@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 23 May 2016

ဘုရားပေးခဲ့သောဥပမာ


အကုသိုလ် 
၁။ အဆိပ်ပါသောမိုးခါးရည်နှင့် အကုသိုလ်ကို ဥပမာပေးထားသည်။ဥပမာပေးထားပုံမှာ အဆိပ်ပါ
သောမိုးခါးရည်သည် သောက်ဆဲမှာပင် အဝင်အရမ်းဆိုးပြီး အရမ်းခါးသလိုသောက်ပီးလို့ အဆိပ်ဆေးစွမ်းပြလာ
လျှင်လည်း ဒုက္ခဆင်းရဲရကာ သေပွဲဝင်ရသည်။ထိုသို့ပင် လူတစ် ယောက်သည်အကုသိုလ်(မကောင်းမှု) အလုပ်
ကိုပင်ပန်းဆင်းရဲကြီးစွာ(စေတနာမပါလို့ပဲလုပ်လုပ်၊ မပျော်မရွှင်ပဲလုပ်လုပ်၊စိတ်မပါလို့ပဲ လုပ်လုပ်) အကုသိုလ်
အလုပ်ကိုလုပ်လျှင် မျက်မှောက်တွင်လည်းမိုးခါးရည်ကိုသောက်ရာ အလွန်ခါးသကဲ့သို့ ဆင်းရဲဒုက္ခရောက်ရပြီး
အဆိပ်အစွမ်းပြချိန်ရောက်သောအခါဆင်းရဲဒုက္ခကြီးစွာ သေပွဲဝင်ရသကဲ့သို့ အကုသိုလ် အကျိုးပေးချိန်တန်လာသောအခါဆင်းရဲဒုက္ခများရသည်။

၂။အဆိပ်ပါသောအချိုရည်နှင့်ထပ်ပီ မြတ်စွာဘုရားက အကုသိုလ်ကို ဥပမာပေးထားပြန်သည်။ဥပမာပေးထားပုံမှာ
အဆိပ်ပါသောအချိုရည်သည် သောက်ဆဲခဏတွင်ချိုမြိန်စွာ သောက်လို့ကောင်းသည် သို့သော် အဆိပ်ပါသောကြောင့်
ထိုအဆိပ်ဆေးစွမ်းပြလာချိန်တွင် ထိုအချိုရေကိုသောက်သောသူသည်ဆင်းရဲဒုက္ခရောက်ရကာ သေပွဲဝင်ရသည်။ထိုသို့
ပင် လူတစ်ယောက်သည် အကုသိုလ်(မကောင်းမှု) အလုပ်ကို ချမ်းသာစွာ (စေတနာပါပါလုပ်လုပ်၊ ပျော်ရွှင်ဝမ်းမြောက်စွာ
လုပ်လုပ်စိတ်ဝင်တစားလုပ်လုပ်) မျက်မှောက်တွင် အချိုရည်ကိုသောက်ရ၍ ချိုမြိန်သောအရသာချမ်းသာကိုခဏပင်ခံစား
ရသော်လည်း အချိုရည်ထဲတွင်ပါသော အဆိပ်ဆေးအစွမ်းပြလာသောအခါ ဆင်းရဲ ဒုက္ခကြီးစွာသေပွဲဝင်ရသကဲ့သို့
အကုသိုလ် အကျိုးပေးချိန်တန်လာသောအခါ ဆင်းရဲဒုက္ခများရသည်။

 
ကုသိုလ်

၁။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးက ဆက်လက်၍ ကုသိုလ်ကို ဆေးခါးကြီးနှင့်ဥပမာပေးသည်။
ဥပမာပေးပုံမှာ ဆေးခါးကြီးသည် အလွန်တရာမှခါးသော ရောဂါပျောက်စေတတ်သော ဆေးဖြစ်
သည်။ရောဂါဖြစ်နေသောလူတစ်ယောက်အဖို့ ခံစားနေရသောရောဂါဝေဒနာ များကိုသက်သာ
ပျောက်ကင်းစေရန် အလွန်အဝင်ဆိုးပီး အလွန်ခါးလွန်းသည့် ဆေးခါးကြီးကို သောက်သုံးရမည်
ဖြစ်သည်။သို့မှသာ ခံစားနေရသော ရောဂါဝေဒနာများမှ သက်သာပျောက်ကင်းစေနိုင်မည်ဖြစ်
သည်။ထိုသို့ပင် ကုသိုလ်အလုပ်ကို ပင်ပန်းဆင်းရဲကြီးစွာ(စေတနာမပါလို့ပဲလုပ်လုပ်၊ မပျော်မရွှင်
ပဲလုပ်လုပ်၊ စိတ်မပါလက်မပါပဲလုပ်လုပ်......) ကောင်းမှုအလုပ်ကို ပြုလျှင် မျက်မှောက်
တွင်အလွန်တရာ မှခါးသော ဆေးခါးကြီးကို သောက်ရသော်လည်း ဆေးခါးကြီးဆေးစွမ်းပြချိန်
တွင်ခံစားနေရသောရောဂါဝေဒနာ များသက်သာပျောက်ကင်းသွား သကဲ့သို့ ကုသိုလ်အကျိုး
ပေးချိန်တန်လာသောအခါ ပြုလုပ်ထားသော ကောင်းမှုကုသိုလ် အလျောက်ချမ်းသာသုခများရကြ
သည်။

၂။နောက်တမျိုးဥပမာတခုက အနံ့အရသာနဲ့ ပြည့်စုံသော စတုမတူနဲ့ ဥပမာပေးထားပါတယ်။
စတုမတူဆိုတာ အလွန်တရာမှစားရတာအရသာရှိပြီး အဟာရဓာတ်စာဆေးတမျိုးဖြစ်သည်။
ထိုအရာကိုစားလျှင် စားဆဲခဏမှာပင် အရသာရှိသကဲ့သို့ စားပီးလျှင်လည်း ကျန်းမာခြင်းကို
ပေးစွမ်းနိုင်သည့် အဟာရရရှိစေမှာဖြစ်သည်။ထိုကဲ့သို့ပင် ကုသိုလ်အလုပ်ကို ချမ်းသာစွာ (စေတ
နာပါပါလုပ်လုပ်၊ ပျော်ရွှင်ဝမ်းမြောက်စွာလုပ်လုပ် စိတ်ဝင်တစားလုပ်လုပ်.....)ကောင်းမှု ကုသိုလ်
အမှုကို ပြုလျှင် စတုမတူကိုစားတုန်းတွင်လည်း အရသာရှိပြီးစားလို့ကောင်းသလို စားပီးလျှင်
လည်း ကျန်းမာခြင်းအဟာရကိုပေးစွမ်း သကဲ့သို့ ကုသိုလ်ကိုပြုဆဲမျက်မှောက်တွင်လည်း ချမ်းသာ
ပြီး နောင်တွင်လည်းကုသိုလ်အကျိုးပေးချိန်တန်လာသောအခါတွင်လည်း ကိုပျော်ရွှင်စွာပြု
ထားသော ကုသိုလ် အကျိုးပေးအလျောက် ချမ်းသာသုခကိုခံစားရမှာဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မကောင်းမှု (အကုသိုလ်) အလုပ်တွေကို ပျော်ရွှင်စွာလုပ်သည်ဖြစ်စေ/
မပျော်မရွှင်လုပ်သည်ဖြစ်စေ၊ အတင်းအကြပ်လုပ်ခိုင်းလို့လုပ်သည်ဖြစ်စေ/ကိုယ်ကိုတိုင် စေတနာ
ပါ၍လုပ်သည်ဖြစ်စေ၊ ဝါသနာပါ၍လုပ်သည်ဖြစ်စေ/ဝါသနာမပါ၍လုပ်သည်ဖြစ်စေ၊ စိတ်ဝင်တစား
လုပ်သည်ဖြစ်စေ/စိတ်မဝင်မစားလုပ်သည်ဖြစ်စေ၊ အကုသိုလ်အလုပ်တွေကို ပြုလုပ်နေသူများ
သည် နောင်တွင် မကောင်းကျိုးပေးကာ ဆင်းရဲဒုက္ခရောက်ရသည်။

ကောင်းမှု (ကုသိုလ်)အလုပ်တွေကို ပျော်ရွှင်စွာလုပ်သည်ဖြစ်စေ/မပျော်မရွှင်လုပ်သည်ဖြစ်စေ၊
အတင်းအကြပ်လုပ်ခိုင်းလို့လုပ်သည်ဖြစ်စေ/ကိုယ်ကိုတိုင် စေတနာပါ၍လုပ်သည်ဖြစ်စေ၊
ဝါသနာပါ၍လုပ်သည်ဖြစ်စေ/ဝါသနာမပါ၍လုပ်သည်ဖြစ်စေ၊ စိတ်ဝင်တစားလုပ်သည်ဖြစ်စေ/စိတ်
မဝင်မစားလုပ်သည်ဖြစ်စေ၊ ကုသိုလ်အလုပ်တွေကို ပြုလုပ်နေသူများသည် နောင်တွင်
ကောင်းကျိုးပေးကာ ချမ်းသာသုခများကို ခံစားရမှာ ဖြစ်သည့်အတွက်စာဖတ် သူများလည်း
မကောင်းမှုကို မလုပ်ဖြစ်အောင် သတိတရားများဖြင့် နှလုံးသွင်းကာ ရှောင်ကြဉ်ပြီး ကုသိုလ်တရား
များကို မလုပ်မဖြစ် ပြုလုပ်ကြကာ ချမ်းသာသုခရရှိကြပါစေလို့ဆုတောင်းမေတ္တာဖြင့်တိုက်တွန်း
ရင်း...................

(ဒေါက်တာအရှင်ပညိဿရ ဟောကြားတော်မူသော တရားတစ်ပုဒ်ကိုအမှီပြုရေးသားပြီးဓမ္မဒါနအဖြစ်မျှဝေပါသည်)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated