@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 9 June 2014

အနာဂတ်သာသနာရေး အပိုင်း(၇၀) ပဋိသန္ဓေတည်ခြင်း၏ အကြောင်းသုံးပါး



ပဋိသန္ဓေတည်ခြင်း၏ အကြောင်းသုံးပါး
မိခင်လောင်းသည် ရာသီပန်း ပွင့်ပြီးစ ဖြစ်၍  သားအိမ်၌ သန့်ရှင်းစင်ကြယ်နေခြင်း, ထိုမိခင်နှင့်ဖခင် ပေါင်းသင်း ပျော်မြူး၍ အဖ၏ သုက်သွေးသည် သားအိမ်၌ နည်းနည်းပါးပါး ဖြစ်စေ ရောက်ရှိနေခြင်း, ထိုအမိဝမ်း၌ ပဋိသန္ဓေ တည်နေမည့် သတ္တ၀ါလောင်းသည် ထိုအချိန်၌ ဘ၀ဟောင်းမှ စုတေခြင်း ဤအင်္ဂါ သုံးပါးစုံမှ ဂဗ္ဘသေယျကပဋိသန္ဓေ တည်နိုင်သည်၊
ရှေ့အကြောင်း တစ်ပါး နှစ်ပါးစုံနေရုံမျှဖြင့် ပဋိသန္ဓေ မတည်နိုင်၊ [ “မိမာတာ ကြာခန်းက, ပန်းရတုရာသီ, ပွင့်စဲစခါဆီ, တူယှဉ်မှီ ပျော်ပါး၊ ကိန်းထိုက်သည့် ထိုသသူငယ်, ထင်ရှေးရှု စုတေခိုက်ငြား၊ သည်အင်္ဂါ စုံစေ့မှ, ဘုံဓလေ့ ဤလူ့ပြည်, တည်သန္ဓေအများ” သတပဒိကပုစ္ဆာ]
မိဘနှစ်ပါး အတူပျော်ပါး၍ သားအိမ်၌ သုက်မရှိသော်လည်း ချက်ကို သုံးသပ်၍ သာယာမှုကြောင့် သန္ဓေတည်သော သုဝဏ္ဏသျှံ ၀တ္ထုလည်း ရှိသေး၏။
   စုတေခါနီး ကံအာရုံထင်လာပုံ                  
လူတစ်ယောက်စုတေခါနီးသောအခါ အချို့ အတော်ကြာကြာ မြောမေ့၍ နေတတ်၏၊ ရောဂါမပြင်းထန်ဘဲ သတိအလွန်ကောင်းနေသူ တချို့သော်မှ စုတေတော့မည့်ဆဲဆဲခဏ၌ မိနစ်ခန့်မျှဖြစ်စေ သတိလစ်သွားတတ်သေးသည်၊ ထိုအခါ မိမိက ရှေးက ပြုခဲ့သော ကံဖြစ်စေ, ထိုကံပြုစဉ်က အဆောက်အအုံအာရုံ ဖြစ်စေ, (၎င်းကို “ကမ္မနိမိတ်”ဟု ခေါ်၏၊) နောက်ဘ၀၌ တွေ့ကြုံရမည့် အရာဝတ္ထု ဖြစ်စေ (၎င်းကို “ဂတိနိမိတ်”ဟု ခေါ်၏၊) ဤသုံးမျိုးတွင် တစ်မျိုး မျိုးသည် ထိုသတိလစ်နေသော စိတ်တွင် ထင်လာမြဲ ဖြစ်၏၊

ထိုတွင် ကံထင်လာရာ၌ (အိပ်မက် မက်နေသကဲ့သို့) ရှေးတုန်းက ကံကိုပင် ယခု ပြုနေရသလို ထင်လာ၏၊ ဥပမာ…ဒါနပြုသောကံ ထင်လာ လျှင် ယခု လောလောဆယ် ပြုနေရသလို ထင်လာ၏၊ သူ့အသက် သတ်မှုကံ ထင်လျှင် ယခု လောလောဆယ် သတ်ဖြတ်နေရသကဲ့သို့ ထင်လာ၏၊ ယခု လောလောဆယ် ပြုနေသလို မထင်ဘဲ ထိုကံကို ပြန်၍ အမှတ်ရသောအားဖြင့်လည်း ထင်လာ၏။
          ဆိုလိုရင်းကား…ထိုကံကို ယခု ပြုနေသလို ထင်လာသောနည်း, ထိုကံကို ပြန်၍ အမှတ်ရသော နည်းအားဖြင့် ကံအာရုံ ထင်လာပုံ နှစ်နည်း ရှိသည် ဟူလို၊ ထိုအခါ စုတေမည့်သူ၏ မျက်နှာအနေသည် ကောင်းသောကံ ထင်လာသောအခါ၌ ကြည်လင်ရွှင်ပျ၍ မကောင်း သောကံ ထင်လာသောအခါ သူ့အသက် သတ်မှုဖြစ်လျှင် ဒေါသ ဖြစ်နေသော အမူအရာမျိုး ဖြစ်နေ၏၊ တဏှာပေမနှင့် ဆိုင်ရာ၌ကား ရွှင်ပျသော အမူအရာလည်း ရှိပေလိမ့်မည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated