@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Thursday, 15 May 2014
၂၂၇ သွယ်သော ၀ိနည်း
ဝိနယ - ၀ိနည်း
“၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု”
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
“၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။
အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုး
၁။ ဂရုကအာပတ်    ၂မျိုး (ကြီးလေးသော)
၂။ လဟုကအာပတ် ၅မျိုး
ဂရုကအာပတ် ၂မျိုး
၁။ ပါရာဇိက အာပတ် (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။ သံဃာဒိသိသ်အာပတ် (ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ    
    ကုစားလို့ရသော အပြစ်
လဟုကအာပတ် ၅မျိုး
၃။ ထုလ္လစ္စဉ်းအာပတ် (ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
၎။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၇။ ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
၃။အနိယတ သိက္ခာပုဒ်======၂ပါး
၎။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး
၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
၇။သေခိယ သိက္ခာပုဒ်=======၇၅ပါး
၈။အဓိကရဏ သမထ=======၇ပါး။
သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀
                                         ...................................
ဘုရားအနေကဇာ တင်တယ်ဆိုတာ
မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့အခါပဲ
ဖြစ်ဖြစ်၊ ရုပ်ပွားဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊ အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ လုပ်တဲ့အခါပဲ ဖြစ်ဖြစ် 
ဘုရားအနေကဇာတင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ်။ ဘယ်ကြောင့်လုပ်တယ်ဆိုတာ တိတိကျကျမသိကြပေမယ့် တစ်ချို့က ရုပ်ပွားဆင်းတုတော် အသစ်ကို အနေကဇာတင်မှကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို အနေကဇာတင်မှလည်း ဆင်းတုတော်ဟာ တံခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်ပြီး ဘုရားဆင်းတုတော်ကို စားပွဲခုံပေါ်မှာတင်ပြီး ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး အနေကဇာ တင်စေကြတာ ဖြစ်မှာပါ။ ပိုဆိုးတာက တစ်ချို့ ဒီရုပ်ပွားဆင်းတုတော်ကို ဒီလိုအနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲနေကြတာလေးတွေကို ပြောတာပါ။ ဘုန်းကြီးကပြန်ပြီး ဘုရားကိုများတံခိုးထက်အောင် ဖန်တီးပေးရတယ်လို။ စဉ်းစားသင့်တဲ့ အလွဲလေးတစ်ခုပါ။
တကယ်တော့ ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်။ အနေကဇာဆိုတဲ့ စကားရဲ့ မူရင်းစကားလုံးက “အနေကဇာတိ သံသာရံ..” စတဲ့ မြတ်ဗုဒ္ဓရဲ့ ဥဒါန်းစကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီ အနေကဇာတိ သံသာရံမှာပါတဲ့ အနေကဇာတိဆိုတဲ့ စကားကိုပဲ အလွယ်ယူပြီး အနေကဇာ တင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားပဲ ဖြစ်ပါတယ်။
အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်သလော
ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရားအနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင်  
မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာမိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိးသူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲလို့ မေးတော့တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။
မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာတောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာယောက်ျားတွေကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကိုဘယ်လိုတိုင်းတာရမလဲဘုရား။
ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။မြန်မာနိုင်ငံကဘုရားတွေမှာ မိန်းကလေးတွေ မ၀င်ရဆိုတဲ့နေရာမှာ မ၀င်ရမတက်ရဆိုတဲ့နေရာမှာ ၀င်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။ အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ယုတ်ညံ့တယ်လို့ယူဆကြပါသလဲဘုရား ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေကိုဖြေပေးတော်မူပါဘုရား။
ဆရာတော်ရဲ့ သီလ သမာဓိ ပညာကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။ 
ထိုမေးခွန်း၏အာဘော်
အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။ 
ဆုတောင်းနေရုံဖြင့် ရမှာလား
(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊
ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု”အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုး တက်လိုခြင်း၊ ဘေးအန္တ ရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊
ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့် “ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊
“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလိုချင်သည့်အကျိုးကို တိတိကျကျမရရှိ” တတ်ဟူ၍ အဋ္ဌကထာ၊ ပါဠိအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာ ကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊
ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်း သာမှုအစ၊ ဘုရားအဖြစ်တိုင်အောင် ဆုလာဘ် များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာ ပေတွင်ညွှန်းဆိုထားခြင်း မရှိပါ၊၊
ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် အလွန်ချမ်းသာသော သူဌေးဖြစ်၏။ သူ၏ အသက်ခုနစ်နှစ်သားသည် အလွန်ဉာဏ်ပညာကြီး၏။ အကျိုးရှိအောင်လည်း ပြုတတ်၏။ ထိုသူဌေးသားသည် တစ်နေ့ သူ၏ ဖခင်အား   "ဖခင် --- ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ" ဟုမေး၏။
ထိုကဲ့သို့ မေးသောအခါ ဘုရားလောင်းဖြစ်သောဖခင်က သားအား --- " သားမောင် --- 
(၁) ကျန်းမာခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်ကို အလိုရှိရမယ်။
(ကျန်းမာရေး ကောင်းရမယ်။)
(၂) ကိုယ်ကျင့်သီလကိုလည်း အလိုရှိရမယ်။
(ကိုယ်ကျင့်တရား ကောင်းရမယ်။)
(၃) ပညာရှိတို့ရဲ့ ဩဝါဒတရားကို အလိုရှိရမယ်။
(နာခံမှတ်သားရမယ်။)
(၄) အမြင်အကြားကိုလည်း အလိုရှိရမယ်။
( ဆည်းပူးရှာဖွေရမယ်။(၅) သုစရိုက်သုံးပါးကိုလည်း အလိုရှိရမယ်။
(ကုသိုလ်အမြဲပြုနေရမယ်)။(၆) မပျင်းမရိခြင်းကိုလည်း အလိုရှိရမယ်။
(မပျင်းရိရဘူ:)
သြကာသရှင်းတမ်း
သြကာသ သြကာသ သြကာသ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ( တနည်း - ကာယကံ၊ ၀စီကံ၊
မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ ) ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ 
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို
လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
သြကာသ
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့်
လည်းကောင်း၊ သြကာသ ကို သုံးကြိမ် ဆိုရပါသည်။
ဆင်ခံ ၊မြင်းခံဘုရား ပြဿနာ
ဘာသာရေးနှင့်ပတ်သက်သော အပြုအမူဆောင်ရွက်ချက်များကို ထေရဝါဒဗုဒ္ဓအလိုကျ ဟုတ်/မဟုတ် တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တစ်ခုရှိ၏ ။ ထိုမှတ်ကျောက်ကား-
-ယင်းအပြုအမူသည် လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာ ကုန်ကြောင်းဖြစ်လျှင် ထေရဝါဒ စစ်မှန်၏ ။
-လောဘ စသော ကိလေသာ တိုးပွားကြောင်းဖြစ်လျှင် ထေရဝါဒမဟုတ်၊ ဗြဟ္မဏဝါဒ(မဟာယာနဝါဒ)ဟု မှတ်ရမည်။
ယခုခေတ်တွင် ဂိုဏ်းဆရာနှင့်ဘိုးတော်များ၏ အသစ်အဆန်းထွင်မှုကြောင့် ဆင်ခံဘုရား၊ မြင်းခံဘုရားများ ပေါ်ပေါက်လာ၏ ။ ထို့ထက်ပိုပြီး ဘက်စုံကြီးပွားချမ်းသာလိုသူများကား ဆင်ခံ၊ မြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏ ။ ကြည်ညိုသောသဒ္ဓါစိတ်ဖြင့် ထုလုပ်ခြင်းဖြစ်သော်လည်း သ်င့တော်၏/မသင့်တော်ကို နှိုင်းချိန် စဉ်းစားသင့်၏ ။
ဒက္ခိဏသာခါ ပြဿနာ
ဆရာတော် အရှင်ဇ၀နအား ဦးသိန်းရွှေက ဒက္ခိဏသာခါဘုရားဆင်းတုတော်အကြောင်း မေးမြန်းလျှောက်ထားပုံ -
မေး –   ဆရာတော်၊ ဒက္ခိဏသာခါ ဆိုတဲ့ အမည်ဟာ ဘယ်ကနေပြီး စဖြစ်လာတာလဲ ဘုရား။ ဒက္ခိဏသာခါရဲ့ အဓိပ္ပါယ်ကရော ဘာပါလဲ ဘုရား။
ဖြေ –    ဒက္ခိဏ – တောင်ဘက်အရပ်ကို ဟောတယ်။
သာခါ – အကိုင်း ကို ဟောတယ်။
နှစ်ခုပေါင်းတော့ ဒက္ခိဏသာခါ ဆိုတာ တောင်ဘက်က အကိုင်းပဲပေါ့။ ဒီအမည်ဟာ သီရိဓမ္မာသောကမင်းကြီးလက်ထက်က စဖြစ်ခဲ့တယ်။ နောင်တစ်ချိန်မှာ အိန္ဒိယမှာ ဗုဒ္ဓသာသနာကွယ်ပျောက်ပြီ တခြားနိုင်ငံတွေမှာ သာသနာတည်မှာကို မြင်တော်မူတဲ့ ရဟန္တာများက သီရိဓမ္မာသောကမင်းကြီးကို ကိုးတိုင်း ကိုးဌာန သာသနာပြုစေလွှတ်ဖို့ တိုက်တွန်းတော်မူကြတယ်။
သာသနာပြု ကြွတော်မူရာမှာ သီဟိုဠ်ကျွန်းကို ကြွဖို့ သီရိဓမ္မာသောကမင်းကြီးရဲ့ သားတော် အရှင်မဟာမဟိန္ဒမထေရ်နှင့် သမီးတော် သင်္ဃမိတ္တထေရီ တို့က တာဝန်ယြူ့တယ်။ အရှင်မဟာမဟိန္ဒရဲ့ တူတော် ကိုရင်တစ်ပါးလည်း ပါသွားပါတယ်။ သီဟိုဠ်ကို သာသနာရောက်သွားတဲ့အချိန်မှာ သီဟိုဠ်ဘုရင်က ဗောဓိပင် ပူဇော်ပါရစေ လို့ တောင်းပန်တဲ့အတွက်ကြောင့် အရိဠအမတ်က ဗောဓိပင် ပင့်ဖို့ အိန္ဒိယကို သွားတယ်။
ရဟန္တာမထေရ်များရဲ့ ညွှန်ကြားချက်အရ သီရိဓမ္မာသောကမင်းကြီးက ဗောဓိပင်ရဲ့တောင်ဘက်က အကိုင်းပြတ်စေလိုတဲ့ နေရာမှာ ရွှေကညစ်နဲ့ ရေးခြစ်လိုက်ပါတယ်။ ရေးခြစ်လိုက်တာနဲ့ ဗောဓိကိုင်းဟာ အလိုလို ပြတ်ကျပြီး အသင့်စီရင်ထားတဲ့ ရွှေဖျင်းအိုးထဲမှာ တည်ပါတယ်။
          အဲဒီလို ဗောဓိပင်ရဲ့တောင်ဘက်က အကိုင်းကိုယူပြီး တစ်ဆင့်စိုက်ပျိုးခဲ့တဲ့အတွက်ကြောင့် သီဟိုဠ်က ဗောဓိပင်ကို “ဒက္ခိဏသာခါ” လို့ ခေါ်တယ်။ နောင်နှစ်ပေါင်းများစွာကြာလို့ သီဟိုဠ်က ဗောဓိပင်သေတဲ့အခါ အမှတ်တရ ပူဇော်ကြရအောင် ဘုရားပုံတော်ထုလုပ်ကြရာကနေ ဒက္ခိဏသာခါဘုရား ဆိုပြီး ဖြစ်လာတာပါပဲ။
မေး     ဒါကတော့ ရှင်းပါပြီ ဘုရား။ ဆက်မေးချင်တာက ပါရမီသုံးဆယ်ကို အသက်ပါအသေခံပြီး ဖြည့်ဆည်းခဲ့တဲ့အတွက် အလောင်းတော်များ ဘုရားဖြစ်တဲ့အခါ ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေက အစွမ်းကုန်အကျိုးပေးကြလို့ လူ့လောကမပြောနဲ့ နတ်တွေ ဗြဟ္မာတွေထက်တောင် ဘုရားရှင်က အသပ္ပါယ်ဆုံးလို့ စာတွေထဲမှာ ဖတ်ဖူးပါတယ် ဘုရား။
ဖြေ      ဟုတ်ပါတယ်။ ပါရမီကုသိုလ်တွေက နောက်ထပ်အကျိုးပေးစရာ ဘ၀မရှိတော့တဲ့အတွက် ဒီဘုရားဖြစ်တဲ့ နောက်ဆုံးဘ၀မှာ စုပြုံအကျိုးပေးတဲ့ သဘောပါ။
မေး     အသပ္ပါယ်ဆုံးဆိုတာက ရဟန်းသုံးပေါ့ ဘုရား။ လူသုံးကတော့ မြတ်စွာဘုရားဟာ တစ်လောကလုံးမှာ အလှဆုံးပဲ ဘုရား။ ဒီလို အသပ္ပါယ်ဆုံး၊ အလှဆုံးဖြစ်တဲ့ ဘုရားရှင်ပုံတော်ဟာ ဒက္ခိဏသာခါကျမှ ဘာကြောင့် ဂုတ်တိုတို၊ ခါးကုန်းကုန်း ပုံပျက် ပန်းပျက်ကြီး ဖြစ်သွားရတာလဲ ဘုရား။ ဒီကြားထဲ မှိုကိုးချက် ဆိုတာကလည်း ပါလိုက်သေးတယ်။ ပြီးတော့ ခေါင်းမှာလည်း ကြာပန်းကြီး အုပ်ထားသေးတယ်။ ဒီလိုမျိုးကြီး ထုလုပ်သင့်ပါသလား ဘုရား။
ဖြေ      မထုလုပ်သင့်ပါဘူး။ ဘုရားပုံတော်ဆိုရင် ကြည်ညိုစရာ အကောင်းဆုံးပုံတော်ကိုသာ ထုလုပ်သင့်ပါတယ်။ မှိုကိုးချက်တို့၊ ကြာပန်းတို့ကလည်း လောကီဂိုဏ်းဆရားတွေရဲ့ညွှန်ကြားချက်တွေပါ။
ဘုရားပုံတော် ဘာပုံပေါက်သွားသွား ကိုယ့်လောဘအလိုပြည့်ရင် ပြီးတာပဲ ဆိုတဲ့ “အတ္တစိတ်” ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံတော်တွေပါပဲ။
ဇနီးမယား(၇)မျိုးဆိုတာ
မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက  
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား
တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊
အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။ 
ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။
အဟောင်းစားသူ
ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိပြည် မိဂါရသူဌေးကြီးထံမှာ ပုဏ္ဏ၀ဍ္ဎနအမည်ရှိတဲ့ သားတယောက်ရှိပါတယ် အဲဒီသူဌေးသားကလေး အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ သတို့သမီး အလိုရှိခဲ့ကြပါသတဲ့။ မိဘတွေဟာ လက္ခဏာဗေဒင်တတ်တဲ့ ပုဏ္ဏား ရှစ်ယောက်ကို သူတို့ကိုယ်စား အနယ်နယ်အရပ်ရပ်ကိုလွှတ်ပြီး ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတဲ့ သတို့သမီး အရှာခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ပုဏ္ဏားရှစ်ယောက်ဟာ သာကေတမြို့ကို ရောက်ရှိလာကြပါတယ်။ တမန်တော် ပုဏ္ဏားတွေဟာ ရေဆိပ်မှာထိုင်ပြီး သာကေတသူ ပျိုပျိုရွယ်ရွယ်တွေကို ကြည့်လို့ ဘယ်သူများ သူတို့သူဌေးသားလေးနဲ့ သင့်တော်မလဲလို့ ရှာဖွေခဲ့ကြတာပေါ့။
သာကေတမြို့ သူ ၀ိသာခါနဲ့ အဖွဲ့ဟာလည်း ရေဆိပ်မှာ ရောက်နေချိန်မို့ ပုဏ္ဏားတွေရဲ့ မျက်စိထဲမှာ ၀ိသာခါရဲ့  အလှဟာ ထင်းခနဲ မြင်သာနေခဲ့တာပေါ့။ ဖြစ်ချင်တော့ ဒီအချိန်မှာ မိုးတွေ လေတွေ ၀ုန်းခနဲ ရွာချပါတယ်။ အားလုံး ပြေးကြ လွှားကြ ဖြစ်ကုန်ကြပေမယ့် ဣနြေ္ဒကြီးတဲ့ ၀ိသာခါကတော့ ဣနြေ္ဒအပျက်မခံဘဲ မိုးခိုဇရပ်ရှိရာကို အေးအေးဆေးဆေး လှမ်းလာခဲ့ပါတယ်။ ပုဏ္ဏားတွေဟာ ကောင်းခြင်းငါးဖြာနဲ့ ပြည်စုံတဲ့ ၀ိသာခါကို သူတို့သူဌေးသားရဲ့  ဇနီးလောင်းအဖြစ် 
ရွေးချယ်ကမ်းလှမ်းခဲ့ရာမှ ၀ိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီး လက်ခံခဲ့ပါတယ်။
"မင်္ဂလာရှိသော နေအိမ်"
မိမိတို့ အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ ပါ
အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။
(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊
ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်
စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။
(၂) မြတ်စွာဘုရားကို ဖူးတွေ့ ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်
ပို၍ ယုံကြည်မှု လေးနက်လာသည်။
(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု
ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ
ရှိလာသည်။
(၄) ကုသိုလ်တရားများ တိုးပွားလာသည်။
(၅) စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားစင် ဘုရားရှင် ရှေ့ တော်သို့ 
သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့်
အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။
အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး
စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာပါသည်။
(၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏
အနှောက်အယှက်များမှ ကင်းပြီး မကြောက်မရွံ့  နေနိုင်ပါသည်။
(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။
(၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်း
သုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ်ကျက်သရေ၊
လူ့ ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။
(ဗုဒ္ဓဘာသာကောင်း တစ်ယောက် မှ)
Credit to - အနှိုင်းမဲ့ အရိပ်
ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်ရာများ <===
ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဉာဏ်(မျက်စိ)ကြည်လင်ခြင်း
ဆွမ်းအကျိုး ငါးပါး
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဉာဏ်ပညာကြီးခြင်း
ပန်းလှူရသည့် အကျိုးသုံးပါး
၁။ ရုပ်ရှည်လှပသည်။
၂။ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်သည်။
၃။ ခံတွင်းအနံ့ မွှေးကြည်စေသည်။
သီလရှိသူရနိုင်သော အကျိုး ငါးပါး
၁။ စည်းစိမ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။
မေတ္တာ ပွား
" အိပ်, နိုး ချမ်းသာ၊ ကောင်းစွာ အိပ်စက်၊ ချစ်လျက် လူနတ်၊ စောင်.ကြပ် နတ်များ၊ မီး-ဆိပ်-ဓါးတို.၊ ရှောင်ရှား ကိုယ်မှာ၊ လျင်စွာ စိတ်တည်၊ ရွှင်ကြည် မျက်နှာ၊ သေခါ မသွေ၊ လားလေဗြဟ္မာ၊ ဆယ်.တစ်ဖြာသည်၊ မေတ္တာ ပွားမူ ကောင်းကျိုးတည်း "
အမှတ်စဉ်ရေတွက်လျှင် ၁၁ မျိုးကိုက်ညီအောင် အခုလို အမှတ်စဉ် ထိုးကြည့်မိပါတယ်။ (မှားနေပါကလည်း ပြင်ပေးကြပါဦးနော်။)
၁။ ချမ်းသာစွာ အိပ် စက်ရခြင်း
၂။ ချမ်းသာစွာ နိုး ထရခြင်း
၃။ အိပ်မက် အဆိုးများ မမက်ပဲ အကောင်းသာမက်ခြင်း
၎။ လူ တို့ကချစ်ခင်ခြင်း
၅။ နတ်တို့က ချစ်ခင်ခြင်း
၆။ နတ်တို့က စောင့်ရှောက်ပေးခြင်း
၇။ မီးဘေး၊ အဆိပ်သင့်ခြင်းဘေး၊ ဓါးလှံလက်နက်ဘေး တို့ ကိုယ်တွင်မကပ်ငြိပဲ လွတ်ကင်းစေခြင်း
၈။ စိတ် တည်ကြည်မှု လျှင်မြန် စွာ ရရှိလွယ်ခြင်း
၉။ မျက်နှာ သွင်ပြင် ကြည်လင်ရွှပြ လန်းဆန်းနေခြင်း
၁၀။ တွေဝေသတိမေ့လျော့မှုမရှိပဲ သေဆုံးရခြင်း(သေခါမတွေ)
၁၁။ သေလွန်ပြီးနောက် ဗြဟ္မာဘုံသို့ ရောက်စေနိုင်ခြင်း
အပယ်မကျနိုင်တဲ့ ကုသိုလ်(၇)မျိုး
(၁) ဘုရား တရား သံဃာ သံရဏဂုံသုံးပါး စွဲမြဲတဲ့ပုဂ္ဂိုလ်
(၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်
(၃) အာရုံဆွမ်း နေဆွမ်း နေ့စဉ် လှူဒါန်းတဲ့ပုဂ္ဂိုလ်
(၄) စာရေးတံမဲ လှူဒါန်းတဲ့ ပုဂ္ဂိုလ်
(၅) ၀ါဆိုသင်္ကန်းလှူဒါန်းတဲ့ ပုဂ္ဂိုလ်
(၆) ရေတွင်းရေကန် လှူဒါန်းတဲ့ ပုဂ္ဂိုလ်
(၇) ကျောင်းဆောင်လှူဒါန်းတဲ့ ပုဂ္ဂိုလ်
အဲဒီပုဂ္ဂိုလ်များ သေရင် အပယ်မကျပါဘူး ဆရာတော်အရှင်ဇ၀နဟောကြားတဲ့ ဗုဒ္ဓဘာသာအခြေခံ တရားတော်များထဲမှာ နားကြားရလို့ ပြန်လည်မျှဝေလိုက်ပါတယ် လှူတဲ့အခါမှာစိတ်ထားတက်ဖို့တော့လိုပါတယ်ခင်ဗျာ
ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ
ပစ္ပုပ္ပန်ကို အသုံးချတတ်စေ
“ယနေ့ လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ။ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ”
အလွယ်ကြိုက်သူများသတိထား
“လောက၌ သတ္တ၀ါတို့သည် အရာရာ၌ပင် အလွယ်ကြိုက်တတ်၏။ ရွှေငွေစသော ရတနာတို့ကို သူသူငါငါ နေ့ရောညဥ့်ပါ ရရှိအောင် ကြံဆောင် အားထုတ်ကြသော်လည်း ကြံတိုင်းမရနိုင်။ ရရှိဖို့ရန် ခဲယဉ်းလှသည်ကို သိကြပါလျက် အချို့လူလိမ်များက ရွှေတစ်ကျပ်သားရှိလျှင် အလွယ်နှင့် နှစ်ကျပ်သား ဖြစ်စေမည် စသည်ဖြင့် အလွယ်လမ်းကို ၀ါကြွားလှည့်ဖြားပြောဆိုလိုက်လျှင် အလွန်တရာအားရ၍ ရှိသမျှ ရွှေတိုငွေစကလေးများကို လှည့်ဖြားယူဆောင်သွားသောအခါ ရွှေလိမ်ငွေလိမ် မိသည့်အတွက် များစွာ သောကရောက်ကြရ၏။ ထိုသို့ရောက်ရခြင်းမှာ အလွယ်ကြိုက်မိသောကြောင့် ဖြစ်သည်။ အလွန်တရာ ရခဲလှသည့် မဂ်ဖိုလ်တရားနှင့်စပ်၍လည်း အလွယ်ကြိုက်တတ်သူတို့အတွက် မြှိုက်တတ်လိမ်တတ်သည့် ဆရာများ ရှိတတ်ပေသည်”
မိမိကိုယ်ကို အားကိုးသူဟူသည်
“မိမိကိုယ်ကို အားကိုးပြုနေတတ်သူသည် အရာရာ၌ လွတ်လပ်သည်။ စိတ်ဓာတ်အားခိုင်၍ လောကဓံကို ခံနိုင်စွမ်းရည် ရှိသည်”
မိုးကုတ်ဆရာတော်ဘုရားကြီး၏ဆုံးမသြ၀ါဒများ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များမှာ...........ဒီလိုမျိုး တရား သံဝေဂတွေ ပွားရပါတယ်........
၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ.။
၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၎။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုး နည်းလိမ့်မည်။
၅။ မနေ.ကထက် ယနေ. သေဖို. တစ်ရက်နီးသွားပြီ။
၆။ မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်းနာနိုင်သည်။ သေလည်း သေနိုင်သည်။
၇။ ခန္ဓာ၏ ဝတ္တရားက အသေရှာတာ၊ ဉာဏ်၏ ဝတ္တရားက အသေရှောင်တာ။
၈။ အသေမဦးမီ ဉာဏ်ဦးစီးပြီး ဝိပဿနာတရား အားထုတ်ပါ။
၉။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။
၁၀။ သာသနာနဲ.ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်မယ်။
၁၁။ ကိစ္စဟူသရွေ. မဂ်တား- ဖိုလ်တားလို. မှတ်ပါ။
၁၂။ တဏှာ- လောဘ ခိုင်းတာလုပ်နေလျှင် သေတဲ့အခါ အပါယ်ရောက်မယ်။
၁၃။ အဝိဇ္ဇာ - တဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
၁၄။ အလကားနေသရွေ.၊ အအားနေသရွေ. အမှားနဲ.နေခြင်းလို. မှတ်ပါ။
၁၅။ တဏှာကို အဖော်မလုပ်ဘဲ ဉာဏ်ကို အဖော်လုပ်ပါ။
၁၆။ ရက်ရာဇာ၊ ပြဿဒါး ရက်မရွေးနဲ.၊ သူတော်ကောင်း အလုပ် လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာအချိန်လို. မှတ်ပါ။
ဆိုးနေတဲ့ကံကို ပြုပြင်နည်း
သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရ ပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့...
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ
တို့ ဖြစ်ပါတယ်။
အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။
ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။
 ဒါန
ပထမဆုံးကုသိုလ်က ဒါနပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။
ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိမရှိ သိချင်သူများအတွက်
၁။ ဦးဇင်းကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါသလား ၊
၂။ လူကိုနတ်ကစောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ကိုက်ညီမှုရှိပါသလား ၊
၃။ တကယ်လို့ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင်ဘယ်လိုမျိုးပုံစံနဲ့ လူကိုစောင့်ရှောက်ပေးပါသလဲ ၊
၎။ သူဟာလူ့ခန္ဓာကိုယ်ထဲမှာ နေတာပါလားပြင်ပမှာ သီးခြားနေတာပါလားဆိုတာကို
ဘုရားတပည့်တော်ကိုသနားစောင့်ရှောက်ချီးမြှောက်သောအားဖြင့်ဖြေကြားပေးတော်မူပါဘုရား ။ ။
မေးခွန်းတွေကများလိုက်တာ။ ဦးဇင်းခပ်တိုတိုနဲ့ လိုရင်းပဲဖြေပေးလိုက်ပါတယ်။
ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်။
“မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပဌမဦးစွာ သိ၏။
ထို့နောက်သူ၏ ကိုယ်စောင့်နတ်သိ၏။ထို့နောက် သူတစ်ပါး၏ စိတ်ကိုဖောက်ထွင်းပြီး သိနိုင်တဲ့တန်ခိုးရှင်များသိကြ၏”လို့
ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္ဍ အဖွင့်မှာပါတဲ့ဒီစကားရပ်ကို ထောက်ပြီးတော့ကိုယ်စောင့်နတ် တကယ်ရှိတယ်ဆိုတာသိရပါတယ်။
ဒီစကားရပ်ကိုထောက်ပြီးတော့လူကို နတ်စောင့်တယ်ဆိုတာဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါတယ်။
အခြားသောအထောက်အထား ကျမ်းကိုးကျမ်းကားထုတ်ပြစရာတွေအများကြီးရှိပေမယ့် သိသာရုံမျှဒီလောက်နဲ့ပဲ ကျေနပ်တော်မူကြပါ။
ယုံကြည်ချက် သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း၏ အကျိုးတရား
 Photo: ၁။ ယုံကြည်ချက် သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း၏ အကျိုးတရား
ချစ်သားရဟန်းတို့ ...။ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အ
ပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားဖြင့် အလှူဒါနကို ပေးလှူခြင်းကြောင့် အကြင်
အကြင် ဘုံဘ၀၌ ထိုအလှူဒါန၏ တစ်နည်း ထို အလှူဒါန ကောင်းမှု ကုသိုလ်
ကံ စေတနာ၏ အကျိုးတရားသည် ဖြစ်ပေါ်၍လာ၏။ အကျိုးတရား ဖြစ်ပေါ်
လာရာ ထိုထိုဘုံဘ၀၌ ကြွယ်ဝချမ်းသာသည်လည်း ဖြစ်၏။ များပြားသော ဥစ္စာ
နှစ် ရှိသည်လည်းဖြစ်၏။ များပြားသော အသုံးအဆောင်ရှိသည်လည်း ဖြစ်၏။
ဘယ်ဒါနမဆိုပါဘဲ၊ ဒါနရဲ့စွမ်းအားက ‘ဒါနတောဘောဂ၀ါ’ ဆိုတဲ့အတိုင်း ဒီဒါန
ကြောင့် အကျိုးတရားတွေကတော့ ကြွယ်ဝချမ်းသာတဲ့ အကျိုး, စည်းစိမ်ဥစ္စာ
ပေါများတဲ့အကျိုး ဆိုတာကတော့ ရရှိမှာ ဧကန် ဖြစ်ပါတယ်။ သံသရာခရီး ဆို
တာလည်း ထင်ရှား ရှိနေကြမယ်, ဒီကံတွေကလည်း ရင့်ကျက်လာပြီ ဆိုရင်
တော့ တစ်နေ့ ဒီလိုအကျိုးမျိုးကို ပေးမှာပဲ။ သို့သော် ဒီနေရာမှာ ယုံကြည်ချက်
သဒ္ဓါတရားနှင့် ပေးလှူလိုက်တဲ့ အလှူဒါနကြောင့် ဒီအကျိုးတွင် ရမလားဆို
တော့ မကသေးဘူးနော်။
အလွန် ရုပ်အဆင်းလှသည်လည်းဖြစ်၏။ ရှုချင်စဖွယ် ရှိသည်။ ကြည်ညိုဖွယ်
ဂုဏ်ကို ဆောင်နိုင်သည်။ လွန်မြတ်သော အဆင်းလုံးရပ် သဏ္ဌာန်နှင့် ပြည့်စုံ
သည် ဖြစ်၏။
ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပေါ်၌ ယုံကြည်ချက် သဒ္ဓါ
တရား, စိတ်ကြည်နူးမှု သဒ္ဓါတရား အပြည့်အ၀ဖြင့် ပေးလှူလိုက်တဲ့အတွက် ဒီ
ဒါနက အကျိုးပေးတဲ့ ဘုံဘ၀မှာ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာရုံတွင်မက ထို
ပုဂ္ဂိုလ်ဟာ ရုပ်အဆင်းက အလွန် လှပတင့်တယ်တယ်။ ကြည့်ရှုဖွယ်သိပ်
ကောင်းတယ်။ ကြည့်လို့ သိပ်ကောင်းတယ်။ သူ့ကို ကြည့်လိုက်လျှင် စိတ်ထဲ
မှာ ကြည်လင်လာတယ်။ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တဲ့ ရုပ်အဆင်း ဥပဓိ
သမ္ပတ္တိနှင့်လည်း ပြည့်စုံတယ်။ လွန်မြတ်သော အသားအရေ အရောင်အဆင်း
နှင့်လည်း ပြည့်စုံတယ်၊ လွန်မြတ်သော လုံးရပ်သဏ္ဌာန်နဲ့လည်း ပြည့်စုံတယ်။
အချိုး သိပ်ကျတယ်။ သို့သော် ဒီလို အကျိုးတရားတွေဟာ ယုံကြည်ချက် သဒ္ဓါ
တရားနဲ့ လှူတဲ့ အလှူဒါနရဲ့ အကျိုးတရားတွေပဲ။ 
ဘာကြောင့် ဒီအကျိုးတရားတွေကို ရရှိကြရသလဲလို့ ပြန်ဆန်းစစ်ကြည့်လိုက်
တဲ့အခါမှာ --
သဒ္ဓါတရား အားကောင်းနေတဲ့ ပုဂ္ဂိုလ်က ပေးလှူနေတဲ့ အချိန်အခါမှာ ရတနာ
သုံးပါးတို့ရဲ့ ဂုဏ်ကျေးဇူး အပေါ်မှာလည်း ယုံကြည်မြတ်နိုးတဲ့ စိတ်ထား ရှိ
တယ်။ ကံ-ကံ၏ အကျိုးတရားအပေါ်မှာလည်း သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတ
ရား ရှိတယ်။ အထူးသဖြင့် အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ မြတ်နိုးတဲ့ စိတ်ထား အ
မြဲရှိတယ်။ ဒီလို မွန်မြတ်တဲ့ စိတ်ထား၁ယ မြတ်နိုးတဲ့ စိတ်ထား, သာသနာတော်
ကို ကြည်ညိုမြတ်နိုးနေတဲ့ စိတ်ထားဖြင့် ကံကိုထူထောင်ခဲ့တဲ့အတွက် ဒီကံ
က အကျိုးပေးတဲ့ ဘုံဘ၀မှာ မိမိကို သူတစ်ပါးတို့က မြတ်နိုးဖို့ရန်အတွက် မိမိ
ရဲ့ ဥပဓိသမ္ပတ္တိတွေက အဆင်သင့် ဖြစ်နေတယ်။
သို့သော် တစ်ဖက်က ယုံကြည်ချက် သဒ္ဓါတရားမရှိဘဲနဲ့ ပေးလှူလိုက်တဲ့ အလှူ
ဒါနတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်က ရုပ်အဆင်းက လှပတင့်တယ်မှု မရှိ
တော့ဘူး။ ဘုန်းကြီးရဲ့ မိတ်ဆွေတစ်ပါး ပြောသလိုပေါ့လေ “အသား ကြည့်
လိုက်တော့လည်း သပိတ်ရောင်၊ လည်ပင်းကြည့်လိုက်တော့လည်း ဖားလည်
ပင်း၊ ခါး ကြည့်လိုက်တော့လည်း လိပ်ခါး” ဆိုတဲ့ ပုံစံ ဖြစ်နေတတ်တယ်။
ရုပ်ဆင်းသဏ္ဌာန်နှင့် မပြည့်စုံဘူး။ ဘာဖြစ်လို့လဲ?
တစ်ချိန်တုန်းက ကုသိုလ်ကောင်းမှုတစ်ခု ပြုခဲ့စဉ် အချိန်အခါမှာ စိတ်ဓာတ်တွေ
က ကြည်ကြည်လင်လင် မရှိဘူး။ ယုံကြည်ချက် သဒ္ဓါတရား အားကောင်း
ကောင်းနဲ့ ပြုခဲ့တဲ့ အလှူဒါနမျိုးလည်း မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ် များထိုထို
တို့ အပေါ်၌ ကြည်ညိုမြတ်နိုးတဲ့စိတ်ထားနှင့် ပြုစုပျိုးထောင်ခဲ့တဲ့ အလှူဒါန
ကောင်းမှုကုသိုလ်မျိုးလည်း မဟုတ်ပြန်ဘူး။ မဟုတ်တဲ့အတွက် ဒီကံက အကျိုး
ပေးတဲ့ ဘ၀မှာ ပုံပန်းမကျ ဖြစ်နေရတယ်။ အလှူခံပုဂ္ဂိုလ် အစရှိတဲ့ ထိုထိုပုဂ္ဂိုလ်
တို့အပေါ်၌ မိမိက ပုံပန်းမကျတဲ့စိတ်နေစိတ်ထားဖြင့် ကံကို ထူထောင်ခဲ့မိတဲ့အ
တွက် ဒီကံက အကျိုးပေးတဲ့ဘ၀မှာ မိမိကိုလည်း တစ်ဖက်သားက လှမ်းကြည့်
မယ်ဆိုရင် ပုံပန်းမကျတဲ့ ပုဂ္ဂိုလ် အနေအထားမှာပဲ ရှိနေတယ်။
ဒါကြောင့် ဘုန်းကြီးရဲ့ ဆရာသမားတစ်ဦးကတော့ ဆိုဆုံးမဖူးတယ်။ ကောင်း
မှုကုသိုလ်တစ်ခု မပြုခင်မှာ ကြိုတင်ပြီး စဉ်းစားပါ။ စိတ်က မနိုင်ဘူးဆိုရင်တော့
မပြုတာ ကောင်းတယ်၊ ပြုပြီးလို့ ကံအရာ တည်သွားပြီဆိုရင် ဒီကံဟာ ပြန်ပြီး
ဖျက်သိမ်းဖို့ သိပ်ခက်တယ်၊ ဒီကံကရင့်ကျက်လာပြီဆိုရင် တစ်နေ့ အကျိုးပေးမှာ
ပဲ။ အဲဒီလို အကျိုးပေးတဲ့ ဘုံဘ၀ကျမှ ဒီမကောင်းတဲ့ အကျိုးတရားတွေကို မိမိ
ကို ‘အလိုမရှိပါဘူး’ ဆိုပြီး ထိုင်ငိုနေသော်လည်း ရဦးမလား? မရနိုင်တော့ဘူး။ အ
ရုပ်ဆိုးတဲ့ လူဟာအရုပ်ဆိုးမြဲပဲ ဆိုးနေမှာပဲ။ ဟုတ်တယ် မဟုတ်ဘူးလား?
ဖားအောက်တောရဆရာတော်
Buddhavasa Tiloka
ချစ်သားရဟန်းတို့ ...။ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အ
ပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားဖြင့် အလှူဒါနကို ပေးလှူခြင်းကြောင့် အကြင်
အကြင် ဘုံဘ၀၌ ထိုအလှူဒါန၏ တစ်နည်း ထို အလှူဒါန ကောင်းမှု ကုသိုလ်
ကံ စေတနာ၏ အကျိုးတရားသည် ဖြစ်ပေါ်၍လာ၏။ အကျိုးတရား ဖြစ်ပေါ်
လာရာ ထိုထိုဘုံဘ၀၌ ကြွယ်ဝချမ်းသာသည်လည်း ဖြစ်၏။ များပြားသော ဥစ္စာ
နှစ် ရှိသည်လည်းဖြစ်၏။ များပြားသော အသုံးအဆောင်ရှိသည်လည်း ဖြစ်၏။
ဘယ်ဒါနမဆိုပါဘဲ၊ ဒါနရဲ့စွမ်းအားက ‘ဒါနတောဘောဂ၀ါ’ ဆိုတဲ့အတိုင်း ဒီဒါန
ကြောင့် အကျိုးတရားတွေကတော့ ကြွယ်ဝချမ်းသာတဲ့ အကျိုး, စည်းစိမ်ဥစ္စာ
ပေါများတဲ့အကျိုး ဆိုတာကတော့ ရရှိမှာ ဧကန် ဖြစ်ပါတယ်။ သံသရာခရီး ဆို
တာလည်း ထင်ရှား ရှိနေကြမယ်, ဒီကံတွေကလည်း ရင့်ကျက်လာပြီ ဆိုရင်
တော့ တစ်နေ့ ဒီလိုအကျိုးမျိုးကို ပေးမှာပဲ။ သို့သော် ဒီနေရာမှာ ယုံကြည်ချက်
သဒ္ဓါတရားနှင့် ပေးလှူလိုက်တဲ့ အလှူဒါနကြောင့် ဒီအကျိုးတွင် ရမလားဆို
တော့ မကသေးဘူးနော်။
Wednesday, 14 May 2014
နတ်​ချစ်​ဂါတာ
၁. သကိံ​ဒေဝ မဟာရာဇ
    တဗ္ဘိ ​ဟောတိ သမာဂ​မော
    သာနံ ပါ​လေတိ သင်္ဂတိ
    နာသဗ္ဘိဗဟုသင်္ဂ​မော
၂. သဗ္ဘိ​ရေဝ သမာ​သေထ
    သဗ္ဘိ ကု​ဗ္ဗေထ ကန္တဝံ
    သတံ သဒ္ဓမ္မ မညာယ
၃. ဇိရန္တိ​ဝေ ရာဇရထာ သုစိတ္တာ
    အ​ထော သရီရမ္ပိ ဇရံ ဥ​ပေတိ
    သတဉ္စ ဓ​မ္မော နဇရံ ဥ​ပေတိ
    သ​န္တော ဟ​ဝေ သဗ္ဘီ ပ​ဝေဒယန္တိ
၎. နဘံ စဒူ​ရေ ပထ၀ီ စ ဒူ​ရေ
    တ​တောဟ​ဝေ ဒူရတရံ ဝဒန္တိ
    သတ​ဉ္စ ဓ​မ္မော အသတဉ္စ ရာဇ
ဒါန အ​ကြောင်း ၁
စွန့်​ကြဲ​ပေးကမ်းမှု့ကို ဒါန ဟု​ခေါ်၏ . ဒါနကို အ​သေးစိတ်​ ခွဲ လျှင်​ ၂ မျိုးရှိ၏ . ပထမဒါနသည်​ ဝတ္ထုဒါနဖြစ်​၍ ​နောက်​တစ်​ခုက ​စေတနာဒါန ဖြစ်​သည်​ . ဆွမ်း သင်္ကန်း ​ကျောင်း ​ဆေး စသည့်​ လှူဖွယ်​ ဝတ္ထုများကို လှူ​နေသည့်​အခါ မိမိကိုယ်​ မှာဖြစ်​​ပေါ်​နေသည့်​  စိတ်​ ​​စေတနာ များကို စေတနာဒါန ဟု ​ခေါ်သည်​ . ဘဝသံသရာ ဝယ်​ အကျိုး​ပေးရာ၌ ဝတ္ထုဒါနများကအကျိုး​ပေးကြသည်​မဟုတ်​ အတွင်းသန္တန်​ ၌ဖြစ်​​သော ​စေတနာဒါန များကသာအကျိုး​ပေးကြသည်​ .လှူဖွယ်​ပစ္စည်းများမှာ ​စေတနာဖြစ်​ဖို့ရာ အာရုံ​တွေသာတည်း  ဥပမာ ဆွမ်းလှူဒါန်းရာ၌ ထိုဆွမ်းကိုအာရုံပြု၍​သော်​လည်​​ကောင်း ဆွမ်းဘုဉ်း​ပေးကြ​သော သံဃာများကို အာရုံပြု၍​သော်​လည်​​ကောင်း အတွင်းသန္တန်​ ၌ စိတ်​​စေတနာ​​တွေများစွာ ဆက်​၍ဖြစ်​​နေ၏ . ထိုစိတ်​​စေတနာ​တွေဖြစ်​ပြီးလျှင်​ ချုပ်​ကြ​သော်​လည်း ​နောင်​အခါ အကျိုး​ပေးရန်​ မိမိတို့သတ္တိကို မြှပ်​နှံ၍ ချုပ်​သွားကြသည်​ .
သိထားသင့်သမျှ ဗုဒ္ဓအကြောင်း
        လူအမည် ............သိဒ္ဓတ္တ
        ဘုရားဘွဲ့.................ဂေါတမ
    မိဘအမည်........................သုဒ္ဓေါဒနမင်း နှင့် မယာဒေ၀ီ
    ကြင်ယာတော် ......................ယာသောဓ၇ာ
    ယောက်ဖ..............................ဒေ၀ဒတ်
    မိထွေးတော်...........................ဂေါတမီ
    နေပြည်တော်...........ကပိလ၀တ်ပြည် (သက္ကတိုင်း ၊ မဇ္ဖျိမဒေသ )
    မွေးဖွားရာနေရာ..........လုမ္မိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )
    နန်စံနှစ်.............
    .....................၁၃ နှစ် ( ၁၆ မှ ၂၉ )
    နိမိတ်ကြီးများ...............................သူအို ၊သူနာ ၊သူသေ ၊ရဟန်း
    ဗျာဒိတ်ခံယူသောဘ၀ ......................သုမေဓာရသေ့
    ဗျာဒိတ်ခံယူသော နေ့ ..........................ကဆုန်လပြည့်နေ့
    ဗျာဒိတ်ပေးသောဘုရား..........................ဒီပင်္ကရာမြတ်စွာဘုရား
    ပါ၇မီဖြည့်ဖက်.........................သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )
    ပါရမီကာလ...........................လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ
    ဝေဿန္တရာဘ၀အထိ )
Monday, 12 May 2014
လောကီမင်္ဂလာ (၁၂)ပါး
၁။ ဝိဇာတ မင်္ဂလာ=ပဋိသန္ဓေမှ ဖွားမြောက် အောင်မြင်ခြင်း။
၂။ မုခဒဿန မင်္ဂလာ=ဖွားပြီး သုံးရက်မြောက်သောကာလ ရတနာသုံးပါးနဲ့ ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်ခြင်း။
၃။ ကေသစ္ဆေဒန မင်္ဂလာ=(ရ)ရက်မြောက်သောနေ့၌ ဆံပင်ရိတ်ခြင်း။
၎။ ဒေါလာကရဏ မင်္ဂလာ=ကောင်းမြတ်သောနေ့၌ ပုခက်အေးယာဉ် တင်ခြင်း။
၅။ တမ္ဘုလပတ္တ မင်္ဂလာ=(၇၅၀ရက်မြောက်သောနေ့၌ ကွမ်းဦးခွံ့ခြင်း။
၆။ ရဝိန္ဒုဒဿန မင်္ဂလာ=(၃)လမြောက်သောန့၌ နေ,လ တို့ကို ပြခြင်း။
၇။ နာမကရဏ မင်္ဂလာ=ရက်ပေါင်း ၁၀၀-မြောက်သောနေ့၌ အမည်မှည့်ခြင်း။
၈။ ပထမဘတ္တ မင်္ဂလာ=ခြောက်လပြည့်က ထမင်းဦးခွံ့ခြင်း။
၉။ ကေသဗန္ဒန မင်္ဂလာ=သင့်တင့်လျောက်ပတ် အရွယ်၌ ဆံဖွဲ့ထုံးခြင်း။
၁၀။ ကဏ္ဏဆိန္ဒ မင်္ဂလာ=သင့်တင့်သောအရွယ်၌ နားထွင်းခြင်း။(ကဏ္ဏဝိဇ္ဈန မူကွဲရှိသည်)
၁၁။ သာသနာနုဂ္ဂဟ မင်္ဂလာ=ချိန်ရွယ်ကျရောက်သောအခါ သာသနာဘောင်သို့ သွတ်သွင်းခြင်း။
၁၂။ အာဝါဟ ဝိဝါဟ မင်္ဂလာ=ချိန်ရွယ် ကျရောက်သောအခါ ထိမ်းမြားရခြင်း။
သာသနာစိတ်။
• ဓမ္မအလင်းအမှောင်ခွင်း။
ဗုဒ္ဓ ဟောကြားဆုံးမတော်မူအပ်သောဓမ္မဝိနယသည် သာသနာမည်၏။ ထိုသာသနာကို လက်ခံသိမ်းပိုက်သော စိတ်ကို ‘သာသနာစိတ်’ဟု ဆိုရမည်။ထိုစိတ်သည် သာသနာတော် တည်တံ့ခြင်း၏ အရင်းခံအကျဆုံးသော အကြောင်းဖြစ်သည်။
ဤနေရာ၌ သာသနာတော် တည်တံ့ခြင်း၏ အကြောင်းဖြစ်သည့်ဗုဒ္ဓဟောကြားဆုံးမအပ်သော ဓမ္မဝိနယကို လက်ခံသိမ်းပိုက်နိုင်သော သာသနာစိတ်ကား မည်သည့်စိတ်ဖြစ်သည်ဟုသိနိုင်ရန် သာသနာတော် စတင်ချိန်ကို ပြန်လည်သုံးသပ်ကြကုန်အံ့။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသော ဗုဒ္ဓသည် ၄၅ရက်ပတ်လုံးနိဗ္ဗာန်ကို အာရုံပြု၍ ဝိမုတ္တိချမ်းသာကို ခံစားတော်မူခဲ့ပြီး ဆိတ်ကျောင်းညောင်ပင်ရင်း၌ပြန်လည် သီတင်းသုံးကာ ဘုရားရှင်တို့ ဓမ္မတာ တရားဟောတော်မူခြင်းဟူသော ဗုဒ္ဓကိစ္စကို ဆောင်ရွက်တော်မူရန်အာသယာနုသယဉာဏ်၊ ဣနြ္ဒိယပရောပရိယတ္တိဉာဏ်တော် နှစ်ရပ်ဖြင့် သတ္တလောကကြီးကို ကြည့်ရှုသုံးသပ်တော်မူလေသည်။
Sunday, 11 May 2014
ပဗ္ဗာဇနိယ ကမ္မဝါစာ နှင့် ပြိတ္တာမျိုးနွယ် တစ္ဆေသရဲ အနှောင့်အယှက်များ (၆)
ကမ္မဝါ ပါဠိ၌လာသော အနှောင့်အယှက်များ---
ပဗ္ဗာဇနိယ ကမ္မဝါစာ မူရင်းပါဠိတွင် “ဣမေ အမနုဿာ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ၊ စဏ္ဍာ၊ ရုဒ္ဓါ၊ ရဘသာ၊ အဒယာလုကာ၊ ဝိဟေသကာ”ဟု ဖော်ပြထားပေရာ ပေါ့ပေါ့တန်တန် သဘောထား၍မဖြစ်ပေ။ လူတို့ကို ခြောက်လှန့် ဒုက္ခဖြစ်စေတတ်သော မကောင်းဆိုးဝါးများသာဖြစ်၏။ 
ထိုပါဠိပုဒ်အား အနက်ပေးကြည့်လျှင် ပို၍ အဓိပ္ပါယ်ပေါက်ပေမည်။ အနက်ထွက်ရှိပုံမှာ---
စဏ္ဍာ-ကြမ်းတမ်းကုန်သော၊
ရုဒ္ဓါ-ကုသိုလ်တရားတို့ကို ဆို့ပိတ်တတ်ကုန်သော၊
ရဘသာ-မကောင်းမှုအကုသိုလ် ဒုစရိုက်တရားကို အားထုတ်တတ်ကုန်သော၊
အဒယာလုကာ-သနားခြင်း ကရုဏာ အလွန်ကင်းကုန်သော၊ 
ဝိဟေသကာ-သတ္တဝါတို့အား ရက်ရက်စက်စက် မညှာမတာ နှိပ်စက်တတ်ကုန်သော၊
အမနုဿာ-လူဇာတ်စစ်စစ် မဟုတ်ကုန်သော၊
“ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါး ဘာကြောင့်ထား”
 Photo: “ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါး
ဘာကြောင့်ထား”
ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့ရဲ့ ဂုဏ်တော်တွေကို ပွားများကြည်
ညိုတယ်ဆိုတာ သာသနာတော်နဲ့ ကြုံနေပါလျက် ဖာသိဖာသာ ဖြစ်နေတတ်တဲ့
ကျွန်တော်တို့ရဲ့ ကံသုံးပါး အမူအရာတွေကို သဒ္ဓါတိုးပြီး၊ ကြိုးစားလာအောင် လှုံ့
ဆော်နေသလိုလည်း ရှိပါတယ်။ ဒီမျှမက ရတနာမြတ်သုံးပါးတို့ရဲ့ ဂုဏ်စွမ်းသတ္တိ
ဟာ ကြောက်ရွံ့ထိတ်လန့်နေစဉ် အခါများမှာလည်း သဒ္ဓါထက်ပြီး ရဲတင်းချက် 
ပေါ်လာစေတတ်ပါတယ်။
အများသိပြီး ဖြစ်တဲ့အတိုင်း ရတနာမြတ် သုံးပါးရဲ့ဂုဏ်တော်တွေ ဆိုတာ ဘုရား
ဂုဏ်တော် ကိုးပါး၊ တရား ဂုဏ်တော် ခြောက်ပါး၊ သံဃာ့ ဂုဏ်တော် ကိုးပါးတို့ 
ဖြပါတယ်။ ဒီဂုဏ်တော်တွေ ဘာ့ကြောင့် ဘယ်လိုဖြစ်ပေါ်လာပါသလဲ။
၁။ ဘုရားဂုဏ်၌ ကိုးပါးထားရခြင်းမှာ ဘုရားရှင်သည် ဂြိုလ်ကိုးလုံးတို့တွင် အ
မြတ်ဆုံး၊ အကြီးဆုံး၊ အညွန့်ဆုံး ဖြစ်သော နဝင်း(ကိတ်ဂြိုလ်)နှင့် ယှဉ်၍
(က) ဒီပင်္ကရာ ဘုရားရှင်၏ ရှေးနိယတဗျာဒိပ်တော်ခံယခြင်း၊
(ခ) မယ်တော်၏ ဝမ်းကြာတိုက်မှ ဆင်းသက် မွေးဖွားတော်မူလာခြင်း၊
(ဂ) ဗောဓိပင်နှင့် ရွှေပလ္လင်တော်ထက်ဝယ် သစ္စာလေးဆင့် ပွင့်တော်မူခဲ့ခြင်း၊
(ဃ) မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်ဟူသော ကိုးပါးပိုင်ရှင်ဖြစ်ခြင်း၊
အထက်ပါ လေးချက်ကြောင့် ဂုဏ်တော်မျိုး ဘယ်လောက်ပင်များများ၊ ဤအ
တွင်း သွင်းထား၍ ကိုးပါးသော ထားခြင်းဖြစ်ပါတယ်။
၂။ တစ်ဖန် တရားဂုဏ်တော် ခြောက်ပါး ထားရခြင်းမှာ
(က) မိမိ၏အတွင်းမျက်စိ စသော အကြည်ဓာတ် ခြောက်ပါး၊
(ခ) တစ်ဘက်၏ အတိုက်ဓာတ်အဆင်းစသော အာရုံခြောက်ပါး၊
(ဂ) ထိုနှစ်ခုတို့အကြားမှ ပေါက်ဖွားလာသည့် မြင်သိစသော ဝိညာဉ်ခြောက်ပါး၊
အထက်ပါ အတိုက်အခံတို့၏ ဖောက်ပြားမှုကြား ရှုစားရာမှ ပေါ်ထွန်းလာသော
အမှန်တရား ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ဘုရားရှင်၏ ဘုန်းတော်ခြောက်ပါး
 ကျက်စားရာ (တောက်ပွားရာ) အစဖြစ်ခြင်းကြောင့် လည်းကောင်း၊ တရား
ဂုဏ်ဟိတ်တို့ ဘယ်လောက်ပင်များများ ဤခြောက်ပါးမှာသာ သွင်း၍တရားဂုဏ်
ခြောက်ပါးပြထားခြင်းဖြစ်ပါတယ်။
၃။ တစ်ဖန် သံဃာ့ဂုဏ်စွမ်းသတ္တိ ကိုးပါး ရှိနေခြင်းမှာ
(က) သံဃာ ဟူသည် နဝင်းဂုဏ်ရှင် ရှင်တော်မြတ်ဘုရား၏ သားတပည့် ဖြစ်
ခြင်းကြောင့် လည်းကောင်း၊
(ခ) ၎င်းတို့ ကိုယ်တိုင် လောကုတ္တရာတရား ကိုးပါးကိုင် ဖြစ်နေခြင်းကြောင့်
လည်းကောင်း၊ သံဃာ့ဂုဏ်ထူး ဘယ်လောက်ပင်များများ ထိုသည့်အကြား
ဌာပနာထား၍ ကိုးပါးသာ ပြထားပါသည်။
ထိုbkရား၊ တရား၊ သံဃာ့ ဂုဏ်များကို ပေါင်းလိုက်သော် ၂၄-ပါး (နှစ်ဆယ့်လေး
ပါး) ရှိနေပါသည်။ ဤနှစ်ဆယ့်လေးပါးသည် ပဋ္ဌာန်းဒေသနာစဉ်အရ ထိုရတနာ
သုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို ထိုရတနာသုံးပါးတို့နှင့် ပဋ္ဌာန်းဆက် ဆက်မိကြ
လေသော သူတို့သာ ခံစားခွင့် ရှိနေပါသည်ကို ညွှန်ပြနေပါသည်။ အခြားတို့ကား
အဆက်ခြားသဖြင့် စိတ်ဝင်စားမှုပင် မပြကြပြီ။
ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါး
ဘာကြောင့် ထားရတယ်ဆိုတာ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးက အဲ့
ဒီလို ဖေါ်ပြ ရှင်းလင်းခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်
Buddhavasa Tiloka
ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့ရဲ့ ဂုဏ်တော်တွေကို ပွားများကြည်
ညိုတယ်ဆိုတာ သာသနာတော်နဲ့ ကြုံနေပါလျက် ဖာသိဖာသာ ဖြစ်နေတတ်တဲ့
ကျွန်တော်တို့ရဲ့ ကံသုံးပါး အမူအရာတွေကို သဒ္ဓါတိုးပြီး၊ ကြိုးစားလာအောင် လှုံ့
ဆော်နေသလိုလည်း ရှိပါတယ်။ ဒီမျှမက ရတနာမြတ်သုံးပါးတို့ရဲ့ ဂုဏ်စွမ်းသတ္တိ
ဟာ ကြောက်ရွံ့ထိတ်လန့်နေစဉ် အခါများမှာလည်း သဒ္ဓါထက်ပြီး ရဲတင်းချက်
ပေါ်လာစေတတ်ပါတယ်။
အများသိပြီး ဖြစ်တဲ့အတိုင်း ရတနာမြတ် သုံးပါးရဲ့ဂုဏ်တော်တွေ ဆိုတာ ဘုရား
ဂုဏ်တော် ကိုးပါး၊ တရား ဂုဏ်တော် ခြောက်ပါး၊ သံဃာ့ ဂုဏ်တော် ကိုးပါးတို့
ဖြပါတယ်။ ဒီဂုဏ်တော်တွေ ဘာ့ကြောင့် ဘယ်လိုဖြစ်ပေါ်လာပါသလဲ။
၁။ ဘုရားဂုဏ်၌ ကိုးပါးထားရခြင်းမှာ ဘုရားရှင်သည် ဂြိုလ်ကိုးလုံးတို့တွင် အ
မြတ်ဆုံး၊ အကြီးဆုံး၊ အညွန့်ဆုံး ဖြစ်သော နဝင်း(ကိတ်ဂြိုလ်)နှင့် ယှဉ်၍
(က) ဒီပင်္ကရာ ဘုရားရှင်၏ ရှေးနိယတဗျာဒိပ်တော်ခံယခြင်း၊
(ခ) မယ်တော်၏ ဝမ်းကြာတိုက်မှ ဆင်းသက် မွေးဖွားတော်မူလာခြင်း၊
(ဂ) ဗောဓိပင်နှင့် ရွှေပလ္လင်တော်ထက်ဝယ် သစ္စာလေးဆင့် ပွင့်တော်မူခဲ့ခြင်း၊
(ဃ) မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်ဟူသော ကိုးပါးပိုင်ရှင်ဖြစ်ခြင်း၊
အထက်ပါ လေးချက်ကြောင့် ဂုဏ်တော်မျိုး ဘယ်လောက်ပင်များများ၊ ဤအ
တွင်း သွင်းထား၍ ကိုးပါးသော ထားခြင်းဖြစ်ပါတယ်။
၂။ တစ်ဖန် တရားဂုဏ်တော် ခြောက်ပါး ထားရခြင်းမှာ
(က) မိမိ၏အတွင်းမျက်စိ စသော အကြည်ဓာတ် ခြောက်ပါး၊
(ခ) တစ်ဘက်၏ အတိုက်ဓာတ်အဆင်းစသော အာရုံခြောက်ပါး၊
(ဂ) ထိုနှစ်ခုတို့အကြားမှ ပေါက်ဖွားလာသည့် မြင်သိစသော ဝိညာဉ်ခြောက်ပါး၊
အထက်ပါ အတိုက်အခံတို့၏ ဖောက်ပြားမှုကြား ရှုစားရာမှ ပေါ်ထွန်းလာသော
အမှန်တရား ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ဘုရားရှင်၏ ဘုန်းတော်ခြောက်ပါး
ကျက်စားရာ (တောက်ပွားရာ) အစဖြစ်ခြင်းကြောင့် လည်းကောင်း၊ တရား
ဂုဏ်ဟိတ်တို့ ဘယ်လောက်ပင်များများ ဤခြောက်ပါးမှာသာ သွင်း၍တရားဂုဏ်
ခြောက်ပါးပြထားခြင်းဖြစ်ပါတယ်။
၃။ တစ်ဖန် သံဃာ့ဂုဏ်စွမ်းသတ္တိ ကိုးပါး ရှိနေခြင်းမှာ
(က) သံဃာ ဟူသည် နဝင်းဂုဏ်ရှင် ရှင်တော်မြတ်ဘုရား၏ သားတပည့် ဖြစ်
ခြင်းကြောင့် လည်းကောင်း၊
(ခ) ၎င်းတို့ ကိုယ်တိုင် လောကုတ္တရာတရား ကိုးပါးကိုင် ဖြစ်နေခြင်းကြောင့်
လည်းကောင်း၊ သံဃာ့ဂုဏ်ထူး ဘယ်လောက်ပင်များများ ထိုသည့်အကြား
ဌာပနာထား၍ ကိုးပါးသာ ပြထားပါသည်။
ထိုbkရား၊ တရား၊ သံဃာ့ ဂုဏ်များကို ပေါင်းလိုက်သော် ၂၄-ပါး (နှစ်ဆယ့်လေး
ပါး) ရှိနေပါသည်။ ဤနှစ်ဆယ့်လေးပါးသည် ပဋ္ဌာန်းဒေသနာစဉ်အရ ထိုရတနာ
သုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို ထိုရတနာသုံးပါးတို့နှင့် ပဋ္ဌာန်းဆက် ဆက်မိကြ
လေသော သူတို့သာ ခံစားခွင့် ရှိနေပါသည်ကို ညွှန်ပြနေပါသည်။ အခြားတို့ကား
အဆက်ခြားသဖြင့် စိတ်ဝင်စားမှုပင် မပြကြပြီ။
ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါး
ဘာကြောင့် ထားရတယ်ဆိုတာ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးက အဲ့
ဒီလို ဖေါ်ပြ ရှင်းလင်းခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်
Buddhavasa Tiloka
“မသူတော်တို့ရဲ့ အလှူ (၅) မျိုး”
Photo: “မသူတော်တို့ရဲ့ အလှူ (၅) မျိုး”
မသူတော်တို့ လှူဒါန်းပူဇော်တဲ့ အလှူဒါန၅-မျိုး ရှိတဲ့အကြောင်းကို  မြတ်စွာဘု
ရားက ဟောကြားထားတော်မူပါတယ်။ ဒီ ၅-မျိုးက ဘာလဲလို့ မေးတော့-
၁။ လှူဖွယ်ဝတ္ထုပေါ်၌ ရိုသေလေးစားမှုမရှိဘဲ။ အလှူဒါနကို၊ ပေးလှူ၏။
၂။ အလှူခံပုဂ္ဂိုလ်အပေါ်၌ ရိုသေလေးစားမှု မရှိဘဲ။ အလှူဒါနကို။ ပေးလှူ၏။
၃။ မိမိ၏ ကိုယ်ထိလက်ရောက် မဟုတ်ဘဲ။ အလှူဒါနကို။ ပေးလှူ၏။
၎။ အမြဲမပြတ် မလှူဒါန်းဘဲ (၀ါ) စွန့်ပစ်အပ်သကဲ့သို့။ အလှူဒါနကို၊ ပေးလှူ၏။
၅။ ကံ, ကံ၏ အကျိုးကို သက်ဝင်ယုံကြည်မှု မရှိဘဲ၊ အလှူဒါနကို၊ ပေးလှူ၏။
မသူတော်တို့ လှူတဲ့ အလှူဒါန ၅-မျိုးကို ဒီလိုမြတ်စွာဘုရားက ထုတ်ပြထားပါ
တယ်။
၁။လှူဖွယ်ဝတ္ထုအပေါ်၌ ရိုသေလေးစားမှု မရှိခြင်း
———————————————————
အလှူဒါနတစ်ခု ပြုတဲ့ အချိန်အခါမှာ လှူဖွယ်ဝတ္ထုတွေကို မွန်မွန်မြတ်မြတ်က
လေး ပြုလုပ်ပြီးတော့ မလှူဒါန်းဘူး၊ ဖြစ်ကတတ်ဆန်း လှူဒါန်းတယ်။
ဘုန်းကြီးတို့ တောနေရဟန်းတွေမှာ တွေ့ကြုံတတ်တဲ့ အလေ့အထကလေးတစ်
ခု ရှိပါတယ်။ ဘုန်းကြီးတောရတစ်ခုထဲ နေစဉ်အချိန်ခါမှာ အဲဒီရွာရဲ့ အလေ့အထ
က မနက်မိုးလင်းလာပြီ ဆိုလို့ရှိရင် ဘာလုပ်ကြသလဲ? 
သံဃာတော်တွေကို ဆွမ်းလောင်းဖို့ဆိုပြီးတော့ ပဲပြုတ်သည် လာရင် “ကဲ ပဲ
ပြုတ်သည် ..အထုပ်-၂၀ထုပ်လိုက်၊ ၃၀-ထုပ်လိုက်” စသည်ဖြင့် ဇလုံနဲ့ စုပြုံပြီး
အထုပ်ခိုင်းလိုက်တယ်။ တောထဲက ခူးထားတဲ့ ရေမဆေးတဲ့ အင်ဖက်ကလေး
နဲ့ ထုတ်ထားတဲ့ ပဲပြုတ်ကို သံဃာတွေ အိမ်ရှေ့ ကြွလာပြီ ဆိုလို့ရှိရင် တစ်ပါး
တစ်ထုပ်စီသာ လောင်းထည့်ပေးလိုက်တာပဲ။ တစ်နေ့တော့ ဘုန်းကြီးတို့ ဆွမ်း
ခံသွားရင်းနဲ့ ဘယ်လို အခြေအနေကလေး တစ်ခု ကြုံသလဲလို့ ဆိုတော့ --
အိမ်တစ်အိမ်ရှေ့ ရောက်တဲ့ အချိန်အခါမှာ တစ်ပါး တစ်ထုပ်စီ လောင်းပေးလိုက်
တယ် ဆိုပါတော့၊ ဘုန်းကြီးတို့ကလည်း ပြန်လှည့်လာတယ်။ ပြန်လှည့်လာတော့
ဘုန်းကြီးတွေ မကြားဘူး ထင်လို့နဲ့ တူပါရဲ့ အလှူရှင်က ဘာပြောသလဲ? 
“ဘုန်းကြီးတွေ ဒီနေ့ မလာဘူး ထင်လို့ ငါ ပဲပြုတ်ကို ဆီနဲ့ကြော်ပြီး စားမယ်
လို့ ခဲထားတာ”တဲ့။
ဘုန်းကြီးတွေကို လောင်းတဲ့ အချိန်အခါကျတော့ ဆားလည်း မပါဘူး, ဆီ
လည်း မပါဘူး၊ သူတို့ စားဖို့ကျတော့ ဆီနဲ့ ကြော်စားမယ်လို့ ပြောနေတယ်၊ အဲဒါ
ပဲ ကြည့်ပေတော့ ..။ 
အဲဒီ အလှူရှင်က လွန်ခဲ့သော တစ်လလောက်က ဘုန်းကြီးတို့ ဖားအောက်တော
ရမှာ အလှူဒါနတစ်ခု လာပြုသွားပါတယ်၊ ဘုန်းကြီးကတော့ မမှတ်မိဘူး။ ဒါပေမဲ့
မှတ်မိတဲ့ ဘုန်းကြီးတစ်ပါးက ဘာပြောသလဲဆိုတော့ - “ဆရာတော် တပည့်
တော်တို့ ဆွမ်းခံသွားတုန်းက ပဲပြုတ်ကို ဆီနဲ့ကြော်ပြီး စားမယ်လို့ ပြောတာ ဒီ
ဒကာမကြီးပဲ” ဆိုပြီး ပြောတယ်။ 
ဒီတော့ ဘုန်းကြီးပြောချင်တာက ရဟန်းသံဃာတွေကို လှူဒါန်းပူဇော်တဲ့ အပိုင်း
ကလေးမှာ မိမိ စွမ်းအားရှိသလောက် လှူဖွယ်ဝတ္ထုကို မွန်မွန်မြတ်မြတ်ကလေး
 ပြုပြင်ပြီး မလှူဒါန်းဘူး၊ မရိုမသေပြုလုပ်ပြီး လှူဒါန်းပူဇော်တယ်။ နောက်တစ်ခု-
၂။ အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေလေးစားမှု မရှိခြင်း
——————————————————————
အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေလေးစားနေတဲ့ စိတ်ထား မရှိဘဲ ဒါနတစ်ခု
ပေးလှူတယ်။ နောက်တစ်ခု-
၃။ ကိုယ်ထိလက်ရောက် မလှူခြင်း
——————————————
မိမိရဲ့ ကိုယ်ထိလက်ရောက် မဟုတ်ဘဲနဲ့ အလှူဒါနတစ်ခု ပေးလှူတယ်။ အိမ်
မှာ ခိုင်းစေနေတဲ့ ပုဂ္ဂိုလ်တွေကို အလှူခိုင်းလိုက်တာပဲ၊ ဒီဆွမ်းလောင်းတဲ့ အလုပ်,
ကောင်းမှုကုသိုလ်ပြုတဲ့ အလုပ်သည် မိမိအလုပ်, မိမိတာဝန် မဟုတ်သလို စိတ်
ထဲမှာ သဘောထားပြီးတော့ အိမ်မှာ ခိုင်းစေနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ပစ်စလက်
ခတ် လှူဒါန်းခိုင်းလိုက်တယ်။
၎။ အလှူဝတ် မမြဲခြင်း
—————————
အဋ္ဌကထာက ဒီလိုတော့ ဖွင့်ထားပါတယ်။ ဒါနတစ်ခု ပြုစဉ်အချိန်အခါမှာ နိစ္စ
ဘတ် ၀တ်ကလေးတစ်ခုထားပြီး ပြုတာက ပိုကောင်းတယ်၊ ဥပမာ - အိမ်မှာ
ကိုးကွယ်ဆည်းကပ်ထားတဲ့ မြတ်စွာဘုရားကို သောက်တော်ရေ ကပ်မယ်ဆို
ရင် နေ့စဉ် ၀တ်မပြတ်စေရဘူး။
ဒီပုံစံမျိုးလေးကို စိတ်ထားရမယ်။ မြတ်စွာဘုရားကို ဆီမီးပူဇော်မယ်၊ နေ့စဉ် မ
ပြတ်စေရဘူး။ 
ဆွမ်းကျတော့ရော ပျက်ရမလားလို့ မေးစရာ ရှိပါတယ်၊ ဒါ ဘုန်းကြီးကြိုက်တာ
ပြောမယ်နော်၊ မနိုင်ရင် မလှူပါနဲ့၊ နိုင်ရင်တော့ တစ်လတစ်ခါလောက်ဖြစ်စေ ၀၀
လှူပါ။ နတ်တင်သလို မျက်ချေးလောက် သွားလှူရင် ဘယ်လာကောင်းမလဲ၊
ဘုရားလည်း ဘယ်ဝ,မလဲ၊ ဘယ့်နှယ်တုန်း ဒကာကြီးတွေဝ,ပါ့မလား? (မ၀,ပါ
ဘုရား။) အမြဲ မလှူနိုင်တောင်မှ တစ်လတစ်ကြိမ်ဖြစ်ဖြစ် ငါ မြတ်စွာဘုရား
ကို ၀,အောင် ဆွမ်းလှူမယ် ဆိုပြီးတော့ ဒီလို ဆက်ကပ် လှူဒါန်းပူဇော်တာ ပို
ကောင်းပါတယ်နော်။ သို့သော် လစဉ် လှူရင်လည်း ဒါ အမြဲမပြတ် လှူနေတဲ့ အ
လှူဒါနပါ။ သို့မဟုတ် နှစ်စဉ် လှူမယ်ဆိုရင်လည်း ဒါ အမြဲမပြတ် လှူနေတဲ့ အ
လှူဒါနပဲ။
သို့သော် ဆီမီးလှူလည်း လှူချင်တဲ့အခါ လှူလိုက်, မလှူချင်တဲ့အခါ မလှူလိုက်၊
သောက်တော်ရေလည်း လှူချင်တဲ့အခါ လှူလိုက်၊ မလှူချင်တဲ့အခါ မလှူလိုက်၊
ဒီလိုပြုလုပ်မယ် ဆိုရင်တော့ အမြဲမပြတ် နိစ္စဘတ် ၀တ်ထားပြီး လှူတဲ့အလှူမျိုး 
မဟုတ်တော့ဘူး။ 
သိပ်ခဲယဉ်းတဲ့ အလုပ်တွေ မဟုတ်ဘူးနော်၊ ဒီလို နိစ္စဘတ် ၀တ်ကလေးထားပြီး 
လှူဒါန်းပူဇော်နေတဲ့ အလှူဒါန လုပ်ငန်းခွင်ကို စိတ်ဝင်စားမှု မရှိတာကို ပြောနေ
တာပါ။
စွန့်ပစ်သကဲ့သို့ လှူဒါန်းခြင်း
———————————
တစ်နည်း ဖွင့်ထားတာကတော့ - ရိုရိုသေသေနဲ့ မလှူဘဲနဲ့ လွှင့်ပစ်လိုက်တဲ့ ပုံစံ,
စွန့်ပစ်တဲ့ ပုံစံမျိုးနဲ့ လှူတယ်။ “ဒီပစ္စည်းတွေကတော့ကွာ အိမ်မှာလည်း အသုံး
ကျတဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး ဘုန်းကြီးပဲ လှူလိုက်တာပေါ့၊” ဒီလိုသ
ဘောမျိုးနဲ့ လှူတယ်။ ‘ဘုန်းကြီး’ ဆိုတာကတော့ သူများ ကောင်းတာလှူလည်း 
အလှူခံရတာပဲ၊ မကောင်းတာ လှူလည်း အလှူခံရတာပဲ၊ အဲဒီလို စွန့်ပစ်မယ့် ပုံ
စံအနေအထားအားဖြင့် လှူတယ်။
၅။ ကံ-ကံ၏အကျိုးကို ယုံကြည်မှု မရှိဘဲ လှူဒါန်းခြင်း
—————————————————————
ကံ, ကံ၏အကျိုးကို သက်ဝင်ယုံကြည်မှု မရှိဘဲနဲ့ အလှူဒါနတစ်ခု ပြုတယ်။ ဒီ
လို ပုဂ္ဂိုလ်တွေက ခုခေတ်မှာ တော်တော်လေးတော့ များလာပါတယ်၊ တစ်ချိန်
တုန်းက ဘုန်းကြီး အစင်တောထဲ နေစဉ်အခါက ဒကာကြီးတစ်ယောက်က ဆွမ်း
ချိုင့်ကလေးတစ်ခုနဲ့ ဆွမ်း လာလှူတယ်။ လှူတော့ သူက ပွင့်ပွင့်လင်းလင်း ဘာ
လျှောက်သလဲ? 
“တပည့်တော် ဒီအလှူဒါနကြောင့် အကျိုးတစ်စုံတစ်ရာ ရလိမ့်မယ်ဆိုတဲ့ မျှော်
လင့်ချက်နဲ့, ယုံကြည်ချက်နဲ့ လှူတာ မဟုတ်ဘူး၊ ဒီလို သီလကျင့်စဉ်, သမာဓိ
ကျင့်စဉ်, ပညာကျင့်စဉ်တွေကို ကျင့်နေတဲ့ သူတော်ကောင်းတွေကို တို့ ပေးလှူ
သင့်တယ်ဆိုတဲ့ အသိဉာဏ်လေးနဲ့သာ တပည့်တော် လှူနေတာပါ။ ဘာအကျိုး
မှ မမျှော်လင့်ပါဘူး” ဆိုပြီး ဒီလို လျှောက်ထားတယ်။
ဘာဖြစ်လို့ ဒီလို လျှောက်ထားသလဲလို့ မေးတော့ - သူကလက်ဝဲ၀ါဒကို ယုံ
ကြည်နေတဲ့ ဒကာကြီးတစ်ဦး ဖြစ်ပါတယ်။ အခြေအနေအရ အသက်အရွယ်ကြီး
တော့မှပဲ အလင်းပြန်ဝင်လာပြီးတော့ သူ တောထဲက တတ်ခဲ့တဲ့ ဆေးပညာက
လေးနဲ့ အသက်မွေးနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလို လှူဒါန်း ပူဇော်နေတာက ကံ, 
ကံ၏ အကျိုးကို ယုံကြည်မှု မရှိဘဲနဲ့ လှူတဲ့ အလှူဒါနမျိုးပဲ။ ပေါင်းလိုက်တော့
 ၅-မျိုး ဖြစ်တယ်။
ဖားအောက်တောရဆရာတော်
Buddhavasa Tiloka
မသူတော်တို့ လှူဒါန်းပူဇော်တဲ့ အလှူဒါန၅-မျိုး ရှိတဲ့အကြောင်းကို မြတ်စွာဘု
ရားက ဟောကြားထားတော်မူပါတယ်။ ဒီ ၅-မျိုးက ဘာလဲလို့ မေးတော့-
၁။ လှူဖွယ်ဝတ္ထုပေါ်၌ ရိုသေလေးစားမှုမရှိဘဲ။ အလှူဒါနကို၊ ပေးလှူ၏။
၂။ အလှူခံပုဂ္ဂိုလ်အပေါ်၌ ရိုသေလေးစားမှု မရှိဘဲ။ အလှူဒါနကို။ ပေးလှူ၏။
၃။ မိမိ၏ ကိုယ်ထိလက်ရောက် မဟုတ်ဘဲ။ အလှူဒါနကို။ ပေးလှူ၏။
၎။ အမြဲမပြတ် မလှူဒါန်းဘဲ (၀ါ) စွန့်ပစ်အပ်သကဲ့သို့။ အလှူဒါနကို၊ ပေးလှူ၏။
၅။ ကံ, ကံ၏ အကျိုးကို သက်ဝင်ယုံကြည်မှု မရှိဘဲ၊ အလှူဒါနကို၊ ပေးလှူ၏။
မသူတော်တို့ လှူတဲ့ အလှူဒါန ၅-မျိုးကို ဒီလိုမြတ်စွာဘုရားက ထုတ်ပြထားပါ
တယ်။
၁။လှူဖွယ်ဝတ္ထုအပေါ်၌ ရိုသေလေးစားမှု မရှိခြင်း
———————————————————
အလှူဒါနတစ်ခု ပြုတဲ့ အချိန်အခါမှာ လှူဖွယ်ဝတ္ထုတွေကို မွန်မွန်မြတ်မြတ်က
လေး ပြုလုပ်ပြီးတော့ မလှူဒါန်းဘူး၊ ဖြစ်ကတတ်ဆန်း လှူဒါန်းတယ်။
ဘုန်းကြီးတို့ တောနေရဟန်းတွေမှာ တွေ့ကြုံတတ်တဲ့ အလေ့အထကလေးတစ်
ခု ရှိပါတယ်။ ဘုန်းကြီးတောရတစ်ခုထဲ နေစဉ်အချိန်ခါမှာ အဲဒီရွာရဲ့ အလေ့အထ
က မနက်မိုးလင်းလာပြီ ဆိုလို့ရှိရင် ဘာလုပ်ကြသလဲ?
သံဃာတော်တွေကို ဆွမ်းလောင်းဖို့ဆိုပြီးတော့ ပဲပြုတ်သည် လာရင် “ကဲ ပဲ
ပြုတ်သည် ..အထုပ်-၂၀ထုပ်လိုက်၊ ၃၀-ထုပ်လိုက်” စသည်ဖြင့် ဇလုံနဲ့ စုပြုံပြီး
အထုပ်ခိုင်းလိုက်တယ်။ တောထဲက ခူးထားတဲ့ ရေမဆေးတဲ့ အင်ဖက်ကလေး
နဲ့ ထုတ်ထားတဲ့ ပဲပြုတ်ကို သံဃာတွေ အိမ်ရှေ့ ကြွလာပြီ ဆိုလို့ရှိရင် တစ်ပါး
တစ်ထုပ်စီသာ လောင်းထည့်ပေးလိုက်တာပဲ။ တစ်နေ့တော့ ဘုန်းကြီးတို့ ဆွမ်း
ခံသွားရင်းနဲ့ ဘယ်လို အခြေအနေကလေး တစ်ခု ကြုံသလဲလို့ ဆိုတော့ --
အိမ်တစ်အိမ်ရှေ့ ရောက်တဲ့ အချိန်အခါမှာ တစ်ပါး တစ်ထုပ်စီ လောင်းပေးလိုက်
တယ် ဆိုပါတော့၊ ဘုန်းကြီးတို့ကလည်း ပြန်လှည့်လာတယ်။ ပြန်လှည့်လာတော့
ဘုန်းကြီးတွေ မကြားဘူး ထင်လို့နဲ့ တူပါရဲ့ အလှူရှင်က ဘာပြောသလဲ?
“ဘုန်းကြီးတွေ ဒီနေ့ မလာဘူး ထင်လို့ ငါ ပဲပြုတ်ကို ဆီနဲ့ကြော်ပြီး စားမယ်
လို့ ခဲထားတာ”တဲ့။
ဘုန်းကြီးတွေကို လောင်းတဲ့ အချိန်အခါကျတော့ ဆားလည်း မပါဘူး, ဆီ
လည်း မပါဘူး၊ သူတို့ စားဖို့ကျတော့ ဆီနဲ့ ကြော်စားမယ်လို့ ပြောနေတယ်၊ အဲဒါ
ပဲ ကြည့်ပေတော့ ..။
အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ-၏ သြဝါဒကထာ
(၁)။ သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး-၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၂။ သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၎။ ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ ဘုရားတည်း။
Saturday, 10 May 2014
ပဋ္ဌာန်းတရား ပွားများဆည်းကပ် အကျိုးမြတ်
စာရေးသူ ပထမအကြိမ် ပဋ္ဌာန်းတရားတော်မြတ် ပစ္စယနိဒ္ဒေသကို ရွတ်ဖတ်ပူဇော်ရခြင်း အကျိုးထူးများ ကိုယ်တွေ့ဖြစ်ရပ်ကို ရေးသားတင်ပြခဲ့ပါတယ်။ ယခုတဖန် တပည့်မတဦး၏ ကိုယ်တွေ့ဖြစ်ရပ်ကို စာဖတ်သူများ သဒ္ဓါတရား ပွားများနိုင်စေရန် ထပ်မံရေးသား တင်ပြလိုက်ပါသည်။
စာရေးသူမှာ သမီးကဲ့သို့ ချစ်ခင်ရသော တပည့်မတဦး ရှိပါသည်။ သူမ၏ အမည်က မနီလာတင့်။ သူမနှင့် လွန်ခဲ့သော ငါးနှစ်ကျော်က တွေ့ဆုံသိကျွမ်းခဲ့ကြသည်။ သူမသည် အသက်(၃၀)ကျော် တခုလပ်၊ သားတယောက် မိခင် ဖြစ်ပြီး စိတ်သဘောထား ဖြူစင်ရိုးသားသည်။
သူမသည် မနူးမနပ်အရွယ် အသက်(၁၉)နှစ်တွင် အိမ်ထောင်ကျခဲ့သည်။ သားလေးဖွားမြင်ပြီးနောက် လပိုင်းအတွင်း အလွန်ခါးသီးသော လူမှုဒုက္ခကြီး တွေ့ကြုံခဲ့ပြီး အိမ်ထောင်ပျက်ခဲ့ရသည်။ သူမမှာ မိဘများ မရှိတော့သဖြင့် လူမမည် ညီမလေးနှင့် မောင်လေးနှစ်ယောက်တို့ တာဝန်ပါ သူမအပေါ် ပုံကျလာသည်။
အားကိုးစရာဆို၍ မိခင်ဘက်မှ အသက်(၇၀)ကျော် အဘွားတဦးသာ ရှိသည်။ အသက်(၂၀)အရွယ်မှစ၍ အဘွားအို၊ ညီမနှင့် မောင်လေးများ အပါအဝင် မှီခိုသူ ငါးယောက်၏ စားဝတ်နေရေးအတွက် သူမတယောက်တည်း ရုန်းကန်ရှာဖွေ ကျွေးမွေးခဲ့ရသည်။ 
Tuesday, 6 May 2014
ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး
အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှမရောက်၊ ဘယ်နားမှာရှိမှန်း မသိ တာလဲပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။
===================================
၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။
(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား  (အံ့ဖွယ် ၁ -တနလာင်္ထောင့်)
ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ဘက်တည့်တည့်တွင်တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုး သားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆို လျှင် မှားမည်မဟုတ်ပေ။ တ၀ဂူပတ္တမြားမျက်ရှင်ဘုရားဟုလည်းခေါ်တွင်လေသည်။ဆုတောင်းပြည့်တ၀ဂူု ဘုရား သည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေး အခါက မင်းညီ မင်းသားများသည် တ၀ဂူဆုတောင်းပြည့် ဘုရားကို တက်ပြီးဆုတောင်း ဆုယူပြုလုပ်ကြ သည်။ သစ္စာအဓိဌာန်ပြု လုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။ ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်း မသတ် ဖြတ်စေ ရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက် မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရ ဟု ဘုရင်များက အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရလေသည် ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူ ဘုရားကို လူတိုင်းအလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက် ပစ္စယံ လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထား ကိုးကွယ်ကြသည်ဟု ပြောသ မှတ်ပြု ကြပါသည်။
Saturday, 3 May 2014
"ခန္ဓာရခြင်း ဉာဏ်မြင်ရှင်းအောင်"
••••••••••••••••••••••••••••
လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်ဘုံသား မည်သို့ပင် ကွဲပြားနေစေကာမူ ဓမ္မသဘောအရ ကြည့်လျှင် အကွက်(၂)က တရားများသာ ဖြစ်စဉ်ကိုက် တွေ့ရမည်ဖြစ်၏။
ခန္ဓာအားဖြင့် ငါးပါး အကျဉ်းချုပ်တော့ နာမ်နှင့်ရုပ်သာ ရှိ၏။
အတိတ်ဘ၀က အ၀ိဇ္ဇာ ၊ သင်္ခါရလက်ချက်ကြောင့် ရရှိထားသော လက်ရှိပစ္စုပ္ပန်ခန္ဓာပင် ဖြစ်ပါ၏။
အ၀ိဇ္ဇာသင်္ခါရသည် အကြောင်း၊ လက်ရှိခန္ဓာက
အကျိုး- အကြောင်းကြောင့် ရရှိသော အကျိုးတရားသာဖြစ်၏။
အကြောင်းဘက်တွင်လည်း ပုဂ္ဂိုလ် သတ္တ၀ါမပါ၊
အကျိုးဘက်တွင်လည်း ပုဂ္ဂိုလ်သတ္တ၀ါမပါ၊
ဓမ္မသဘောသက်သက်ဖြစ်စဉ်ကို တွေ့ရမည်ဖြစ်၏။
ထိုဓမ္မဖြစ်စဉ်ကို သဘောပေါက်လျှင် လက်ရှိခန္ဓာသည် ဖန်ဆင်းရှင်တို့က ဖန်ဆင်းလိုက်သည်ဟူသော ထင်မြင်ချက်ပျောက်ကွယ်သွားရ၏။
ပုဂ္ဂိုလ်စွဲ သက္ကာယဒိဋ္ဌိ အသိဖြင့် ပြုတ်သွားခြင်းဖြစ်၏။ ဖန်ဆင်းရှင်တစ်ဦးဦးက ဖန်ဆင်းလိုက်၍ ဖြစ်လာသည့် ခန္ဓာလား၊ သို့မဟုတ် မိဘနှစ်ပါးတို့၏ ပေါင်းဆုံမှုကြောင့်သာ ပေါ်လာရသည့်ခန္ဓာများဖြစ်လေမလားဟူသော သံသယ "၀ိစိကိစ္ဆာ"လည်း စင်သွားတော့၏။
ဤသည်ကို အကြောင်းတွင် ဉာဏ်ရှင်းလျှင် ၀ိစိကိစ္ဆာစင်-ဟု ဆိုရိုးပြုရ၏။
ခန္ဓာဖြစ်ခြင်းအကြောင်း အခြားမရှိ၊ မိဘနှစ်ပါးတို့၏ ပေါင်းဆုံမှုကြောင့်သာဖြစ်ရ၏ဟူသော အကြောင်းကင်းမဲ့သည့် " အဟေတုကဒိဋ္ဌိ" လည်း စင်သွားတော့၏။
ကန်တော့ခြင်းနှင့် ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များ
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း၊ကုသိုလ်ရလို၍ ကန်တော့ခြင်း ဟုနှစ်မျိုးရှိသည်။
(ကန်တော့ဆိုသည်မှာ အကုသိုလ်ကို ကန် ကျောက်၍ ကုသိုလ်ကို တော့ယူခြင်းကို ဆိုလိုပါသည်။)
"ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များမှာ"
(က) အပါယ်လေးပါး
အပါယ်ဟူသည်မှာ ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှုပြုခွင့်မရသော
အရပ်ကို အပါယ်ဘုံဟုခေါ်သည်။
အပါယ်ဘုံသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံဟု (၄)မျိုးရှိသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated