@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Tuesday 18 August 2015
ပဋိစ္စ သမုပ္ပဒ် (၄)
                                               ပဋိစ္စသမုပ္ပဒ်(၄)      ကတော့  အင်္ဂါ တစ်ဆယ့်နှစ်ပါး ပါ
အင်္ဂါ တစ်ဆယ့် နှစ်ပါး မှာ အ၀ိဇ္ဇာ နဲ့ သင်္ခါရ က (၁) ကွက်မှာ ရှိပါတယ် အနီရောင် နဲ့ဝိုင်းပြထားပါတယ်
တဏှာ၊ဥပါဒါန်၊ကမ္မဘ၀ ဆိုတဲ့ အင်္ဂါတွေကတော့(၃)ကွက်မှာအနီရောင်နဲ့ ၀ိုင်းပြထားပါတယ်
ဇာတိ ဇရာ မရဏ ကတော့ (၄)ကွက်မှာရှိပါတယ်။
        တရားစခန်းမှာတော့  ဒီအင်္ဂါတစ်ဆယ့်နှစ်ပါးကို တရားကိုယ်များနှင့်ဆိုပြီး ရွတ်ဆိုကြရပါတယ်
{အ၀ိဇ္ဇာ ဆိုတာ မသိတာကိုခေါ်ပါတယ် ၊သင်္ခါရ ဆိုတာ ပြုလုပ်တာကိုခေါ်ပါတယ်၊
ဝိညာဏ် ဆိုတာ -အသိစိတ်ကိုခေါ်ပါတယ်၊နာမ်ရုပ် ဆိုတာ သွားချင်တာနာမ်  သွားတာက ရုပ်၊
စားချင်တာ နာမ်  စားတာက ရုပ်၊ အိပ်ချင်တာနာမ်  အိပ်တာက ရုပ်၊ လို့ ခေါ်ပါတယ်၊
သဠာယတန ဆိုတာ အာယာတန(၆)ပါးကိုခေါ်ပါတယ်၊(အာယတန(၆)ပါးဆိုတာ-မျက်စိ၊နား၊
နှာခေါင်း၊လျှာ၊ ကိုယ်၊စိတ်) ဖဿ ဆိုတာ ထိတွေ့ တာကိုခေါ်ပါတယ်။
ဥပါဒါန် ဆိုတာ စွဲလမ်းတာကိုခေါ်ပါတယ်၊ကမ္မဘ၀ ဆိုတာ ပြုလုပ်အားထုတ်တာကိုခေါ်ပါတယ်၊
ဇာတိ ဆိုတာ ပဋိသန္ဓေနေတာကိုခေါ်ပါတယ်၊ ဇရာဆိုတာ အိုတာကိုခေါ်ပါတယ်၊
မရဏ ဆိုတာ သေတာကိုခေါ်ပါတယ်၊ သောက ဆိုတာ စိုးရိမ်တာကိုခေါ်ပါတယ်၊
ပရိဒေ၀ ဆိုတာ ငိုကျွေးတာကိုခေါ်ပါတယ်၊ ဒုက္ခ ဆိုတာ ကိုယ်ဆင်းရဲတာကိုခေါ်ပါတယ်၊
ဒေါမနဿ ဆိုတာ  စိတ်ဆင်းရဲတာကိုခေါ်ပါတယ်၊ဥပါယာသ ဆိုတာ ပြင်းစွာပူလောင်တာကိုခေါ်ပါတယ်။)
 အဲံဒီလို ရွတ်ဆိုကြရပါတယ်  ဒါ က ဘာကို ဆိုလိုတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိထားဖို့ အတွက်ပါပဲ
   အ၀ိဇ္ဇာ နဲ့ပတ်သက်ပြီး ပဋိစ္စသမုပ္ပဒ်(၁)မှာ ရှင်းပေးခဲ့ပြီးဖြစ်ပါတယ်။
                          အ၀ိဇ္ဖာ ဆို တဲ့ အတိုင်း မသိလို့ သင်္ခါရ  ပြုလုပ်ကြတယ်  အဲ့လိုလုပ်တော့ ဘာတွေ
ဖြစ်လာတာလဲဆိုရင် ၀ိညာဏ်၊ နာမ်ရုပ် ၊သဠာယတန၊ဖဿ၊ဝေဒနာ   ဆိုတဲ့ (၂) ကွက် က လူတစ်ယောက်ဖြစ်လာတယ် အဲ့ဒီ လူမှာ တဏှာ ဆိုတဲ့ လိုချင်ရချင်တဲ့ စိတ်နဲ့
ဥပါဒါန်  စွဲလမ်း ပြီး  ကမ္မ ဘ၀  ပြုလုပ်အားထုတ်တယ်   ပြုလုပ်အားထုတ် တဲ့အတွက်ကြောင့်
 နောက်ထပ်ဘ၀  တစ်ခု မှာ ဇာတိ လို့ ခေါ်တဲ့ ပဋိသန္ဓေ နေရတယ်  ဘ၀ ကိုရလာပြီဆိုရင်
မအိုချင်လည်း အိုရတယ် မနာချင်လည်းနာရတယ် ဇရာ ကို ရတယ်  ဇရာ ကနေ  မရဏ ဖြစ်ပါတယ်
ဇရာ နဲ့ မရဏ ကိုတွဲပြီး ဖေါ်ပြထားတာဖြစ်လို့  တချို့ ဇရာကိုမရခင် ပဋိသန္ဓေ မှာတင် သေရတာတွေ
လည်းရှိသေးတယ် ပဋိသန္ဓေ ဘ၀ လေးမှာ သက်တမ်းလေးနည်းနည်းပဲ ရင့်ခွင့်ရလိုက်တယ်
လောက ကို အသက်ရှင်လျှက် ရောက်ခွင့်တောင်မရလိုက်ကြဘူး  အဲ့လိုမျိုးလေးတွေပါ
ဇရာလို့ မဆိုသာသေးခင်မှာကို မရဏ လက်တွင်းကိုသက်ဆင်းကြရပါတယ်
   အဓိက တရားခံ က အ၀ိဇ္ဇာ နဲ့ တဏှာ ပါပဲ သူက မူလက စ လာတာ အလယ်မှာလည်းသူပဲ
အဆုံးမှာလည်း သူပဲဖြစ်ပါတယ်။
  အဲ့ဒီမှာ  ဖေါ်ပြထားတဲ့  သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ  ဆိုတာတွေက
ဒီအဆင့်မှာအားလုံးဖြစ်တာပါပဲ သူ့ အဓိပ္ပါယ်တွေကိုတော့ မီး(၁၁) မီးမှာဖေါ်ပြထားခဲ့ပြီးဖြစ်ပါတယ်
    ဒီအင်္ဂါ တစ်ဆယ့်နှစ်ပါးကို သိပြီး သတိလေးနဲ့ ဆင်ခြင်မယ် ဆိုရင်တော့ သံသရာက လွတ်မြောက်
အောင် ကြိုးစားအားထုတ်သင့်တာကို သိနိုင်ကြပါလိမ့်မယ်
                        သံသရာကနေ လွတ်မြောက်နိုင်ကြပါစေရှင်
*****  တတိယမြောက်သမီးတော်*****
No comments:
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated