@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 19 May 2014

သဒ္ဓါတရား ပြည့်စုံမှနိဗ္ဗာန်ရ

သဒ္ဓါတရား ပြည့်စုံမှနိဗ္ဗာန်ရ
-----------------------------------
(သဒ္ဓါတရား လေးမျိုး= သြကပ္ပနသဒ္ဓါ)(မ၊၃၊၂၉၈-၂၉၉။)
အာဂမနသဒ္ဓါ၊ အဓိဂမသဒ္ဓါ၊ သြကပ္ပနသဒ္ဓါ၊ ပသာဒသဒ္ဓါ ဟု သဒ္ဓါ (၄)မျိုး ရှိ၏။
သဗ္ဗညု ဘုရားအလောင်းတော်ကြီးများ၏ သဒ္ဓါသည် သဗ္ဗညုတဉာဏ် ရဖို့ရန်ဟု စိတ်သန်ရည်စူး သဒ္ဓါထူးဖြင့်
ဆုထူးပန်ထွာတော်မူခဲ့သည်မှ စ၍ ဗောဓိမဏ္ဍိုင်သို့တိုင်အောင် အစဉ်အတိုင်း လာသည်၏ အဖြစ်ကြောင့် အာဂမ
နသဒ္ဓါမည်၏။
ပစ္စေကဗုဒ္ဓအလောင်းတော်ကြီးများ၏ သဒ္ဓါတရားသည်လည်း ပစ္စေကဗောဓိဉာဏ်ကို ရရှိဖို့ရန် ဆုထူး
ပန်ထွာတော်မူခဲ့သည်မှ စ၍ ပစ္စေကဗောဓိဉာဏ် ရသည့်တိုင်အောင် အစဉ်တစိုက် လာရှိသော သဒ္ဓါ ဖြစ်ခြင်း
့ကြောင့် အာဂမနသဒ္ဓါ မည်သည်သာ ဖြစ်ပေ၏၊ သို့သော် သမ္မာသမ္ဗောဓိ ဘုရားအလောင်းတော်ကြီးများ၏
သဒ္ဓါတရားကား ပို၍ အလေးဂရု ပြုထိုက်သော သဒ္ဓါဖြစ်ခြင်းကြောင့် သမ္မာသမ္ဗောဓိ အလောင်းလျာကြီးများ
၏ သဒ္ဓါကိုသာလျှင် အာဂမနသဒ္ဓါအဖြစ် ယူထားပေသည်။
အရိယာသူတော်ကောင်း ဖြစ်ကြကုန်သော ဘုရားရှင်၏ တပည့်သား သာဝကတို့၏ သဒ္ဓါသည် (= ယုံ
ကြည်မှုသည်) မဂ်ဉာဏ်-ဖိုလ်ဉာဏ်-နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းဖြင့် ရရှိအပ်
သောကြောင့် အဓိဂမသဒ္ဓါ မည်၏။
ဘုရား တရား သံဃာဟူသော ရတနာသုံးပါးအကြောင်းကို ပြောဆိုလိုက်သော် နာကြားလိုက်ရသော် --
" ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည် သိသင့်သိထိုက်သည့် ညေယျဓံ တရားမှန်သမျှကို ဆရာမကူ သယမ္ဘူ
ဉာဏ်ဖြင့် ကောင်းမွန်မှန်ကန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူသည့် သမ္မာသမ္ဗုဒ္ဓဘုရားစစ်
ဘုရားမှန် ဧကန် မှန်၏။ ဘုရားရှင်သည် ကောင်းစွာ ဟောကြားထားတော်မူအပ်သော မဂ်-ဖိုလ်-နိဗ္ဗာန်-ဓမ္မက္ခန်
ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်သည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိက တရား
ကောင်း စင်စစ် ဧကန် မှန်၏။ ရှစ်ယောက်ထင်ပေါ် ဘုရားရှင်၏ တပည့်သားသာဝက အရိယသံဃာတော်သည်
သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းကို ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွား
များ အားထုတ်တော်မူသည့် သံဃာစစ် သံဃာမှန် ဧကန် မှန်၏။"- ဟု မတုန်မလှုပ် သက်ဝင်ယုံကြည်သော =
တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က လှုပ်ချောက်ချား၍ မရနိုင်လောက်အောင် ရတနာသုံးပါးတို့၏ ဂုဏ်၌
သက်ဝင်ယုံကြည်သော သဒ္ဓါသည် သြကပ္ပနသဒ္ဓါ မည်၏။
ရတနာသုံးပါး၌ (မိရိုးဖလာသဘောအားဖြင့်) သာမန် ကြည်ညိုရုံမျှ၊ ကြည်ညို မှု သဒ္ဓါ ဖြစ်ရုံမျှသည်
ပသာဒသဒ္ဓါ မည်၏။
ဤသဒ္ဓါ (၄)မျိုးတို့တွင် ဤပဓာနိယင်္ဂတရား (၅)ပါး၌ အလိုရှိအပ်သော သဒ္ဓါမှာ သြကပ္ပနသဒ္ဓါ ဖြစ်၏။

 credit to

Bhikkhu's Dhamma

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated