဂုဏ်စွမ်းသတ္တိ
ဟာ ကြောက်ရွံ့ထိတ်လန့်နေစဉ် အခါများမှာလည်း သဒ္ဓါထက်ပြီး ရဲတင်းချက်
ပေါ်လာစေတတ်ပါတယ်။
အများသိပြီး ဖြစ်တဲ့အတိုင်း ရတနာမြတ် သုံးပါးရဲ့ဂုဏ်တော်တွေ ဆိုတာ ဘုရား
ဂုဏ်တော် ကိုးပါး၊ တရား ဂုဏ်တော် ခြောက်ပါး၊ သံဃာ့ ဂုဏ်တော် ကိုးပါးတို့
ဖြပါတယ်။ ဒီဂုဏ်တော်တွေ ဘာ့ကြောင့် ဘယ်လိုဖြစ်ပေါ်လာပါသလဲ။
၁။ ဘုရားဂုဏ်၌ ကိုးပါးထားရခြင်းမှာ ဘုရားရှင်သည် ဂြိုလ်ကိုးလုံးတို့တွင် အ
မြတ်ဆုံး၊ အကြီးဆုံး၊ အညွန့်ဆုံး ဖြစ်သော နဝင်း(ကိတ်ဂြိုလ်)နှင့် ယှဉ်၍
(က) ဒီပင်္ကရာ ဘုရားရှင်၏ ရှေးနိယတဗျာဒိပ်တော်ခံယခြင်း၊
(ခ) မယ်တော်၏ ဝမ်းကြာတိုက်မှ ဆင်းသက် မွေးဖွားတော်မူလာခြင်း၊
(ဂ) ဗောဓိပင်နှင့် ရွှေပလ္လင်တော်ထက်ဝယ် သစ္စာလေးဆင့် ပွင့်တော်မူခဲ့ခြင်း၊
(ဃ) မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်ဟူသော ကိုးပါးပိုင်ရှင်ဖြစ်ခြင်း၊
အထက်ပါ လေးချက်ကြောင့် ဂုဏ်တော်မျိုး ဘယ်လောက်ပင်များများ၊ ဤအ
တွင်း သွင်းထား၍ ကိုးပါးသော ထားခြင်းဖြစ်ပါတယ်။
၂။ တစ်ဖန် တရားဂုဏ်တော် ခြောက်ပါး ထားရခြင်းမှာ
(က) မိမိ၏အတွင်းမျက်စိ စသော အကြည်ဓာတ် ခြောက်ပါး၊
(ခ) တစ်ဘက်၏ အတိုက်ဓာတ်အဆင်းစသော အာရုံခြောက်ပါး၊
(ဂ) ထိုနှစ်ခုတို့အကြားမှ ပေါက်ဖွားလာသည့် မြင်သိစသော ဝိညာဉ်ခြောက်ပါး၊
အထက်ပါ အတိုက်အခံတို့၏ ဖောက်ပြားမှုကြား ရှုစားရာမှ ပေါ်ထွန်းလာသော
အမှန်တရား ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ဘုရားရှင်၏ ဘုန်းတော်ခြောက်ပါး
ကျက်စားရာ (တောက်ပွားရာ) အစဖြစ်ခြင်းကြောင့် လည်းကောင်း၊ တရား
ဂုဏ်ဟိတ်တို့ ဘယ်လောက်ပင်များများ ဤခြောက်ပါးမှာသာ သွင်း၍တရားဂုဏ်
ခြောက်ပါးပြထားခြင်းဖြစ်ပါတယ်။
၃။ တစ်ဖန် သံဃာ့ဂုဏ်စွမ်းသတ္တိ ကိုးပါး ရှိနေခြင်းမှာ
(က) သံဃာ ဟူသည် နဝင်းဂုဏ်ရှင် ရှင်တော်မြတ်ဘုရား၏ သားတပည့် ဖြစ်
ခြင်းကြောင့် လည်းကောင်း၊
(ခ) ၎င်းတို့ ကိုယ်တိုင် လောကုတ္တရာတရား ကိုးပါးကိုင် ဖြစ်နေခြင်းကြောင့်
လည်းကောင်း၊ သံဃာ့ဂုဏ်ထူး ဘယ်လောက်ပင်များများ ထိုသည့်အကြား
ဌာပနာထား၍ ကိုးပါးသာ ပြထားပါသည်။
ထိုbkရား၊ တရား၊ သံဃာ့ ဂုဏ်များကို ပေါင်းလိုက်သော် ၂၄-ပါး (နှစ်ဆယ့်လေး
ပါး) ရှိနေပါသည်။ ဤနှစ်ဆယ့်လေးပါးသည် ပဋ္ဌာန်းဒေသနာစဉ်အရ ထိုရတနာ
သုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို ထိုရတနာသုံးပါးတို့နှင့် ပဋ္ဌာန်းဆက် ဆက်မိကြ
လေသော သူတို့သာ ခံစားခွင့် ရှိနေပါသည်ကို ညွှန်ပြနေပါသည်။ အခြားတို့ကား
အဆက်ခြားသဖြင့် စိတ်ဝင်စားမှုပင် မပြကြပြီ။
ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါး
ဘာကြောင့် ထားရတယ်ဆိုတာ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးက အဲ့
ဒီလို ဖေါ်ပြ ရှင်းလင်းခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်
Buddhavasa Tiloka
“မသူတော်တို့ရဲ့ အလှူ (၅) မျိုး”
Photo: “မသူတော်တို့ရဲ့ အလှူ (၅) မျိုး”
မသူတော်တို့ လှူဒါန်းပူဇော်တဲ့ အလှူဒါန၅-မျိုး ရှိတဲ့အကြောင်းကို  မြတ်စွာဘု
ရားက ဟောကြားထားတော်မူပါတယ်။ ဒီ ၅-မျိုးက ဘာလဲလို့ မေးတော့-
၁။ လှူဖွယ်ဝတ္ထုပေါ်၌ ရိုသေလေးစားမှုမရှိဘဲ။ အလှူဒါနကို၊ ပေးလှူ၏။
၂။ အလှူခံပုဂ္ဂိုလ်အပေါ်၌ ရိုသေလေးစားမှု မရှိဘဲ။ အလှူဒါနကို။ ပေးလှူ၏။
၃။ မိမိ၏ ကိုယ်ထိလက်ရောက် မဟုတ်ဘဲ။ အလှူဒါနကို။ ပေးလှူ၏။
၎။ အမြဲမပြတ် မလှူဒါန်းဘဲ (၀ါ) စွန့်ပစ်အပ်သကဲ့သို့။ အလှူဒါနကို၊ ပေးလှူ၏။
၅။ ကံ, ကံ၏ အကျိုးကို သက်ဝင်ယုံကြည်မှု မရှိဘဲ၊ အလှူဒါနကို၊ ပေးလှူ၏။
မသူတော်တို့ လှူတဲ့ အလှူဒါန ၅-မျိုးကို ဒီလိုမြတ်စွာဘုရားက ထုတ်ပြထားပါ
တယ်။
၁။လှူဖွယ်ဝတ္ထုအပေါ်၌ ရိုသေလေးစားမှု မရှိခြင်း
———————————————————
အလှူဒါနတစ်ခု ပြုတဲ့ အချိန်အခါမှာ လှူဖွယ်ဝတ္ထုတွေကို မွန်မွန်မြတ်မြတ်က
လေး ပြုလုပ်ပြီးတော့ မလှူဒါန်းဘူး၊ ဖြစ်ကတတ်ဆန်း လှူဒါန်းတယ်။
ဘုန်းကြီးတို့ တောနေရဟန်းတွေမှာ တွေ့ကြုံတတ်တဲ့ အလေ့အထကလေးတစ်
ခု ရှိပါတယ်။ ဘုန်းကြီးတောရတစ်ခုထဲ နေစဉ်အချိန်ခါမှာ အဲဒီရွာရဲ့ အလေ့အထ
က မနက်မိုးလင်းလာပြီ ဆိုလို့ရှိရင် ဘာလုပ်ကြသလဲ? 
သံဃာတော်တွေကို ဆွမ်းလောင်းဖို့ဆိုပြီးတော့ ပဲပြုတ်သည် လာရင် “ကဲ ပဲ
ပြုတ်သည် ..အထုပ်-၂၀ထုပ်လိုက်၊ ၃၀-ထုပ်လိုက်” စသည်ဖြင့် ဇလုံနဲ့ စုပြုံပြီး
အထုပ်ခိုင်းလိုက်တယ်။ တောထဲက ခူးထားတဲ့ ရေမဆေးတဲ့ အင်ဖက်ကလေး
နဲ့ ထုတ်ထားတဲ့ ပဲပြုတ်ကို သံဃာတွေ အိမ်ရှေ့ ကြွလာပြီ ဆိုလို့ရှိရင် တစ်ပါး
တစ်ထုပ်စီသာ လောင်းထည့်ပေးလိုက်တာပဲ။ တစ်နေ့တော့ ဘုန်းကြီးတို့ ဆွမ်း
ခံသွားရင်းနဲ့ ဘယ်လို အခြေအနေကလေး တစ်ခု ကြုံသလဲလို့ ဆိုတော့ --
အိမ်တစ်အိမ်ရှေ့ ရောက်တဲ့ အချိန်အခါမှာ တစ်ပါး တစ်ထုပ်စီ လောင်းပေးလိုက်
တယ် ဆိုပါတော့၊ ဘုန်းကြီးတို့ကလည်း ပြန်လှည့်လာတယ်။ ပြန်လှည့်လာတော့
ဘုန်းကြီးတွေ မကြားဘူး ထင်လို့နဲ့ တူပါရဲ့ အလှူရှင်က ဘာပြောသလဲ? 
“ဘုန်းကြီးတွေ ဒီနေ့ မလာဘူး ထင်လို့ ငါ ပဲပြုတ်ကို ဆီနဲ့ကြော်ပြီး စားမယ်
လို့ ခဲထားတာ”တဲ့။
ဘုန်းကြီးတွေကို လောင်းတဲ့ အချိန်အခါကျတော့ ဆားလည်း မပါဘူး, ဆီ
လည်း မပါဘူး၊ သူတို့ စားဖို့ကျတော့ ဆီနဲ့ ကြော်စားမယ်လို့ ပြောနေတယ်၊ အဲဒါ
ပဲ ကြည့်ပေတော့ ..။ 
အဲဒီ အလှူရှင်က လွန်ခဲ့သော တစ်လလောက်က ဘုန်းကြီးတို့ ဖားအောက်တော
ရမှာ အလှူဒါနတစ်ခု လာပြုသွားပါတယ်၊ ဘုန်းကြီးကတော့ မမှတ်မိဘူး။ ဒါပေမဲ့
မှတ်မိတဲ့ ဘုန်းကြီးတစ်ပါးက ဘာပြောသလဲဆိုတော့ - “ဆရာတော် တပည့်
တော်တို့ ဆွမ်းခံသွားတုန်းက ပဲပြုတ်ကို ဆီနဲ့ကြော်ပြီး စားမယ်လို့ ပြောတာ ဒီ
ဒကာမကြီးပဲ” ဆိုပြီး ပြောတယ်။ 
ဒီတော့ ဘုန်းကြီးပြောချင်တာက ရဟန်းသံဃာတွေကို လှူဒါန်းပူဇော်တဲ့ အပိုင်း
ကလေးမှာ မိမိ စွမ်းအားရှိသလောက် လှူဖွယ်ဝတ္ထုကို မွန်မွန်မြတ်မြတ်ကလေး
 ပြုပြင်ပြီး မလှူဒါန်းဘူး၊ မရိုမသေပြုလုပ်ပြီး လှူဒါန်းပူဇော်တယ်။ နောက်တစ်ခု-
၂။ အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေလေးစားမှု မရှိခြင်း
——————————————————————
အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေလေးစားနေတဲ့ စိတ်ထား မရှိဘဲ ဒါနတစ်ခု
ပေးလှူတယ်။ နောက်တစ်ခု-
၃။ ကိုယ်ထိလက်ရောက် မလှူခြင်း
——————————————
မိမိရဲ့ ကိုယ်ထိလက်ရောက် မဟုတ်ဘဲနဲ့ အလှူဒါနတစ်ခု ပေးလှူတယ်။ အိမ်
မှာ ခိုင်းစေနေတဲ့ ပုဂ္ဂိုလ်တွေကို အလှူခိုင်းလိုက်တာပဲ၊ ဒီဆွမ်းလောင်းတဲ့ အလုပ်,
ကောင်းမှုကုသိုလ်ပြုတဲ့ အလုပ်သည် မိမိအလုပ်, မိမိတာဝန် မဟုတ်သလို စိတ်
ထဲမှာ သဘောထားပြီးတော့ အိမ်မှာ ခိုင်းစေနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ပစ်စလက်
ခတ် လှူဒါန်းခိုင်းလိုက်တယ်။
၎။ အလှူဝတ် မမြဲခြင်း
—————————
အဋ္ဌကထာက ဒီလိုတော့ ဖွင့်ထားပါတယ်။ ဒါနတစ်ခု ပြုစဉ်အချိန်အခါမှာ နိစ္စ
ဘတ် ၀တ်ကလေးတစ်ခုထားပြီး ပြုတာက ပိုကောင်းတယ်၊ ဥပမာ - အိမ်မှာ
ကိုးကွယ်ဆည်းကပ်ထားတဲ့ မြတ်စွာဘုရားကို သောက်တော်ရေ ကပ်မယ်ဆို
ရင် နေ့စဉ် ၀တ်မပြတ်စေရဘူး။
ဒီပုံစံမျိုးလေးကို စိတ်ထားရမယ်။ မြတ်စွာဘုရားကို ဆီမီးပူဇော်မယ်၊ နေ့စဉ် မ
ပြတ်စေရဘူး။ 
ဆွမ်းကျတော့ရော ပျက်ရမလားလို့ မေးစရာ ရှိပါတယ်၊ ဒါ ဘုန်းကြီးကြိုက်တာ
ပြောမယ်နော်၊ မနိုင်ရင် မလှူပါနဲ့၊ နိုင်ရင်တော့ တစ်လတစ်ခါလောက်ဖြစ်စေ ၀၀
လှူပါ။ နတ်တင်သလို မျက်ချေးလောက် သွားလှူရင် ဘယ်လာကောင်းမလဲ၊
ဘုရားလည်း ဘယ်ဝ,မလဲ၊ ဘယ့်နှယ်တုန်း ဒကာကြီးတွေဝ,ပါ့မလား? (မ၀,ပါ
ဘုရား။) အမြဲ မလှူနိုင်တောင်မှ တစ်လတစ်ကြိမ်ဖြစ်ဖြစ် ငါ မြတ်စွာဘုရား
ကို ၀,အောင် ဆွမ်းလှူမယ် ဆိုပြီးတော့ ဒီလို ဆက်ကပ် လှူဒါန်းပူဇော်တာ ပို
ကောင်းပါတယ်နော်။ သို့သော် လစဉ် လှူရင်လည်း ဒါ အမြဲမပြတ် လှူနေတဲ့ အ
လှူဒါနပါ။ သို့မဟုတ် နှစ်စဉ် လှူမယ်ဆိုရင်လည်း ဒါ အမြဲမပြတ် လှူနေတဲ့ အ
လှူဒါနပဲ။
သို့သော် ဆီမီးလှူလည်း လှူချင်တဲ့အခါ လှူလိုက်, မလှူချင်တဲ့အခါ မလှူလိုက်၊
သောက်တော်ရေလည်း လှူချင်တဲ့အခါ လှူလိုက်၊ မလှူချင်တဲ့အခါ မလှူလိုက်၊
ဒီလိုပြုလုပ်မယ် ဆိုရင်တော့ အမြဲမပြတ် နိစ္စဘတ် ၀တ်ထားပြီး လှူတဲ့အလှူမျိုး 
မဟုတ်တော့ဘူး။ 
သိပ်ခဲယဉ်းတဲ့ အလုပ်တွေ မဟုတ်ဘူးနော်၊ ဒီလို နိစ္စဘတ် ၀တ်ကလေးထားပြီး 
လှူဒါန်းပူဇော်နေတဲ့ အလှူဒါန လုပ်ငန်းခွင်ကို စိတ်ဝင်စားမှု မရှိတာကို ပြောနေ
တာပါ။
စွန့်ပစ်သကဲ့သို့ လှူဒါန်းခြင်း
———————————
တစ်နည်း ဖွင့်ထားတာကတော့ - ရိုရိုသေသေနဲ့ မလှူဘဲနဲ့ လွှင့်ပစ်လိုက်တဲ့ ပုံစံ,
စွန့်ပစ်တဲ့ ပုံစံမျိုးနဲ့ လှူတယ်။ “ဒီပစ္စည်းတွေကတော့ကွာ အိမ်မှာလည်း အသုံး
ကျတဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး ဘုန်းကြီးပဲ လှူလိုက်တာပေါ့၊” ဒီလိုသ
ဘောမျိုးနဲ့ လှူတယ်။ ‘ဘုန်းကြီး’ ဆိုတာကတော့ သူများ ကောင်းတာလှူလည်း 
အလှူခံရတာပဲ၊ မကောင်းတာ လှူလည်း အလှူခံရတာပဲ၊ အဲဒီလို စွန့်ပစ်မယ့် ပုံ
စံအနေအထားအားဖြင့် လှူတယ်။
၅။ ကံ-ကံ၏အကျိုးကို ယုံကြည်မှု မရှိဘဲ လှူဒါန်းခြင်း
—————————————————————
ကံ, ကံ၏အကျိုးကို သက်ဝင်ယုံကြည်မှု မရှိဘဲနဲ့ အလှူဒါနတစ်ခု ပြုတယ်။ ဒီ
လို ပုဂ္ဂိုလ်တွေက ခုခေတ်မှာ တော်တော်လေးတော့ များလာပါတယ်၊ တစ်ချိန်
တုန်းက ဘုန်းကြီး အစင်တောထဲ နေစဉ်အခါက ဒကာကြီးတစ်ယောက်က ဆွမ်း
ချိုင့်ကလေးတစ်ခုနဲ့ ဆွမ်း လာလှူတယ်။ လှူတော့ သူက ပွင့်ပွင့်လင်းလင်း ဘာ
လျှောက်သလဲ? 
“တပည့်တော် ဒီအလှူဒါနကြောင့် အကျိုးတစ်စုံတစ်ရာ ရလိမ့်မယ်ဆိုတဲ့ မျှော်
လင့်ချက်နဲ့, ယုံကြည်ချက်နဲ့ လှူတာ မဟုတ်ဘူး၊ ဒီလို သီလကျင့်စဉ်, သမာဓိ
ကျင့်စဉ်, ပညာကျင့်စဉ်တွေကို ကျင့်နေတဲ့ သူတော်ကောင်းတွေကို တို့ ပေးလှူ
သင့်တယ်ဆိုတဲ့ အသိဉာဏ်လေးနဲ့သာ တပည့်တော် လှူနေတာပါ။ ဘာအကျိုး
မှ မမျှော်လင့်ပါဘူး” ဆိုပြီး ဒီလို လျှောက်ထားတယ်။
ဘာဖြစ်လို့ ဒီလို လျှောက်ထားသလဲလို့ မေးတော့ - သူကလက်ဝဲ၀ါဒကို ယုံ
ကြည်နေတဲ့ ဒကာကြီးတစ်ဦး ဖြစ်ပါတယ်။ အခြေအနေအရ အသက်အရွယ်ကြီး
တော့မှပဲ အလင်းပြန်ဝင်လာပြီးတော့ သူ တောထဲက တတ်ခဲ့တဲ့ ဆေးပညာက
လေးနဲ့ အသက်မွေးနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလို လှူဒါန်း ပူဇော်နေတာက ကံ, 
ကံ၏ အကျိုးကို ယုံကြည်မှု မရှိဘဲနဲ့ လှူတဲ့ အလှူဒါနမျိုးပဲ။ ပေါင်းလိုက်တော့
 ၅-မျိုး ဖြစ်တယ်။
ဖားအောက်တောရဆရာတော်
Buddhavasa Tiloka
မသူတော်တို့ လှူဒါန်းပူဇော်တဲ့ အလှူဒါန၅-မျိုး ရှိတဲ့အကြောင်းကို မြတ်စွာဘု
ရားက ဟောကြားထားတော်မူပါတယ်။ ဒီ ၅-မျိုးက ဘာလဲလို့ မေးတော့-
၁။ လှူဖွယ်ဝတ္ထုပေါ်၌ ရိုသေလေးစားမှုမရှိဘဲ။ အလှူဒါနကို၊ ပေးလှူ၏။
၂။ အလှူခံပုဂ္ဂိုလ်အပေါ်၌ ရိုသေလေးစားမှု မရှိဘဲ။ အလှူဒါနကို။ ပေးလှူ၏။
၃။ မိမိ၏ ကိုယ်ထိလက်ရောက် မဟုတ်ဘဲ။ အလှူဒါနကို။ ပေးလှူ၏။
၎။ အမြဲမပြတ် မလှူဒါန်းဘဲ (၀ါ) စွန့်ပစ်အပ်သကဲ့သို့။ အလှူဒါနကို၊ ပေးလှူ၏။
၅။ ကံ, ကံ၏ အကျိုးကို သက်ဝင်ယုံကြည်မှု မရှိဘဲ၊ အလှူဒါနကို၊ ပေးလှူ၏။
မသူတော်တို့ လှူတဲ့ အလှူဒါန ၅-မျိုးကို ဒီလိုမြတ်စွာဘုရားက ထုတ်ပြထားပါ
တယ်။
၁။လှူဖွယ်ဝတ္ထုအပေါ်၌ ရိုသေလေးစားမှု မရှိခြင်း
———————————————————
အလှူဒါနတစ်ခု ပြုတဲ့ အချိန်အခါမှာ လှူဖွယ်ဝတ္ထုတွေကို မွန်မွန်မြတ်မြတ်က
လေး ပြုလုပ်ပြီးတော့ မလှူဒါန်းဘူး၊ ဖြစ်ကတတ်ဆန်း လှူဒါန်းတယ်။
ဘုန်းကြီးတို့ တောနေရဟန်းတွေမှာ တွေ့ကြုံတတ်တဲ့ အလေ့အထကလေးတစ်
ခု ရှိပါတယ်။ ဘုန်းကြီးတောရတစ်ခုထဲ နေစဉ်အချိန်ခါမှာ အဲဒီရွာရဲ့ အလေ့အထ
က မနက်မိုးလင်းလာပြီ ဆိုလို့ရှိရင် ဘာလုပ်ကြသလဲ?
သံဃာတော်တွေကို ဆွမ်းလောင်းဖို့ဆိုပြီးတော့ ပဲပြုတ်သည် လာရင် “ကဲ ပဲ
ပြုတ်သည် ..အထုပ်-၂၀ထုပ်လိုက်၊ ၃၀-ထုပ်လိုက်” စသည်ဖြင့် ဇလုံနဲ့ စုပြုံပြီး
အထုပ်ခိုင်းလိုက်တယ်။ တောထဲက ခူးထားတဲ့ ရေမဆေးတဲ့ အင်ဖက်ကလေး
နဲ့ ထုတ်ထားတဲ့ ပဲပြုတ်ကို သံဃာတွေ အိမ်ရှေ့ ကြွလာပြီ ဆိုလို့ရှိရင် တစ်ပါး
တစ်ထုပ်စီသာ လောင်းထည့်ပေးလိုက်တာပဲ။ တစ်နေ့တော့ ဘုန်းကြီးတို့ ဆွမ်း
ခံသွားရင်းနဲ့ ဘယ်လို အခြေအနေကလေး တစ်ခု ကြုံသလဲလို့ ဆိုတော့ --
အိမ်တစ်အိမ်ရှေ့ ရောက်တဲ့ အချိန်အခါမှာ တစ်ပါး တစ်ထုပ်စီ လောင်းပေးလိုက်
တယ် ဆိုပါတော့၊ ဘုန်းကြီးတို့ကလည်း ပြန်လှည့်လာတယ်။ ပြန်လှည့်လာတော့
ဘုန်းကြီးတွေ မကြားဘူး ထင်လို့နဲ့ တူပါရဲ့ အလှူရှင်က ဘာပြောသလဲ?
“ဘုန်းကြီးတွေ ဒီနေ့ မလာဘူး ထင်လို့ ငါ ပဲပြုတ်ကို ဆီနဲ့ကြော်ပြီး စားမယ်
လို့ ခဲထားတာ”တဲ့။
ဘုန်းကြီးတွေကို လောင်းတဲ့ အချိန်အခါကျတော့ ဆားလည်း မပါဘူး, ဆီ
လည်း မပါဘူး၊ သူတို့ စားဖို့ကျတော့ ဆီနဲ့ ကြော်စားမယ်လို့ ပြောနေတယ်၊ အဲဒါ
ပဲ ကြည့်ပေတော့ ..။
အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ-၏ သြဝါဒကထာ
(၁)။ သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး-၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၂။ သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၎။ ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ ဘုရားတည်း။
Saturday, 10 May 2014
ပဋ္ဌာန်းတရား ပွားများဆည်းကပ် အကျိုးမြတ်
စာရေးသူ ပထမအကြိမ် ပဋ္ဌာန်းတရားတော်မြတ် ပစ္စယနိဒ္ဒေသကို ရွတ်ဖတ်ပူဇော်ရခြင်း အကျိုးထူးများ ကိုယ်တွေ့ဖြစ်ရပ်ကို ရေးသားတင်ပြခဲ့ပါတယ်။ ယခုတဖန် တပည့်မတဦး၏ ကိုယ်တွေ့ဖြစ်ရပ်ကို စာဖတ်သူများ သဒ္ဓါတရား ပွားများနိုင်စေရန် ထပ်မံရေးသား တင်ပြလိုက်ပါသည်။
စာရေးသူမှာ သမီးကဲ့သို့ ချစ်ခင်ရသော တပည့်မတဦး ရှိပါသည်။ သူမ၏ အမည်က မနီလာတင့်။ သူမနှင့် လွန်ခဲ့သော ငါးနှစ်ကျော်က တွေ့ဆုံသိကျွမ်းခဲ့ကြသည်။ သူမသည် အသက်(၃၀)ကျော် တခုလပ်၊ သားတယောက် မိခင် ဖြစ်ပြီး စိတ်သဘောထား ဖြူစင်ရိုးသားသည်။
သူမသည် မနူးမနပ်အရွယ် အသက်(၁၉)နှစ်တွင် အိမ်ထောင်ကျခဲ့သည်။ သားလေးဖွားမြင်ပြီးနောက် လပိုင်းအတွင်း အလွန်ခါးသီးသော လူမှုဒုက္ခကြီး တွေ့ကြုံခဲ့ပြီး အိမ်ထောင်ပျက်ခဲ့ရသည်။ သူမမှာ မိဘများ မရှိတော့သဖြင့် လူမမည် ညီမလေးနှင့် မောင်လေးနှစ်ယောက်တို့ တာဝန်ပါ သူမအပေါ် ပုံကျလာသည်။
အားကိုးစရာဆို၍ မိခင်ဘက်မှ အသက်(၇၀)ကျော် အဘွားတဦးသာ ရှိသည်။ အသက်(၂၀)အရွယ်မှစ၍ အဘွားအို၊ ညီမနှင့် မောင်လေးများ အပါအဝင် မှီခိုသူ ငါးယောက်၏ စားဝတ်နေရေးအတွက် သူမတယောက်တည်း ရုန်းကန်ရှာဖွေ ကျွေးမွေးခဲ့ရသည်။ 
Tuesday, 6 May 2014
ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး
အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှမရောက်၊ ဘယ်နားမှာရှိမှန်း မသိ တာလဲပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။
===================================
၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။
(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား  (အံ့ဖွယ် ၁ -တနလာင်္ထောင့်)
ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ဘက်တည့်တည့်တွင်တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုး သားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆို လျှင် မှားမည်မဟုတ်ပေ။ တ၀ဂူပတ္တမြားမျက်ရှင်ဘုရားဟုလည်းခေါ်တွင်လေသည်။ဆုတောင်းပြည့်တ၀ဂူု ဘုရား သည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေး အခါက မင်းညီ မင်းသားများသည် တ၀ဂူဆုတောင်းပြည့် ဘုရားကို တက်ပြီးဆုတောင်း ဆုယူပြုလုပ်ကြ သည်။ သစ္စာအဓိဌာန်ပြု လုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။ ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်း မသတ် ဖြတ်စေ ရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက် မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရ ဟု ဘုရင်များက အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရလေသည် ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူ ဘုရားကို လူတိုင်းအလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက် ပစ္စယံ လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထား ကိုးကွယ်ကြသည်ဟု ပြောသ မှတ်ပြု ကြပါသည်။
Saturday, 3 May 2014
"ခန္ဓာရခြင်း ဉာဏ်မြင်ရှင်းအောင်"
••••••••••••••••••••••••••••
လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်ဘုံသား မည်သို့ပင် ကွဲပြားနေစေကာမူ ဓမ္မသဘောအရ ကြည့်လျှင် အကွက်(၂)က တရားများသာ ဖြစ်စဉ်ကိုက် တွေ့ရမည်ဖြစ်၏။
ခန္ဓာအားဖြင့် ငါးပါး အကျဉ်းချုပ်တော့ နာမ်နှင့်ရုပ်သာ ရှိ၏။
အတိတ်ဘ၀က အ၀ိဇ္ဇာ ၊ သင်္ခါရလက်ချက်ကြောင့် ရရှိထားသော လက်ရှိပစ္စုပ္ပန်ခန္ဓာပင် ဖြစ်ပါ၏။
အ၀ိဇ္ဇာသင်္ခါရသည် အကြောင်း၊ လက်ရှိခန္ဓာက
အကျိုး- အကြောင်းကြောင့် ရရှိသော အကျိုးတရားသာဖြစ်၏။
အကြောင်းဘက်တွင်လည်း ပုဂ္ဂိုလ် သတ္တ၀ါမပါ၊
အကျိုးဘက်တွင်လည်း ပုဂ္ဂိုလ်သတ္တ၀ါမပါ၊
ဓမ္မသဘောသက်သက်ဖြစ်စဉ်ကို တွေ့ရမည်ဖြစ်၏။
ထိုဓမ္မဖြစ်စဉ်ကို သဘောပေါက်လျှင် လက်ရှိခန္ဓာသည် ဖန်ဆင်းရှင်တို့က ဖန်ဆင်းလိုက်သည်ဟူသော ထင်မြင်ချက်ပျောက်ကွယ်သွားရ၏။
ပုဂ္ဂိုလ်စွဲ သက္ကာယဒိဋ္ဌိ အသိဖြင့် ပြုတ်သွားခြင်းဖြစ်၏။ ဖန်ဆင်းရှင်တစ်ဦးဦးက ဖန်ဆင်းလိုက်၍ ဖြစ်လာသည့် ခန္ဓာလား၊ သို့မဟုတ် မိဘနှစ်ပါးတို့၏ ပေါင်းဆုံမှုကြောင့်သာ ပေါ်လာရသည့်ခန္ဓာများဖြစ်လေမလားဟူသော သံသယ "၀ိစိကိစ္ဆာ"လည်း စင်သွားတော့၏။
ဤသည်ကို အကြောင်းတွင် ဉာဏ်ရှင်းလျှင် ၀ိစိကိစ္ဆာစင်-ဟု ဆိုရိုးပြုရ၏။
ခန္ဓာဖြစ်ခြင်းအကြောင်း အခြားမရှိ၊ မိဘနှစ်ပါးတို့၏ ပေါင်းဆုံမှုကြောင့်သာဖြစ်ရ၏ဟူသော အကြောင်းကင်းမဲ့သည့် " အဟေတုကဒိဋ္ဌိ" လည်း စင်သွားတော့၏။
ကန်တော့ခြင်းနှင့် ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များ
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း၊ကုသိုလ်ရလို၍ ကန်တော့ခြင်း ဟုနှစ်မျိုးရှိသည်။
(ကန်တော့ဆိုသည်မှာ အကုသိုလ်ကို ကန် ကျောက်၍ ကုသိုလ်ကို တော့ယူခြင်းကို ဆိုလိုပါသည်။)
"ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များမှာ"
(က) အပါယ်လေးပါး
အပါယ်ဟူသည်မှာ ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှုပြုခွင့်မရသော
အရပ်ကို အပါယ်ဘုံဟုခေါ်သည်။
အပါယ်ဘုံသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံဟု (၄)မျိုးရှိသည်။
Tuesday, 29 April 2014
ရသေ့ကြီး ဦးခန္တီ၏ လာဘ်ရွှင် လာဘ်ပွား ဂါထာတော်
ရသေ့ကြီး ဦးခန္တီဟု ဆိုလိုက်လျှင် ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များအနေဖြင့် မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ အနယ်နယ်အရပ်ရပ်၌ ဘုရား ပုထိုး စေတီများ တည်ခဲ့သော သာသနိက အဆောက်အအုံပေါင်းများစွာ ဆောက်လုပ်လှူဒါန်းလျက် သာသနာပြုပုဂ္ဂိုလ်မြတ်ကြီး တပါးဟူ၍ သိရှိနေကြပါသည်။ ရသေ့ကြီး ဦးခန္တီအဖို့ မည်သည့်အရပ်၊ မည်သည့်ဒေသမဆို သေဒစာရီ ကြွချီလေတိုင်း အလှူခံပုဂ္ဂိုလ်တို့ ၀င်လာမစဲ တသဲသဲ ဖြစ်နေကြပါသည်။ သည့်အတွက် လေ့လာစူးစမ်းလိုက်သောအခါ ဓနသိဒ္ဓိအရာ၌ လွန်စွာမှထက်မြက်လှသည့် ဂါထာတပုဒ်အား စွဲမြဲစွာရွတ်ဖတ် သရဇ္ဈာယ်လေ့ရှိသောကြောင့်ဟု မှတ်သားမိခဲ့ပါသည်။ အဆိုပါဂါထာကား သဗ္ဗမင်္ဂလာ ဂါထာ-သို့တည်းမဟုတ်-သဗ္ဗဇယမင်္ဂလာ ဂါထာတော် ဖြစ်ပါသည်။
သဗ္ဗမင်္ဂလာဂါထာ (၀ါ) သဗ္ဗဇယမင်္ဂလာ ဂါထာတော်သည် ကြီးမြတ်သောဘွဲ့၊ ထူးခြားသော ဂုဏ်ထူးဝိသေသတို့ လွှမ်းခြုံလျက်ရှိသော ဂါထာတော်ဖြစ်ပါသည်။ ထိုဂါထာတော်မှာ မူကွဲမရှိပါ။ တခုတည်းသာ ဖြစ်ပါသည်။
ရသေ့ကြီး ဦးခန္တီ ပုတီးစိပ်
ရသေ့ကြီး ဦးခန္တီကား မြန်မာနိုင်ငံ တ၀န်းရှိ သာသာနရေးဆိုင်ရာ အဆောက်အဦးများစွာကို ဦးစီးပြီး ဆောင်၇ွက်တည်ထောင်ပေးသော ပြုပြင်ထိန်းသိမ်းပေးသော သာသနာ့ဟိတဓဇ နာယက ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တဦး ဖြစ်၏။
ရသေ့ကြီး ဦးခန္တီသည် မန္တလေးတောင်တော် အပါအ၀င် မြန်မာနိုင်ငံ အရပ်ရပ်ရှိ မြို့ပေါင်း ၂၁၊ ဌာနပေါင်း ၄၇-ဌာနတို့၌ သာသနာရေးဆိုင်ရာ အဆောက်အဦး အမျိုးမျိုးတို့ကို အခိုင်အခန့် ပြုပြင်တည်ဆောက်ခဲ့သည်။ ရသေ့ကြီး ဦးခန္တီ ပြုပြင်တည်ဆောက်ခဲ့သော မြန်မာနိုင်ငံတ၀ှမ်းရှိ သာသနာရေးဆိုင်ရာ အဆောက်အဦများ၏ ရှေးခေတ်တန်ဖိုးမှာ ကုဋေ(၅၀)မျှ ရှိမည်ဟု ခန့်မှန်းကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဒဏ်ကြောင့် ပျက်စီးသွားသော သာသနာ့အဆောက်အဦ အချို့၏ တန်ဖိုးမှာ သိန်း(၂၀)ကျော် ဖြစ်သည်ဟု မှတ်သားသိရှိရ၏။
သေသောသူ ကြာလျှင်မေ့-ဟူသော စကားရှိ၏။ သို့သော် မမေ့သင့် မမေ့ထိုက် မမေ့အပ်သော ပုဂ္ဂိုလ်များကို မမေ့ကောင်းဟု ကျွန်ုပ်ထင်၏။ ထို့အတွက်ကြောင့် သာသနပြုရသေ့ကြီး ဦးခန္တီအကြောင်းနှင့် သူ၏ လူသိနည်းသော အစွမ်းထက်မြက်သည့် ပုတီးစိပ်အကြောင်းကို ကျွန်ုပ်သည် သုတေသနပြု လေ့လာပြီး ဓမ္မမိတ်ဆွေ သူတော်စင်တို့အတွက် တင်ပြအပ်ပါသည်။
ရသေ့ကြီး ဦးခန္တီ ရန်ကုန်ရဲမင်းကြီး မစ္စတာစကော့နှင့် သိဒ္ဓိစွမ်းအား ဖြစ်ရပ်ဆန်းများ
အသက်ရှည်စေလို၊ မန်းတောင်ရိပ်ခို-ဟူသော စကားနှင့်အတူ မန်းတောင်၏ မြင်ကွင်း ရသေ့ကြီးဦးခန္တီ၏ ပုံရိပ်မှန်ကို ပြေးမြင်မိသည်မှာ မလွဲပေ။ ရသေ့ကြီးဦးခန္တီသည် အကျင့်၊ သီလ၊ စရဏနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်သကဲ့သို့ ရွှေမန်းတောင်တော်၏ ခုနစ်ဦးမြောက် ဘုရားဒါယကာအဖြစ် ထင်ရှားသူ ပုဂ္ဂိုလ်ထူး ဖြစ်၏။
ဤကဲ့သို့ပင် ရသေ့ကြီးဦးခန္တီ-၏ ဘ၀ပုံရိပ်များကလည်း အံ့သြခမန်း ဆန်းကြယ်လှသည်ဟု ဆိုလျှင်လည်း မမှားပေ။
ရသေ့ကြီးဦးခန္တီနှင့် ပတ်သက်သည့် မယ်တော် ဒေါ်ခိုဥ-၏ အိပ်မက်နိမိတ်---
လတန်ဆောင် ကထိန်ပွဲပေမို့၊ ချိန်သဲတဲ့ ဤချိန်ခါ၊
မသိုးခေါ် ရွှေသင်္ကန်း တန်းကြစီစရာ၊
ကြတ္တိကာ၊ သာယာလို့ကြည်နူး၊ 
ဝသန္တာ ဟေမာကူးချိန်မို့၊ ဗြိစ္ဆာခေါ် လအထူးမှာ၊ နက္ခတ်စုံမြူး-
ဟူသော ရာသီဘွဲ့နှင့် ညီမျှသော ၁၂၂၈-ခုနှစ် တန်ဆောင်မုန်းလ၏ ညတညတွင် ရသေ့ဦးခန္တီ-၏ မယ်တော် ဒေါ်ခိုဥ ထူးဆန်းသော အိပ်မက်တခု မြင်မက်၏။
ရသေ့ကြီး ဦးခန္တီ၏ ရွှေဖြစ်ငွေဖြစ် ဂါထာတော်
ကျွန်တော်သည် တခုသောရုံးအားရက်တွင် သတင်းကိစ္စတခုဖြင့် ပုဇွန်တောင်မြို့နယ် စာပေနှင့်စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ သတင်းထောက် ခင်အောင်ထံသို့ ရောက်ရှိခဲ့ပါသည်။ သတင်းထောက် ခင်အောင်နှင့် သတင်းကိစ္စများ ပြောဆိုဆောင်ရွက်ပြီးသောအခါ အချိန်ရသေးသဖြင့် မရောက်တာကြာပြီဖြစ်သော ရွှေဘုန်းပွင့်စေတီတော်သို့ ၀င်ရောက်ဖူးမြော်ကြည်ညိုခဲ့ပါသည်။ ထိုစဉ် ဘုရားရင်ပြင်ပေါ်၌ အနှစ်(၂၀)မျှ ကွဲကွာနေသော ဦးသန်းထွန်းကို အမှတ်မထင် ပြန်လည်တွေ့ဆုံခဲ့ရသည်။
ကျွန်တော်နှင့် ဦးသန်းထွန်းတို့သည် ၁၉၇၅-ခုနှစ် ဗိုလ်တထောင် လုပ်သားများကောလိပ်၌ အတူတက်ရောက်ခဲ့ကြသော ကျောင်းနေဖက်များ ဖြစ်ကြသည်။ ဦးသန်းထွန်းသည် စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတွင် ကြေးနန်းဆက်သွယ်ရေးသင်တန်း တက်ခဲ့ပြီး အလုပ်မှနုတ်ထွက်၍ နိုင်ငံခြား သင်္ဘောလိုင်းတခုတွင် ရေဒီယို ဆက်သွယ်ရေးအရာရှိ(RO)အဖြစ် လိုက်ပါသွားခဲ့၏။ ထိုအချိန်မှစ၍ သူနှင့်ကျွန်တော်တို့ ပြန်မတွေ့ရတော့ဘဲ အခုမှ မမျှော်လင့်ဘဲ ဦးသန်းထွန်းကို ပြန်တွေ့ရခြင်းဖြစ်သည်။
ရသေ့ကြီး ဦးခန္တီ-နှင့် လာဘ်ပွင့် ဂါထာတော်ထူး
မြန်မာနိုင်ငံတ၀ှမ်း၌ ရသေ့ကြီး ဦးခန္တီဆိုလျှင် မသိသူမရှိ။ ထင်ရှားသော သာသနာပြု ပုဂ္ဂိုလ်တပါး ဖြစ်ပါသည်။ ရဟန်းဝတ်ခဲ့စဉ်ကလဲ ရဟန်းဘွဲ့အမည်မှာ ဦးခန္တီ-ပင်ဖြစ်၏။ ငယ်နာမည်မှာကား မောင်ရွှေမြ ဖြစ်လေသည်။ လူပြန်တော်ဘ၀ သင်္ကန်းစွန့်သောအခါ ကပ်ကျော်ဘဘကြီး ဦးစိုးမင်း ၀ိဇ္ဇာဂိုဏ်းချုပ်အဖြစ် ထင်ရှားခဲ့ပြန်သည်။
မောင်ရွှေမြ ဘ၀တွင် ရှိစဉ်က ရက်ကန်းစင်တောင် ဆရာတော်ကြီးသည် ဆင်သေရွာနေ ၀ိဇ္ဇာဓိုရ်ဆရာကြီး ဘိုးဆိုင်-ထံသို့ အတတ်ပညာများ သင်ကြားနာယူစေရန် အပ်နှံခဲ့သည်။ ထိုမှတဖန် ၀ိဇ္ဇာဓိုရ်ဆရာကြီး ဘိုးဆိုင်က မောင်ရွှေမြအား ဂန္ဓာရီဝိဇ္ဇာအတတ်များကို သင်ယူစေရန် ထုံးဖိုရွာနေ သောကြာသား ဆရာကြီး ဦးရဲသူ-ထံ အပ်နှံပြန်လေသည်။ မောင်ရွှေမြလည်း ဆရာကြီး ဦးရဲသူထံမှ န၀င်း-စမ-ဂါထာ-မန္တာန်-ကျမ်းဂန် စကားအဓိပ္ပါယ်သွားတို့ကို ဆရာတဆူ ပါရဂူမြောက်သည်အထိ သင်ကြားတတ်မြောက်ခဲ့ လေသည်။
Monday, 28 April 2014
ရှင်သီဝလိ (ထေရုပ္ပတ္တိ)
ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။
( တောင်းခဲ့သော ဆု)
ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။
နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ပွင့်ရာကမ္ဘာများနှင့် ဗောဓိပင်များ
၁။ တဏှင်္ကရာ........................................... သာရမဏ္ဍကမ္ဘာ
၂။ မေဓင်္ကရာ........................................................။
၃။ သရဏင်္ကရာ....................................................။
၎။ ဒီပင်္ကရာ..........၄ အသင်္ချေ+ကမ္ဘာတသိန်းထက်.......။...................ပိပ္ပလိ=ညောင်ကြပ်ပင်။
၅။ ကောဏ္ဍည......၃ အသင်္ချေ+ကမ္ဘာတသိန်းထက်...သာရကမ္ဘာ..........သာလကလျာဏီ=နပဲပင်။
၆။ မင်္ဂလ.............၂ အသင်္ချေ+ကမ္ဘာတသိန်းထက်...သာရမဏ္ဍကမ္ဘာ....နာဂရုက္ခ=ကံ့ကော်ပင်။
၇။ သုမန.............................။......................................။.............................။................။
၈။ ရေ၀တ...........................။......................................။.............................။................။
၉။ သောဘိတ......................။......................................။.............................။................။
၁၀။ အနောမဒဿီ..၁ အသင်္ချေနှင့်+ကမ္ဘာတသိန်းထက်.၀ရကမ္ဘာ............အဇ္ဇုန=ဖောက်ကြံ့ပင်။
စကားကြီး ဆယ်မျိုး
စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်။ မြန်မာလူမျိုး တို့က စကားကြီး ၁၀-မျိုးဟုခေါ်ဆိုကြသည်။ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။
၁။ ရေကူးညာတင်
၂။ ကောက်ပင်ရိတ်လှီး
၃။ ရေစီးဖောင်ဆန်
၎။ အိုးတန်ဆန်ခပ်
၅။ ဆီပွတ်ကျည်ပွေ့
၆။ ဆင်ဝှေ့ရန်ရှောင်
၇။ တောင်သူယာခုတ်
၈။ ကြက်ဆုတ်ခွပ်ပစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင်မောင်းနင်း
အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။
ပုညကြိယာဝတ္ထု ၁၀-ပါး
(၁) ဒါနဆိုတာ-မိမိကိုယ်ပိုင်ပစ္စည်းဥစ္စာများကို လှူဒါန်းတာ။
* ပစ္စည်းဥစ္စာ၊ အဖြာဖြာ၊ လှူတာ ဒါနမည်။
(၂) သီလဆိုတာ-၅-ပါး၊ ဂ-ပါး၊ ၉-ပါးသီလ စသည်တို့ဖြင့် ကိုယ်နှင့်နှုတ်တို့ကို လုံခြုံအောင် စောင့်စည်းတာ။
* ကိုယ်နှုတ်နှစ်ဖြာ၊ စောင့်စည်းတာ၊ မှန်စွာ သီလမည်။
(၃) ဘာဝနာ-ဆိုတာ ဥပါဒါနက္ခန္ဓာ ၅-ပါး စသည်တို့ကို စိတ်ဖြင့် ပွားများအားထုတ်တာ။
* စိတ်ဖြင့်ပွားတာ ဘာဝနာ၊ မှန်စွာ မည်ပေသည်။
(၄) အပစာယန-ဆိုတာ ဘုရား တရား သံဃာ ဆရာ မိဘ အသက်-ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တို့ကို အရိုအသေပြုတာ
* ရိုသေပြုတာ၊ အပစာ၊ မှန်စွာမည်ပေသည်။
အလှူခံ တစ်ကျိပ်လေး
၁။ ဘုရားရှင်အားလှူဒါန်းခြင်း
၂။ ပစ္စေကဗုဒ္ဓါတို့အားလှူဒါန်းခြင်း
၃။ ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၎။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၅။ အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အနာဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
Sunday, 16 March 2014
မဟာသရဏဂုံတော်​ကြီး
၁. အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
    အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဓမ္မံသရဏံ ဂစ္ဆာမိ
    အဇ္ဇတဂ္ဂေ ပါဏု​ပေတံ သံဃံသရဏံ ဂစ္ဆာမိ
    ဒုတိယမ္ပိ ၊ တတိယမ္ပိ
၂. ဘဝပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
     ဘဝပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဓမ္မံသရဏံ ဂစ္ဆာမိ 
     ဘဝပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ သံဃံသရဏံ ဂစ္ဆာမိ
၃. အတ္တဘာဝပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
    အတ္တဘာဝပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဓမ္မံသရဏံ ဂစ္ဆာမိ
    အတ္တဘာဝပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ သံဃံသရဏံ ဂစ္ဆာမိ
၎. ကာယပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
    ကာယပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဓမ္မံသရဏံ ဂစ္ဆာမိ
    ကာယပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ သံဃံသရဏံ ဂစ္ဆာမိ
၅. အင်္ဂပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
    အင်္ဂပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဓမ္မံသရဏံ ဂစ္ဆာမိ
    အင်္ဂပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ သံဃံသရဏံ ဂစ္ဆာမိ
၆. ဇီဝိတပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
    ဇီဝိတပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ ဓမ္မံသရဏံ ဂစ္ဆာမိ
    ဇီဝိတပရိယန္တံ အဇ္ဇတဂ္ဂေ ပါဏု​ပေတံ သံဃံသရဏံ ဂစ္ဆာမိ
Friday, 7 March 2014
သူတော်ကောင်း ယောက်ျားမြတ်
၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို မေးသော်လည်း ထင်ရှားစွာပြု၍မပြော။
မမေးလျှင်ကား အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်) သူတပါး၏ ဂုဏ်မဲ့ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။
၂။ နောက်တမျိုးကား သူတော်ကောင်းယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်ရှိစကားကို မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။
မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင် သူတပါး၏ဂုဏ်ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင် ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။
ကိုယ် နှုတ် စိတ် စောင့်စည်းခြင်း
တနေ့သ၌ အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်ရှိသော ပုဏ္ဏားအို နှစ်ယောက်သည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် အရှင်ဂေါတမ-အကျွန်ုပ်တို့သည် အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်သို့ ရောက်ကြပါပြီ၊
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် တည်းဟူသော အပါယ်လေးဘုံမှ ကင်းဝေးမည့် ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရသေးပါ၊ အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့်စွာ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်း ဖြစ်နိုင်သော အဆုံးအမကို ပေးတော်မူပါ-ဟူ၍ လျှောက်ထားကြ၏။
ထိုအခါ မြတ်စွာဘုရားက ပုဏ္ဏားတို့-ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်လျက် ရှိသည်၊ ထို့ကြောင့် မျက်မှောက်ဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊ နှုတ်ဖြင့်စောင့်စည်းခြင်း၊ စိတ်ဖြင့်စောင့်စည်းခြင်းတို့ ပြုရမည်။
ယင်းသို့ စောင့်စည်းမှုသည် တမလွန်ဘ၀သို့ ပြောင်းသွားသူ၏ ခိုကိုးရာလည်း ဖြစ်၏၊ ပုန်းအောင်းရာလည်း ဖြစ်၏၊ မှီခိုရာလည်း ဖြစ်၏၊ ကိုးကွယ်ရာလည်း ဖြစ်၏၊ လည်းလျောင်းရာလည်း ဖြစ်၏။
ပုဏ္ဏားတို့-အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင်အိုးခွက်စသောပစ္စည်းကို ထုတ်ယူထားအပ်၏၊ ထိုထုတ်ယူထားအပ်သည့် အိုးခွက်စသည့် ပစ္စည်းသည်၎င်း။ ထိုအိမ်၌ အကြင်အကြင်ပစ္စည်းကို မီးမလောင်၊ ထိုမီးမလောင်သော ပစ္စည်းတို့သည်၎င်း၊ အိမ်ရှင်၏အကျိုးငှါ ဖြစ်၏။
ဤအတူပင် သတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့ စွဲလောင်နေရာ ချမ်းသာကိုပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပြုခြင်းဖြင့် ထုတ်ယူအပ်၏၊ ပေးလှူအပ်ပြီးသော အလှူဒါနသည် ကောင်းစွာထုတ်ယူထားအပ်ပြီး မည်၏။
ဤမျက်မှောက်ဘ၀၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်၎င်း၊ အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်၎င်း၊ တမလွန်ဘ၀သို့ ပြောင်းသွားသူအား ချမ်းသာမှုကို ဖြစ်စေ၏-ဟူ၍ ဆိုဆုံးမတော် မူလေသည်။
ပျက်စီးခြင်း ငါးပါး
တနေ့သောအခါ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပျက်စီးခြင်းတို့နှင့် ပတ်သက်၍ ဤသို့ ဟောတော်မူသည်။
ရဟန်းတို့၊ သတ္တ၀ါတို့တွင် ပျက်စီးခြင်းတို့သည် ငါးမျိုးရှိ၏၊ ယင်းတို့မှာ-
၁။ အဆွေအမျိုးတို့၏ ပျက်စီးခြင်း။
၂။ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း။
၃။ အနာရောဂါ နှိပ်စက်မှုဟူသော ပျက်စီးခြင်း။
၎။ အကျင့်သီလ၏ ပျက်စီးခြင်း။
၅။ အယူ၏ ပျက်စီးခြင်းတို့တည်း။
ဤသို့ ပျက်စီခြင်း ငါးမျိုးရှိရာတွင် သတ္တ၀ါတို့သည်
အဆွေအမျိုးတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အနာရောဂါ နှိပ်စက်မှု ဟူသော ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါ ချမ်းသာကင်းသော ငရဲ၌ မဖြစ်ရကုန်။
အကျင့်သီလ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အယူ၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါတွင်ကား ချမ်းသာကင်းသော ငရဲ၌ ဖြစ်ရကုန်၏။
( အင်္ဂုတ္တရ ဂိလာန၀ဂ်၊ ဗျသနသုတ် )
အဆွေခင်ပွန်းကောင်း ဟူသည်
တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပေါင်းဖော်အပ်သော အဆွေခင်ပွန်းကောင်းအကြောင်း
ဤသို့ ရှင်းပြ မိန့်တော်မူသည်
ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်အပ်၏။
ထိုအင်္ဂါ ခုနစ်ပါးကား-
၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။
၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။
၃။ မကောင်းဆိုသော စကားတို့ကို၎င်း၊ သည်းခံနိုင်ခဲသော အရာတို့ကို၎င်း သည်းခံ၏။
၎။ အဆွေခင်ပွန်းအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။
၅။ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏။
၆။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။
အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းမျိုးကို ပေါင်းဖော်အပ်၏။
( အင်္ဂုတ္တရနိကာယ်၊ ပထမမိတ္တသုတ် )
စကားဟူသည်
တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။
ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။
Thursday, 6 March 2014
နိုးကြားသူ
တခါသော် မြတ်စွာဘုရားသခင်သည် နိုးကြားမှု အမြဲရှိသင့်ကြောင်း ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ ငါ၏စကားကို နာယူကြကုန်လော့၊ အိပ်ပျော်နေသောသင်တို့သည် နိုးကြားကြကုန်လော့။ အိပ်ပျော်နေခြင်းထက် နိုးကြားခြင်းသည် မြတ်၏၊ နိုးကြားမှု အမြဲရှိသူအား ဘေးမရှိ။
အကြင်သူသည် နိုးလည်းနိုးကြား၏၊ သတိမြဲ၏၊ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၏၊ တည်ကြည်မှု ရှိ၏၊
ဝမ်းမြောက်မှု ရှိ၏၊ ကြည်လင်သောစိတ် ရှိ၏၊ ထိုသူသည် အခါအားလျော်စွာ တရားကို စူးစမ်းရှာဖွေလျက် တည်ကြည်သောစိတ်ဖြင့် မသိမှုကို ပယ်ဖျောက်နိုင်၏။
ထို့ကြောင့် ဤလောက၌ နိုးကြားသူကိုသာ ဆည်းကပ်ရာ၏၊ လုံ့လ၀ီရိယနှင့် ပြည့်စုံသော နိုးကြားမှုရှိသော ပညာရှိသည် ဤဘ၀၌ပင် အရဟတ္တမဂ်ဉာဏ်သို့ ရောက်ရာ၏။
( ဣတိဝုတ် ပါဠိတော်၊ ဒုကနိပါတ်၊ ဒုတိယ၀ဂ်၊ ဇာဂရိယသုတ် )
ပြုစုရခက်သူ နှင့် လွယ်သူ
တနေ့သ၌ မြတ်စွာဘုရားသခင်သည် ရဟန်းတို့အား ပြုစုရခက်သော သူနာနှင့် ပြုစုရလွယ်သောသူတို့အကြောင်း ဤသို့ ဟောကြားတော်မူသည်။
ရဟန်းတို့ ပြုစုရခက်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ
၁။ ရောဂါနှင့် မသင့်သည်ကို ပြုလုပ်၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို မသိ။
၃။ ဆေးမစား။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို မပြော။
၅။ ဝေဒနာကို သည်းမခံ။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူဖြစ်၏။
ရဟန်းတို့ ပြုစုရလွယ်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ-
၁။ ရောဂါနှင့် သင့်သည်ကို ပြု၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို သိ၏။
၃။ ဆေးစား၏။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို ပြော၏။
၅။ ဝေဒနာကို သည်းခံ၏။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုလွယ်သူ ဖြစ်၏-ဟု မိန့်တော်မူ၏။
သူနာပြု ဟူသည်
တခါသော် မြတ်စွာဘုရားသခင်သည် သူနာပြုစုနည်းနှင့် ပတ်သက်၍ ရဟန်းတို့အား ဤသို့ ဟောကြားတော်မူ၏။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားမလည်။
၂။ ရောဂါနှင့် သင့်-မသင့်ကို မသိ။
၃။ မေတ္တာစိတ် မရှိဘဲ လာဘ်ကိုငဲ့၍ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို ရွံရှာစက်ဆုပ်၏။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေးမှု မရှိ။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် မထိုက်။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားလည်၏။
၂။ ရောဂါနှင့် သင့်-မသင့်ကို သိ၏။
၃။ မေတ္တာစိတ်ဖြင့် လာဘ်ကိုမငဲ့ဘဲ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို မစက်ဆုပ်။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေး၏။
ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် ထိုက်တန်၏။
ဟု-မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်ပါဠိတော် ဂိလာန၀ဂ်၊ ဒုတိယဥပဋ္ဌာကသုတ် )
စကားဟူသည်
တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။
ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။
ရဟန်းတို့-စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုး-အပြစ်တို့သည် ဤ ၅-မျိုးတို့တည်း-ဟု မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ် ဗဟုဘာဏိသုတ် )
ပျင်းရိခြင်း နှင့် မပျင်းရိခြင်း
ဗုဒ္ဓဘုရားရှင်သည် လူအများ ကျင့်သုံးလိုက်နာရန် အဆုံးအမပေါင်းများစွာကို ဟောကြားတော်မူခဲ့သည်။ ယင်းတို့တွင် ပျင်းရိခြင်းနှင့် ပတ်သက်၍ ဟောကြားသည်မှာ အထူးသတိပြု ဆင်ခြင်ဖွယ်ရာ ဖြစ်သည်။
ဗုဒ္ဓဘုရားရှင်က ပျင်းရိခြင်းနှင့် ပတ်သက်၍
(၁) ပျင်းရိ၍ အားမထုတ်ဘဲနေသောသူ။
(၂) မပျင်းရိဘဲ အားထုတ်၍နေသောသူဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည်။
ထိုသို့ ခွဲခြားပြီးလျှင် အကျိုးအပြစ်များကိုလည်း ဖွင့်ဆိုပြသည်။
မြတ်စွာဘုရား လက်ထက်တော်အခါက မဟာဓနသူဌေးသားနဲ့ ဇနီးမယားတို့ ရှိကြသည်။ သူတို့သည် မိဘတို့၏ အမွေအနှစ်များကို ရ၍ ကြွယ်ဝချမ်းသာကြသော်လည်း အားထုတ်ခြင်းမရှိ၊ ပျင်းရိသောကြောင့် စီးပွားများပျက်၍ သူတောင်းစားဘ၀သို့ ရောက်ခဲ့ကြရသည်။
ကုန်သွယ်မှုချင်း တူပါလျက် အကျိုးရချင်း ခြားနားချက်
အခါတပါး၌ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားအား ဤသို့ မေးလျှောက်လေ၏။
(၁) မြတ်စွာဘုရား ဤလောက၌ အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရှုံး၏၊ 
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။
(၂) အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရည်မှန်းသလောက် မရ၊ 
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။
(၃) အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက်ရည်မှန်းသည့်အတိုင်း ရ၏၊
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။
(၄)  အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရည်မှန်းသည်ထက် ပို၍ ရ၏၊ 
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။
ထိုအခါ မြတ်စွာဘုရားက ဤသို့ ဖြေကြား မိန့်တော်မူလေ၏။
(၁) သာရိပုတ္တရာ၊ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ထိုပစ္စည်းကို မလှူဒါန်းချေ၊ 
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရှုံးရ၏။
(၂) အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ရည်မှန်းထားသည့်အတိုင်း မပေးလှူဘဲ နည်းနည်းသာ ပေးလှူ၏၊  
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရည်မှန်းသလောက် မရ။
(၃)  အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ရည်မှန်းထားသည့်အတိုင်း ပေးလှူ၏၊  
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရည်မှန်းသည့်အတိုင်း ရ၏။
(၄)  အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ရည်မှန်းထားသည်ထက် ပို၍ ပေးလှူ၏၊   
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရည်မှန်းသည်ထက် ပို၍ ရ၏။ 
သာရိပုတ္တရာ၊ ဤသည်လျှင် ကုန်သွယ်မှုချင်း တူမျှသည်သာ ဖြစ်လျက် ရှုံးခြင်း၊ ရည်မှန်းသလောက် မရခြင်း၊ ရည်မှန်းသလောက် ရခြင်း၊ ရည်မှန်းသည်ထက် ရခြင်း၏ အကြောင်းပေတည်း။
အံ-စတုက္က၊ ဒု-ပဏ္ဏာသက၊ အပဏ္ဏကဝဂ်၊ ၉-ဝဏိဇ္ဇသုတ်။
Sunday, 16 February 2014
ဝိပဿနာမလုပ်ရင် အပါယ်ကျမှာလား
ဝိပဿနာအလုပ်တွေ မလုပ်ရင် အပါယ်ကျတော့မှာလား။ ဒါနတွေ ပြုနေတယ်။ သီလတွေ ဆောက်တည်နေတယ်။ သမထတွေပွားနေတယ်။ အဲဒါတွေက သုဂတိမရောက်နိုင်ဘူးလား။
ဝိပဿနာမလုပ်လည်း အဲဒီကုသိုလ်ကောင်းမှုတွေကို သတိရပြီး သေရင် အပါယ်မကျနိုင်ပါဘူး။ သုဂတိကို ရောက်နိုင်ပါတယ်။ ဝိပဿနာမလုပ်တဲ့သူမှန်သမျှ အပါယ်ကျရမယ်လို့ မဆိုလိုပါဘူး။ ဒါနကို သတိရပြီးသေမယ်ဆိုပါစို့။
သခွားသီးတစ်လုံးလှူတာနဲ့ နတ်ပြည်ရောက်နေတဲ့ နတ်သမီးတွေရှိပါတယ်။သရက်သီးတစ်လုံးလှူလို့ နတ်သား။ နတ်သမီးတွေဖြစ်နေတာရှိတယ်။ သည်းခံလို့ နတ်သား။ နတ်သမီးတွေ ဖြစ်နေတာရှိတယ်။ ဝိပဿနာဆိုလို့ တစ်ပြားသားမျှ မပါဘူး။
ချစ်သူကို တရားဟောပါ
မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ ခေါ်ပါတယ်။
တစ်နေ့အိမ်တံခါးဝမှာထိုင်ပြီး သမီးကအမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေအများကြီး အိမ်ရှေ့က ဆွမ်းခံကြွသွားတာကို
မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။
“အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေး ဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”
ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။
“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။
မြတ်စွာဘုရားတရားနာကြားပြီးရဟန်းပြုကြတာ”
Friday, 14 February 2014
ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး
၁။ သူတစ်ပါးတို့  ရှိခိုးခံထိုက်ခြင်း။
၂။ စိတ်၏ ရဲရင့် တည်ကြည်ခြင်း။
၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို ရခြင်း။
၎။ နောင်ဘုရားနှင့် တွေ့ သည့်အခါ သစ္စာလေးပါးကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတစ်ပါးတို့ ၏ အရိုအသေအပြုကို ခံရခြင်း။
Thursday, 13 February 2014
ပဋ္ဌာန်းတရား မှတ်ဖွယ်များ
(ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏ)
ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏကို ဆဋ္ဌမူအရ ကောက်နှုတ်ဖော်ပြရလျှင် ပါဠိတော် အုပ်ရေ (၅)အုပ်၊ 
စာမျက်နှာပေါင်း (၂၄၆၀)မျက်နှာရှိသည်၊
အသံမစဲ ရွတ်ဖတ်ရန်အချိန် (၁၃၂)နာရီ ကြာသည်။
(ပေယျာလ မြှုပ်ကွက်များကို ဖော်ပြရွတ်ဆိုလျှင် တစ်သက်လုံး ရွတ်ဖတ်၍ မကုန်နိုင်ပါ။)
(ပဋ္ဌာန်း၏ အနက်သဘောနှင့် နက်နဲခြင်း)
ပဋ္ဌာန်း၏ အနက်သဘော (၃)ရပ်ရှိသည်။ ထိုအနက်သဘောများမှာ---
၁။ များစွာသော အကြောင်းတရားတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၂။ (၂၄)ပါးသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ အခြင်းအရာတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၃။ သဗ္ဗညုတဉာဏ်တော်၏ မထိမပါး လူးလွန့်မြူးကွန့် ကျက်စားရာဖြစ်ခြင်းတို့ ဖြစ်ပါသည်။
(ပဋ္ဌာန်းတရားတော်၏ နက်နဲခြင်း ၄-မျိုးရှိရာ ထို ၄-မျိုးမှာ)
၁။ ဓမ္မဂမ္ဘီရ=ဝေါဟာရ စကားလုံး၊ ပုဒ်၊ ဝါကျတို့၏ နက်နဲခြင်း။
၂။ အတ္ထဂမ္ဘီရ=အနက်အဓိပ္ပါယ်  သဘော၏ နက်နဲခြင်း။
၃။ ဒေသနာဂမ္ဘီရ=ဟောပုံ ဟောနည်း အစီအစဉ် နက်နဲခြင်း။
၎။ ပဋိဝေဓဂမ္ဘီရ=ထိုးထွင်းသိမြင် ဉာဏ်ပညာ၏ နက်နဲခြင်းတို့ ဖြစ်ပါသည်။
(ပဋ္ဌာန်းတရား ဟောကြားခဲ့ခြင်းနှင့် တန်ခိုးကြီးရခြင်း)
မြတ်စွာဘုရားသည် ဤပဋ္ဌာန်းတရားတော်ကို ဟောကြားခဲ့ခြင်းမှာ---
၁။ မြတ်စွာဘုရားသခင် သက်တော် (၄၂)နှစ်၊ ဝါတော် (၇)ဝါမြောက်တွင် ဟောကြားခဲ့သည်။
၂။ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် ဟောကြားခဲ့သည်။
၃။ နတ်ဗြဟ္မာပရိသတ်အား ဟောကြားခဲ့သည်။
၎။ မယ်တော်မိနတ်သားအား နို့ဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ ဟောကြားခဲ့ခြင်း ဖြစ်သည်။
ပဋ္ဌာန်းတရားတော်သည် အစွမ်းထက်၊ တန်ခိုးထက်သော တရားတော် ဖြစ်ပါသည်။ ဤသို့လျှင် တန်ခိုးကြီးရခြင်းမှာလည်း ဂုဏ်ရည် ၃-ပါးနှင့် ပြည့်စုံသောကြောင့် ဖြစ်ပါသည်။ ထို့ဂုဏ်ရည် ၃-ပါးမှာ---
၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း။
၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့်တရား ဖြစ်ခြင်း။
၃။ သာသနာ တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး ဖြစ်ခြင်းတို့မှာ ပဋ္ဌာန်းတရားတော်၏ ဂုဏ်ရည်များ ဖြစ်ပါသည်။
(၂၄)ပစ္စည်းကို လောကဥပမာများနှင့် ပြထားပါသည်။
၁။ ဟေတု ပစ္စယော=အကြောင်းဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
( ရေသောက်မြစ်နှင့် တူ၏)
၂။ အာရမ္မဏ ပစ္စယော=အာရုံဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(တောင်ဝှေး, ကြိုးတန်းနှင့် တူ၏)
၃။ အဓိပတိ ပစ္စယော=အကြီးအကဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(စကြာမင်း အုပ်စိုးပုံနှင့် တူ၏)
၎။ အနန္တရ ပစ္စယော=အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(စကြာမင်း နတ်ရွာသံ၍ သားကြီး အမွေဆက်ခံပုံနှင့် တူ၏)
၅။ သမနန္တရ ပစ္စယော=ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(စကြာမင်း တောထွက်၍ သားကြီး အမွေဆက်ခံပုံနှင့် တူ၏)
၆။ သဟဇာတ ပစ္စယော=အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ဆီမီးတောက်လာသော် အလင်းရောင်ဖြစ်ပေါ်လာပုံနှင့် တူ၏)
၇။ အညမည ပစ္စယော=အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။
(သုံးချောင်းထောက်နှင့် တူ၏)
၈။ နိဿယ ပစ္စယော=မှီရာ တည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(သစ်ပင်စိုက်ရာ မှီရာ-တည်ရာ မြေကြီးနှင့် တူ၏)
၉။ ဥပနိဿယ ပစ္စယော=အားကြီးသောမှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မိုးတွင်းရွာချသည့် မိုးကြီးနှင့် တူ၏)
၁၀။ ပုရေဇာတ ပစ္စယော=ရှေးဦးစွာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ကမ္ဘာဦးက နေ,လ တိုနှင့် တူ၏)
၁၁။ ပစ္ဆာဇာတ ပစ္စယော=နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ပေါက်ခါစ လင်းတငယ်လေးများ အစာမျှော်နေပုံနှင့် တူ၏)
၁၂။ အာသေဝန ပစ္စယော=အထပ်ထပ် မှီဝဲအပ်၊ ထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ရှေးရှေးထုံထားအပ်သော နံ့သာ, ရှေးရှေးသင်အံလေ့ကျက်ထားအပ်သော စာပေကျမ်းဂန်တို့နှင့် တူ၏)
၁၃။ ကမ္မ ပစ္စယော=အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မျိုးစေ့နှင့် တူ၏)
၁၄။ ဝိပါက ပစ္စယော=အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ချမ်းအေးသော လေသည် ချမ်းအေးသောအရိပ်၌ နေသူအား ချမ်းအေးစေခြင်းငှါ ကျေးဇူးပြုပုံနှင့် တ)
၁၅။ အာဟာရပစ္စယော=ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ပြိုမည့်အိမ်ကို ထောက်ကန်ထားသည့် ထောက်ကျားနှင့် တူ၏)
၁၆။ ဣန္ဒြိယ ပစ္စယော=အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မှူးမတ်များနှင့် တူ၏။ ပဒေသရာဇ် ဘုရင်နှင့် တူ၏)
၁၇။ ဈာန ပစ္စယော=ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(သစ်ပင်ထိပ်ဖျား,တောင်ထိပ်ဖျားပေါ်သို့ တက်ကြည့်သူနှင့် တူ၏)
၁၈။ မဂ္ဂ ပစ္စယော=ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(လမ်းနှင့် တူ၏။ ကောင်းတဲ့လမ်း မကောင်းတဲ့လမ်း-ဟူ၍ နှစ်မျိုးရှိသကဲ့သို့ မဂ္ဂမည်သော တရားသည်လည်း ကောင်းတဲ့တရား မကောင်းတဲ့တရား ဟူ၍ နှစ်မျိုးရှိသည်)
၁၉။ သမ္ပယုတ္တ ပစ္စယော=ယှဉ်တွဲ၍ ကျေးဇူးပြုတတ်သောတရား။
(စတုမဓု ရောစပ်မှုနှင့် တူ၏)
၂၀။ ဝိပ္ပယုတ္တ ပစ္စယော=မယဉ်မတွဲမူ၍ ကျေးဇူးပြုတတ်သောတရား။
(အချို, အချဉ်, အစပ်, အဖန်, အငန်, အခါး အရသာခြောက်ပါးနှင့် တူ၏)
၂၁။ အတ္ထိ ပစ္စယော=ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မြေကြီး, မြင့်မိုရ်တောင်သည် မြက်, သစ်ပင်တို့အား ထောက်ပံ့ပုံနှင့် တူ၏)
၂၂။ နတ္ထိ ပစ္စယော=ထင်ရှားမရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ဆီမီးငြိမ်းသွားပုံနှင့် တူ၏)
၂၃။ ဝိဂတ ပစ္စယော=ကင်းကွာသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(နေရောင် ကွယ်ပျောက်, လရောင် ရောက်လာပုံနှင့် တူ၏)
၂၄။ အဝိဂတ ပစ္စယော=မကင်းမကွာမူ၍ ကျေးဇူးပြုတတ်သောတရား။
(မဟာသမုဒ္ဒရာ ရေသည် ငါး,လိပ်တို့အား မကင်းမကွာဘဲ ကျေးဇူးပြုပုံနှင့် တူ၏)
ပဋ္ဌာန်းကွယ်လျှင် သာသနာကွယ်လိမ့်မည်။ ပဋ္ဌာန်းတန်ခိုး၊ ပဋ္ဌာန်းအကျိုးများကို လက်တွေ့သိရှိခံစားကြရပါသည်။ မြန်မာပြည် တနံတလျားရှိ   ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့ကျေးရွာ၊ နယ်ပယ်၊ မြို့ပြများတွင် “သက်ဝင်ယုံကြည် သဒ္ဓါမှီပြီး အရှည်ခိုင်မြဲ ပဋ္ဌာန်းပွဲကို ကျင်းပပူဇော်ကြပါက မုန်တိုင်းမမွှေ, ပဋ္ဌာန်းမြေသို့, ဆန်ရေစပါး, ပေါကြွယ်များပြီး, စီးပွားဥစ္စာ, တိုးတက်ကာဖြင့်, ရပ်ရွာအေးချမ်း, ဘေးမသန်းဘဲ, စိတ်ဝမ်းကြည်သာ, ရှိကြမည်မှာ, မလွဲဧကန်, ဖြစ်ပါသည်။
* အတုမရှိ၊ မြတ်မုနိ၏
အဘိဓမ္မာ၊ မြတ်သြဇာတွင်
ရသာဆီနှစ်၊ ပဋ္ဌာန်းဖြစ်၏။
* သာသနာသုံးရပ်၊ မြဲခိုင်မတ်ဖို့
ခံတပ်ဆောက်တည်၊ ပဋ္ဌာန်းစည်ကို
မြည်သံဟိန်းဟိန်း၊ မိုးသို့ခြိမ်းလျက်
စောင့်ထိန်းဘာသာ၊ သာသနာသည်
ကမ္ဘာထွင်း၍ လင်းပါစေ---
ဝဠာချင်း၍ ဝင်းပါစေ---
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated