@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Tuesday, 27 May 2014
အသောကကျောက်တိုင်များ
ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ 
အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။
အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။
အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ 
ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟော်တော်မူသောနေရာ ဖြစ်သည်။ 
ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။
"ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။
စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ
“ဒေါသ”ကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
“ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။”
စိုးရိမ်တယ်ဆိုတာ အမျက်ဒါသရှိနေလို့ပါ။ အချို့လူတွေကတော့ ဒေါသဆိုတာ မျက်နှာတွေ
ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့ သိထားကြပါတယ်။
တကယ်တော့ “စိုးရိမ်ကြောက်လန့်”တာဟာလည်း
ဒေါသကြောင့်ဖြစ်တာပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။ ဒေါသရှိနေလို့ပေါက်ကွဲတယ်။ဒေါသရှိနေလို့
 ကြောက်တယ်။ စိုးရိမ်တယ်။ ဒေါသမရှိရင် ပေါက်လည်း မပေါက်ကွဲတော့ဘူး။
ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။
Friday, 23 May 2014
နတ်​သား ၏ ဘုရား ရှင်​ထံ ​မေး​သော အလှူနှင့်​ပက်​သက်​​သော ​မေးခွန်း များ
၁.  နတ်​သားအ​မေး ...."မြတ်​စွာဘုရား ဘယ်​အရာကို ​ပေးလှူတဲ့သူဟာ ခွန်​အားကို​ပေးလှူရာ​ရောက်​ပါသလဲဘုရား"
    မြတ်​စွာဘုရား အ​ဖြေ...."နတ်​သား .....အစားအစာကို​  ပေးလှူ​သောသူဟာခွန်​အးကို ​ပေးလှူရာ​ရောက်​ပါတယ်​"
၂. နတ်​သားအ​မေး...."မြတ်​စွာဘုရား ဘယ်​အရာကို​ပေး လှူတဲ့သူဟာ အဆင်းကို​ပေးလှူရာ​ရောက်​ပါသလဲ"
    မြတ်​စွာဘုရားအ​ဖြေ...." နတ်​သား.....အဝတ်​အထည်​ကို​ပေးလှူ​သောသူဟာ အဆင်းကို​ပေးလှူရာ​ရောက်​ပါတယ်​"
၃. နတ်​သားအ​မေး...."မြတ်​စွာဘုရား ဘယ်​အရာကို​ပေးလှူတဲ့ သူဟာချမ်းသာသုခကို ​ပေးလှူရာ​ရောက်​ပါသလဲ"
    မြတ်​စွာဘုရားအ​ဖြေ...." နတ်​သား.....ယဉ်​ကို​ပေးလှူ​သောသူဟာ ချမ်း​သာသုခကို ပေးလှူရာ​ရောက်​ပါတယ်​"
၎. နတ်​သားအ​မေး...."မြတ်​စွာဘုရား ဘယ်​အရာကို​ပေးလှူတဲ့ သူဟာ မျက်စိကို ​ပေးလှူရာ​ရောက်​ပါသလဲ"
    မြတ်​စွာဘုရားအ​ဖြေ...." နတ်​သား.....မီးအလင်း​ရာင်ကို​ပေးလှူ​သောသူဟာ ချမ်း​သာသုခကို ပေးလှူရာ​ရောက်​ပါတယ်​"
၅. နတ်​သားအ​မေး...."မြတ်​စွာဘုရား ဘယ်​အရာကို​ပေးလှူတဲ့ သူဟာ ခွန်အား ၊ အဆင်း ၊ ​​ချမ်းသာသုခ၊ မျက်စိ ၊​​လေးမျိုးကို  ​ပေးလှူရာ​ရောက်​ပါသလဲ"
    မြတ်​စွာဘုရားအ​ဖြေ...." နတ်​သား...."တရားကို ပေးလှူ​သောသူဟာ နိဗ္ဗာန်​ကို ပေးလှူရာ​ရောက်​ပါတယ်​"
ဆရာ​တော်​ အရှင်​ဆန္ဒာဓိက ၏ အနှိုင်းမဲ့အလှူမှ ကူးယူ​ဖော်​ပြပါသည်
အသက်ရှည်ကြောင်း အကျင့် (၁၀) မျိုး
ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုနဲ့ ပြည့်ဝတဲ့
အသက်ရှည်ခြင်းဆိုတဲ့ ဂုဏ်ကို လူတိုင်းတောင့်တကြတယ်။ဒုက္ခ္ခတွေများစွာ ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတွေကတော့အသက်ဆက်ရှင်ဖို့ စိုးရွံ့ကောင်း စိုးရွံ့ပါလိမ့်မယ်။
ဒါပေမယ့် တကယ်တော့ အဲဒီ ဒုက္ခတွေများနေတဲ့ လောကထဲကနေ
ဓမ္မဖြင့် သုခကို ရှာပြီးနေရတာပါ။“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” တရားသိပြီး တရား အတိုင်း
လိုက်နာကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်ပါတယ်။
ဘုရားရှင်က ဓမ္မဖြင့် စိတ်ချမ်းချမ်းသာသာ အသက်ရှည်နိုင်ကြောင်း
ဟောထားတာရှိပါတယ်။ “ဓမ္မပါလဇာတ်”ဆိုတာ လူတိုင်း နီးပါး သိပြီးသားပါ။
“ဘုရားရှင်” ဟာ ခမည်းတော် “သုဒ္ဓေါဓနမင်း” ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဟောခဲ့တာ။
ဒီမှာတော့ ဇာတ်ကြောင်း ကို မပြောတော့ဘူး။
အသက်ရှည်စေတဲ့ တရားလေးကိုပဲ ထုတ်နုတ်ဖော်ပြပေးပါမယ်။
“တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီး” က “ဓမ္မပါလမင်းသား”ရဲ့
မိဘတွေကို ဘာကြောင့် သူတို့မိသားစုတွေ ငယ်ငယ်နဲ့
မသေကြသလဲဆိုတာကို မေးတော့ မိဘတွေက ဒီလို ဖြေပါတယ်။
ကျွန်ပ်တို့ဟာ.....အချိန်တိုင်း၊ အရာရာတိုင်းမှာ အမှန်တရားကိုပဲ တရားနည်းလမ်းကျကျ လိုက်နာကြပါတယ်။
(၁)။ အသက်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျွန်ပ်တို့ဟာ ယုတ်စွအဆုံး အသေးဆုံးသော
သတ္တ၀ါကိုပင် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြတယ်။
(၂)။ သူများရဲ့ ပျော်ရွှင်မှုကို မနာလိုမဖြစ်သလို ၊သူများပိုင်ဆိုင်မှုတွေကိုလည်း အငမ်းမရ မလိုချင်ကြပါ။
မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။
ရှိခိုးနည်းလေးတော့ မှန်စေချင်
 မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ်ဘုရား။ တပည့်တော်၏ Page မှာ လူ တစ်ယောက် လာပေးထားလို့ပါ။ သူမေးထားတာက (ရှိခိုးတယ်ဆိုတဲ့ အပြုအမူဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာလား။ မပေါ်ခင်ကတည်းကဆိုရင် ဗုဒ္ဓကို ကိုးကွယ်သူတွေက ဆက်လက်ကျင့်သုံးတာလား။
ဒါမှမဟုတ် ဗုဒ္ဓပေါ်ပြီးကာမှ ပေါ်ပေါက်လာတာလား။ ဟုတ်တယ်ဆိုရင် ရှိခိုးတယ်ဆိုတဲ့အပြုအမူကို ဗုဒ္ဓက တီထွင်ခဲ့တာလား။ ဗုဒ္ဓကို ကိုးကွယ်တဲ့လူတွေက တီထွင်ခဲ့တာလား။ ဘာအတွက်လဲ။
ဖြေ။ ။ ရှိခိုးခြင်းဆိုတဲ့ အပြုအမှုကို ကမ္ဘာဦးခေတ်ကာလကတည်းက ပေါ်လာခဲ့တာပါ။ လူတွေဆိုတာ အကြောက်တရားများ ဖြစ်ပေါ်လာပြီဆိုရင် အားကိုးချင်တဲ့စိတ်၊ မှီခိုချင်တဲ့စိတ်၊ ကယ်တင်မဲ့သူကို လိုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အဲဒါကြောင့် ကမ္ဘာဦးခေတ်ကတည်းက လူတွေဟာ သစ်ပင်၊ တော၊ တောင်စတဲ့အရာတွေကို နည်းမျိုးစုံနဲ့ ကိုးကွယ်ပူဇော်လာကြတာပါ။ သစ်ပင်တွေကို ကိုးကွယ်ကြတော့လည်း သူတို့ရဲ့ ကြောက်လန့်မှု၊ သဘာဝအန္တရာယ်ကျရောက်မှုတွေကနေ မလွတ်မြောက်တဲ့အခါကျတော့ မမြင်ရတဲ့ နတ်၊ ဗြဟ္မာများကိုပါ ကိုးကွယ်လာကြတယ်။ ဒီလိုကိုးကွယ်ပူဇော်မှုတွေနဲ့အတူ အရိုအသေပေးမှု ‘ရှိခိုးမှု’ဆိုတာ ဖြစ်လာခဲ့ပါတယ်။
လူတစ်ယောက်ဟာ တစ်ဦးဦးရှေ့မှာ ကြောက်လန့်ပြီ၊ အားကိုးချင်ပြီ၊ ကယ်တင်စေချင်လို့ဖြစ်စေ၊ တစ်ယောက်ယောက်က မိမိထက် အသိပညာ၊ အတတ်ပညာတစ်ခုခု သာလွန်နေလို့ဖြစ်စေ ကြုံလာတဲ့အခါမှာ သူ့အလိုလို ဒူးထောက်မှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီလို ဒူးထောက်မှုကနေ ဦးခေါင်းပါ မြေကြီးပေါ်ကို ကျရောက်လာတာပါပဲ။ ဒီလိုနဲ့ ဒူးထောက်၊ ဦးခေါင်းချခြင်းဆိုတဲ့ ရှိခိုးတဲ့ပုံစံဟာ ပေါ်လာခဲ့တာပါ။
သီလညှိုးတယ်ဆိုတာ ဘယ်လိုဟာပါလဲ
သီလညှိုးတယ်ဆိုတာ ဘယ်လိုဟာပါလဲဘုရား။
ပဉ္စသီဥပုသ်၊ မယုတ်အားကြိုး
ဤကျင့်ရိုးကား၊ ကောင်းကျိုးကုသိုလ်
မကင်းလိုတည့်၊ နေ့ကိုစောင့်က
နေ့ဖိုရ၏၊ ညလည်းထို့တူ
မှတ်လေမူလော့၊ ဆယ်ဆူသီလ
နိယာမလည်း၊ ကာလပိုင်းခြား
နေ့ရက်အားဖြင့်၊ မမှားမှန်လှ
စောင့်အပ်စွရှင့်
မဃဒေဝ
ဘုရားရှင်၏ သာသနာတော်သည် သီလသမာဓိ ပညာဟူ၍ သုံးပါးသာရှိ၏။ ယင်း
တွင်သီလကား သာသနာတော်၏ အစသာဖြစ်၏။ သာသနာ၏ အစဖြစ်သော
သီလအကြောင်းမျှ မသိရှိ၍ သီလမဖြည့်ကျင့်ပါလျှင် သမာဓိပညာသည် အသို့နည်း။မှန်၏။ သီလအကြောင်းသိသင့်၏။ သီလလည်းဖြည့်သင့်၏။ ယင်းသို့သိသင့်၍ သိချင်သူတစ်ယောက်နှင့် တစ်ခါကတွေ့ခဲ့၍သူကမေး၏။
ဥပုသ်စောင့်ခြင်းနှင့် အကျိုး
ဗုဒ္ဓဘာသာတရားကို နားမလည်တဲ့သူတွေက" ဥပုသ်စောင့်ရင် ထမင်းဆာတာပဲ အကျိုးရ
တယ် " လို့ မရိုမသေပြောတတ်ကြတယ်။
သူတို့က ကုသိုလ် အကုသိုလ် ဆိုတာတွေကိုဘာမှ မသိကြဘူး။
ထမင်းစားလိုတဲ့ လောဘစိတ်တွေကို ပယ်ရှားပြီးကုသိုလ်တွေ ဖြစ်ပွားနေတာကို သူတို့က မသိကြဘူး။
သူတို့သိတာကတော့ အဖျားရောဂါရှိတဲ့သူများမှာထမင်းမကျွေးဘဲထားရင် ရောဂါပျောက်တတ်တယ် "
ဆိုတာမျိုးကြတော့ သူတို့က သိကြတယ်။
အဲဒီမှာလည်း စားချင်လျက်နဲ့ မစားရတော့ ထမင်းဆာတာပါပဲ။ ဒါပေမယ့် အဲဒီလို ဆာတာကတော့ ရောဂါ
ပျောက်ခြင်းအကျိုးရှိတယ် ဆိုတာကို ယုံကြည်ပြီးတော့မကဲ့ရဲ့ကြဘူး။
ချီးမွမ်းတောင် ချီးမွမ်းကြသေးတယ်။ သူတို့ မျက်မှောက် ရုပ်ခန္ဓာ ဖြစ်ပုံလောက် နားလည်ကြတာကိုး။
နောင်တမလွန်နဲ့ နာမ်ခန္ဓာ အကြောင်းလုံးလုံး နားမလည်ရှာကြပဲဟာကိုး။ ဒီတော့ ဒီလို ပြောကြပေမှာပဲ။
အမှန်ကတော့ ဥပုသ်စောင့်တယ် ဆိုတာဟာဖြစ်ပေါ်လာမည့် အကုသိုလ်တွေ ပယ်စွန့်ပြီး
ရှေုင်ကြဉ်ခြင်း သည်းခံခြင်း အစရှိတဲ့ ကုသိုလ်တရားတွေကို နေ့ရောညပါ မပြတ်ပွားနေတာပဲ။
" ရဟန္တာသခင် အရှင်မြတ်တွေဟာ သတ်ခြင်းခိုးခြင်း မေထုန်မှီဝဲခြင်းလိမ်ခြင်း သေရည်သေရက်
သောက်ခြင်း နေ့လွဲညစာ စားခြင်းအစရှိတဲ့အကုသိုလ်တရားတွေကို တစ်သက်ပတ်လုံးပယ်ရှားပြီး
သီတင်းသုံးတော်မူကြပါပေတယ်။
ငါ့မှာ ဒီကနေ့ တစ်ရက်မျှ ဒီအကျင့်ဒီသူတော်ကောင်းတရားတွေကို ကျင့်သုံးနေရပေတယ်။
Thursday, 22 May 2014
စာလုံးဆင့်​ဖတ်​နည်းလင်္ကာ ပါဠိ
၁။ နှစ်​လုံးဆင့်​မှာ ၊ အထက်​သာ ၊ သတ်​ပါ မြဲဧကန်​။
၂။ သ​ဝေလည်းထိုး ၊ တ-သတ်​မျိုး ၊ ဖတ်​ရိုး စသတ်​သံ။
၃။ သ​ဝေလည်းထိုး ၊ န-သတ်​မျိုး ၊ ဖတ်​ရိုး ငသတ်​သံ။
၎။ သ​ဝေ​ရေးချ ၊ သတ်​မြင်​က ၊ မှတ်​ကြ ဝ ဆွဲသံ ။
၅။ ဟထိုး ဝဆွဲ ၊ ရရစ်​ ယပင်း ၊​တွေ့လျှင်းက ၊နှစ်​ဝတာဝန်​ ၊​ကျေပွန်​​စေရန်​ ၊ အသံ အသတ်​ ယူမြဲ မှတ်​ ။
ဥပမာ  ၁.  သမန္တာ        =    သမန်​တာ
             စက္ကဝါ​ဋေသု   =    စက်​ကဝါ ​ဋေသု
             သဒ္ဓမ္မံ           =    သဒ်​ဓမ်​မံ
ဥပမာ ၂.  ​မေတ္တာ         =    မစ်​တာ
ဥပမာ ၃.  ပူ​ရေန္တံ          =    ပူ​ရေန်​တံ ( ပူရင်​တံ ) ဟုဖတ်
              သ​မေန္တု        =    သ​မေန်​တု ( သမင်​တု )
ဥပမာ ၄. ​သောတ္ထနာ     =    ​သောတ်​ထာနံ ( သွတ်​ထာနံ )
ဥပမာ ၅. အမှ              =   အမ်​မှ
             တုမှ             =   တုမ်​မှ
            သကျ           =    သက်​ကျ
            ဝါကျ            =    ဝါကျ
           စကြာ            =   စက်​ကြာ
           အတြာ           =   အတ်​တြာ
           ကတွာ           =   ကတ်​တဝါ
           ဒတွာ             =   ဒတ်​တဝါ
ဗုဒ္ဓဘုရားရှင်၏ခြေတော်ရာများ
Photo: ဗုဒ္ဓဘုရားရှင်၏ခြေတော်ရာများ
*****************************
ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည် ။
၎င်းတို့မှာ...
(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။
(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။
(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ (တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)ခြေတော်ရာတစ်ဆူ...။
(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ (ဖာယီယန်၏ မှတ်တမ်းအရ) ခြေတော်ရာတစ်ဆူ...။
(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။
(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။
(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ ဆံတော်ရှင်ဓာတ်တော် အနီးရှိ ခြေတော်ရာတစ်ဆူ...။
(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း (မန်းရွှေစက်တော်)၌ အောက်,အထက် ခြေတော်ရာနှစ်ဆူ...။
(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။
(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။
စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။
မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ သုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ် လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။ ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့ ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင် လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။ ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏ လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟု ဆိုကြသည်။ သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင် ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး တောင်ဖီလာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်...။
Credit by Thakin AungGyi
ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည် ။
၎င်းတို့မှာ...
(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။
(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။
(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ (တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)ခြေတော်ရာတစ်ဆူ...။
(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ (ဖာယီယန်၏ မှတ်တမ်းအရ) ခြေတော်ရာတစ်ဆူ...။
(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။
(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။
(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ ဆံတော် ရှင် ဓာတ်တော်အနီးရှိ ခြေတော်ရာတစ်ဆူ...။
(၈)မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။  (၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌    ခြေတော်ရာတစ်ဆူ...။
(၁၀)
မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း (မန်းရွှေစက်တော်)၌    အောက်,အထက် ခြေတော်ရာနှစ်ဆူ...။ 
စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။
မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ သုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ် လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။ ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့ ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင် လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။ ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏ လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟု ဆိုကြသည်။ သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင် ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး တောင်ဖီလာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်...။
Credit by Thakin AungGyi
(၁၀၈) ကွက် ဗုဒ္ဓစက်
Photo: (၁၀၈) ကွက် ဗုဒ္ဓစက်
********************
မြတ်စွာဘုရား၏ (၁၀၈)ကွက် 
စက်လက္ခဏာတော်များ...
(၁) လှံမ The larger spear
(၂) အိမ်မွန် The royal mansion
(၃) ဇလပ်ပန်း The wax flower
(၄) လည်ရေးသုံးဆင့် The three regular lines across the neck
(၅) ဦးဆောက်ပန်း The ornament head band
(၆) ထမင်းပွဲ The tablelaid
(၇) အင်ပျဉ် The royal cot
(၈) ချွန်းတောင်လက်နက် The jevelin
(၉) ပြဿ ဒ် The multitiered roof
(၁၀) တုရိုဏ်တိုင် The archway
(၁၁) ထီးဖြူ The white parasol
(၁၂) သန်လျက် The royal scimitar
(၁၃) ထန်းရွက်ယပ် The palmyra fan
(၁၄) ဥဒေါင်းမြှီးစီးယပ် The fan made of peacock feathers
(၁၅) စာမရီယပ် The whisk made tail of the yak
(၁၆) သင်းကျစ် The frontlet
(၁၇) ပတ္တမြား The ruby
(၁၈) သပိတ် The alms bowel
(၁၉) မုလေးပန်းဆိုင် The garland of jasmine
(၂၀) ကြာညို The brown lotus
(၂၁) ကြာနီ The red lotus
(၂၂) ပဒုမ္မာကြာ The loyered lotus
(၂၃) ကြာဖြူ The white water-lily
(၂၄) ကြာပုဏ္ဏရိတ် The white lotus
(၂၅) ပြည့်သောအိုး The pot full of water
(၂၆) ပြည့်သောဖလား The cup full of water
(၂၇) သမုဒ္ဓရာ The ocean
(၂၈) စင်္ကြဝဠာတောင် The mountain of the universe
(၂၉) ဟိမဝန္တာတောင် The Himalayan
(၃၀) မေရုတောင် The Meru Mountain
(၃၁) နေ The sun
(၃၂) လ The moon
(၃၃) နက္ခတ်တာရာများ The planets
(၃၄-၃၇) ကျွန်းကြီးလေးကျွန်း The four great islands
(၃၈) ကျွန်းငယ်နှစ်ထောင် The two thousand lesser islands
(၃၉) စင်္ကြာမင်း The Cakavatti(The Universal Monarch)
(၄၀) ခရုသင်းဖြူ The white conch shell
(၄၁) ရွှေငါးကြင်းအစုံ The pair of golden gudgeon
(၄၂) စစ်လက်နက် The wheel
(၄၃-၄၉) အိုင်ကြီးခုနှစ်အိုင် The seven great lakes
(၅၀-၅၆) တောင်စဉ်ခုနှစ်ထပ် The seven mountain ranges
(၅၇-၆၃) သီတာခုနှစ်တန် The seven rivers
(၆၄) ဂဠုာန်မင်း The Garuda King
(၆၅) မိချောင်းမင်း The Crocodile King
(၆၆) တံခွန် ကုက္ကား The streamers
(၆၇) ရွှေထမ်းစင် The golden palanquin
(၆၈) ကေလာသတောင် The mountain Kalasa
(၆၉) ခြင်္သေ့မင်း The lion king
(၇၀) ဝလဟကမြင်း The noble steed born among clouds
(၇၁) ကျားမင်း The tiger king
(၇၂) ဥပေါသထဆင် The noble white elephant
(၇၃) နဂါးမင်း The king of firebreathing dragon
(၇၄) ဟင်္သာမင်း The golden hansa bird
(၇၅) ဥဿ ဖ နွားမင်း The noble bull
(၇၆) ဧရာဝဏ်ဆင်မင်း The Eravana (SAKKAS CELESTIAL ELEPHANT)
(၇၇) ရွှေမကားရ် The Golden Makara
(၇၈) မုဒ်လေးခုနှင့်ရွှေလှေ The royal barge with four doorways
(၇၉) နို့စို့နွားသားအမိ The cow and her calf
(၈၀) ကိန္နရာ The Keinnara( Mythical mail bird )
(၈၁) ကိန္နရီ The Keinnari ( Mythical female bird )
(၈၂) ကရဝိတ်ငှက်မင်း The Karaweik Bird
(၈၃) ဥဒေါင်းမင်း The Peacock
(၈၄) ကြိုးကြာငှက်မင်း The Crane
(၈၅) စက္ကဝါက်ငှက်မင်း The Ruddy Goose
(၈၆) ဇီဝဇိုးငှက်မင်း The Pheasant Partridge
(၈၇-၉၂) နတ်ပြည်ခြောက်ထပ် The six Dera Realms
(၉၃-၁၀၈) ဗြဟ္မာ ၁၆ ဘုံ The Sixteen Brahma Realms
Credit by  @Thakin AungGyi
မြတ်စွာဘုရား၏ (၁၀၈)ကွက်
စက်လက္ခဏာတော်များ...
(၁) လှံမ The larger spear
(၂) အိမ်မွန် The royal mansion
(၃) ဇလပ်ပန်း The wax flower
(၄) လည်ရေးသုံးဆင့် The three regular lines across the neck
(၅) ဦးဆောက်ပန်း The ornament head band
(၆) ထမင်းပွဲ The tablelaid
(၇) အင်ပျဉ် The royal cot
(၈) ချွန်းတောင်လက်နက် The jevelin
(၉) ပြဿ ဒ် The multitiered roof
(၁၀) တုရိုဏ်တိုင် The archway
(၁၁) ထီးဖြူ The white parasol
(၁၂) သန်လျက် The royal scimitar
(၁၃) ထန်းရွက်ယပ် The palmyra fan
(၁၄) ဥဒေါင်းမြှီးစီးယပ် The fan made of peacock feathers
(၁၅) စာမရီယပ် The whisk made tail of the yak
(၁၆) သင်းကျစ် The frontlet
(၁၇) ပတ္တမြား The ruby
(၁၈) သပိတ် The alms bowel
(၁၉) မုလေးပန်းဆိုင် The garland of jasmine
(၂၀) ကြာညို The brown lotus
(၂၁) ကြာနီ The red lotus
(၂၂) ပဒုမ္မာကြာ The loyered lotus
(၂၃) ကြာဖြူ The white water-lily
(၂၄) ကြာပုဏ္ဏရိတ် The white lotus
(၂၅) ပြည့်သောအိုး The pot full of water
(၂၆) ပြည့်သောဖလား The cup full of water
(၂၇) သမုဒ္ဓရာ The ocean
(၂၈) စင်္ကြဝဠာတောင် The mountain of the universe
Wednesday, 21 May 2014
အဋ္ဌာဝကဘီလူး၏​မေးခွန်းများ
ပထမပုစ္ဆာ အ​မေး
၁. ​လောကလူ့ရွာမှာ အမြတ်​ဆုံးကဘာလဲ
၂. ​ကောင်းစွာ​လေ့ကျင့်​အပ်​​သောတရားမှာဘယ်​တရားက ချမ်းသာ ကို​ ​ဆောင်​နိုင်​သလဲ
၃. အရသာအ​ပေါင်းတို့မှာ အ​ကောင်းမြတ်​ဆုံး အရသာကဘာလဲ
၎.အသက်​​မွေးမှုအ​ပေါင်းတို့မှာ အမြတ်​ဆုံးအသက်​​မွေးမှု​ကဘာလဲ
မြတ်​စွာဘုရား အ​ဖြေ
အိုအဋ္ဌာဝက
၁.အမြတ်​ဆုံးဥစ္စာကား ရတနာသုံးပါး ကိုယုံကြည်​​သော သဒ္ဒါတရား ။
၂.​ကောင်းစွာ​လေ့ကျင့်​အပ်​​သောတရားအ​ပေါင်းမှာ ကုသိုလ်​ ကမ္မပထတရား ဆယ်​ပါးဟာချမ်းသာကို​ဆောင်​နိုင်​တယ်​ ။
၃.အရသာအ​ပေါင်းတို့မှာ နိဗ္ဗာန်​ ဆိုတဲ့ပရမ္မတသစ္စာနဲ့ ဝစီသစ္စာတို့ဟာ အ​ကောင်းမြတ်​ဆုံး။
၎.အသက်​​မွေးခြင်းတကာတို့မှာ ပညာဖြင့်​အသက်​​မွေးခြင်း ဟာအမြတ်​ဆုံးပါပဲ ။
ဒုတိယပုစ္စာများ
အိုမြတ်​စွာဘုရား
၁.အဘယ်​တရားဖြင့်​သံသရာအယဉ်​ ဟူ​သောသြဃကို ကူး​မြောက်​နိင်​သလဲ ။
၂.အဘယ်​တရားဖြင့်​သံသရာအယဉ်​ ဟူ​သောသမုဒ္ဒရာကို ကူး​မြောက်​နိင်​သလဲ ။
၃.အဘယ်​တရားဖြင့်​ ကာမဂုဏ်​ဆင်းရဲကို လွန်​​မြောက်​နိုင်​သလဲ။
၎.အဘယ်​တရားဖြင့်​စိတ်​၏စင်​ကြယ်​ခြင်းကို ဖြစ်​​စေနိုင်​သလဲ
မြတ်​စွာဘုရား အ​ဖြေ
အိုအဋ္ဌာဝက
၁. သံသရာအယဉ်​ ဟူ​သောသြဃကို ယုံကြည်​မှု့သဒ္ဒါတရားဖြင့်​ ကူး​မြောက်​နိုင်​တယ်​။
၂. သံသရာအယဉ်​ ဟူ​သော သမုဒ္ဒရာ ကိုမ​မေ့မ​လျှော့​သော အပ္ပမာဒတရားဖြင့်​ ကူး​မြောက်​နိုင်​တယ်​။
၃.ကာမဂုဏ်​ဆင်းရဲကို ဝီရိယဖြင့်​လွန်​မြောက်​နိုင်​တယ်​။
၎.ပညာဖြင့်​စိတ်​၏စင်​ကြယ်​ခြင်းကို ဖြစ်​​စေနိုင်​တယ်​။
တတိယပုစ္စာများ
အိုမြတ်​စွာဘုရား
၁.အဘယ်​သို့​သောသူသည်​ပညာရသလဲ။
၂.အဘယ်​သို့​သောသူသည်​ဥစ္စာကိုရသလဲ။
၃.အဘယ်​တရားဖြင့်​​ကျော်​​စောခြင်းသို့ေ၇ာက်​သလဲ။
၎.အဘယ်​တရားဖြင့်​အ​ဆွေခင်​ပွန်းကို ရသလဲ ။
၅.အဘယ်​သူသည်​​သေသည်​၏​နောက်​ တမလွန်​၌ မစိုးရိမ်​ရသလဲ။
မြတ်​စွာဘုရား အ​ဖြေ
အိုအဋ္ဌာဝက
၁.မ​မေ့​လျှော့​သောပညာရှိသည်​ နိဗ္ဗာန်​​  ရောက်​​ကြောင်းတရားကို  နာကြားသည်​ဖြစ်​ ၍ပညာကိုရ၏။
၂.​လျှောက်​ပတ်​​သောအမှုကို  ပြုလုပ်​ရန်​ ဝီရိယရှိသူသည်​ ဥစ္စာကိုရ၏
၃.မှန်​​သောစကားဖြင့်​​ကြော်​​စောခြင်းသို့​ရောက်​၏
၎.​ပေးကမ်းခြင်းဖြင့်​အ​ဆွေခင်​ပွန်းကိုရ၏
၅.မှန်​ကန်​မှု့သစ္စာ ၊ ပညာရ​ကြောင်းဓမ္မ ၊အားထုတ်​မှု ဓီတိ ၊စွန့်​ကြဲမှု စာဂ ဤ​လေးပါးတရားတို့နှင့်​ ပြည့်​ဆုံ​သောသူသည်​ ​နောင်​တမလွန်​ဘဝ၌ မစိုးရိမ်​ရသူ ဖြစ်​​ပေ၏
သာဓုသာဓုသာဓု
credit to Dr Mintinmon
Tuesday, 20 May 2014
၅၂၈ သွယ်​​​မေတ္တာပွားပုံ
၁. အ​နောဓိတ​မေတ္တာ ၅မျိုး
    ၁။ သ​ဗ္ဗေသတ္တာ = အလုံးစုံ​သောသတ္တဝါအ​ပေါင်းတို့သည်
    ၂။ သ​ဗ္ဗေပါဏာ = အလုံးစုံ​သော ထွက်​သက်​ဝင်​သက်​ ရှိသည့်​ သတ္တဝါအ​ပေါင်းတို့သည်
    ၃။ သ​ဗ္ဗေဘူတာ = အလုံးစုံ​သော ကိုယ်​ထင်​ရှားရှိသည့်​ သတ္တ၀ါအ​ပေါင်းတို့သည်
    ၄။ သ​ဗ္ဗေပုဂ္ဂလာ = အလုံးစုံ​သော ပုဂ္ဂိုလ်​အ​ပေါင်းတို့သည်
၂. သြဓိသ​မေတ္တာ ခုနစ်​မျိုး
    ၁။ သဗ္ဗာက္ကုတ္ထိ​ယော = အလုံးစုံ​သော မိန်းမ. အ​ပေါင်းတို့သည်
    ၂။ သ​ဗ္ဗေပုရိ​သော = အလုံးစုံ​သော ​ယောကျားင်္ အ​ပေါင်းတို့သည်
    ၃။ သ​ဗ္ဗေအ၇ိယာ = အလုံးစုံ​သော အရိယာ အ​ပေါင်းတို့သည်
    ၄။ သ​ဗ္ဗေအနရိယာ = အလုံးစုံ​သော ပုထုဇဉ် အ​ပေါင်းတို့သည်
    ၅။ သ​ဗ္ဗေ​ဒေဝါ = အလုံးစုံ​သော နတ်​ဗြဟ္မာ အ​ပေါင်းတို့သည်
    ၆။ သ​ဗ္ဗေမနုသာ = အလုံးစုံ​သော လူ အ​ပေါင်းတို့သည်
    ၇။ သ​ဗ္ဗေဝိနိပါတိကာ = အလုံးစုံ​သော အပါယ်​သတ္တဝါ  အ​ပေါင်းတို့သည်
၃. ​မေတ္တာပွားနည်း​လေးချက်
     ၁။ အ​ဝေရာ​ဟောန္တု = ​ဘေးရန်​ကင်းကြပါ​စေ
     ၂။ အဗျာပဇ္ဇျာ​ဟောန္တု = စိတ်​ဆင်းရဲ ကင်းကြပါ​စေ
     ၃။ အနိဃာ​ဟောန္တု = ကိုယ်​ဆင်းရဲ ကင်းကြပါ​စေ
     ၄။ သုခီအတ္တာနံပရိဟရန္တု = ကိုယ်​စိတ်​နှစ်​ဖြာ ချမ်းသာလွယ်​ကူစွာဖြင့်​ မိမိတို့၏ ခန္တာဝန်​ကို ရွက်​​ဆောင်​နိုင်​ကြပါ​စေ
မေတ္တာ​စွမ်းအင်​ နင့်​ ကမ္မဋ္ဌာန်းစွမ်းအင်
မေတ္တာဈာန်​ကိုမှီဝဲခဲ့သည်​ရှိ​သော်
၁.ချမ်းသာစွာအိပ်​ရ၏
၂.ချမ်းသာစွာအိပ်​ရာမှ နှိုးရ၏
၃.အိမ်​မက်​ဆိုးကို မမြင်​မက်​ရ​ပေ
၎.လူသား​တွေကချစ်​မြတ်​နိုးရ၏
၅.နတ်​​တွေကချစ်​မြတ်​နိုးရ၏
၆.နတ်​တို့က​စောင့်​​ရှောက်​​ပေး၏
၇.ထို​မေတ္တာဈာန်​ ဝင်​စားနိုင်​သူ၏ သန္တာန်​၍မီးလည်းမ​လောင်​    နိုင်​ အဆိပ်​လည်းမသင့်​နိုင်​ လက်​နက်​ခည်းမကျ​ရောက်​နိုင်
၈.စိတ်​သည်​လျှင်​မြန်​စွာ တည်​ကြည်​၏
၉.မျက်​နှာ​ရောင်​အဆင်းသည်​ ကြည်​လင်​ရှင်းသန့်​၏
၁၀.မ​တွေမ​ဝေ​သေရ၏
၁၁.​မေတ္တာ ဈာန်​ထက်​ သာလွန်​မြင့်​မြတ်​သည့်​ အရိယမဂ်​ဥာဏ်​ဖိုလ်​ဥာဏ်​ ကိုထိုးထွင်းမသိခဲ့သည်​ရှိ​သော်​ ​သေသာ်​၏အခြားမဲ့၌ ဗြဟ္မာ့ပြည်​သို့ လား​ရောက်​ရ၏ .
Monday, 19 May 2014
စကားကြီး(၃)ခွန်း
Photo: စကားကြီး(၃)ခွန်း 
....................
* မြစ်ကြီးလည်း မခန်းပါစေနဲ့ ။
* သစ်ပင်ကြီးလည်း မလဲပါစေနဲ့ ။
* ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ။
" မြစ်ကြီးလည်း မခန်းပါစေနဲ့" ဆိုတာ အေးမြသောစမ်းရည်လို ကြည်ကြည်လင်လင် 
တသွင်သွင် စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီး ဆိုလိုတာပါ ။လူလူချင်း မေတ္တာထားကြ။
မေတ္တာတရားတွေ ပွားများကြ။ မေတ္တာတွေ မခန်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ဘဲ ။
"သစ်ပင်ကြီးလည်း မလဲပါစေနဲ့" ဆိုတာ သစ်ပင်ကြီးဟာ အခက်အလက် အရွက်တွေ 
ဝေဝေဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ် ။ ထို့အတူပဲ ဘုရား၊တရား၊သံဃာ 
ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းကို ခိုလုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို 
ရတယ်။ ဒီအရိပ်အာဝါသတွေကို မဖျက်ဆီးမိးဖို့ ။ကျေးဇူးမကန်းမိဖို့ သတိထားရပါလိမ့်မယ် ။
သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာဘဲ ။ဒါကြောင့် 
သစ်ပင်ကြီးလည်း မလဲအောင် ကြိုးစားထိန်းသိမ်းကြ ။
"ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ " ဆိုတာကတော့ ရိုးရာဓလေ့ တုံးစံတွေကို ပြောတာပါ ။ မိဘဘိုးဘွား
လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်ကောင်းတွေ မပျောက်ပျက်ရအောင်  
ထိန်းသိမ်းပြီး ဗုဒ္ဒဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ ။( ရွှေဥမင်ဆရာတော် )
* မြစ်ကြီးလည်း မခန်းပါစေနဲ့ ။
* သစ်ပင်ကြီးလည်း မလဲပါစေနဲ့ ။
* ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ။
" မြစ်ကြီးလည်း မခန်းပါစေနဲ့" ဆိုတာ အေးမြသောစမ်းရည်လို ကြည်ကြည်လင်လင်
တသွင်သွင် စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီး ဆိုလိုတာပါ ။လူလူချင်း မေတ္တာထားကြ။
မေတ္တာတရားတွေ ပွားများကြ။ မေတ္တာတွေ မခန်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ဘဲ ။
"သစ်ပင်ကြီးလည်း မလဲပါစေနဲ့" ဆိုတာ သစ်ပင်ကြီးဟာ အခက်အလက် အရွက်တွေ
ဝေဝေဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ် ။ ထို့အတူပဲ ဘုရား၊တရား၊သံဃာ
ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းကို ခိုလုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို
ရတယ်။ ဒီအရိပ်အာဝါသတွေကို မဖျက်ဆီးမိးဖို့ ။ကျေးဇူးမကန်းမိဖို့ သတိထားရပါလိမ့်မယ် ။
သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာဘဲ ။ဒါကြောင့်
သစ်ပင်ကြီးလည်း မလဲအောင် ကြိုးစားထိန်းသိမ်းကြ ။
"ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ " ဆိုတာကတော့ ရိုးရာဓလေ့ တုံးစံတွေကို ပြောတာပါ ။ မိဘဘိုးဘွား
လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်ကောင်းတွေ မပျောက်ပျက်ရအောင်
ထိန်းသိမ်းပြီး ဗုဒ္ဒဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ ။( ရွှေဥမင်ဆရာတော် )
Credit to Bhikkhu's Dhamma
တရားရနိုင်မည့် ယောဂီအင်္ဂါရပ် ငါးရပ်
Photo: တရားရနိုင်မည့် ယောဂီအင်္ဂါရပ် ငါးရပ်
*************************
(ပဓာနိယင်္ဂတရား ငါးပါး)
၁။ ဒ္ဓါတရားရှိခြင်း= ဘုရား တရား အရိယာသံဃာ အပေါ်၌ မတုန်မလှုပ် စိတ်ဖြင့် ယုံကြည်ခြင်း။
၂။ ကျန်းမာရေးကောင်းခြင်း 
အနာရောဂါ ကင်း၏၊ ကိုယ်ဆင်းရဲခြင်း ကင်း၏။ အစာကို အညီအညွတ် ကျက်စေတတ်သော၊ မအေး
လွန်း မပူလွန်းသော၊ အလယ်အလတ်ဖြစ်သော၊ ကမ္မဋ္ဌာန်းစီးဖြန်းရန် အခန့်သင့်ဖြစ်သော ပါစက တေဇော
ဓာတ်နှင့် ပြည့်စုံ၏။
၃။ မာယာ-သာဌေယျ ကင်းခြင်း
မိမိ၌ ထင်ရှား မရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း သဘောလက္ခဏာကား သာဌေယျတည်း =
ဟန်ဆောင်ခြင်းတည်း။ မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာကား မာယာတည်း =
လှည့်ပတ်ခြင်းတည်း။ ကမ္မဋ္ဌာန်းဆရာအား လိမ်ညာ၍ တရားလျှောက်ထားခြင်းများလည်း မာယာ-သာဌေယျ
သဘောပင်တည်း။ ယောဂါဝစရရဟန်းသည် ယင်းသို့သော ဟန်ဆောင်ခြင်း လှည့်ပတ်ခြင်း မရှိ၊ ဆရာဖြစ်
တော်မူသော မြတ်စွာဘုရားရှင်၏ အထံ၌လည်းကောင်း၊ ပညာရှိကုန်သော သီတင်းသုံးဖော်တို့၏ အထံ၌သော်
လည်းကောင်း ဟုတ်မှန်သည့်အတိုင်း မိမိကိုယ်ကို ထင်စွာ ပြုတတ်၏။ (မိမိ၏ အပြစ်ကို ဟုတ်မှန်သည့်အတိုင်း
ဝန်ခံ၍ ၀ိနည်းတော်နှင့်အညီ ကုစားခြင်းတည်း။)
၎။ သမ္မပ္ပဓာန် လုံ့လ၀ီရိယ ရှိ ခြင်း 
အကုသိုလ်တရားတို့ကို ပယ်ရှားရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော အပြင်းအထန်
ကြိုးစားအားထုတ်သော လုံ့လ၀ီရိယ ရှိသည်ဖြစ်၍ နေ၏၊ အားထုတ်နိုင်စွမ်း ရှိ၏၊ မြဲမြံစွာ အားထုတ်မှု ရှိ၏။
ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား။
၅။ ၀ိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်း 
ပညာရှိ၏၊ ရုပ်-နာမ်တို့၏ အဖြစ်အပျက်ကို သိစွမ်းနိုင်သော ပညာနှင့် ပြည့်စုံ၏။ စင်ကြယ်သော၊ ကိလေ
သာထု အစိုင်အခဲကို ဖောက်ခွဲ ဖျက်ဆီးနိုင်သော၊ ဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော
ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံ၏။ (မ၊၃၊၂၉၈-၂၉၉။)
(ပဓာနိယင်္ဂတရား ငါးပါး)
၁။ သဒ္ဓါတရားရှိခြင်း= ဘုရား တရား အရိယာသံဃာ အပေါ်၌ မတုန်မလှုပ် စိတ်ဖြင့် ယုံကြည်ခြင်း။
၂။ ကျန်းမာရေးကောင်းခြင်း
အနာရောဂါ ကင်း၏၊ ကိုယ်ဆင်းရဲခြင်း ကင်း၏။ အစာကို အညီအညွတ် ကျက်စေတတ်သော၊ မအေး
လွန်း မပူလွန်းသော၊ အလယ်အလတ်ဖြစ်သော၊ ကမ္မဋ္ဌာန်းစီးဖြန်းရန် အခန့်သင့်ဖြစ်သော ပါစက တေဇော
ဓာတ်နှင့် ပြည့်စုံ၏။
၃။ မာယာ-သာဌေယျာ ကင်းခြင်း
မိမိ၌ ထင်ရှား မရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း သဘောလက္ခဏာကား သာဌေယျတည်း =
ဟန်ဆောင်ခြင်းတည်း။ မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာကား မာယာတည်း =
လှည့်ပတ်ခြင်းတည်း။ ကမ္မဋ္ဌာန်းဆရာအား လိမ်ညာ၍ တရားလျှောက်ထားခြင်းများလည်း မာယာ-သာဌေယျ
သဘောပင်တည်း။ ယောဂါဝစရရဟန်းသည် ယင်းသို့သော ဟန်ဆောင်ခြင်း လှည့်ပတ်ခြင်း မရှိ၊ ဆရာဖြစ်
တော်မူသော မြတ်စွာဘုရားရှင်၏ အထံ၌လည်းကောင်း၊ ပညာရှိကုန်သော သီတင်းသုံးဖော်တို့၏ အထံ၌သော်
လည်းကောင်း ဟုတ်မှန်သည့်အတိုင်း မိမိကိုယ်ကို ထင်စွာ ပြုတတ်၏။ (မိမိ၏ အပြစ်ကို ဟုတ်မှန်သည့်အတိုင်း
ဝန်ခံ၍ ၀ိနည်းတော်နှင့်အညီ ကုစားခြင်းတည်း။)
၎။ သမ္မပ္ပဓာန် လုံ့လ၀ီရိယ ရှိ ခြင်း
အကုသိုလ်တရားတို့ကို ပယ်ရှားရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော အပြင်းအထန်
ကြိုးစားအားထုတ်သော လုံ့လ၀ီရိယ ရှိသည်ဖြစ်၍ နေ၏၊ အားထုတ်နိုင်စွမ်း ရှိ၏၊ မြဲမြံစွာ အားထုတ်မှု ရှိ၏။
ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား။
၅။ ၀ိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်း
ပညာရှိ၏၊ ရုပ်-နာမ်တို့၏ အဖြစ်အပျက်ကို သိစွမ်းနိုင်သော ပညာနှင့် ပြည့်စုံ၏။ စင်ကြယ်သော၊ ကိလေ
သာထု အစိုင်အခဲကို ဖောက်ခွဲ ဖျက်ဆီးနိုင်သော၊ ဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော
ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံ၏။ (မ၊၃၊၂၉၈-၂၉၉။)
credit to  Bhikkhu Dhamma
သဒ္ဓါတရား ပြည့်စုံမှနိဗ္ဗာန်ရ
သဒ္ဓါတရား ပြည့်စုံမှနိဗ္ဗာန်ရ
-----------------------------------
(သဒ္ဓါတရား လေးမျိုး= သြကပ္ပနသဒ္ဓါ)(မ၊၃၊၂၉၈-၂၉၉။)
အာဂမနသဒ္ဓါ၊ အဓိဂမသဒ္ဓါ၊ သြကပ္ပနသဒ္ဓါ၊ ပသာဒသဒ္ဓါ ဟု သဒ္ဓါ (၄)မျိုး ရှိ၏။
သဗ္ဗညု ဘုရားအလောင်းတော်ကြီးများ၏ သဒ္ဓါသည် သဗ္ဗညုတဉာဏ် ရဖို့ရန်ဟု စိတ်သန်ရည်စူး သဒ္ဓါထူးဖြင့်
ဆုထူးပန်ထွာတော်မူခဲ့သည်မှ စ၍ ဗောဓိမဏ္ဍိုင်သို့တိုင်အောင် အစဉ်အတိုင်း လာသည်၏ အဖြစ်ကြောင့် အာဂမ
နသဒ္ဓါမည်၏။
ပစ္စေကဗုဒ္ဓအလောင်းတော်ကြီးများ၏ သဒ္ဓါတရားသည်လည်း ပစ္စေကဗောဓိဉာဏ်ကို ရရှိဖို့ရန် ဆုထူး
ပန်ထွာတော်မူခဲ့သည်မှ စ၍ ပစ္စေကဗောဓိဉာဏ် ရသည့်တိုင်အောင် အစဉ်တစိုက် လာရှိသော သဒ္ဓါ ဖြစ်ခြင်း
့ကြောင့် အာဂမနသဒ္ဓါ မည်သည်သာ ဖြစ်ပေ၏၊ သို့သော် သမ္မာသမ္ဗောဓိ ဘုရားအလောင်းတော်ကြီးများ၏
သဒ္ဓါတရားကား ပို၍ အလေးဂရု ပြုထိုက်သော သဒ္ဓါဖြစ်ခြင်းကြောင့် သမ္မာသမ္ဗောဓိ အလောင်းလျာကြီးများ
၏ သဒ္ဓါကိုသာလျှင် အာဂမနသဒ္ဓါအဖြစ် ယူထားပေသည်။
အရိယာသူတော်ကောင်း ဖြစ်ကြကုန်သော ဘုရားရှင်၏ တပည့်သား သာဝကတို့၏ သဒ္ဓါသည် (= ယုံ
ကြည်မှုသည်) မဂ်ဉာဏ်-ဖိုလ်ဉာဏ်-နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းဖြင့် ရရှိအပ်
သောကြောင့် အဓိဂမသဒ္ဓါ မည်၏။
ဘုရား တရား သံဃာဟူသော ရတနာသုံးပါးအကြောင်းကို ပြောဆိုလိုက်သော် နာကြားလိုက်ရသော် --
" ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည် သိသင့်သိထိုက်သည့် ညေယျဓံ တရားမှန်သမျှကို ဆရာမကူ သယမ္ဘူ
ဉာဏ်ဖြင့် ကောင်းမွန်မှန်ကန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူသည့် သမ္မာသမ္ဗုဒ္ဓဘုရားစစ်
ဘုရားမှန် ဧကန် မှန်၏။ ဘုရားရှင်သည် ကောင်းစွာ ဟောကြားထားတော်မူအပ်သော မဂ်-ဖိုလ်-နိဗ္ဗာန်-ဓမ္မက္ခန်
ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်သည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိက တရား
ကောင်း စင်စစ် ဧကန် မှန်၏။ ရှစ်ယောက်ထင်ပေါ် ဘုရားရှင်၏ တပည့်သားသာဝက အရိယသံဃာတော်သည်
သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းကို ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွား
များ အားထုတ်တော်မူသည့် သံဃာစစ် သံဃာမှန် ဧကန် မှန်၏။"- ဟု မတုန်မလှုပ် သက်ဝင်ယုံကြည်သော =
တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က လှုပ်ချောက်ချား၍ မရနိုင်လောက်အောင် ရတနာသုံးပါးတို့၏ ဂုဏ်၌
သက်ဝင်ယုံကြည်သော သဒ္ဓါသည် သြကပ္ပနသဒ္ဓါ မည်၏။
ရတနာသုံးပါး၌ (မိရိုးဖလာသဘောအားဖြင့်) သာမန် ကြည်ညိုရုံမျှ၊ ကြည်ညို မှု သဒ္ဓါ ဖြစ်ရုံမျှသည်
ပသာဒသဒ္ဓါ မည်၏။
ဤသဒ္ဓါ (၄)မျိုးတို့တွင် ဤပဓာနိယင်္ဂတရား (၅)ပါး၌ အလိုရှိအပ်သော သဒ္ဓါမှာ သြကပ္ပနသဒ္ဓါ ဖြစ်၏။
 credit to
Bhikkhu's Dhamma
Thursday, 15 May 2014
၂၂၇ သွယ်သော ၀ိနည်း
ဝိနယ - ၀ိနည်း
“၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု”
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
“၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။
အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုး
၁။ ဂရုကအာပတ်    ၂မျိုး (ကြီးလေးသော)
၂။ လဟုကအာပတ် ၅မျိုး
ဂရုကအာပတ် ၂မျိုး
၁။ ပါရာဇိက အာပတ် (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။ သံဃာဒိသိသ်အာပတ် (ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ    
    ကုစားလို့ရသော အပြစ်
လဟုကအာပတ် ၅မျိုး
၃။ ထုလ္လစ္စဉ်းအာပတ် (ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
၎။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၇။ ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
၃။အနိယတ သိက္ခာပုဒ်======၂ပါး
၎။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး
၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
၇။သေခိယ သိက္ခာပုဒ်=======၇၅ပါး
၈။အဓိကရဏ သမထ=======၇ပါး။
သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀
                                         ...................................
ဘုရားအနေကဇာ တင်တယ်ဆိုတာ
မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့အခါပဲ
ဖြစ်ဖြစ်၊ ရုပ်ပွားဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊ အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ လုပ်တဲ့အခါပဲ ဖြစ်ဖြစ် 
ဘုရားအနေကဇာတင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ်။ ဘယ်ကြောင့်လုပ်တယ်ဆိုတာ တိတိကျကျမသိကြပေမယ့် တစ်ချို့က ရုပ်ပွားဆင်းတုတော် အသစ်ကို အနေကဇာတင်မှကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို အနေကဇာတင်မှလည်း ဆင်းတုတော်ဟာ တံခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်ပြီး ဘုရားဆင်းတုတော်ကို စားပွဲခုံပေါ်မှာတင်ပြီး ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး အနေကဇာ တင်စေကြတာ ဖြစ်မှာပါ။ ပိုဆိုးတာက တစ်ချို့ ဒီရုပ်ပွားဆင်းတုတော်ကို ဒီလိုအနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲနေကြတာလေးတွေကို ပြောတာပါ။ ဘုန်းကြီးကပြန်ပြီး ဘုရားကိုများတံခိုးထက်အောင် ဖန်တီးပေးရတယ်လို။ စဉ်းစားသင့်တဲ့ အလွဲလေးတစ်ခုပါ။
တကယ်တော့ ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်။ အနေကဇာဆိုတဲ့ စကားရဲ့ မူရင်းစကားလုံးက “အနေကဇာတိ သံသာရံ..” စတဲ့ မြတ်ဗုဒ္ဓရဲ့ ဥဒါန်းစကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီ အနေကဇာတိ သံသာရံမှာပါတဲ့ အနေကဇာတိဆိုတဲ့ စကားကိုပဲ အလွယ်ယူပြီး အနေကဇာ တင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားပဲ ဖြစ်ပါတယ်။
အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်သလော
ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရားအနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင်  
မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာမိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိးသူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲလို့ မေးတော့တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။
မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာတောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာယောက်ျားတွေကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကိုဘယ်လိုတိုင်းတာရမလဲဘုရား။
ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။မြန်မာနိုင်ငံကဘုရားတွေမှာ မိန်းကလေးတွေ မ၀င်ရဆိုတဲ့နေရာမှာ မ၀င်ရမတက်ရဆိုတဲ့နေရာမှာ ၀င်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။ အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ယုတ်ညံ့တယ်လို့ယူဆကြပါသလဲဘုရား ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေကိုဖြေပေးတော်မူပါဘုရား။
ဆရာတော်ရဲ့ သီလ သမာဓိ ပညာကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။ 
ထိုမေးခွန်း၏အာဘော်
အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။ 
ဆုတောင်းနေရုံဖြင့် ရမှာလား
(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊
ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု”အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုး တက်လိုခြင်း၊ ဘေးအန္တ ရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊
ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့် “ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊
“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလိုချင်သည့်အကျိုးကို တိတိကျကျမရရှိ” တတ်ဟူ၍ အဋ္ဌကထာ၊ ပါဠိအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာ ကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊
ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်း သာမှုအစ၊ ဘုရားအဖြစ်တိုင်အောင် ဆုလာဘ် များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာ ပေတွင်ညွှန်းဆိုထားခြင်း မရှိပါ၊၊
ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် အလွန်ချမ်းသာသော သူဌေးဖြစ်၏။ သူ၏ အသက်ခုနစ်နှစ်သားသည် အလွန်ဉာဏ်ပညာကြီး၏။ အကျိုးရှိအောင်လည်း ပြုတတ်၏။ ထိုသူဌေးသားသည် တစ်နေ့ သူ၏ ဖခင်အား   "ဖခင် --- ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ" ဟုမေး၏။
ထိုကဲ့သို့ မေးသောအခါ ဘုရားလောင်းဖြစ်သောဖခင်က သားအား --- " သားမောင် --- 
(၁) ကျန်းမာခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်ကို အလိုရှိရမယ်။
(ကျန်းမာရေး ကောင်းရမယ်။)
(၂) ကိုယ်ကျင့်သီလကိုလည်း အလိုရှိရမယ်။
(ကိုယ်ကျင့်တရား ကောင်းရမယ်။)
(၃) ပညာရှိတို့ရဲ့ ဩဝါဒတရားကို အလိုရှိရမယ်။
(နာခံမှတ်သားရမယ်။)
(၄) အမြင်အကြားကိုလည်း အလိုရှိရမယ်။
( ဆည်းပူးရှာဖွေရမယ်။(၅) သုစရိုက်သုံးပါးကိုလည်း အလိုရှိရမယ်။
(ကုသိုလ်အမြဲပြုနေရမယ်)။(၆) မပျင်းမရိခြင်းကိုလည်း အလိုရှိရမယ်။
(မပျင်းရိရဘူ:)
သြကာသရှင်းတမ်း
သြကာသ သြကာသ သြကာသ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ( တနည်း - ကာယကံ၊ ၀စီကံ၊
မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ ) ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ 
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို
လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
သြကာသ
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့်
လည်းကောင်း၊ သြကာသ ကို သုံးကြိမ် ဆိုရပါသည်။
ဆင်ခံ ၊မြင်းခံဘုရား ပြဿနာ
ဘာသာရေးနှင့်ပတ်သက်သော အပြုအမူဆောင်ရွက်ချက်များကို ထေရဝါဒဗုဒ္ဓအလိုကျ ဟုတ်/မဟုတ် တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တစ်ခုရှိ၏ ။ ထိုမှတ်ကျောက်ကား-
-ယင်းအပြုအမူသည် လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာ ကုန်ကြောင်းဖြစ်လျှင် ထေရဝါဒ စစ်မှန်၏ ။
-လောဘ စသော ကိလေသာ တိုးပွားကြောင်းဖြစ်လျှင် ထေရဝါဒမဟုတ်၊ ဗြဟ္မဏဝါဒ(မဟာယာနဝါဒ)ဟု မှတ်ရမည်။
ယခုခေတ်တွင် ဂိုဏ်းဆရာနှင့်ဘိုးတော်များ၏ အသစ်အဆန်းထွင်မှုကြောင့် ဆင်ခံဘုရား၊ မြင်းခံဘုရားများ ပေါ်ပေါက်လာ၏ ။ ထို့ထက်ပိုပြီး ဘက်စုံကြီးပွားချမ်းသာလိုသူများကား ဆင်ခံ၊ မြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏ ။ ကြည်ညိုသောသဒ္ဓါစိတ်ဖြင့် ထုလုပ်ခြင်းဖြစ်သော်လည်း သ်င့တော်၏/မသင့်တော်ကို နှိုင်းချိန် စဉ်းစားသင့်၏ ။
ဒက္ခိဏသာခါ ပြဿနာ
ဆရာတော် အရှင်ဇ၀နအား ဦးသိန်းရွှေက ဒက္ခိဏသာခါဘုရားဆင်းတုတော်အကြောင်း မေးမြန်းလျှောက်ထားပုံ -
မေး –   ဆရာတော်၊ ဒက္ခိဏသာခါ ဆိုတဲ့ အမည်ဟာ ဘယ်ကနေပြီး စဖြစ်လာတာလဲ ဘုရား။ ဒက္ခိဏသာခါရဲ့ အဓိပ္ပါယ်ကရော ဘာပါလဲ ဘုရား။
ဖြေ –    ဒက္ခိဏ – တောင်ဘက်အရပ်ကို ဟောတယ်။
သာခါ – အကိုင်း ကို ဟောတယ်။
နှစ်ခုပေါင်းတော့ ဒက္ခိဏသာခါ ဆိုတာ တောင်ဘက်က အကိုင်းပဲပေါ့။ ဒီအမည်ဟာ သီရိဓမ္မာသောကမင်းကြီးလက်ထက်က စဖြစ်ခဲ့တယ်။ နောင်တစ်ချိန်မှာ အိန္ဒိယမှာ ဗုဒ္ဓသာသနာကွယ်ပျောက်ပြီ တခြားနိုင်ငံတွေမှာ သာသနာတည်မှာကို မြင်တော်မူတဲ့ ရဟန္တာများက သီရိဓမ္မာသောကမင်းကြီးကို ကိုးတိုင်း ကိုးဌာန သာသနာပြုစေလွှတ်ဖို့ တိုက်တွန်းတော်မူကြတယ်။
သာသနာပြု ကြွတော်မူရာမှာ သီဟိုဠ်ကျွန်းကို ကြွဖို့ သီရိဓမ္မာသောကမင်းကြီးရဲ့ သားတော် အရှင်မဟာမဟိန္ဒမထေရ်နှင့် သမီးတော် သင်္ဃမိတ္တထေရီ တို့က တာဝန်ယြူ့တယ်။ အရှင်မဟာမဟိန္ဒရဲ့ တူတော် ကိုရင်တစ်ပါးလည်း ပါသွားပါတယ်။ သီဟိုဠ်ကို သာသနာရောက်သွားတဲ့အချိန်မှာ သီဟိုဠ်ဘုရင်က ဗောဓိပင် ပူဇော်ပါရစေ လို့ တောင်းပန်တဲ့အတွက်ကြောင့် အရိဠအမတ်က ဗောဓိပင် ပင့်ဖို့ အိန္ဒိယကို သွားတယ်။
ရဟန္တာမထေရ်များရဲ့ ညွှန်ကြားချက်အရ သီရိဓမ္မာသောကမင်းကြီးက ဗောဓိပင်ရဲ့တောင်ဘက်က အကိုင်းပြတ်စေလိုတဲ့ နေရာမှာ ရွှေကညစ်နဲ့ ရေးခြစ်လိုက်ပါတယ်။ ရေးခြစ်လိုက်တာနဲ့ ဗောဓိကိုင်းဟာ အလိုလို ပြတ်ကျပြီး အသင့်စီရင်ထားတဲ့ ရွှေဖျင်းအိုးထဲမှာ တည်ပါတယ်။
          အဲဒီလို ဗောဓိပင်ရဲ့တောင်ဘက်က အကိုင်းကိုယူပြီး တစ်ဆင့်စိုက်ပျိုးခဲ့တဲ့အတွက်ကြောင့် သီဟိုဠ်က ဗောဓိပင်ကို “ဒက္ခိဏသာခါ” လို့ ခေါ်တယ်။ နောင်နှစ်ပေါင်းများစွာကြာလို့ သီဟိုဠ်က ဗောဓိပင်သေတဲ့အခါ အမှတ်တရ ပူဇော်ကြရအောင် ဘုရားပုံတော်ထုလုပ်ကြရာကနေ ဒက္ခိဏသာခါဘုရား ဆိုပြီး ဖြစ်လာတာပါပဲ။
မေး     ဒါကတော့ ရှင်းပါပြီ ဘုရား။ ဆက်မေးချင်တာက ပါရမီသုံးဆယ်ကို အသက်ပါအသေခံပြီး ဖြည့်ဆည်းခဲ့တဲ့အတွက် အလောင်းတော်များ ဘုရားဖြစ်တဲ့အခါ ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေက အစွမ်းကုန်အကျိုးပေးကြလို့ လူ့လောကမပြောနဲ့ နတ်တွေ ဗြဟ္မာတွေထက်တောင် ဘုရားရှင်က အသပ္ပါယ်ဆုံးလို့ စာတွေထဲမှာ ဖတ်ဖူးပါတယ် ဘုရား။
ဖြေ      ဟုတ်ပါတယ်။ ပါရမီကုသိုလ်တွေက နောက်ထပ်အကျိုးပေးစရာ ဘ၀မရှိတော့တဲ့အတွက် ဒီဘုရားဖြစ်တဲ့ နောက်ဆုံးဘ၀မှာ စုပြုံအကျိုးပေးတဲ့ သဘောပါ။
မေး     အသပ္ပါယ်ဆုံးဆိုတာက ရဟန်းသုံးပေါ့ ဘုရား။ လူသုံးကတော့ မြတ်စွာဘုရားဟာ တစ်လောကလုံးမှာ အလှဆုံးပဲ ဘုရား။ ဒီလို အသပ္ပါယ်ဆုံး၊ အလှဆုံးဖြစ်တဲ့ ဘုရားရှင်ပုံတော်ဟာ ဒက္ခိဏသာခါကျမှ ဘာကြောင့် ဂုတ်တိုတို၊ ခါးကုန်းကုန်း ပုံပျက် ပန်းပျက်ကြီး ဖြစ်သွားရတာလဲ ဘုရား။ ဒီကြားထဲ မှိုကိုးချက် ဆိုတာကလည်း ပါလိုက်သေးတယ်။ ပြီးတော့ ခေါင်းမှာလည်း ကြာပန်းကြီး အုပ်ထားသေးတယ်။ ဒီလိုမျိုးကြီး ထုလုပ်သင့်ပါသလား ဘုရား။
ဖြေ      မထုလုပ်သင့်ပါဘူး။ ဘုရားပုံတော်ဆိုရင် ကြည်ညိုစရာ အကောင်းဆုံးပုံတော်ကိုသာ ထုလုပ်သင့်ပါတယ်။ မှိုကိုးချက်တို့၊ ကြာပန်းတို့ကလည်း လောကီဂိုဏ်းဆရားတွေရဲ့ညွှန်ကြားချက်တွေပါ။
ဘုရားပုံတော် ဘာပုံပေါက်သွားသွား ကိုယ့်လောဘအလိုပြည့်ရင် ပြီးတာပဲ ဆိုတဲ့ “အတ္တစိတ်” ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံတော်တွေပါပဲ။
ဇနီးမယား(၇)မျိုးဆိုတာ
မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက  
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား
တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊
အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။ 
ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated