@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 8 January 2015

ဂရုဓမ္မတရားလေးပါး



တစ်ခါတွင် ကာလိင်္ဂတိုင်း ဒဏ္ဍပူရပြည်ကြီးတစ်ခုလုံး
မိုးခေါင်ရေရှားကာ အငတ်ဘေးကြီးဆိုက်သည်။
တိုင်းသူပြည်သားများ မင်း၏ ဟစ်တိုင်သို့ လာပြီး
အငတ်ဘေးကြီး ငြိမ်းအေးပပျောက်အောင်လုပ်ပေးရန် ဟစ်အော်တောင်းဆိုကြသည်။
အများ၏ အကြံပေးချက်အရ မင်းကြီးသည်
ဥပုသ်သီလစောင့်ကာ ကျက်သရေရှိသော
တိုက်ခန်းသို့ ဝင်ပြီး မြေစာမြက်ကို ခင်းအိပ်လေသည်။

သို့ သော် မိုးကား ရွာ၍မလာ။
တစ်ဖန် လောကီအယူအဆကို အားသန်ကြသော
ဗေဒင်ဆရာတို့ က ဣန္ဒပတ္တနိဂိုရ်ပြည်
မိုးလေ၀သကောင်းမွန်နေခြင်းမှာ အဉ္စန၀ဏ္ဏမည်သော မင်္ဂလာဆင်ရှိသောကြောင့် ဖြစ်သည်။
ထိုဆင်ကို ရခဲ့လျှင် ဒဏ္ဍပူရမြို့ ကြီးတစ်ခုလုံး
မိုးလေ၀သကောင်းလာမည် ဆိုသဖြင့်
မင်္ဂလာဆင်ကို သွားရောက် အလှူခံကြပြန်သည်။
ဆင်ကား ရခဲ့ပါ၏။ မိုးကား ရွာမလာ။ နောက်ဆုံး၌ ပညာရှိသူတော်ကောင်းများ၏
အကြံပေးချက်အရ အရိုးဆုံးဖြစ်သော နည်းလမ်းတစ်ခုဖြစ်သည့် ဣန္ဒပတ္တနဂိုရ်ပြည်မှ ဂရုဓမ်တရားလေးပါးကို
ကူးယူကျင့်သုံးသော အခါတွင်မှ မိုးလေ၀သ
ပြန်ကောင်းကာ သာယာဝပြောခဲ့ပေသည်။
ဂရုဓမ္မတရားလေးပါး
၁။ တိုင်းသူပြည်သားတို့ သည် ၀ါတွင်းဝါပ
တစ်လလေးသီတင်း ဥပုသ်စောင့်ရခြင်း။
၂။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံရခြင်း။
၃။ ရတနာသုံးပါးကို နေ့ ညမပြတ် ၀တ်ကပ်ဝတ်တက် ပြု၍
မေတ္တာတရားကို အထူးပွားများရခြင်း။
၎။ မိဘဘိုးဘွား ဆရာသမားများကိုလည်းကောင်း ၊ အကျင့်သီလနှင့်ပြည့်စုံသော သူမြတ်တို့ ကိုလည်းကောင်း ၊ မင်္ဂလာတရားတော်နှင့်အညီ ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။
မြန်မာပြည်တကောင်းမင်းလက်ထက်တွင် ယင်းဂရုဓမ္မလေးပါးကို အမန့် ပြန်တမ်းထုတ်၍
တစ်ပြည်လုံးကို လိုက်နာကျင့်သုံးစေခဲ့ကြောင်း သိရသည်။
အရှင်ဇ၀န (မေတ္တရှင်-ရွှေပြည်သာ)
(သီလအစွမ်း အံ့မခန်း မှ)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated