@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday, 2 June 2014

ပြာသိုလ


  
ပြာသိုလ

ပြာသိုသည် မြန်မာပြက္ခဒိန်၏ ဒဿမလ။ ပြာသိုလတွင် ၃၀ ရက်ရှိသည် (ရက်စုံ)။

(ပြာသို) ဆယ်လသည် ဒီဇင်ဘာ၊ ဇန်နဝါရီ အတွင်း ကျရောက်သည်။ 'ပျားကောင်' ကို ရည်ညွှန်းသည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်ပါသည်။ ယခုလတွင် ပျားရည်နှင့် ပျားဖယောင်းများကို စုဆောင်းကြသည်ဟု ခန့်မှန်းနိုင်သည်။ ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သည့် ယနံ့ (ရနံ့) ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ်ပါသည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ်သည်။
ပွဲတော်

ပြာသိုလတွင် မြင်းခင်းသဘင်ပွဲရှိသည်။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၁၀)


သားသမီးဝတ် (၅)ပါး

(၁) မိမိအား ကျွေးမွေးပြုစုခဲ့ကြသော မိဘတို့ကို ပြန်၍ ပြုစုခြင်း။
(မိဘတို့သည် မိမိကို ငယ်ရွယ်စဉ်ကစ၍ နို့ချိုတိုက်ကျွေး မွေးခဲ့ကြ၏၊ အညစ်အကြေး နှပ်တို့ကို သုတ်သင်ပေးခဲ့ကြ ၏၊ ရေမိုးချိုးပေး၍ အမွှေးအကြိုင်များကိုလည်း လိမ်းပေးကြ၏၊ တော်တော်ကြီးလာလျှင် စကားသင်ပေးကြ၏၊ ဤသို့ မွေးကျွေး ပြုစုခဲ့သော မိဘတို့ကို အိုမင်းမစွမ်းရှိသောအခါ ကျေးဇူးဆပ်သောအားဖြင့် ပြန်၍ ပြုစုမှ သားသမီးဝတ် ကျေသည်။)
(၂) မိဘတို့၏ မင်းကိစ္စ၊ အရပ်ကိစ္စ၊ စီးပွားရေးကိစ္စ ရှိသောအခါ ထိုကိစ္စကို ပြုပေးခြင်း။
(မိဘတို့ကို ကိုယ်တိုင် မရွက်ဆောင်စေဘဲ မိမိက မိဘတို့တာဝန် ယူ၍ ဆောင်ရွက်ပေးခြင်း။)
(၃) မိဘတို့၏ အမျိုးအနွယ်ကို မတိမ်ကောရအောင် စောင့်ရှောက်ခြင်း။
(ရှေးခေတ်က အမျိုးကောင်းခြင်းကို ကြီးကျယ်သောဂုဏ်ဟု အယူရှိကြ၏၊ ထို့ကြောင့် အမျိုးကောင်းသားသမီးသည် မိမိအမျိုးကို နိမ့်ကျမသွားအောင် ထိန်းသိမ်းရ၏၊ အမျိုးတို့၏ အကျင့်အတိုင်း ကျင့်ရ၏၊ မိဘတို့၏ အမွေအနှစ်ဖြစ် သော လယ်ယာ ရွှေငွေများကို မပျက်စီးအောင် မိဘတို့ အလှူဒါနဝတ်ကို မပျက်စီးအောင် စောင့်ရှောက်ရ၏၊ အယူမှားနေသော မိဘကို အယူမှန်အောင် ပြောပြပေးခြင်းလည်း အမျိုးအနွယ်ကို စောင့်ရှောက်ရာ ရောက်၏။)

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၁၁)


သုခ (၄)မျိုး။ ။ ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေးအား သုခလေးမျိုးကို ဟောတော်မူ၏။ သုခသည် အတ္ထိသုခ၊ ဘောဂသုခ၊ အာနဏျသုခ၊ အနဝဇ္ဇသုခ- အားဖြင့် လေးမျိုးရှိ၏။
(စတုက္က အင်္ဂုတ္တိုရ်၊ ဒုတိယပံ၊ ပတ္တကမ္မဝဂ်)

အတ္ထိသုခ။ ။ “ ယောက်ျားတို့၏ လုံလဝီရိယအား လက်ရုံးအားတို့ဖြင့် ချွေးကျအောင် ရှာဖွေစုဆောင်းထားအပ်၊ တရားသော နည်းလမ်းဖြင့် ရအပ်သော စီးပွားဥစ္စာတို့သည် ငါ့မှာ ရှိပေသည်တကား ” ဟု စဉ်းစားလိုက်သောအခါ ထိုစီးပွားစုပြီးဖြစ်သူမှာ စိတ်ချမ်းသာမှုတစ်မျိုး ဖြစ်ပေါ်လာ၏၊ ထိုစိတ်ချမ်းသာမှုကို “ အတ္ထိသုခ- ရှိလို့ ချမ်းသာခြင်း ” ဟု ခေါ်သည်။


ဘောဂသုခ။ ။ ထိုသို့ အပင်ပန်းခံ၍ တရားသဖြင့်ရအောင် ရှာဖွေစုဆောင်းထားအပ်သော ဥစ္စာစီးပွားတို့ဖြင့် အိမ် တိုက် တည်ဆောက်ကာ ထိုက်တန်သော အသုံးအဆောင် အစားအသောက်တို့ကို သုံးစွဲ စားသောက်ရသော အခါနှင့် ကုသိုလ်ကောင်းမှု ပြုရသောအခါတို့၌ “ ငါသည် တပင်တပန်း ရှာထားသော စီးပွားတို့ဖြင့် ချမ်းသာစွာ သုံးစွဲ စားသောက်ရပေသည်၊ ကုသိုလ်ကိုလည်း ပြုရပေသည် ” ဟု တွေး၍ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှု ဖြစ်ရ၏၊ ထိုသုခကို “ ဘောဂသုခ= ခံစားရလို့ ချမ်းသာခြင်း ” ဟု ခေါ်သည်။

အနာဂတ်သာသနာရေး အပိုင်း(၅၂) သမ္မာဝါယာမ....သမ္မာသမာဓိ



သမ္မာဝါယာမ
အားထုတ်မှု ၀ီရိယကို ““၀ါယာမ””ဟု ခေါ်၏၊ မတရားသဖြင့် ပစ္စည်းရှာမှု ပါဏာတိပါတ အမှုစသည်ကို ပြုရာ၌ လုံ့လ ၀ီရိယ ပါကြရသည်၊ ထိုဝီရိယမျိုးကို ““မိစ္ဆာဝါယာမ””ဟု ခေါ်၏၊ ထိုဝီရိယမျိုး မဖြစ်စေဘဲ တရားသော နည်းလမ်းဖြင့် ကြိုးပမ်းအားထုတ်မှုသည် ““သမ္မာဝါယာမ””ချည်း သာတည်း၊ ထိုဝါယာမကို ကျမ်းဂန်တို့၌ လေးမျိုးပြ၏။
          ၁။ သူတစ်ပါး၌ ဖြစ်တတ်သော အကုသိုလ်မျိုးသည် ယခုဘ၀၌ မိမိမှာ တစ်ခါမျှ မဖြစ်ဖူးသေးလျှင် ထိုအကုသိုလ်မျိုး မဖြစ် အောင် ကြိုးစား၍ ရှောင်ရှားခြင်းသည် သမ္မာဝါယာမတည်း။
          ၂။ ထိုအကုသိုလ်မျိုး ဖြစ်မိပြန်လျှင် နောက်ထပ် မဖြစ်အောင် အကုသိုလ် မတိုးပွားအောင် ကြိုးစားခြင်းသည် ဖြစ်ပြီး အကုသိုလ်ကို ပယ်ရှားသော သမ္မာဝါယာမတစ်မျိုးတည်း။
          ၃။ မိမိသန္တာန်၌ မဖြစ်ဖူးသေးသော ကုသိုလ်အထူးကိုရအောင် ဈာန် မဂ် အထိ ကြိုးစားခြင်းသည် မဖြစ်သေးသော ကုသိုလ် ဖြစ်အောင် ကြိုးစားသော သမ္မာဝါယာမ တစ်မျိုးတည်း။

အနာဂတ်သာသနာရေး အပိုင်း(၅၁) သမ္မာဝါစာ---သမ္မာအာဇီဝ





သမ္မာဝါစာ
မုသာဝါဒ =  မုသားပြောမှု  (လိမ်မှု,  လှည့်ပတ်မှု, ညာဖြန်းမှု) ပိသုဏ၀ါစာ=ရန်တိုက်မှု၊ ဖရုသ၀ါစာ= ကြမ်းတမ်းယုတ်မာ ဆဲဆိုမှု၊ သမ္ဖပ္ပလာပ= အဖျင်းစကား အပျက်စကား (သက်သက် ရယ်မောစရာသာ ဖြစ်၍ အကျိုးမရှိသော စကား) ပြောမှုများကို “၀စီဒုစရိုက် = နှုတ်ဖြင့် မကောင်းပြုကျင့်မှု” ဟု ခေါ်၏၊ ““မိစ္ဆာဝါစာ””ဟုလည်း ခေါ်၏၊ ထိုစကားလေးမျိုးကို ပြောခွင့်ကြုံလာလျက်  မပြောမိအောင် ရှောင်ခြင်းသည် သမ္မာဝါစာမည်၏။
          မှန်သောစကားကိုသာ ပြောခြင်း၊ တစ်ယောက်နှင့်တစ်ယောက် မကွဲပြားအောင် ညီညီညွတ်ညွတ် သင့်သင့်မျှမျှ ရှိအောင် ပြောပေးခြင်း၊ နားထောင်သူတို့မှာ အကျိုးများသော စကားကို သာယာ ချေငံစွာ ပြေပြေပြစ်ပြစ် ပြောခြင်း၊ ကြားနာသူတို့၏ ကောင်းကျိုး သက်သက်ကို မျှော်၍ (ဂုဏ်ရဖို့ လာဘ်ရဖို့ကို မမျှော်ဘဲ) တရား ဟောပြခြင်းများလည်း သမ္မာဝါစာပင်တည်း။

"မှတ်ဉာဏ်ကောင်းချင် လျှင် "


…………………………………

ဒေါက်တာ နန္ဒမာလာဘိဝံသ

သင်္ဂါရဝ ဆိုတဲ့ ပုဏ္ဏားကြီးက ဘုရားကို ဗေဒင်
ကျမ်းတွေသင်ယူထားပေမယ့် မေ့ကုန်တယ်
ပျောက်ကုန်တယ် ဘာကြောင့်ပါလဲဘုရား တဲ့။

မြတ်စွာဘုရားက ရှင်းရှင်းလေး ဥပမာ ပေးထား
တာရှိတယ်။ မိမိရုပ်သွင် ကိုဘာနဲ့ ကြည့်လဲ
ရှေးတုန်းက မှန်မရှိလို့  ရေခွက်ထဲရေထည့်ပြီး
အရိပ်ပေါ်လာတာကို ကြည့်တယ်။ဘာလို့ အရိပ်
ထင်တာလဲမေးလို့ ရှိရင် ရေဟာပကတိကြည်လင်
နေလို့ ပဲ။ဒါကို ဘုရားက ဥပမာပေးထားတယ်။

ကိုယ့်စိတ်ကလေးကို ရေလို့ သဘောထားကြည့်



(၁) အရောင်ဆိုးထားတဲ့ရေလို ကိုယ့်စိတ်ဟာလည်း
ပဲ အရောင်ဆိုးခံထားရပြီဆိုရင်တော့ သင်ထားတဲ့
စာတွေဟာပေါ်လာမှာ မဟုတ်ဘူး။

သရဏနှင့် သရဏဂုံ

{{{ သရဏနှင့် သရဏဂုံ }}}-{{{ ချမ်းမြေ့ဆရာတော် }}}
ရတနာသုံးပါးသည် သရဏ
ဗုဒ္ဓရှင်တော်မြတ်ဘုရား ကိုယ်တိုင် အကျင့်မှန် သိလို့ အဲဒီ အကျင့်မှန်ကို ကျင့်တဲ့အတွက် အရှိသဘာဝကို အရှိအတိုင်း သိမြင်တော်မူတော့ ‘လောဘ’ ‘ဒေါသ’ ‘မောဟ’ ကိလေသာတွေ ငြိမ်းလို့မို့ ဆင်းရဲငြိမ်းတော်မူတယ်။
ရှင်တော်မြတ်ဘုရားက ပြန်ပြီး ဟောကြားတော်မူတဲ့အခါမှာလဲ ဒီဆင်းရဲငြိမ်းကြောင်း တရားတွေကိုပဲ ကျင့်တော်မူ သိတော်မူတဲ့အတိုင်း ဟောကြားတော်မူတော့ ဒီတရားတော်တွေဟာ အမှန်တရားတွေ ဖြစ်လာတယ်။
အမှန်တရားတွေဆိုတော့ တရားတွေဟာလဲပဲ ဆင်းရဲငြိမ်းလိုတဲ့ ပုဂ္ဂိုလ်များ အားကိုး အားထားရာ ကိုးကွယ်ရာ ဆည်းကပ်ရာ အဖြစ်နဲ့ ယုံကြည်ရ လက်ခံရ လိုက်နာကျင့်ကြံရ ကိုးကွယ်ရမည့် ‘သရဏ’တွေပဲ။
အဲဒီ တရားတွေအတိုင်း လိုက်နာ ကျင့်ကြံကြလို့ ဆင်းရဲ တစိတ်တဒေသ ငြိမ်းတဲ့ သံဃာတော်တွေ၊ ဆင်းရဲ များစွာ ငြိမ်းတဲ့ သံဃာတော်တွေ၊ ဆင်းရဲ လုံးဝ ငြိမ်းတဲ့ သံဃာတော်တွေဟာ ဘုရားရှင်ရဲ့ သာသနာတော် နှစ်ပေါင်း ၂၅၇၀ ကျော် ကာလ အတွင်းမှာ များစွာ ပေါ်ပေါက်ခဲ့တယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated